ရေနတ်ဘုရားကသာတကယ့်တရားခံ (၂)
Vol. 38 Ch. 568
ယခုတွင်မူ ရေနတ်ဘုရားအတွက် ရှန်ချင်းဟန်က တန်ဖိုးမရှိတော့ပေ။ ထို့ကြောင့် ရှန်ချင်းဟန်ကမူ ထွက်ပြးသွားသည်။ လင်းဇီချန်နှင့် ချီချင်းမော့ကို ထိန်းချုပ်ပြီးနောက်တွင် သစ်သားနတ်ဘုရားသည် ရေနတ်ဘုရားကို ကြည့်၍ ပြောလိုက်သည်။
"တကယ်တော့ မင်းက ငါ့အတွက် အပြီးပြည့်စုံဆုံး ကျင့်ကြံရေးဒယ်အိုးပဲ။ မင်းကို စွန့်လွှတ်ပြီး ဒြပ်စင်ငါးပါးပေါင်းစပ်တာကို လုပ်မယ်။ အဲ့လိုဆို ငါကပိုပြီးမြင့်တဲ့အဆင့်ကို ရောက်ပြီ။"
ထိုသို့ပြောကာ ဂုဏ်ယူစွာဖြင့် ထပ်ပြောလိုက်သည်။
"မင်းက သတ္တုနတ်ဘုရား၊ မီးနတ်ဘုရားနဲ့ မြေနတ်ဘုရားတို့ကို အကွက်ဆင်ခဲ့တာ။ နောက်ဆုံး ငါ့ကိုတောင် အကွက်ဆင်ဖို့ကြံခဲ့တာ။ တစ်နေ့မှာ မင်း ငါ့လက်ထဲမျာ ကျရှုံးလိမ့်မယ်လို့ စိတ်တောင်ကူးဖူးလို့လား။"
ထိုသို့ပြောရင်းဖြင့် သစ်သားနတ်ဘုရား၏အကြည့်တို့က ရေနတ်ဘုရား၏မျက်နှာတွင်သာ ရှိပြီး စိတ်ပျက်အားငယ်မှုကို မြင်ချင်နေမိသည်။ သို့သော်လည်း ရေနတ်ဘုရားကမူ မလှုပ်မယှက်ဖြင့်ပင် တည်ငြိမ်နေ၏။ ရေနတ်ဘုရား၏မျက်နှာထက်၌ စိတ်ပျက်အားငယ်မှုကို မမြင်ရသဖြင့် သစ်သားနတ်ဘုရားက အနည်းငယ်မျှစိတ်ပျက်သွားမိသည်။ သို့သော်လည်း ထိုစိတ်ပျက်မှုက ခဏသာဖြစ်ပြီး မကြာခင်တွင်ပင် စိတ်မရှည်မှုတို့က အစားထိုးဝင်ရောက်လာသည်။
"တော်လောက်ပြီ။ မင်းက စကားမပြောချင်မှတော့ အခု ငါ့ရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်လာလိုက်တော့။"
သစ်သားနတ်ဘုရားက ထိုသို့ပြောပြီး ချက်ချင်းပင် ဝိညာဉ်စွမ်းအားများထုတ်ကာ ရေနတ်ဘုရားကို ပတ်ချာဝိုင်းထားလိုက်ပြီး သူ၏အသိစိတ်ပင်လယ်ထဲသို့ ဆွဲခေါ်သွားတော့သည်။ ရေနတ်ဘုရားကို အသိစိတ်ပင်လယ်ထဲသို့ ဆွဲခေါ်ပြီး မူလရေဓာတ်ကို ပေါင်းစည်းရန် လုပ်ခြင်းသာဖြစ်သည်။ ထိုသို့ပေါင်းစည်းနေစဉ်အတွင်းတွင် သူသည် ရေဒြပ်စင်ပိုင်ဆိုင်ထားသည့် အေးစက်မှု၊ သိမ်မွေ့မှုနှင့် တည်ငြိမ်မှုတို့ကို ခံစားရပေမည်။ ရေမူလအား၏စွမ်းအားများက ၎င်းအား ဝမ်းပန်းတသာဖြစ်စေသကဲ့သို့ ပီတိဖြာစေမိသည်။ ရေဓာတ်ဖြင့်ပေါင်းစပ်ပြီးသည်နှင့် သစ်သားနတ်ဘုရားသည် လောကကြီးထဲမှ ရေဒြပ်စင်ကို ဖြည်းဖြည်းချင်း အာရုံခံနိုင်လာသည်။ မူလရေဓာတ်ဖြင့် တစ်ဝက်ပေါင်းစပ်ပြီးသောအခါတွင် အတွေးဖြင့်ပင် ရေကို ခြယ်လှယ်လာနိုင်ပြီး အလိုရှိသလို ပုံသွင်းလာနိုင်သည်။
ဟမ်
ဘာဖြစ်တာလဲ
ဘာလို့ ငါ့ရဲ့မူလအားက ဖြည်းဖြည်းချင်း ဝါးမျိုနေသလိုခံစားနေရတာလဲ
ပုံရိပ်ယောင်များလား
မူလရေဓာတ်ဖြင့် ပေါင်းစည်းနေစဉ်တွင် သစ်သားနတ်ဘုရားက တစ်ခုခုမူမှန်သည်ကို ခံစားလိုက်မိသည်။
ယခင်က သူသည် အခြားသောဒြပ်စင်များဖြင့် ပေါင်းစပ်ခဲ့စဉ်တွင် ဝါးမျိုသည့်ခံစားချက်မျိုးကို ခံစားမိသည်။ သို့သော်လည်း ယခု မူလရေဓာတ်ဖြင့် ပေါင်းစည်းသောအခါတွင်မူ မိမိ၏မူလသစ်သားဓာတ်က ဖြည်းဖြည်းဖြင့် ရေဓာတ်၏ဝါးမျိုခြင်းကိုခံနေရသည်ဟု ခံစားမိပြီး အတော်လေးမသက်မသာဖြစ်ရသည်။ ထိုအချိန်တွင်ပင် ရင်းနှီးနေသောအသံတစ်သံက အသိစိတ်ပင်လယ်ထဲမှထွက်လာသည်။
"နင်မမှားဘူး။ ငါက နင့်ရဲ့မူလဓာတ်ကို စုပ်ယူနေတာ။"
ရေနတ်ဘုရား၏အသံပင် ဖြစ်လေသည်။
ရင်းနှီးနေသည့် အေးစက်လှသောအသံကို ကြားလိုက်ရသောအခါတွင် သစ်သားနတ်ဘုရား၏မျက်နှာက ဖျော့တော့သွားပြီး အကြောက်တရားဖြင့် ပြည့်နှက်သွားသည်။ ရေနတ်ဘုရားက မည်သို့အသက်ရှင်နေသေးသည်ကို နားမလည်နိုင်ပေ။ ထိုအသံသည် မိမိ၏အသိစိတ်ပင်လယ်ထဲမှလာခြင်းဖြစ်သည်။
"အစကနေ အဆုံးအထိ နင်က ငါ့ရဲ့နယ်ရုပ်တစ်ရုပ်ပဲ။"
"ငါ့ရဲ့အသွေးအသားနဲ့သာဆို ဒြပ်စင်ငါးပါးပေါင်းစပ်တာကို ဘယ်လိုမှ အောင်မြင်နိုင်မှာမဟုတ်ဘူး။ တန်ပြန်တဲ့ဒဏ်ကိုတောင် ခံနိုင်မှာမဟုတ်ဘူး။"
"ဒါပေမဲ့ နင့်ရဲ့ ထာဝရအသက်နဲ့သာဆိုရင် တန်ပြန်တဲ့ဒဏ်ကိုလည်းခံနိုင်မယ်။ အဲ့ဒါကြောင့်...နင့်ရဲ့ခန္ဓာကိုယ်ကို လိုအပ်ခဲ့တာ။"
ရေနတ်ဘုရား၏နောက်ဆုံးစကားကို ကြားလိုက်ရသည့်အခါတွင် ချက်ချင်းပင် သူမ၏ဝိညာဉ်စွမ်းအားများက သစ်သားနတ်ဘုရား၏အသိစိတ်ပင်လယ်ထဲ၌ ထိုးထွက်လာပြီး သစ်သားနတ်ဘုရား၏အသိစိတ်ပင်လယ်ကို နှောင့်ယှက်လိုက်လေသည်။
"အား...အား....အား...."
