← Chapters

ကမ္ဘာတစ်ခုလုံးက ငါ့ အသိစိတ်ပင်လယ်ပဲ

Vol. 37 Ch. 543

ကမ္ဘာတစ်ခုလုံးက ငါ့ အသိစိတ်ပင်လယ်ပဲ

Vol. 37 Ch. 543

တစ်ရက်တည်းအတွင်းတွင် ချီချင်းမော့ကဲ့သို့ ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူများ၏

အကူအညီဖြင့် မူလမြေရှိ ကမ္ဘာမြေသားအားလုံးက ကမ္ဘာမြေသို့ ပြန်လည်ဆုတ်ခွာသွားကြသည်။

မူလမြေမှ ကမ္ဘာမြေသို့ တစ်ခုတည်းသော လမ်းကြောင်းကို ပိတ်ဆို့ထားသည့်အပြင် သွေးမျိုးဆက်စွမ်းအားမျိုးကွဲဝင်ပေါက်များအားလုံးကိုလည်း ပိတ်ထားသည်။

မပြန်နိုင်သော အချို့သူများသည်မူ မူလမြေ၌သာ ၎င်းတို့ကိုယ်၎င်းတို့ ခုခံ၍ ကျန်ရစ်ခဲ့နိုင်ကြသည်။

နန်ကျန်းပြည်နယ် စစ်ခရိုင်ဌာနချုပ်။

ချီချင်းမော့၊ စုမေ့ရှောင်း၊ စစ်မာရွှမ်၊ ရွှမ်ယွမ်ဝမ်ယွီနှင့် အကြီးအကဲလီတို့သည် ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူများစွာတို့ကို အတူတကွစုရုံးခဲ့ကြသည်။ ၎င်းတို့ငါးဦးသည် မကြာသေးမီကပင်

ဝင်ပေါက်အမှတ် ၃၆မှ ဒဏ်ရာများဖြင့် ထွက်လာခဲ့သည်။

၎င်းတို့အနက် စုမေ့ရှောင်းသည် အပြင်းထန်ဆုံး ဒဏ်ရာရခဲ့ကာ သတိလစ်လုနီးပါးဖြစ်သည်။

ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူများစွာနှင့် သူမ၏အရေးကိစ္စများကို စိတ်ဝင်စားပေးခဲ့သည့် ပင်လယ်နတ်ဘုရား၏ လက်တွင် ဝိဉာဥ်နှင့် ခန္ဓာပါ ချေမှုန်းခံရလုနီးနီးဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အကြီးအကဲလီနှင့် စစ်မာရွှမ်တို့သည် သူမကို ချစ်မြတ်နိုးကြသဖြင့်

ပင်လယ်နတ်ဘုရား၏ လက်မှကယ်တင်ပေးရန် မိမိတို့၏ အသက်ကို စွန့်စားခဲ့ကြသည်။ ခဏအကြာတွင် စုမေ့ရှောင်းသည် ဆေးကုသမှုခံယူပြီးနောက် သတိပြန်လည်လာသည်။

နိုးလာသောအခါတွင် သူမ၏ မျက်လုံးများကို ဖွင့်၍ လှည့်ကြည့်လိုက်ရာ မရင်းနှီးသော ပတ်ဝန်းကျင်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်း၌ပင် သူမ၏ စွမ်းအားသည် ရှေးဘိုးဘေးအဆင့်မှ ဒဏ္ဍာရီအဆင့်အထိ တိုက်ရိုက် ယိုယွင်းသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ဤအချက်များကို ချိတ်ဆက်ကြည့်ပြီးနောက် အကြီးအကဲလီနှင့် စစ်မာရွှမ်တို့က သူမကို ကမ္ဘာမြေသို့‌ေ ခါ်ဆောင်လာကြောင်း ချက်ချင်းသဘောပေါက်သွားသည်။

ထို့နောက်တွင် သူမသည် မတ်တပ်ရပ်၍ ရုန်းကန်နကာ အကြီးအကဲလီနှင့် စစ်မာရွှမ်တို့ကို ပြောလိုက်သည်။

