← Chapters

ရှေးဘိုးဘေးအဆင့်တိုက်ပွဲ

Vol. 33 Ch. 491

ရှေးဘိုးဘေးအဆင့်တိုက်ပွဲ

Vol. 33 Ch. 491

“ဝေါင်း”

အောက်ခြေမှ ကြောက်မက်ဖွယ်ရာ ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက မြေပြင်ကို တိုက်ရိုက် အက်ကွဲသွားစေ၍ မရေမတွက်နိုင်အောင်များပြားလှသော နက်နဲသော အက်ကွဲကြောင်းများ ပွင့်ထွက်ကာ အာကာသတစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခါသွားစေသည်။

ဘာသံလဲ

ချင်ချွမ်းမှလွဲ၍ ကျန်လူလေးဦးစလုံးသည် ရုတ်တရက် ထွက်ပေါ်လာသည့် ကျယ်လောင်သောဟောက်သံကြောင့် ထိတ်လန့်တကြားဖြစ်ကုန်သည်။

ရှန်ချင်းဟန်သည် သဘာဝအတိုင်း ကြောက်ရွံ့ကာ ဖြူဖျော့လိက် သူမ၏ လက်ဖဝါးတွင် ချွေးများ စီးကျလာသည်။ လင်းဇီချန်က သူမ၏လက်ကို တင်းတင်းဆုပ်ထားလျက် ဟိန်းသံ၏ ဦးတည်ရာဆီသို့ စူးစူးစိုက်စိုက်စိုက်ကြည့်ရင်း ထွက်ပြေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ပိုင်ဝူပျန့် နှင့် ရှန်ကွမ်းယွဲ့ဟွာတို့သည် နိုးနိုးကြားကြားရှိသော အမူအရာများဖြင့် ၎င်းတို့၏ သွေးစွမ်းအင် နှင့် သွေးအနှစ်သာရတို့ကို အထွတ်အထိပ်သို့ ချိန်ညှိထားသည်။ ဟိန်းဟောက်သံအတွင်းပါရှိသော စွမ်းအင်က အလွန် ပြင်းထန်လွန်းသည်။

သားရဲကိုယ်တိုင်သည် အနည်းဆုံး ဒဏ္ဍာရီအဆင့်၌ ရှိနေနိုင်သည်။

အမှတ် ၁ မြို့တော်သခင်ဖြစ်သော ချင်းချွမ်း၏ သွေးမျိုးဆက်စွမ်းအားအဆင့်ပင် ဤအဆင့်သို့ မရောက်နိုင်ခဲ့ပေ။ ကမ္ဘာ၏ စွမ်းအားကြီးသောဖြစ်တည်မှုများဖြစ်သော ဒုအုပ်ချုပ်ရေးမှုး ယဲ့ရုန်ရှန်းကဲ့သို့သော ပုဂ္ဂိုလ်များသာ ဒဏ္ဍာရီအဆင့်သို့ရောက်နိုင်ကြသည်။ ရှေးဘိုးဘေးအဆင့်အထက်နှင့်ပတ်သက်၍မူ ကမ္ဘာကြီးတစ်ခုလုံး၏ အင်အားစုများကို လက်ညှိုးတစ်လျှောက်လှုပ်ရှားရုံဖြင့် ကြည်စား၍ ရနိုင်သည်။

"ဝေါင်း”

ဟိန်းဟောက်သံက ပို၍ ကျယ်လောင်လာသည်။

နောက်တစက္ကန့်တွင် မြေအောက်နက်ထဲမှ သားရဲတစ်ကောင် ခုန်တက်လာရာ ရှိနေသူတိုင်း၏ မြင်ကွင်းထဲသို့ထွက်ပေါ်လာသည်။ သားရဲ ပေါ်လာသည်နှင့် အထက်ကန်အတွင်းရှိ သက်ရှိသတ္တဝါ အပေါင်းတို့သည် အထက်သို့ လျင်မြန်စွာ ကူးခတ်ထွက်ပြေးသွားပုံရသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်၏ လက်ကို တင်းတင်းဆုပ်ထားကာ မျက်တောင်မခတ်ဘဲ သူ့ရှေ့ရှိသားရဲကို ကြည့်နေသည်။

သားရဲက ချီလင်နှင့်ဆင်တူသည်။ အရွယ်ပမာဏက ကမ္ဘာမြေပေါ်ရှိ ဆင်တစ်ကောင်ထက် ဆယ်ဆအထက် ပို၍ကြီးမားသည်။ ၎င်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အလွန်ထူးခြားသည်။

