[ကလေးငယ်အဆင့်၊ ခြေကန်ချက် ၁၀၀၀၀ စုဆောင်းပါ] [ဆုလာဘ်: သုံးလျှင်သုံး၊ မသုံးလျှင်အသုံးမဝင်] [ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို အဆက်မပြတ် လေ့ကျင့်နေသမျှ အဆုံးမရှိ ဆင့်ကဲတိုးတက်လာနိုင်သည်။ သို့သော် ဇီဝရုပ်ခန္ဓာအကန့်အသတ်ကိုတော့ ကျော်လွန်နိုင်ခြင်းမရှိ] [......] [ကျောင်းသားအဆင့်: စာလုံးပါင်း သန်း၁၀၀ ဖတ်ရှုပါ] [ဆုလာဘ်: ကောင်းကင်ဘုံအသိဉာဏ်] [တစ်ခါမြင်ရုံနှင့် အလုံးစုံမှတ်မိနိုင်သော မှတ်ဉာဏ်၊ လူသားမျိုးနွယ်၏ အထွတ်အထိပ်သင်ယူနိုင်စွမ်း] [......] [အရွယ်ရောက်အဆင့်: ဇီဝရုပ်ခန္ဓာအကန့်အသတ်ထိ အကြိမ်တစ်ရာရောက်အောင် စုဆောင်းပါ [ဆုလာဘ်: အမျိုးမျိုးသောအသွင်သဏ္ဌာန်] [ခန္ဓာကိုယ်သည် ဇီဝရုပ်ခန္ဓာ၏ အသွေးအသားကန့်သတ်ချက်ကို ကျော်လွန်၍ အသွင်အမျိုးမျိုးသို့ ပြောင်းလဲနိုင်စွမ်း ရှိလာပေလိမ့်မည်] [......] ကမ္ဘာကူးပြောင်းရောက်ရှိခဲ့ပြီးနောက် လင်းဇီချန်သည် လုပ်ဆောင်အောင်မြင်မှုပေါ်မူတည်ပြီး ဆုလာဘ်ရသော ရွှေလက်ချောင်းစနစ်ကို ရရှိခဲ့သည်။

