အခန်း ၁၆၉-၁၇၁
Vol. 12 Ch. 169-171
အခန်း (၁၆၉) စုန်ယွီယန်ဆီမှစောင့်ရှောက်ခံရခြင်း
'ဒါနဲ့ ဇီချန် မင်းရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်နဲ့ ဖုံးထားတဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကရော ဘယ်လိုလဲ။ ဌာနမှူးတောင် ဘာလို့မမြင်နိုင်ရတာလဲ။ ကျောင်းအုပ်ယွမ်ကော မမြင်နိုင်ဘူးတဲ့လား''
စုန်ယွီယန်သည် လျှောက်လာကာ လင်းဇီချန်ဘေးတွင် ထိုင်ချလိုက်ပြီး လက်တစ်ဖက်က သူမရင်ဘတ်ပေါ်တွင် တင်ကာ အခြားလက်တစ်ဖက်ကက ပါးကိုကိုင်၍ ရီဝေသောမျက်လုံးများဖြင့် အံအံ့သြစွာကြည့်နေသည်။ ထိုမေးခွန်းကို ကြားလိုက်သောအခါတွင် လင်းဇီချန်သည် ထိုအရပ်ရှည်ရှည်ဖြင့်ကပြားစုန်ယွီယန်သည် အမှန်ပင် ကိုယ်ရေးကိုယ်တာစည်းကမ်းသတ်မှတ်ချက်ဘောင်များ ကင်းလွတ်နေသည်ကို သဘောပေါက်သွားသည်။
တစ်စုံတစ်ယောက်၏ ဝှက်ဖဲသဘောမျိုး ချန်ထားသော လျှို့ဝှက်ချက်ကို အခြားသူများကို သာမန်ကာလျှံကာမေးနိုင်သည်လော။
မိသားစုနှင့်ပါတနာထံတွင်ပင် ထိုသို့လျှို့ဝှက်ထားသောလျှို့ဝှက်ချက်များ ရှိတတ်ကြသည်။ သူမကဲ့သို့ အပြင်လူတစ်ယောက်ကို မည်သို့ပြောနိုင်မည်နည်း။
ခေတ္တမျှစိတ်ထဲတွင် စဉ်းစားနေမိကာ လင်းဇီချန်က ယဉ်ကျေးစွာပြုံး၍ ပြောလိုက်သည်။
''တောင်းပန်ပါတယ် အစ်မယန်။ ကျွန်တော်တို့က အဲ့လောက်မရင်းနှီးတော့ ပြောဖို့အဆင်မပြေဘူး။''
''မောင်လေးဇီချန် အဲ့လောက်ကပ်မနေပါနဲ့။ ဟုတ်ပြီလား။ အစ်မယန်ကို ပြောပြလို့ရမလား။''
စုန်ယွီယန်က မျက်ဝန်းပြာလေးဖြင့် စိုက်ကြည့်နေကာ ကျေနပ်စေသောလေသံမျိုးဖြင့် ပြောလိုက်သည်။
''ငါတကယ်သိချင်လို့ပါ။ အလဲအလှယ်အနေနဲ့ ငါလည်းမင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ မင်းသိချင်တဲ့လျှို့ဝှက်ချက် ငါ့ကိုမေးလို့ရတယ်။''
သူမ၏စပ်စုလိုစိတ်က ထူးခြားလွန်းကာ သိချင်စိတ်လွန်စွာပြင်းပြနေသည်။ လင်းဇီချန်ကသာ အဖြေတစ်ခုမပေးပါလျှင် သူမသည် သက်တောင့်သက်သာရှိမည်မဟုတ်ဘဲ စိတ်ထဲတွင် ကလိကလိဖြစ်နေပေလိမ့်မည်။
''အစ်မယန် တကယ်အဆင်မပြေလို့ပါ။''
လင်းဇီချန်၏လေသံက ယခုတစ်ခေါက်တွင် ပိုမိုလေးနက်လာကာ စုန်ယွီယန်ကို အခိုင်အမာငြင်းနေပြီး ဆက်မေးနေသည်ကို တားဆီးလိုက်သည်။ လင်းဇီချန်ကအလေးအနက်ပြောနေသည်ကို မြင်ရသောကြောင့် သူမလိုချင်သောအဖြေသိရတော့မည်မဟုတ်သည်ကို စုန်ယွီယန်သိလိုက်ကာ လက်လျော့သွားပေသည်။
သို့သော် စပ်စုချင်စိတ်ကိုမူ သည်းခံထား၍ မရပေ။ ထို့ကြောင့် ဗျူဟာပြောင်း၍ မေးလိုက်သည်။
''အဲ့လိုဆို မေးခွန်းပြောင်းရအောင်။ မင်းရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံနဝမအဆင့်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းလုပ်ငန်းစဉ်က ခန္ဓာကိုယ်သန့်စင်ခြင်းက တစ်ခါအောင်မြင်ပြီးပြီလို့ပြောတယ်နော်။ မင်းစွမ်းအားကို ဖုံးကွယ်မထားဘူးမဟုတ်လား။''
''ဘာမှဖုံးကွယ်ထားတာမရှိဘူး။ သွေးသန့်စင်ကျမ်းက ပထမဆုံးခန္ဓာကိုယ်သန့်စင်ခြင်းနဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံအအဆင့်အဆင့်ကိုးမှာ။ အဲ့တာက အခုကျွန်တော့်လက်ရှိအားပဲ။''
လင်းဇီချန်က တည်ငြိမ်စွာဖြင့် ပြောလိုက်ကာ စုန်ယွီယန်၏စပ်စုလိုစိတ်ကို ကျေနပ်သွားစေသည်။
စပ်စုလိုစိတ်က ကျေနပ်သွားသောအခါတွင် စုန်ယွီယန်သည် ရုတ်တရက်ပင် စိတ်ထဲ၌ ကလိကလိဖြစ်မနေတော့ပေ။ လင်းဇီချန်ကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
''ငါ့စပ်စုချင်စိတ်ကို ကျေနပ်သွားအောင်လုပ်ပေးလို့ အပြန်အလှန်အနေနဲ့ အခုမင်းလည်း ငါ့ကို လျှို့ဝှက်ချက်တစ်ခု မေးလို့ရတယ်။ မင်းသိချင်တာမှန်သမျှမေးလို့ရတယ်။''
လင်းဇီချန်က ခေတ္တမျှစဉ်းစားလိုက်ပြီး မေးစရာမရှိဟုခံစားရသောကြောင့် သာမန်ကာလျှံကာပင် ပြောလိုက်သည်။
''အခုတော့ ထားလိုက်ဦးမယ်။ နောက်မှ မေးချင်တာပေါ်လာရင် မေးပါ့မယ်”
''ကောင်းပြီ။ မင်းနောက်ကျရင် မေ့သွားမှာစိုးလို့ ငါဝီချက်ကနေ မင်းကိုလှမ်းအသိပေးမယ်လေ။''
စုန်ယွီယန်က ဖုန်းကိုထုတ်ယူလိုက်ပြီး ဝီချက်ကိုဖွင့်၍ လင်းဇီချန်၏ပရိုဖိုင်ကို နှိပ်လိုက်ကာ သူမလျှို့ဝှက်ချက်တစ်ခု အကြွေးတင်နေကြောင်းကို မှတ်ချက်ထဲတွင် ရေးထားလိုက်သည်။
သူမသည် အခြားသူများကို အကြွေးတင်ရသည်ကို မကြိုက်ပေ။ တတ်နိုင်သမျှ မြန်မြန် ပြန်ဆပ်တတ်ပေသည်။ ထိုသို့ချရေးပြီးနောက်တင် စုန်ယွီယန်က လင်းဇီချန်ကို မော့ကြည့်ကာ မေးလိုက်သည်။
