← Chapters

အခန်း (၂၆၄)

Vol. 18 Ch. 264

အခန်း (၂၆၄)

Vol. 18 Ch. 264

"မင်းကတော့ အံ့လောက်စရာပဲ။ ဒီတစ်ခေါက်တော့ ငါ မင်းကို တကယ်လေးစားသွားပြီ။ မင်းက ခေတ်သစ်ဝမ်တာ့ယွီဖြစ်မယ်ထင်တယ်"

ပိုက်ဆံကို ပုံအောပြီး ဖြုန်းပစ်လိုက်သည့်တိုင်း အမြတ်အစွန်းရနေဆဲပင်။ ဝမ်လင် ထိုကိစ္စနှင့်ပတ်သက်ပြီး သံသယလုံးဝမရှိတော့ပေ။

ဝမ်ကျန်းပြောသလိုဆိုလျှင် ကျန်းမုန့်လောင်၏ ပိုက်ဆံသုံးစွဲမှုက ရည်ရွယ်ချက်မရှိဘဲ ပျော်စေပြက်စေလိုဟန် ပေါက်နေသော်လည်း ထိုနောက်ကွယ်တွင် နက်ရှိုင်းသောသဘောတရားတစ်ခု ရှိနေပေသည်။

အရေးအကြီးဆုံးအချက်မှာ ဤနည်းလမ်းက လူအမြောက်အများကို သတိလျော့ပါးစေပြီး ကျန်းမုန့်လောင်သည် ငွေကို လက်လွတ်စပယ်သုံးဖြုန်းနေသည်ဟု ထင်မိစေကာ ထိုအကြံဉာဏ်များကို စီးပွားရေးဗျူဟာများအဖြစ် အသုံးချဖို့ မည်သူမျှ စဉ်းစားမိမည်မဟုတ်ပေ။

တည်ငြိမ်လှသည့် လွှမ်းမိုးမှုအောက်ဝယ် ထိုအရာက ဤပရောဂျက်များ၏တိုးတက်မှုကို ကာရံပေးထားခဲ့သည်။ တစ်စုံတစ်ယောက်က သတိထားမိခဲ့ပြီး ထိုလုပ်ငန်းများထဲရှိ ပြိုင်ဘက်များက အာရုံစိုက်မိခဲ့လျှင်ပင် ဖိနှိပ်ဖို့ရာ အလွန်နောက်ကျသွားပြီဖြစ်၏။

"မဟုတ်ဘူး။ ကျွန်တော်က တကယ့်ကို ပိုက်ဆံသုံးဖို့အတွက်သက်သက်ပဲ လုပ်ခဲ့တာ။ အမြတ်အစွန်းထွက်အောင်လုပ်ဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူး"

"မင်းက ဘယ်သူ့ကိုအရူးလုပ်ဖို့ကြိုးစားနေတာလဲ။ အစီအစဉ်မရှိဘဲနဲ့ ငါးနှစ်အတွင်း ပျှမ်းမျှအမြတ်ငွေအဆနှစ်ရာကျော်ကို ဘယ်လိုလုပ်ရမှာလဲ"

ဝမ်လင်ကတော့ ကျန်းမုန့်လောင်၏ဖြေရှင်းချက်ကို လုံးဝမယုံချေ။

"အယောင်ဆောင်ကောင်"

"ကောင်းပြီလေ။ မင်းထင်ချင်သလိုထင်"

ကျန်းမုန့်လောင်လည်း မဲ့တဲ့တဲ့သာ ပြုံးလိုက်မိသည်။

"အမှန်အတိုင်းပြောတာတောင် အယောင်ဆောင်ကောင်လို့ တံဆိပ်ကပ်ခံရတယ်။ ကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ"

"အဲဒါကြောင့် ပြောတာပေါ့။ မုန့်လောင်က တကယ့်ကိုရင်းနှီးမြှုပ်နှံမှုဉာဏ်ကြီးရှင်ပါဆို။ ဒီလိုပါရမီမျိုးက ငါတို့လိုအရွယ်ရောက်ပြီးသူတွေတောင် အပြည့်အဝနားလည်နိုင်မှာမဟုတ်ဘူး"

