← Chapters

ကမ္ဘာမြေ၏ အကြီးဆုံးသစ္စာဖောက်

Vol. 34 Ch. 498

ကမ္ဘာမြေ၏ အကြီးဆုံးသစ္စာဖောက်

Vol. 34 Ch. 498

ကြီးမားသော ကြက်သွေးရောင် အမြစ်စနစ်များသည် မြေကြီးအောက်နက်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာကာ မြို့ရိုးခြေရင်းသို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။

ထိုအမြစ်များကို မြင်လိုက်ရသောအခါ လင်းဇီချန်၏ မျက်နှာသည် မည်းမှောင်လာလျက် ရှန်ချင်းဟန်၏လှပသော မျက်နှာသည်လည်း ဖြူဖျော့သွားလေသည်။

နှစ်ယောက်စလုံးက လုံးဝသတိထားခဲရကာ ကြက်သွေးရောင် အမြစ်များမှ အရူးအမူး တိုက်ခိုက်ခြင်းကို ခံရတော့မည် ထင်လိုက်ကြသည်။ သို့သော်လည်း ကြက်သွေးရောင်အမြစ်များသည် ၎င်းတို့နှစ်ဦးကို လုံးဝလျစ်လျူရှုကာ ၎င်းတို့ရောက်ရှိနေခြင်းကို သတိမထားမိပုံဖြင့် အထက်သို့ တက်လာခဲ့သည်။

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အသက်ရှုရပ်ကာ နေရာတွင် မလှုပ်မယှက် ငြိမ်ကျနေ၍ ၎င်းတို့ပတ်ဝန်းကျင်တွင် တက်လာနေသော ကြက်သွေးရောင်အမြစ်များကို တိတ်တဆိတ် ကြည့်နေကြသည်။

သူတို့၏ဘေးကင်းမှုကို အတည်ပြုပြီးမှသာ လင်းဇီချန်သည် တူးဖော်မှု၏ ဦးတည်ချက်ကို ပြောင်းလဲလျက် ကြက်သွေးရောင်အမြစ်များမှ ဆန့်ကျင်ဘက်သို့ဦးတည်ခဲ့သည်။

နှစ်ယောက်သား ထွက်ခွါရန်ပြင်ဆင်ကြသောအခိုက်၌

ရုတ်တရက်

မြို့၏ အောက်ခြေက အခင်းအကျင်းက တခဏချင်း ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်း၌ပင်

ပတ်၀န်းကျင်ရှိ ကြက်သွေးရောင်အမြစ်များ အရှိန်အဟုန်ဖြင့် တိုးမြင့်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် မြို့၏အောက်ပိုင်း ခံတပ်များကို ထိုးဖောက်ဝင်ရောက်ကာ မြို့တွင်းသို့ ဝင်ရောက်သွားကြသည်။

ဤသည်ကိုမြင်လိုက်ရသော လင်းဇီချန်က ခဏမျှ ထိတ်လန့်သွား၍ နောက်တွင် စိုးထိတ်ဖွယ် သဘောပေါက်မှုသည် သူ့စိတ်ထဲသို့ လွှမ်းခြုံသွားသည်။

မြို့၏အောက်ခြေရှိ ခင်းကျင်းမှုများကို ဖောက်ဖျက်ခြင်းမပြုရသေးမီ အားလုံး အလိုလို ပျောက်ကွယ်သွားခဲ့သည်။

ဘာတွေဖြစ်နေတာလဲ။

မြို့ထဲမှာ သစ္စာဖောက်တစ်ယောက်က အပြင်က ဂြိုလ်သားမျိုးနွယ်တွေနဲ့ ပေါင်းနေတာလား။ ဤအတွေးဖြင့် လင်းဇီချန်၏ အမူအရာသည် ပို၍ပင် လေးနက်လာသည်။

တုံ့ဆိုင်းသွားပြီးနောက်

နောက်ဆုံးတွင် သူသည် မြို့ထဲသို့ဝင်သွားသည့် ကြက်သွေးရောင်မြစ်များနောက်လိုက်ရန် ဆုံးဖြတ်လိုက်ကာ ရှန်ချင်းဟန်ကို အထက်မြို့၏ ခြေရင်းသို့ အမြန်ခေါ်သွားခဲ့သည်။

ပေါက်ကွဲတော့မည့် တိုက်ပွဲတွင် မြို့သူမြို့သားများနှင့် သူအတူ ပူးပေါင်းချင်သည်။ သူ့ရည်ရွယ်ချက်က သူ့လူများနှင့် ရပ်တည်ရန်မဟုတ်ဘဲ ဂြိုလ်သားမျိုးနွယ်ဝင်များကို သတ်ပစ်ရန်နှင့် ဂြိုလ်သားအလောင်းအမြောက်အမြားကို ဝါးမြိုရန်သက်သက်ဖြစ်သည်။

...

