← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

"မင်းက ဘာမှမလုပ်ဘဲ အလကားရချင်နေတာလား?၊ စိတ်ကူးယဥ်နေလိုက်!" လင်းပိုင်ဖန်က ကျိန်ဆဲလိုက်သည်။

​ "ကျွန်မ မှားလို့လား?"

​ "ရှင့် အခြေအနေကိုလည်း ကြည့်အုံး၊ ရှင့်မှာ အခု ပိုက်ဆံရှိပေမယ့် ရှင့်ရဲ့တိုင်းပြည်က ပိတ်ဆို့ခံထားရတယ်။ ရှင့်မှာ ပိုက်ဆံ ရှိရင်တောင် သုံးလို့မရဘူး!"

​ "ရှင့်နိုင်ငံရဲ့ စီးပွားရေးကလည်း ပိတ်ဆို့ခံထားရတယ်၊ ရှင့်ရဲ့တိုင်းပြည်က သေးငယ်ပြီး လူဦးရေလည်း နည်းပါးသေးတယ်၊ သယံဇာတတွေလည်း ရှားပါးတယ်၊ တဖြည်းဖြည်း ပျက်စီးမယ့် လမ်းကလွဲပြီး တခြားလမ်းမရှိဘူး! ဒါ့အပြင် အိမ်နီးချင်း မို နိုင်ငံက ရှင့်နိုင်ငံရဲ့ မြေကို ချောင်းနေပြီးတော့ တပ်သား ၄၀၀,၀၀၀ ကို စုဆောင်းထားပြီး ဘယ်အချိန်မဆို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီ!"

​ "ရှင့်ရဲ့ ရှ နိုင်ငံတော်က ပျက်စီးတော့မယ်လို့ ပြောလို့ရတယ်၊ ပြီးတော့ ရှင်၊ အုပ်ချုပ်နေတဲ့ ဧကရာဇ်ကလည်း ပျက်စီးရတော့မယ်! ဒါကြောင့် ဒီပိုက်ဆံကို သုံးပြီး နောက်ထပ် အသက်ရှင်ခွင့်ကို ဝယ်တာက ပိုကောင်းလိမ့်မယ်၊ ပြီးတော့ ကျွန်မ၊ ယောင်ယောင်က ရှင့်ရဲ့အသက်ကို အာမခံနိုင်တယ်!"

​ "ရှင့်ရဲ့အသက်ကို ကယ်တင်ဖို့အတွက် ငွေ နှစ်သန်းပဲ သုံးလိုက်ရတာ၊ ရှင်ကတောင် မြတ်သေးတယ်!"

​ လင်းပိုင်ဖန်က အသံကျယ်ကျယ်နဲ့ - "ငါပြောမယ်၊ ရှ နိုင်ငံတော်က ဘယ်တော့မှ မပျက်စီးဘူး၊ ငါလည်း မပျက်စီးဘူး! ငါအုပ်ချုပ်နေသရွေ့ ရှ နိုင်ငံတော်က ခိုင်မြဲပြီး ဆက်လက်ရှင်သန်နေလိမ့်မယ်!"

​ ယောင်ယောင်က အံ့သြသွားခဲ့တယ်- "ဒီလောက်တောင်မှ ယုံကြည်မှုရှိတာလား? ရှင့်မှာ ဒီအခြေအနေတွေကို ပြောင်းပြန် လှန်နိုင်တဲ့ နည်းလမ်းတစ်ခု တကယ်ရှိတာလား?"

​ "ဟုတ်ပါပေါ့၊ ငါ့မှာ အစီအစဉ်ရှိတယ်!" လင်းပိုင်ဖန်က ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။

​ ယောင်ယောင်က စိတ်ဝင်စားလာပြီး "ဘာအစီအစဉ်လဲ? ကျွန်မကို ပြောပြပေးလို့ရမလား?"

​ လင်းပိုင်ဖန်က ယောင်ယောင်ကို ပြုံးပြီးကြည့်လိုက်တယ်: "ယောင်ယောင်၊ မင်းမှာ ပုံမှန်မဟုတ်တဲ့ နောက်ခံရှိရမယ်!"