ဝမ်ကျန်းက ဆို၏။

"ဒီကမ္ဘာကြီးရဲ့အနာဂတ်က မင်းတို့လူငယ်တွေအပေါ်ပဲ မူတည်နေတာ"

"ဦးလေးဝမ်.. ဦးလေးက ကျွန်တော့်ကိုချီးကျူးဖို့သက်သက် လာခဲ့တာတော့မဟုတ်ဘူးမလား"

ဝမ်ကျန်းက ကျန်းမုန့်လောင်၏အိမ်သို့ ရောက်လာပြီးကတည်းက ကျန်းမုန့်လောင်ကို ချီးမွမ်းခန်းဖွင့်နေခဲ့ခြင်းပင်။

"ဟားဟားဟား ဒါပေါ့။ မင်းကို အကူအညီတောင်းစရာတစ်ခုရှိတယ်လို့ ငါပြောထားတယ်မလား"

ဝမ်ကျန်းက ‌ပြောလာလေသည်။

"ဦးလေးဝမ်.. ပြောသာပြောပါ။ ဝမ်လင်နဲ့ ကျွန်တော်က သေအတူရှင်မကွာသူငယ်ချင်းတွေပဲဟာကို ဘာပဲဖြစ်နေနေ သေချာပေါက်ကူညီမှာပါ"

"သေအတူရှင်မကွာသူငယ်ချင်းလား"

ဝမ်ကျန်း အံ့ဩမှင်တက်သွားလေသည်။ မသိလျှင် ထိုစကားက သူတို့နှစ်ယောက် သေစေနိုင်လောက်သော အန္တရာယ် သို့မဟုတ် တစ်စုံတစ်ခုကို အတူဖြတ်ကျော်လာခဲ့သည့်အလားပင်။

"ဪ ဟုတ်သားပဲ"

ကျန်းမုန့်လောင်၏အကြည့်ကို မြင်လိုက်ရပြီးနောက် ဝမ်လင်လည်း ခပ်မြန်မြန်ရှင်းပြလိုက်သည်။

"ကျွန်တော်တို့ သိပ်မကြာသေးခင်တုန်းက ဥရောပကိုသွားသေးတယ်။ နိုင်ငံတစ်နိုင်ငံကို ဖြတ်သွားတော့ တိုက်လေယာဉ်တွေ အချင်းချင်းတိုက်ခိုက်နေတာနဲ့တိုးတာလေ။ ကံကောင်းလို့ စစ်မြေပြင်ထဲကနေ ဘေးကင်းကင်းနဲ့လွတ်လာတာ"

ပင်လယ်ထဲတွင် ကျန်းမုန့်လောင်က လေယာဉ်တင်သင်္ဘောများကို ဆင့်ခေါ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဝမ်လင်က တစ်ခွန်းမှမဟချေ။

"အဲ့လိုကိစ္စမျိုးလည်း ရှိခဲ့တာလား"

ဝမ်ကျန်းလည်း အနည်းငယ်အံ့အားသင့်သွားရသည်။

"မင်းတို့ ဒီလိုကပ်ဘေးမျိုးကနေ လွတ်လာနိုင်တာ မယုံနိုင်စရာပဲ"

"အဲလိုဆိုရင် ငါ အားမနာတော့ဘူးနော်"

ဝမ်ကျန်းက ဆိုလာလေသည်။

"မုန့်လောင်… နောင်အနာဂတ်မှာ မင်း ငါတို့ဝမ်လင်ကို လမ်းညွှန်ပြသပေးဖို့ ငါမျှော်လင့်မိတယ်"

"ဟင်"

