← Chapters

ဇာတ်သိမ်းပိုင်း ၂

Vol. 38 Ch. 576

ဇာတ်သိမ်းပိုင်း ၂

Vol. 38 Ch. 576

"တကယ်ပါပဲ”

ချီချင်းမော့က ခေါင်းညိတ်ကာ ဆက်မမေးတော့ပေ။ လင်းဇီချန်သည် အသေးစိတ် မပြောဘဲ မူလအင်အားစုမှ ပြုစုပျိုးထောင်ခဲ့သော ကမ္ဘာပေါ်ရှိ သတ္တဝါများ၏ အပြောင်းအလဲများကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။ ချီချင်းမော့လည်း ခဏမျှ စောင့်ကြည့်ပြီးနောက် ရေကဲ့သို့ အေးစက်စွာပြောသည်။

"သွေးမျိုးဆက်စွမ်းအားအဆင့် နောက်တစ်ဆင့်ထိ တက်နိုင်ဖို့ အခွင့်အရေးရှာကြည့်မယ်။ အခွင့်အရေးရရင် တက်မယ်”

"ဟမ်၊ နန်း‌ဆောင်သခင် ဂရုစိုက်ပါ" လင်းဇီချန်ကလည်း တည်ငြိမ်စွာ ပြန်ဖြေသည်။

ရှေးဘိုးဘေးအဆင့် နဝမအဆင့်ရောက်နေပြီဖြစ်သော အားလုံးသည် ပိုမိုမြင့်မားသော ဖန်ဆင်းရှင်အဆင့်သို့ ပြောင်းလဲရန် လိုလားနေကြသည်။

သစ်သားနတ်ဘုရားလည်း ပြောင်းလဲခဲ့သည်။

ရေနတ်ဘုရားလည်းပြောင်းလဲခဲ့သည်။

ချီချင်းမော့လည်း ပြောင်းလဲချင်သည်။

မကြာမီ၌

လင်းဇီချန်နှင့် ရှန်ချင်းဟန်၏ အကြည့်အောက်တွင် ချီချင်းမော့၏ ခန္ဓာကိုယ်က တဖျပ်ဖျပ်ဖျပ်ဖျပ်တောက်ကာ ခရမ်းရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူမသည် မူလမြေ၏ထောင့်တိုင်းကို ဂရုတစိုက်စူးစမ်းစပြုလာသည်။

မူလမြေသည် ရှေးကျကာ ရှည်လျားသောလျှို့ဝှက်ချက်သမိုင်းကြောင်းများစွာကို ချုပ်ကိုင်ထားသည်။

ဒြပ်စင်ငါးခု ပေါင်းစည်းခြင်းအပြင် ဖန်ဆင်းရှင်အဆင့်အထိ တိုးတက်ပြောင်းလဲရန် အခြားနည်းလမ်းများ ရှိရမည်ဟု သူမ အခိုင်အမာ ယုံကြည်ခဲ့သည်။ နောက်ဆုံးတွင်၊ လင်းဇီချန်သည် ဒြပ်စင်ငါးခုပေါင်းစည်းခြင်းကို အသုံးမပြုဘဲ ဖန်ဆင်းရှင်အဆင့်သို့ အောင်မြင်စွာတိုးတက်ခဲ့သည်။

သူမယုံကြည်သည့်အတိုင်း ဤအခြားဆင့်ကဲပြောင်းလဲမှုလမ်းစဉ်များ အမှန်တကယ်ရှိခဲ့ပါက၊ ၎င်းတို့သည် မူလမြေ၌ရှိရမည်ဖြစ်သည်။ လင်းဇီချန်သည် ချီချင်းမော့ကို ကြည့်၍ တူညီသော အတွေးအမြင်များကို သိုဝှက်ထားကာ ဖန်ဆင်းရှင်အဆင့်သို့ ပြောင်းလဲရန် အခြားနည်းလမ်းများကို ရှာဖွေလိုသည်။

