အပိုင်း ၃၃၇-၃၃၉
Vol. 23 Ch. 337-339
အခန်း (၃၃၇) - အတွင်းကြောမှတ်ဖွင့်ခြင်းနည်းလမ်း အဆင့်မြင့်သက်ရှိဖြစ်နိုင်ပြီ
ညနေခင်းတွင်မူ ညစာစား၍ ရေချိုးပြီးနောက်တွင် လင်းဇီချန်သည် အိပ်ရာထက်တွင် တင်ပျဉ်ခွေထိုင်ကာ ဝိညာဉ်စွမ်းအားသုံး၍ အတွင်းကြောမှတ်များကို ထိုးနှက်ရန် ကြိုးစားနေသည်။ ရှန်ချင်းဟန်ကလည်းနောက်မှလိုက်လုပ်ကြည့်သည်။ ထိုးနှက်သည့်နည်းလမ်းသည် ချီသွေးသုံးသည့်နည်းလမ်းဖြင့် အတူတူပင် ဖြစ်၏။ ချီသွေးစွမ်းအားကို ဝိညာဉ်စွမ်းအားဖြင့် အစားထိုးလိုက်ပြီး အပ်အသွင်ပြောင်းသွားကာ အတွင်းကြောမှတ်အလယ်တည့်တည့်သို့ အားဖြင့် ဆောင့်ထိုးခြင်းသာဖြစ်သည်။
"ဒုတ် ဒုတ် ဒုတ် ...."
အတွင်းကြောမှတ်တစ်ခုချင်းစီတိုင်းကို ထိုးနှက်ခြင်းက လင်းဇီချန်ကို နာကျင်လွန်းသဖြင့် ဟောဟဲလိုက်စေသည်။ သို့သော်လည်း အတွင်းကြောမှတ်များက မတုံ့ပြန်ဘဲ ရှိနေကာ ဝိညာဉ်စွမ်းအားက ထိုးဖောက်သွားသည့် အရိပ်အယောင်ကိုမျှ မပြပေ။ နာရီဝက်ခန့် အဆက်မပြတ်ကြိုးစားပြီးနောက်တွင် မချိုးဖျက်နိုင်တော့ပေ။ လင်းဇီချန်လည်း လက်လျော့လိုက်ပေသည်။ အတွင်းကြောမှတ်များဖွင့်ရန်က ဝိညာဉ်စွမ်းအားမလိုဟုလည်း ယူဆလိုက်သည်။ မိမိသည် သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်နေခြင်းဖြစ်သဖြင့် ချီသွေးစွမ်းအားကိုသာ အားကိုးရမည်ဟု ထင်လိုက်မိ၏။
မျှော်လင့်ထားသည့်အတိုင်း ခန္ဓာကိုယ်သန့်စင်ခြင်းပြီးမှသာ ချီသွေးစွမ်းအားဖြင့် အတွင်းကြောမှတ်များကို ဖွင့်နိုင်မည်ဖြစ်သည်။
"အင်း..အင်း..."
ထို့အပြင် ရှန်ချင်းဟန်ကလည်း ဝိညာဉ်စွမ်းအားဖြင့် အတွင်းကြောအမှတ်များကို ဖွင့်ရန် ကြိုးစားနေကာ ထိုးချက်တိုင်းတွင် ညဉ်းနေမိသည်။ သူမ၏အသံက နားထောင်ကောင်းသောကြောင့် လင်းဇီချန်လည်း နားထောင်နေမိသည်။ လင်းဇီချန်သည် အစက လှဲကာဖုန်းသုံးရန် လုပ်နေသည်။ သို့သော်လည်း ထိုမိန်းကလေးက စိတ်အားထက်သန်လှစွာဖြင့် အိပ်ရာထက်တွင် တင်ပျဉ်ခွေထိုင်ပြီး အတွင်းကြောမှတ်များကို ထိုးနှက်နေသဖြင့် မိမိကလည်း ထိုသို့သာလုပ်လိုက်ပြန်သည်။
"အား...."
ရုတ်တရက်ပင် အိပ်ရာထက်တွင် တိတ်ဆိတ်စွာထိုင်နေသောရှန်ချင်းဟန်သည် သူမ၏အတွင်းကြောအမှတ်များကို ထိုးနှက်နေရင်းဖြင့် နာကျင်လွန်းသဖြင့် အော်လိုက်မိ၏။ လင်းဇီချန်က စိတ်ပူစွာဖြင့် မေးလိုက်လေသည်။
"ဘာဖြစ်တာလဲ။"
ရှန်ချင်းဟန်က ပြန်သက်သာအောင်လုပ်ကာ နာကျင်နေရာမှ စိတ်လှုပ်ရှားလာပြီး ပြောလိုက်သည်။
"ရှောင်ချန် ငါ့အတွင်းကြောအမှတ်က လှုပ်သွားပြီ။ စောနက နည်းနည်းလေးတုန်သွားတယ်။"
"လှုပ်သွားတယ်လား။"
လင်းဇီချန်လည်း အံ့ဩသွားသည်။
ရှန်ချင်းဟန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"တကယ်လား။ တကယ်လှုပ်သွားတာလား။"
မိန်းကလေးသည် စိတ်လှုပ်ရှားနေသည်ကို မြင်သောကြောင့် လင်းဇီချန်သည်လည်း စိတ်လှုပ်ရှားစွာဖြင့် အမြန်ပင် မေးလိုက်မိသည်။
"ဘယ်လိုလုပ်လိုက်တာလဲ။"
"အတိမ်ကိုးချက်နဲ့အနက်တစ်ချက်" (ဝိညာဉ်စွမ်းအားနဲ့ သာသာလေးကိုးချက်ထိုးပြီး အားပြင်းပြင်းတစ်ချက်ထိုးတာကို ဆိုလိုတာပါ)
"ဟမ်?"