​ "ဟုတ်တယ်!"

​ ယောင်ယောင်က သူမရဲ့ခေါင်းကို ဂုဏ်ယူဝံကြွားစွာနဲ့ မော့လိုက်ပြီး: " သေးငယ်တဲ့ အင်အားစုက ဒီလိုမျိုး ဉာဏ်ကောင်းပြီး ချစ်စရာကောင်းတဲ့၊ ပါးနပ်တဲ့ မင်းသမီးလေး ယောင်ယောင်လို လူကို ဘယ်လိုလုပ် မွေးထုတ်နိုင်မှာလဲ?"

​ လင်းပိုင်ဖန်က ဆက်ပြီးမေးလိုက်တယ်၊ "မင်းနဲ့ သြဇာရှိ မိသားစုကြီးတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုလဲ?"

​ယောင်ယောင်ရဲ့မျက်နှာက အထင်အမြင် သေးမှုတွေ အပြည့်နဲ့: "သူတို့က ကျွန်မနဲ့ တစ်တန်းတည်းမှာတောင် ထည့်ပြောဖို့ မထိုက်တန်ဘူး!"

​ "ငါနားလည်ပြီ။ မင်းက သူတို့ကို ကြောက်ပုံမရဘူး၊ ဟုတ်တယ်မလား?"

​ ယောင်ယောင်က ပိုပြီးတော့ အထင်အမြင် သေးလာခဲ့ပြီး: "ရှင်က သူတို့ကို ကျွန်မကို ကြောက်လားလို့ မေးသင့်တယ်!"

​"ဒါဆို ငါ စိတ်ချပြီ!"

​ လင်းပိုင်ဖန်က လက်ခုပ်တီးပြီး ပြောလိုက်တယ်၊ "ယောင်ယောင်၊ မင်းရဲ့ နောက်က လူတွေကလည်း စီးပွားရေး လုပ်တယ်မလား? ငါ မင်းနဲ့ ကုန်သွယ်မှုတစ်ခု လုပ်ချင်တယ်။ ငါ့ရဲ့ငွေတွေကို သုံးပြီး မင်းဆီကနေ ကုန်ပစ္စည်းတွေဝယ်ချင်တယ်၊ ဖြစ်နိုင်မလား?"

​ "ရှင် ကျွန်မနဲ့ စီးပွားရေးလုပ်ချင်တာလား?" ယောင်ယောင်က အံ့သြသွားတယ်။

​ "ဟုတ်တယ်၊ လုံလောက်တဲ့ အရင်းအမြစ်နဲ့ အထောက်အပံ့တွေ ရှိရင် ဒီစစ်ပွဲကို ငါတို့နိုင်မယ်လို့ ယုံကြည်တယ်!" လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်တယ်။

​ "ကောင်းပြီ! ဒါပေမယ့် ကျွန်မက ဈေးရဲ့ သုံးဆလိုချင်တယ်!" ယောင်ယောင်က လက်ချောင်းသုံးချောင်း ထောင်ပြီး ပြုံးလိုက်တယ်။

​ "မင်းက သူများ ဒုက္ခရောက်နေချိန်မှာ အခွင့်ကောင်းယူတာပဲ!" လင်းပိုင်ဖန်က ဒေါသတကြီးနဲ့ အော်လိုက်တယ်။

​ "အဲဒီလို တွေးလို့လည်း ရတယ်!"

​ ယောင်ယောင်က ဂုဏ်ယူစွာနဲ့ ပြောလိုက်တယ်၊ "ရှင့်မှာ တခြား ရွေးချယ်စရာမရှိတော့ဘူး၊ ကျွန်မကိုပဲ ရွေးချယ်နိုင်တော့မယ်!"