“ကျွန်မတို့ မူလမြေကို ဘယ်လိုပြန်ရမလဲ။ ကျွန်မ မျိုးနွယ်က ရှေးစိမ်းလန်းတော်တန်းမှာရှိနေသေးတာ။.. ကျွန်မ အဲ့မှာမရှိနေရင်… သူတို့…”

ဤသို့ပြောနေစဥ် သူမသည် ချစ်သူနှစ်ဦးရှေ့တွင် သနားစရာကောင်းသည့်အမူအရာဖြင့် တမင်တကာ သူမ၏အသံကို တတ်နိုင်သမျှနူးညံ့နေစေရန် ကြိုးစားထားသည်။ ဤသည်ကိုမြင်သောအခါ အကြီးအကဲလီနှင့် စစ်မာရွှမ်တို့က ချက်ချင်းပြောလိုက်သည်။

"မင်းတစ်ယောက်တည်း ပြန်သွားဖို့ အန္တရာယ်များလွန်းတယ်၊ မင်းကို မူလမြေကို ပြန်လိုက်ပို့ပေးပြီး မင်းရဲ့ မျိုးနွယ်စုကို ကမ္ဘာမြေဆီခေါ်သွားပေးမယ်”

ဤသည်ကိုကြားသောအခါ ရွှမ်ယွမ်ဝမ်ယွီက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

“ရှင်တို့ ရမက်ကြီးတဲ့ မျက်လုံးကန်းနေတဲ့ခွေးနှစ်ကောင်က မိန်းမတစ်ယောက်အတွက် သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းကို ပြန်ဖွင့်ပြီး ကမ္ဘာမြေကို အန္တရာယ်ကျစေချင်နေတာလား။”

အကြီးအကဲလီနှင့် စစ်မာရွှမ်တို့သည် သူမအား လျစ်လျူရှု့ကာ သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းကို အမြန်ဖွင့်ကာ ရှေးစိမ်းလမ်းတောင်တန်းမှ မြေခွေးအမျိုးသမီးအားလုံးကို ကမ္ဘာမြေသို့ ခိုလှုံရန်အတွက် စုမေ့ရှောင်းနှင့်အတူ မူလမြေသို့ ပြန်သွားခဲ့သည်။

ရွှမ်ယွမ်ဝမ်ယွီက အလွန်အမင်းဒေါသထွက်ကာ တိုက်ခိုက်ရန်ပြင်လိုက်သည်။ သို့သော် သူမ လှုပ်ရှားခါနီးတွင် သူမအနားရှိ ချီချင်းမော့က တားလိုက်သည်။

"ဘာလို့ငါ့ကိုတားတာလဲ။" ရွှမ်ယွမ်ဝမ်ယွီက အံ့အားသင့်သွားသည်။

သူမသိသော ချီချင်းမော့သည် အလွန်အေးစက်သောစိတ်ထားရှိသောအမျိုးသမီးတစ်ဦးဖြစ်ကာ လက်ရှိအခြေအနေတွင် သူမကဲ့သို့ အကြီးအကဲလီနှင့် စစ်မာရွှမ်တို့ကို တားဆီးရန်ကြိုးစားသင့်သည်။

“ငါလည်း လူတစ်ယောက်ကိုရှာဖို့ မူလမြေကို ပြန်သွားဖို့လိုတယ်”

သူမရှာဖွေသောလူများမှာ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ဖြစ်သည်။ သူမ ကမ္ဘာမြေသို့ ပြန်ရောက်ချိန်တွင် ဂြိုဟ်တစ်ခုလုံးကို အာရုံခံကြည့်ခဲ့သော်လည်း လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ရှိနေသည်ကို မတွေ့ခဲ့ရပေ။ ၎င်းတို့၏ အရေးပါပုံကို သူမ ကောင်းစွာသိသည်။ တစ်ဦးသည် ချောက်နက်ကြီး၏ သားဖြစ်ကာ တစ်ဦးသည်မူ ရေနတ်ဘုရား ပြန်လည်ထမြောက်ရန်အတွက် ကြားခံတစ်ခုဖြစ်သည်။ မိမိ၏ လုံခြုံရေးကို သေချာစေပြီးနောက် ၎င်းတို့ကို ရှာဖွေရန် မူလမြေသို့ ပြန်သွားရန် လိုအပ်သည်။