"အဲ့ဒါက အတွင်းကြောအမှတ်ကို ဝိညာဉ်စွမ်းအားနဲ့ ပထမဆုံးကိုးကြိမ်သာသာလေးထိုးတယ်။ ပြီးတော့ ချီသွေးစွမ်းအားပြောင်းပြီး ဆယ်ကြိမ်မြောက်ကို အားပြင်းပြင်းနဲ့ ထိုးလိုက်တယ်။ ပြီးတော့ အတွင်းကြောမှတ်လည်း လှုပ်ရှားသွားတယ်။"
"တကယ်လား။"
.လင်းဇီချန်သည် အစတွင် ကြောင်နေမိကာ မယုံနိုင်ပေ။ ရှန်ချင်းဟန်ကို မယုံခြင်းမဟုတ်ဘဲ သူမပြောသောနည်းလမ်းက ကိုးရိုးကားယားနိုင်လွန်းသောကြောင့် ဖြစ်သည်။ ဟာသတစ်ခုဖြင့် တူနေသည်။ ရှန်ချင်းဟန်မှာ ဆာကူရာပင်လယ်တိုင်းပြည်အန်နမီများအကြည့်များသွားသဖြင့် အတွေးများက ပျက်ပြားလာဟန်ရှိသည်။ အစက မိန်းကလေးဆန်သော ပန်းရောင်ပုံရိပ်လေးသည် ယခုတွင်မူ ညစ်ပတ်သောအသွင်သို့ ပြောင်းသွားပြီဖြစ်သည်။ တစ်ခါတစ်ရံတွင် စိတ်အခြေအနေက ဆိုးလာတတ်ကာ ညစ်ပတ်သောဟာသများဖြင့်သာ ပြည့်နှက်နေတတ်သည်။ လင်းဇီချန်သည် ယခုတွင်လည်း ညစ်ပတ်သောဟာသများလုပ်နေသည်ဟုသာ ထင်မိသည်။
ရှန်ချင်းဟန်ကမူ အလေးအနက်ဖြင့် ပြောလေသည်။
"တကယ်... တိမ်တိမ်လေးကိုးချက်နဲ့ နက်နက်တစ်ချက်။ နင်လည်းစမ်းကြည့်သင့်တယ်။ တကယ်ကို အတွင်းကြောအမှတ်တွေ ပြေလျော့သွားတယ်။"
"အဲ့လိုဆို ငါလည်းစမ်းကြည့်မယ်။"
လင်းဇီချန်က အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်းပင် အတွင်းကြောအမှတ်များကို ရှန်ချင်းဟန်ပြောသည့်အတိုင်း ထိုးနှက်လိုက်သည်။ ဝိညာဉ်စွမ်းအားဖြင့် တိမ်တိမ်လေးကိုးချက်ထိုးကာ ချီသွေးစွမ်းအားဖြင့် အားပြင်းပြင်းတစ်ချက် ထိုးလိုက်သည်။ နောက်ဆုံးချီသွေးစွမ်းအားဖြင့် တစ်ချက်ထိုးလိုက်သည့်အခါတွင် လင်းဇီချန်၏နှလုံးသည် ငွေအပ်ဖြင့် ထိုးခံလိုက်ရကာ နှလုံးရပ်သွားမတတ်ဖြစ်ပြီး မေ့မျောသွားမည်ဟုပင် ထင်လိုက်မိသည်။
နာကျင်မှုက ပြင်းထန်လွန်းသည်။ သို့သော်လည်း နာကျင်မှုကို ဂရုစိုက်မနေပေ။ မကြာခင်ပင် စိတ်လှုပ်ရှားစွာဖြင့် နှလုံးပြန်ခုန်လာသည်။ အတွင်းကြောအမှတ်လည်း ပြေလျော့သွား၏။
ညစ်ပတ်သောကောင်မလေး၏နည်းလမ်းက အမှန်ပင် အသုံးဝင်လှသည်။
"ရှောင်လင်းဇီ ငါ အထင်ကြီးစရာကောင်းတယ်မလား။"
လင်းဇီချန်မျက်နှာထက်မှ စိတ်လှုပ်ရှားနေသောပုံရိပ်ကို မြင်ရသည့်အခါတွင် ရှန်ချင်းဟန်သည် သူမ၏နည်းလမ်းက အလုပ်ဖြစ်ကြောင်း သိလိုက်ကာ ချက်ချင်းပင် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ ပြောပြီးနောက်တွင် လက်မြှောက်ကာ နှုတ်ခမ်းလေးကိုကာ၍ ပြောလိုက်သည်။
"စောနက မတော်မဆပြောမိသွားတာ။ မှားပြောလိုက်တာ။ ရှောင်လင်းဇီမဟုတ်ဘူး။ လင်းဇီ ငါလင်းဇီလို့ခေါ်တာ။"
ရှောင်လင်းဇီဟုမှားခေါ်မိသည့်အတွက် သူ၏လက်က မိမိ၏စကတ်ထဲသို့ ဝင်လာပြီးကလိထိုးကာ နှိပ်စက်ခံရမည်ကိုစိုးသောကြောင့်ပင် ဖြစ်သည်။ ပျာယာခတ်နေသည့်သူမကို မြင်သောအခါတွင် လင်းဇီချန်က မရယ်ဘဲ မနေနိုင်တော့ပေ။
"ကလိထိုးတယ်ဆိုတာက မင်းကို ကျီစားရုံသက်သက်ပဲ။ မင်းကြိုက်သလို ခေါ်လို့ရပါတယ်။"
"နင်ပြောတာနော်။ နောက်တစ်ခါခေါ်ရင် စောဒကမတက်နဲ့။ ပြီးရင် နင်က စကတ်ကိုမပြီး ကလိထိုးဦးမယ်။"
"လူကြီးလူကောင်းစကားက စစ်မြင်းလိုပဲ။ လိုက်လို့မမှီနိုင်ဘူး။"
"ငါနင့်ကို လူကြီးလူကောင်းမဖြစ်စေချင်ဘူး။ ဏှာဘူးပဲ ဖြစ်စေချင်တာ။"
"လူကြီးလူကောင်းလည်း ဏှာဘူးကျတာပဲလေ။"
ပြောနေရင်းဖြင့် လင်းဇီချန်သည် ရှန်ချင်းဟန်၏ခါးလေးကို ဖက်လိုက်ကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်း၍ နမ်းလိုက်ပြီး ချယ်ရီသီးနှုတ်ခမ်းလေးကို အရသာခံလိုက်သည်။ မနမ်းရသည်မှာ ကြာပြီဖြစ်သဖြင့် ခွဲခွာခဲ့ရသည့်ချစ်ခြင်းမေတ္တာကို ဖော်ပြနေသည်။ ထို့နောက်တွင် အာရုံပြန်စုစည်းကာ အတွင်းကြောမှတ်များကို ပြန်ထိုးနှက်ကြသည်။ နောက်နာရီဝက်ခန့်ကြာပြီးနောက်တွင် လင်းဇီချန်လည်း ခံနိုင်ရည်မရှိတော့ပေ။ ထပ်လုပ်လျှင် မေ့လဲသွားတော့မည်ဖြစ်သည်။ အတွင်းကြောအမှတ်ကို ထိုးနှက်သည့်အင်အားက ပြင်းထန်လွန်းလှသည်။ နာကျင်မှုက ပြင်းလွန်းလှ၏။
