← Chapters

ဆယ်ကီလိုမီတာရှည်သော နဂါး

Vol. 36 Ch. 527

ဆယ်ကီလိုမီတာရှည်သော နဂါး

Vol. 36 Ch. 527

မြို့အမှတ် ၃၆

...

မြို့၏အထက်ကောင်းကင်၌။

ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူအမြောက်အမြား ထိပ်တိုက်တွေ့နေကြသည်။ ၎င်းသည် နှစ်ယောက်-သုံးယောက် တိုက်ပွဲဖြစ်ကာ မြို့၏ ဒဏ္ဍာရီအဆင့်ခေါင်းဆောင်သုံးဦးလုံးက ဒဏ္ဍာရီအဆင့်သားရဲဘုရင်နှစ်ပါးကိုတိုက်ခိုက်ခဲ့ကြသည်။ မြို့ခေါင်းဆောင်များက ၎င်းတို့၏ ရန်သူများထက်သာလွန်သော်လည်း ၎င်းတို့၏ စွမ်းအားများသည်အလွန်နိမ့်ကျသောကြောင့်တိုက်ပွဲတစ်လျှောက်လုံး လုံးလုံးလျားလျားဖိနှိပ်ခံထားရသည်။

...

အောက်တွင် မြို့တံခါးရှေ့ရှိဧရိယာ

ဤသည်မှာ အဆင့်မြင့်အဆင့်သက်ရှိများ၊ သခင်အဆင့်နှင့် မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူများ၏ စစ်မြေပြင်ဖြစ်သည်။ မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူများက စစ်မြေပြင်အလယ်မှ ရုန်းထွက်ကာ အချင်းချင်း ချုပ်နှောင်ထားကြသည်။ မြို့တံခါးကြီးများရှေ့တွင် တိုက်ပွဲကြီးတစ်ပွဲဖြစ်လျက်ရှိကာ သခင်အဆင့်ကျွမ်းကျင်သူများက အဓိကလွှမ်းမိုးထားသည်။ အဆင့်မြင့်အဆင့်ကျွမ်းကျင်သူများကမူ အမြောက်စာနီးပါးပင်ဖြစ်ကြ၏။

သို့သော် ၎င်းတို့မှာ အရေအတွက်အရ အားသာချက်ရှိ၍ ရံဖန်ရံခါတွင် သခင်အဆင့်ကျွမ်းကျင်သူတစ်ဦးကို မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူများက ဝိုင်းအုံနေသည်ကိုတွေ့နိုင်သည်။

ဝှစ်

မြို့တံခါးများမှ မီတာတစ်သောင်းအကွာမြေကွက်လပ်တွင် မီတာတစ်ရာကျော်ရှည်သော အပြာရောင်နဂါးကြီးတစ်ကောင်က သောင်းကျန်းလျက် လမ်းတစ်လျှောက်တွင် အလောင်းများတောင်လိုပုံနေသည်ကိုမြင်နိုင်သည်။ ဆယ်မိနစ်ခန့်အကြာတွင် ဤရေနဂါးက ရုတ်တရက် မြေပြင်ပေါ်သို့ ကြွေကျလာသော အမှုန်အမွှားများအဖြစ်ပြောင်းလဲပြန့်ကျဲသွားသည်။

“မကောင်းတော့ဘူး ငါ့ဒဏ်ရာတွေက မသက်သာသေးဘူး။ ဒီနဂါးကို အကြာကြီးထိန်းနိုင်မှာမဟုတ်ဘူး”

စစ်မြေပြင်အထက် ကောင်းကင်ယံ၌ ယွမ်သုန်ကျီသည် မြေပြင်ပေါ်ရှိ ရေများကို ငုံ့ကြည့်ကာ ဖျော့တော့သောမျက်နှာ ပျော့ညံ့သောအသံဖြင့်ပြောလိုက်သည်။ သူမ စကားပြောနေစဥ်တွင် ကျောက်စိမ်းလက်ကိုမြှောက်လိုက်ရာ အပြာရောင် စွမ်းအင်များက သူမ၏ လက်ဖဝါးတွင်ရုတ်တရက်ပေါ်လာသည်။

၎င်းသည် ဝိဉာဥ်ရေးစွမ်းအားကို ပြန်လည်ရရှိရန် ကူညီပေးနိုင်သော ဆေးလုံးဖြစ်သည်။

ယွမ်သုန်ကျီက သူမ၏ နီမြန်းနေသော နှုတ်ခမ်းဖူးဖူးများကို ဟ၍ နက်ပြာရောင်ဆေးကို သောက်လိုက်ပြီးနောက် ဆေးက ချက်ချင်းအရည်ပျော်သွားကာ သူမ၏ ရောင်ရမ်းနေသော ဦးနှောက်ကို လျင်မြန်စွာ စိုစွတ်သွားစေကာ တဖြည်းဖြည်းပြန်လည်သက်သာလာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ဦးနှောက်ထဲမှ ရောင်ရမ်းမှုက သိသိသာသာ သက်သာသွားသည့်နှယ်ခံစားလိုက်ရသည်။