လက်ရှိတွင် ကမ္ဘာပေါ်ရှိ စွမ်းအားကြီးသော သတ္တဝါများသည် နတ်ဘုရားများခေတ်မှ လွတ်မြောက်ခဲ့ကြသော အကြီးအကဲတချို့မှတပါး အားလုံးသည် သွေးမျိုးစပ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းနေကြသူများဖြစ်ကြသည်။ သွေးမျိုးစပ်ခြင်းလမ်းကြောင်းတွင်

တိကျသေချာသော ကန့်သတ်ချက်ရှိသည်။ မည်သို့ပင် ဆင့်ကဲပြောင်းလဲလာစေကာမူ ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင်ရှိသော ဂြိုလ်သားမျိုးဗီဇများ၏ ကန့်သတ်ချက်များကို ဘယ်သောအခါမျှ ကျော်လွန်နိုင်မည်မဟုတ်ပေ။

၎င်းတို့ကို ဂြိုလ်သား မျိုးနွယ်များက အစဥ်အမြဲ ဖိနှိပ်ခဲ့သည်။

စက်ပိုင်းဆိုင်ရာ ပြုပြင်ထားသော လူသားများနှင့် လက်ရှိအဆင့်မြင့်ဆုံး နည်းပညာသုံး လက်နက်များအတွက်၊ ၎င်းတို့သည် မြင့်မြတ်သူအဆင့်အောက်ရှိ သတ္တဝါများအပေါ် သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုများကိုသာ ထိခိုက်စေနိုင်သည်။ ထိုအဆင့်ထက် ကျော်လွန်သူများသည် အလွန်နည်းပါးလှသည်။ သို့သော် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ကွာခြားကြ၍ သွေးမျိုးစပ်လမ်းစဥ်ကို မလိုက်ကြဘဲ ၎င်းတို့၏ ဆင့်ကဲဖြစ်စဥ်ကို အခြားသူများမမြင်နိုင်စေရန် အကာအကွယ်အားကြီးကြသည်။

ဤကမ္ဘာမြေ‌ရှိလူနှစ်ဦးနှင့်အတူ ကမ္ဘာမြေသည် အချိန်တိုအတွင်း နောက်ထပ် ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူနှစ်ဦး ရလာနိုင်ရန် မျှော်လင့်ချက်ရှိသည်။ ဤနည်းအားဖြင့် ကမ္ဘာမြေသည် မူလမြေမှ

ဂြိုလ်သားများ ကျူးကျော်ဝင်ရောက်မှုကို ရင်ဆိုင်ရသောအခါတွင် ပိုမိုခုခံနိုင်မည်ဖြစ်သည်။

တခြားနေရာတွင် ချီချင်းမော့သည်လည်း မူလမြေသို့ပြန်သွားတော့မည်ကိုမြင်လိုက်ရသဖြင့် ရွှမ်ယွမ်ဝမ်ယွီတစ်ယောက် အလွန်အမင်း ဒေါသထွက်သွားရသည်။ သို့သော် သူမက ချီချင်းမော့ကို မစည်းရုံးဝံ့ခဲ့ပေ။

သူမသည် ချီချင်းမော့၏ သဘောသဘာဝကိုသိ၍ စည်းရုံခြင်းက အချည်းနှီးဖြစ်မည်ဖြစ်ကာ ချီချင်းမော့သည် သူမကိုပင် လက်တုံ့ပြန်နိုင်သည်ကို သိရှိခဲ့သည်။ သူမက ခံစားချက်များကို အနည်းငယ်တည်ငြိမ်စေရန် ထိန်းလိုက်သည်။

“ဘယ်သူ့ကို ရှာမလို့လဲ” ရွှမ်ယွမ်ဝမ်ယွီက ပြောလိုက်သည်။

"ချောက်နက်ကြီးရဲ့သားနဲ့ ရေနတ်ဘုရားပြန်ပြီး ရှန်သန်ထမြောက်ဖို့ ကြားခံ”