ထို့အပြင် အားအင်ကိုပါ ကုန်ခမ်းစေသည်။ နာရီဝက်ခန့်အဆက်မပြတ်ထိုးနှက်ပြီးနောက်တွင် လင်းဇီချန်၏အကန့်အသတ်ကုန်သွားသည်။ ဆက်လုပ်နေလျှင် သတိလစ်တော့မည်ဖြစ်သည်။ ရှန်ချင်းဟန်လည်း အတူတူပင်ဖြစ်ကာ ခေါင်းမူးဝေနေပြီး နားရန် အိပ်ရာထက်တွင် လှဲလိုက်ရသည်။ လင်းဇီချန်က ဖုန်းကို ကောက်ယူပြီး လူလေးယောက်ရှိသည့် ကောင်းကင်လူသားအဖွဲ့အစည်းဝီချက်ဂရုထဲတွင် ရှန်ချင်းဟန်ရှာတွေ့ထားသည်နှင့်ပက်သက်ပြီး လျို့ချွမ်ဝူနှင့် စုန့်ယွီယန်ကို ပြောပြလိုက်သည်။
နှစ်ဦးလုံး ချက်ချင်းပင် ရှန်ချင်းဟန်၏နည်းလမ်းအတိုင်း စစ်ဆေးကြည့်လိုက်ကြသည်။ မိနစ်ပိုင်းမျှကြာပြီးနောက်တွင်မူ တစ်ယောက်ပြီးတစ်ယောက် အကြောင်းပြန်ကြသည်။
(ဌာနမှူး - ငါ့ရဲ့ဝိညာဉ်စွမ်းအားကနည်းလွန်းတယ်။ သူပြောတဲ့အတိုင်း လိုက်မလုပ်နိုင်ဘူး။)
(အစ်မယွီယန် - ငါရောပဲ။ ဆိုးလွန်းလို့ ငိုတောင်ငိုချင်တယ်။ မလုပ်နိုင်တော့ဘူး။ နောက်ကျမှ ချေးငွေယူပြီး ဝိညာဉ်စွမ်းအားတိုးအောင် ဆန်းကြယ်သစ်သီးတွေ ဝယ်စားရမယ်။)
(ဌာနမှူး - ဇီချန် ချင်းဟန် မင်းတို့နှစ်ယောက် မနက်ဖြန်မနက်စောစောကျရင် လာခဲ့ကျ။ ငါနဲ့အစ်မယွီယန်ကို အဲ့နည်းလမ်းဘယ်လိုလုပ်လဲဆိုတာကို တိတိကျကျပြောပြကြပါ။)
အခန်း (၃၃၈) - အတွင်းကြောမှတ်ဖွင့်ခြင်းနည်းလမ်း အဆင့်မြင့်သက်ရှိဖြစ်နိုင်ပြီ (2)
(ဇီချန် - ကောင်းပြီ။ မနက်ဖြန်မနက်ကျရင် ဟန်ဟန်ကိုခေါ်ပြီး လာခဲ့မယ်။)
ပြောပြီးနောက်တွင် လင်းဇီချန်သည် ဘေးတွင် လှဲနေသောရှန်ချင်းဟန်ကိုကြည့်ကာ သူမ၏ခြေထောက်လေးတစ်ဖက်ကိုမ၍ နှိပ်ပေးရင်းဖြင့် ပြောလိုက်သည်။
"တိမ်တိမ်လေးကိုးချက်နဲ့ ခပ်ပြင်းပြင်းတစ်ချက်က အတွင်းကြောအမှတ်ကို ပြေလျော့စေတယ်။ မင်းသိသွားတဲ့နည်းလမ်းက ကောင်းကင်ကို ဖီဆန်နေတာပဲ။"
"ဘယ်လိုကောင်းကင်ကို ဖီဆန်တာလဲ။ ငါက ကံကောင်းသွားရုံသက်သက်ပါ။ ငါ့လိုမျိုးကံကောင်းတဲ့သူတွေကပဲ ကမ္ဘာ့အကြီးကျယ်ဆုံးရှာဖွေ့မှုတွေကို တွေ့သွားကြတာ။"
"မင်းက ကျန်တဲ့သူတွေနဲ့မတူဘူး။ အခြားသူတွေက ကံကောင်းတယ်။ မင်းမှာက အရူးတစ်ယောက်ရဲ့ကံကောင်းမှုမျိုးရှိတယ်။"
"နင်ကသာအရူး။"
ရှန်ချင်းဟန်က လင်းဇီချန်ကို တစ်ချက်ကြည့်ကာ သူမခြေထောက်ကိုလည်း ကြည့်လိုက်ပြီး မျက်နှာကို မကျေမနပ်ဖြင့် ပွတ်လိုက်သည်။ လင်းဇီချန်က ပြောလိုက်လေသည်။
"ဌာနမှူးနဲ့ အစ်မယန်က အတွင်းကြောအမှတ်တွေကိုဖွင့်ဖို့ နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပေမဲ့လို့ ရှာမတွေ့ခဲ့ကြဘူး။ ညစ်ပတ်တဲ့ကောင်မလေးကတော့ ဟိုလိုလိုဒီလိုလိုလုပ်လိုက်ရုံနဲ့ ရှာတွေ့သွားတယ်။ မယုံနိုင်စရာပဲ။"
ပြောနေရင်းဖြင့် လင်းဇီချန်သည် ရှန်ချင်းဟန်၏ဖြူဖွေးသောခြေထောက်လေးကို ပြန်ချထားလိုက်ပြီး သိမ်မွေ့သောလေသံဖြင့် ပြောလိုက်သည်။
"ဒီလိုကြီးမားတဲ့အောင်မြင်မှုကြီးအတွက် ဆုချသင့်တာပေါ့။ ပြော ဘာဆုလိုချင်လဲ။"
ရှန်ချင်းဟန်သည် ခေတ္တမျှစဉ်းစားပြီးနောက်တွင် ရီဝေသောမျက်လုံးများဖြင့် ပြောလိုက်သည်။
"ဒီနေ့ည ငါ့ရဲ့သစ္စာရှိတဲ့ခွေးအဖြစ် ဘယ်လိုလုပ်ပေးမှာလဲ။"
ပြောပြီးနောက်တွင် အမြန်ပင် ထပ်ပြောလိုက်သည်။
"သစ္စာရှိခွေးအဖြစ် လုပ်နေကျလိုပေါ့။"
"မင်းရဲ့ဆန္ဒက ငါ့အတွက်အမိန့်ပါပဲ။"
လင်းဇီချန်က တွန့်ဆုတ်ခြင်းမရှိ သဘောတူလိုက်ပြီး အမြန်ပင် လှုပ်ရှားတော့သည်။ လှုပ်ရှားရန် ပြင်နေကြစဉ်တွင်ပင် ရှန်ချင်းဟန်က ပြောလာသည်။
"ခဏစောင့်။"
"ဘာဖြစ်လို့လဲ။"
"ငါက မင်းရဲ့သစ္စာရှိခွေးအဖြစ် လုပ်ချင်ပါတယ်။ ကောင်းချီးကို တူတူမျှဝေကြတာပေါ့။"
"ကောင်းချီးမျှဝေတာက ဘယ်လိုသုံးရမှာလဲ။"
"ချွေးတောင်မထွက်မဲ့ကိစ္စလေးပါ။ ဟုတ်ပြီလား။"
ရှန်ချင်းဟန်သည် နှုတ်ခမ်းလေးဆူပုတ်ကာ မကျေမနပ်ပြောလိုက်သည်။ သူမဆူပုတ်နေသည်ကိုတွေ့သဖြင့် လင်းဇီချန်က မည်သို့ကောင်းကောင်းလုပ်ရမည်ကို သိပေသည်။
....