မြို့တွင်း မြင့်မားသောနံရံများအောက်တွင်။

မျက်စိဖြင့် မြင်နိုင်သော နေရာတိုင်းတွင် လူများ ပြည့်ကျပ်နေသည်။ ဤအခိုက်အတန့်တွင် မြို့သူမြို့သားအားလုံးနီးပါးသည် ဤနေရာတွင် ရှိနေကြကာ မည်သည့်အချိန်တွင်မဆို ပြင်းထန်သောတိုက်ပွဲတွင် ဂြိုလ်သားများနှင့်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

...

ကောင်းကင်ယံသို့ ထိုးထွက်နေသည့် ဧရာမသစ်ပင်ကြီးအောက်တွင် မြို့တော်၏ အမြင့်ဆုံးဆင့်ကဲပြောင်းလဲထားသည့် ပါရမီရှင်များ အားလုံးစုဝေးကြကာ လက်နက်များကိုင်ဆောင်လျက် မြို့ခေါင်းဆောင်၏ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုမိန့်ခွန်းကို ဂရုတစိုက် နားထောင်ကြသည်။

သို့မဟုတ် တနည်းအားဖြင့် ခွန်အားဖြစ်စေသော မိန့်ခွန်းဖြစ်သည်။

ဤအဖွဲ့တွင် ပါရမီရှင် တစ်ရာကျော်ရှိသည်။

လော့ချန်းရွှယ် နှင့် အခြားသော လက်ရှိ ဂြိုလ်လူသားအဆင့်ပါရမီရှင်များအပြင် ကျန်လူတစ်ရာနီးပါးသည် ယခင်က ဂြိုလ်လူသားအဆင့် ပါရမီရှင်များဖြစ်ကြသည်။

အဆိုပါ ပါရမီရှင်ဟောင်းများထဲတွင် စွမ်းအားအကြီးဆုံးသည် မြင့်မြတ်သူအဆင့် တတိယအဆင့်၌ရှိသည်။ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူသည် မြင့်မြတ်သူအဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

လွန်ခဲ့သည့် ၃၈ နှစ်က ပါရမီရှင်အနေဖြင့် ဘွဲ့ရခဲ့ကာ ယခု အသက် ၆၈ နှစ်တွင် စွမ်းအားအကြီးဆုံး ဖြစ်ခဲ့သည်။

သူမှလွဲ၍ သူ၏ တွဲဖော်များအားလုံး သေကုန်ကြပြီဖြစ်သည်။

မူလမြေတွင် အားလုံးသေကုန်ကြပြီဖြစ်သည်။ မူလမြေကို ခြေကုပ်ယူရန် ရှေ့ဆောင်လုပ်နေစဉ် အများစု သေဆုံးခဲ့ကြသည်။ လွန်ခဲ့သော ၃၈နှစ်ကာလအတွင်းတွင်၊ မူလမြေကို ကမ္ဘာမြေ၏နားလည်မှုမှာ ယခုထက် များစွာနည်းပါးနေခဲ့သည်။ မူလမြေနှင့်ပတ်သက်သည့် လက်ရှိအသိပညာကို သန်မာသော သူများ က ခက်ခက်ခဲခဲ ယူနိုင်ခဲ့၍ အဆင့်ဆင့် လမ်းခင်းပေးခဲ့သည်။

ရှေ့ဆောင်လုပ်ငန်းစဉ်သည် အန္တရာယ်များနှင့် ပြည့်နှက်နေ၍ ဤလုပ်ငန်းစဉ်အတွင်း ပါရမီရှင်များနှင့် သန်မာသော ပုဂ္ဂိုလ်များစွာ ကျဆုံးခဲ့ရသည်။

