← Chapters

အမြီးကိုးချောင်းမြေခွေးမိစ္ဆာ (၃)

Vol. 32 Ch. 470

အမြီးကိုးချောင်းမြေခွေးမိစ္ဆာ (၃)

Vol. 32 Ch. 470

ရှေးဟောင်းစိမ်းလန်းတောင်တန်း၏ အရှေ့မြောက်ပိုင်းတွင်မူ....။

မူလမြေ၏အရှေ့ပိုင်းနယ်မြေသို့ ဦးတည်ရာအရပ်တွင် ဖြစ်သည်။ စုကျိုကျဲသည် ရှေးဟောင်းစိမ်းလန်းတောင်တန်းမှ ထွက်သွားသည်နှင့် အမြန်နှုန်းမြှင့်လိုက်ပြီး တစ်စက်ကလေးပင် မနားတော့ပေ။ အရှေ့ပိုင်းနယ်မြေတွင် တောင်အရှင် စုမေရှောင်၏ ချစ်သူဟောင်းရှိသည်။ ထိုချစ်သူဟောင်းမှာ အရှေ့ပိုင်းနယ်မြေ၏ရှေးဘိုးဘေးအဆင့်ဖြစ်ကာ လွန်စွာစွမ်းအားကြီးလှသည်။ တောင်အရှင်စုကျိုကျဲ၏ချစ်သူဟောင်းသည်သာ အချိန်မီလာကယ်နိုင်လျှင် လက်ရှိ ရှေးဟောင်းစိမ်းလန်းတောင်တန်၏အကျပ်အတည်းသည် အလွယ်လေးပင် ဖြေရှင်းနိုင်လိမ့်မည်။

"ဝှစ်"

ရုတ်တရက်ပင် လေကို ခွင်းသောအသံကို ကြားလိုက်ရသည်။ ထိုအသံကို ကြားလိုက်သည်နှင့် အနက်ရောင်ချီအငွေ့အသက်များဖြင့် လွှမ်းခြုံထားသောလူတစ်ယောက်သည် ရှေ့တွင် ပေါ်လာပြီး စုကျိုကျဲ၏လမ်းကို ပိတ်ထားလိုက်သည်။

"ရှောင်ဟူလီ ဘယ်ကိုသွားလို့ စဉ်းစားနေတာလဲ။"

အလောင်းနှင့်တူသောမျက်နှာရှိသည့်ထိုသူက စုကျိုကျဲကိုမေးလိုက်ပြီး လွန်စွာအားပြင်းသောအငွေ့အသက်မျိုးကိုလည်း ထုတ်လွှတ်လိုက်သည်။ သူမ၏လမ်း၌ ရုတ်တရက်ပေါ်လာသော ချောင်းယောင်ကျင်းနှင့် ရင်ဆိုင်လိုက်ရသောအခါ၌ စုကျိုကျဲက အသာမျက်မှောင်ကြုတ်ပြီး မေ့ပျောက်ခြင်းနယ်မြေမှ ဂြိုလ်သားက ဝင်တားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ နေလအထွတ်အမြတ်နယ်မြေနှင့် မေ့ပျောက်ခြင်းနယ်မြေမှ ရုတ်တရက်တိုက်ခိုက်မှုသည် ရေရှည်စီစဉ်းထားခြင်းမျိုးဖြစ်ပြီး လွန်စွာ သေချာကျနစွာ စီစဉ်ထားသည်။

စုကျိုကျဲသည် အတိုချုံးရှင်းပြလိုက်ပြီး များများစားစားမစဉ်းစားနေတော့ပေ။ ထိုအတွေးများကို အဆုံးသတ်လိုက်သည်နှင့် ဆွဲဆောင်မှုရှိလှ‌သောမျက်ဝန်းများသည် ခရမ်းရောင်တောက်ပသွားသည်။ ခရမ်းရောင်အလင်း ထွက်ပေါ်လာသည်နှင့် ရှေ့၌ လမ်းပိတ်ထာသောသူသည် ချက်ချင်ပင် ပုံရိပ်ယောင်ကျင့်စဉ်ဖြင့် ဝင်တိုးကာ ဖရိုဖရဲပုံရိပ်ယောင်ထဲသို့ ကျဆင်းသွားရသည်။ ပုံရိပ်ယောင် ကျင့်စဉ်က အလုပ်ဖြစ်သည်ကို မြင်သောအခါတွင် စုကျိုကျဲက ချက်ချင်းဆိုသလိုပင် ထိုယောက်ျားနားမှ ဖြတ်သွားပြီး ခဏလေးပင် နှောင့်နှေးမနေပေ။ သူမသည် ထိုလူဆီမှ ထုတ်လွှတ်သောအငွေ့အသက်သည် လွန်စွာအားကောင်းသည်ကို အာရုခံမိသည်နှင့် ထိုသူသည် မိမိထက် အားကောင်းသည်ကို သိလိုက်သည်။ သူမ၏ပုံရိပ်ယောင်ကျင့်စဉ်သည် ထိုသူကို မည်မျှကြာကြာ သက်ရောက်မှုရှိမည်ကို မသေချာသဖြင့် အမြန်ပင် ထွက်သွားသည်။