တစ်ချိန်တည်းတွင်ပင် ပေကျင်းတက္ကသိုလ် စီမံခန့်ခွဲရေးဌာန ကျောင်းသားကောင်စီဥက္ကဌရုံးခန်းထဲတွင်ဖြစ်သည်။ ပေကျင်းတက္ကသိုလ်၏ပါရမီရှင် လီယိကျင်းသည် ကျောင်းသားကောင်စီအဖွဲ့ဝင်များနှင့်အတူ မိမိတို့ရှေ့မှ ပရိုဂျက်တာကို ငေးကြည့်နေကြသည်။ ပရောဂျက်တာပေါ်တွင် ပြနေသည်မှာ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ ကျောင်းသားကောင်စီကို စိန်ခေါ်သောဗီဒီယိုပင် ဖြစ်၏။ လင်းဇီချန်က လက်သီးတစ်ချက်ဖြင့် ကျောင်းသားကောင်စီဥက္ကဌကို အနိုင်ယူလိုက်သည်ကို မြင်ရသဖြင့် အားလုံး အံ့ဩသွားကာ မျက်လုံးအပြူးသားဖြစ်သွားကြသည်။ ခေတ္တမျှကြာပြီးနောက်တွင် အုတ်အော်သောင်းနင်းအသံများ ထွက်ပေါ်လာသည်။
"ဘာအခြေအနေကြီးလဲ။ ကျိုးရွှယ်ဟုန်ကို လူသစ်က တစ်ချက်တည်းနဲ့နိုင်သွားတာလား။"
"အဲ့ဒါက ရှန်ဟိုင်းတက္ကသိုလ်ရဲ့လူသစ်ဘုရင်မလား။ သူက ဘယ်လိုလုပ် အဲ့လောက်ထိ အားကောင်းနေရတာလဲ။"
"သူက ဒီနှစ်ရဲ့လူသစ်ဘုရင်ဆိုတာကိုတော့သိတယ်။ မနှစ်ကပဲ ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ပြီး သွေးသန့်လူသားလမ်းစဉ်ကို လိုက်ခဲ့တာ။"
"သွေးသန့်လူသားလမ်းစဉ်က အဆုံးသတ်နေပြီမလား။ ဘယ်လိုလုပ် အဲ့လောက်အားကောင်းနေရတာလဲ။"
"အပြာရောင်ဆံပင်နဲ့မိန်းကလေးက အတော်လေးအားကောင်းတာပဲ။"
"...."
အားလုံး ပြောဆိုနေကြစဉ်တွင်ပင် လီယိကျင်းသည်မူ တိတ်ဆိတ်နေကာ ပရောဂျက်တာထက်မှပုံရိပ်ကို ငေးကြည့်နေမိသည်။ ထိုအချိန်တွင် သူသည် အစောပိုင်းက မီဒီယာများက ကမ္ဘာ့အဆင့်ပါရမီရှင်ဟု ချီးကျူးခဲ့ကြသောပုံရိပ်သည် လုံးဝလဲပြိုခဲ့ရလေသည်။ သူနှင့် ကျိုးရွှယ်ဟုန်သည် အမြဲပင် ပြိုင်ဘက်များဖြစ်ခဲ့ကာ ဂြိုလ်သားပါရမီရှင်စာရင်းအတွက် ယှဉ်ပြိုင်နေခဲ့ကြသည်။ ယခုတစ်ခေါက်တွင်မူ ကျိုးရွှယ်ဟုန်ကို နိုင်ကာ ခြေနင်းတုံးအဖြစ် အသုံးချနိုင်ခဲ့သည်။ မိမိအင်အားကို သက်သေပြပြီး အနိုင်ယူခဲ့ကာ ဂြိုလ်သားစာရင်းတွင်ပါရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် မိမိ၏အနိုင်ယူခြင်းသည် ယခုကျိုးရွှယ်ဟုန်ဒဏ်ရာရသွားသည်နှင့် နှိုင်းစာလျှင် ဘာမှမဟုတ်ပေ။ လင်းဇီချန်သည် ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် အနိုင်ယူပစ်လိုက်သည်။ တစ်ချက်တည်းဖြင့် အပိုင်းပိုင်းကြေမွသွားစေသည်။
"ကမ္ဘာ့အဆင့်ပါရမီရှင်တဲ့လား။ ဟားဟား? ဘာကို ကမ္ဘာအဆင့်ပါရမီရှင်လဲ။ ငါက ဒီတိုင်း မားကတ်တင်းဆင်းနေတဲ့ချန်ပီယံသာသာပဲ။"
လီယိကျင်းသည် မိမိဘာသာ လှောင်ရယ်လိုက်မိသည်။ ရုံးခန်းထဲမှအခြားသူများသည်မူ ထိုစကားကို ကြားသောအခါတွင် တိတ်ဆိတ်သွားကြကာ အသံပင် မထွက်ရဲကြတော့ပေ။ ပေကျင်းကျောင်းသားကောင်စီဥက္ကဌသည် ကြမ်းတမ်းသောစိတ်သဘောထားရှိကာ တစ်ယောက်ယောက်က အမှားလုပ်မိလျှင်၊ ၎င်းအားဒေါသထွက်စေလျှင် ရိုက်ခံထိမည်ဖြစ်၏။
....