မကြာသေးမီနှစ်များအတွင်းတွင်ပင်၊ မူလမြေပြင်ကို နက်နက်ရှိုင်းရှိုင်းနားလည်လာသောကြောင့် ဂြိုလ်သားလူသားအဆင့်အဖွဲ့များကြား သေဆုံးမှုနှုန်း လျော့ကျသွားခဲ့သည်။

မဟုတ်လျှင် လက်ရှိ ဂြိုလ်လူသားပါရမီရှင်အဖွဲ့သည် အဖွဲ့ဝင်တစ်ဝက်ခန့်ကို ဆုံးရှုံးသွားနိုင်သည်။ ထို့နောက် နှစ်အနည်းငယ်အတွင်းတွင် စွမ်းအား အပြင်းဆုံး တစ်ယောက် သို့မဟုတ် နှစ်ယောက်သာ ကျန်ရှိတော့မည်ဖြစ်၍ ကျန်အားလုံးသည် အမြောက်စာများ ဖြစ်လာမည်ဖြစ်သည်။

"မြို့ထဲမှာ အရင်းအမြစ်သလင်းကျောက်တွေ အများကြီး ကျန်နေသေးတယ်၊ အကာအကွယ် အခင်းအကျင်းကြီးက မကြာခင် ပျောက်ကွယ်သွားလိမ့်မယ်"

"ကြီးမားတဲ့ အကာအကွယ် အခင်းအကျင်း ပျောက်ကွယ်သွားတဲ့ အချိန်ဟာ ရန်သူကို တိုက်ဖို့အကောင်းဆုံးအချိန်ပဲ"

“လာမယ့် တိုက်ပွဲကြီးက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ တော်တော်များများက သူတို့ရဲ့ အသက်ကို စတေးပြီး စစ်မြေပြင်မှာ အလောင်းတွေ ဖြစ်သွားကြပြီး တချို့က အရိုးတွေကိုတောင် မချန်ခဲ့နိုင်တော့ဘူး”

"ဒါပေမယ့် မင်းတို့ အားလုံးက ပါရမီရှင်တွေပဲ"

"အခြားသူတွေအတွက်တော့ ဒီတိုက်ပွဲက အန္တရာယ်တွေ ပြည့်နှက်နေပေမယ့် မင်းတို့ အတွက်ကတော့ ဒီတိုက်ပွဲက အခွင့်အရေးအပြည့်ပဲ"

"ကျိုးဟိုင် မင်းဟာ မြင့်မြတ်သူတတိယအဆင့်မှာ ဆယ်နှစ်နီးပါးကြာအောင်နေခဲ့တယ်"

"မင်း အကြာကြီး အဆင့်မတက်နိုင်ရတဲ့ အကြောင်းရင်းက မင်းရဲ့ ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်က မလုံလောက်လို့ မဟုတ်ဘဲ အရင်းအမြစ်တွေ အလုံအလောက် မရယူထားတာကြောင့်ပဲ”

"လာမယ့်တိုက်ပွဲက မင်းကို ဆင့်ကဲပြောင်းလဲခြင်း အရင်းအမြစ် အမြောက်အမြားရဖို့ အခွင့်အလမ်းကို ပေးနိုင်တယ် အဲ့တာကို ကောင်းကောင်း ဆုပ်ကိုင်ထားနိုင်ရမယ်"

"ချန်ရုန်ရန် မင်းက သခင်အဆင့်ပဥ္စမအဆင့်မှာ ငါးနှစ်ကြာအောင် နေခဲ့ရတာ ခုဏက ပြောလိုက်တဲ့သဘောတရားက မင်းနဲ့လည်း သက်ဆိုင်တယ်"

"ပြီးတော့ ကျုံးကျာ့ဖုန်း၊ ဝူကျားမင်၊ ကျန်းကျီ မင်းသုံးယောက်အတွက် အခြေအနေက ထူးမခြားနားပဲ”

ဤမြို့ခေါင်းဆောင်သည် ရူးသွပ်သော သတ္တိရှိရှိ ဟောပြောချက်များကို ဆက်လက်ပြုလုပ်ခဲ့ရာ တစ်ဦးစီသည် ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားအဆင့်တိုးတက်ရန် စိတ်အားထက်သန်နေသောကြောင့် ယင်းက ထိရောက်ခဲ့သည်။

