ဒြပ်စင်ငါးပါးပေါင်းစပ်ခြင်း
Vol. 38 Ch. 569
အောင်အောင်မြင်မြင်ဖြင့် သစ်သားနတ်ဘုရား၏စိတ်ဆန္ဒကို ချေဖျက်ပြီးနောက်တွင် ရေနတ်ဘုရားသည် သစ်သားနတ်ဘုရား၏အသားကို ယူလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူမသည် ဒြပ်စင်ငါးပါးကို သူမ၏ခန္ဓာကိုယ်ဖြင့် စတင်ပေါင်းစပ်လိုက်ပြီး သူမစီစဉ်ထားသည့်အတိုင်း ဒြပ်စင်ငါးပါးပေါင်းစပ်ခြင်းကိုအောင်မြင်အောင် လုပ်တော့မည်ဖြစ်သည်။
ဒြပ်စင်ငါးပါးဖြစ်သော သစ်သား၊ ရေ၊ မီး၊ သတ္ထုနှင့် မြေကြီးတို့သည် ပေါင်းစပ်သွားလျှင် ထိုဒြပ်စင်ငါးပါးဖြင့် ဖွဲ့စည်းထားသော ကမ္ဘာနှင့်မူလမြေသည် စတင်ပျက်စီးပြိုလဲခြင်းဖြင့် ကြုံရပေတော့သည်။
ဆူနာမီများ
ငလျင်များ
ဟာရီကိန်းမုန်တိုင်းများ
နှင်းမုန်တိုင်းများ
မိုးကြိုးမုန်တိုင်းများ
မီးတောင်ပေါက်ကွဲခြင်းများ....
မျက်စိထဲ၌ မြင်မြင်သမျှမှာ ကြောက်စရာကောင်းလှသောကပ်ဘေးဆိုးကြီးများသာဖြစ်ပြီး လောကကြီးတစ်ခုလုံးက အဆုံးသတ်နေ့သို့ရောက်သွားသည့်အတိုင်းပင်ဖြစ်သည်။
(သင်သည် ဟာရီကန်းတွင် အသက်ရှင်သွားပါပြီ။ လိုက်လျောညီထွေအောင်မြင်နိုင်စွမ်း ၁+)
(သင်သည် နှင်းမုန်တိုင်းတွင် အသက်ရှင်သွားပါပြီ။ လိုက်လျောညီထွေအောင်မြင်နိုင်စွမ်း ၁+)
(သင်သည် မိုးကြိုးမုန်တိုင်းတွင် အသက်ရှင်သွားပါပြီ။ လိုက်လျောညီထွေအောင်မြင်နိုင်စွမ်း ၁+)
(သင်သည် ငလျင်ကြီးတွင် အသက်ရှင်သွားပါပြီ။ လိုက်လျောညီထွေအောင်မြင်နိုင်စွမ်း ၁+)
(....)
(သင်သည် လိုက်လျောညီထွေရှင်သန်နိုင်စွမ်းအားကို ရရှိပါသည်။)
(လိုက်လျောညီထွေရှင်သန်နိုင်စွမ်း - သင်သည် လွန်စွာအန္တရာယ်များသောပတ်ဝန်းကျင်မျိုးစုံတွင် အသက်ရှင်နိုင်ပါသည်။)
လင်းဇီချန်သည် မိမိရှေ့မှစာသားများကို ကြည့်နေမိသည်။ အောင်မြင်ဖြစ်စဉ်အကြောင်းကို မေ့လုနီးပါးပင်ဖြစ်နေလေသည်။ နှစ်ပေါင်းများစွာကြာသည်အထိ သိသာသည့်တိုးတက်ပြောင်းလဲမှုမရှိခဲ့ပေ။ ယခုတွင်မူ ရှေးဘိုဘေးအဆင့်ဖြစ်သွားပြီး ထိုသို့စွမ်းအားမျိုးကို မလိုအပ်တော့ပေ။
"ကောင်းကင်လူသားသခင် ရေနတ်ဘုရားကို ပေါင်းပြီးတိုက်ရအောင်။"
စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် ချက်ချင်းပင် ချီချင်းမော့ကို ပြောလိုက်သည်။
လောကကြီးပျက်စီးရခြင်းက ရေနတ်ဘုရားက ဒြပ်စင်ငါးပါးပေါင်းစပ်ရန် ကြိုးစားခြင်းကြောင့်သာဖြစ်သည်။ ရေနတ်ဘုရားကို တားနိုင်လျှင် မိမိတို့သည် ထိုကပ်ဘေးဆိုးကြီးကို တားဆီးနိုင်မည်ဖြစ်သည်။ ချီချင်းမော့သည်လည်း အတွေးတူတူပင်ဖြစ်၏။ သူမက တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။
"တူတူသွားကြတာပေါ့။"
ထိုသို့ပြောပြီးသည်နှင့် ချီသေါးစွမ်းအားကို လွှင့်ထုတ်ကာ ကြက်သွေးရောင်အလင်းတန်းအသွင်ပြောင်းပြီး ရေနတ်ဘုရားရှိရာသို့ ပြေးဝင်သွားတော့သည်။ တစ်ဆက်တည်းပင် လင်းဇီချန်ကလည်း နောက်မှလိုက်လာသည်။
"ဘုန်း...ဘုန်း..."
