ရှေးဘိုးဘေးအဆင့်တိုက်ပွဲ
Vol. 33 Ch. 492
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ထိုနောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် အသွေးထဲအသားထဲထိ တုန်ယင်ကာ ၎င်းတို့၏ အပေါက်တိုင်းမှ သွေးများထွက်လာသည်။ အသိစိတ်တို့ မှုန်ဝါးလာကာ မူးလဲ၍ သတိလစ်လုနီးနီးဖြစ်နေကြသည်။ ဆန့်ကျင်ဘက်အားဖြင့် မြေပြင်ပေါ်မှ အရင်းအမြစ်များအားလုံးက
ပျက်စီးခြင်းမရှိဘဲ နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် ထိရောက်ခြင်းမရှိပေ။
ရင်းမြစ်သလင်းကျောက်များသည် ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူသုံးဦးကြား တိုက်ပွဲတစ်ခု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ခံနိုင်ရည်ရှိလောက်အောင် တည်ငြိမ်လှသောကြောင့်မဟုတ်ဘဲ
ယခင်က သားရဲကြီးသည် ကြီးမားသော အပြာရောင် အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲသွားကာ အရင်းအမြစ်သလင်းကျောက်များကို အပြည့်အဝဖုံးအုပ်ကာကွယ်ပေးထားသောကြောင့်ဖြစ်သည်။
လင်းဇီချန်သည် ဒဏ္ဍာရီအဆင့် တိုက်ပွဲ၏ နောက်ဆက်တွဲ ပြင်းထန်သောရိုက်ခတ်မှုကြောင့် နာကျင်မှုကို တောင့်ခံလျက် အခြေအနေ စောင့်ကြည့်ရန် သူ့မျက်လုံးများကို ဖွင့်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူသည် တိုက်ပွဲကိုကြည့်ရှုရန် သူ၏ဝိညာဉ်ရေးစွမ်းအားကို ဖြန့်ကြက်လိုသော်လည်း ဤနေရာ၌ သူ၏ဝိညာဉ်ရေးစွမ်းအားက အခြားသူများကို မကျော်လွှားနိုင်ပေ။ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရရန် သူ့မျက်လုံးများကိုသာ အားကိုးနိုင်တော့သည်။
တိုက်ပွဲ၏နောက်ဆက်တွဲရိုက်ခတ်မှုများဆီမှ အရင်းအမြစ်သလင်းကျောက်များကိုကာကွယ်ကာ နက်ပြာရောင်အခိုးအငွေ့ကြီးများအဖြစ်သို့ ပြောင်းလဲသွားသည်ကိုမြင်သောအခါ လင်းဇီချန်သည် သူ၏နှလုံးသားထဲတွင် အလွန်တရာ အံ့သြသွားခဲ့သည်။
ဒီသားရဲက ဉာဏ်မမီဘူးလား။
၎င်း၏ ကြောက်မက်ဖွယ်အစွမ်းသတ္တိဖြင့် အရင်းအမြစ်သလင်းကျောက်များကို ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ပိုမိုတိကျသော လုပ်ဆောင်မှုမှာ အားနည်းနေသော ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူသုံးဦးကို ချက်ချင်းသတ်ပစ်ခြင်းသာဖြစ်သည်။ အရင်းအမြစ်သလင်းကျောက်များအတွက် အကာအကွယ်အလွှာတစ်ခုအဖြစ် သူ့ကိုယ်သူ မြူမှုန်အဖြစ်သို့ ပြောင်းလဲမည့်အစား ယင်းက ပိုမိုထိရောက်နိုင်သည်.
