← Chapters

အလကားဆိုရင် မလုပ်တော့ဘူး

Vol. 18 Ch. 270

အလကားဆိုရင် မလုပ်တော့ဘူး

Vol. 18 Ch. 270

"ဒီလောက်နဲ့လည်းတဲ့လား"

ဒါရိုက်တာတင်းနှင့် မြို့တော်ဝန်ကျူးတို့ နှစ်ယောက်လုံး၏ အမူအရာကား ပို၍ပင်ကိုးရိုးကားရားဖြစ်သွားလေသည်။ သူက ဘီလီယံ၅၀၀ကို မလောက်သေးဘူးလို့ ထင်နေတာလား။

သို့သော် ဤ၅၀၀ဘီလီယံဆိုသည်မှာ ကျန်းမုန့်လောင်၏ တစ်လစာအသုံးစရိတ်မျှသာဖြစ်ကြောင်း သူတို့က မည်သို့သိနိုင်မည်နည်း။ ထို့ပြင် နောက်လ၌ သူက ပိုက်ဆံထပ်သုံးဖို့ စီမံကိန်းများကို ထပ်ရှာဦးမည်တဲ့လား။ ယခုလိုနေ့ရက်များမှာ စင်စစ်ပင်ပန်းဖို့ကောင်းလှ၏။

"မြို့တော်ဝန်ကျူး.. တစ်လကို ဘီလီယံတော်တော်များများ သုံးနိုင်မဲ့ ပရောဂျက်တွေများ ရှိလား။ ငွေပြန်ရရ မရရ ကိစ္စမရှိပါဘူး။ အဓိကက ကျွန်တော့်မွေးရပ်မြေကို အကျိုးပြုနိုင်ရင်ရပါပြီ"

ကျန်းမုန့်လောင် ထပ်မေးကြည့်လိုက်၏။

"ဒါက.. တကယ်မရှိပါဘူး"

မြို့တော်ဝန်ကျူးက ကူကယ်ရာမဲ့စွာဖြင့် ပြောလာလေသည်။ မတိုင်ခင်က ရန်ပုံငွေနည်းနည်းလေးအတွက်နှင့် သူ ပတ်သွားနေခဲ့ရသည်။ ယခုမူ ကြွယ်ဝခြင်းနတ်ဘုရားက ဤနေရာသို့ ရောက်လာလေပြီ။ သူကတော့ဖြင့် ပိုက်ဆံသုံးနိုင်မည့်နေရာကို မရှာနိုင်ချေ။ ကမ္ဘာပေါ်တွင် ဤမျှစိတ်တိုစရာကောင်းသော အရာဟူ၍ ရှိနိုင်ဦးမည်လား။

"ရသလောက်နဲ့ပဲ ကျေနပ်ရမှာပေါ့"

ကျန်းမုန့်လောင်က သက်ပြင်းချလိုက်ပြီးနောက် ခေါင်းတခါခါလုပ်နေလေတော့သည်။

ကျန်းမုန့်လောင်၏အမူအရာကို မြင်သောအခါ မြို့တော်ဝန်ကျူးနှင့် ဒါရိုက်တာတင်းတို့ခမျာ သူတို့လောကအမြင် ချက်ချင်ပြိုလဲသွားသလို ခံစားလိုက်ရလေသည်။ ပိုက်ဆံသုံးချင်သည့်တိုင် မသုံးနိုင်ခြင်းမှာ ဤမျှစိတ်ဖိစီးဖို့ ကောင်းလေသလား။

"ဟုန်းရီ… ငါတို့သုန်းကျီမြို့ရဲ့မြူနီစီပယ်အကောင့်ထဲကို ၅၀၀ဘီလီယံလွှဲလိုက်"

ကျန်းမုန့်လောင်က ဟုန်းရီထံသို့ စာပို့လိုက်သည်။ ဟုန်းရီက အားလပ်ရက်ရထားသော်ငြား ယခုလိုအသေးအဖွဲကိစ္စလေးမှာမူ ပြဿနာမရှိချေ။

ခဏအကြာတွင် မြို့တော်ဝန်ကျူး၏ဖုန်းက ထပ်မြည်လာပြန်လေသည်။

"တစ်ဆိတ်လောက်ပါ ဖုန်းလေးကိုင်စရာရှိလို့"

မြို့တော်ဝန်ကျူးက ဘေးကိုထွက်လာလိုက်သည်။

ခေါင်းဆောင်ဟုန်း ဘာကိစ္စများလဲ"

