← Chapters

လူသားတွေအားလုံး ကမ္ဘာမြေသို့ပြန်ခြင်း ၂

Vol. 37 Ch. 542

လူသားတွေအားလုံး ကမ္ဘာမြေသို့ပြန်ခြင်း ၂

Vol. 37 Ch. 542

“ငါ့အသိစိတ်ပင်လယ်က တကယ်ပြောင်းလဲသွားပြီ။ ပင်လယ်ရေတချို့က အရင်းအမြစ်သလင်းကျောက်တွေအဖြစ်ပေါင်းစပ်သွားပြီး အောက်ခြေထိ နစ်မြုပ်သွားတယ်။ ပြီးတော့ ငါ့ ဝိဉာဥ်စွမ်းအားတွေ အများကြီးတိုးလာတယ်လို့ခံစားရတယ်”

ရှန်ချင်းဟန်သည် သူမ၏ ကိုယ်ပိုင်ဝိဉာဥ်စွမ်းအားကို ခံဏားပြီးနောက် မျက်နှာသည် ချက်ချင်းပင် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ ဤသည်ကိုကြားသောအခါ လင်းဇီချန်က သူမကို ချက်ချင်းကြည့်၍ မေးလိုက်သည်။

“မင်းရဲ့အသိစိတ်ပင်လယ်ထဲက သလင်းကျောက်တွေက မင်းဝိဉာဥ်စွမ်းအားကိုတိုးလာစေလား”

"ဟုတ်တယ်၊ သိသိသာသာတိုးလာတယ်။"

ရှန်ချင်းဟန်သည် သူမ၏ မျက်နှာပေါ်ရှိ အပြုံးကို မတားနိုင်ဘဲ ရွှင်မြူးသော အသံဖြင့် ပြောလိုက်သည်။

လင်ဇီချန်သည် ချက်ချင်းပင် စိတ်ရှုပ်သွားသည်။

ရှန်ချင်းဟန်၏ အသိစိတ်ပင်လယ်တွင် ရင်းမြစ်သလင်းကျောက်များ ပေါင်းထည့်ခြင်းသည် အဘယ်ကြောင့် သူမ၏ ဝိဉာဥ်စွမ်းအားကို တိုးစေသနည်း။ သူမတွင် မူရင်းစွမ်းအားကို သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်သော ‘အရင်းအမြစ်ဝါးမြိုခြင်း’ စွမ်းရည်မရှိပေ။

ရေနတ်ဘုရားကြောင့်လား။

လင်းဇီချန်သည် ရှန်ချင်းဟန်တွင် မြုံနေသော ရေနတ်ဘုရားကို တွေးတောကာ သူမ၏ အရင်းအမြစ် သလင်းကျောက်များမှ အကျိုးကျေးဇူး ရရှိနိုင်သော စွမ်းရည်မှာ ရေနတ်ဘုရားနှင့် သက်ဆိုင်သည်ဟု သံသယဖြစ်မိသည်။

သူ ဤအတွေးကို အာရုံစိုက်နေစဥ်…

"ဗွတ်... ဗြစ်... ဘတ်!"

နောက်မှ အရေးကြီးသော ကြေကွဲသံများထွက်ပေါ်လာသဖြင့် အသံလာရာဘက်သို့လှည့်ကြည့်ရန် ခေါင်းလှည့်လိုက်သည်။ ချောက်နက်လိပ်ပြာဆီမှ ပြန့်ကျဲနေသော အလင်းတန်းများ၏ အလင်းရောင်အောက်တွင် လင်းဇီချန်သည် သူနှင့် ရှန်ချင်းဟန်ကို တိုက်ရိုက် ချိန်ရွယ်၍ အမှောင်ထဲမှ တိုက်ခိုက်ရန်ပြင်နေသော နွယ်ပင်များကိုတွေ့လိုက်ရသည်။

သစ်သားနတ်ဘုရား ရောက်လာပြီ

ပြေး!