"ငါက အခု အသက်၆၀ရှိပြီလေ။ စီးပွားရေးလုပ်ငန်းကိစ္စတော်တော်များများကလည်း ငါ့အတွက် လက်လှမ်းမမီတော့ဘူး။ မင်းသိပါတယ်။ ငါတို့ဝမ်တာ့ကို သားအဖနှစ်ယောက်တည်း ထိန်းချုပ်ထားတာ။ ဝမ်တာ့ကို တခြားလူလက်ထဲ ထည့်ခဲ့ရမှာ ငါစိတ်မချဘူးလေ။ ဒါပေမဲ့ အသုံးမကျတဲ့ ဝမ်လင်ကလည်း ဘာအားထုတ်မှုမှမရှိဘူးဖြစ်နေတယ်"

"အဖေ ကျွန်တော့်ကို မျက်နှာသာလေးပေးပါဦး"

"မျက်နှာသာပေးတယ်ဆိုတာ သူများဆီကတောင်းရတာမျိုးမဟုတ်ဘူး။ မင်းဘာသာ အရယူရတာမျိုးကွ"

ဝမ်ကျန်းက သိပ်မကျေနပ်ဟန်ဖြင့် ပြောလိုက်၏။

"မုန့်လောင်.. မင်း သူ့ကိုကူညီပေးဖို့ ငါမျှော်လင့်ပါတယ်ကွာ။ သူ့ကို လမ်းမှန်ပြပေးလိုက်စမ်းပါ။ သူ့ကို မင်းလို ထူးချွန်လာဖို့အထိတော့ ငါ မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ဝမ်တာ့ရဲ့ ခက်ခက်ခဲခဲရှာဖွေစုဆောင်းထားခဲ့ရတဲ့ မိသားစုအမွေကို အလဟဿမဖြုန်းတီးပစ်ဖို့တော့ မျှော်လင့်မိတယ်"

"ကျွန်တော်သာ သူ့ကို နည်းနည်းလောက်လမ်းလွဲသွားအောင် လမ်းပြပေးရမယ်ဆိုရင် ခင်ဗျားတို့ဝမ်တာ့လည်း တစ်လအတွင်း ဒေဝါလီခံရလိမ့်မယ်"

ကျန်းမုန့်လောင် ထိုသို့တွေးလိုက်မိသည်။ သို့သော် ဝမ်ကျန်းက သူ့အား မျက်နှာသာအများကြီးပေးထားသည့်အတွက် ငြင်းဆန်ဖို့ရာလည်း မလွယ်ကူပေ။

"ကောင်းပါပြီ ဦးလေးဝမ်.. ကျွန်တော် ဝမ်လင့်ကို ဂရုစိုက်လိုက်ပါ့မယ်"

"ကောင်းတယ်ဟေ့"

ဝမ်ကျန်းက ဝမ်လင့်ကို ဘလက်ကတ်တစ်ခု ပေးလိုက်သည်။

"ဒီထဲမှာ ၁၀ဘီလီယံပါတယ်။ ဒီနေ့ကစပြီး မင်း မုန့်လောင်ဆီက ကောင်းကောင်းသင်ယူ။ မင်းက မငယ်တော့ဘူးနော်။ မင်းကိုယ်တိုင် အလုပ်အကိုင်တစ်ခုကိုတည်ထောင်ဖို့ အချိန်ကျပြီ"

"၁၀ဘီလီယံလား"

ဝမ်လင် ကြက်သေသေသွားရသည်။ ငွေသား၁၀ဘီလီယံတဲ့လား။ သူ့အဖေက ဘယ်တုန်းကများ ဤမျှအထိ ရက်ရောသွားရလေသလဲ။ သူ့အဖေက သူသိမ်းထားသော နောက်ဆုံးလက်ကျန်ငွေများကို ထုတ်ပေးလိုက်ခြင်းလေလား။

သူ့အဖေက ကျန်းမုန့်လောင်ကို ထိုမျှအထိ ယုံကြည်နေလေသလား။

"မုန့်လောင်.. မင်းမှာ အကြ့ကောင်းတစ်ခုခုများရှိလား"

