← Chapters

အမြီးကိုးချောင်းမြေခွေးမိစ္ဆာ (၄)

Vol. 32 Ch. 471

အမြီးကိုးချောင်းမြေခွေးမိစ္ဆာ (၄)

Vol. 32 Ch. 471

အတွေးတစ်ချက်ဖြင့် သူသည် သိုလှောင်အိတ်ထဲမှ ထူးဆန်းသည့် လူသားအရေပြားစက္ကူတစ်ချပ်ကို ထုတ်ယူလိုက်ပြီး စုကျိုကျဲမည်သည့်နေရာတွင် ရှိသည်ကို တိတိကျကျခန့်မှန်းကြည့်သည်။

အမြီးကိုထားကာ အောင်မြင်စွာလွတ်မြောက်သွားသော စုကျိုကျဲသည် အမြန်ပင် မြို့နံပါတ်တစ်ရှိရာသို့ ပြေးလာသည်။ သူမသည် အရှေ့ပိုင်း နယ်မြေကို တစ်ယောက်တည်းမသွားရဲပေ။ လမ်းတွင် အခြားသောအနှောင့်အယှက်များရှိမည်ကို စိုးသောကြောင့် ဖြစ်၏။ မြို့နံပါတ်တစ်သို့သွား၍ အကူအညီတောင်းကာ သူမကို အရှေ့ပိုင်းနယ်မြေဆီသို့ ကျွမ်းကျင်သူများက လိုက်ပို့ပေးချင်သည်။

ရှေးဟောင်းစိမ်းလန်းတောင်တန်းသည် ကြားနေသူဖြစ်သည်။ ထို့အပြင် ရန်သူ၏ရန်သူက မိတ်ဆွေဖြစ်သောကြောင့် မြို့နံပါတ်တစ်မှ ကျွမ်းကျင်သူများသည် သူမ၏တောင်းဆိုမှုကို သေချာပေါက်ငြင်းမည်မဟုတ်ဟု ယုံကြည်ထားသည်။

မြို့နံပါတ်တစ်မှ ကျွမ်းကျင်သူများသည် အရှေ့ပိုင်းနယ်မြေမှ ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများနှင့် တောင်ပိုင်းပိုင်နက်မှ ကျွမ်းကျင်သူများကို တွေ့ရသည်ကို ပျော်ကြမည်ဖြစ်ကာ ထိုသို့ဆိုလျှင် နေလအထွတ်အမြတ်နယ်မြေမှ သစ်ပင်အကြီးအကဲနှင့် မေ့ပျောက်ခြင်းနယ်မြေမှ တိတ်ဆိတ်ခြင်းအရှင်တို့ဖြင့် စတင် တိုက်ပွဲဖြစ်တော့မည်ဖြစ်သည်။

တစ်ချိန်တည်းတွင်ပ်င မြို့ပြင်၍ မြင့်မြတ်သူအဆင့်ဦးဆောင်သောအဖွဲ့သည် အမြန်ဆုံးနှုန်းဖြင့် ပြေးနေကြသည်။ တစ်မိနစ်အတွင်းတွင်ပင် မြို့ပြင်ရှိ အန္တရာယ်နယ်မြေ ငါးဆယ်မိုင်အကွာသို့ ရောက်သွားကြသည်။ အန္တရာယ်နယ်မြေသို့ ရောက်သော်လည်း အဖွဲ့၏အမြန်နှုန်းက လျော့မသွားပေ။ အဖွဲ့ခေါင်းဆောင် ကျောက်ဝူယန်သည် မိုင်တစ်ထောင်ရောက်မှသာ ရပ်သွားပြီး အခြားသူများကို လှည့်ကြည့်၍ ပြောလိုက်သည်။

"ငါတို့ရှေ့က တောအုပ်က ငါတို့မြို့ရဲ့ တစ်ပိုင်းကျင့်ကြံနေရာပဲ။"

"တစ်ပိုင်းကျင့်ကြံနေရာဆိုတာ အမြန်ဖြတ်သွားတဲ့ အားကြီးတဲ့သူက ဝိညာဉ်စွမ်းအားဖြန့်လိုက်ရုံနဲ့ ကင်းထောက်နိုင်တယ်။"

