← Chapters

အမြီးကိုးချောင်းမြေခွေးမိစ္ဆာ

Vol. 32 Ch. 468

အမြီးကိုးချောင်းမြေခွေးမိစ္ဆာ

Vol. 32 Ch. 468

"အမေ အိပ်မက်ထဲက နေရာက ဘယ်လိုမျိုးလဲ။ အသေးစိတ်ပြောပြလို့ရမလား။ ဆွဲကြည့်နိုင်မယ်ဆိုရင် ဆွဲကြည့်တာပေါ့။"

လင်းဇီချန်က စာရွက်တစ်ရွက်နှင့် ခဲတံတစ်ချောင်းကို ယူပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ မိမိသည် လျှို့ဝှက်ချက်တစ်ခုရှိနေကာ ထိုလျှို့ဝှက်ချက်က မိမိအဘယ့်ကြောင့် ထိုမျှအားကောင်းနေရသည်ဟုသောအကြောင်းရင်း ဖြစ်နိုင်သည်။ မိမိ၏အင်အားက မူလမြေ၏ အသူရာချောက်နက်ဖြင့် ခွဲခွာရသည့်ပုံမပေါ်ပေ။ ယခုတွင်မူ အိပ်မက်ထဲမှ အရာအားလုံးကို မြင်နိုင်ရန် မစောင့်နိုင်တော့ဘဲ ဖြည်းဖြည်းချင်းမြင်နိုင်ရန်ကိုပင်စိတ်မရှည်တော့ပေ။

"စဉ်းစားလိုက်ဦးမယ်။ မင်းကို အသေးစိတ်ပြောနိုင်မလားလို့ပေါ့။"

ပြောပြီးနောက်တွင် ကျန်းဝမ်ရှင်းသည် ပြန်စဉ်းစားကာ အတွေးများကိုစုစည်းပြီး အိပ်မက်ထဲမှမြင်ကွင်းကို မည်သို့ဖော်ပြရမည်ကို စဉ်းစားကြည့်သည်။ မိနစ်ဝက်ခန့် စဉ်းစားပြီးနောက်တွင် သူမသည် အတွေးများကို စုစည်းကာ စတင် ဖော်ပြလေသည်။

"နေရာက လေးထောင့်ကျပြီး အရမ်းထူတယ်။ တွက်ကြည့်မယ်ဆိုရင် နှစ်မီတာရှည်ပြီး တစ်မီတာကျယ်တယ်။ ခေါင်းတလားတစ်ခုလိုမျိုူးပဲ။"

"အရောင်ကမီးခိုရောင်။ အဲ့ပေါ်က စကားလုံးတွေကတော့ အနက်ရောင်။ ရေးထားတဲ့ပုံစံက ကိုင်စတိုင်မျိုးပဲ။ ဒါပေမဲ့လို့ ထွင်းထာတာနဲ့ပိုတူတယ်။"

"နေရာရဲ့ထောင့်စွန်းတွေက ထူးဆန်းတဲ့ရေညှိမျိုးတက်နေပြီး ရွှေဝါရောင်‌လေးလိုမျိုးပဲ။ ရွှေရောင်ထွက်နေပြီး တော်တော်လေးဆန်းကြယ်တယ်။"

"ဪ ဟုတ်တယ်...အောက်ကမြေကြီးကကျ ဘိလပ်မြေလိုမျိုး မာတယ်။"

....

ကျန်းဝမ်ရှင်းက မိမိမြင်ခဲ့သောအခေါင်းကို အချက်အလက်ကျကျ ဖော်ပြပြီး တစ်ချက်မှမလွတ်စေရန် ကြိုးစားပေးသည်။ ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် လင်းဇီချန်က အကြမ်းပုံဆွဲပြီးကာ ကျန်းဝမ်ရှင်းရှေ့တွင် ချပြ၍ မေးလိုက်သည်။

"အမေ ဒီလိုပုံမျိုးလား။"

ကျန်းဝမ်ရှင်းက ထိုပုံကို ကြည့်လိုက်သည်။

"တော်တော်လေးတူတယ်။ ဒါပေမဲ့လို့ အသေးစိတ်ဆိုရင်တော့် မတူတာလေးတွေရှိတယ်။"

ထိုအချိန်တွင် ရှန်ချင်းဟန်က သူမဆွဲထားသောပုံကို ပြ၍ မေးလိုက်သည်။

"အန်တီရှင်း သမီးဆွဲထားတာကရော။"

သူမသည် လင်းဇီချန်ဆွဲနေစဉ်တွင်လိုက်ဆွဲထားခြင်းဖြစ်သည်။ သူမသည် ငယ်စဉ်ကတည်းကပင်ပုံဆွဲရသည်ကို နှစ်သက်သောကြောင့် ပုံဆွဲရာ၌ ယုံကြည်ချက်ရှိပေသည်။