နားကွဲမတတ်အသံကျယ်ကြီးနှစ်ချက်ကို ကြားလိုက်ရသည်။
လင်းဇီချန်နှင့် ချီချင်းမော့တို့၏ကြိုးပမ်းမှုကို ရေနတ်ဘုရားက ရိုက်ချလိုက်ခြင်းပင်ဖြစ်သည်။ ထိုရိုက်ချက်က ပြင်းလှသောကြောင့် ကောင်းကင်သည်ပင် မီးတောက်များဖြင့် ထိန်ထိန်ရဲနေသည်။ မီးတောက်များပျောက်ကွယ်သွားသောအခါတွင် ရေနတ်ဘုရားသည် လင်းဇီချန်နှင့်ချီချင်းမော့ရှေ့တွင် ပြန်ပေါ်လာသည်။
ရေနတ်ဘုရားက အထိအခိုက်မရှိဘဲ ဒြပ်စင်ငါးပါးပေါင်းစပ်ခြင်းကို ဆက်လုပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါတွင် လင်းဇီချန်နှင့်ချီချင်းမော့တို့၏ အမူအရာက အနည်းငယ်မျှပြောင်းသွားပြီး အခြေအနေက အတော်လေးဒုက္ခရောက်သွားဟန်တူသည်။ ထိုအချိန်တွင် သစ်သားနတ်ဘုရားကမူ ကောင်းကင်ထက်၌ မလှုပ်မယှက်ဖြင့်ရှိနေပြီး ခန္ဓာကိုယ်တွင်းမှ ဒြပ်စင်ငါးပါးပေါင်းစပ်ခြင်းကိုသာ အာရုံစိုက်ထားပြီး မည်သည့်လှုပ်ရှားမှုမရှိပေ။
သို့သော်လည်း ထိုအတောအတွင်းတွင် ခန္ဓာကိုယ်က နူးညံ့သိမ်မွေ့သောအခြေအနေတွင်ရှိနေပြီး ရွေးချယ်စရာမရှိဘဲ စောင့်ကြည့်နေကြရသည်။
လင်းဇီချန်နှင့် ချီချင်းမော့တို့ မဖြစ်နိုင်ဟုသောအကြောင်းအရာမျိုးကို မယုံသဖြင့် ချီသွေးစွမ်းအားအပြည့်ဖြင့် ဆက်လက်တိုက်ခိုက်လေသည်။
"ဘုန်း....ဘုန်း....ဘုန်း...."