''ဒါနဲ့ မင်းရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံနဝမအဆင့်ဆိုတော့ ငါနဲ့တူတူပဲ။ ငါတို့် တိုက်ကြည့်ကြမလား။''
''ဖြစ်နိုင်ပါတယ်''
လင်းဇီချန်က မစဉ်းစားဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။
အဆင့်တူပြိုင်ဘက်ဖြင့် တိုက်ခိုက်ရခြင်းသည် မိမိ၏အစွမ်းအကြောင်းကို သိရှိနိုင်စေကာ တိုက်ခိုက်စွမ်းရည်ကိုလည်း တိုးတက်လာစေနိုင်သည်။ သဘောမတူစရာအကြောင်းမရှိပေ။
မကြာခင်ပင် တိုက်ခိုက်ရန် ကွင်းပြင်တစ်ခုကို ရှာတွေ့သွားသည်။
မစခင်တွင် စုန်ယွီယန်က သတိပေးလိုက်သည်။
''ငါ့ရဲ့ခန္ဓာကိုယ်သန့်စင်ခြင်းလုပ်ငန်းစဉ်က အရေပြားသန့်စင်ခြင်းနဲ့ အသားသန့်စင်ခြင်းက ဒုတိယအဆင့်၊ ဒုတိယမြောက်အရိုးသန့်စင်ခြင်းက ငါးပုံတစ်ပုံပြီးပြီ။ ခန္ဓာကိုယ်အင်အားက မင်းထက် အတော်လေးကောင်းတယ်။ အဲ့တာကြောင့် မင်းတတ်နိုင်သမျှ လွတ်လွတ်လပ်လပ်တိုက်လို့ရတယ်။ ငါ့ကိုနာမှာစိုးပြီး ထိန်းမထားနဲ့။''
''ကောင်းပြီ။ ကျွန်တော်နားလည်ပါပြီ။''
လင်းဇီချန်က သဘောတူလိုက်သော်လည်း တိုက်ပွဲစချိန်တွင် ရှိသမျှအားကို ထုတ်မသုံးပေ။
သွေးမျိုးဆက်စွမ်းအားအဆင့်နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းလုပ်ငန်းစဉ်ကို နှိုင်းယှဉ်ရလျှင် သူ၏ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းက စုန်ယွီယန်ထက်မသာပေ။ သို့သော် ၎င်းအား တိုးတက်စေသည့် အားပြင်းသော ခန့်မှန်းတွက်ချက်ခြင်းစွမ်းအားများရှိသေးသည်။ အသန်မာဆုံးအောင်မြင်မှုနှင့် လူမှုရေးတိရစ္ဆာန်ကဲ့သို့သော အဖျက်အားပြင်းသည့်စွမ်းအားများလည်းရှိသေးသည်။
အန္တရာယ်ကိုကြိုသိမြင်ခြင်းကဲ့သို့သော အမြင်ကိုပိုအားကောင်းစေသောအရာများလည်း ရှိသည်။ ကောင်းကင်မျက်လုံးကဲ့သို့ အမြင်အာရုံကို ပို၍မြင်နိုင်ရစေသောစွမ်းအားများလည်းရှိသေးကာ စသဖြင့်ရှိပေ၏။
ထိုစွမ်းအားများက ပေါင်းလိုက်လျှင် အင်အားက စုန်ယွီယန်၏ အင်အားထက် ပို၍သာသည်။ စွမ်းအားအကုန်ထုတ်သုံးလိုက်ပါလျှင် စုန်ယွီယန်ပင် တောင့်ခံနိုင်မည်မဟုတ်ပေ။
ဒုတိယအဆင့်ခန္ဓာကိုယ်သန့်စင်ခြင်းပြီးမြောက်ထားသော ခန္ဓာကိုယ်၏ကြံ့ခိုင်းအားသည် သာမန်အဆင့်မြင့်တိုက်ခိုက်ရေးသမားတစ်ယောက်ကို ယှဉ်နိုင်ခဲ့သည်။ ပထမအဆင့်အဆင့်မြင့်တိုက်ခိုက်ရေးသမားသည် ကြောင်မိန်းကလေးဖြစ်ကာ စနေနေ့ညက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုနေ့ညက ကြောင်မိန်းကလေးသည် သူမ၏အရိပ်ညကြောင်သွေးမျိုးဆက်စွမ်းအားကို အပြည့်အဝအသုံးချခဲ့ကာ အဆင့်မြင့်အဆင့်ပထမတန်းစားတိုက်ခိုက်သူဖြစ်သွားခဲ့ပေသည်။
သို့တိုင် သူမသည် လင်းဇီချန်ဆီတွင်ရှုံးသွားကာ လင်းဇီချန်ကမူ မည်သည့်ဒဏ်ရာမှ မရလိုက်ပေ။ လျှပ်တစ်ပြက်တိုက်ခိုက်သည့်ကိစ္စမျိုး ဖြစ်သော်လည်း အရှုံးက အရှုံးပင် ဖြစ်၏။ ကြောင်မိန်းကလေးကို တိုက်ခိုက်စဉ်တွင် လင်းဇီချန်ထုတ်သုံးသမျှတိုက်ခိုက်ခြင်းအားလုံးက အပြင်းစားများသာ ဖြစ်သည်။ အရိုးသန့်စင်ခြင်းဒုတိယအဆင့်ကိုမပြီးသေးသော စုန်ယွီယန်သည်မူ လင်းဇီချန်၏ ပြိုင်ဘက်မဟုတ်ပေ။
''အဆင်သင့်ဖြစ်ပြီလား''
လင်းဇီချန်က နေရာယူပြီးသည်ကို တွေ့သောအခါတွင် စုန်ယွီယန်က မေးလိုက်၏။
လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။
''ရယ်ဒီ''
''ကောင်းပြီ။ အခုစကြရအောင်။ လာတော့။ ငါ့ကို အရင်တိုက်။ ငါက ခုခံတာလုပ်မယ်။ မင်းတိုက်ခိုက်တာ ဘယ်လောက်အားကောင်းလဲ ကြည့်ရအောင်။''
စုန်ယွီယန်က ဆရာတစ်ယောက်လေသံဖြင့် လင်းဇီချန်ကို ပြောလိုက်ခြင်းဖြစ်သည်။
လင်းဇီချန်ကလည်း အချိန်ဖြုန်းမနေတော့ဘဲ စုန်ယွီယန်ဆီသို့ ပြေးသွားကာ သူမ၏ဗိုက်ကို ကန်ရန် ချိန်လိုက်သည်။ အားအပြည့်သုံးခြင်းမဟုတ်ပေ။ အင်အား၏ ငါးဆယ်ရာခိုင်နှုန်းကိုသာ သုံးထားကာ စုန်ယွီယန်၏ ခုခံနိုင်စွမ်းကို ဦးစွာစမ်းသပ်ကြည့်ရန် ဖြစ်သည်။
''ဘုန်း''
ထိုအသံတစ်ချက် ထွက်လာကာ လင်းဇီချန်၏ခြေထောက်က သူမ၏ဗိုက်ပေါ်သို့ ရောက်သွားပြီး နောက်သို့ ခြေလှမ်းများစွာရောက်သွားအောင် ကန်လိုက်သည်။
အထင်ကြီးစရာကောင်းလှသောအင်အားမျိုးပင် ဖြစ်၏။ သူမသည် ဗိုက်မှစူးရှသောနာကျင်မှုကြောင့် အံ့အားသင့်သွားသော်လည်း ဘာမျှမဖြစ်သကဲ့သို့ ဟန်ဆောင်လိုက်သည်။ ထိုသူသည် အမှန်ပင် အားကြီးလှပေသည်။ ပထမအကြိမ်ခန္ဓာကိုယ်သန့်စင်ခြင်းမဟာအောင်မြင်မှုကို ပြီးထားစဖြစ်သော်လည်း ဒုတိယအဆင့်အားသန့်စင်ခြင်းပြီးထားသောသူမ၏ ဝမ်းဗိုက်ကိုပင် ဒဏ်ရာရစေနိုင်သည်။