ကျန်းဝမ်ရှင်းက လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင်မျက်လုံး အရောင်တောက်သွားသည်။

"ဟုတ်တယ်။ ဒီလိုမျိုး ပိုတူတယ်။"

"ဟန်ဟန် မင်းဆွဲတဲ့ပုံ့က ငါ့အိပ်မက်ထဲမှာ မြင်ခဲ့တာနဲ့ အတော်လေးတူတယ်။"

"တကယ်ပဲ။ ပုံဆွဲမယ်ဆိုရင် ငါ့အချစ်လေးဟန်ဟန်က ပိုပြီးအထင်ကြီးစရာကောင်းတာပဲ။"

ကျန်းဝမ်ရှင်းက ရှန်ချင်းဟန်ကို ချီးကျူးလိုက်ပြီး ချစ်ခြင်းမေတ္တာပြည့်ဝစွာဖြင့် သမီးရင်းကဲ့သို့ပင် ဟန်ဟန်ဟုခေါ်လိုက်သည်။

ရှန်ချင်းဟန်သည်ချီးကျူးခံရသဖြင့် ရှက်သွားကာ စိတ်တွင်း၌ ဝမ်းသာသွားမိသည်။ သူမသည် လင်းဇီချန်ဘေးတွင် တောက်ပနေလျှင် အတော်လေးပျော်မိသည်။ လင်းဇီချန်က ရှန်ချင်းဟန်၏ပုံကိုကြည့်ပြီး မိမိထက် ပိုကောင်းသည်ကိုသိလိုက်သည်။ ကောင်းကင်ဘုံဉာဏ်ပညာအရင်းအမြစ်က မည်မျှပင် အားကောင်းသော်လည်း ငယ်စဉ်ကတည်းကပင် ပါရမီထူး၍မွေးဖွားကာ အားထုတ်လာသူနှင့် မယှဉ်နိုင်ပေ။

....

နောက်ရက်များတွင် လင်းဇီချန်သည် အချိန်အများစုကို လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့ဖြင့် အတူကုန်ဆုံးကာ အိပ်မက်ထဲတွင် မြင်သမျှအရာများကို မေးကြည့်သည်။ ရက်ပေါင်းများစွာ အားထုတ်ပြီးနောက်တွင် ရှန်ချင်းဟန်၏အကူအညီဖြင့် မိဘများ၏အိပ်မက်ကို စာရွက်ပုံတွင် ပုံဖော်ကြည့်သည်။ နှိုင်းယှဉ်ကြည့်လျှင် မိဘနှစ်ပါးလုံး၏အိပ်မက်များထဲမှပတ်ဝန်းကျင်နှစ်ခုလုံးက လွန်စွာတူညီနေသည်။ ထိုနေရာတွင် အသူရာချောက်နက်၏က‌လေးဟု ထွင်းထုထားသည်။ အဆောက်အဦးအများစုသည် ကျောက်တုံးဖြင့်လုပ်ထားပြီး ရှေးဟောင်းအငွေ့အသက်မျိုး ထုတ်လွှတ်နေသည်။ အသူရာချောက်နက်လိပ်ပြာများလည်း ရှိနေသည်။ ထိုအဆောက်အဦးများ တည်ရှိမှုကို စဉ်းစားကြည့်လျှင် လင်းဇီချန်သည် အသက်တားမြစ်နေရာ၏အသူရာချောက်နက်သည် အချိန်တစ်ခုတွင် ပျောက်ဆုံးနေသည့် ရှေးဟောင်းလူအဖွဲ့အစည်းဖြစ်ရမည်ဟု ထင်မိသည်။

…

နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားသည်။ ထိုကာလအတွင်းတွင် လင်းဇီချန်သည် မိဘများ၏အသိစိတ်ပင်လယ်က အရင်းအမြစ်သလင်းကျောက်များဖြင့် လုပ်ထားမလားဟု လေ့လာနေမိသည်။ ဆယ်ရက်ကျော်လေ့လာပြီးနောက်တွင် မည်သည့်ထူးခြားမှုကိုမှ မတွေ့ရပေ။ အရင်းအမြစ်သလင်းကျောက်အသိစိတ်ပင်လယ်ရှိခြင်းက လင်းယန်ရှန်းနှင့် ကျန်းဝမ်ရှင်းတို့အပေါ်တွင် သက်ရောက်မှုရှိဟန်မ‌ပေါ်ပေ။