သူ့အတွက်မဟုတ်ဘဲ ရှန်ချင်းဟန်အတွက်ဖြစ်ကာ၊ ရှန်ချင်းဟန်ကို ဖန်ဆင်းရှင်အဆင့်အထိ မြှင့်တင်ပေးချင်မိသည်။ ဖြစ်နိုင်လျှင် သူသည် မိဘနှစ်ပါးစလုံးနှင့် သူ့ညီမတို့ကို ဖန်ဆင်းရှင်အဆင့်သို့ ဆင့်ကဲပြောင်းလဲလိုသည်။ ၎င်းတို့သည် ထာဝရတည်ရှိ၍ ထာဝရအတူနေနိုင်ရန် ဆန္ဒရှိသည်။

ဤသို့မျှမဟုတ်ပါါက မိမိချစ်ရသူများ အသက်ကြီး၍ သေဆုံးနေသငည်ကို ထာဝရတစ်ဦးတည်း ကြည့် ရမည်မှာ အလွန်ဝမ်းနည်းစရာကောင်းသော ကိစ္စတစ်ခုဖြစ်သည်။

...

အချိန်များ ကုန်ဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်ခွဲကြာသွားကာ လွန်ခဲ့သည့် နှစ်နှစ်ခွဲအတွင်း လင်းဇီချန်သည် ကမ္ဘာမြေနှင့် မူလမြေတို့ကြား အတူယှဉ်တွဲနေထိုင်ရေး ပြဿနာများကို ဖြေရှင်းရန် အာရုံစိုက်ထားခဲ့သည်။

နယ်ပယ်နှစ်ခုစလုံးကို လိုက်လျောညီထွေဖြစ်စေရန်ကူညီပေးသည်။ သူ၏ ပြိုင်ဘက်ကင်းသော ခွန်အားကို အသုံးချကာ ကမ္ဘာမြေကို မူလမြေနှင့် အောင်မြင်စွာ‌ ပေါင်းစပ်နိုင်ခဲ့သည်။ ကမ္ဘာမြေကြီး၏ အားနည်းသော သတ္တဝါများကို ကာကွယ်ရန်၊ သူသည် ကမ္ဘာနှစ်ခုကြားရှိ တံခါးပေါက်များကို တစ်ဖက်သတ် ကန့်သတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

ကန့်သတ်ချက်များ ကျင့်သုံးခြင်းဖြင့် ကမ္ဘာမြေမှ သတ္တဝါများသည် မူလမြေပြင်အတွင်း လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သော်လည်း မူလမြေမှ သတ္တဝါများသည်မူ ကမ္ဘာမြေအတွင်းသို့ မဝင်ရောက်နိုင်ဘဲ ၎င်းတို့၏ နယ်ပယ်တွင် ချုပ်နှောင်ခံထားရသည်။

မူလမြေမှ သတ္တဝါများသည် ကမ္ဘာမြေသို့ ဝင်ရောက်ရန် သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။ ဤအာဏာပိုင်ကို တာဝန်ခံသူမှာ ရှန်ဟိုင်းတက္ကသိုလ်၏ ဒု-အဓိပတိဟောင်း ယွမ်သုန်ကျီဖြစ်သည်။

သူမသည် ရှန်ချင်းဟန်၏ဆရာဖြစ်သည်။

လင်းဇီချန်သည် ယွမ်သုန်ကျီ၏ စိတ်ဓာတ်ကို အလွန်သဘောတူကာ ထိုကဲ့သို့သော အာဏာကို သူမအား အပ်နှင်းလိုစိတ်ရှိခဲ့သည်။

ယွမ်သုန်ကျီအပြင် လျို့ချွမ်ဝူနှင့် စုန်ယွီယန်တို့ကို သွေးသန့်လူသားလမ်းကြောင်း မြှင့်တင်ရေးအား စီမံခန့်ခွဲရန် အရေးကြီးသော တာဝန်များ ပေးအပ်ခဲ့သည်။ သာမန်လူများ ခန္ဓာကိုယ် သန့်စင်မှုဖြင့် တိုးတက်ပြောင်းလဲလာစေရန် သွေးသန့်လူသားလမ်းကြောင်း၏ အတားအဆီးများကို လျှော့ချရန် နှင့် နည်းလမ်းများကို သုတေသနပြုရန်ဖြစ်သည်။