လင်းဇီချန်သည် လုံးဝမတုံ့ဆိုင်းဘဲ ရှန်ချင်းဟန်ကို သူ့ရှေ့သို့ ချက်ခြင်း ဖက်လိုက်ကာ သူ၏ သွေးစွမ်းအင်နှင့်ဝိဉာဥ်စွမ်းအင်တို့ကို အရူးအမူးအသုံးချ၍ အမြန်ဆုံးအရှိန်နှင့်ရှေ့သို့ပြေးသွားသည်။

ရှေ့တွင် လူဆိတ်ညံနေသော အမှောင်ထုရှိကာ မည်သည့်နေရာသို့ ဦးတည်နေသည်ကိုမသိနိုင်ပေ။ သို့သော် ရွေးချယ်စရာရယ်မရှိပေ။ အနောက်မှတိုက်ခိုက်လာသော ဆူးပင်နွယ်ပင်များကို ရှောင်ရှားရန်၊ ၎င်းတို့သည် မျက်စိစုံမှိတ်၍ ရှေ့သို့သာ ထွက်ပြေးနိုင်သည်။ သို့သော် ၎င်းတို့လွတ်မြောက်ပြီး နှစ်ဆယ့်က္ကန့်မျှအကြာတွင် လင်းဇီချန်သည် ပြေးရန်မလိုအပ်ကြောင်း သဘောပေါက်လိုက်သည်။ သူထွက်ပြေးလာရင်းဖြင့် သူ့နောက်သို့လိုက်လာသော ဆူးပင်များ မည်မျှ ခပ်ဝေးဝေးတွင်ကျန်ခဲ့သည်ကိုလှမ်းကြည့်လိုက်ရာ

များပြားလှသော အလင်းတန်းများ၏ ထိတွေ့မှုအောက်တွင် ထိုဆူးပင်နွယ်ပင်များကို မြင်လိုက်ရကာ ဆွေးမြေ့ပျက်စီးသွားကာ ရှင်သန်နိုင်စွမ်း ဆုံးရှုံးသွားသည်ကို သူမြင်လိုက်ရသည်။

ဤမြင်ကွင်းကိုမြင်သောအခါ လင်းဇီချန်က အဘယ်ကြောင့် ချောက်နက်ကို အသက်ကင်းမဲ့နယ်မြေဟု‌ ခေါ်ခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သွားသည်။ ယင်းမှာ သစ်သားနတ်ဘုရား၏ ဆူးပင်များဖြစ်သဖြင့် အလွန့်အလွန် သန်မာသည်။ ယခုပင်လျှင် သူ၏ ခွန်အားသည် ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူနှင့်ယှဥ်နိုင်သော်လည်း ထိုဆူးနွယ်ပင်များက သူ့ကိုချည်နှောင်ထားလျှင်

လုံးဝလှုပ်ရှားနိုင်မည်မဟုတ်ပေ။

သို့သော် ထိုကဲ့သို့ အစွမ်းထက်သော ဆူးနွယ်ပင်များသည် ယခုအခါ အလင်းတန်းများ တိုက်စားမှုအောက်တွင် စွမ်းအားမရှိ၍ ဆွေးမြေ့ပျက်စီးနေသော သစ်သားပုံကြီးအဖြစ်သို့ ချက်ချင်းပြောင်းသွားကြသည်။ အသက်ကင်းမဲ့နယ်မြေဟူသည် ဤ ချောက်နက်လိပ်ပြာများကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်နိုင်သည်။ ချောက်နက်လိပ်ပြာများဆီမှ ထွက်လာသော အလင်းစက်များသည် အဘယ်နည်း။

လင်းဇီချန်သည် သူ့ဦးခေါင်းထက်ရှိ ချောက်နက် လိပ်ပြာများ အစုအဝေးကို မျှော်ကြည့်ကာ သူရနိုင်မည့် သွေးမျိုးဆက်စွမ်းအားများကို ကြည့်လိုက်သည်။ သို့သော် ယင်း စိတ်ဆန္ဒက တစ်ခဏသာဖြစ်သည်။ သူ့ခေါင်းထက်ရှိ ဤတွင်းနက်လိပ်ပြာများက လတ်တလောတွေင် သူ့ကို ကူညီနေခြင်းဖြစ်သဖြင့် အကူအညီကို သစ္စာဖာက်၍ မရနိုင်ပေ။ အရေးအကြီးဆုံးမှာ သူသည် ဤတွင်းနက်ကြီးထဲမှ ဧရာမလိပ်ပြာများကို မမြင်နိုင်သဖြင့် ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားအချက်အလက်များကို ကောင်းကာင်းမသိနိုင်ခြင်းဖြစ်သည်။ အကယ်၍ အမှန်တကယ်တိုက်ပွဲဖြစ်လျှင် မည်သူက အသက်ရှင်၍ မည်သူက သေမည်ကို မသိနိုင်သေးပေ။