သွေးသန့်စင်ခြင်းကျမ်းဖြင့် နှိုင်းကြည့်လျှင် သူသည် သူမကိုသာရန် မလိုတော့ပေ။ မဖြစ်ပေ။ သူမက ပို၍အားကောင်းသည့်ပုံပေါ်အောင် ကြိုးစားရမည်။ ထိုမှသာ ထင်မြင်ချက်ကောင်းရပေမည်။ သူမ အားကောင်းကြောင်းကို ပြရပေတော့မည်။
မဟုတ်လျှင် နောက်မှ ထိုသို့လုပ်ပြရန် အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မည်။ စဉ်းစားကြည့်ရင်းဖြင့် စုန်ယွီယန်က ချက်ချင်းပင် ဆရာဖြစ်သူဟန်မွေးလိုက်ကာ ခေါင်းခါပြလိုက်သည်။
''ဇီချန် မင်းရဲ့ခုနကကန်ချက်ကို ငါမကျေနပ်သေးဘူး''
''မင်းရိုက်ဖို့အခွင့်အရေးရရင် အပြင်းဆုံးအားနဲ့ ချိန်ဖို့လိုမယ်။ အဲ့တာမှ ပြိုင်ဘက်က ဒဏ်ရာရမှာ။ မဟုတ်ရင် တိုက်ဖို့အခွင့်အရေးကို လက်လွှတ်ရလိမ့်မယ်။''
''အခု မင်းကို အရင်ဆုံးတိုက်ဖို့ အခွင့်အရေးပေးခဲ့တယ်။ ငါ့ဗိုက်ကို မကန်သင့်ဘူး။ ဒါပေမဲ့ အခြားအသက်နဲ့ဆိုင်တဲ့နေရာမျိုးတွေကို ချိန်ထားသ့င်တယ်။''
''ငါ့မျက်လုံးကို တွေ့လား''
''အပြင်းအထန် ကန်ပစ်ရမယ်''
''င့ါပေါင်ခြံကိုတွေ့လား''
''အားပြင်းပြင်းနဲ့ ကန်ပစ်ဖို့လိုမယ်။''
''င့ါလည်ပင်းကို တွေ့လား''
''လက်တစ်ဖက်နဲ့ ခုတ်ချပစ်ရမယ်။''
''တိုက်ခိုက်တဲ့နည်းလမ်းမှန်ဖို့ အသက်နဲ့ဆိုင်တဲ့နေရာတွေကို တိုက်ခိုက်ဖို့ပဲ အာရုံစိုက်ထား''
ထိုသို့ပြောကာ သူမသည် လင်းဇီချန်က မျက်လုံးများကို လေးနက်သောအကြည့်မျိုးဖြင့် ကြည့်၍ ပြောလိုက်သည်။
''တိုက်ပွဲမှာ သေတာနဲ့ရှင်တာပဲရှိတယ်။ သိုင်းပညာကျင့်ဝတ်ဆိုတာမျိုး မရှိဘူး။ နားလည်လား။''
''နားလည်ပါပြီ”'
လင်းဇီချန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူမ၏စကားများကို သဘောတူသည်။ တိုက်ပွဲတွင် သေခြင်းနှင့်ရှင်ခြင်းသာရှိသည်က အမှန်ပင်ဖြစ်သည်။ သိုင်းပညာကျင့်ဝတ်မျိုး မရှိပေ။ ချုံခိုတိုက်ခိုက်၍ရလျှင် ချုံခိုတိုက်ရမည်။ အသက်နှင့်ဆိုင်သောနေရာများကို ပစ်မှတ်ထားလျှင် ပစ်မှတ်ထားရမည်။
သိုင်းပညာကျင့်ဝတ်ကိုပြောသူသည် မည်သူမဆို အားနည်းချက်သာ ဖြစ်မည်။
တိုက်ပွဲတွင် အားနည်းချက်ဖြစ်သွားခြင်းက သေခြင်းတရားဖြင့်သာ ရင်ဆိုင်ရမည်။
သူမသည် လင်းဇီချန်၏တုံ့ပြန်ပုံကို ကျေနပ်သွားကာ ပြုံး၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
''ကောင်းပြီ။ အခု ငါတို့ တကယ့်တိုက်ပွဲအစစ်ကို တိုက်မယ်။ ငါးမိနစ်ထက်ပိုပြီး ငါ့ကိုတောင့်ခံနိုင်ဖို့ မျှော်လင့်ပါတယ်။''
သူမသည် ပြောနေစဉ်တွင်ပင် လင်းဇီချန်ဆီသို့ လျှပ်တစ်ပြက်ဝင်လာကာ တိုက်ရန် လက်ဦးမှုရယူလိုက်ခြင်းဖြစ်သည်။ လင်းဇီချန်က သူမကို ဦးစွာတိုက်ခွင့်ပြုထားလိုက်သည်။ စောနကပင် သူမကို ကန်လိုက်သောကြောင့် သေမတတ်နာသွားလိမ့်မည်ကို သိသည်။
တစ်ဖက်တွင်မူ စုန်ယွီယန်၏ လျင်မြန်သောချည်းကပ်မှုဖြင့် ရင်ဆိုင်ရကာ လင်းဇီချန်က မရှောင်ပေ။ ထို့အစား သူမဆီသို့ ပြေးဝင်လာပြီး ပြင်းထန်သောရင်ဆိုင်တိုက်ခိုက်ခြင်းဖြင့် ဦးတည်လိုက်သည်။
''ဘုန်း''
''ဘုန်း''
''ဘုန်း''
မကြာခင်တွင် နှစ်ဦးသားသည် ပြင်းထန်သောရိုက်ချက်များကို ဖလှယ်ကြသည်။ လက်ကိုလက်ဖြင့်ပြန်တိုက်သည်။ ခြေထောက်ကို ခြေထောက်ဖြင့် ပြန်တိုက်သည်။ အဆက်မပြတ်ရိုက်သံများထွက်ပေါ်နေ၏။
''ဇီချန် မင်းမှာ တကယ့်ကို အလားအလာကောင်းရှိတာပဲ။''
သူမသည် လင်းဇီချန်ကို ဝမ်းပန်းတသာဖြင့်ကြည့်ကာ ချီးကျူးလိုက်သည်။
''ငါမင်းထက် ဆယ်နှစ်စောပြီး လေ့ကျင့်ခဲ့ပေမဲ့လို့ ငါ့အားရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို သုံးထားတာတောင် မင်းက ခံနိုင်ရည်ရှိတုန်းပဲ။''
''ငါ့အားရဲ့ကိုးဆယ်ရာခိုင်နှုန်းသုံးလိုက်ရင် ဒီတိုက်ပွဲကို အမြန်ပြီးအောင် လုပ်လို့ရသွားပြီ။''
''မင်းပါရမီနဲ့ဆိုရင် နောက်ထပ်တစ်နှစ်လောက် အချိန်ပေးလိုက်ရင် ငါက မင်းပြိုင်ဘက်မဟုတ်လောက်တော့ဘူး။''
သူမက ဆက်ပြောလိုက်သည်။
''အဲ့တာကြောင့် လာမဲ့နှစ်မှာ ငါ့အားက မင်းအားထက် သာနေပေမဲ့လို့ ငါက မင်းရဲ့တိုက်ပွဲပါတနာဖြစ်ပေးပြီး မင်းစွမ်းအားကို တိုးတက်အောင်အကောင်းဆုံးလုပ်ပေးမယ်။''
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
''အဲ့လိုဆိုရင် အခုကစပြီး ကျွန်တော့်ကို စောင့်ရှောက်ပေးပါ အစ်မယန်။''