ကောင်းကင်တစ်ခုလုံးသည် ချီသွေးစွမ်းအားများဖြင့် ပြည့်နှက်သွားပြီး မီးတောက်များက ကောင်းကင်ထိရောက်မတတ်ပင်ဖြစ်ကာ ရေနတ်ဘုရားကို ဝါးမျိုသွားတော့သည်။ သို့သော်လည်း လင်းဇီချန်နှင့်ချီချင်းမော့သည် ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်ကာ ပြန်ကောင်းရန်အတွက်လည်း မရပ်နိုင်ပေ။ မီးတောက်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် ရင်းနှီးနေသောပုံရိပ်က နှစ်ဦးရှေ့တွင် ပြန်လည်ထွက်ပေါ်လာပေသည်။
ရေနတ်ဘုရားပင် ဖြစ်လေ၏။
ထိုသို့ပေါက်ကွဲမှုကြီးဖြင့် ကြုံရသော်လည်း သူမ၏အသားများက အကောင်းအတိုင်းပင်ဖြစ်ကာ ခြစ်ရာတစ်ရာလေးပင် မထင်ပေ။ ထိုအချိန်တွင် လင်းဇီချန်နှင့်ချီချင်းမော့တို့ကမူ အတော်လေးစိတ်ပျက်အားလျော့နေပြီဖြစ်သည်။ နှစ်ဦးလုံးသည် မိမိတို့၏လက်ရှိအင်အားဖြင့် မိမိတို့ရှေ့မှ ရေနတ်ဘုရားကို မရင်ဆိုင်နိုင်သည်ကို သိလိုက်သည်။ ရေနတ်ဘုရားဖြင့် ရင်ဆိုင်နိုင်ရန်အတွက် ခွန်အားကို မြှင့်တင်ရန်လိုအပ်သည်။
"သွားကြစို့။ မူလမြေကိုသွားပြီး အထဲက ဆန်းကြယ်သားရဲတွေကို ဝါးမျိုရအောင်။"
မည်သည့်တိုက်ခိုက်မှုကမှ ရေနတ်ဘုရားကို အန္တရာယ်မပေးနိုင်သည်ကို မြင်သောအခါတွင် ချီချင်းမော့သည် အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်းပင် လင်းဇီချန်ကို ပြောလိုက်သည်။
"သွားကြမယ်။"
ထိုသို့ပြောပြီးသည်နှင့် သူသည် အလင်းတန်းအဖြစ် ပြောင်းသွားပြီး အနီးဆုံးသွေးမျိုးဆက်လမ်းကြောင်းဆီသို့ ထွက်သွားကြသည်။ တစ်ချိန်တည်းတွင်ပင် ချီချင်းမော့သည်လည်း အလင်းတန်းအဖြစ် ပြောင်းသွားကာ လင်းဇီချန်နောက်မှလိုက်သွားပြီး နှစ်ဦးသားသွေးမျိုးဆက်လမ်းကြောင်းဆီသို့ ရောက်သွားကြသည်။ သို့သော်လည်း လမ်းကြောင်းသည့် အတော်လေးပျက်စီးနေသည်ကိုသိလိုက်ရန်မှာ တစ်ဖက်သို့သွားရန်မှာ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ချက်ချင်းပင်ကောင်းကင်ပေါ်သို့ တက်သွားကြပြီး အခြားသောလမ်းကြောင်းများကို ရှာကြည့်ကြသည်။ သို့သော်လည်း အနီးအနားမှ လမ်းကြောင်းနှစ်ဆယ်ကို အမြန်စစ်ဆေးကြည့်ပြီးနောက်တွင် အားလုံးက အတူတူပင်ဖြစ်ကာ ပျက်စီးသွားကြပြီဖြစ်သည်။
အားလုံးကပျက်စီးနေပြီဖြစ်၏။ လင်းဇီချန်သည် ရေနတ်ဘုရား၏အငွေ့အသက်ကို အာရုံခံမိသည်။ ထိုလမ်းကြောင်းများကို ရေနတ်ဘုရားက ဖျက်စီးထားခြင်းဖြစ်သည်။ လုပ်ထားသည်မှာ ကြာပြီဖြစ်ဟန်ရှိသည်။ ထိုသို့သာဆိုလျှင် ရေနတ်ဘုရားသည် လွန်ခဲ့သောအချိန်တစ်ခုကပင် သစ်သားနတ်ဘုရားကို တားဆီးရန်အတွက် မူလမြေသို့ထွက်ပြေးသွားခြင်းသာဖြစ်ရမည်။ လင်းဇီချန်သည် ထိုအကြောင်းများကို မစဉ်းစားတော့ဘဲ စိတ်ထဲတွင်သာ လေးလံလာမိသည်။ မည်သို့လုပ်ရမည်လည်း မသိဖြစ်သွားမိ၏။ ဘေးနားမှချီချင်းမော့သည်လည်း စိုးရိမ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိပြီး မည်သို့လုပ်ရမည်ကို မသိဖြစ်နေလေ၏။