← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

“ မိုက်မဲလှတဲ့ ဧကရာဇ်လေး၊ မင်း ပျော်မနေနဲ့ဦး!”

​ မိုနိုင်ငံရဲ့ ဧကရာဇ်က လှောင်ပြောင်ပြီး ပြန်ပြောလိုက်သည်- “ငါ ရှုံးနိမ့်ရတာက ကံမကောင်းတာကြောင့်ပဲ။ ကံကြမ္မာရဲ့ ရိုက်နှက်ခြင်းကို ခံလိုက်ရတာ၊ မင်းကြောင့် မဟုတ်ဘူး! နောက်တစ်ကြိမ်သာ အခွင့်အရေးပေးခဲ့ရင် ငါ့စစ်တပ်ကို တောင်ဘက် ဦးဆောင်ပြီး ရှ နိုင်ငံကို ချေမှုန်းပြီး မင်းရဲ့ခေါင်းကို ယူပြမယ်!”

​ ရှုံးနိမ့်ခဲ့ရင်တောင်မှ စိတ်ဓာတ်မကျခဲ့ပေ!

​ လင်းပိုင်ဖန် က အေးစက်စက် ရယ်မောလိုက်ပြီး- “လုံဖောင်းဖောင်း၊ အရည်မရ အဖတ်မရ စကားတွေပြောတာ ရပ်လိုက်တော့! မင်းမှာ အခု စစ်သည်အင်အား နည်းနေပြီ၊ နယ်မြေတွေလည်း ဆုံးရှုံးနေပြီ။ မို နိုင်ငံကို မင်း ဆက်ထိန်းထားနိုင်မလား ဆိုတာတောင် မေးခွန်းထုတ်စရာပဲ!”

​ မိုနိုင်ငံ ရဲ့ ဧကရာဇ် စိတ်ထဲ လေးလံသွားခဲ့သည်။

​ လင်းပိုင်ဖန် ပြောတာ မှန်နေသည်။ သူသည် စစ်သည် ၆၀၀,၀၀၀ ဆုံးရှုံးခဲ့ရပြီး အခု မြို့တော် ကို ကာကွယ်ရန် စစ်သည် ၂၀၀,၀၀၀ သာ ကျန်တော့သည်၊ လင်းပိုင်ဖန် ထက်တောင် နည်းနေသေးသည်။

​ သူ့ရဲ့ မိုနိုင်ငံဟာ အမှန်တကယ်ပဲ ကြီးမားတဲ့ အသားတုံးကြီး တစ်တုံးလိုဖြစ်နေပြီ ဖြစ်သည်။ ရှ နိုင်ငံက လာမတိုက်ရင်တောင်မှ အိမ်နီးချင်းနိုင်ငံတွေက သွားရည် ကျနေကြမှာပဲ ဖြစ်သည်။

​ စစ်သည် ၂၀၀,၀၀၀ လောက်နဲ့ နိုင်ငံတစ်နိုင်ငံကို ကာကွယ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းသည်။

​ တစ်ချိန်က အားသာချက်တွေရှိခဲ့တဲ့ အခြေအနေဟာ ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားတာလဲဆိုတာ သူ နားမလည်နိုင်ခဲ့ဘူး။

​ သူက နတ်ဘုရားတွေနဲ့ လူ နှစ်မျိုးစလုံးကို ဒေါသထွက်စရာလည်း ဘာမှမလုပ်ခဲ့ပေ!

​ သူ နန်းတက်ပြီးကတည်းက ဘိုးဘေးတွေရဲ့ အမွေအနှစ်ကို ထိန်းသိမ်းဖို့ မနားမနေ ကြိုးစားခဲ့တယ်။ သူဟာ ပညာရှိတဲ့ အုပ်ချုပ်သူလို့ မသတ်မှတ်နိုင်ရင်တောင်မှ အရည်အချင်း မရှိတဲ့ သူတော့ မဟုတ်ခဲ့ပေ၊ အဲဒီ မိုက်မဲတဲ့ ဧကရာဇ်ထက် အများကြီး ပိုကောင်းသေးသည်!