မူလမြေရှိ ကျယ်ဝန်းလှသောမြို့ကြီးတွင် ဂြိုလ်သားအဆင့်လူ (၂၈)ယောက်သည် ခန်းမထဲတွင် လူစုကာ နားနေကြသည်။ ထိုလူ (၂၈) ယောက်သည် စောနလေးတင်မှ မြို့ကို တိုက်ခိုက်လာသည့် ကီလိုမီတာငါးဆယ်အကွာမှ အဆင့်မြင့်သက်ရှိများကို သုတ်သင်ပစ်ခြင်းဖြစ်သည်။
"ဖူကျုံး ဒီတစ်ခေါက် အမဲလိုက်တာ ဘယ်လိုလဲ။"
"မဆိုးပါဘူး။ မိုးကြိုးတိမ်တိုက်သားရဲသုံးကောင်ကိုသတ်ပြီး ငွေကြေးအမှတ် (၁၅၀) နဲ့လဲခဲ့တယ်။"
"အားလန် မင်းကရော?"
"အဆင့်မြင့်အဌမအဆင့် ရေခဲမြွေကိုသတ်ပြီး ငွေကြေးအမှတ် (၆၀) နဲ့လဲခဲ့တယ်။"
"ကျန်းထောင် မင်းလည်း သခင်အဆင့်တစ်က် အစိမ်းရောင်နွယ်ကင်းခြေများကို သတ်ခဲ့တယ်ကြားတယ်။ အထင်ကြီးစရာပဲ။"
"ကံကောင်းသွားရုံတင်ပါ။"
"...."
ဓားမကြီးကို ကိုင်ထားသည့်လူတစ်ယောက်သည် ဂြိုလ်သားအဆင့်ပါရမီရှင်များ စကားပြောနေရာသို့ ရောက်လာသည်။ ပုံမှန်အားဖြင့် ထောင်လွှားတတ်သောပါရမီရှင်များသည် ထိုလူရောက်လာသည်ကို သိသည်နှင့် ကိုယ်နေဟန်ထားနှိမ့်ချလိုက်သည်။ ထိုသူသည် ဂြိုလ်သားပါရမီရှင်အဖွဲ့ခေါင်းဆောင်ပင် ဖြစ်သည်။ လွန်ခဲ့သောနှစ်ကမှ အသက်သုံးဆယ်ပြည့်ကာ အခြားနေရာယူရန် အဖွဲ့မှ အလိုအလျောက်ထွက်ခွာခဲ့ရသည်။
"ချန်းရွှယ် ဘယ်မှာလဲ။"
ထိုသူသည် လူအုပ်ကိုကြည့်လိုက်သော်လည်း မိမိတွေ့ချင်သည့် ဆံဖြူမိန်းကလေးကို မမြင်ရသောကြောင့် အခြားအဖွဲ့ဝင်များကို မေးလိုက်သည်။ ရှေ့ဆံမြိတ်ချထားသည့် မိန်းကလေးတစ်ဦးက ဖြေလိုက်သည်။
"မြို့တံခါးကိုဝင်တုန်းက ကျွန်မတို့နဲ့ လူစုခွဲသွားတာ။ သူ့အဆောင်ကို ပြန်လောက်ပြီထင်တယ်။"
"ဒီမိန်းကလေးက တစ်ယောက်နေနေတုန်းပဲ။"
ထိုသူက ခေါင်းခါလိုက်မိသည်။
ထိုမိန်းကလေးက ထပ်ပြောလိုက်သည်။
"ခေါင်းဆောင်လု ဘာလို့သူ့ကို အဲ့လောက်ဂရုစိုက်နေရတာလဲ။ သူက ဂြိုလ်သားပါ။ ကျွန်မတို့ သူနဲ့ရင်ဆိုင်စရာမလိုပါဘူး။"
နောက်ထပ်လူငယ်တစ်ဦးက ပြောလိုက်ပြန်သည်။
"ကျွန်တော်တို့မျိုးစိတ်နဲ့မတူမှတော့ စိတ်ကလည်း မတူလောက်ဘူး။ ဆံဖြူမိန်းကလေးက ကျွန်တော်တို့နဲ့ ဝေးဝေးနေတာပိုကောင်းပါတယ်။"
ထိုသူက ဆံဖြူမိန်းကလေးသည် ထိုသို့မဟုတ်ဟု ကျန်လူများကို ဖြောင်းဖျချင်မိသည်။ သို့သော်လည်း ပြောမထွက်ခဲ့ပေ။ ထိုနှစ်ဦး၏မိဘများကို ဂြိုလ်သားများက သတ်သွားသည်။ ထို့အပြင် လော့ချန်းရွှယ်က ဂြိုလ်သားဖြစ်နေသည်။ ထိုနှစ်ဦးသာမက အဖွဲ့၏သုံးပုံတစ်ပုံတွင် မိဘများက ဂြိုလ်သားများသတ်ခြင်းကို ခံခဲ့ရသည်။ အားလုံးသည် လွန်ခဲ့သော (၁၅)နှစ်ကတည်းကပင် တိုက်ပွဲကြီးထဲတွင် သေသွားခဲ့ကြရသည်။
"ဒီနေ့ ဘာလို့ လူအဲ့လောက်များနေရတာလဲ။"
အာဏာရှိသောအသံတစ်သံက ထွက်ပေါ်လာသည်။
အားလုံးက အသံလာရာကို ကြည့်လိုက်ကြပြီး
"ပြည်နယ်ဝန်ကြီး..."
"ပြည်နယ်ဝန်ကြီး"
"မင်္ဂလာပါ ပြည်နယ်ဝန်ကြီး"
"...."