နောက်ဆုံးတွင်၊ ၎င်းသည် မျိုးရိုးဗီဇပေါင်းစပ်မှု သို့မဟုတ် စက်ပိုင်းဆိုင်ရာ အသွင်ပြောင်းခြင်းဖြစ်စေ လမ်းကြောင်းနှစ်ခုစလုံးသည် လူသားနှင့် အနည်းငယ်ဆန့်ကျင်သည်။

သွေးသန့်လူသားလမ်းကြောင်း သာလျှင် လူသားများအတွက် အသင့်တော်ဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းဖြစ်သည်။

…

နံနက်စောစော မိုးလင်းသည်နှင့်၊

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် တံခါးအပြင်ဘက်မှ ခေါက်သံများ ဆက်တိုက်ထွက်ပေါ်လာသောအခါတွင် အိပ်ရာထဲတွင် အိပ်ပျော်နေကြဆဲဖြစ်သည်။

ထို့နောက် နူးညံ့သော ကလေး၏ အသံလေးတစ်ခု ထွက်ပေါ်လာသည်။

“ကိုကိုချန်နဲ့ မမဟန် မေမေက မနက်စာစားဖို့ခေါ်နေတယ်”

ယင်းမှာ ညီမဖြစ်သူ လင်းဇီယင်း၏ အသံဖြစ်သည်။ သူမ၏အသံကိုကြားလိုက်သည်နှင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အခန်းမှ ချက်ချင်းထွက်လာကြသည်။

"ဒီကိုလာ၊ ယင်းယင်း မမ ချီမယ်”

ညအိပ်ဝတ်စုံဝတ်ထားသော ရှန်ချင်းဟန်သည် လင်းဇီယင်း၏ ခန္ဓာကိုယ်သေးသေးလေးကို ချစ်မြတ်နိုးစွာ ချီပိုးလိုက်သည်။ လင်းဇီယင်းသည် အလွန်ချစ်စဖွယ်ကောင်းကာ တောက်ပသော မျက်လုံးများနှင့် အနည်းငယ် ဝဖောင်းသော မျက်နှာဝိုင်းဝိုင်းလေးရှိရာ သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ ပွတ်သပ်ချင်လာစေသည်။

ခဏအကြာတွင် ၎င်းတို့သုံးဦးလုံး ဧည့်ခန်းသို့ မနက်စာသွားစားကြသည်။

၎င်းတို့ထိုင်နေစဥ်တွင် ကျန်းဝမ်ရှင်းက‌ မေးလိုက်၏။

"သားတို့နှစ်ယောက် မနေ့က လက်ထပ်မှတ်ပုံတင်တင်ခဲ့တာ။ ဘယ်တော့မင်္ဂလာပွဲကျင်းပဖို့စီစဉ်ထားလဲ"

လင်ဇီချန်က ယာဂုသောက်ရင်းပြန်ဖြေသည်။

“ဟန်ဟန်နဲ့သားက မင်္ဂလာဆောင်ကို ဘယ်နေ့လုပ်လုပ်ရတယ် မေမေ။ မေမေတို့ပဲ စီစဥ်ပေးပါ။ မေမေရယ် ဖေဖေရယ် သွားပြီး ဦးလေးကျန်းယဲ့နှင့် အန်တီမုန့်တို့နဲ့ဆွေးနွေးပါလား”

“အခုထိ ဦးလေးကျန်းယဲ့နဲ့ အန်တီမုန့်လို့ ခေါ်နေတုန်းလား။ ဟန်ဟန်နဲ့ သားက မနေ့က လက်ထပ်လိုက်ပြီ သူတို့ကို အခု ဖေဖေနဲ့ မေမေလို့ ခေါ်သင့်ပြီ”

