← Chapters

ကျွန်တော် သူ့ကိုစိတ်ဆိုးအောင်လုပ်ခဲ့တာ

Vol. 18 Ch. 263

ကျွန်တော် သူ့ကိုစိတ်ဆိုးအောင်လုပ်ခဲ့တာ

Vol. 18 Ch. 263

ဝမ်ကျန်းက ကျန်းမုန့်လောင်၏ တက္ကသိုလ်သုတေသနရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်စာရင်းပြုစုပြနေသည်။ အစောပိုင်းတွင် ကျန်းမုန့်လောင် သူ့ကျောင်းအတွက် ရင်းနှီးမြှုပ်နှံခဲ့သော ကိရိယာနှင့် ရန်ပုံငွေများက ဆယ်သန်းကျော်သည်။ သို့သော် ထိုဆေးဝါးတီထွင်မှုမှရသော အမြတ်ငွေများကတင် ထိုရင်းနှီးမြှုပ်နှံငွေကို လုံးဝကာနိုင်ခဲ့သည်။

ငွေက ချက်ချင်းမပေါ်လာသေးသော်ငြား သုံးနှစ်မှ ငါးနှစ်အတွင်း ကျန်းမုန့်လောင်၏ဘီလီယံဆယ်ဂဏန်းက ဘီလီယံရာဂဏန်း သို့မဟုတ် ထရီလီယံအထိ တိုးပွားလာမည်ဖြစ်ပြီး ၎င်းမှာလည်း အမေရိကန်ဒေါ်လာနှင့် တွက်ထားခြင်းပင်။

ထိုကဲ့သို့သော အကျိုးအမြတ်များကြောင့် ကမ္ဘာ့အတော်ဆုံးရင်းနှီးမြှုပ်နှံသူများပင် သူ့ကို "အဖေ"ခေါ်ရပေလိမ့်မည်။

"ကျွန်တော့်မှာသာ အဲဒီလောက်ပိုက်ဆံအများကြီးရှိရင် ကျွန်တော်လည်း လုပ်နိုင်တာပေါ့"

ဝမ်လင်က မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်လေသည်။

"မင်းက ငါတွေ့ဖူးသမျှထဲမှာ အတုံးဆုံးလူချမ်းသာဒုတိယမျိုးဆက်တစ်ယောက်ပဲ။ ပြီးတော့ မင်းကိုမွေးခဲ့တာကလည်း ငါဖြစ်နေတော့ ကွက်တိပဲ"

ဝမ်ကျန်းက ခနဲ့လိုက်သည်။

"မင်းမှာ ပိုက်ဆံအများကြီးရှိရင်တောင် ဘယ်ပရောဂျက်တွေက အလားအလာရှိပြီး ဘယ်ပရောဂျက်ကတော့ လုံးဝအကျိုးအမြတ်မရှိဘဲ ရင်းနှီးမြှုပ်နှံမှုတွေအကုန်ဆုံးမလဲဆိုတာကို ပြောနိုင်မှာတဲ့လား"

ဝမ်လင်ခမျာ တိတ်ဆိတ်သွားလေတော့သည်။ ကုမ္ပဏီတော်တော်များများက တက္ကသိုလ်သုတေသနအဖွဲ့များနှင့် နှစ်စဉ်နှစ်တိုင်း ပူးပေါင်းဆောင်ရွက်ခဲ့သော်ငြား အမှန်တကယ်အမြတ်ထွက်ခဲ့သည့် ပရောဂျက်ကား မည်မျှရှိလေသလဲ။ ဓာတ်ခွဲခန်းသုတေသနှင့် စက်မှုလုပ်ငန်းထုတ်လုပ်မှုတို့မှာ မတူညီသောနယ်ပယ်နှစ်ခုဖြစ်၏။ ထိုကုမ္ပဏီများအနေနှင့် ထိုပိုက်ဆံများကိုသုံး၍ မူပိုင်ခွင့်အနည်းငယ်ရလိုက်လျှပင် ကြီးမားသောအောင်မြင်မှုတစ်ခု ဖြစ်နေလေပြီ။

"ဒါက မုန့်လောင်ရဲ့သိပ္ပံသုတေသနရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်ငွေပဲရှိသေးတာ"

ဝမ်ကျန်းက ဆက်ပြောလာသည်။ သူ့စကားမဆုံးသေးပေ။

"ထပ်ရှိသေးတာလား"

"မင်းမြင်နေရတာက အပေါ်ယံတွေချည်းပဲ"