''ဟေး။ ဘာတွေပြောနေတာလဲ။ ငါတို့က ညီအစ်ကိုတွေမဟုတ်ဘူးနော်။''
သူမက လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။
''ငါက အခြေခံနဝမအဆင့်ထဲမှာ နှစ်အကြာကြီးပိတ်မိနေတာ။ စိတ်ဓာတ်တောင်ကျနေပြီ။ မင်းကတော့ အခုမှ အဲ့အဆင့်ကိုရောက်ပြီး အဆင့်မြင့်သက်ရှိဖြစ်နိုင်ဖို့ မျှော်လင့်ချက်ရှိတယ်။ တိတိကျကျပြောရမယ်ဆိုရင် ဦးဆောင်ဖို့ပြောရမှာက မင်းဖြစ်သင့်တာ။''
လင်းဇီချန်က ပြုံး၍ ပြောလိုက်သည်။
''အဲ့လိုဆို အချင်းချင်းကူညီပြီး အချင်းချင်းနှောင့်ယှက်ကြတာပေါ့။''
''ဟုတ်ပြီ။ အချင်းချင်းကူညီပြီး အချင်းချင်းနှောင့်ယှက်ကြမယ်။''
စုန်ယွီယန်က တောက်ပသောအပြုံးလေးဖြင့် သဘောတူလိုက်သည်။
ကောင်းကင်လူသားအဖွဲ့အစည်းတွင် ဆယ်နှစ်တာမျှရှိနေခြင်းက သူမအတွက် ကြမ်းတမ်းခက်ခဲလှသည်။
အစတွင် မြို့တော်ဒုတိယအဆင့်စာမေးပွဲအောင်သူ ဖြစ်သော်လည်း ကောင်းကင်လူသားအဖွဲ့အစည်းသို့ဝင်၍ သွေးသန့်လူသားလမ်းစဉ်ကို လိုက်ခဲ့ကာ အခြေခံနဝမအဆင့်တွင်ပင် တံ့နေသည်။ မကောင်းသည့်ဥပမာတစ်ခုပေးတိုင်း သူမအကြောင်းကိုသာ ဥပမာပေးတတ်ကြသည်။ သူမသည် ထိုအပြင်ပန်းကောင်းသူများနှင့် မတူပေ။ သို့သော်လည်း စိတ်ထဲတွင်မူ ထိုကိစ္စကို ရင်နာမိသည်။ သူမသည် အဆင့်မြင့်စာမေးပွဲအောင်ခဲ့သူတစ်ယောက် ဖြစ်သည်။ ထိုအဆင့်ဖြင့်အောင်လျှင် မည်သူမှ ဂုဏ်ယူဝံံ့မကြွားဘဲ နေနိုင်မည်မဟုတ်ပေ။
ထိုသို့ဂုဏ်ယူခြင်းမရှိသောသူများ၊ အောင်နိုင်ရန် ဆန္ဒမရှိသူများအတွက် ဒုတိယအဆင့်စာမေးပွဲအောင်နိုင်သူဖြစ်ရန် တွန်းအားဖြစ်လာရမည် မဟုတ်ခဲ့ပေ။ ယခုတွင်မူ ထိုကိစ္စများက အရေးမပါတော့ပေ။
လင်းဇီချန်သည် ကောင်းကင်လူသားအဖွဲ့အစည်းသို့ဝင်ကာ သေချာပေါက်ပင် တောက်ပသောအနာဂတ်ကိုဦးဆောင်နိုင်မည်ကို သူမ သိနေသောကြောင့်ပင် ဖြစ်သည်။ လင်းဇီချန်ကို မြေတောင်မြှောက်ပေးရန်အတွက် သူမသည် တတ်နိုင်သမျှ ကြိုးပမ်းသွားမည်ဖြစ်သည်။
ထိုစိတ်ဖြင့် လင်းဇီချန်ကို ကြည့်ကာ ပြောလိုက်သည်။
''ဇီချန် လာ ဆက်လုပ်ကြမယ်။''
''ကောင်းပြီ။''
(သင်သည် တိုက်ပွဲတွင် ချီသွေး ၁+၊ တိုက်ပွဲစွမ်းအား ၁+၊ တိုက်ပွဲသတိရှိမှု ၁+---ရှရှိပါသည်။)
အခန်း (၁၇၀) - အဆုံးသတ်နီးလာပြီ
ပြိုပျက်နေသောလျှိုမိသားစုစံအိမ်၏ မြေအောက်ခန်းတွင် ဖြစ်သည်။
လျို့ချွမ်ဝူသည် ရပ်နေရာမှ ခြေလှမ်းနှစ်လှမ်းလှမ်းကာ ကံကြမ္မာအလှည့်အပြောင်းအငွေ့အသက်ဖြင့် ပြည့်နှက်နေသော ရှေးဟောင်းကြေးခေါင်းတလားကြီးဆီသို့ အမြန်လှုပ်ရှားလိုက်သည်။
ရှေးဟောင်းကြေးခေါင်းတလားကြီးကို ကြည့်ပြီး ရိုသေသောစိတ်လှုပ်ရှားမှုဖြင့် ပြောလိုက်သည်။
''အဖွဲ့အစည်းဂိုဏ်းချုပ် နောက်ဆုံးတော့ အတွင်းကြောမှတ်တွေကိုဖွင့်နိုင်ဖို့ မျှော်လင့်ချက်ရှိတဲ့ ပြိုင်စံရှားပါရမီရှင်တစ်ယောက်ကို ရှာတွေ့သွားပြီ။''
ရှေးဟောင်းကြေးခေါင်းတလားထံကမူ မည်သည့်တုံ့ပြန်မှုမှ မရပေ။
မြေအောက်ခန်းက တိတ်ဆိတ်နေသည်။
လျို့ချွမ်ဝူက စိတ်ထဲမထားပေ။ ဆက်၍သာ ပြောနေသည်။
''ဒီပါရမီရှင်က ဒီနှစ်ဆို အသက် (၁၈) နှစ်ပြည့်တော့မှာ။ သူက သွေးသန့်စင်ခြင်းနည်းစနစ်ကို သုံးလတည်းနဲ့ကျွမ်းကျင်သွားတယ်။ ခုဆို ခန္ဓာကိုယ်သန့်စင်ခြင်းကြီးမြတ်မှုကို တစ်ခါတည်းနဲ့အောင်သွားပြီး ဒုတိယအကြိမ်ခန္ဓာကိုယ်သန့်စင်ခြင်းစနေပြီ။''
''ဒီလိုမျိုး ကိုယ်ကာယပိုင်းပါရမီနဲ့ဆို နောင်ကျရင် သေချာပေါက် သာမန်အဆင့်တွေကိုချိုးဖျက်ပြီး အဆင့်မြင့်သက်ရှိ၊ သခင်အဆင့်သက်ရှိနဲ့ မြင့်မြတ်သူအဆင့်ထိတောင် ဆင့်ကဲပြောင်းလဲနိုင်မှာ သေချာတယ်။''
''ဒါနဲ့ ခင်ဗျားအသက်ကို ထိမ်းသိမ်းထားနိုင်ဖို့ ချီသွေးဓာတ်လွှဲပြောင်းဖို့ကို သူ့ကို အားကိုးလို့ရပြီ။ အဲ့တာကြောင့် ဒီရှေးဟောင်းကြေးခေါင်းတလားထဲမှာပဲ သိပ်ကြာကြာနေရတော့မှာမဟုတ်ဘူး။''
''ခင်ဗျားလိုအားကြီးတဲ့သူကသာ သူ့ကို ကာကွယ်ပေးပြီး ခင်ဗျားနဲ့ အဲ့ပါရမီရှင်ပူးပေါင်းပြီး ကောင်းကင်လူသားအဖွဲ့အစည်းကိုသာ ဦးဆောင်မယ်ဆိုရင် ကမ္ဘာကြီးက ကြီးပွားတိုးတက်လာပြီး ကမ္ဘာပေါ်ကသူတွေလည်း အသွေးနဲ့အသားတွေထိပါ တက်လှမ်းနိုင်မှာသေချာတယ်။''
လျို့ချွမ်ဝူက စိတ်လှုပ်ရှားစွာဖြင့် ပြောနေခြင်းဖြစ်သည်။ သို့သော် အစမှအဆုံးထိ အဖွဲ့အစည်းဂိုဏ်းချုပ်ဆိုသူက တုံ့ပြန်သံကို မကြားရပေ။ အခြေအနေက အတော်လေးရင်ထိတ်စရာပင်။