"ထူးဆန်းလိုက်တာ။ ငါ့မိဘတွေထဲက အသိစိတ်ပင်လယ်ရဲ့အရင်းအမြစ်သလင်းကျောက်နဲ့သာဆို သူတို့တွေက တော်တော်လေးကို အားကောင်းလောက်ပြီ။ အဲ့ဒါကို ဘာလို့ သာမန်ပုံပေါက်နေရတာလဲ။"

လင်းဇီချန်က အတော်လေးပဟေဠိဖြစ်နေမိသည်။ မိမိ၏အသိစိတ်ပင်လယ်ထဲ၌ အရင်းအမြစ်သလင်းကျောက်ဖြစ်ပေါ်လာစဉ်ကတည်းကပင် ခန္ဓာကိုယ်တွင်း လွန်စွာအားကောင်းသည့်အင်အားကို သတိထားနေမိသည်။

ထူးခြားသည့်ထိုစွမ်းအားသည် မူလအားဖြစ်နိုင်သည်။ မူလအားကို မိမိ၏အသိစိတ်ပင်လယ်ထဲ၌ ပေါင်းလိုက်လျှင် သွေးမျိုးဆက်စွမ်းအားအဆင့်သည်သခင်အဆင့်အဌမအဆင့်ကို ကျော်ပြီး သခင်အဆင့်အဌမအဆင့်ပြီးပြည့်စုံခြင်းအဆင့်ကို ခုန်ကျော်သွားနိုင်ကာ နဝမအဆင့်ထိပင် တက်လှမ်းနိုင်ပေမည်။ လွန်စွာတည့်တိုးဆန်သောတိုးတက်မှုပင်ဖြစ်သည်။ သို့တိုင်မိဘများတွင်မူ မည်သည့်တိုးတက်မှုမှ မရှိသည်ဟု ထူးဆန်းလွန်းလှသည်။

ခဏ...

ဖြစ်နိုင်တာက...အသိစိတ်ပင်လယ်ထဲက အရင်းအမြစ်သလင်းကျောက်တွေက အာဟာရဖြညည့်ပေးတဲ့လုပ်ဆောင်ချက်အတွက်ပဲလား

အဲ့ဒါကြောင့်မလို့ ငါနဲ့ ငါ့ညီမလေးက မွေးကတည်းက မိဘတွေရဲ့ အသိစိတ်ပင်လယ်ထက အရင်းအမြစ်သလင်းကျောက်တွေကြောင့် အဲ့‌လောက်တိုးတက်နေရတာလား

ဒါပေမဲ့ ဒီရှင်းပြချက်က မဟုတ်သေးဘူး။ ကိစ္စတွေက ကျန်သေးတာပဲ...

လင်းဇီချန်၏အတွေးတို့သည် သင့်တော်သောရှင်းပြချက်တစ်ခုကို ရုန်းကန်ရှာဖွေနေရသည်။ ကံမကောင်းစွာဖြင့် အတော်ကြာစဉ်းစားပြီးနောက်တွင် မိမိကို ကျေနပ်စေသည့် ရှင်းပြချက်မျိုးကို ရှာ၍မတွေ့ပေ။

…

အချိန်က လျင်မြန်စွာကုန်ဆုံးနေသည်။အိမ်ပြန်သည့်အချိန်က ကုန်ခါနီးလေပြီ။ မူလမြေသို့ပြန်ရန် အချိန်ကျလေပြီ။ မူလမြေသို့ မပြန်ခင်တစ်ရက်အလိုတွင်လင်းဇီချန်တို့သည် ယွမ်သုန်ကျီနှင့် လျို့ချွမ်ဝူဆီသို့ သွားလည်သည်။ ယွမ်အိမ်သည် နန်ကျန်းစီရင်စုတွင်ရှိကာ နန်ကျန်း၌ ထင်ရှားသောမိသားစုပင်ဖြစ်သည်။

လင်းဇီချန်က ဘေးမှ ရှန်ချင်းဟန်ကို မေးကြည့်သည်။

"ကိုယ့်နေရာမှာ အိပ်တာ ဒီလောက်ကြာပြီးကိုး မင်း အသူရာချောက်နက်လိပ်ပြာနဲ့ပက်သက်ပြီး တစ်ခါလေး‌တောင် အိပ်မက်မမက်ဖူးဘူးလား။"

အိမ်သို့ပြန်စဉ်တွင် လင်းဇီချန်သည် အသူရာချောက်နက်လိပ်ပြာဖြင့်ပက်သက်သည့် အိပ်မက်သုံးခါမက်သည်။ အခေါက်တိုင်းတွင် မိမိ၏အသိစိတ်ပင်လယ်ထဲမှ အရင်းအမြစ်သလင်းကျောက်များက ပို၍ကြီးထွားလာလေသည်။

All Chapters