ထိုသို့ပြော၍ ချီချင်းမော့က ရွှမ်ယွမ်ဝမ်ယွီကို ဂရုမစိုက်တော့ဘဲ သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းသို့ လျင်မြန်စွာ ဝင်လာခဲ့သည်။ တစ်ခဏချင်း၌ပင် ကမ္ဘာမြေပေါ်၌ ကျန်ခဲ့သော ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူငါးဦးအနက် ရွှမ်ယွမ်ဝမ်ယွီသာ ကျန်ရှိတော့သည်။

“အာ”

ကူကယ်ရာမဲ့ သက်ပြင်းချရင်း၊ ရွှမ်ယွမ်ဝမ်ယွီသည် ချီချင်းမော့နှင့် အခြားသူများ ကမ္ဘာမြေသို့ ပြန်လာရန် စောင့်မျှော်လျက် ဝင်ပေါက် ၃၆တွင်သာ ရပ်နေခဲ့သည်။ ဤအတောအတွင်း သူမသည် ထိုနေရာတွင် တိတ်တဆိတ် စောင့်ဆိုင်းနေရုံသာမကဘဲ အထူးဆက်သွယ်ရေးနည်းလမ်းများဖြင့် ကမ္ဘာမြေပေါ်ရှိ ကာကွယ်ရေးတာဝန်များကို စီစဉ်ဆောင်ရွက်ပေးရန် အထူးဆက်သွယ်ရေးနည်းလမ်းများဖြင့် အဆက်မပြတ် အမိန့်ပေးခဲ့သည်။

မိနစ်ဝက်ခန့်ကြာပြီးနောက်

ကြည်လင်သော ကောင်းကင်၌ မြင့်မားသော မြန်နှုန်းမြင့် ပျံသန်းနေသောလူများစွာပေါ်လာသည်။ ၎င်းတို့၏ ရောင်ဝါက အလွန်ပြင်းထန်လှကာ အားလုံးသည် ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ အသစ်ရောက်လာသူများသည် ကမ္ဘာပေါ်ရှိ မြင်သာထင်သာရှိသော ခေါင်းဆောင်များဖြစ်သည့်

ပြည်နယ်သခင်များနှင့် ဒုအုပ်ချုပ်ရေးမှူးများ၊ သို့မဟုတ် မိသားစုဘိုးဘေးများနှင့် ဂိုဏ်းအုပ်များကဲ့သို့သော လျှို့ဝှက်ခေါင်းဆောင်များဖြစ်သည်။

သွေးမျိုးဆက်စွမ်းအားအဆင့်မြင့်သော ကမ္ဘာမြေမှ ခေါင်းဆောင်များ ဆင်းသက်ပြီးနောက် ရွှမ်ယွမ်ဝမ်ယွီအား ရိုသေစွာ ချက်ခြင်း အော်ဟစ်ခဲ့သည်။

“ဂြိုလ်သခင်”

“ဂြိုလ်သခင်”

“ဂြိုလ်သခင်”

“ဂြိုလ်သခင်”*48

ရှေးဘိုးဘေး သတ္တမအဆင့် ကျွမ်းကျင်သူ ရွှမ်ယွမ်ဝမ်ယွီသည် တစ်ကမ္ဘာလုံးတွင် အကြီးဆုံးသော လျို့ဝှက်အုပ်စိုးသူဖြစသည်။ အုပ်စိုးသူများအားလုံးက ထင်ရှားစွာဖြစ်စေ လျှို့ဝှက်၍ ဖြစ်စေ သူမ၏ အမိန့်ကို နာခံရမည်ဖြစ်သည်။

“လုချင်းရှန်… ရှင်က ဝင်ပေါက် ၂ ကို ခုခံကာကွယ်ဖို့ တာဝန်ရှိတယ်”

“မော့ယွီချင်း နင်ကတော့ ဝင်ပေါက် ၉ ကို ခုခံကာကွယ်ဖို့တာဝန်ယူ”

******

All Chapters