လုံးဝ အခိုးအငွေ့များဖြစ်ရာ အပြာရောင်မီးတောက်များ အစုလိုက်အပြုံလိုက်နှင့်တူသည်။ သို့သော် ပူပြင်းသော အပူချိန်ကို မခံစားနိုင်ကြပေ။ ရှိသမျှအရာအားလုံးကို ဖိနှိပ်ထားသည့် မူလအင်အားပင်ဖြစ်သည်။ အသက်ရှူရခက်စေလောက်အောင် ဖိအားများပေးသည်။ လေထုကို လျင်မြန်စွာ စုတ်ဖြဲလိုက်သည့်အသံများပဲ့တင်ထပ်လာသည်။

ရက်စက်ကြမ်းကြုတ်သောသားရဲသည် လင်းဇီချန်၊ ရှန်ချင်းဟန်နှင့် ချင်ချွမ်းတို့ကို လျစ်လျူရှု့၍ ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့ဆီသို့ ပြတ်ပြတ်သားသား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ပြေးသွားသည်။

လျှပ်စီးကဲ့သို့ လျင်မြန်လွန်းလှသဖြင့် ဒဏ္ဍာရီအဆင့် မျက်လုံးများပင် မမြင်နိုင်လောက်အောင် မြန်သည်။ ရက်စက်ကြမ်းကြုတ်သောသားရဲ၏ ရုတ်တရက်တိုက်ခိုက်မှုကိုရင်ဆိုင်ရသောအခါတွင် ပိုင်ဝူပျန့် နှင့် ရှန်ကွမ်းယွဲ့ဟွာတို့သည် လျင်မြန်စွာတုံ့ပြန်ခဲ့ကာ ၎င်းတို့၏ခန္ဓာကိုယ်အတွင်း၌ ဆန်းကြယ်သားရဲမျိုးဗီဇ အမျိုးမျိုးကို ချက်ချင်းအသက်သွင်းခဲ့သည်။

ထို့နောက် ၎င်းတို့သည် ၎င်းတို့၏ သွေးစွမ်းအင်ကို ကို အားကြိုးမာန်တက် ဖောက်ထုတ်ကာ ကြီးမား၍ အကန့်အသတ်မရှိသော သွေးစွမ်းအားကို ထုတ်လွှတ်လျက် ဝင်လာသော သားရဲကို ထိပ်တိုက်တွေ့ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

“ဘမ်း”

ရေကန်၏ အောက်ခြေမှ ထိတ်လန့်ဖွယ်ရာ တိုက်မိမှုတစ်ခု ထွက်ပေါ်လာပြီး ရေကန်တစ်ခုလုံးကို အမှိုက်မြေအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ပေါက်ကွဲမှုကြောင့် တုန်လှုပ်သွားသော လှိုင်းလုံးသည် လင်းဇီချန်ကိုထောင့်မှ လွင့်ထွက်သွားစေသည်။ လင်းဇီချန်က မိမိကိုယ်မိမိ ဟန်ချက်ထိန်းရန် ကြိုးစားသော်လည်း လှိုင်းလုံး၏ စွမ်းအားက အလွန်အင်အားကောင်းလွန်းလှသည်။

အခြားရွေးချယ်စရာမရှိတော့သဖြင့် သူသည် ရှန်ချင်းဟန်၏ ခန္ဓာကိုယ်လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ နောင်လာမည့် ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုများအတွက် ထိန်းထားသည်။

ဘမ်း

လင်းဇီချန်သည် ကြီးမား၍ ခိုင်ခံ့သော ကျောက်နံရံတစ်စခုကို ပြင်းပြင်းထန်ထန် မှီ၍ ထိန်းထာရာ ကျောက်နံရံပေါ်၌ ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။

ပြင်းထန်သော တုန်ခါမှုအောက်တွင် မျက်နှာတစ်ခုလုံး ဖြူဖျော့လျက် သွေးများ အန်ထွက်တော့မည့်အတိုင်းအတာအထိ သူ့ခန္ဓာကိုယ်က တုန်လှုပ်နေသည်။ ရှန်ချင်းဟန်က

သူ့ခန္ဓာကိုယ်ကို မှီလျက် အတန်ငယ် ပေါ့ပါးသော တန်ပြန်တွန်းအားကို ခံစားခဲ့ရသည်။ သို့သော်လည်း သူမ၏ ကြံ့ခိုင်မှု အားနည်းမှုကြောင့် ဒဏ်ရာများမှာ သူ့ထက် များစွာ နည်းပါးခြင်းမရှိပေ။

အခြားတစ်နေရာ၌ ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့သည် ရက်စက်ကြမ်းကြုတ်သော သားရဲကို တိုက်ရိုက်ရင်ဆိုင်ခဲ့ကြရာ မူလစွမ်းအင်၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ချေမှုန်းခံခဲ့ရသဖြင့် ၎င်းတို့သည် အလွန်ဆိုးရွားသောအခြေအနေ၌ရှိနေသည်။