နောက်ထပ် တစ်မိနစ် သို့မဟုတ် နှစ်မိနစ်အတွင်း သူမသည် နဂါးကို ထိန်းချုပ်ကာ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်နိုင်မည်ဖြစ်သည်။

ဝှစ်

ရုတ်တရက် စူးရှရှ အသံထွက်ပေါ်လာသည်။ ယွမ်သုန်ကျီက ပြန်လည် မတုံ့ပြန်နိုင်ခင်တွင် ပြင်းထန်သော မူလစွမ်းအားနှင့် ပေါင်းစပ်ထားသည့် အရိုးစူးတစ်ခုက သူမ၏ ရင်ဘက်သို့ ဖောက်ထွက်သွားကာ သွေးများဖြန်းခနဲထွက်လာသည်။

ဖွီး

ဖွီး

ဖွီး

တစ်ချိန်တည်းမှာပင် အလားတူအသံများစွာထွက်ပေါ်လာခဲ့သည်။ ယွမ်သုန်ကျီ၏ ခြေလက်နှင့် ဦးခေါင်းတို့ကို အခြားအရိုးစူးများက တိုက်ရိုက်ထိုးဖောက်သွားကာ ခန္ဓာကိုယ်တွင် သွေးထွက်သံယိုအပေါက်များစွာ ချန်ခဲ့သည်။

အရိုးဆူး၏ ကြီးမားသော ရိုက်ခတ်မှုကြောင့် သူမ၏ ညာလက်မောင်းကိုပင် ထိမှန်၍ ချက်ချင်းပင် လေထဲတွင် ပျံ့နှံ့သွားခဲ့သည်။

တခဏလေးအတွင်းမှာပင် လေထဲတွင် မတ်တပ်ရပ်နေသော ယွမ်သုန်ကျီသည် ယခုအခါ ပြင်းထန်စွာ ဒဏ်ရာရသွားကာ အရှိန်ပြင်းစွာ လွင့်ထွက်လျက် ကောင်းကင်တွင် ထင်ရှားသိသာသော သွေးစီးကြောင်းကို ချန်ထားခဲ့သည်။

မြေပြင်ပေါ်တွင် လျို့ချွမ်ဝူသည် ရှန်ဟိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၏ ရှေ့တွင် သခင်အဆင့် ပထမအဆင့်ရှိသော မီးလျံကျားသားရဲကို တွန်းလှန်ရန် သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်ကို အသုံးပြုကာ ဆက်တိုက် ဆုတ်ခွာသွားခဲ့သည်။ ၎င်းက မဝေးလှတော့သော အောင်နိုင်မှုကိုမြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားမိသွားသည်နှင့် မျက်လုံးထောင့်မှ ယွမ်သုန်ကျီတစ်ယောက် ကောင်းကင်မှကျလာသော မြင်ကွင်းကိုမြင်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ ခေတ္တ တုံ့ဆိုင်းသွားသည်။ အချိန်တိုလေးအတွင်းတွင်း၌ သူ၏ အားနည်းချက်ကို ထုတ်ပြမိ၍ မီးလျံကျားသားရဲက တန်ပြန်တိုက်ခိုက်ခွင့်ရသွားကာ သူ့ရင်ဘတ်ပေါ်သို့ အပူချိန်မြင့်မားသော မီးတောက်တစ်ခုဖြင့်ရိုက်ချခဲ့သည်။ ထိမှန်သွားသည်နှင့် မီးလျှံများက သူ့ခန္ဓာကိုယ်တစ်လျှောက်ချက်ချင်းပျံ့နှံ့သွားကာ အသွေးအသားများကို ပြင်းပြင်းထန်ထန်‌ လောင်ကျွမ်းစေခဲ့သည်။ သူသတိပြန်ရလာသောအခါ မြေပြင်ပေါ်သို့ လျင်မြန်စွာ လူးလိမ့်ရင်းဖြင့်

သွေးများအန်ချလျက် သူ့အပေါ်ရှိ မီးတောက်များကို ငြှိမ်းရန် ကြိုးစားသည်။

ကံမကောင်းစွာဖြင့် သူ အဝေးသို့ မလှိမ့်နို်ငခဲ့ပေ။

နောက်ထပ်တစ်စက္ကန့်တွင်

ဝှစ်

မီးကျားသားရဲသည် ၎င်း၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ မီးတောက်မြှားတစ်စင်းအဖြစ်သို့ ပြောင်းလဲကာ သူ့ဆီသို့ လျင်မြန်စွာ ခုန်အုပ်လိုက်သည်။

ပြီးသွားပြီ…

လျို့ချွမ်ဝူ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သားရဲ၏ မေးရိုးအောက်၌ သေရတော့မည်ဟု တွေးနေသော အခိုက်၌