​ လင်းပိုင်ဖန်က နာကျင်စွာနဲ့ သက်ပြင်းချလိုက်တယ်: "ဟူး… "

​ "ဘာလို့ သက်ပြင်းချတာလဲ?" ယောင်ယောင်က ရှုပ်ထွေးစွာနဲ့ မေးလိုက်တယ်။

​ လင်းပိုင်ဖန်က ဝမ်းနည်းစွာနဲ့ ပြောလိုက်တယ်-"ငါတို့ အတူတူ တိုက်ပွဲတွေ တိုက်ပြီး ရန်သူတွေကို အနိုင်ယူပြီးနောက်မှာ အနည်းဆုံးတော့ သူငယ်ချင်းတွေလို့ ခေါ်လို့ရလိမ့်မယ်လို့ ငါထင်ခဲ့တာ။ ဒါပေမယ့် ငါတို့က အဲဒီလောက်ထိ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ ငါတို့မှာ ရင်းနှီးတဲ့ သံယောဇဥ် တစ်ခု ရှိလိမ့်မယ်လို့ ငါအမြဲ ယုံကြည်ခဲ့တာ၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒါတွေက စီးပွားရေးအရပဲဆိုတာ သိလိုက်ရတယ်! ကောင်းပြီ၊ ဈေးသုံးဆဆိုရင်လည်း သုံးဆပဲပေါ့။ အရှုံးခံပြီး ဝယ်ရရင်တောင် မင်းဘယ်လို လူလဲဆိုတာ ငါမြင်လိုက်ရတဲ့အတွက် ငါ့အတွက် သင်ခန်းစာတစ်ခုလို့ပဲ သဘောထားလိုက်ပါ့မယ်!"

​ ယောင်ယောင်က ရုတ်တရက် ထိတ်လန့်သွားခဲ့တယ်၊ သူမက သူငယ်ချင်းအဖြစ် သဘောထားတဲ့ လင်းပိုင်ဖန်ကို ဆုံးရှုံးရတော့မယ်လို့ ခံစားလိုက်ရသည်။

​ "နေအုံး၊ ခဏလေး၊ ကျွန်မက ဟာသလုပ်လိုက်တာပါ! ကျွန်မ ဈေးနှစ်ဆပဲယူမယ်၊ ရပြီလား? နှစ်ဆက အဆင်ပြေတယ်မလား?"

​ လင်းပိုင်ဖန်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်တယ်၊ "ယောင်ယောင်၊ ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့တော့! ဈေးနှစ်ဆတောင်မှ ငါ့အတွက် များပြားလွန်းလှတဲ့ ကိန်းဂဏန်းတစ်ခုပဲ၊ ငါမတတ်နိုင်ဘူး။ မင်းက ငါ့ကို တကယ် မကူညီချင်ဘူးဆိုရင်လည်း မေ့လိုက်ကြရအောင်၊ ပြီးတော့ စီးပွားရေးလောကရဲ့ စည်းကမ်းတွေ အတိုင်းပဲ လုပ်ကြရအောင်"

​ "ဒုက္ခမဟုတ်ပါဘူး၊ လုံးဝကို မဟုတ်ပါဘူး။ ကျွန်မ တကယ်ပဲ ကူညီချင်ပါတယ်!"

​ ယောင်ယောင်က စိုးရိမ်လာပြီး- "ဈေးရဲ့ ၅၀% ပိုယူမယ်! ကျွန်မ ၅၀% ပဲ ပိုယူပါ့မယ်၊ ရရဲ့လား? ဘာပဲဖြစ်ဖြစ် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်တွေ ရှိသေးတယ်လေ!"

​ "သဘောတူတယ်၊ ကိစ္စက ပြီးပြီ!" လင်းပိုင်ဖန်က သူ့ရဲ့မျက်နှာကို ပြင်လိုက်တယ်၊ ဝမ်းနည်းမှုရဲ့ အရိပ်အမြွက်တောင် မတွေ့ရတော့ဘူး။

​ ယောင်ယောင်က သူမ လိမ်ညာ ခံလိုက်ရတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်၊ ဒါပေမယ့် စကားလုံးတွေကလည်း ထွက်သွားပြီးခဲ့ပြီ၊ ပြန်ဆုတ်ဖို့က မဖြစ်နိုင်တော့ပေ။

​ သူမက မာန်မဲစွာနဲ့ ပြောလိုက်တယ်၊ "ဒီတစ်ကြိမ် ကျွန်မက ရှင့်ကို ကူညီတယ်လို့ သဘောထားလိုက်မယ်၊ ဒါပေမယ့် အနာဂတ်မှာ ပိုက်ဆံရှာဖို့ အခွင့်အရေးရှိလာခဲ့ရင် ကျွန်မကို မမေ့ရဘူးနော်!"