ဝမ်ကျန်းက ဆက်ပြော၏။

"သူက ရုပ်ရှင်တွေထဲမှာလည်း ရင်းနှီးမြှုပ်နှံထားသေးတယ်"

"အဲဒါက အမြတ်ထွက်မယ်ဆိုရင် ကျွန်တော့်ခေါင်းကိုဖြတ်ပြီး ထိုင်ခုံအနေနဲ့သုံးဖို့ ပေးလိုက်မယ်"

ဝမ်လင်က ထိုသို့နှယ်ကြေညာလိုက်၏။

ဤရုပ်ရှင်ထဲရှိ ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနှင့် ထိုရုပ်ရှင်က အမြတ်အစွန်းထွက်နိုင်မထွက်နိုင် ဝမ်လင် ကောင်းကောင်းသိသည်။ ရုံတင်ငွေအမြောက်အများရလျှင်ပင် ထုတ်လုပ်ရေးကုန်ကျစရိတ်နှင့် သရုပ်ဆောင်များ၏ လစာကို ကာမိဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

"ငါပြောသားပဲ။ မင်းက အမြော်အမြင်မရှိပါဘူးလို့"

ဝမ်ကျန်းက ဝမ်လင့်ကို စိုက်ကြည့်လိုက်သည်။

"ရုပ်ရှင်ဆိုတာက ဟန်ပြသက်သက်ပဲ။ အရေးကြီးတာက မုန့်လောင်တည်ဆောက်ခဲ့တဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားအခြေစိုက်နေရာနဲ့ အပူပေးပိုက်လိုင်းတွေပဲ"

"ဟမ်"

ဝမ်လင်ခမျာ အံ့ဩမှင်တက်သွားရလေသည်။

"Three-Bodyဝတ္ထုက အခု ကမ္ဘာပေါ်မှာ ဘယ်လောက်နာမည်ကြီးနေလဲဆိုတာ မင်းသိလား"

ဝမ်ကျန်းက မေးလာလေသည်။

ဝမ်လင်ကမူ နှုတ်ဆိတ်နေဆဲသာ။

"အဲဒါက အခုလက်ရှိ ဟွာရှားနိုင်ငံရဲ့ အပြောင်မြောက်ဆုံးသိပ္ပံစိတ်ကူးယဉ်ဝတ္ထုတစ်ခုကွ။ ကမ္ဘာတစ်ဝှမ်းအကဲဖြတ်ချက်ကလည်း တော်တော်မြင့်တယ်။ သူ့ရဲ့တိုးတက်နိုင်ခြေအလားအလာက Disneyနဲ့ ဟယ်ရီပေါ်တာတို့ရဲ့IPထက် မနိမ့်ဘူး။ အောင်မြင်တဲ့IPတစ်ခုက စီးပွားရေးတန်ဖိုး ဘယ်လောက်များများကို ဖန်တီးပေးနိုင်လဲဆိုတာ မင်းသိလား"

"ရုပ်ရှင်ပြီးသွားတာနဲ့ အဲဒါက ကမ္ဘာအနှံ့မှာ နာမည်ကြီးမဲ့ ကြော်ငြာရေးရုပ်ရှင်တစ်ခုလို ဖြစ်လာမှာ။ ပြီးရင်တော့ အဲဒီရုပ်ရှင်နဲ့ရုပ်မြင်သံကြားအခြေစိုက်နေရာကလည်း အကြီးစားဇာတ်ဝင်ပန်းခြံကြီးတစ်ခု ဖြစ်သွားမှာ။ အပူပေးစနစ်နဲ့ တခြားအသုံးအဆောင်တွေကလည်း နှစ်စဉ်နှစ်တိုင်း ဧည့်သည်တွေအများကြီးကို ဆွဲဆောင်နိုင်မှာကွ"

ဝမ်ကျန်းက တည်တည်ကြည်ကြည်ဆိုလာလေသည်။

"ငါ ကျွမ်းကျင်သူတွေနဲ့ တွက်ချက်ထားတာကတော့ သုံးနှစ်အတွင်းမှာ ဒီဇာတ်ဝင်ပန်းခြံက အနည်းဆုံး နှစ်စဉ်ဝင်ငွေ ယွမ်သန်း၂၀၀လောက် ရှာပေးလိမ့်မယ်။ စက်မှုဆိုင်ရာအကျိုးသက်ရောက်မှုတွေကို အသာထားလိုက်ဦး။ သေချာစီမံမယ်ဆိုရင် အဲဒီပမာဏရဲ့နှစ်ဆရဖို့ဆိုတာ အလွယ်လေးပဲ"

...