ဖုန်းတစ်ဖက်ရှိ အသံကား သုန်းကျီမြို့တော် ဘဏ္ဍာရေးဗျူရို၏ခေါင်းဆောင်ပင်။

"မြို့တော်ဝန်"

တစ်ဖက်လူ၏အသံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။

"ငါတို့မြူနီစီပယ်အကောင့်ထဲကို အခုလေးတင် ၅၀၀ဘီလီယံရောက်လာတယ်။ ဘယ်လိုဖြစ်တာလဲ"

"ဒါက ကျွန်တော်တို့မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းအတွက် ရန်ပုံငွေပါ"

မြို့တော်ဝန်ကျူးက ကျန်းမုန့်လောင်ကို လှည့်ကြည့်လိုက်၏။ ပိုက်ဆံက မိနစ်ပိုင်းအတွင်းမှာပင် လွှဲပြီးသွားပြီတဲ့လား။

"၅၀၀ဘီလီယံလား။ ပြည်နယ်က ဒီလောက်ပိုက်ဆံအများကြီးကို လွှဲပေးလိုက်တာလား။ မဖြစ်နိုင်တာ နေပါဦး။ ဒါက မြို့တော်ခန်းမရဲ့အကောင့်လည်းမဟုတ်ဘူး"

"ဘယ်ဟုတ်မလဲ။ ဒီပိုက်ဆံကို မြို့တော်ခန်းမက ထောက်ပံ့ပေးတာမဟုတ်ဘူး။ ကျုပ်တို့သုန်းကျီမြို့က သူဌေးတစ်ယောက်က လှူထားတာ"

"၅၀၀ဘီလီယံတောင် လှူတာလား။ ဘယ်လိုသဘောတူညီချက်မျိုးနဲ့လဲ"

"ဘာသဘောတူညီချက်မှမရှိပါဘူး။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်က ကျုပ်တို့သုန်းကျီမြို့ကလေ"

မြို့တော်ဝန်ကျူးက ချက်ချင်းဆိုလာလေသည်။

"အထက်လူကြီးတွေဆီကို အစီရင်ခံစာပို့လိုက်။ ကျုပ်တို့ ဒီညပဲ စီမံကိန်းအဖွဲ့တစ်ခု စဖွဲ့ပြီး နှစ်သစ်ကူးမတိုင်ခင် အစီအစဉ်တွေအကုန် ရေးဆွဲကြမယ်။ နှစ်သစ်ကူးပြီးတာနဲ့ စတင်အကောင်အထည်ဖော်မယ်"

"ကောင်းပါပြီ"

...

"မုန့်လောင်… မင်းက ငါတို့မြို့အတွက် ကြီးမားတဲ့အကျိုးပြုမှုတစ်ခု လုပ်ဆောင်ပေးခဲ့တာပဲ။ မင်းမှာ အချိန်ရှိရင် တစ်ဦးတည်းတွေ့ဆုံမေးမြန်းမှုတစ်ခုလုပ်ပြီး လှူဒါန်းပွဲတစ်ခုလောက် ကျင်းပကြမလား"

"ထားလိုက်ပါ။ ပိုက်ဆံနည်းနည်းလေးအတွက်နဲ့ ဒီလောက်အလုပ်ရှုပ်ခံစရာမလိုပါဘူး"

ကျန်းမုန့်လောင်က ခပ်မြန်မြန်ပင် ငြင်းလိုက်၏။ သူ ငွေလှူလိုက်တိုင်းသာ အခမ်းအနားတစ်ခု ကျင်းပရမည်ဆိုလျှင် တစ်နှစ်တွင် ၃၆၅ရက်ထဲက ရက်ပေါင်း၃၀၀လောက်က အခမ်းအနားပွဲတော်များ တက်နေရပေလိမ့်မည်။

"ပိုက်ဆံနည်းနည်းလေး.."

မြို့တော်ဝန်ကျူးခမျာ ခေါင်းတခါခါလုပ်မိလေတော့သည်။ ကျန်းမုန့်လောင်တစ်ယောက်တည်းသာလျှင် ၅၀၀ဘီလီယံကို ပိုက်ဆံနည်းနည်းလေးဟု သတ်မှတ်မည်ဖြစ်၏။

"မြို့တော်ဝန်.. စဉ်းစားကြည့်ပါဦး။ ကျွန်တော်တို့သုန်းကျီမြို့အတွက် တခြား ဘာလုပ်ပေးစရာများရှိသေးလဲ။ အားမနာပါနဲ့"

"ဒါက…"