ပါရမီရှင်များစွာသည် အစပိုင်းတွင် ကြောက်ရွံ့မှုအရိပ်အမြွက်ကို ခံစားခဲ့ရသည်။

ယခုမူ မြို့ခေါင်းဆောင်၏ စကားကိုကြားပြီးနောက် အသီးသီး စိတ်အားထက်သန်လာကာ စိတ်ဓာတ်များ အနည်းငယ် တက်ကြွလာကြသည်။

၎င်းတို့၏ ခံစားချက်များ မြင့်တက်လာသည့်အခိုက်၌

"ဗွမ်း"

"ဗွမ်း”

"ဗွမ်း”

ဆူညံသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ကြက်သွေးရောင် အမြစ်များစွာသည် မြေဆီလွှာကို ဖောက်ထွင်းဝင်ရောက်ကာ အများအပြားကို မြင်ကွင်းတွင် မြင်လာရသည်။ ထို့နောက်တွင် မြွေဆိုးများအဖြစ်သို့ ပြောင်းလဲကာ မြို့တွင်းရှိလူတိုင်းအပေါ် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို စတင်ခဲ့သည်။

ထိုအချိန်တွင် မြို့သည် တုန်လှုပ်ချောက်ချားနေကာ အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

သွေးမျိုးတက်စွမ်းအား အဆင့်နိမ့်သော လူအနည်းငယ်သည် ကြက်သွေးရောင် အမြစ်များဖြင့် ဖောက်ထွင်းတိုက်ခိုက်ခြင်းခံရသည်။ ၎င်းတို့၏ သွေးစွမ်းအင်များ ချက်ချင်း ခြောက်သွားကာ ခြောက်သွေ့နေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

သွေးစွမ်းအင်ကို စုပ်ယူပြီးသော ကြက်သွေးရောင် အမြစ်များသည် ကြီးထွားမှုဆိုင်ရာ ပစ္စည်း ဖြင့် ထိုးသွင်းလိုက်သကဲ့သို့ ကြီးထွားလာကာ ပါးလွှာသော အရွတ်များမှ မျက်စိတစ်မှိတ် အတွင်း ခိုင်ခံ့သော ပင်စည်များအထိ သိသိသာသာ ထူလာသည်။

"ကူညီပါ!!!"

"ဘာတွေဖြစ်နေတာလဲ၊ ဒီဆန်းကြယ်သစ်ပင်တွေက မြို့ရဲ့ခံစစ်ကို ဘယ်လိုဖြတ်ပြီး ဝင်သွားတာလဲ။"

"မြန်မြန်ကယ်ကြ!!!"

"..."

ထိုအော်သံများနှင့်အတူ တစ်မြို့လုံး ကမောက်ကမ ဖြစ်ခဲ့ရသည်။ ကြက်သွေးရောင် အမြစ်စနစ်က တိုက်ခိုက်ခံရသူများကို ကျွမ်းကျင်သူများက တုံ့ပြန်၍ ကူညီရန် အချိန်အနည်းငယ်ကြာခဲ့သည်။

အခန်း(၄၉၉) ကမ္ဘာမြေပေါ်မှ အကြီးဆုံး သစ္စာဖောက် ၂

ကောင်းကင်ယံထိ ထိုးဖောက်နေသည့် စိမ်းလန်းစိုပြေသော ဧရာမသစ်ပင်ကြီးများအောက်တွင် မရေမတွက်နိုင်အောင်များပြားလှသည့် ကြက်သွေးရောင်အမြစ်စနစ်များရောယှက်လျက် သစ်ပင်များအောက်ရှိ ဂြိုလ်လူသားအဆင့် ကျွမ်းကျင်သူ ရာပေါင်းများစွာကို ဖုံးအုပ်ထားကာ ဖောက်ထွင်း၍မရနိုင်သော သွေးပင့်ကူအိမ်တစ်ခုနှယ်ဖြစ်ပေါ်လာစေသည်။ ဂြိုလ်လူသားအဆင့်ပါရမီရှင်များသည် သတ်ရန်အတွက် စောင့်နေမည့် သိုးသငယ်များမဟုတ်ကြပေ။

ထို သွေးပင့်ကူအိမ်များဖြစ်ပေါ်လာသည့်အခိုက်တွင် ၎င်းတို့က အလျင်အမြန်လူစုခွဲကာ ရုတ်တရက် တိုက်ခိုက်မှုကို သဲ့သဲ့လေး ရှောင်ရှားခဲ့ကြသည်။