​ "စိတ်မပူပါနဲ့၊ ယောင်ယောင်၊ မင်းရမယ့် အကျိုးအမြတ်ကို မင်းရပါလိမ့်မယ်!" လင်းပိုင်ဖန်က ပြုံးပြီး ပြောလိုက်တယ်။

​ "ဒါမှပေါ့!"

​ ယောင်ယောင်က ​မောက်မာစွာနဲ့ နှုတ်ခမ်းဆူလိုက်ပြီး- "ရှင် ဘာတွေ လိုချင်လဲဆိုတာ ပြောပါ၊ ကျွန်မ ပြန်ပြီး ပြင်ဆင်ရအောင်!"

​ လင်းပိုင်ဖန်က- "အဓိကအားဖြင့်တော့ အစားအသောက်တွေပဲ၊ များနိုင်သမျှ များလေကောင်းလေပဲ! အစားအသောက်အပြင် ဆီ၊ သကြား၊ ဝါဂွမ်းအင်္ကျီတွေနဲ့ အလားတူ ပစ္စည်းတွေလည်း လိုအပ်တယ်။ များနိုင်သမျှ များလေကောင်းလေပဲ!"

​ "လုံးဝပြဿနာမရှိဘူး၊ ကျွန်မရဲ့ သတင်းကောင်းကို စောင့်နေလိုက်!"

​ ယောင်ယောင်က လင်းပိုင်ဖန်ဆီကနေ ငွေ နှစ်သန်းကိုယူပြီး ပျော်ရွှင်စွာနဲ့ ထွက်သွားခဲ့တယ်။

​ မကြာခင်မှာပဲ သူမဟာ အမည်မသိ တောင်ထိပ်တစ်ခုပေါ်မှာ ပေါ်လာခဲ့တယ်။

​ တောင်ထိပ်ပေါ်မှာ၊ တိတ်ဆိတ်လှတဲ့ ခြံဝန်းတစ်ခု ရှိနေခဲ့တယ်။

​ ခြံဝင်းအတွင်းမှာ ခရမ်းရောင်ဝတ်စုံ ဝတ်ထားတဲ့ အလွန်လှပတဲ့ အမျိုးသမီးတစ်ယောက်က တရားထိုင်တဲ့ ခုံပေါ်မှာ ထိုင်နေပြီး သူမရဲ့မျက်နှာက ငြိမ်သက်လှပြီး စကြာဝဠာနဲ့ တစ်သားတည်း ဖြစ်နေသလို၊ ကျင့်ကြံနေပုံရသည်။

​ အဲဒီအချိန်မှာ ယောင်ယောင်က ပျော်ရွှင်စွာနဲ့ အော်ဟစ်ပြီး ဝင်လာခဲ့တယ်၊ "ဆရာရေ၊ ဆရာ! ကျွန်မ အပြင်ထွက်တဲ့ခဏမှာ ငွေ နှစ်သန်း ရလာခဲ့တယ်! ပြီးတော့ မြင့်မြတ်သော ဂိုဏ်းအတွက်လည်း ငွေ နှစ်သန်းတန်တဲ့ အပေးအယူကြီး တစ်ခုကိုလည်း ရခဲ့တယ်"

​ အလွန်ကို လှပတဲ့အမျိုးသမီးက မျက်လုံး ဖွင့်လိုက်ပြီး ပြုံးလိုက်တယ်- "ယောင်ယောင်၊ မင်း နောက်တစ်ခါ ဘာမဟုတ်တာတွေ လုပ်လာပြန်ပြီလဲ"

All Chapters