← Chapters

အလယ်ပိုင်းဒေသ၏အမွေအနှစ် (၂)

Vol. 33 Ch. 489

အလယ်ပိုင်းဒေသ၏အမွေအနှစ် (၂)

Vol. 33 Ch. 489

မတော်မဆမှုမှ အံ့ဩစရာအဖြစ် ပြောင်းလဲသွားသည်။ သစ္စာဖောက်များသည်လည်း လင်းဇီချန်တို့ နှစ်ဦးကို အာရုံခံမိသွားသည်။ ထိုနှစ်ဦးကို ဖမ်းပြီး ပန်းနတ်ဘုရားဆီဆက်သရန်မှာ ပြောနေစရာပင်မလိုတော့ပေ။

"တစ်ယောက်နဲ့နှစ်ယောက်ရတော့မယ်။ ပွတာပဲ။"

ပိုင်ဝူပျန့်က စိတ်လှုပ်ရှားစွာဖြင့် အဆီအနှစ်သွေးကိုစွန့်ပြီး ချီသွေးစွမ်းအားကို မြှင့်တင်ကာ ပုံမှန်နှုန်းထက် အဆပေါင်းများစွာမြန်အောင် ပျံသန်းလိုက်သည်။ ရှန်ကွမ်းယွဲ့ဟွာကလည်း ထိုသို့ပင်လိုက်လုပ်ပြီး အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလေသည်။ သူမသည် ပိုင်ဝူပျန့်ထက် သတိကောင်းသဖြင့် သတိပေးလိုက်၏။

"သတိထား။ ချင်ချွမ်းက ဒီကိုပြေးလာတယ်ဆိုတာက အားကိုးစရာတစ်ခုခုရှိလို့ဖြစ်လိမ့်မယ်။"

ပိုင်ဝူပျန့်ကမူ စိတ်မပူပေ။

"စိတ်မပူနဲ့။ ဝိညာဉ်စွမ်အားဖြန့်ကြည့်ပြီးပြီ။ တစ်ခုခုဖြစ်ရင် အချိန်မီသိမှာပဲ။"

ထိုသို့ပြောသောကြောင့် ရှန်ကွမ်းယွဲ့ဟွာကလည်း အမြန်နှုန်းကိုသာ အာရုံစိုက်ပြီး နောက်မှလိုက်သွား၏။ ချင်ချွမ်းကမူ ဒဏ်ရာပြင်းသဖြင့် ထိုနှစ်ယောက်လောက် မမြန်ပေ။ ခဏချင်းအတွင်းပင် ကွာဟချက်က နီးကပ်လာသည်။ ချင်ချွမ်းတစ်ယောက် မျက်မှောင်ကြုတ်နေမိသည်။ မိမိသည် ပျံရန်အတွက် အဆီအနှစ်သွေးကို စွန့်ချင်သည်။ ကံမကောင်းစွာဖြင့် အခြေအနေက မပေးပေ။

နှစ်ယောက်တစ်ယောက်တိုက်ပွဲတွင် ခန္ဓာကိုယ်က အတော်လေးအထိနာထားပြီး အခြေအနေမကောင်းပေ။ ကံကောင်းစွာဖြင့် မိမိသည် အလယ်ပိုင်းဒေသထဲသို့ဝင်လာပြီး ထိုနေရာဖြင့် ရင်းနှီးနေသောကြောင့်သာ ဖြစ်သည်။ ထိုအချက်ကိုသုံးပြီး လင်းဇီချန်နှင့်ရှန်ချင်းဟန်ကိုပါခေါ်ကာ ဖြည်းဖြည်းချင်းဖြင့် အကွာအဝေးကို တိုးသွားလေသည်။

"သူက ဘယ်လိုလုပ် ဒီနေရာနဲ့ ရင်းနှီးနေရတာလဲ။ သူက ဒီထဲကိုခဏခဏဝင်ဖူးလို့လား။"