ဘမ်း

ဘမ်း

ဘမ်း

စက္ကန့်အနည်းငယ်အတွင်း တိုက်မိသံများစွာ အဆက်မပြတ်ထွက်ပေါ်လာသည်။ သားရဲသည် အကြိမ်ပေါင်း ရာနှင့်ချီ တိုက်ခိုက်ခံခဲ့ရသော်လည်း ၎င်း၏ ဓာတ်ငွေ့ပုံစံဖြင့် ပြင်းထန်စွာ ကြီးထွားလာပုံပေါ်သည့်တိုင် ဒဏ်ရာမရရှိခဲ့ပေ။ ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့သည် သားရဲ၏

တိုက်ခိုက်မှုကို အကြိမ်အနည်းငယ်မျှသာ ခံခဲ့ရသည့်တိုင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြပြီး သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်တို့ ပြင်းထန်စွာ ကုန်ဆုံးသွား၍ ၎င်းတို့၏ ခွန်အားမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

“ပိုင်ဝူပျန့်”

“မြန်မြန် စောစောက ရှင်ယူထားတဲ့ ရင်းမြစ်သလင်းကျောက်တွေကို ထုတ်ပြီး သူ့နေရာသူပြန်ထားလိုက်”

ရှန်ကွမ်းယွဲ့ဟွာက သူမ၏ သိုလှောင်ရေးနေရာလွတ်အတွင်းရှိ အရင်းအမြစ်သလင်းကျောက်များကို ထုတ်လျက်ပြောသည်။ ဤသည်ကိုကြား‌သောအခါ ပိုင်ဝူပျန့်ကလည်း ထိုသို့လုပ်လိုက်၏။

၎င်းတို့ ရင်းမြစ်သလင်းကျောက်များ ပြန်ထုတ်ပြီး မကြာမီ၌ ၎င်းတို့ကိုတိုက်ခိုက်နေသော အလွန်ဒေါသထွက်နေသည့် သားရဲသည် ရုတ်ချည်းရပ်တန့်သွားပြီးနောက် ရင်းမြစ်သလင်းကျောက်များ ပြန်ထားမထားကို စစ်ကြည့်သည်။ ဤသည်ကိုမြင်သောအခါ ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့ သက်ပြင်းတစ်ချက်ချလိုက်ကြသည်။

ဝှစ်

ရုတ်တရက် ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့ဆီသို့ လူတစ်ယောက် အလွန်လျင်မြန်သောအရှိန်ဖြင့် ပျံသန်းလာသည်။ အလွ်လျင်မြန်လွန်းလှသဖြင့် ၎င်းက လေကိုခွင်းလိုက်သည့်အသံမျိုးစုံထွက်ပေါ်လာကာ လူတစ်ယောက်၏ နားစည်ကို တုန်လှုပ်သွားစေနိုင်သည်။

‘အဲ့တာချင်ချွမ်းပဲ’

ဘေးတွင် အနားယူနေစဥ် သူ၏ ခွန်အားအနည်းငယ်ပြန်လည် ရရှိလာခဲ့သည်။ ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့ အပြင်းအထန် ဒဏ်ရာရရှိထားသည်ကိုမြင်သောအခါ သူက သူ၏ သွေးအနှစ်သာရကို စတေးလျက် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆန်းကြယ်သားရဲမျိုးဗီဇကို အတင်းအကျပ်အသက်သွင်းကာ ၎င်းတို့ကို စတင်တိုက်ခိုက်သည်။ ၎င်းတို့၏ အသက်များကို နှုတ်ယူရန် ဤအခြေအနေကို အခွင့်ကောင်းယူလိုခဲ့ခြင်းဖြစ်သည်။ ပိုင်ဝူပျန့်တို့ နှစ်ဦးသားက အလွန် ဒဏ်ရာရထားသော်လည်း ချင်ချွမ်းသည်လည်း အမြောက်အမြားသာလွန်သော အခြေအနေတွင် မဟုတ်နေပေ။

ထို့ကြောင့် ချင်ချွမ်း၏ ရုတ်တရက်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့က အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိဘဲ တည်ငြိမ်စွာပူးပေါင်းကာ ခွန်အားအပြည့်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

ဘမ်း

ဘမ်း

ဘမ်း

တိုက်မိသံများ အဆက်မပြတ်ပေါက်ကွဲထွက်ပေါ်လာသည်။

ရေကန်၏ အောက်ခြေတစ်ခုလုံးသည် ၎င်းတို့၏ ထိပ်တိုက်တွေ့မှုအပြီးတွင် ပတ်ပတ်လည်ရှိ ကျောက်တုံးများ လေထဲသို့လွင့်လျက် လေထုကို ကွဲကြေသွားစေသည်။

All Chapters