မြို့တော်ဝန်ကျူးခမျာ တစ်သက်တာလုံးကြုံတွေ့ရမည့် ထိတ်လန့်မှုမျိုးကို ယနေ့တစ်ရက်တည်းအတွင်း ခံစားနေရသလိုပင်။ ကျန်းမုန့်လောင်က ၅၀၀ဘီလီယံသုံးပြီးသည့်တိုင် မကျေနပ်သေးဘူးတဲ့လား။ သူက တစ်မြို့လုံးကို တစ်ယောက်တည်းထောက်ပံ့ပေးထားရန် ကြိုးစားနေလေသလား။

"မပြောမဖြစ်ပြောရမယ်ဆိုရင်တော့"

မြို့တော်ဝန်ကျူးက တွေဝေတုံ့ဆိုင်းနေချေသည်။

"မင်းမှာ လုပ်ဆောင်စရာစီမံကိန်းတွေရှိတယ်ဆိုရင် ငါတို့သုန်းကျီမြို့မှာ လုပ်ဖို့ စဉ်းစားပေးပါ့လား"

မြို့တော်ဝန်ကျးလည်း ဤတောင်းဆိုချက်ကိုပြုလုပ်ရန် အနည်းငယ်အခက်တွေ့နေခဲ့သည်။

သုန်းကျီမြို့၏ အဓိကဘဏ္ဍာရေးအရင်းအမြစ်မှာ ခရီးသွားလုပ်ငန်းမှလာကြောင်း လူတိုင်းသိသည်။ သူတို့က တောင်တန်းများနှင့် ပင်လယ်များကိုမှီခို၍ အသက်မွေးဝမ်းကြောင်း ပြုကြရသည်။ ခရီးသွားလုပ်ငန်းသာ မရှိလျှင် သုန်းကျီမြို့လည်း ကျန်းကျယ်နယ်မြေ၏ အောက်ခြေတွင် ရှိနေပေလိမ့်မည်။

လက်ရှိတွင် သုန်းကျီမြို့က အဆင့်ဆယ့်ရှစ်ရှိသောမြို့ ဖြစ်သော်လည်း အိမ်ခြံမြေဈေးနှုန်းက အဆင့်နှစ်၊ ကုန်ကျစရိတ်က အဆင့်တစ်ဖြစ်ပြီး လစာမှာမူ အဆင့်ဆယ့်ရှစ်ချိတ်ထားသော မြို့တစ်မြို့ပင်။

တက္ကသိုလ်ပြီးထားသော ကျောင်းသားများကလည်း သုန်းကျီမြို့ကို ပြန်လာချင်စိတ် နည်းပါးကြပြီး အစိုးရဝန်ဆောင်မှုလုပ်ငန်းများတွင်သာ လုပ်ကိုင်ကြသည်။

အစပိုင်းတုန်းက ကျန်းမုန့်လောင် အလုပ်ရှာစဉ်ကလည်း သူ့မြို့ထဲရှိ အလုပ်အကိုင်အခြေအနေကို သတိပြုမိခဲ့သည်။ ဘွဲ့ရများက ၃၀၀၀ခန့်ရပြီး မဟာဘွဲ့ရများက ၆၀၀၀ခန့် ရရှိကြသည်။

ထို့ကြောင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ကုမ္ပဏီများဖြင့် တည်ဆောက်ထားသော မြို့များတွင် လူဦးရေနှင့် ပါရမီရှင်များ၏ ထွက်ခွာမှုကလည်း ပြင်းထန်လှ၏။

အကယ်၍ ကျန်းမုန့်လောင်ကသာ ဤနေရာတွင် စီးပွားရေးစီမံကိန်းများကို စတင်လုပ်ဆောင်လိုစိတ်ရှိပါက ရက်ရောလှသော သူ့လစာစံနှုန်းများကြောင့် ပညာရှင်များကလည်း လာရောက်လုပ်ကိုင်ချင်စိတ် ရှိလာမည်ဖြစ်ပြီး အခြေအနေလည်း သိသိသာသာတိုးတက်လာပေလိမ့်မည်။

"စီမံကိန်းဆိုမှ ကျွန်တော့်စိတ်ထဲမှာ တစ်ခုတော့ရှိတယ်"