စိတ်မနှံ့သောလူက အလင်းရောင်ခပ်ဖျဖျသာရသောမြေအောက်ခန်းတွင် တစ်ဦးတည်းစကားပြောနေသည်နှင့်တူသည်။ တစ်ဖက်သူကမူ ဘာမှမတုံ့ပြန်ပေ။ လျို့ချွမ်ဝူက မျက်မှောင်အသာကြုတ်လိုက်၏။
သို့သော် ၎င်းလုပ်သမျှအကုန်သာဖြစ်ကာ အခြားသောအပြုအမူမျိုးမရှိပေ။ ထိုခေါင်းတလားရှေ့တွင်သာ တိတ်ဆိတ်စွာဖြင့် တစ်ချိန်လုံးရပ်နေပြီး ရှေးဟောင်းကြေးခေါင်းတလားထဲမှလူ တုံ့ပြန်မည်ကို စောင့်နေသည်။
သုံးမိနစ်ခန့် ကုန်သွားသည်။
နောက်ဆုံးတွင် ဖျော့တော့သောမိန်းကလေးသံက ထိုကြေးခေါင်းတလားထဲမှ ထွက်ပေါ်လာ၏။
''အင်း---''
ထိုတစ်လုံးတည်းသာ ပြန်ဖြေလေသည်။
ထို့နောက်တွင် အရာအားလုံးသည် အတိတိတ်ဆိတ်သွားကာ ငြိမ်ကျသွား၏။ ရှေးဟောင်းကြေးခေါင်းတလားထဲမှမိန်းမသည်မူ နှစ်နှစ်ခြိုက်ခြိုက် ပြန်လည်အိပ်မောကျသွားသည်။ အင်းတစ်လုံးတည်းသာ ပြောနိုင်ကာ ရှိသမျှအား ကုန်သွားပြီး အားအင်ကုန်ခမ်း၍ မည်သည့်အသံမှ ထပ်ထွက်မလာတော့ပေ။
ထိုအချိန်တွင် လျို့ချွမ်ဝူကမူ မျက်မှောင်ကြုတ်နေမိဆဲဖြစ်သည်။
ရှေးဟောင်းကြေးခေါင်းတလားထဲမှအမျိုးသမီး၏ခန္ဓာကိုယ်သည် တစ်နေ့ထက်တစ်နေ့ အားနည်းလာသည်။
လွန်ခဲ့သောဆယ်စုနှစ်ခန့်က ရှေးဟောင်းကြေးခေါင်းတလားကြီးကို အပျက်အဆီးများကြားတွင် ရှာတွေ့ခဲ့ကာ အထဲမှအမျိုးသမီးက ပြတ်တောင်းပြတ်တောင်း စကားပြောနိုင်ခဲ့သည်။ ယနေ့တွင်မူ ဆယ်စုနှစ်များစွာ ကြာသွားပြီနောက်ပိုင်း အမျိုးသမီးသည် မိနစ်ဝက်မျှပင် စကားပြောနိုင်သည်အထိ အားအင်နည်းပါးလာသည်။
ထိုအခြေအနေသည် သေသွားသည်နှင့် အတူတူပင်ဖြစ်သည်ဟု ခံစားမိသည်။
ထိုအကြောင်းကိုစဉ်းစားမိကာ လျို့ချွမ်ဝူတစ်ယောက် အပြင်းအထန်ခေါင်းခါယမ်းလိုက်မိ၏။
အမြန်ပင် မြေအောက်ခန်းထဲမှ ထွက်လာကာ တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် ထိုအမျိုးသမီးသည် နှစ်ခြိုက်စွာအနားယူရင်းဖြင့် ကျန်နေခဲ့သည်။
မြေအောက်ခန်းမှ ထွက်လာသည်နှင့် လျို့ချွမ်ဝူက သက်ပြင်းချလိုက်မိ၏။
''အင်း။ ငါတို့သာ ပုံမှန်အတိုင်း ဆက်သွယ်နိုင်မယ်ဆိုရင်။''
''အဲ့လိုဆိုရင် သွေးသန့်စင်ခြင်းကျမ်းက အတွင်းကြောအမှတ်အခန်းကို လေ့လာဖို့ အဲ့လောက်အချိန်ဖြုန်းနေရမှာမဟုတ်ဘူး။''
''သွေးသန့်လူသားလမ်းစဉ်တီထွင်သူ အဖွဲ့အစည်းဂိုဏ်းချုပ်ကိုပဲ တိုက်ရိုက်မေးလိုက်ပြီး သူ့လမ်းပြမှုနဲ့ပဲ သွေးသန့်စင်ကျမ်းကို ကျင့်လို့ရပြီ။ အဲ့လိုဆိုရိုးရှင်းပြီး အကျိုးလည်းရှိမယ်။ ''
လျို့ချွမ်ဝူ ပို၍ပြောလေလေ ပို၍သနားစရာကောင်းလာလေလေပင် ဖြစ်၏။ ကြေးခေါင်းတလားကြီးကို စံအိမ်မြေအောက်ခန်းသို့ ပထမဆုံးရွေ့ခဲ့စဉ်က ထိုအမျိုးသမီး၏အသိစိတ်သည်ရှင်းလင်းနေဆဲဖြစ်ကာ စွမ်းအားကလည်း အပြင်ကမ္ဘာနှင့်ဆက်သွယ်ရန် လုံလောက်ပေသေးသည်။ ကံမကောင်းစွာဖြင့် ဘာသာစကားအကာအရံကြောင့် ဆက်သွယ်ရသည်က ခက်ခဲခဲ့သည်။
အချင်းချင်း၏ဘာသာစကားကို အတော်လေးနားလည်သွားသောအခါတွင် ချောချောမွေ့မွေ့ဆက်သွယ်နိုင်ခဲ့သော်လည်း ရုတ်တရက်ပင် ခေါင်းတလားထဲမှ အမျိုးသမီး၏အသိသည် မှုန်ဝါးလာကာ အခြေအနေက အားနည်း၍သာလာသည်။
ယခုအခြေအနေထိရောက်အောင် အားနည်းသွားကာ စကားတစ်ခွန်းမျှပြောယုံဖြင့် အိပ်မောကျသွားပြီး ဆက်သွယ်နိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။
''ဂိုဏ်းချုပ် လုံးဝပျောက်မသွားခင် ဇီချန်က သန့်စင်လူသားအဖြစ် အသွေးနဲ့အသားကို အဆင့်မြင့်သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ဖို့မျှော်လင့်ရတော့မှာပဲ။''
''အဲ့လိုဆို သူ့အသက်ကို ဆက်ထိန်းထားဖို့ ချီသွေးဓာတ်ကို လွှဲပြောင်းပေးလို့ရပြီ။ အဲ့လိုဆို သူ့အသိကလည်း ရှင်းရှင်းလင်းလင်း ဖြစ်သွားမယ်။''
''ဂိုဏ်းချုပ်နိုးထလာတာနဲ့ သွေးသန့်စင်ကျမ်းကလည်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာမယ်။ အဲ့လိုဆို အထက်ပိုင်းကန့်သတ်ချက်တွေလည်း ပိုပြီးမြင့်မြင့်တိုးတက်လာနိုင်မယ်။''
လျို့ချွမ်ဝူတစ်ယောက် ၎င်းဘာသာ ပြောနေခြင်းဖြစ်သည်။
သုတေသနတက္ကသိုလ်၏တစ်နေရာတွင် ဖြစ်သည်။
လင်းဇီချန်နှင့် စုန်ယွီယန်တို့သည် တိုက်ခိုက်ခြင်းကို လက်စသတ်ကာ ဆိုဖာပေါ်တွင််ထိုင်၍ သာမန်ကာလျှံကာစကားပြောဆိုနေကြသည်။
''ဇီချန် မင်းက သွေးသန့်စင်ခြင်းကျမ်းက ခန္ဓာကိုယ်သန့်စင်ခြင်းမဟာအောင်မြင်မှုကို တစ်ခါပြီးထားပြီဆိုတော့ အခုဆို အတွင်းကြောအမှတ်တွေဖွင့်ဖို့ စမ်းကြည့်လို့ရပြီ။ငါသုတေသနလုပ်ထားတဲ့ အတွင်းကြောဖွင့်တဲ့ နောက်ဆုံးပေါ်နည်းလမ်းကို မင်းကိုသင်ပေးမယ်။ အောင်မြင်မလား စမ်းကြည့်ပေါ့။''