ထိုနှုတ်ဆက်သံများနှင့်အတူ ယဲ့ယုံရှန်းက အတွင်းရေးမှူးနှင့်အတူရောက်လာသည်။ ထိုသူက မေးလိုက်သည်။
"ပြည်နယ်ဝန်ကြီး ကိစ္စတွေကိုင်တွယ်ဖို့ ကမ္ဘာပေါ်မှာလဝက်လောက်နေမယ်လို့ ပြောခဲ့တာမဟုတ်လား။ ဘာလို့ မူလမြေကို မြန်မြန်ပြန်လာရတာလဲ။"
ယဲ့ယုံရှန်းက ပြန်ဖြေလိုက်သည်။
"ကမ္ဘာမြေပေါ်ကကိစ္စတွေကို ဖြေရှင်းပြီးပြီ။ အဲ့ဒါကြောင့် ပြန်လာလိုက်တာ။"
ပြောပြီးနောက်တွင် ထပ်ပြောလိုက်၏။
"ဒါနဲ့ မင်းတို့ကို သတင်းပြောပြချင်လို့။ မကြာခင်မှာ မင်းတို့အဖွဲ့ထဲကို အဖွဲ့ဝင်နှစ်ယောက် တိုးလာလိမ့်မယ်။"
"အဖွဲ့ဝင်အသစ်လား။"
အားလုံးအံ့ဩသွားကြသည်။ အဖွဲ့ထဲသို့ လူသစ်မရောက်သည်မှာ ကြာပြီဖြစ်ကာ ယခုမှ နှစ်ယောက်လာခြင်းဖြစ်သည်။ ပေကျင်းမှလူငယ်က မေးလိုက်၏။
"ဘယ်သူတွေလဲ ပြည်နယ်ဝန်ကြီး?"
ယဲ့ယုံရှန်းက ပြောလိုက်သည်။
"ဒီနှစ်ရဲ့ရှန်ဟိုင်းတက္ကသိုလ်က လူသစ်တွေ။ မိန်းကလေးတစ်ယောက် ယောက်ျားလေးတစ်ယောက်။"
"(၁၉) နှစ်တွေလား။ အသက်ကြီးပြီမလား။"
လူအုပ်က အတော်လေးအံ့အားသင့်သွားသည်။ ထိုပါရမီရှင်များက ငယ်ငယ်လေးကတည်းမှ အဖွဲ့သို့ဝင်လာခြင်းဖြစ်ကာ အများဆုံးဆယ်နှစ်အောက်ပင် ဖြစ်၏။ ရုတ်တရက်ပင် အသက် (၁၉) နှစ် နှစ်ယောက်ရောက်လာသည်။ နောက်မှပေါက်သောရွှေကြာများပေလား?
....
ရှန်ဟိုင်းမြို့အောက် မီတာနှစ်သောင်းတွင်ဖြစ်သည်။
မြေအောက်နန်းတော်ထဲ၌ အနက်ရောင်မျက်နှာဖုံးစွပ်ထားသည့်လူသည် သစ်ရွက်လေးရွက်ကလိုဗာပုံ ပါသည့် မျက်နှာဖုံးကိုတပ်ထားသောသူကို ကျောင်းသားကောင်စီကို လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ အောင်မြင်စွာစိန်ခေါ်နိုင်သည့်အကြောင်းကို အစီရင်ခံစာ ရေးနေသည်။ ထိုသူက လက်ထဲရှိအရေးကြီးဆုံးကိစ္စမှာ သွေးမျိုးစပ်လမ်းကြောင်းများပင် ဖြစ်သည်။ လင်းဇီချန်ကိစ္စက ခဏထား၍ရသေးကြောင်း ပြန်ပြောသည်။ အဆုံးသတ်တွင်မူ အဆင့်မြင့်အဆင့်လမ်းကြောင်းတစ်ခု အဆင်သင့်ဖြစ်ပြီဖြစ်သောကြောင့် အဆင့်မြင့်မူလမြေမှသက်ရှိများကို ကမ္ဘာမြေသို့ ပို့နိုင်မည့်အကြောင်း၊ သုံးလကြာပြီးနောက်တွင် အဆင့်မြင့်သက်ရှိများ လုံလောက်စွာစုဆောင်းပြီးဖြစ်ကာ မူလမြေအခြေစိုက်စခန်းတည်ထောင်ရန် ရှန်ဟိုင်းမြို့ကို သိမ်းနိုင်မည်ဖြစ်ကြောင်း ရေးနေသည်။ အခြေစိုက်စခန်း တည်ထောင်ပြီးမှ လင်းဇီချန်ကို ဖမ်း၍လည်း ရပေ၏။
အခန်း (၃၃၉) - ကောင်းကင်လူသားအဖွဲ့အစည်းတွင်နောက်ထပ်အဖွဲ့ဝင်အသစ်တိုးလာခြင်း
နောက်တစ်နေ့မနက်တွင် လင်းဇီချန်သည် အိပ်ရာမှ စောစောထကာ ဖုန်းထဲမှသတင်းများကို ခေတ္တမျှစစ်ဆေးပြီးနောက်တွင် ကျောင်းအက်ပ်ကိုဖွင့်၍ ဆန်းကြယ်သားရဲအသားကို မှာယူလိုက်သည်။ ရှုထောင်ကြွက်သားဆယ်ပေါင်ဖြစ်ကာ အားလုံးဝယ်လိုက်လေသည်။ လာပို့သည်နှင့် ရှုထောင့်ကြွက်ဖြစ်စဉ်စွမ်းအားကို (၁၁) ရာခိုင်နှုန်းအထိ တိုးမြင့်နိုင်ပြီဖြစ်သည်။ ကျန်ရှိသောကျောင်းမှတ်များဖြင့် မသေမျိုးပက်ကျိ၊ ကြမ်းတမ်းလင်းယုန်ကြီး၊ ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်နှင့် အခြားသောဆန်းကြယ်သားရဲသားများကို မှာယူကာ ရထားပြီးသောသွေးမျိုးဆက်စွမ်းအားများကို ပို၍အားကောင်းစေရန် ဖြစ်သည်။
....