"ဒီလိုမျိုးနေရာက ပိုပြီးအန္တရာယ်များတယ်။ ဒါပေမဲ့ အရမ်းတော့မဟုတ်ဘူး။ ငါတို့တွေ သတိထားပြီး လုပ်ဆောင်တာနဲ့အမျှ ဘာမတော်မဆမှုမှ ဖြစ်မှာမဟုတ်ဘူး။"

"ပြီးရင် ငါတို့လူခွဲပြီး ရှေ့ကတောအုပ်ထဲကို သွားမယ်။ လမ်းတစ်လျှောက်မှာ တွေ့သမျှအရာအားလုံးကို လေ့လာပါ။ ပြီးရင် မြေပုံဆွဲဖို့ အချက်အလက်တွေကို မှတ်တမ်းတင်ပါ။"

"မှတ်ထားကြပါ။ အန္တရာယ်နဲ့တွေ့ရင် အရင်ဆုံးလုံခြုံမှုက အဓိက။ ကျန်တဲ့ကိစ္စကနောက်မှပဲ။"

ကျောက်ဝူယန်သည် ပြောရင်းဖြင့် အကြည့်တို့က လင်းဇီချန်နှင့် ရှန်ချင်းဟန်ဆီသို့ ရောက်သွားသည်။ မိမိသည် အဖွဲ့ဝင်ဟောင်းများကို ကောင်းကောင်းသိသော်လည်း ယခုတွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို ပြောနေခြင်းသာ ဖြစ်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်မှာ လူသစ်လေးဖြစ်၍ လွန်စွာဂရုစိုက်ရန် လိုအပ်သည်။

"အားလုံးပဲ မေးစရာရှိကြသေးလား။"

ကျောက်ဝူယန်၏အကြည့်တို့က ပြောင်းသွားပြီး အခြားသူများကို ကြည့်လိုက်သည်။

အားလုံးကပြဿနာမရှိဟု ဖြေလိုက်သည်။

ကျောက်ဝူယန်က ခေါင်းညိတ်ပြလိုက်၏။

"အားလုံးရှင်းလင်းပြီဆိုရင် အခုစကြတာပေါ့။"

ထိုစကားကို ပြောပြီးသည်နှင့် ရှိနေသောလူများသည် လျင်မြန်စွာ ပျောက်သွားကြပြီး တစ်ယောက်ချင်းစီက တောအုပ်ထဲသို့ ဝင်သွားကြကာ နယ်မြေကို စုံစမ်းရန် လမ်းကြောင်းအသီးသီးမှ ထွက်ခွာသွားကြသည်။

"မင်းတို့နှစ်ယောက်က အသစ်ဆိုတော့ လူခွဲပြီး လှုပ်ရှားစရာမလိုဘူး။ တူတူတောအုပ်ထဲကိုဝင်ကြပါ။ အနည်းဆုံးတော့ အချင်းချင်း အဖော်လုပ်ပေးလို့ရတာပေါ့။"

ကျောက်ဝူယန်က လင်းဇီချန်နှင့် ရှန်ချင်းဟန်ကိုကြည့်ပြီး ထိုစကားများကို ပြောကာ လျှပ်တစ်ပြက်အတွင်းပင် ရှေ့မှ တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

"ခေါင်းဆောင်က ငါတို့ကို တကယ်ဂရုစိုက်တာပဲ။ ငါတို့တူတူလှုပ်ရှားဖို့တောင် ပြောသွားသေးတယ်။"

ကျောက်ဝူယန် ထွက်သွားသည့်အရပ်ကို ကြည့်ပြီး ရှန်ချင်းဟန်က စိတ်သက်သာရာရစွာဖြင့် ပြောလိုက်သည်။ သူမသည် ကျောက်ဝူယန်က မိမိတို့ကို လူခွဲပစ်ပြီး ကင်းထောက်ခိုင်းမည်ကို စိုးနေမိသည်။ ကံကောင်းစွာဖြင့် ထိုသို့ မဖြစ်ခဲ့ပေ။ လင်းဇီချန်က ပြောလိုက်သည်။

"ခေါင်းဆောင်က ငါတို့ကို စောင့်ရှောက်ပေးတာ ပုံမှန်ပါပဲ။ ငါတို့က အသစ်တွေဖြစ်ရုံတင်မကဘူး။ အားလုံးကို တုန်လှုပ်စေတဲ့ ဆင့်ကဲပြောင်းလဲခြင်းပါရမီရှိတဲ့ ပါရမီရှင်တွေလေ။ ငါတို့ခေါင်းဆောင်က ငါတို့ကို စောင့်ရှောက်ဖို့ အကြောင်းရင်းတွေရှိတာပဲ။"