တောင်အရှင် စုမေရှောင်၏စွမ်းအားကလည်း အကန့်အသတ်ရှိသည်။ စုမေ‌ရှောင်ပေါ်တွင် အားကိုး၍ ရှေးဟောင်းစိမ်းလန်းတောင်တန်းကို ကာကွယ်ခြင်းက ကြာကြာခံမည်မဟုတ်ပေ။စုကျိုကျဲသည် အမြန်ပင် အရှေ့ပိုင်းနယ်မြေသို့ အပြေးသွားပြီး စုမေရှောင်၏ရည်းစားဟောင်းထံတွင် အကူအညီတောင်းခံရမည်။

"စိမ်းလန်းတောင်တန်းမြေခွေးမျိုးနွယ်ရဲ့ ဝိညာဉ်စွမ်းအားကျင့်စဉက် ဘာမှလည်း ထူးခြားမနေဘူး။"

စုကျိုကျဲသည် စွမ်းအားကို အမြင့်ဆုံးမြှင့်၍ ပြေးသော်လည်း ဘေးက သစ်ပင်တစ်ပင်အောက်မှ ရင်းနှီးနေသည့်ယောက်ျားသံတစ်သံ ထွက်ပေါ်လာသည်။ ထိုရင်းနှီးနေသောအသံကို ကြားသည်နှင့် စုကျိုကျဲက အနည်းငယ်မျှ အမူအရာပြောင်းသွားသည်။ သူမသည် အသံလာရာကို ကြည့်ပြီး မြင်ကွင်းထဲ၌ မြင်လိုက်ရသည်မှာ အလောင်းနှင့်တူသောယောက်ျားပင်ဖြစ်သည်။ ထိုသူသည် သူမ၏ ပုံရိပ်ယောင်ကျင့်စဉ်ထဲမှ ထွက်လာနိုင်လေသည်။

ဘာတွေဖြစ်နေတာလဲ

သူက ငါ့ရဲ့ ပုံရိပ်ယောင်ကျင့်စဉ်ထဲကနေ ထွက်လာတာလား

သူက တိတ်တိတ်လေး ဘယ်လိုလုပ် ပေါ်လာတာလဲ

စုကျိုကျဲက မျက်မှောင်ကြုတ်ပြီး လှပသောမျက်နှာလေးက တွေဝေမှုဖြင့် ပြည့်နေသည်။ သူမတွေဝေနေသည်ကို မြင်သောအခါတွင် ထိုသူက ကြွက်ကိုကျီစားနေသည့် ကြောင်ကဲ့သို့ စနောက်လိုက်သည်။

"ငါက မင်းရဲ့ ပုံရိပ်ယောင်ကျင့်စဉ်ထဲမှာ မိနေတာမဟုတ်ဘဲ မင်းက ငါ့ထဲမှာ မိနေတာများ ဖြစ်နိုင်မလား။"

ငါက ပုံရိပ်ယောင်ကျင့်စဉ်ထဲမှာ ပိတ်မိနေတာလား

ထိုစကားကို ကြားသည်နှင့် စုကျိုကျဲတစ်ယောက် ရင်တုန်သွားရသည်။ သူမသည် ချက်ချင်းပင် ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန်အတွက် အဆီအနှစ်သွေးကို စွန့်လွှတ်လိုက်သည်။ ဝိညာဉ်စွမ်းအားက အားပြင်းလာသည်နှင့် ကွဲကြောင်းများကို မြင်လိုက်ကာ အမြင်အာရုံများစွာ ပေါ်လာသည်။ ထိုကွဲကြောင်းများက ပို၍ကြီးလာပြီး သူမ၏အမြင်အာရုံသည် ကွဲကြေသွားသောမှန်ကဲ့သို့ အစိတ်စိတ်အမွှာမွှာဖြစ်သွားရသည်။ သူမ၏အမြင်အာရုံကို ရှင်းလင်းပြီးနောက်တွင် စုကျိုကျဲက ပတ်ဝန်းကျင်ကိုကြည့်သော်လည်း သူမသည် လုံးဝပင် မရွေ့သည်ကို တွေ့လိုက်ရသည်။ ထိုသူဖြင့်ဆုံသောနေရာတွင်သာ ရှိနေဆဲဖြစ်သည်။

ဆိုလိုသည်မှာ မိမိသည် ထိုသူဖြင့် ဆုံစဉ်ကတည်းကပင် ထိုသူ၏ပုံရိပ်ယောင်ကျင့်စဉ်ထဲတွင် ကျသွားသည်ဟု ဆိုလိုနေသည်။ သူမခန့်မှန်းမိသည်နှင့် ချက်ချင်းတွန့်ဆုတ်မနေတော့ဘဲ အဆီအနှစ်သွေးများစွာကို စွန့်လွှတ်ပြီး ဝိညာဉ်စွမ်းအားကို မြင့်မြတ်သူအဆင့်ထိ တိုးပစ်လိုက်သည်။ ထိုသူသည် ဝိညာဉ်စွမ်းအားထဲမှ ရုတ်တရက်ပေါက်ကွဲထွက်လာမှုကို ခံစားမိသော်လည်း အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်သည်။