​ ဒါပေမဲ့ ဘာလို့ ကောင်းကင်က အဲဒီ မိုက်မဲတဲ့ ဧကရာဇ်ကို နှစ်သက်ပြီး သူ့ကိုကျ မနှစ်သက်ရတာလဲ။

​ မိုနိုင်ငံ ဧကရာဇ်က ခေါင်းမာမာနဲ့ ပြောလိုက်တယ်- “ငါတို့ မိုနိုင်ငံက ကျယ်ဝန်းပြီး စစ်တပ်ကလည်း ခိုင်မာတယ်။ ငါတို့ရဲ့ နယ်မြေကို ငါတို့ရအောင် ကာကွယ်မယ်။ မင်း စိုးရိမ်စရာ မလိုဘူး! မင်း မယုံရင် စမ်းတိုက်ကြည့်လိုက်ပါဦး၊ ငါ ကာကွယ်နိုင်မလား မနိုင်ဘူးလားဆိုတာ သိရတာပေါ့”

​ လင်းပိုင်ဖန် က နှာခေါင်းရှုံ့လိုက်ပြီး “ ငါ လုံးဝ မတိုက်ချင်ဘူး!”

​ သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်တယ်- “တပ်တွေ ရုပ်သိမ်းမယ်၊ ငါတို့ မြို့တော်ကို ပြန်မယ်!”

​ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။ “အရှင်မင်းကြီး၊ ကျွန်တော်တို့ တကယ်ပဲ ပြန်တော့မှာလား၊ ဆက်မတိုက်တော့ဘူးလား”

​ လင်းပိုင်ဖန် က ခေါင်းညိတ်ပြီး ပြုံးလိုက်တယ်- “ဟုတ်တယ်။ မိုနိုင်ငံက အကြီးအကျယ် ရှုံးနိမ့်ခဲ့ပေမဲ့ သူတို့က မြို့တော် ကို ခိုင်ခိုင်မာမာနဲ့ ကာကွယ်နေတယ်။ သူတို့ရဲ့ စစ်ရေးအင်အားက ငါတို့နဲ့ တန်းတူနီးပါးပဲ၊ မြို့ကို ကာကွယ်ရတဲ့အတွက် အားသာချက်ကလည်း ရှိနေတယ်။ သူတို့ကို အနိုင်ယူဖို့က အရမ်းခက်ခဲလိမ့်မယ်! ဆက်တိုက်ရင် မလွဲမသွေ အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်လာမယ်၊ အဲဒါကို ငါကိုယ်တော် မမြင်ချင်ဘူး”

​ စစ်သူကြီးတွေ အားလုံးက ခေါင်းတညိတ်ညိတ်နဲ့ သဘောတူခဲ့ကြတယ်။

​ “အရှင်မင်းကြီး ပြောတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်မျိုးတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကရော ဘယ်လိုလုပ်မလဲ။” အန်လုရှန် က မေးလိုက်သည်။

​ လင်းပိုင်ဖန် က လက်ဟန်ခြေဟန်နဲ့- “အဲဒါတွေကို ငါကိုယ်တော် မလိုချင်ဘူး!”

​ စစ်သူကြီးတွေ အားလုံး ကြောင်အသွားခဲ့ကြသည်- “ဘာ? ဘာလို့ မလိုချင်တာလဲ”

​ ဒါဟာ သူတို့ ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတဲ့ နယ်မြေတွေ ဖြစ်သည်။ ဘယ်လိုလုပ်ပြီး အလကား ပေးပစ်နိုင်မှာလဲ။

​ လင်းပိုင်ဖန် က ညင်သာစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်- “ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ စုစုပေါင်း စစ်အင်အားက ၂၀၀,၀၀၀ ပဲ ရှိတယ်။ ဒီလို ကျယ်ပြန့်လှတဲ့ နယ်မြေကို ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ။ မိုနိုင်ငံ ကလည်း အေးအေးဆေးဆေး နေမှာ မဟုတ်ဘူး၊ အိမ်နီးချင်းနိုင်ငံတွေကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး!