အတိုချုံးရှင်းပြပြီးနောက်တွင် လင်းဇီချန်လည်း အချိန်ထပ်ဖြုန်းမနေတော့ဘဲ အမြန်ပင် ရှန်ချင်းဟန်နှင့်အတူ တောထဲသို့ ဝင်သွား‌တော့သည်။

နှစ်ဦးလုံးသည် ထိပ်တန်းအဆင့်တိုက်ခိုက်သူများဖြစ်ကြပြီး အဆင့်မြင့်အဆင့်သက်ရှိအများဆုံးရှိသည့် တောထဲသို့ဝင်သွားခြင်းက ရေထဲသို့ ဆင်းသွားသောငါးကဲ့သို့ပင် လွတ်လပ်ပြီးလွယ်ကူလှသည်။ တောအနက်ထဲသို့ ရောက်ပြီးနောက်တွင် လင်းဇီချန်က လမ်းကြောင်းကို အားသုံးပြီးရှင်းကာ လမ်းတွင်တွေ့သမျှ ဆန်းကြယ်သားရဲများနှင့် ဆန်းကြယ်အပင်များကို သတ်၍ စားသုံးလိုက်ပြီး သွေးမျိုးဆက်စွမ်းအားများစွာ ရနေသည်။ ရှန်ချင်းဟန်ကမူ မြေပုံဆွဲရန်အတွက် တာဝန်ယူရပြီး လမ်းတွင်တွေ့သမျှကို အထူးစာရွက်တစ်ရွက်တွင် မှတ်တမ်းတင်ရသည်။

နှစ်ဦးသား ထိုသို့ဖြင့် တောအနက်ထဲသို့ ရောက်လာကြပြီး တော၏အနက်ရှိုင်းဆုံးနေရာများထိ စူးစမ်းလေ့လာကြရင်းဖြင့် အခြားသောအဖွဲ့ဝင်များဖြင့်မီတာတစ်ရာကျော်ခန့် ဝေးသွားသည်။

"ဇီချန် ရှေ့မှာ သွေးမိစ္ဆာပန်းတွေအများကြီးပဲ။ ငါတို့တော့ ပွပြီ။"

ရှန်ချင်းဟန်သည် များပြားလှစွာသောဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို တွေ့လိုက်ရသည့်အတွက် ပြောလိုက်မိသည်။ လင်းဇီချန်ကမူ သူမကဲ့သို့ စိတ်မလှုပ်ရှားသော်လည်း အနည်းငယ်မျှ လန့်မိသည်။ သွေးမိစ္ဆာပန်းများသည် လွန်စွာဈေးကြီးသည့် သခင်အဆင့်ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များ ဖြစ်သည်။ မြို့၏လဲလှယ်ခြင်းခန်းမတွင် သွေးမိစ္ဆာပန်းတစ်ပွင့်က ထောက်ပံ့ရေးအမှတ်နှစ်ထောင်ကျသင့်သည်။

ယခုတွင် များပြားလှသည့် သွေးမိစ္ဆာပန်းများက ရှေ့တွင်ပေါ်လာသဖြင့် စိတ်မလှုပ်ရှားရန် ခက်လှသည်။ စိတ်ခံစားချက်များကို အနည်းငယ်မျှ တည်ငြိမ်အောင် လုပ်ပြီးနောက်တွင် လင်းဇီချန်က ချက်ချင်းပင် စိတ်ကို စုစည်းပြီး ရှေ့မှသွေးမိစ္ဆာပန်းများကို ယူ၍ သိုလှောင်အိတ်ထဲတွင် ထည့်ကာ မြို့သို့ပြန်ရောက်မှ စုပ်ယူ‌တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ လင်းဇီချန်က ထိုပန်းများကို သမ်းလိုက်ပြီးသည်နှင့် လွန်စွာရင်းနှီးနေသောအငွေ့အသက်တစ်ခုက ဆယ်မိုင်အကွာမှ စမ်းချောင်းလေးနားတွင် ပေါ်လာသည်။ ထိုအငွေ့အသက်ပေါ်လာသည်နှင့် နှစ်ယောက်လုံး အာရုံခံမိကြသည်။