ဝမ်ကျန်း မေးလိုက်လေသည်။

"ဒီ၁၀ဘီလီယံနဲ့ဆိုရင် မင်းနဲ့အတူ ဝမ်လင် လိုက်ရင်းနှီးမြှုပ်နှံဖို့ လုံလောက်တယ်မလား"

"အမ်.. လောက်တယ်ဆိုရုံလောက်ပါပဲ"

"လောက်တယ်ဆိုရုံပဲလား။ ငါ့ကောင် ဒါက ဆယ်ဘီလီယံနော်။ ဒေါ်လာတစ်ရာမဟုတ်ဘူး"

ဝမ်လင်က ယခင်ကနှင့်မတူဘဲ ကြွားဝါပြနေလေသည်။

"မင်း မသိပါဘူးကွာ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အဲဒီသိပ္ပံသုတေသပရောဂျက်တွေမှာ ငါ ဘယ်လောက်သုံးခဲ့လဲဆိုတာ မင်းသိလား။ ၃၀ဘီလီယံနော်။ ဒါတောင် အမေရိကန်ဒေါ်လာနဲ့တွက်တာ။ မင်းရဲ့၁၀ဘီလီယံက ဘာလုပ်လို့ရမှာမို့လို့လဲ"

"ဒါက…."

ဝမ်လင်ခမျာ ရုတ်တရက် ပြောစရာစကားပျောက်ရှသွားရသည်။ သာမန်လူများအတွက်မူ ၁၀ဘီလီယံဆိုသည်မှာ ဘဏ်ထဲထည့်ထားရုံမျှဖြင့် တစ်သက်လုံးထိုင်စားပြီး မျိုးရိုးအဆက်ဆက်အမွေလက်ဆင့်ကမ်းသွားဖို့ပင် လုံလောက်နေပြီဖြစ်၏။

ကျန်းမုန့်လောင်ကမူ "ဘာလုပ်လို့ရမှာလဲ"ဟူသော စကားလုံးများကို သာမန်ကာလျှံကာ ပြောလိုက်လေသည်။

သို့သော် ဝမ်ကျန်းက လုံးဝဒေါသမထွက်ပေ။ ကျန်းမုန့်လောင်က အလွန်ချမ်းသာပြီး ရဲရင့်လှကြောင့် သူသိသည်။ သူ့အတွက်တော့ ၁၀ဘီလီယံဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုအတွက် အစွန်းထွက်ငွေမျှသာ ဖြစ်နိုင်လောက်ပေသည်။

"မုန့်လောင်.. ဒီကိုကြည့်ဦး။ ဒီငွေတွေနဲ့ မင်းတို့ ဘာလုပ်မယ်လို့စိတ်ကူးထားလဲ"

"ဘာလုပ်ရမှာလဲဆိုတာကို ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ။ ခြင်းတောင်းတစ်လုံး ရက်ရမှာလား"

ကျန်းမုန့်လောင်က ခပ်တိုးတိုးရေရွတ်လိုက်ချေသည်။ ယခင်ကမူ သူစဉ်းစားခဲ့ဖူးသမျှ အတွေးတိုင်းက ပိုက်ဆံကို မည်သို့နှယ်သုံးရမလဲဟုပင်။ လွန်ခဲ့သည့်တစ်လလောက်ကသာ ယခုလိုပြောလာပါက ကမ္ဘာမြေတုန်လှုပ်ဖွယ်ကောင်းသော ရင်းနှီးမြှုပ်နှံမှုပရောဂျက်များကို ထုတ်ပြောနိုင်လောက်ပေသည်။

သို့သော် ယခုမူ သူ့ခေါင်းထဲတွင် မည်သို့ကြွားဝါပြီး ခွန်အားအမှတ်ကို မည်သို့ရယူမလဲဆိုသည့် အတွေးများနှင့်သာ ပြည့်နှက်နေ၏။

"မင်း ဘာပြောလိုက်တာလဲ"