''ကောင်းပြီ။ စမ်းကြည့်ပါ့မယ်။''
''လာ။ ငါရှင်းပြမယ်။ သေချာနားထောင်။''
စုန်ယွီယန်က သင်ကြားပြသခြင်းကို စတင်လိုက်ကာ ရှင်းလင်းစွာ ပြောပြသည်။
''လူ့ခန္ဓာကိုယ်မှာ အတွင်းကြောအမှတ် စုစုပေါင်း (၃၆၆) မှတ်ရှိတယ်။ ခန္ဓာကိုယ်ရဲ့နေရာအမျိုးမျိုးမှာ ပျံ့နှံ့နေတယ်။''
''သွေးသန့်စင်ခြင်းကျမ်းက မှတ်တမ်းတွေအရဆိုရင် အတွင်းကြောဖွင့်ဖို့ အလွယ်ဆုံးအမှတ်တွေက နှလုံးနားမှာရှိတဲ့အမှတ်လေးနေရာပဲ။''
''အခု မင်းလုပ်ဖို့လိုတာက နှလုံးနားက အဲ့အတွင်းကြောအမှတ်တွေကို ပထမဆုံးအာရုံလိုက်ခံရမယ်။ ပြီးရင် ချီသွေးကိုသုံးပြီး တစ်စက္ကန့်ကို ဆယ်ကြိမ်နှုန်းနဲ့ သူတို့ကို ရိုက်ခတ်စေမယ်။ ''
''ရိုက်ချက်က ပိုပြီးအားကောင်းလာလေလေ ပိုကောင်းလေလေပဲ။ ဒါပေမဲ့ နှလုံးကို သွားမရိုက်စေဖို့တော့ သတိပြုရမယ်။ မဟုတ်ရင် နှလုံးကြွက်တက်ပြီး နာသွားလိမ့်မယ်။ နေရာမှာတင် နှလုံးခုန်ရပ်သွားတာမျိုး ဖြစ်သွားနိုင်တယ်။''
''အဲ့အမှတ်တွေကို အာရုံစိုက်ကြည့်ပါ။''
''ပထမအမှတ်က---။''
''ဒုတိယအမှတ်က---။''
စုန်ယွီယန်သည် အတွင်းကြောအမှတ်များကိုဖွင့်ရန် နှစ်ပေါင်းများစွာ ကြိုးစားလာသော အသိအမြင်နှင့် အတွေ့အကြုံအားလုံးကို ပြောပြနေကာ ပြော၍မဆုံးခင်တွင် အချက်အလက်ကျကျရှင်းပြသည်မှာ နာရီဝက်ခန့် ကြာသွားသည်။
တစ်ခုမှမကျန်ခဲ့သည်ကို သိရသောအခါမှ လင်းဇီချန်ကို ပြောလိုက်သည်။
''ကောင်းပြီ။ ဒီလောက်ပဲ။ အခု မင်းနှလုံးနားက အဲ့အမှတ်လေးမှတ်ကို ခံစားမိဖို့ ကြိုးစားကြည့်။''
''မလိုတော့ဘူး။ နွေရာသီပိတ်ရက်တုန်းက အဲ့အမှတ်တွေကို ခံစားမိထားတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အတွင်းကြောအမှတ် (၃၆၆) မှတ်ရဲ့ နေရာအားလုံးကို သိတယ်။ အစ်မပေးတဲ့နည်းလမ်းအတိုင်း အတွင်းကြောအမှတ်တွေကို တိုက်ကြည့်လိုက်မယ်။''
ထိုသို့ပြောပြီး လင်းဇီချန်သည် အာရုံစိုက်ကာ ချီသွေးကို ထိန်းချုပ်ပြီး နှလုံးနားမှ အတွင်းကြောအမှတ်လေးမှတ်ကို ရိုက်ရန် ကြိုးစားကြည့်သည်။ တစ်စက္ကန့်လျှင် ဆယ်ကြိမ်နှုန်းဖြင့် တက်နိုင်သမျှ အားကုန်ထုတ်သည်။
ဆယ်မိနစ်ကျော်မျှကြာအောင် အားပြင်းပြင်းဖြင့် ဆက်ရိုက်သည်။
အတွင်းကြောအမှတ်များ၏ တစ်ခုတည်းသောခံစားမှုက နာကျင်မှုပင် ဖြစ်ကာ ပြင်းထန်သောနာကျင်မှုဖြစ်သည်။
နာလွန်းသဖြင့် အံကြိတ်ထားရကာ နဖူးတွင်ပင် ချွေးစေးများပြန်လာသည်။ ခေတ္တမျှနားပြီးနောက်တွင် အကြိမ်ရေအနည်းငယ်ခန့် ဆက်ကြိုးစားကြည့်သည်။ သို့သော် ရလဒ်ကမူ အတူတူပင်ဖြစ်ကာ အလုပ်မဖြစ်ပေ။ အတွင်းကြောအမှတ်များကို မဖွင့်နိုင်ပေ။
''ကိစ္စမရှိဘူး။ ဘာမှမခံစားရတာ ပုံမှန်ပဲ။ မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းမဟာအောင်မြင်မှုကို ပြီးခါစပဲရှိသေးတာ။ မင်းခန္ဓာကိုယ်အားကလည်း အတွင်းကြောမှတ်တွေဖွင့်ဖို့ လုံလောက်သေးမှာမဟုတ်ဘူး။ တကယ်တော့ ငါမင်းကိုသင်ပေးတဲ့နည်းလမ်းက မှားနေတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အချိန်တွေအများကြီးရှိသေးတာပဲ။ အလျင်လိုဖို့မလိုပါဘူး။''
လင်းဇီချန်တစ်ယောက် စိတ်ပျက်အားလျော့သွားမည်ကို စုန်ယွီယန်စိတ်ပူနေခြင်းဖြစ်ကာ သူမသည် ဂရုစိုက်တတ်သောအစ်မကြီးအဖြစ် နှစ်သိမ့်ပေးနေ၏။
လင်းဇီချန်၏ပါရမီက အံ့ဩစရာကောင်းကာ ကောင်းကင်လူသားအဖွဲ့အစည်းထဲသို့ ဝင်သည့်အချိန်မှစ၍ အရာအားလုံးသည် ချောမွေ့နေသည်။ ရုတ်တရက်နောက်ပြန်ရခြင်းက ဟန်ချက်ပျက်သွားစေနိုင်သည်။
သို့သော်လည်း လင်းဇီချန်ကမူ စိတ်ထဲ၌ မဖြုံပေ။ သူသည် မည်သည့်နှစ်သိမ့်ပေးခြင်းကိုမှ မလိုအပ်ပေ။
ကျရှုံးမှုက သာမန်သာဖြစ်သည်ကို ရှင်းလင်းစွာသဘောပေါက်သည်။ အောင်မြင်သွားလျှင်သာ ထူးဆန်းနေပေလိမ့်မည်။ သွေးသန့်စင်ခြင်းကျမ်းကို မည်မျှကြာကြာလေ့ကျင့်ခဲ့ပါသနည်း။
သုံးလသာ လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအခြေအေကို များစွာကျေနပ်နေပြီးဖြစ်သည်။ အတွင်းကြောအမှတ်များအတွက်မူ နောင်တွင်မှ ဖြည်းဖြည်းချင်း လေ့လာနိုင်ကာ တဖြည်းဖြည်းဖြင့် အောင်မြင်သွားပေလိမ့်မည်။ မအောင်မြင်လျှင်လည်း သွေးသန့်စင်ကျမ်းကို လေ့ကျင့်ရမည်ဟု ခံယူထားခြင်းမဟုတ်သည့်အတွက် ကိစ္စမရှိပေ။
ကျရှုံးလျှင်ပင် အမြဲတမ်း သုံးမလား အဆုံးရှုံးခံမလားစွမ်းအားပေါ်တွင် မှီခို၍ ဖြည်းဖြည်းချင်း တိုးတက်လာနိုင်ပေသည်။