မနက်စာစားပြီးနောက်တွင် ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့သည် မနေ့ညကကြိုးစားခဲ့ကြသည့် အတွင်းကြောမှတ်များဖွင့်သည့်နည်းကို လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့ကိုပြောပြရန် သုတေသနတက္ကသိုလ်သို့ ရောက်လာကြသည်။ အတိမ်ကိုးချက်နှင့်အနက်တစ်ချက်ဟုသော နည်းလမ်းကို လက်တွေ့ပြသကြသည်။ လက်တွေ့မြင်ပြီးနောက်တွင် နှစ်ဦးလုံး အံ့အားသင့်သွားကြကာ ကိစ္စတစ်ခုလုံးကို အိပ်မက်မက်နေသကဲ့သို့ ခံစားရသည်။ အထူးသဖြင့် လျို့ချွမ်ဝူပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ သုတေသနလုပ်ခဲ့သောမိမိထက် ရက်ပိုင်းကမှ ကောင်းကင်လူသားအဖွဲ့အစည်းထဲသို့ ဝင်လာသောရှန်ချင်းဟန်က သဘောပေါက်သွားလိမ့်မည် လုံးဝမျှော်လင့်မထားပေ။ ဝမ်းလည်းဝမ်းနည်းမိသကဲ့သို့ ဝမ်းလည်းဝမ်းသာမိသည်။ ဝမ်းသာသည်ဆိုခြင်းမှာ အဆင့်ကျော်ဖြတ်နိုင်မည့်သုတေသနကို လုပ်နိုင်ခဲ့သောကြောင့်ဖြစ်၏။ ဝမ်းနည်းသည်ဆိုခြင်းမှာ အားထုတ်မှုက ကံကောင်းမှုနှင့် ယှဉ်၍မရနိုင်သောကြောင့် ဖြစ်သည်။ ထိုအကြောင်းကို စဉ်းစားမိကာ လျို့ချွမ်ဝူက မေးလိုက်သည်။
"ဇီချန် အတွင်းကြောမှတ်ဖွင့်တာပြီးလို့ သွေးသန့်လူသားအနေနဲ့ အဆင့်မြင့်သက်ရှိဖြစ်ဖို့ အချိန်ဘယ်လောက်ယူရမယ်ထင်လဲ။"
"ဘာမှမဖြစ်ဘူးဆိုရင်တော့ ဒီစာသင်နှစ်ဝက်လောက်ဆို လုပ်နိုင်မယ်ထင်ပါတယ်။"
ထိုအဖြေကို ကြားသောအခါတွင် လျို့ချွမ်ဝူတစ်ယောက် စိတ်လှုပ်ရှားသည်။
အစပိုင်းတွင် လင်းဇီချန်သည် ဘွဲ့မရခင်တွင် အဆင့်မြင့်သက်ရှိအဖြစ် ပြောင်းနိုင်လျှင်ပင် မြန်လှပေသည်ဟု ထင်ထားခဲ့သည်။သို့သော်လည်း ယခုစာသင်နှစ်ဝက်အတွင်းတွင် ဖြစ်နေသည်။ စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် လျို့ချွမ်ဝူသည် လင်းဇီချန်၏ပခုံးကိုပုတ်ကာ ပြုံး၍ ပြောလိုက်သည်။
"မင်းက အဆင့်မြင့်သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲနိုင်တာနဲ့ မင်းကို ရှေးဟောင်းကြေးခေါင်းတလားရဲ့ ချိတ်စည်းကို ဖွင့်နိုင်မဖွင့်နိုင်ကြည့်ဖို့ ခေါ်သွားပေးမယ်။"
"ကောင်းပြီ။"
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
လျို့ချွမ်ဝူက ထပ်ပြောလိုက်သည်။
"မင်းကို စောင့်ပေးဖို့ ယွမ်သုန်ကျီနဲ့ အခြားသူငယ်ချင်းတွေကိုပါ ခေါ်သွားမယ်။ ဝန်ကြီးယဲ့လည်းအားရင် သူ့ကိုပါ ဖိတ်ရမယ်။"
သို့သော်လည်း လျို့ချွမ်ဝူသည် သတိရှိခြင်းက စိတ်ချလုံခြုံကာ လုံခြုံခြင်းက နောင်တရခြင်းထက် ပိုကောင်းသည်ဟု ထင်မိသည်။
ထိုအချိန်တွင် လင်းဇီချန်၏အိတ်ထဲမှ ဖုန်းက မြည်လာသည်။ သူသည် ဖုန်းကို ထုတ်ယူ၍ ကြည့်လိုက်သည်။ မရင်းနှီးသောနံပါတ်အစိမ်းတစ်ခုမှ ခေါ်ခြင်းဖြစ်သည်။
"ဟယ်လို ကောင်းသောနေ့ပါ။"
လင်းဇီချန်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။ မကြာခင်တွင်ပင် ရင်းနှီးသောအသံတစ်ခုက ဖုန်းထဲမှ ထွက်လာသည်။
"ကျောင်းသားလင်း ဟယ်လို ကျွန်တော်က ဝန်ကြီးယဲ့ သုတေသနတက္ကသိုလ်ကို လာတုန်းက အတူလိုက်လာတဲ့ အတွင်းရေးမှူးကျန်းပါ။"
"အတွင်းရေးမှူးကျန်းကိုး မင်္ဂလာပါ။"
အတွင်းရေးမှူးသည် တည့်တိုးပင် ပြောလိုက်လေသည်။
"ဒီလိုပါ။ ဝန်ကြီးယဲ့က မင်းတို့ကျောင်းမှာ ကျောင်းသားကောင်စီကို စိန်ခေါ်တာကိုတွေ့ပြီး ဂြိုလ်သားပါရမီရှင်ဝင်ဖို့ အရည်အချင်းမှီတယ်ထင်လို့။ မင်းတို့ကို အကြောင်းကြားခိုင်းလိုက်တာပါ။"
"ပြီးတော့ မင်းရဲ့ကောင်မလေးက အားနည်းနည်းလိုသေးတယ်ဆိုပေမဲ့လို့ သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက ထူးခြားတယ်။ သူလည်း မူလမြေကိုရောက်တာနဲ့ အမှီလိုက်နိုင်မှာဆိုတော့ သူလည်းစာရင်းမှာပါတယ်လို့ ပြောခိုင်းလိုက်ပါတယ်။"
ပြောပြီးနောက်တွင် အတွင်းရေးမှူးကျန်းက ဆက်ပြောလေသည်။
"မင်းတို့နှစ်ယောက်က စာရင်းထဲပါလာပြီဆိုမှတော့ သာမန်လုပ်ငန်းစဉ်တွေလုပ်ပြီးရင် မူလမြေကိုဝင်ဖို့မကြာလိုက်တော့ဘူး။ အဲ့မှာပဲနေရမယ်။"
"ဒါပေမဲ့လို့ မင်းတို့နှစ်ယောက်က သွေးသန့်လူသားလမ်းစဉ်ကို ကိုယ်စားပြုတာမလို့ ဝန်ကြီးယဲ့က မူလမြေကိုမဝင်ခင်မှာ သွေးသန့်လူသားလမ်းစဉ်ကို တိုးတက်အောင်လုပ်ပေးခဲ့တာကို မြင်ချင်တယ်လို့ပြောတယ်။"
"...."