ဝမ်ကျန်းက ကျန်းမုန့်လောင်၏ရင်းနှီးမြှုပ်နှံမှုတစ်ခုချင်းစီတိုင်းကို အသေးစိတ်ဆန်းစစ်ပြသည်။ သူ့ပါးစပ်ထဲတွင်မူ ကျန်းမုန့်လောင်၏ အရိုင်းဆန်ပြီး အဆင်အခြင်မဲ့သောလုပ်ရပ်များအားလုံးက သေချာတွက်ချက်ထားသည့် ရေရှည်အမြတ်ငွေမြင့်မားသော ရင်းနှီးမြှုပ်နှံမှုများအဖြစ် ပြောင်းလဲသွားလေသည်။

"ဟုန်းရီ.. ဒါတွေက အမှန်ပဲလား"

ထိုပိုက်ဆံများအားလုံးကို သုံးစွဲပစ်ခဲ့ပြီးနောက် ကျန်းမုန့်လောင်က ထိုပရောဂျက်များနှင့်ပတ်သက်ပြီး ထပ်မမေးဖြစ်ခဲ့ချေ။ သူ့အဓိကရည်ရွယ်ချက်မှာ အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို မြန်မြန်ကုန်အောင်သုံးဖို့သာ။

"မစ္စတာဝမ်က အခြေအနေအများစုကို ရှင်းပြပြီးသွားပါပြီ"

ဟုန်းရီက ခေါင်းညိတ်လိုက်၏။

"ကျွန်မတို့ရဲ့တွက်ချက်မှုအရ ရှင် ရင်းနှီးမြှုပ်နှံထားတဲ့ ပရောဂျက်တွေက ငါးနှစ်အတွင်း ၂၄၅၁၀.၅ရာခိုင်နှုန်းဝန်းကျင် အမြတ်ငွေပြန်ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်"

"အဆနှစ်ရာကျော်တောင်မှလား"

ဝမ်လင်က ထိုစကားကိုကြားပြီး မျက်လုံးကျွတ်ကျမတတ်ပင်။

"သေစမ်း"

ကျန်းမုန့်လောင်လည်း အံ့အားသင့်သွားရသည်။

"ငါက ပိုက်ဆံဖြုန်းချင်ရုံပဲရှိတာပါ။ အခုလို ရင်းနှီးမြှုပ်နှံမှုဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာဖို့ မရည်ရွယ်ခဲ့ပါဘူး"

ငါးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုအမြတ်ငွေအဆနှစ်ရာကျော်ကို မည်သူက တောင့်ခံနိုင်မည်နည်း။

"မဆိုးဘူးပဲ ကျန်းမုန့်လောင်… တကယ့်ကိုခြေလုံလက်လုံရှိတာပဲ။ ငါ့ရှေ့မှာတော့ ရိုးအချင်ယောင်ဆောင်ပြီး နောက်ကွယ်မှာတော့ ငွေတွေ သိမ်းကျုံးပြီးရှာနေခဲ့တာပဲ"

"မင်း ဘာတွေပြောနေတာလဲ"

ဝမ်ကျန်းက ဝမ်လင့်နောက်စေ့ကို ရိုက်ချလိုက်သည်။

"မင်းက တုံးအလွန်းနေတာလေ။ မင်းက မုန့်လောင်နဲ့ပတ်သွားနေပေမဲ့ မင်းသိတာဆိုလို့ စားမယ်၊သောက်မယ်၊ ပျော်မယ်ပါးမယ်ပဲ။ သင်ယူသင့်တာကို မသင်ယူဘဲ မိန်းမပဲလိုက်စားနေတာ။ မင်း ဘယ်သူ့ဆီက အဲဒီအကျင့်တွေသင်လာခဲ့လဲဆိုတာ မသိတော့ဘူး"

"ကျွန်တော်တော့မဟုတ်တာ သေချာတယ်"

ကျန်းမုန့်လောင် သူအပြစ်ကင်းကြောင်း ပြသရန်အတွက် လက်နှစ်ဖက်စလုံးကို ခပ်မြန်မြန်မြှောက်ထားလိုက်သည်။

"ဒါတွေအားလုံးက မင်းရဲ့အကြံဉာဏ်တွေလား"

ဝမ်လင့်ခမျာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေဆဲသာ။

"ဒါကိုတော့ ကျွန်မ သက်သေခံပေးနိုင်ပါတယ်"