လေ့ကျင့်ချိန်လုံလောက်ကာ ပြင်းအားလည်း လုံလောက်သည်နှင့် အဆင့်မြင့်သက်ရှိဖြစ်ရန်လမ်းကို လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ သွေးသန့်စင်ကျမ်းကို မေ့ထားပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်သန့်စင်ခြင်းကို ငါးကြိမ်အောင်မြင်စွာ သန့်စင်နိုင်ပါလျှင် ပေးလိုက်ရသောအချိန်များက ထိုက်တန်၍ ပို၍ပင် အကျိုးအမြတ်ရှိသေးပေ၏။
အခန်း (၁၇၁) - သွေးမျိုးစပ်တော့မည့်ရှန်ချင်းဟန် (၁)
အချိန်ကျသည်ကို တွေ့သောအခါတွင် လင်းဇီချန်သည် သုတေသနကောလိပ်မှ ပြန်လာ၍ လိုအပ်သည်များဝယ်ရန် ဆိုင်သို့သွားပြီးနောက်တွင် ချက်ပြုတ်စားသောက်ရန်အတွက် အဆောင်သို့ ပြန်လာခဲ့သည်။ ရှန်ချန်းဟန်သည် မနက်ပိုင်းအတန်းပြီးလျှင် စားတတ်သည်ကို တွေးမိကာ အဆောင်သို့ ပြန်လာခဲ့ခြင်းဖြစ်၏။ လိုအပ်သည့်ပစ္စည်းများဝယ်ရန် အချိန်ကြာပေသည်။ လင်းဇီချန်တစ်ယောက် အမြန်ပင် အဆောင်သို့ ပြန်လာခဲ့သည်။ မကြာမီပင် ရှန်ချင်းဟန်မှာ အတန်းပြီး၍ ပြန်ရောက်လာခဲ့သည်။
နှစ်ဦးသား မီးဖိုချောင်ထဲတွင် အတူတကွချက်ပြုတ်ကြသည်။ စားသောက်ပြီးနောက်တွင် ရေချိုးကြကာ တစ်ရေးတစ်မောအိပ်ရန် အခန်းထဲသို့ ဝင်သွားကြသည်။ လွန်စွာမှသက်တောင့်သက်သာရှိလှသောဘဝလေးပင် ဖြစ်၏။
''ဇီချန် ဒီမနက် ဆရာက ငါ့ကိုတွေ့တော့ ငါ့ရဲ့သွေးမျိုးစပ်တာကို အဆင့်မြင့်ပြီး ဝိညာဉ်ပြာဂျယ်လီငါးမျိုးစိပ်နဲ့ ပေါင်းစေချင်တယ်ပြောတယ်။ အစောပိုင်းအဆင့်တွေမှာ ငါနဲ့တော်တော်သင့်တော်တယ်တဲ့လေ''
အိပ်ရာထဲတွင် လင်းဇီချန်က ကျောပေးထားသောသူမကို နောက်မှဖက်ထားကာ ထိုကိစ္စကို ပြောနေကြခြင်းဖြစ်သည်။
ဝိညာဉ်ပြာဂျယ်လီငါးလား။
ထိုမျိုးစိတ်အကြောင်းကို လင်းဇီချန်က သိထားကာ ငယ်စဉ်အခါက စာအုပ်များထဲတွင် ဖတ်ထားဖူးသည်။
အဆင့်နိမ့်သားရဲဖြစ်ကာ အရွယ်ရောက်ပြီးသားသွေးမျိုးစပ်စွမ်းအားအဆင့်သည် အခြေခံသတ္တမအဆင့်ဖြစ်၏။ အားကောင်းသောဂျယ်လီငါးဘုရင်၏ သွေးမျိုးစပ်စွမ်းအားအဆင့်သည် အခြေခံအဆင့်၏ခံနိုင်ရည်များကို ချိုးဖျက်ကာ အဆင့်မြင့်အဆင့်သို့ ဆင့်ကဲပြောင်းလဲနိုင်သည်။ ဝိညာဉ်ပြာဂျယ်လီငါးသည် မိုင်ထောင်သောင်းချီသောပင်လယ်နက်များထဲတွင်နေကြကာ အရေအတွက်ကလည်း လွန်စွာရှားပါးပြီး ၎င်း၏အရင်ဘဝက ပန်ဒါများထက်ပင် ပို၍ရှားသည်။
အသွင်အပြင်ကမူ အဆင့်တူ အခြားသောသားရဲများထက် ဝိညာဉ်စွမ်းအားသာလွန်သည်။ ဝိညာဉ်စွမ်းအားကိုသုံးကာ ရေကို စိတ်ကြိုက်ဖလှယ်နိုင်စွမ်းရှိသည်။ ရေကိုထိန်းချုပ်နိုင်ခြင်းသည် ဝိညာဉ်စွမ်းအားမြင့်သောသက်ရှိများသာ လုပ်နိုင်သောအရာမျိုး ဖြစ်သည်။ သို့သော် ဝိညာဉ်ပြာဂျယ်လီငါးကမူ မတူပေ။ သာမန်ပျမ်းမျှအဆင့်မှ သွေးမျိုးစပ်စွမ်းအားအဆင့်ဖြင့် ဝိညာဉ်စွမ်းအားတစ်စဖြင့်ပင် ပင်လယ်ရေတစ်ဆယ်စတုရန်းမီတာကို ထိန်းချုပ်နိုင်သည်။
အနှစ်ချုပ်ရလျှင် အခြားသောသက်ရှိများထက် ရေကိုကစားရာတွင် ပိုတော်သည်။
ဝိညာဉ်ပြာဂျယ်လီငါးနှင့်ပက်သက်ပြီး အချက်အလက်များကို စဉ်းစားကြည့်ပြီးနောက်တွင် လင်းဇီချန်က ရင်ခွင်ထဲမှ ရှန်ချင်းဟန်ကို ပြောလိုက်သည်။
''ကောင်းပါတယ်။ ဝိညာဉ်ပြာဂျယ်လီငါးက မင်းနဲ့အကိုက်ဆုံးဖြစ်မယ်လို့ထင်တယ်။ မင်းဆရာအကြံပေးတဲ့အတိုင်း လုပ်လိုက်ပေါ့''
ရှန်ချင်းဟန်က လှည့်ကြည့်၍ ၎င်းနှင့်မျက်နှာချင်းဆိုင်လိုက်ကာ မသက်မသာဖြစ်နေသောအသံဖြင့် ပြောလိုက်သည်။
''ငါလည်း အရမ်းသင့်တော်မယ်လို့ထင်တယ်။ ဆရာက မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်နဲ့ ပူးပေါင်းဖို့ ပြောတာ။ အဆင့်မြင့်အဆင့်သတ္တဝါလေ။ ငါ့ရဲ့ခန္ဓာကိုယ်လေးက အဲ့တာကို ကောင်းကောင်းမကိုင်တွယ်နိုင်လို့ သွေးမျိုးစပ်ငြင်းဆန်မှုကို ခံစားသွားရမယ်ဆိုရင်ရော''
မိုးပြာဂျယ်လီငါးဘုရင်၏မျိုးစပ်နှင့် ပေါင်းစပ်ရမှာလား။
လင်းဇီချန်တစ်ယောက် မျက်လုံးပြူးကျယ်သွားကာ အံ့အားသင့်သွားသည်။ ဝိညာဉ်ပြာဂျယ်လီငါးသည်ပင် ရှားပါးပြီဖြစ်ကာ မိုးပြာဂျယ်လီငါးဘုရင်သည် အင်မတန်အင်မတန် ရှားပါးလှ၏။ အဝိညာဉ်ပြာဂျယ်လီငါးတစ်သောင်းတွင်မှ တစ်ကောင်သာပါသော မိုးပြာဂျယ်လီငါးဘုရင် ဖြစ်၏။ ယွမ်သုန်ကျီသည် ယွမ်အိမ်၏ အဖိုးတန်သမီးလေးဖြစ်ကာ ချမ်းသာ၍ ရက်ရက်ရောရောဖြင့် မိုးပြာဂျယ်လီငါးမျိုးစိတ်ကို ဘာမှမဖြစ်သကဲ့သို့ ပေးနေသည်။ လင်းဇီချန်သည် ၎င်းတွင်လည်း ထိုသို့ရက်ရောသောဆရာမျိုးရှိရန် ဆုတောင်းလိုက်မိသည်။