ကျန်းဝမ်ရှင်းသည် လင်းဇီချန်ကို စိုက်ကြည့်ကာထောက်ပြသည်။

ထိုအချိန်တွင် လင်းဇီယင်းက ကြားဖြတ်ပြော၏။

“ကိုကိုချန်နဲ့ မမဟန်… မြန်မြန်လုပ်ကြ။ မြန်မြန် ညီမလေးဖြစ်ဖြစ် မောင်လေးဖြစ်ဖြစ်မွေးပေး”

ကျန်းဝမ်ရှင်းက ပြင်ပေးသည်။

“အဲ့တာ မောင်လေးညီမလေးမဟုတ်တော့ဘူး။ တူလေး တူမလေးတွေဖြစ်မှာပေါ့”

ထို့နောက် သူမသည် လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို အရိပ်အမြွက်ပြကာ လှမ်းကြည့်လိုက်သည်။

“ပြောရရင်… နင်တို့နှစ်ယောက် ဘယ်တော့ ကလေးယူဖို့ အစီအစဉ်ရှိလဲ"

“သဘာဝအတိုင်း သူ့ဘာသာဖြစ်ပါစေ… ဘယ်အချိန်ရရပေါ့”

ကျန်းဝမ်ရှင်းက မကျေမနပ်ဖြစ်ကာ ပြောသည်။

"ဒါက လက်ခံနိုင်စရာ မရှိဘူး။ ကိုယ်ဝန်အတွက် သေချာပြင်ဆင်ထားဖို့ လိုအပ်တယ်။ ဒီလို ပေါ့ပေါ့လလျော့လျော့ဖြစ်နေလို့မရဘူး”

"ကောင်းပြီ အမေပြောတာ နားထောင်မယ်။"

လင်းဇီချန်သည် ဤအရာများကို စိတ်ပူခြင်းမရှိဘဲ ရိုးသားစွာ အရာအားလုံးကို ကျန်းဝမ်ရှင်းကို စီစဉ်ခိုင်းခဲ့သည်။

...

တစ်လခွဲအကြာတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ၎င်းတို့၏ မင်္ဂလာနေ့ကို ကြိုဆိုခဲ့ကြသည်။

မင်္ဂလာပွဲသည် ဟန်ဆောင်မှုမဟုတ်သော်လည်း နွေးထွေးသောပုံစံဖြစ်သည်။

ရင်းနှီးသော သူငယ်ချင်းများနှင့်အတူ မိသားစုနှစ်စု ဆုံစည်းခြင်းမှာ ရိုးရှင်းသည်။ လင်းယန်ရှန်နှင့် ကျန်းဝမ်ရှင်းတို့နှစ်ဦးစလုံးသည် အွန်လိုင်းစာရေးဆရာများဖြစ်ကြ၍ အိမ်တွင်သာ စာရေးနေလေ့ရှိကြသဖြင့် ရင်းနှီးသောသူငယ်ချင်းများစွာမရှိကြပေ။

၎င်းတို့၏ တစ်ဦးတည်းသော ရင်းနှီးသော သူငယ်ချင်းများမှာ ရှန်ကျန်းယဲ့နှင့် ရွှီမုန့်၊ ဆရာမ ဇနီးမောင်နှံ နှင့် မိဘ ယောက္ခမ တို့ ဖြစ်သည်။ ရှန်ကျန်းယဲ့နှင့် ရွှီမုန့်တို့နှစ်ဦးစလုံးသည် အိမ်တွင်းအလေ့အထကို စွဲလမ်းကြသဖြင့် ရင်းနှီးသောမိတ်ဆွေများ သို့မဟုတ် ဆွေမျိုးများစွာလည်း မရှိခဲ့ကြပေ။

ထို့ကြောင့် မိသားစုနှစ်စုကြားတွင် ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်လည်နေထိုင်သော နီးစပ်သော တိုက်ရိုက်ဆွေမျိုးအချို့ကိုသာ ဖိတ်ကြားခဲ့သည်။

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် သူငယ်ချင်းများစွာကို နှစ်သက်ခြင်းမရှိကြသော်လည်း မင်္ဂလာပွဲသို့ ဖိတ်ကြားထားသူများမှာလည်း ဆယ်ယောက်ခန့်သာ ရှိသည်။

All Chapters