ဟုန်းရီက ပြော၏။

"ဒီပရောဂျက်တွေအားလုံးကို မစ္စတာကျန်းကိုယ်တိုင် ညှိနှိုင်းဆွေးနွေးခဲ့တာပါ။ ကျွန်မတို့ သူ့ကို ဘာအကြံဉာဏ်မှ မပေးခဲ့ပါဘူး"

ဟုန်းရီက ပြောလိုက်၏။ မည်သူကများ ကျန်းမုန့်လောင်၏အတွေးများကို လိုက်မီမည်တဲ့လဲ။ သာမန်လူတစ်ယောက်က အံ့ဖွယ်ကောင်းသော ထိုနည်းဗျူဟာများကို ကြံစည်နိုင်မည်တဲ့လား။ သို့သော် သူ(မ) ထိုသို့ထုတ်ပြောလိုက်လျှင်ပင် ယုံနိုင်မည်မဟုတ်။ ထိုပရောဂျက်များထဲက ခုနစ်ခု၊ရှစ်ခုလောက်က စင်စစ်ငွေရှာနိုင်ခဲ့ပြီး အမြတ်ငွေနှစ်ဆသုံးဆမကသော်ငြား ဆယ့်နှစ်ဆ သို့မဟုတ် အဆတစ်ရာအထိ မြင့်တက်သွားခဲ့သည်။

"မစ္စတာကျန်း ဖုန်းလာနေပါတယ်"

"အာ ဘယ်သူလဲ"

ကျန်းမုန့်လောင်လည်း ဖုန်းကိုယူလိုက်၏။

"ဟယ်လို ကျန်းမုန့်လောင် ပြောနေပါတယ်"

"မင်္ဂလာပါ မစ္စတာကျန်း..ကျွန်တော့်နာမည်က ကိုချာနယ်ပါ။ ထိုင်းနိုင်ငံက God Kingအနှိပ်ခန်းရဲ့ဥက္ကဋ္ဌပါ"

"အိုး..မင်္ဂလာပါ"

ကျန်းမုန့်လောင် အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။ ထိုလူကို သူ လုံးဝမသိပေ။ သူတို့က သူ့ဖုန်းနံပါတ်ကို ဘယ်လိုရသွားလေသလဲ။

"မစ္စတာကျန်း.. လိုအပ်တာတစ်ခုခုများရှိလား။ ငါတို့ ဘေးဖယ်နေပေးရမလား"

"ဪ ဘာမှမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ကိုချာနယ်လို့ခေါ်တဲ့လူတစ်ယောက်ပါ။ သူက God Kingအနှိပ်ခန်းရဲ့ဥက္ကဋ္ဌတဲ့"

"ကိုချာနယ်လား"

ဝမ်ကျန်းတစ်ယောက် ထိုနာမည်ကို မှတ်ဉာဏ်ထဲတွင် ရှာဖွေနေဟန်တူသည်။

"အိုး မှတ်မိပြီ။ သူက ကမ္ဘာ့အကြီးဆုံးအနှိပ်ခန်းလုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌပဲ"

သူက ဆက်ပြောလေသည်။

"သူက တကယ်တော်တာနော်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အနှိပ်ခန်းလုပ်ငန်းအားလုံးကို စိုးမိုးထားတာ။ Forbesကမ္ဘာ့အဆင့်သတ်မှတ်ချက်ထဲမှာ သူက ဒီလိုဝန်ဆောင်မှုလုပ်ငန်းမျိုးနဲ့ စာရင်းဝင်နိုင်ခဲ့တဲ့ တစ်ယောက်တည်းသောလူပဲ"

"ဝိုး.. တကယ့်အနှိပ်ခန်းလောကရဲ့ဘုရင်ကြီးပဲ"

"မစ္စတာကိုချာနယ်.. ခင်ဗျားဘာလိုချင်လို့လဲဗျ"

"မစ္စတာကျန်းနဲ့ လုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုချင်လို့ပါ"

"ပူးပေါင်းမှာလား"

