← Chapters

ရေနတ်ဘုရားပြန်လည်ရှင်သန်လာခြင်း

Vol. 36 Ch. 539

ရေနတ်ဘုရားပြန်လည်ရှင်သန်လာခြင်း

Vol. 36 Ch. 539

သစ်သားနတ်ဘုရားသည် ကောင်းကင်အမြင့်တွင် လွင့်မျောလျက် အစိမ်းရောင်နွယ်ပင်များချုပ်နှောင်ခြင်းခံထားရ‌သောရှန်ချင်းဟန်ကိုကြည့်ကာ ထိုသို့ပြောခဲ့သည်။ သို့သော် ရှန်ချင်းဟန်က လုံးလုံးလျားလျား နားမလည်နိုင်ပေ။

ဤအခိုက်အတန့်တွင် သစ်သားနတ်ဘုရားသည် ဖိအားအပြည့်ကို ထုတ်လွှတ်လျက်သူမကို အသက်ရှုရခက်စေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာတုန်လှုပ်နေကာ လက်ဖဝါးများမှ ချွေးစေးများ ထွက်နေသည်။

သူမ ထိတ်လန့်တုန်လှုပ်သွားသည်။

လင်းဇီချန်သည် ရှန်ချင်းဟန် ကြောက်လန့်နေသည်ကိုသိ၍ သွေးစွမ်းအင်ကိုအသုံးပြုကာ သူမ၏ စိတ်မသက်မသာမှုကို တတ်နိုင်သမျှ ဖြေဖျောက်ရန် ကြိုးစားနေသည်။

"မကြောက်ပါနဲ့။"

"ငါတို့ ဒုက္ခရောက်မှာ မဟုတ်ဘူး။"

“သူက ကိုတို့ကို ချက်ချင်းမသတ်ဘဲ မင်းနဲ့စကားပြောနေတာဆိုတော့ ကိုယ်တို့က သူ့အတွက် တန်ဖိုးရှိနေသေးတယ်ဆိုတာ ပြနေတယ်”

"..."

ဤအတွေးများကို သွေးစွမ်းအင်ဖြင့် ထုတ်လွှင့်နေစဉ်တွင် လင်းဇီချန်သည် နက်နဲစွာတွေးနေခဲ့သည်။

ဒြပ်စင်ငါးခု ပေါင်းစည်းရေး။

ရွှေနတ်ဘုရား၊ မီနတ်ဘုရား နှင့် မြေနတ်ဘုရားတို့ကို ဆန့်ကျင်ရန် ကြံစည်ခဲ့သလော။

ဒါတွေအားလုံးထဲမှာ ဘယ်လိုဇာတ်လမ်းမျိုး ဖုံးကွယ်ထားလဲ။

ပြီးတော့၊ မူလမြေက အခြားတပ်ဖွဲ့တွေက ဘာလို့ကမ္ဘာမြေကိုကျူးကျော်ဖို့ ဒီအတိုင်းအတာထိ ဝင်လာကြလဲ။

ကမ္ဘာပေါ်မှာ သူတို့ လိုချင်တာ တစ်ခုခု ရှိသလား။

ဒါပေမယ့် အဲ့တာ ဘာဖြစ်နိုင်မလဲ။

ကမ္ဘာမြေပေါ်မှာ ဆင့်ကဲဖြစ်စဥ် အရင်းအမြစ် အရမ်းရှားတာကို မူလမြေက စွမ်းအားရှင်တွေကို ဘယ်လိုဆွဲဆောင်နိုင်မှာလဲ။

သူသည် ဤအရာများကို တွေးတောမိသောအခါ သစ်သားနတ်ဘုရားသည် ရှန်းချင်ဟန်ဆီမှ အကြည့်လွှဲ၍

သူ့ဘက်သို့ လှည့်ကာ ရှေးခေတ်ဆန်သော အသံဖြင့် ပြောလိုက်သည်။

"မင်းမှန်တယ်။ မင်းတို့နှစ်ယောက်က ငါ့အတွက် တန်ဖိုးရှိနေတုန်းပဲ”