ဝမ်ကျန်းက ကျန်းမုန့်လောင်ပြောလိုက်သည့်စကားကို ရှင်းရှင်းလင်းလင်းမကြားလိုက်ရပေ။

"အိုး.. Gamingဘက်ကိုလုပ်ကြရအောင်လို့ ပြောလိုက်တာပါ"

ကျန်းမုန့်လောင်လည်း ထိုအချိန်မှာ သူ့ခေါင်းထဲပေါ်လာသည့် စကားလုံးကို ထုတ်သုံးလိုက်ရသည်။

"အိုး"

ဝမ်ကျန်း၏မျက်ဝန်းအစုံ လင်းလက်သွားချေသည်။

"ဟုတ်သားပဲ။ အဲဒါက သိပ်ကောင်းတဲ့ဦးတည်ချက်တစ်ခုပဲ။ အခုခေတ်မှာ လူငယ်တွေက အထူးသဖြင့် အလုပ်ဖိအားများတဲ့လူတွေက စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ နည်းလမ်းတချို့လိုအပ်နေတာလေ။ ဒီတော့ Gamingက အကောင်းဆုံးတွေထဲက တစ်ခုပဲ"

"ပြီးတော့ နောင်အနာဂတ်မှာ esportsက အိုလံပစ်လိုမျိုး ကမ္ဘာ့အဆင့်မီပြိုင်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ ငါယုံကြည်တယ်"

"အာ"

ကျန်းမုန့်လောင်၏မျက်လုံးများလည်း ရုတ်ခြည်းတောက်ပသွားလေတော့သည်။

"ကမ္ဘာ့အဆင့်မီ..ကြွားဝါခြင်းလား"

ကြီးကျယ်လှသော အကြံဉာဏ်တစ်ခုက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

"ကြည့်ရတာ မင်းမှာ အကြံတစ်ခုရှိထားပြီးသားထင်တယ်"

ဝမ်ကျန်းက ကျန်းမုန့်လောင်၏ မျက်ဝန်းထဲရှိ တောက်ပမှုကို သတိထားလိုက်မိသည်။

"ဦးလေးဝမ်.. ကျွန်တော်တို့ ကမ္ဘာ့အဆင့်Esportsအိုလံပစ်ပြိုင်ပွဲတစ်ခု စီစဉ်ကြရင်ရော"

"အဲဒါ… အဲဒါက လွယ်တော့လွယ်မယ်မထင်ဘူး"

ဝမ်ကျန်းက ပြောလိုက်သည်။

Esportsပြိုင်ပွဲအများအပြားက ကမ္ဘာကျော်နေလေပြီ။ အထူးသဖြင့် Warcraft၊ League of Legendsနှင့် အစရှိသောဂိမ်းများက နှစ်စဉ် ကမ္ဘာ့အဆင့်ပြိုင်ပွဲများကို ကျင်းပပြီး လူပေါင်းမြောက်များစွာ၏အာရုံကို ဖမ်းစားကြသည်။

ယခုလိုတကွဲတပြားစီဖြစ်နေသော အခြေအနေအောက်မှာပင် သူတို့က ထိုမျှအထိဩဇာသက်ရောက်မှုရှိ၏။ ကမ္ဘာ့အဆင့်Esportsပြိုင်ပွဲကြီးကိုသာ ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ပါက ၎င်း၏လွှမ်းမိုးမှုကား အိုလံပစ်ထက် နိမ့်မည်မဟုတ်ချေ။

အိုလံပစ်ပြိုင်ပွဲတစ်ခု ကျင်းပခြင်းမှာ ငွေကုန်ကြေးကျများလှသည်ဟု ထင်ရသော်လည်း အမြတ်အစွန်းလည်း အများကြီးရ၏။

ဥပမာအနေနှင့် Sydneyအိုလံပစ်တစ်ခုတည်းနှင့်ပင် ဟွာရှားငွေဘီလီယံဆယ်ဂဏန်းခန့် အမြတ်ငွေပြန်ရခဲ့သည်။