လင်းဇီချန်သည် စိတ်ထဲတွင် အားကျမိကာ ရှန်ချင်းဟန်ကို နှစ်သိမ့်ပေးလိုက်သည်။
''စိတ်မပူပါနဲ့။ ဂျယ်လီငါးသားရဲတွေက လူသားခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေနိုင်စွမ်း မြင့်ပြီးသား။ အဲ့တာအပြင် မင်းရဲ့ သွေးမျိုးစပ်နိုင်စွမ်းကလည်း (၂၁)ရာခိုင်နှုန်းတောင်ရှိတာ။ အဆင့်မြင့်အဆင့်သားရဲမျိုးစိတ်နဲ့ပေါင်းလိုက်တာက မင်းအတွက် အသေးအဖွဲပဲနေမှာပါ။ ဘာငြင်းပယ်တာမှ ရှိမှာမဟုတ်ဘူး''
''ဘေးထွက်ဆိုးကျိုးကရော''
ရှန်ချင်းဟန်သည် မသက်မသာဖြစ်နေဆဲပင်။
မသိသော သို့မဟုတ် မလုပ်ဖူးသောကိစ္စတစ်ခုကို ပထမဆုံးအကြိမ် ရင်ဆိုင်ရသောအခါတွင် လူသားများသည် ခန္ဓာကိုယ်၏အလိုအလျောက်ကာကွယ်သည့်စနစ်အရ စိတ်ပူတတ်ကြသည်။ ဆန့်ကျင်ဘက်စနစ်အနေဖြင့် စပ်စုလိုစိတ်လည်း ရှိ၏။
ရှန်ချင်းဟန်က ကြောက်တတ်ကာ စိုးရိမ်စိတ်က စပ်စုလိုစိတ်ထက် ပို၍များသွားပြီး စိတ်သာပူနေမိသည်။ လင်းဇီချန်က ရယ်လိုက်သည်။
''ဘေးထွက်ဆေးကျိုးကတော့ ရှိမှာပဲ။ ဒါပေမဲ့ အဲ့အကောင်တွေက မျိုးပွားနိုင်စွမ်းဆုံးရှုံးတာတို့ ခန္ဓာကိုယ်သားရဲလက္ခဏာတို့ပေါ်လာတာတို့ အဲ့လောက်ပဲ သိကြတာပါ''
''အဲ့တာတွေကို ဘေးထွက်ဆိုးကျိုးလို့ ထည့်စဉ်းစားလို့မရဘူး''
''မျိုးပွားနိုင်စွမ်း ဆုံးရှုံးသွားတာကတော့ မင်းလည်း အရင်ကတည်းက မျိုးဥတွေယူထားပြီးသားပဲ။ အဲ့တာကြောင့် နောင်ကျ ကလေးလိုချင်ရင် အဲ့မျိုးဥတွေကို သုံးလို့ရတာပဲ''
''မင်းခန္ဓာကိုယ်မှာ သားရဲလက္ခဏာမျိုးပြမှာကတော့ ဖုံးထားလို့ရတာပဲ။ မင်းခန္ဓာကိုယ်ထဲက သားရဲမျိုးစပ်ကို ငြိမ်ဆေးထဲထည့်ထားလိုက်ပေါ့''
ထိုသို့ပြောပြီးနောက်တွင် လင်းဇီချန်က ဆက်ပြောလိုက်သည်။
''အဲ့တာအပြင် သားရဲတွေရဲ့လက္ခဏာက လူတစ်ယောက်ရဲ့အသွင်အပြင်ကို ပိုတောင်လှအောင်လုပ်ပေးနိုင်တာပဲ။ ကြောင်နားရွက်နဲ့မိန်းကလေးတို့ မြေခွေးမြီးနဲ့ ကောင်မလေးတို့ မင်းလည်းမြင်ဖူးသားပဲ။ အရမ်းနာမည်ကြီးတာကိုး''
''အဲ့တာတော့ အမှန်ပဲ''
ရှန်ချင်းဟန်က ပြောရင်းဖြင့် မက်မွန်ပန်းပုံမျက်လုံးလေးက တောက်ပလာသည်။ လင်းဇီချန်ရှင်းပြသည်ကို နားထောင်ပြီးနောက်တွင် ထပ်၍စိတ်မပူတော့ပေ။ အမှန်တွင် အနည်းငယ်မျှစိတ်လှုပ်ရှားနေခြင်း ဖြစ်၏။
နောက်လတွင် မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်ဖြင့် ပူးပေါင်းရမည်ကို စိတ်လှုပ်ရှားနေကာ မည်သို့သားရဲလက္ခဏာမျိုးက သူမကို ပို၍လှသွားစေမည်ကို သိချင်နေမိ၏။ ထို့အပြင် ယခုတွင် သွေးမျိုးစပ်သည့်နည်းပညာများလည်း များစွာ ဖွံ့ဖြိုးလာပြီဖြစ်ကာ သွေးမျိုးစပ်သည်သာမက သွေးမျိုးခွဲခြင်းလည်းရှိသည်။ သွေးမျိုးစပ်ပြီးနောက် မကောင်းသည့်အာနိသင်မျိုးရှိလာလျှင် နောင်တွင် သွေးမျိုးခွဲ၍ ရ၏။ လင်းဇီချန်က ရှန်ချင်းဟန်၏လက်လေးကို ညင်သာစွာပွတ်နေသည်။ သွေးမျိုးခွဲခြင်းသည် အမှန်တွင် မတိကျလှပေ။ ဖိနှပ်ခြင်းဟုသာ ခေါ်သင့်သည်။
လူ့ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေဘဲ သားရဲမျိုးစိတ်ကိုသာ ဆန့်ကျင်သည့် အထူးဗိုင်းရပ်တစ်မျိုးရှိသည်။ လူတစ်ယောက်သည် ခန္ဓာကိုယ်ထဲမှ သားရဲမျိုးစိတ်ကို ဖိနှပ်ရန် ထိုဗိုင်းရပ်စ်ကို ထိုးသွင်းနိုင်သည်။ ထို့နောက်တွင် နှစ်ပေါင်းများစွာလုပ်ငန်းစဉ်ပြီးနောက်တွင် ခန္ဓာကိုယ်ထဲမှ သားရဲမျိုးစိတ်က ငြိမ်သက်သွားကာ အရှင်းဖယ်ထုတ်ပစ်နိုင်သည်အထိ ဖြစ်သည်။ သားရဲများကို ပစ်မှတ်ထားသောဇီဝလက်နက်အများစုသည် ထိုဗိုင်းရပ်စ်ဖြင့် လုပ်ထားခြင်းဖြစ်၏။
''နင်ပြောတော့တာ အလွယ်လေး။ ဒါပေမဲ့ သွေးမျိုးခွဲတာက နာတယ်လေ။ သွေးမျိုးစပ်တာ ပြီးပြည့်စုံဖို့ပဲ မျှော်လင့်မိတယ်''
ထိုသို့ဖြင့် ရှန်ချင်းဟန်သည် အိပ်ရာမှထကာ ဖုန်းကိုယူလိုက်ပြီး ဗီဒီယိုတစ်ပုဒ်ကို ဖွင့်လိုက်ပြီး လင်းဇီချန်ကို ပြလိုက်သည်။
''ဇီချန် ဒီဗီဒီယိုကို ကြည့်ကြည့်လိုက်ဦး''
လင်းဇီချန်က ထ၍ ဖုန်းကို ကြည့်လိုက်သည်။ ဖုန်းတွင် ပေါ်လာသည်မှာ ပင်လယ်ရေအောက်မြင်ကွင်းပင် ဖြစ်သည်။ ရိုက်ထားသည့်ရှုထောင့်သည် ရေငုပ်သင်္ဘောမှ ရိုက်ထားခြင်းမျိုးမဟုတ်ဘဲ လူတစ်ယောက်က ရေထဲသို့ ဒိုင်ဗင်ထိုးကာ ရိုက်ထားခြင်းမျိုး ဖြစ်သည်။
''ဒိုင်ဗင်ထိုးတဲ့ဗီဒီယိုမျိုးပဲ။ ငါကတော့ ငါ့ကို ဆာကူရာပင်လယ်တိုင်းပြည်ရဲ့ အန်နမီပညာပေးဇတ်လမ်းတွေများ ပြတော့မှာလားလို့'’