“ဘမ်း”

“ဘမ်း”

“ဘမ်း”

ကြက်သွေးရောင်အမြစ်စနစ်များ အထက်သို့တက်လာ၍ မြို့တွင်းရှိလူများကို အရက်စက်ဆုံးတိုက်ခိုက်မှုကို စတင်လိုက်သည်နှင့်အမျှ မြေကြီးကို ဖောက်ထွင်းဝင်ရောက်သည့်အသံများ ထွက်ပေါ်လာသည်။

ရေခဲတုံးတစ်ခုပေါ်တွင် မတ်တပ်ရပ်နေသည့် လော့ချန်းရွှယ်သည် ထိုအချိန်၌ မရေမတွက်နိုင်အောင်များပြားလှသည့် ကြက်သွေးရောင်အမြစ်စနစ်များ၏ တိုက်ခိုက်မှုကို ခံနေရပြီဖြစ်သည်။ ကြက်သွေးရောင်အမြစ်များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသဖြင့် သူမ လွတ်မြောက်ရန် နေရာမရှိတော့ပေ။

သို့သော်လည်း ထွက်ပြေးရန် ရည်ရွယ်ချက်မရှိပေ။

ကြက်သွေးရောင်အမြစ်စနစ်များသည် သူမ၏ခန္ဓာကိုယ်မှ စင်တီမီတာဝက်ခန့်အကွာတွင်ရှိနေသော်လည်း ထိုအမြစ်များကို ကြည်လင်ပြတ်သားသော ရေခဲတိုင်များအဖြစ်သို့ အေးခဲစွားစေခဲ့ကာ အဆုံးတွင် ရေခဲငွေ့အဖြစ်ပြောင်းလဲသွားစေသည်။ တိုက်ခိုက်မှုကို အောင်မြင်စွာရှောင်တိမ်းနိုင်ပြီဟု သူမထင်ခဲ့သောအခိုက်၌

အက်ကွဲသံများစွာ ထွက်ပေါ်လာသည်။ နောက်ထပ်တစ်စက္ကန့်တွင် ရေခဲတိုင်များအဖြစ်ပြောင်းလဲသွားသော ကြက်သွေးရောင်အမြစ်စနစ်များက ရေခဲပြင်မှ ကွဲထွက်သွားကာ လော့ချန်းရွှယ်ကို ဖုံးလွှမ်းသွားခဲ့သည်။ လော့ချန်းရွှယ်က အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိပေ။ လုံးဝ ဒြပ်စင်ပုံစံပြောင်းလဲထားခြင်းဖြစ်၍ သူမသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည်။ ထို့ကြောင့် ထိုမျှသော အမြစ်စနစ်များ၏ ရစ်ပတ်မှုက သူမကို ဒုက္ခပေးနိုင်မည်မဟုတ်ပေ။ သို့သော် နောက်ဆက်တွဲဖြစ်ပျက်ခဲ့သမျှသည် သူမ၏ ရိုးအသော အတွေးကို လုံးဝ ကွဲကြေသွားစေခဲ့သည်။ ချီစွမ်းအင်များဖြင့် လည်ပတ်နေသည့် ကြက်သွေးရောင်အမြစ်များက သူမကို ထိသွားသောအခါ ယခင်ကကဲ့သို ထွင်းဖောက်ဝင်သွားခြင်းမရှိပေ။

သူမ၏ အေးခဲနေသော ခန္ဓာကိုယ်နှင့်ထိတွေ့သောအခါ ၎င်းတို့သည် စပါးအုံးမြွေများကဲ့သို့

လော့ချန်းရွှယ်ကို ရစ်နွယ်ကာ ပိုးအိမ်သဖွယ် လွှမ်းခြုံလိုက်သည်။ ချက်ချင်းဆိုသကဲ့သို့ပင် အမြစ်စနစ်မှ စူးရှသော မြှားအမြောက်အမြား ပေါက်ဖွားလာကာ လော့ချန်းရွှယ်၏ ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာ ထွင်းဖောက်ဝင်ရောက်လျက် သူမ၏ အတွင်းသွေးစွမ်းအင်များနှင့် အသိစိတ်ပင်လယ်ကို စုပ်ယူလိုက်သည်။