ဗွမ်း

မြေအောက်ရေလှိုင်းကြီးသည် ရုတ်တရက် မြေကြီးကို ဖြတ်သွားကာ ချက်ချင်းဆိုသကဲ့သို့ပင် မီတာတစ်ရာရှည်သော ရေနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွား၍ မီးကျားသားရဲကို တစ်ချက်ကိုက်ကာ မျိုချလိုက်သည်။

နဂါး၏ ဝမ်းဗိုက်၏ ဖိနှိပ်မှုအောက်တွင် မီးကျားသားရဲရှိမီးတောက်များသည် တစ်ခဏအတွင်း ငြိမ်းသွားပြီး ဘာမှမကျန်တော့ဘဲ၊ ၎င်း၏ခန္ဓာကိုယ်သည် ရေနဂါးကြီး၏ သွေးနီဥများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် မိုးသည်းထန်စွာရွာသွန်းသကဲ့သို့ အေးစက်သော မြေအောက်ရေသည် လျို့ချွမ်ဝူပေါ်သို့ ကျလာကာ

သူ့အပေါ်ရှိ မီးတောက်များကို ချက်ချင်းငြိမ်းသတ်လိုက်သည်။ ထို့နောက် ယွမ်သုန်ကျီက မြေပြင်ပေါ်သို့ လဲကျသွား၏။

အသက်ရှင်ရုံမျှသာရှိသော ခန္ဓာကိုယ်ဖြင့်ပင် လျို့ချွမ်ဝူကို ကယ်တင်ရန်အတွက် မီတာတစ်ရာကျော်ရှည်သော နဂါးကြီးကို ထိန်းချုပ်ရန် သူမ၏နောက်ဆုံးဝိညာဉ်စွမ်းအားကို အတင်းအကြပ်အသုံးပြုခဲ့သည်။ လျို့ချွမ်ဝူသည် မိမိကို ယွမ်သုန်ကျီမှ ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ကောင်းစွာသိသည်။

မီးတောက်များ ငြှိမ်းသတ်လိုက်သည်နှင့် ပြင်းထန်သော ဒဏ်ရာဒဏ်ချက်တို့ကို လျစ်လျူရှုကာ မြေပြင်မှ ချက်ချင်းထကာ ယွမ်သုန်ကျီဆီသို့ ပြေးသွားခဲ့သည်။

ဆယ်စက္ကန့်မပြည့်ခင်၌ပင် သူသည် ဒဏ်ရာပြင်းထန်စွာရထားသော ယွမ်သုန်ကျီအနားသို့ရောက်လာကာ စိုးရိမ်တကြီး ဒူးထောက်လိုက်သည်။

“သုန်ကျီ … အဆင်ပြေရဲ့လား”

"ကျွန်မ… မသေသေးဘူး..." ယွမ်သုန်ကျီက ခပ်တိုးတိုးပြောသည်။

"ဒါပေမယ့် ရှင် စစ်မြေပြင်မှာ အာရုံမပျက်စေနဲ့။ အချိန်တိုင်း လူတစ်ယောက်က ရှင့်ကို အချိန်မှီ ကယ်နိုင်မှာမဟုတ်ဘူး”

"သိပါတယ် နောက်တစ်ခါ ပိုသတိထားပါ့မယ်"

လျို့ချွမ်ဝူက တုံ့ပြန်လိုက်ပြီးနောက် သူ၏ သွေးစွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်ကာ ယွမ်သုန်ကျီဆီသို့ လွှဲပြောင်းပေးရန် ပြင်လိုက်သည်။ ဤသည်မှာ သွေးသန့်လူသားလမ်းစဥ်၏ ထူးခြားသော နည်းပညာဖြစ်၍ လူတစ်ဦးကို သွေးစွမ်းအင် လွှဲပြောင်းပေးနိုင်သည်။

"ကျောင်းအုပ်၊ ကျောင်းအုပ် ယွမ် အဆင်ပြေလား" စုန်ယွီယန်က စိုးရိမ်တကြီး ရှေ့မှပြောလိုက်သည်။

ယွမ်သုန်ကျီက အေးတိအေးစက်ပြော၏။

"ငါအဆင်ပြေပါတယ်၊ မင်း ငါ့ကို လာစစ်စရာမလိုဘူး။ မြန်မြန် နေရာပြန်ယူပြီး ဂြိုလ်သားတွေကို ခုခံ”

“ကောင်းပြီ ဒါဆို ငါပြန်တော့မယ်”

အချိန်ဆွဲမနေတော့ဘဲ စုန်ယွီယန်က သူမ၏ မူလနေရာသို့ပြန်လာရန် ကြံရွယ်ကာ လှည့်လိုက်သည်။ သို့သော် သူမလှည့်၍ အဝေးသို့မသွားရသေးခင်တွင်‌ ကောင်းကင်ယံမှ ပြင်းထန်သော တိုက်မိမှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

All Chapters