​ ဒီနယ်မြေကို ငါတို့ ယူလိုက်ရင် ပတ်ဝန်းကျင် အရပ်ရပ်က ရန်သူတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်၊ ဖိအားက အရမ်းကြီးလာလိမ့်မယ်။ ဒါဟာ ငါတို့နိုင်ငံ ပြိုကွဲရမယ့် အစေ့အမြစ်ကို စိုက်ပျိုးလိုက်တာပဲ! ငါတို့ ရှ နိုင်ငံတော်က သေးငယ်တယ်၊ စစ်တပ်ကလည်း အားနည်းတယ်။ ပတ်ဝန်းကျင် အရပ်ရပ်မှာ ရန်သူတွေ ဖန်တီးရမယ့်အချိန် မဟုတ်သေးဘူး! ဒါကြောင့် ဒီနယ်မြေကို မလိုချင်တာက ပိုကောင်းတယ်!”

​ လူတိုင်းက လင်းပိုင်ဖန် ရဲ့ စကားကို သဘောတူပြီး ထပ်မံ ခေါင်းညိတ်ခဲ့ကြသည်။

​ သူတို့ရဲ့ စိတ်ထဲမှာတော့ အကြီးအကျယ် အံ့သြနေကြတယ်။ ဒီ မိုက်မဲတဲ့ ဧကရာဇ်မှာလည်း ဒီလိုမျိုး အမြော်အမြင် ရှိသေးတာကိုး။ ရုတ်တရက်ဆိုသလို သူတို့ရှေ့က ဧကရာဇ်ကို သူတို့ ဖောက်ထွင်းပြီး မမြင်နိုင်တော့ပေ!

​ တစ်ခါတလေ သူက အထူးတလည် မိုက်မဲလှပြီး၊ တစ်ခါတလေကျတော့လည်း ထူးထူးခြားခြား ပညာရှိနေပြန်တယ်...

​ တကယ်ကို ရှုပ်ထွေးတဲ့ ဆန့်ကျင်ဘက်ပါပဲ!

​ “ဒါပေမဲ့ အရှင်မင်းကြီး၊ စစ်သားတွေက ဒီနယ်မြေကို သိမ်းပိုက်ဖို့ အရမ်း ကြိုးစားခဲ့ရတာပါ။ အရာအားလုံးကို ဒီအတိုင်း စွန့်လွှတ်လိုက်လို့ မဖြစ်ပါဘူး!” တစ်ယောက်ယောက်က အကြံပေးလိုက်သည်။

​ လင်းပိုင်ဖန်က မသိမသာ ပြုံးလိုက်မိသည်။ သူက ဒီနယ်မြေတွေရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးတွေကို ရယူပြီးပြီဖြစ်သည်။ ဒီနယ်မြေက အခွံသက်သက်ပဲ ကျန်တော့သည်။ ယူနေလို့ ဘာအသုံးဝင်မှာလဲ။

​ ဒါဟာ အင်အားစုအမျိုးမျိုးရဲ့ လောဘကို လွယ်လွယ်ကူကူ ဆွပေးလိုက်တာကလွဲ၍ ဘာအကျိုးအမြတ်မှ မရှိတော့ပေ။ မယူတာက ပိုကောင်းပေသည်။

​ “ကောင်းပြီ၊ မှူးမတ်တို့၊ ပြန်ကြစို့။ လမ်းတစ်လျှောက်မှာ တွေ့တဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အားလုံးကို ယူခဲ့လို့ရတယ်! နောက်ပြီးတော့ ငါကိုယ်တော် ကတိပေးတယ်၊ ပြန်ရောက်တာနဲ့ မောင်မင်းတို့ တစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်မှုအလိုက် ဆုချီးမြှင့်ပေးမယ်!

​နောက်ဆုံးမှာတော့ လင်းပိုင်ဖန် ရဲ့ ဦးဆောင်မှုအောက်တွင် လူတိုင်းဟာ အောင်ပွဲနှင့်အတူ မြို့တော် ကို ပြန်လာခဲ့ကြသည်။

​ ဒီတိုက်ပွဲရဲ့ နောက်ဆုံးရလဒ်က တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့သည်။

​ မိုနိုင်ငံ ဧကရာဇ်ဟာ လင်းပိုင်ဖန် ဦးဆောင်တဲ့ ကြီးမားတဲ့ စစ်တပ်နဲ့ အပြင်းအထန် တိုက်ခိုက်ပြီး လုံးဝကို ရှုံးနိမ့်ခဲ့သည်။ သူဟာ စုတ်ပြတ်သတ်ပြီး အရှက်ရစွာနဲ့ မြို့တော် ကို ဆုတ်ခွာ ထွက်ပြေးခဲ့ရသည်။