ချင်ချွမ်းသည် အထဲသို့ရောက်သွားသည်နှင့် ရေထဲသို့ လွှတ်လိုက်သည့်ငါးနှယ်ပင် မြန်ဆန်လှကာ ပိုင်ဝူပျန့်သည် မျက်ခြေပျက်လုနီးပါးဖြစ်သွားသည်။ ပြောပြီးသည်နှင့် ရှန်ကွမ်းယွဲ့ဟွာက ပြောလိုက်သည်။

"အဲ့ခွေးအိုကြီးချင်က ရေကန်ထဲကိုသွားနေပြီ။"

ထိုသစ္စာဖောက်နှစ်ယောက်၏အကြည့်အောက်တွင်ပင် ချင်ချွမ်းတို့သုံးဦးသည် ရေထဲသို့ ဒိုင်ဗင်ထိုးသွားကြသည်။

ရေကန်အောက်ခြေကို မြင်လိုက်သည်နှင့် ရှန်ချင်းဟန်အံ့ဩသွားရကာ လင်းဇီချန်ကိုပြောလိုက်သည်။

"ဇီချန် ဒီရေကန်ပဲ။"

"ဒီရေကန်က ငါ့အသိစိတ်ပင်လယ်ထဲက ရေနတ်ဘုရားနန်းတော်ကလမ်းပြပေတဲ့ မူလအားအများကြီးပါတဲ့နေရာပဲ။ မြန်မြန်ကြည့်လိုက်။ ထူးဆန်းတဲ့ရေသတ္တဝါတွေလည်းရှိတယ်။ ငါမြင်ခဲ့သလိုမျိုးပဲ။"

"....."

ရှန်ချင်းဟန်၏စကားကို ကြားသည့်အခါတွင် လင်းဇီချန်သည် မူလအားကို အာရုံခံပြီး လေ့လာကြည့်သည်။ ရေထဲမှမူလအားက ပေါကြွယ်ဝပြီး ကြင်လင်နေသည်။ ရေကန်အောက်ခြေမှ သက်ရှိများသည်လည်း အသူရာချောက်နက်ထဲမှ အကောင်များဖြင့်ဆင်တူသည်။ ချင်ချွမ်းကမူ ဆက်၍‌ရေငုပ်နေသည်။ ထိုစဉ်တွင်ပင်

"ဗွမ်း"

ရေထဲသို့ပြုတ်ကျသံကို ကြားလိုက်ရသည်။

နောက်တွင်မူ လင်းဇီချန်သည်လည်း ရေကန်ထဲတွင်မဟုတ်တော့ဘဲ အရောင်ခပ်ဖျော့ဖျော့တောက်ပနေသည့်လေဟာနယ်ထဲတွင် ရောက်နေသည်။ ချက်ချင်းပင် ရှန်ချင်းဟန်ကို မော့ကြည့်လိုက်သည်။ ရှန်ချင်းဟန်လည်းရှိနေသဖြင့် စိတ်သက်သာရာရသွားသည်။ ထို့နောက်တွင် စိတ်ကိုစုစည်းပြီး ထူးဆန်းသောနေရာကို လေ့လာကြည့်သည်။ ထိုနေရာကို လျင်မြန်စွာကြည့်ပြီးနောက်တွင် အရင်းအမြစ်သလင်းကျောက်များအပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အများစုက တိုင်ချောင်းများကဲ့သို့ဖြစ်သည်။ပုံစံက လိုဏ်ဂူထဲမှထုံးကျောက်များဖြင့် ဆင်တူသည်။ တစ်ခုတည်းသောခြားနားချက်က မျက်နှာကျက်ပေါ်မှတွဲလောင်းကျနေသောပုံစံပင် ဖြစ်သည်။ ကြည့်လိုက်လျှင် ရေများတစက်စက်ကျနေသည့်နှင့်တူသည်။ ထိုသို့စဉ်းစားကာ လင်းဇီချန်က အပေါ်ကို မော့ကြည့်လိုက်သည်။ အပေါ်၌ ရေကဲသို့မျက်နှာပြင်တစ်ခုက ရှိနေသည်ကို သိလိုက်ရသည်။ ရေအထက်တွင် စောနက မိမိတို့ရှိသောရေကန်ပင်ဖြစ်သည်။

အဲ့လိုဆို ဒီနေရာက....ရေကန်အောက်မှလေဟာနယ်လား?