လော့ချန်းရွှယ်သည် အသတ်ခံရန် စောင့်ဆိုင်းမနေဘဲ သွေးရောရေင် အမြစ်စနစ်မှ လွတ်မြောက်နိုင်ရန် သူမ၏ မူလစွမ်းအင်များကို ချက်ချင်းပေါက်ကွဲစေခဲ့သည်။ ကံမကောင်းစွာဖြင့် ဤသွေးရောင်အမြစ်စနစ်များ၏ အမြင့်က သူမထက် များစွာမြင့်မားသည်။

သူမ၏ မူလစွမ်းအားသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသော်လည်း၊ ကြက်သွေးရောင်အမြစ်စနစ်၏ တင်းကျပ်သော ချုပ်ကိုင်မှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

သူမ မလွတ်မြောက်နိုင်ခဲ့ပေ…

ငါသေတော့မယ်...

သူမကိုယ်သူမ ကယ်တင်နိုင်တော့မည်မဟုတ်ကြောင်းသိသောအခါ လော့ချန်းရွှယ်သည် စိတ်ပျက်အားငယ်မှုအပြည့်နှင့် ရှင်သန်ရန် မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးလိုက်ရသည်။

ဘမ်း

ကျယ်လောင်သော နားစည်ကွဲလုသည့်အသံထွက်ပေါ်လာသည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် တစ်ယောက်နှင့်တစ်ယောက် အနီးကပ်နေသည့် လူနှစ်ယောက်က မြေကြီးပေါ်သို့ ဖောက်ထွင်းဝင်ရောက်လျက် ပတ်ဝန်းကျင်ရှိ လူအများအပြား၏ မြင်ကွင်းတွင်ပေါ်လာ၏။

၎င်းသည်ကား…

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ဖြစ်သည်။

ကြက်သွေးရောင် အမြစ်စနစ်များနောက်သို့ လိုက်လာပြီးနောက် ၎င်းတို့သည် နက်နဲသော မြေကြီးအောက်မှ ထွက်လာကာ မြို့ထဲသို့ ပြန်လာခဲ့ကြသ်ည။ မြို့ကြီး၏ ဆိုးရွားလှသော အခြေအနေကိုကြည့်ကာ ၎င်းတို့နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။ ကြက်သွေးရောင်အမြစ်စနစ်များသည် မြို့ထဲသို့ မိနစ်ဝက်ခန့်စော၍ ဝင်ရောက်လာခဲ့ကြသည်။ သို့သော် ထိုမိနစ်ဝက်တိုလေးအတွင်းတွင် ဤကြက်သွေးရောင်အမြစ်စနစ်များက တစ်မြို့လုံးကို ပရမ်းပတာဖြစ်စေခဲ့ကာ နေရာတိုင်းတွင် အလွန်ဆိုးရွားသော အပျက်အစီးများကို ဖြစ်ပေါ်စေခဲ့သည်။

“သူတို့ကို ကယ်”

မြို့တော်၏ ကြေကွဲဖွယ် အခြေအနေကို မြင်လိုက်ရသည်နှင့် လင်းဇီချန်သည် ရှန်ချင်းဟန်ကို ချက်ခြင်း ပြောလိုက်သည်။ ထို့နောက် မကြာမီ၌ပင် သူ၏ သွေးစွမ်းအင်ကို အပြင်းထန်ဆုံးအခြေအနေထိ မြှင့်တင်ကာ သူ့လက်ထဲတွင် များစွာသော သွေးဓားမြှောင်များအဖြစ် စုစည်းလိုက်သည်။ ထို့နောက် လေခွင်းသံများစွာ ဆက်တိုက်ထွက်ပေါ်လာည်။ သူ၏ သွေးဓားမြှောင်များသည် ပတ်ဝန်းကျင်ရှိ ကြက်သွေးရောင် အမြစ်များစွာဆီသို့ ချက်ချင်းဦးတည်သွားကာ စတင်တိုက်ခိုက်တော့သည်။