"ဇီချန် မြေခွေးမိန်းကလေးပဲ။"

ရှန်ချင်းဟန်က လင်းဇီချန်ကို ကြည့်၍ပြောကာ အသံက အံ့ဩသွားဟန်ပေါက်ပြီး စုကျိုကျဲဖြင့် ထိုနေရာတွင် တွေ့ရမည်ဟု မျှော်လင့်မထားမိပေ။ လင်းဇီချန်ကမူ ဘာမှမပြောဘဲ ဆယ်မိုင်အကွာမှ စုကျိုကျဲ၏တည်ရှိမှုကို အာရုံခံလိုက်ပြီး ဖြစ်နေသည်များကို သိရန် ကြိုးစားကြည့်သည်။ ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်နှင့် လင်းဇီချန်သည် ဆယ်မိုင်အကွာမှ အားလုံးကို သိလိုက်ပြီး စုကျိုကျဲသည် ပုံပျက်ပန်းပျက်ဖြစ်နေကာ သူမနားတွင်လည်း အနက်ရောင်အငွေ့အသက်များ ရစ်ဝဲနေသည်ကို သတိထားမိသည်။

မေ့ပျောက်ခြင်းနယ်မြေက မြူခိုးနက်တွေမလား

စုကျိုကျဲက မေ့ပျောက်ခြင်းနယ်မြေက ဂြိုလ်သားလိုက်တာ ခံရတာလား

သိလိုက်သည်နှင့် လင်းဇီချန်သည်ချက်ချင်းပင် ရှန်ချင်းဟန် လက်ကိုဆွဲ၍ စုကျိုကျဲရှိရာမှ အဝေးသို့ အပြေးသွားသည်။

စုကျိုကျဲနောက်သို့ ဂြိုလ်သားလိုက်ခံရခြင်းဖြစ်လျှင် အခြားသောဂြိုလ်သားများလည်းနောက်မှလိုက်ပါလာနိုင်သည်။ လင်းဇီချန်သည် အန္တရာယ်မများချင်သဖြင့် ထိုနေရာမှထွက်ကာ အဖွဲ့ခေါင်းဆောင် ကျောက်ဝူယန်ဖြင့် ဆုံပြီးမှ မိမိနှင့် ရှန်ချင်းဟန်ကို ကာကွယ်ခိုင်းရမည်။ ရှန်ချင်းဟန်လက်ကိုဆွဲ၍ ထိုနေရာမှ ထွက်သွားသည်နှင့် ဆယ်မိုင်အကွာတွင် စုကျိုကျဲသည် မြေကြီးပေါ်သို့ လဲကျသွားကာ သွေးများအန်ထွက်လာပြီး သေလုဆဲဆဲအနေအထားဖြစ်နေသည်။ သူမသည် ဆက်၍ မပြေးနိုင်တော့ပေ။ သူမ၏အဆီအနှစ်သွေးသည် ကုန်လုနီးပါးဖြစ်ကာ ခန္ဓာကိုယ်က အားနည်းနေပြီး မြေကြီးပေါ်သို့ လဲကျသွားရင်းဖြင့်သာ ထိုသူလာအဖမ်းကို စောင့်နေတော့သည်။ ပြီးမှသာ ဝိညာဉ်ကို အထိခိုက်ခံပြီး ထပ်မံထွက်ပြေးရမည်ဖြစ်သည်။

သို့သော်လည်း ထိုသို့လွတ်သွားခြင်းက ကောင်းသောလွတ်မြောက်ခြင်းမျိုး မဟုတ်ပေ။ မေ့ပျောက်ခြင်းနယ်မြေမှသူသည် ခြေရာခံနည်းလမ်းကို သုံးပြီး မိမိကို အလွယ်လေးရှာနိုင်သည်။ မည်မျှပင် ကြိုးစားသော်လည်း ထိုသူက မိမိကို ရှာတွေ့မည်ဖြစ်သည်။

"ထပ်ပြီး မပြေးနိုင်တော့ဘူးလား။"

အေးစက်သောအသံက ရုတ်တရက် ထွက်ပေါ်လာပြီး ရင်းနှီးသောပုံရိပ်ကလည်း သူမအထက်တွင် ပေါ်လာကာ ငုံ့ကြည့်နေလေသည်။

All Chapters