ဤသည်ကိုကြားသောအခါ လင်းဇီချန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

‘သစ်သားနတ်ဘုရားက ငါနဲ့ ဟန်ဟန်ရဲ့ ချီစွမ်းအင်အသံကိုကြားနိုင်တယ်ပေါ့’

သစ်သားနတ်ဘုရားက ဆက်ပြောသည်။

"တစ်ယောက်က ရှင်ပြန်ထမြောက်လာတဲ့ ရေနတ်ဘုရား အိုး၊ နောက်တစ်ယောက်က တွင်းနက်ကြီးရဲ့သားပဲ။ မင်းတို့ရဲ့ တွေ့ဆုံမှုက မတော်တဆလား၊ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ ကြိုးကိုင်ခဲ့တာလား။"

ရည်ရွယ်ချက်ရှိရှိ...

ဤစကားများကိုကြားလိုက်သောအခါ လင်းဇီချန်သည် သူ့ဘေးနားရှိ ရှန်ချင်းဟန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ အမြဲနှလုံးသားထဲတွင် အံ့သြနေခဲ့သည်။ သူနှင့် ရှန်ချင်းဟန်တို့သည် ငယ်စဉ်က ချစ်သူများဖြစ်ကြကာ နှစ်ယောက်စလုံးသည် အလွန်ထူးခြားသော သတ္တဝါများဖြစ်ကြသည်။

ပို၍ အရေးကြီးသည်မှာ ရှန်ချင်းဟန်က သူမွေးပြီးနောက်တစ်ရက်တွင် မွေးဖွားခဲ့သဖြင့် မွေးရက်များက တူညီနီးကပ်လွန်းသောကြောင့် သူမသည် ဤကမ္ဘာထဲသို့ တမင်လိုက်လာခဲ့သည့်နှယ်ထင်ရသည်။

မကြာမီတွင်၊ လင်းဇီချန်သည် သစ်သားနတ်ဘုရားကိုကြည့်ကာ သူ့စိတ်ထဲတွင် ကြာရှည်စွာ တည်ရှိနေသည့် သံသယတစ်ခုကို မေးလိုက်သည်။

“ချောက်နက်ကြီးရဲ့သားဆိုတာ ဘာလဲ”

သစ်သားနတ်ဘုရားက သူ့ကိုလျစ်လျူရှု့၍ ရှန်ချင်းဟန်ကိုကြည့်ကာမေးလိုက်သည်။

“ရွှေဇစ်မြစ်၊ မီးဇစ်မြစ်နဲ့ ကမ္ဘာမြေဇစ်မြစ်တို့ကို မင်းဘယ်မှာဖွက်ထားလဲ”

"သူတို့က ကမ္ဘာပေါ်မှာ ပုန်းနေကြတာလား”

“ဒီဇစ်မြစ်သုံးခုကို လွှဲပေးပြီးရင် ငါတို့ နှစ်ပေါင်းများစွာ ခင်မင်မှုကို ထောက်ထားပြီးတော့ ဒီကမ္ဘာကြီးမှာ ဆက်ပြီးတည်ရှိနေနိုင်အောင် ဒီရေဇစ်မြစ်ကို ငါချန်ခဲ့ပေးမယ်”

"..."