ကျန်းမုန့်လောင်ကလည်း နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

"ဟုတ်ပါတယ်။ မကြာသေးခင်တုန်းက ကျွန်တော့်ဝန်ထမ်းတစ်ယောက်က ဟွာရှားကို အလုပ်ကိစ္စနဲ့ခရီးထွက်တော့ မစ္စတာကျန်းရဲ့ NetEaseအနှိပ်ခန်းကို သွားဖြစ်ခဲ့တယ်လေ။ သူပြန်လာတော့ ခင်ဗျားတို့ဟွာရှားနိုင်ငံသားတွေက ခြေထောက်နှိပ်နယ်တာနဲ့ ဂီတကို ပေါင်းစပ်ပြီး တော်တော်ထူးခြားတဲ့အတွေ့အကြုံသစ်တစ်ခုကို ပေးခဲ့တယ်လို့ ပြောပြတယ်။ ဖြစ်ချင်တော့ ကျွန်တော်လည်း ဟွာရှားကိုလာဖို့ကြုံကြိုက်တာနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ကိုယ်တိုင်စမ်းကြည့်လိုက်သေးတယ်။ တော်တော်သဘောကျသွားတာဗျ။ ကျွန်တော်တို့သာ အကျိုးတူပူးပေါင်းနိုင်မယ်ဆိုရင် ခင်ဗျားရဲ့ တီထွင်ကြံဆနိုင်စွမ်းနဲ့ ကျွန်တော့်ရဲ့ကျွမ်းကျင်မှုကို ပေါင်းစပ်လိုက်ရင် အနှိပ်ခန်းလုပ်ငန်းကို ကျွန်တော်တို့တွေ နောက်တစ်ဆင့်တက်သွားအောင် လုပ်နိုင်မှာ"

...

ကိုချာနယ်က စကားစပြောလိုက်သည်နှင့် ဆက်တိုက်ပြောနေတော့သည်။ သူ့ကို စကာစဖြတ်ဖို့အတွက် ကျန်းမုန့်လောင် မိနစ်နှစ်ဆယ်ခန့် အချိန်ယူလိုက်ရသည်။

"မစ္စတာကျန်း မင်းက ထိုင်းစကားနားလည်တာလား"

"နည်းနည်းပဲသိတာပါ"

"ခုနက မင်း ဘာပြောလိုက်တာလဲ။ စိတ်မရှိဘူးဆိုရင် ပြောပြနိုင်မလား"

ဝမ်ကျန်းက သိချင်စိတ်ပြင်းပြစွာ မေးလိုက်လေသည်။

"ဪ ဘာရယ်မဟုတ်ပါဘူး။ သူက ကျွန်တော့်ရဲ့NetEaseအနှိပ်ခန်းရဲ့ တီထွင်ဆန်းသစ်နိုင်စွမ်းကို သဘောကျပြီး အကျိုးတူပူးပေါင်းချင်နေတာလေ။ သူက ကျွန်တော့်ကို ရှယ်ယာတစ်စိတ်တစ်ပိုင်းခွဲပေးချင်နေတာ"

ကျန်းမုန့်လောင်လည်း ဖုန်းကို ဟုန်းရီထံ ပြန်ပေးလိုက်သည်။

"ဟုန်းရီ.. ဒီကိစ္စကို မင်းပဲ သူနဲ့ဆွေးနွေးညှိနှိုင်းလိုက်"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

"ဒီလိုကိုး"

ဝမ်ကျန်းက သူ့ပေါင်သူရိုက်လိုက်လေသည်။

"မုန့်လောင်.. မင်းရဲ့ရင်းနှီးမြှုပ်နှံမှုတွေထဲမှာမှ ငါ နားမလည်နိုင်ဆုံးတစ်ခုက NetEaseအနှိပ်ခန်းပဲ။ ဂီတနည်းပညာကုမ္ပဏီတစ်ခုကို အခုလိုလုပ်ငန်းမျိုးအဖြစ်ပြောင်းလဲလိုက်တာ အရှုံးပေါ်မဲ့ကိစ္စကြီးကို။ ဒါပေမဲ့ အခုတော့ မင်း ဘာကိုရည်ရွယ်လဲဆိုတာ ငါသိလိုက်ပြီ"

"ဝိုး..God Kingက ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ၆၀ဘီလီယံရှိတာပဲ။ အကွက်တစ်ကွက်ရွှေ့ရုံနဲ့ မင်းက ၈ဘီလီယံတန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို ၃၀ဘီလီယံအဖြစ် ပြောင်းလဲလိုက်တာပဲ"

"အဟွတ် အဟွတ် အဟွတ်"

ကျန်းမုန့်လောင်၏မျက်နှာကား နီမြန်းသွားရလေသည်။

"ဒါက တကယ့်ကို မတော်တဆဖြစ်တာပါ"

"NetEaseဂီတကို NetEaseအနှိပ်ခန်းအဖြစ် ပြောင်းလဲလိုက်တာက တင်းဆန်ရှီနဲ့သူ့သားကို စိတ်တိုအောင်လုပ်ဖို့လို့ ပြောမယ်ဆိုရင် ခင်ဗျား ကျွန်တော့်ကိုယုံမှာလား"

*********

All Chapters