"ဗွတ်... ဗြစ်... ဘတ်!"

စူးစူးဝါးဝါး ပေါက်ကွဲသံ နောက်တစ်ခု ထွက်ပေါ်လာသည်။ အပြင်ဘက်တွင် ယခင်ကထက် ပိုမို များပြားသော ဆူးပင်နွယ်ပင်များထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ဤဆူးပင်နွယ်ပင်များ၏ ပစ်မှတ်မှာ လင်းဇီချန်နှင့် ရှန်ချင်းဟန်မဟုတ်ဘဲ အထက်တွင်ပျံဝဲနေသော ချောက်နက်ဧရာမလိပ်ပြာအုပ်စုဖြစ်သည်။ ကံမကောင်းစွာဖြင့် မည်မျှပင် များပြားစေကာမူ၊ မည်မျှပင်သန်မာစေကာမူ ဤဆူးပင်နွယ်ပင်များသည် တွင်းနက်ကြီးလိပ်ပြာများကိုပင် မထိမီတွင် လိပ်ပြာများ၏ ပြန့်ကျဲနေသော အလင်းတန်းများကြောင့် မြေပေါ်သို့ လွှစာအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထို့နောက် အပြင်မှ ဆူးနွယ်ပင်များက မတိုက်ခိုက်တော့ဘဲ တွင်းနက်ကြီးသည် တစ်ဖန်ပြန်လည်ငြိမ်သက်သွားပြန်သည်။

ကျူးကျော်သူများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် တွင်းနက်ကြီးလိပ်ပြာများသည် လင်းဇီချန်နှင့် ရှန်ချင်းဟန်၏ ဦးခေါင်းများထက်သို့ ပျံသန်းသွားခဲ့သည်။ ထို့နောက် ၎င်းတို့၏

စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် အလင်းစက်များ ပိုမို ဖြန့်ကျက်လာသည်။

"ဇီချန် ဒီအလင်းတန်းတွေကို စုပ်ယူပြီးရင် ငါတို့ ဘယ်ကို ဆက်သွားရမလဲ"

အလင်းတန်းများကြားတွင် နစ်မျောနေသော ရှန်ချင်းဟန်သည် စိတ်ပိုင်းဆိုင်ရာ ခွန်အားတိုးလာခြင်းကို နှစ်သက်သဖြင့် အနည်းငယ် ပဟေဠိဆန်စွာ မေးလိုက်သည်။ လင်းဇိချန်က တစ်စက္ကန့်မျှ မတွေးဘဲ တုံ့ပြန်ခဲ့သည်။

"ဒီမှာနေပြီး လိပ်ပြာတွေ ပေးတာမရပ်မချင်း အလင်းစက်တွေကိုဆက်စုပ်ယူမယ်”

မူလက သူသည် ကမ္ဘာမြေမြို့ကြီးများသို့ သွား၍ ဂြိုလ်သားမျိုးနွယ်ကို သုတ်သင်ရန် ကြံစည်၍ သူ့အစွမ်းကို အတတ်နိုင်ဆုံး တိုးမြင့်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် သူနှင့် ရှန်ချင်းဟန်ကို သစ်သားနတ်ဘုရားက ပစ်မှတ်ထားနေပြီဖြစ်သောကြောင့် ထိုအကြံကို သူစွန့်လွှတ်လိုက်ရသည်။

ယခု အကောင်းဆုံးရွေးချယ်မှုမှာ သူ၏ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန်အတွက် ချောက်ထဲ၌နေရန်ဖြစ်သည်။

သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်က ရှေးဘိုးဘေးအဆင့်ထိ မပြောင်းလဲမီအထိ ချောက်နက်လိပ်ပြာကြီးများက အဆုံးမဲ့အလင်းအမှတ်များပေးစွမ်းနိုင်လိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။

သူသာ ရှေးဘိုးဘေးအဆင့်အထိ တိုးတက်နေသရွေ့ သစ်သားနတ်ဘုရားကို ကိုင်တွယ်နိုင်မည်ဟု သူယုံကြည်သည်။

အနိုင်မယူနိုင်လျှင်ပင် ထွက်ပြေးနိုင်မည်ဖြစ်သည်။

ထို့အပြင် ကမ္ဘာမြေကြီး၏ သန်မာသော သူများသည် အချိန်အနည်းငယ်ကြာအောင် ထိန်းထားကာ မူလမြေပြင်ရှိ မြို့များကို ဂြိုလ်သားမျိုးနွယ်များ ဖောက်ဖျက်ကာ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်မှုကို ဟန့်တားရန်လည်း သူမျှော်လင့်ခဲ့သည်။

...

အပြင်ဘက်တွင် ရေတံခွန်ရှေ့၍ ချောက်ကမ်းပါးတစ်ခုရှိသည်။

လူပုံသဏ္ဍာန်ရှိသော သစ်သားနတ်ဘုရားသည် လေထဲတွင် ပျံဝဲကာ သူ့နောက်ကျောတွင် လက်နှစ်ဖက်ဖြင့်လက်နှစ်ဖက်ယှဥ်၍ မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ နှင်းဘုရင်က ချောက်ထဲမှာ ပျောက်ဆုံးသွားတာ အံ့သြစရာမဟုတ်ပါဘူး၊ ဒီ အသက်ကင်းမဲ့နယ်မြေကို ပိုပြီးဒုက္ခဖြစ်စေမှာကို မနှိုးဆော်တာ ပိုကောင်းပါတယ်။"

မကြာသေးမီက စူးစမ်းလေ့လာမှုနှစ်ခုမှတစ်ဆင့်၊ သစ်သားနတ်ဘုရားသည် ချောက်နက်၏ ကြောက်မက်ဖွယ်ဖြစ်တည်မှုကို ခံစားခဲ့ရသဖြင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို ဖမ်းယူလိုစိတ် ချက်ချင်း ပျောက်ဆုံးသွားခဲ့သည်။ ကောက်ကျစ်သော ရေနတ်ဘုရားက သူ့ကို မြှူဆွယ်ရန် တွင်းနက်ထဲသို့ ပြေးဝင်သွားသည်ဟု သူ ခန့်မှန်းခဲ့သည်။

ချောက်နက်ထဲသို့ ဝင်ရောက်ကာ လှည့်စားခံရခြင်းထက်၊ အပြင်တွင်နေ၍ သားရဲဘုရင်အမျိုးမျိုးနှင့် ပူးပေါင်းကာ မူလမြေပေါ်ရှိ မြို့များကို တိုက်ခိုက်ခြင်းက ပိုမိုကောင်းသည်။ ထို့နောက် ကမ္ဘာမြေကို ကျူးကျော်ရန် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ၊ ဖုံးကွယ်ထားသော ရွှေအရင်းအမြစ်၊ မီးဇာစ်မြစ်နှင့် ကမ္ဘာမြေအရင်းအမြစ်တို့ကို ရှာမည်ဖြစ်သည်။

ဤဇာစ်မြစ်သုံးခုကိုတွေ့ရှိပြီး ၎င်း၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းလိုက်သည်နှင့်၊ သူ၏ခွန်အားသည် အလွန်တိုးမြင့်လာမည်ဖြစ်သည်။ ထို့နောက် နောက်ဆုံးရေအရင်းအမြစ်ကိုရှာဖွေရန် တွင်းနက်ကြီးသို့သွားကာ ဒြပ်ငါးပါးပေါင်းစည်းခြင်းကို ပြီးမြောက်စေနိုင်မည်ဖြစ်သည်။ ဤသည်ကိုတွေး၍ သစ်သားနတ်ဘုရားသည် ချောက်နက်ဝင်ပေါက်၌ အချိန်ဖြုန်းမနေတော့ပေ။ သူသည် နေရာအမျိုးမျိုးမှ သားရဲဘုရင်များနှင့် ချက်ချင်းညှိနှိုင်းကာ ကမ္ဘာမြေကို ကျူးကျော်ရန် မူလမြေ၏ မျိုးနွယ်များကို ဦးဆောင်ရန် စီစဉ်ခဲ့သည်။

...