ဤမေးခွန်းများကိုမေးပြီးနောက် သစ်သားနတ်ဘုရားသည် ရှန်ချင်းဟန်၏မျက်လုံးများကို တိတ်တဆိတ် စိုက်ကြည့်ကာ သူကြားလိုသောအဖြေကို ပေးရန်အတွက် စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့သည်။

ရှန်ချင်းဟန်က နှုတ်ခမ်းပါးပါးလေး တဆတ်ဆတ်တုန်ကာ ဖြေလိုက်သည်။

"ငါ... ငါမသိဘူး၊ ငါက ရေနတ်ဘုရားမဟုတ်ဘူး။ ငါ့မှာ ရေနတ်ဘုရားမှတ်ဉာဏ်မရှိဘူး။ ရှင်လိုချင်တဲ့ မူလဇစ်မြစ်သုံးခုကို ဘယ်မှာဖွက်ထားလဲမသိဘူး”

“ဟား”

သစ်သားနတ်ဘုရားက အားပါးတရရယ်၍ အကြည့်များလည်း ရုတ်တရက် အေးစက်သွားသည်။

“မင်းကို ငါ တကယ်ယုံမယ်လို့ထင်နေလား”

“ဒီ ကမ္ဘာမှာ မင်းဆိုတဲ့ ရေနတ်ဘုရားက အလိမ်ညာတတ်ဆုံးနဲ့ အလှည့်စားတတ်ဆုံးသူဆိုတာ ဘယ်သူက မသိဘဲ နေမလဲ”

“ငါမင်းကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးလိုက်မယ်။ မင်း ငါလိုချင်တဲ့ အဖြေကို မပေးနိုင်ရင် မင်းရဲ့ ပြန်လည်ရှင်သန်ဖို့ မျှော်လင့်ချက်လေးကိုပါ ဖျက်ဆီးပစ်လိုက်မယ်”

"..."

"ငါ...တကယ်မသိဘူး..."

ရှန်ချင်းဟန်က အလွန်ထိတ်လန့်သွားကာ သူမ၏ လှပသော မျက်နှာသည်လည်း ဖြူဖျော့သွားလျက် နူးညံ့သော ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။

ရှန်ချင်းဟန်က ပူးပေါင်းဆောင်ရွက်ခြင်းမပြုသေးသည်ကိုတွေ့မြင်ရသဖြင့် သစ်သားနတ်ဘုရားသည် သူမနှင့် စကားပြောရန် အချိန်မဖြုန်းတော့ပေ။

"မင်းသာ ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိဘူးဆိုရင် ငါမင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး၊ မင်းလည်း ပြန်လည်ရှင်သန်ဖို့ မျှော်လင့်ချက်ကိုစွန့်လွှတ်လိုက်နိုင်ပြီ”

ထိုစကားများ ထွက်ပေါ်လာချိန်တွင် သစ်သားနတ်ဘုရားသည် ရှန်ချင်းဟန်ကို ချည်နှောင်ထားသည့် ဆူးနွယ်ပင်များကို ရုတ်တရက် တင်းကြပ်လိုက်ကာ သွေးများ စိမ့်ထွက်လာစေရန် ကြံစည်လိုက်သည်။

ဤသည်ကိုမြင်သောအခါ လင်းဇီချန်က စိတ်ဓာတ်ကျခြင်းအပြည့်ဖြင့် ဝိဉာဥ်စွမ်းအင်နှင့် ချီစွမ်းအင်တို့ကို အပြည့်အဝအသုံးချကာ သူ့အနားက စပျစ်နွယ်ပင်များ၏ချည်နှောင်မှုကို ချိုးဖျက်၍ ရှန်ချင်းဟန်ကို ကယ်တင်ရန် ကြိုးစားခဲ့သည်။

သို့သော် အင်အားကွာဟချက်မှာ အလွန်ကြီးမားသည်။

လင်းဇီချန်က မည်မျှပင် ပေါက်ကွဲခဲ့စေကာမူ သူ့ကို ချည်နှောင်ထားသော ဆူးနွယ်ပင်များက တုန်လှုပ်ခြင်းအလျင်းမရှိပေ။

“ဇီချန် … ကယ်… ကယ်..ပါဦး”

ရှန်ချင်းဟန်၏ မျက်နှာသည် ဖြူဖျော့လျက်အသံကလည်း နာကျင်မှုအပြည့်ဖြင့် ဖြစ်နေသည်။ ဆူးနွယ်ပင်များ၏ တင်းကြပ်မှုအောက်တွင် သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးက အသားစိုင်အဖြစ်သို့ ပြောင်းလဲသွားတော့မည့်နှယ်ထင်ရသည်။