ထိုအချိန်တွင် သစ်သားနတ်ဘုရားသည် ခန္ဓာကိုယ်ကို ထိန်းချုပ်မှုကင်းသွားပြီး မခံမရပ်နိုင်သောနာကျင်မှုက ခန္ဓာကိုယ်ကို လွှမ်းမိုးသွားတော့သည်။ တစ်ချိန်တည်းတွင်ပင် ပတ်ဝန်းကျင်မှ နွယ်ပင်များသည်လည်း ညှိုးနွမ်းခြောက်သွေ့ပြီး ကောင်းကင်မှသစ်သားစများအဖြစ် ကျလာသည်။ ကျေးဇူးတင်စရာကောင်းသည်မှာ လင်းဇီချန်နှင့်ချီချင်းမော့တို့က အောင်မြင်စွာဖြင့် လွတ်မြောက်သွားပေသည်။
၎င်းတို့လွတ်သွားသည်နှင့် လင်းဇီချန်က အသံလာရာသို့ကြည့်လိုက်သောအခါတွင် ဖြစ်နေသည်များကို နားမလည်နိုင်ပေ။ မိမိသည် ပိတ်မိနေပြီး အာရုံလည်းတားဆီးခံထားရသဖြင့် အပြင်လောက၌ဖြစ်နေသည်များကို မသိလိုက်ပေ။ ချီချင်းမော့သည်လည်း အတူတူပင်ဖြစ်သည်။
နှစ်ဦးသား တွေဝေနေကြစဉ်တွင်ပင် သစ်သားနတ်ဘုရား၏အော်သံကို ကြားလိုက်ရကာ သူ၏မူလဓာတ်ကိုစွန့်လွှတ်ပြီး လွန်စွာအားကောင်းသောဝိညာဉ်စွမ်းအားထွက်လာသည်ကို ခံစားမိပြီဂ ခန္ဓာယ်ကိုယ်ကိုလည်း ရေနတ်ဘုရားက ထိန်းချုပ်လိုက်သည်ကို သိလိုက်သည်။
"ရေနတ်ဘုရား..."
"မင်းက အကုန်လုံးကို တွက်ချက်ထားပေမဲ့လို့ မင်းရဲ့အင်အားက ငါ့အတွက်ပြိုင်ဘက်မဟုတ်ဘူးကွ။"
"ဒီအဆုံးမဲ့စွမ်းအားရှေ့မှာတော့ ဒီအကောက်ကြံတာတွေအားလုံးက အလဟဿပဲကွ။"
"မင်းရဲ့အင်အားက ဒီလောက်နည်းတာ။ မင်းရဲ့ဒြပ်စင်ငါးပါးပေါင်းစပ်တာအောင်မြင်ဖို့ ငါ့ကို နယ်ရုပ်အဖြစ် သုံးနိုင်မယ်ထင်နေတာလား။"
"မင်းက နည်းနည်းလေးတောင်မှ မတန်ဘူး။"
ခန္ဓာကိုယ်က သတိဝင်လာပြီးနောက်တွင် သစ်သားနတ်ဘုရားက အော်ပြောလိုက်ကာ မကောင်းသည့်ခံစားချက်များက လွှမ်းခြုံသွားသည်။ သစ်သားနတ်ဘုရား၏အော်သံကို ကြားသောအခါတွင် ရေနတ်ဘုရားက စကာတစ်ခွန်းကိုသာ ပြောလိုက်သည်။
"အဲ့လိုလား။"
ထိုစကားကို ပြောပြီးသည်နှင့် သစ်သားနတ်ဘုရား၏ခန္ဓာကိုယ်ကို ရေနတ်ဘုရားက ချက်ချင်းပင် ထိန်းချုပ်လိုက်သည်။ ထို့နောက်တွင် ရေနတ်ဘုရားက ဝိညာဉ်စွမ်းအားများကို ထုတ်လိုက်ပြီး သစ်သားနတ်ဘုရား၏အသိစိတ်ပင်လယ်တစ်ခုလုံးကို သိမ်းကာ သစ်သားနတ်ဘုရား၏စိတ်ဆန္ဒကိုပါ စတင်သိမ်းပိုက်လိုက်လေတော့သည်။
"မလုပ်နဲ့...."
မိမိကိုယ်တိုင် မှေးမှိန်သွားသည်ကို ခံစားမိသဖြင့် သစ်သားနတ်ဘုရားက ကြောက်လန့်တကြားဖြင့် အော်လိုက်မိလေ၏။