လင်းဇီချန်းက စိတ်ထဲ၌ ပဟေဠိဖြစ်နေစဥ် ရှေ့ရှိ ဒဏ္ဍာရီအဆင့်တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
လူသုံးဦးသည် ဒဏ်ရာအပြင်းအထန်ရကာ ခွန်အားများ ချို့ယွင်းသွားလျက် ၎င်းတို့၏ သွေးစွမ်းအင်များ လျင်မြန်စွာကုန်ခမ်းသွားခဲ့သည်။ ၎င်းတို့ခန္ဓာကိုယ်ထဲတွင် အသက်ရှင်နိုင်ရန် စွမ်း အချို့သာ အနိမ့်ဆုံးချန်လျက် အရာအားလုံး နီးပါးကို အသုံးပြုခဲ့ကြသည်။
ထို့ကြောင့် တိုက်ပွဲပြီးသွားသောအခါ သုံးယောက်စလုံး မြေပြင်ပေါ်တွင် လဲလျောင်း၍ အသက်ရှုကြပ်ကာ တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။
"မင်းတို့နှစ်ယောက် ဒီသစ္စာဖောက်နှစ်ယောက်ကိုမြန်မြန်လာသတ်။ သူတို့ရဲ့ သွေးစွမ်းအင်က နည်းနေပြီ။ ခန္ဓာကိုယ်ခုခံအားလည်းအရမ်းကျသွားပြီး မင်းတို့ သတ်နိုင်တယ်…”
ချင်ချွမ်းသည် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှ ထွက်လာသော ပြင်းထန်သော နာကျင်မှုကို တောင့်ခံလျက် အသံက အားအင်လျော့နေသည်။ လင်းဇီချန်သည် ထိုစကားများကို ကြားလိုက်ရသည်နှင့် ခြေဖဝါးလှုပ်မည့်အရိပ်အယောင်ပင်မပြခဲ့ပေ။
သူ၏ [အန္တရာယ်သိမြင်နိုင်စွမ်း]သည် မြေပြင်ပေါ်တွင် လဲကျနေသော ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူများသည် စက္ကန့်အနည်းငယ်ကြာ အင်အားအပြည့်ဖြင့် ပေါက်ကွဲရန် လုံလောက်သော စွမ်းအင်များ ကျန်ရှိနေသေးကြောင်း သတိပေးနေသည်။
မိမိက မြင့်မြတ်သူအဆင့်တွင်သာရှိသေးသောကြောင့် ၎င်းတို့၏ ဒဏ်ရာများကို အခွင့်ကောင်းယူ၍ ရှေ့သို့ ချီတက်တိုက်ခိုက်ခဲ့ပါက ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့၏ လက်ထဲတွင် သေရမည်မှာ အသေအချာပင်ဖြစ်သည်။
‘ဒီမြို့သခင်က လွယ်တဲ့ပြိုင်ဘက်တော့မဟုတ်ဘူး…’
‘အဲ့ သစ္စာဖောက် ဒုမြို့သခင်နှစ်ယောက်ရဲ့ ကျန်တဲ့စွမ်းအင်တွေကို ငါ့ပေါ်ကို တစ်ခါတည်းသုံးလိုက်အောင် အသုံးချဖို့ ကြံစည်နေတာ…’
‘တကယ်ပဲ ရာထူးကြီးတဲ့လူတွေက ရက်စက်တယ်’
လင်းဇီချန်က စိတ်ထဲမှ တွေးနေမိသည်။
"မြန်မြန်”
“မြန်မြန်လှုပ်ရှားတော့”
"မဟုတ်ရင် အတိုင်းအတာတစ်ခုအထိ သူတို့ကိုယ်သူတို့ ကုစားပြီးရင် အရမ်းနောက်ကျသွားလိမ့်မယ်”
လင်းဇီချန်က လှုပ်ရှားမှုမရှိသေးသည်ကို မြင်လိုက်ရသဖြင့် ချင်ချွမ်းသည် မျက်မှောင်ကြုတ်လျက် ဆက်လက်၍ စိုးရိမ်ကြီးတွန်းအားပေးသည်။
လင်းဇီချန်က နားမကြားသကဲ့သို့ မြေပြင်သို့ အားပြင်းပြင်းဖြင့် ခုန်ကာ ရှန်ချင်းဟန်ကို ဖက်ထားလျက် ဤနေရာမှ ထွက်သွားရန်သာ စိတ်အားထက်သန်နေလေသည်။