ကျန်းမုန့်လောင် တဒင်္ဂမျှတွေးတောလိုက်လေသည်။

ချစ်ပ်ပြားများ၏ ဖွံ့ဖြိုးတိုးတက်ရေးက အလွန်ကြီးမားလှသော လုပ်ငန်းကြီးတစ်ခုဖြစ်၏။ ချစ်ပ်ပြားဒီဇိုင်း၊ ကုန်ကြမ်းပစ္စည်းထုတ်လုပ်မှုမှ အခြားသောလုပ်ငန်းစဉ်များအထိ လိုအပ်ပေသည်။ လက်ရှိတွင် ဟွာရှားရှိ ကုမ္ပဏများမှာ ချစ်ပ်ပြားဒီဇိုင်းနှင့် စမ်းသပ်ထုပ်ပိုးမှုများကိုသာ လုပ်ဆောင်နေပေသည်။

ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းများကို အစုလိုက်ထုတ်လုပ်ရေးအတွက် ကျန်းမုန့်လောင် စက်ရုံတစ်ခုကို လိုအပ်ပေလိမ့်မည်။ ထို့ပြင် ခရစ္စတယ်ချစ်ပ်ပြားအတွက်လည်း တစ်ခုလိုပေမည်။ သို့တိုင် ဤစီမံကိန်းများမှာ အပြည့်အဝနေရာမကျသေးပေ။

ထိုစက်ရုံများကို တည်ဆောက်ဖို့အတွက် သုန်းကျီမြို့ကို ကျန်းမုန့်လောင် ရွေးချယ်နိုင်ပေသည်။ ထိုကဲ့သို့သော ဝန်ထမ်းအသားပေးစက်မှုလုပ်ငန်းများမှာ အလုပ်သမားအင်အားအများကြီးလိုအပ်လေရာ သုန်းကျီမြို့၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်လေသည်။

ဤနေရာတွင် စက်မှုလုပ်ငန်းကြီးတစ်ခု တည်ဆောက်လိုက်သည်နှင့် အခြားလုပ်ငန်းစုများကလည်း မကြာခင် ဝင်ရောက်လာလိမ့်မည်ဖြစ်ရာ ဤစက်မှုလုပ်ငန်းကြီးကို ဗဟိုပြု၍ စိမ့်ဝင်ပျံ့နှံ့ရေးသက်ရောက်မှုတစ်ခုကို ဖန်တီးလိုက်ပေလိမ့်မည်။

ကျန်းမုန့်လောင်က သူ့အကြံကို မြို့တော်ဝန်ကို ‌ပြောပြလိုက်လေရာ မြို့တော်ဝန်ကျူးကလည်း အံ့ဩဝမ်းသာလေဟန် အမူအရာတစ်ခုကို ချက်ချင်းပြသလာသည်။

သုန်းကျီမြို့က မကြီးလှသော်ငြား လူဦးရေသိပ်သည်းဆကမူ အလွန်နိမ့်လှပြီး မဖွံ့ဖြိုးသေးသော နေရာများလည်း အများကြီးရှိပေသည်။ ထို့ကြောင့် ကျန်းမုန့်လောင် စက်ရုံများတည်ဆောက်ရန်အတွက် မြေနေရာအမြောက်အများလည်း ရှိ၏။

"မုန့်လောင် သဘောတူညီချက်ကတော့ ဒီလိုပဲ။ မင်းက ဒီမှာ ဆောက်ဖို့ဆန္ဒရှိတယ်ဆိုရင် ငါတို့လည်း တွန့်တိုနေလို့မဖြစ်ဘူးလေ။ ငါ မင်းရဲ့စက်ရုံအတွက် မြေ၅၀၀ဧက သတ်မှတ်ပေးနိုင်တယ်။ ငါးနှစ်စာငှားရမ်းခနဲ့ အခွန်ကင်းလွတ်ခွင့်လည်း‌ ပေးမယ်"

"ငှားရမ်းခနဲ့ အခွန်အခကင်းလွတ်ခွင့်လား"

ကျန်းမုန့်လောင်က ဤစကားကိုကြားသောအခါ စိုးရိမ်သွားလေသည်။

"မရဘူး။ ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် ပေးရမှာပဲ။ အခွန်အခလည်း အဲဒီနည်းတူပဲ။ ကျွန်တော် အစိုးရဆီက နည်းနည်းလေးလောက်တောင် အခွင့်ကောင်းမယူချင်ဘူး"

"မဟုတ်ဘူးလေ မုန့်လောင်… ဒါက အခွင့်ကောင်းယူတာမှမဟုတ်တာ"