လင်းဇီချန်က မေးလိုက်သည်။
"ဘယ်အတိုင်းအတာအထိ တိုးတက်ရမှာလဲ။"
"လူတစ်ရာကျော်လောက်ရှိလာရင်ကို တိုးတက်ပြီလို့ ယူဆလို့ရပြီ။"
"ကောင်းပြီ။ ကျွန်တော်နားလည်ပါပြီ။ အကြောင်းကြားပေးလို့ ကျေးဇူးတင်ပါတယ်။ အတွင်းရေးမှူးကျန်း။"
"...."
စကားအနည်းငယ်ပြောပြီးနောက်တွင် အတွင်းရေးမှူးကျန်းက ဖုန်းချလိုက်သည်။ ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားသောအခါတွင် လင်းဇီချန်က သတင်းကောင်းကို ရှန်ချင်းဟန်ကို မျှဝေလိုက်သည်။ ရှန်ချင်းဟန်လည်း အတော်လေးဝမ်းသာသွားသည်။ လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့သည်လည်း ဂုဏ်ပြုစကားဆိုကြသည်။ လင်းဇီချန်ကမူ ထူးထူးခြားခြားပျော်သည်ဟု မခံစားရပေ။ မိမိသည် ဂြိုလ်သားပါရမီရှင်စာရင်းသို့ ဝင်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ချက်ရှိခဲ့သောကြောင့်သာ ဖြစ်၏။
....
ညနေခင်းတွင်မူ လင်းဇီချန်သည် သုတေသနတက္ကသိုလ်သို့ ပြန်မသွားပေ။ ထို့အစား စီမံခန့်ခွဲရေးအဆောက်အဦးသို့သွားကာ မိမိနေရာယူရန် ကျောင်းသားကောင်စီသို့ သွားခြင်းဖြစ်၏။ ရုံးခန်းသို့ ရောက်သောအခါတွင် လူပြည့်နေပြီဖြစ်သည်။ ၎င်းဝင်လာသည်ကို မြင်သောအခါတွင် ချက်ချင်းပင် မတ်တတ်ထကာ အော်ပြောလိုက်ပြ၏။
"ဥက္ကဌ"
"ဥက္ကဌ"
"ဥက္ကဌ နှုတ်ဆက်ပါတယ်။"
"...."
နှုတ်ဆက်သံကို ကြားသည့်အခါတွင် လင်းဇီချန် အတော်လေးအံ့အားသင့်သွားသည်။ ကောင်စီမှ ကျောင်းသားကြီးများက မိမိကို မကြိုဆိုဘဲ ပြဿနာရှာလိမ့်မည်ဟု ထင်ထားခဲ့သည်။ဥပမာအားဖြင့် အာဏာပြမည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ထိုသို့မဟုတ်နေပေ။
"အင်း အဓိပ္ပာယ်ရှိသားပဲ။"
"လူသစ်အနေနဲ့ ကျောင်းသားကောင်စီဥက္ကဌကို တစ်ချက်တည်းနဲ့အနိုင်ယူခဲ့တယ်။"
"ကောင်စီက ကျောင်းသားကြီးတွေက ဦးနှောက်မရှိဘူးဆိုရင်တောင် ကျွန်တော့်ကို စော်ကားဖို့ ရွေးချယ်မှာမဟုတ်ဘူး။"
ထိုသို့စဉ်းစားမိကာ လင်းဇီချန်သည် ထိပ်ဆုံးမှခုံဆီသို့ လျှောက်သွားသည်။ အခြားသူများက ၎င်းထိုင်ပြီးသည်ကို မြင်မှ ထိုင်ရဲကြသည်။ မိမိတို့သည် လူသစ်ဘုရင်ကို မစော်ကားရဲကြပေ။ မဟုတ်လျှင် မိမိတို့က ဥပမာဖြစ်သွားပေမည်။ အားလုံးက ရှင်းလင်းစွာ သိထားကြသည်။ သို့သော်လည်း လင်းဇီချန်က ထိုသို့လုပ်ရန် ရည်ရွယ်ချက်မရှိပေ။
သူသည်အားလုံးကိုကြည့်၍ ပြောလိုက်သည်။
"ဒီနေ့ အားလုံးကို ကိစ္စတစ်ခုပြောဖို့ ရောက်လာတာပါ။"
"ကျောင်းသားကောင်စီက အရင်အတိုင်း ရှိနေမှာပါ။ အရင်ကနဲ့အတူတူပဲဖြစ်နေဦးမှာပါ။ ခင်ဗျားတို့လွတ်လပ်မှုကို ကြားဝင်မစွက်ဖက်ပါဘူး။ ဒါပေမဲ့လို့ အရင်တုန်းကလိုမျိုး ကျောင်းသားအခွင့်အရေးကိုချိုးဖောက်ပြီး ကျောင်းသားတွေကို အနိုင်ကျင့်တာမျိုး မလုပ်ရဘူး။"
"ပြောချင်တာက ဒီလောက်ပါပဲ။ အစည်းအဝေးပြီးပါပြီ။"
ထိုသို့ပြောကာ လင်းဇီချန်က ထထွက်သွားပြီး ခေါင်းပင်လှည့်မကြည့်တော့ပေ။ လမ်းတစ်ဝက်လောက်တွင် ရပ်သွားကာ ထပ်ပြောလိုက်၏။
"ကိစ္စတစ်ခုခုရှိရင် ဒုဥက္ကဌကို ဆက်သွယ်လိုက်ပါ။"
ကျောင်းသားကောင်စီဥက္ကဌအနေဖြင့် သူသည် ကျောင်းအမှတ်များကိုရရန်သာ ရည်ရွယ်ထားခဲ့ကာ ကျောင်းကိစ္စများကို ဝင်ပါရန် ရည်ရွယ်ချက်မရှိခဲ့ပေ။