​ စစ်သည်တော်တွေနှင့် စစ်သူကြီးတွေကို အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး ခုခံနိုင်စွမ်း မရှိတော့တာကြောင့် မိုနိုင်ငံ ရဲ့ နယ်မြေတစ်ခုလုံး ကျဆုံးခဲ့ရပြီး မိုနိုင်ငံ ရဲ့ မြို့တော် သာလျှင် ကျန်ရစ်ခဲ့သည်။

​ သို့သော် ရှ နိုင်ငံတော်ရဲ့ စစ်တပ်က မိုနိုင်ငံ ရဲ့ မြို့တော် ကို ရောက်ပြီးနောက် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

​ သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုတောင် မသိမ်းယူဘဲ အကုန်လုံး ပြန်ပေးခဲ့သည်။

​ ဒီတိုက်ပွဲမှာ အကြီးမားဆုံး အကျိုးအမြတ်ကို ခံစားရတဲ့ သူကတော့ မိုက်မဲလှတဲ့ ဧကရာဇ် လင်းပိုင်ဖန် ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ သူဟာ သူ့ရဲ့နယ်မြေကို ကာကွယ်နိုင်ခဲ့ရုံသာမက မိုနိုင်ငံ နယ်မြေကို ဒုတိယအကြိမ် ကျူးကျော်ခဲ့တယ်။ သူ့ရဲ့ တန်ခိုးအာဏာဟာ အကြီးအကျယ် တိုးလာခဲ့ပြီး တန်ဖိုးရှိတဲ့ ပစ္စည်းဥစ္စာတွေ အမြောက်အမြားကိုလည်း လုယက် သိမ်းယူနိုင်ခဲ့တယ်။

​ မိုနိုင်ငံ ဧကရာဇ်ဟာ အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး တစ်လ မပြည့်ခင်မှာ စစ်သည် ၆၀၀,၀၀၀ ဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတော်ရဲ့ အင်အားဟာလည်း အကြီးအကျယ်ကို လျော့ကျသွားခဲ့သည်!

​ ဒါ့အပြင် နယ်မြေကို နှစ်ကြိမ် ဆက်တိုက် ဆုံးရှုံးခဲ့ရပြီး မြို့တော် အထိပါ ပြန်ပြေးခဲ့ရတာကြောင့် သူဟာ နယ်မြေရော ဂုဏ်သတင်းရောပါ ဆုံးရှုံးခဲ့လိုက်ရတယ်။

​ လုံဖောင်းဖောင်း ဆိုတဲ့ နာမည်ဟာ တစ်နိုင်ငံလုံးမှာ ရယ်စရာ ဖြစ်လာခဲ့ပြီး အနယ်နယ်အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့သည်။

​ ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ လင်းပိုင်ဖန် ဟာ သူ့ရဲ့ မိဖုရားကို ပွေ့ဖက်ပြီး အနူးအညံ့လေးတွေကို ခံစားနေချိန်မှာ သူ့စိတ်ထဲမှာကတော့ အင်ပါယာ မြေပုံကို ဖွင့်ကြည့်လိုက်သည်။

​ အင်ပါယာ မြေပုံ (စတင်ခြင်း အဆင့်)

နယ်မြေ အကျယ်အဝန်း- စတုရန်းမိုင် ၆၄၀,၀၀၀ (စိုက်ပျိုးမြေ စတုရန်းမိုင် ၂၄၀,၀၀၀)

ပြည်တွင်း အရင်းအမြစ်များ- ငွေတေး ၈၁ သန်း (သံသတ္တုတွင်း ၁ ၊ ကျောက်မီးသွေးတွင်း ၂ ၊ ကြေးနီတွင်း ၁ )

လူဦးရေ- ၂.၈ သန်း (လူချမ်းသာ ၁%၊ သာမန်လူ ၁၈%၊ ဆင်းရဲသား ၇၁%)

စစ်ရေး အင်အား- ၃၀၀,၀၀၀ ( ချီဖွဲ့တည်ခြင်းအဆင့် ၂ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ၂၀၀ )

နိုင်ငံတော် စုစုပေါင်း အင်အား- ၆၄၀ (နိုင်ငံငယ် အဆင့်)

All Chapters