မြို့တော်ဝန်ကျူးက ပြောလိုက်သည်။

"မင်းရဲ့စီမံကိန်းက ငါတို့ရဲ့စီးပွားရေးနဲ့ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်တာလေ။ ဒါက ကြီးမားတဲ့အထောက်အကူပြုမှုကြီးပဲ။ အခွင့်ကောင်းယူတယ်လို့ ပြောကြေးဆိုရင် ငါတို့ကမှ မင်းဆီက အခွင့်ကောင်းယူလိုက်တာပဲ"

"မဖြစ်နိုင်ဘူး"

ကျန်းမုန့်လောင်က ပြတ်ပြတ်သားသားပြောလိုက်လေသည်။

"ခင်ဗျားတို့ ကျွန်တော့်ကို ငှားရမ်းခနဲ့ အခွန်အခကင်းလွတ်ခွင့်ပေးမယ်ဆိုရင် ကျွန်တော် ဒီကိစ္စကိုမလုပ်တော့ဘူး"

"ဒါက…."

အရာရှိများခမျာ သူ့ရပ်တည်ချက်ကြောင့် စိတ်ရှုပ်ထွေးသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

ကုမ္ပဏီတော်တော်များများက ထိုကဲ့သို့သောအခွင့်အရေးများကို တောင်းဆိုကြသော်လည်း သူတို့ဆိက မရနိုင်ခဲ့ပေ။ သို့သော် ကျန်းမုန့်လောင်ကတော့ သူတို့ကို ငြင်းနေချေသည်။ ဤသည်မှာ မည်သို့သောလုပ်ငန်းစဉ်မျိုးလေလဲ။

"မင်း တကယ်ကြီးငြင်းနေတာလား"

"ဟုတ်ပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"စကားမစပ် လက်ရှိမှာ သုန်းကျီမြို့မှာ ပါရမီရှင်တွေကို ဆွဲဆောင်နိုင်မဲ့ မက်လုံးမျိုးများရှိလား"

"သူတို့ဘက်က လူမှုဖူလုံရေးအတွက် နှစ်ဝက်လောက်ပေးနေသရွေ့ ငါတို့ဘက်က အချိန်ပြည့်အလုပ်လုပ်တဲ့ ဘွဲ့ရတွေကို ငါးသောင်း၊ မဟာဘွဲ့ရတဲ့လူတွေကို တစ်သိန်း၊ PhDဘွဲ့ရတွေကိုတော့ တစ်သိန်းငါးသောင်း ဆုကြေးပေးတယ်။ ပြီးတော့ နေအိမ်ထောက်ပံ့ကြေးလည်း ရှိသေးတယ်။ မဟာဘွဲ့ရတွေအတွက် နှစ်သိန်း၊ PhDဘွဲ့ရတွေအတွက် ရှစ်သိန်းလေ"

"အဲဒီပမာဏကို နှစ်ဆတိုးပေးလိုက်။ ပိုတဲ့ပမာဏကို ကျွန်တော်ဖြည့်ပေးမယ်"

ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။

"ဒါမှမဟုတ် ဘတ်ဂျက်က ကျပ်နေတယ်ဆိုရင် ကျွန်တော်ပဲ အကုန်ပေးမယ်"

"ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခုပဲရှိတယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဘာများတောင်းဆိုမှာလဲ"

"ကျွန်တော်တို့ စီမံကိန်းတွေကို မြန်နိုင်သမျှမြန်မြန် စကြမယ်။ မနက်ဖြန်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အဲ့လိုမှမဟုတ်ရင် ကျွန်တော် ပိုက်ဆံကို ဘယ်လွှဲရမှန်း သိမှာမဟုတ်ဘူး"

"ကောင်းပြီလေ"

မြို့တော်ဝန်ကျူးက မြန်မြန်ဆန်ဆန်လုပ်ဆောင်တတ်သူ ဖြစ်၏။

"မနက်ဖြန်ကျရင် ငါတို့ မင်းအတွက် ဆိုက်တစ်ခု စီစဉ်ပေးမယ်။ ပြီးတော့ သုန်းကျီမြို့က အကောင်းဆုံးဆောက်လုပ်ရေးကုမ္ပဏီကို ခေါ်မယ်။ မနက်ဖြန်ချက်ချင်းပဲ ငါ မင်းကို အကြောင်းပြန်ပေးမယ်"

"ဒါဆို မြို့တော်ဝန်ကိုပဲ အားကိုးမယ်နော်"

ကျန်းမုန့်လောင်လည်း သူ့ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ဆရာအသစ်တစ်ယောက်ကို လော့ဖွင့်နိုင်တော့မည်ဟူသော အတွေးဖြင့် တိတ်တိတ်လေးဝမ်းသာနေမိသည်။

**********

All Chapters