မြို့အရှင်က ဒီနေရာအကြောင်းကို ဘယ်လိုလုပ်သိတာလဲ။

သူရောက်ဖူးနေလို့လား။

လင်းဇီချန်တစ်ယောက် စဉ်းစားနေမိသည်။ ထိုစဉ်တွင်ပင် စွမ်းအားကြီးသောအားနှစ်ခုက ရေကန်အထက်တွက် ရိုက်ခတ်သွားသည်ကို သိလိုက်သည်။ ပထမဆုံးအာရုံခံမိသောချင်ချွမ်းက လန့်သွားဟန်တူ၏။ တွန့်ဆုတ်ခြင်းမရှိဘဲဖြင့် ထိုနှစ်ဦးကို ပြောလိုက်သည်။

"သီးသန့်အဖြစ်ဆုံးနေရာကိုသွား။ အကျယ်ဆုံးနေရာကိုသွားကြ။"

"ဘာပဲလုပ်လုပ် အရင်းအမြစ်သလင်းကျောက်တွေကို မထိမိစေနဲ့။"

"မြန်မြန်"

ချင်ချွမ်းက အော်ပြောလိုက်သည်။ လင်းဇီချန်တို့ ကြောင်၍ရပ်နေကြမည်ကို စိုးရိမ်နေမိသည်။ ချင်ချွမ်း၏အော်သံကို ကြားသည့်အခါတွင် လင်းဇီချန်တို့သည် အမြန်ဆုံးနှုန်းဖြင့် ပြေးသွားကြတော့သည်။ ချင်ချွမ်းက အဘယ့်ကြောင့် ထိုသို့ခိုင်းသည်ကို နားမလည်ပေ။ သို့သော်လည်း လက်ရှိအခြေအနေတွင် ချင်ချွမ်းကိုယုံလိုက်သည်ကသာ အကောင်းဆုံးဖြစ်ပေမည်။ ထို့အပြင်လည်း နည်းလမ်းမရှိပေ။

မျက်စိတစ်မှိတ်အတွင်းတွင်ပင် လင်းဇီချန်က ရှန်ချင်းဟန်ကိုခေါ်ပြီး အရင်းအမြစ်သလင်းကျောက်မရှိသည့်နေရာတွင် ဖွက်ထားလိုက်သည်။ ရှန်ချင်းဟန်က သိမ်မွေ့စွာဖြင့် မေးလိုက်၏။

"ဇီချန် မြို့အရှင်က ဘာလို့ ငါတို့ကို အရင်းအမြစ်သလင်းကျောက်နဲ့ဝေးတဲ့နေရာမှာ နေခိုင်းရတာလဲ။"

"ကိုယ်လည်းသေချာမသိဘူး။"

လင်းဇီချန် ပြောပြီးသည်နှင့် ထပ်ပြောလိုက်၏။

"အခုတော့ ဒီမှာနေပြီး စောင့်ကြည့်ကြတာပေါ့။"

"ကောင်းပြီ။"

ရှန်ချင်းဟန်ကလည်း နာခံစွာဖြင့် သဘောတူကာ ပါးစပ်ပိတ်နေတော့သည်။

လင်းဇီချန်သည် အသက်အောင့်ပြီး အပေါ်မှရေမျက်နှာပြင်ကိုသာကြည့်နေပြီး သစ္စာဖောက်နှစ်ယောက်ဝင်လာသည်ကို စောင့်နေသည်။ တစ်ချိန်တည်းတွင်ပင် ဝိညာဉ်စွမ်းအားကိုဖြန့်ကျက်၍ ပတ်ဝန်းကျင်အနေအထားကိုလည်း အာရုံခံကြည့်သည်။ သို့သော်လည်း ရလဒ်က စိတ်ပျက်ဖွယ်ပင်ဖြစ်သည်။ ဝိညာဉ်စွမ်းအားက ပေါင်းစပ်မသွားဘဲ ရေကန်ထဲကကဲ့သို့ပင် အတူတူပင်ဖြစ်လေသည်။

All Chapters