ရှန်ချင်းဟန်၏ မျက်နှာပေါ်ရှိ နာကျင်မှုကိုမြင်လိုက်ရသောအခါ လင်းဇီချန်က မကြုံစဖူးစိတ်ပျက်အားငယ်သွားကာ သစ်သားနတ်ဘုရားကို ချက်ချင်းအော်ပြောလိုက်သည်။

ရှန်ချင်းဟန်၏မျက်နှာပေါ်ရှိ နာကျင်မှုကိုမြင်လိုက်ရတော့ လင်းဇီချန်သည် မကြုံစဖူး စိတ်ပျက်အားငယ်သွားကာ Wood God ကို ချက်ချင်းအော်လိုက်သည်။

"ရပ်!!!"

"သူက ရေနတ်ဘုရားမဟုတ်ဘူး!!!"

"ရေနတ်ဘုရားအစစ်က ဘယ်မှာလဲဆိုတာ ငါသိတယ်!!!"

"ရေနတ်ဘုရားက သူ့အသိစိတ်ပင်လယ်ထဲမှာ ရှိတယ်”

“သူ့အသိစိတ်ပင်လယ်ထဲမှာ ရေနတ်ဘုရားနန်းတော်ရှိတယ်။ ရေနတ်ဘုရားက နန်းတော်ထဲမှာရှိရမယ်!!!"

သူ့အသံသည် အက်ကွဲစူးရှနေသည်။ မိုင်ထောင်ချီအတွင်းရှိ သက်ရှိသတ္တဝါအားလုံး၏ နားစည်များတွင် ပဲ့တင်ထပ်နေသဖြင့် နားကန်းလုမတက်ဖြစ်ကုန်ကြသည်။ လင်းဇီချန်က ရေနတ်ဘုရားသည် ရေနတ်ဘုရားနန်းတော်ထဲတွင် အမှန်တကယ် ရှိမရှိ မသေချာသော်လည်း ရှန်ချင်းဟန်ကို ကယ်တင်ရန်အတွက် သူသေချာစွာကြေငြာနိုင်ခဲ့သည်။

သို့သော် ဤစကားကိုကြားပြီးနောက် သစ်သားနတ်ဘုရား၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။

"ရေနတ်ဘုရားက သူ့အသိစိတ်ပင်လယ်ထဲက ရေနတ်ဘုရားနန်းတော်မှာ မရှိဘူး။ သူ့ဝိဉာဥ်ထဲမှာပဲ”

ထိုသို့ပြော၍ သစ်သားနတ်ဘုရားသည် ရှန်ချင်းဟန်တစ်ဝိုက်ရှိ ဆူးနွယ်ပင်များကို ရုတ်တရက်

တင်းကျပ်လိုက်သည်။

ဗျစ်…

ကျယ်လောင်သော အသားပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။

လင်းဇီချန်၏ မျက်လုံးများရှေ့တွင် ရှန်ချင်းဟန်၏ နူးညံ့သော ခန္ဓာကိုယ်သည် သွေးအခိုးအငွေ့များအဖြစ် ပေါက်ကွဲထွက်ကာ ပတ်ဝန်းကျင်လေထုထဲသို့ ချက်ချင်းပေါက်ကွဲသွားလျက် ချက်ချင်းပင် အပြာရောင်ကောင်းကင်ကြီးကို အနီရောင်သွေးများစွန်းထင်းသွားသည်။

ဟန်.. ဟန်… သေသွားပြီ။

လင်းဇီချန်သည် ဤအရာကို မယုံကြည်နိုင်သေးသကဲ့သို့ လစ်ဟာနေသော အကြည့်ဖြင့် သူ့ရှေ့ရှိ သွေးအခိုးအငွေ့များကိုကြည့်နေသည်။

All Chapters