ဤသည်မှာ တိုက်ရိုက်ဝင်ငွေမျှသာ။ ခရီးသွားလာရေးနှင် ယဉ်ကျေးမှုကဲ့သို့ သွယ်ဝိုက်သည့် ဝင်ငွေအမြောက်အများလည်း ပမာဏများပြားလှသည်။

ဂိမ်းskinများ၊ ရုပ်တုများမှ ရရှိသော Esports၏ထပ်ဆောင်အမြတ်ငွေများမှာ ယဉ်ကျေးမှုဆိုင်ရာအမြတ်အစွန်းများထက် အများကြီးပိုသာချေသည်။

League of Legends ကမ္ဘာ့ချန်ပီယံဗိုလ်လုပွဲတစ်ခုတွင် ချန်ပီယံskinတစ်စုံထုတ်လိုက်ပါက ထိုအမြတ်ငွေက သန်းပေါင်းရာဂဏန်းအထိ ရနိုင်လေသည်။ ကုမ္ပဏီအတွက်မူ ထိုအရာက ဂဏန်းတွဲတစ်တွဲမျှသာ ဖြစ်ပြီး ဒီဇိုင်းကုန်ကျစရိတ်နှင့် နှိုင်းယှဉ်လိုက်ပါက မပြောပလောက်ပေ။

"စိတ်ဝင်စားစရာပဲ။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"

ဝမ်ကျန်းက ကျန်းမုန့်လောင်၏အစီအစဉ်ကို နားထောင်ပြီး ပိုစိတ်ဝင်စားလာလေသည်။

"ဒီတော့ ပထမဆုံးအဆင့်အနေနဲ့ ဘာစလုပ်ဖို့စီစဉ်ထားလဲ"

"အရင်ဆုံးကြော်ငြာလိုက်ကြတာပေါ့။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ခု ရှိတဲ့အကြောင်း လူတိုင်းသိအောင် ကြေညာလိုက်မယ်"

"အဲဒါက လွယ်မှာမဟုတ်ဘူးနော်။ တခြားအဖွဲ့အစည်းတွေက ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေကို စီစဉ်ထားပြီးနေပြီ။ မင်းလုပ်နေတာက သူတို့ဆီက ဖြတ်လုနေသလိုမျိုးကြီး။ သူတို့ ပါဝင်ချင်ကြမှာမဟုတ်လောက်ဘူး"

ဝမ်လင်က ငြင်းချက်ထုတ်လိုက်သည်။

"အဲဒါက ဆွဲဆောင်မှုမလုံလောက်လို့လေ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"Dotaနဲ့ LOLတို့ရဲ့ ကမ္ဘာ့အဆင့်ချန်ပီယံလုပွဲအတွက် ဆုကြေးငွေက ဘယ်လောက်လဲ"

"အများဆုံးရှိလှ အမေရိကန်ဒေါ်လာသန်းဂဏန်းလောက်ပေါ့"

ဝမ်လင်က ပြောလိုက်၏။

"ကောင်းပြီလေ။ ငါတို့ရဲ့ဆုကြေးငွေကို အသေးစားပမာဏနဲ့ သတ်မှတ်လိုက်ကြတာပေါ့။ အမေရိကန်ဒေါ်လာသန်းတစ်ရာ"

"သန်းတစ်ရာလား။ တစ်နိုင်ငံချင်းစီကိုလား"

"မဟုတ်ဘူး"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်လေသည်။

"အမေရိကန်ဒေါ်လာသန်းတစ်ရာဆိုတာက Esportsပြိုင်ပွဲတစ်ခုချင်းစီအတွက်"

"သောက်ကျိုးနည်း"

ဝမ်လင်က ချက်ချင်းထဆဲလေတော့သည်။

"မင်းက ပွဲစဉ်တစ်ခုကို သန်းတစ်ရာပေးမယ်ပေါ့။ မင်းရဲ့၁၀ဘီလီယံက ဘာလုပ်နိုင်မှာမို့လို့လဲတဲ့။ ငါ့ပိုက်ဆံက ချီးတောင်မလောက်ဘူးကွ"

*********

All Chapters