"ဘာလို့ ရုန်းကန်နေတာလဲ။ ငါက မင်းအသက်ကို မနှုတ်ပါဘူး။ မင်းက ငါ့ရဲ့ဒယ်အိုးဖြစ်လာဖို့ ဆန္ဒရှိတယ်ဆိုရင် မင်းကို ဆံပင်မွေးတစ်ချောင်းတောင် အန္တရာယ်မဖြစ်စေရဘူး။"

ရှေးဟောင်းစိမ်းလန်းတောင်တန်း၏မြေခွေးမိန်းကလေးများသည် နှစ်ထပ်ကွမ်းကျင့်စဉ်ကြောင့် နာမည်ကြီးသည်။ မူလမြေတွင် မည်သည့်ယောက်ျားကမှ ထိုမြေခွေးမိန်းကလေးများကို ဒယ်အိုးအဖြစ် သုံးရန် ဆန္ဒမရှိသူဟု၍ မရှိပေ။

"ဟမ် ရုပ်ဆိုးကောင် နင့်မှာ အဲ့လိုလုပ်ဖို့ ဘာအရည်အချင်းရှိလို့လဲ။"

စုကျိုကျဲသည် တင်းမာနေဟန်ဖြင့် မိမိရှေ့မှသူကို စော်ကားလိုက်ပြီး အမြန်ဆုံးဝိညာဉ်စွမ်းအားဖြင့် တိုက်ခိုက်တော့သည်။ ထိုသူက ခပ်ရေးရေးပြုံးနေသောအပြုံးက ပျောက်ကွယ်သွားပြီး စိတ်တိုသွားဟန်ဖြင့် လူသတ်လိုသောအငွေ့အသက်များ ပြည့်နှက်သွားသည်။ ထိုသူက ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုမိန်းကလေးကို ဒယ်အိုးအဖြစ် မသုံးတော့ပေ။ သူမ၏ယင်အလောင်းကိုယူပြီး အိပ်ရာနားတွင်ထားကာ သုံးပေမည်။ သက်ရှိများက ဆဲရေးတိုင်းထွားနိုင်သည်။ သို့သော် ဝိညာဉ်မရှိသည့်ယင်အလောင်းဆိုလျှင် ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။ မိမိလုပ်ချင်သည့်အရာမှန်သမျှလုပ်နိုင်သည်။

"သေစမ်း"

ထိုသူက ဒေါသပေါက်ကွဲသွား၏။ နောက်တွင် အနက်ရောင်ချီစွမ်းအားများက ပို၍သိပ်သည်းလာပြီး မည်းနက်နေသောမြားများပေါ်လာကာ စုကျိုကျဲကိုချိန်၍ အဆက်မပြတ်ပစ်ခတ်တော့သည်။ မြားများက မြန်လွန်းသဖြင့် နောက်မှလေဟာနယ်တွင်ပင် အက်ကွဲကြောင်းများ ကျန်ခဲ့သည်။ ကြောက်စရာကောင်းလှသည့်မြားများကို ရှောင်ချိန်မရှိလိုက်သဖြင့် စုကျိုကျဲတစ်ယောက် ချက်ချင်းပင် မြားမှန်သွားတော့သည်။ မြားမှန်သွားသည်နှင့် သူမ၏အသက်ဓာတ်ကလည်း လျင်မြန်စွာ လျော့ကျလာကာ မျက်နှာသည်လည်း သေလုမျောပါးဖျော့တော့သွားပြီး တစ်ကိုယ်လုံးက အရောင်မရှိသည့်နီးပါးပင် ဖြစ်သည်။

"ဘုန်း"

ရုတ်တရက်ပင် ကျယ်လောင်သောပေါက်ကွဲသံကြီးကို ကြားလိုက်ရသည်။ သူမ၏အသက်ဓာတ်ကုန်ခါနီးတွင် စုကျိကျဲ၏ခန္ဓာကိုယ်က ရုတ်တရက်ပေါက်ကွဲသွားပြီး မြေခွေးမွေးများ ပြန့်ကြဲသွားကာ မြေခွေးမြီးသည်သာ မြေကြီးပေါ်တွင် ကျန်နေခဲ့သည်။

"မင်းအမြီးကိုဖြတ်ပြီး လွတ်သွားတာလား"

ထိုသူက မြေကြီးပေါ်မှ မြေခွေးမြီးကို ကြည့်ပြီး မလှုပ်မယှက်ဖြင့် မိမိဘာသာ ညီးတွားနေမိသည်။

All Chapters