တွင်းနက်ကြီးထဲတွင် လင်းဇီချန်က သစ်သားနတ်ဘုရားထွက်သွားသည်ကိုမသိပေ။ ဤအခိုက်အတံ့တွင် သူနှင့်ရှန်ချင်းဟန်တို့သည် ချောက်နက် လိပ်ပြာကြီးများ၏ အလင်းစက်များကို စုပ်ယူရန်သာ အာရုံစိုက်နေကြသည်။ သူ၏ အသိစိတ်ပင်လယ်ရှိ သလင်းကျောက်များသည် ‘အရင်းအမြစ်ဝါးမြိုခြင်း’ကိုအသုံးပြုမှုအောက်တွင် သွေးမျိုးဆက်စွမ်းအားအဆင့်သည်လည်း ဒဏ္ဍာရီပဥ္စမအဆင့်သို့ လျင်မြန်စွာ ပြောင်းလဲလာသည်။ ထို့နောက် ဒဏ္ဍာရီပဥ္စမအဆင့် အထွတ်အထိပ်သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြောင်းလဲနေဆဲဖြစ်သည်။

ဤဆင့်ကဲဖြစ်စဉ်သည် ဒဏ္ဍာရီအဆင့် သားရဲဘုရင် အများအပြားကို စားသုံးခြင်းထက် အကျိုးကျေးဇူးများ ပိုမိုရရှိစေသည်။ ဤနှုန်းဖြင့် ဆက်သွားနေပါက သူသည် ရှေးဘိုးဘေးအဆင့်သတ္တဝါအဖြစ်သို့ မပြောင်းလဲမီ မကြာမီအချိန်အတွင်း ဖြစ်နိုင်သည်။ ဤတွင်းနက်ကြီး၏ ခေါင်းပေါ်မှ လိပ်ပြာများသည် အလင်းစက်မည်မျှ ပေးစွမ်းနိုင်မည်မှာ မသေချာသေးပေ။

လင်းဇီချန်သည် စိတ်ထဲမှ စဉ်းစားနေမိသည်။ တစ်ချိန်တည်းတွင် ရှန်ချင်းဟန်သည် သူ့ကဲ့သို့ ဆင့်ကဲဖြစ်စဉ်များမှ အကျိုးမခံစားရသေးဘဲ သူမ၏ သွေးမျိုးဆက်စွမ်းအားအဆင့် မဖြတ်ရသေးပေ။ သူမ၏ ဝိညာဉ်ရေး ခွန်အားသည် ဆက်တိုက် တိုးလာခဲ့သည်။

...

အချိန်များ တရွေ့ရွေ့ကုန်သွားသော်လည်း ချောက်နက်ကြီးထဲတွင် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်သည်။ သို့သော် ချောက်နက်ကြီး၏ အပြင်တွင် ကမောက်ကမဖြစ်နေသည်။ သစ်သားနတ်ဘုရား၏

ဦးဆောင်မှုအောက်တွင်၊ မူလမြေမှ သားရဲဘုရင်များအားလုံးနီးပါးသည် မူလနယ်မြေရှိ မြို့များကို တိုက်ခိုက်နေကြသည်။

နေ့တစ်ဝက်မပြည့်မီတွင်၊ ကမ္ဘာမြေကြီးအားလုံးပြိုလဲသွားခဲ့သည်။

ကမ္ဘာမြေမှ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ အနည်းငယ်၏ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက်၊ ကမ္ဘာမြေသားအားလုံးသည် မြို့များကို စွန့်ခွာကာ ကမ္ဘာမြေကို ကာကွယ်ရန် အပြည့်အဝ ဆုတ်ခွာသွားကြသည်။

******

All Chapters