ဝှစ်

ဝှစ်

ဝှစ်

ဤကဲ့သို စူးရှသော လေသံများနှင့်အတူ သွေးဓားမြှောင်များဖြတ်သွားသည့် နေရာတစ်လျှောက်တွင် ကြက်သွေးရောင်အမြစ်စနစ်များက နေရာတိုင်းတွင် အက်ကွဲကျိုးကြေသွားကာ လွှစာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ မကြာသေးမီကပင် ဖောက်ထွင်းမရနိုင်သော ပိုးအိမ်ထဲတွင် ဖုံးလွှမ်းချုပ်နှောင်ခံထားရသည့် လော့ချန်းရွှယ်သည် သွေးဓားမြှောင်များ၏ အကူအညီကြောင့် လွတ်မြောက်လာခဲ့သည်။

သူမလွတ်မြောက်လာချိန်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို မလှမ်းမကမ်းတွင် မြင်လိုက်ရ၏။ လင်းဇီချန်သည် လေထဲတွင် ပျံဝဲနေကာ ကြက်သွေးရောင် အမြစ်စနစ်များကို အလွယ်တကူ ဖျက်ဆီးနိုင်ရန် များပြားလှသော သွေးဓားမြှောင်များကို ထိန်းချုပ်ထားသည်ကို မြင်လိုက်ရသည်နှင့် သူမသည် ခဏတာ အံ့အားသင့်သွားကာ ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်လိုက်မိသည်။ လင်းဇီချန်က ပိုမိုသန်မာလာသည်ကို သူမ ရှင်းရှင်းလင်းလင်းခံစားနိုင်သည်။ လင်းဇီချန်၏ ရှေ့တွင် သူမသည် အလိုအလျောက် နင်းချေ၍ ရနိုင်သော ပုရွက်ဆိတ်တစ်ကောင်နှင့်တူနေသည်။

“သူ ဘယ်လိုလုပ် ဒီလိုကြီး ရုတ်တရက် ပိုသန်မာလာတာလဲ”

လော့ချန်းရွှယ်သည် စိတ်ရှုပ်ထွေးမှုများပြည့်နှက်စွာဖြင့် ကောင်းကင်ယံထက်မှ လင်းဇီချန်ကို မော့ကြည့်လိုက်သည်။ သို့သော် မကြာမီ၌ပင် ပို၍ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။

လင်းဇီချန်အနားတွင် ရပ်နေသော ရှန်ချင်းဟန်သည် လင်းဇီချန်ကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားကို ပြသနေသည်။ သူမ၏ လက်လှုပ်ရှားရုံမျှဖြင့် မြေအောက်ရေအမြောက်အမြားကို ထိန်းချုပ်ကာ ၎င်း၏ လမ်းကြောင်းရှိ ကြက်သွေးရောင်အမြစ်စနစ်အားလုံးကို အမှုန့်အဖြစ်ချေမှုန်းကာ ဧရာမနဂါးတစ်ကောင်အဖြစ်ပေါင်းစည်းလိုက်သည်။

“သူကရော ဘယ်လိုတောင် ဒီလောက်သန်မာသွားရတာလဲ”

လော့ချန်းရွှယ်သည် ကီလိုမီတာများစွာ ရှည်လျားသော ရေနဂါးကို ထိန်းချုပ်ထားသည့် ရှန်ချင်းဟန်ကို တုန်လှုပ်ခြောက်ခြားစွာ စိုက်ကြည့်နေသည်။ ရှန်ချင်းဟန်သည် ဂြိုလ်လူသားအဆင့်ပါရမီရှင်အဖွဲ့သို့ ပထမဆုံးအကြိမ် ရောက်လာခဲ့စဥ်က သူမသည် အရေးမပါလှသော မထင်မရှားမိန်းကလေးတစ်ယောက်မျှသာဖြစ်ခဲ့သည်။ ထိုမှစ၍ အချိန်မည်မျှကုန်သွားခဲ့သနည်း။

သူ့ခွန်အား မည်မျှ တိုးလာခဲ့သနည်း။

လော့ချန်းရွှယ်က သူမဘဝအကြောင်း မေးခွန်းထုတ်နေဆဲအချိန်တွင်…

‘ဘမ်း’

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုက တံတိုင်းမြင့်ကြီးများအောက်ခြေမှ ထွက်ပေါ်လာသည်။

မြို့တံခါးများ ကျယ်လောင်စွာပွင့်ထွက်လာသည်။

မြို့တံခါးပွင့်သွားပြီ။

All Chapters