ထိုအခိုက်တွင် သူ ခုန်ချလိုက်သည်။
“ဝှစ်”
ခြေဖဝါးအောက်မှ ကွဲအက်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
‘အဲ့တာ သားရဲပဲ’
ကြီးမားနက်နဲသော အပြာရောင် မြူမှုန်ကြီး၏ အခြေအနေမှ ၎င်းသည် ကြီးမားသောချီလင်ပုံစံသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူသုံးယောက်ဆီသို့ တိုက်ရိုက် ချီတက်လာသည်။
အနီးကပ်ဆုံးနေရာရှိ ချင်ချွမ်းသည် ချက်ချင်းပင် အပိုင်းပိုင်းကိုက်ခံရပြီးနောက် သွေးများ ဖြန်းခနဲ ထွက်ကာ နေရာ၌ပင် လဲကျသွားသည်။ သူ့အသွေးအသားထဲမှ ပြန်လည် ပေါင်းစည်းရန် အခွင့်အရေးပင်မရလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် နက်ပြာရောင် အခိုးအငွေ့များသည် သားရဲ၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ထုတ်လွှတ်နေသောကြောင့် မြေပြင်ပေါ်ရှိ ကျန်အသွေးအသားအားလုံးကို ဘာမှမကျန်တော့ဘဲ ချက်ခြင်းပင် ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်း၌ပင် ပိုင်ဝူပျန့်နှင့် ရှန်ကွမ်းယွဲ့ဟွာတို့သည် မဝေးသောနေရာတွင် သားရဲ၏ ကိုက်သတ်ခြင်းခံရလျက်အတူတကွ ကျရှုံးသေဆုံးသွားကြသည်။
...
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံထက်၌ ရာသီဥတုက ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားသည်။
ဘာဖြစ်တာလဲ။
ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူသုံးယောက်လုံး ကျဆုံးသွားပြီလား။
ဘယ်သူတွေ ကျရှုံးသွားတာလဲ။
အလယ်ပိုင်းနယ်မြေရှိ အသိဉာဏ်ရှိသော သတ္တဝါများစွာသည် စိတ်ရှုပ်ထွေးလျက်ရှိသည်။
….
တောင်ပိုင်းနယ်မြေ၏ မြင့်မားသော အထက်ကောင်းကင်တွင်
ညဘုရင်၊ သစ်ပင်အကြီးအကဲ၊ တိတ်ဆိတ်ခြင်းသခင်၊ ပင်လယ်ဘုရား၊ ရှေးစိမ်းလန်းတောင်တန်းသခင်နှင့် ချီချင်းမော့တို့ ရှေးဘေးဘိုးအဆင့်ကျွမ်းကျင်သူ ခြောက်ဦးတို့သည် အသေအကြေတိုက်ခိုက်ကြသည်။ ကြိုတင်ကြေညာထားခြင်းမရှိသော တိုက်ပွဲကြောင့် ကောင်းကင်ကြီးတစ်ခုလုံဂ တုန်လှုပ်ကာ ၎င်းအောက်ရှိနေရာက ပြိုကွဲလုနီးနီးဖြစ်နေသည်။
ရုတ်တရက် ပညာရှင် ခြောက်ယောက်က တိတ်တဆိတ် ဆုတ်ခွာသွားကာ အားလုံး သဘောတူညီမှု ရလိုက်သကဲ့သို့ ရပ်တန့်လျက် အလယ်ပိုင်းနယ်မြေသို့လှည့်ကြည့်လိုက်ကြသည်။
တောင်ပိုင်းနယ်မြေမှ ကြည့်လျှင် အဆုံးမဲ့အကွာအဝေး၌ရှိနေသော်လည်း ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူသုံးဦး သေဆုံးသည့်အတွက်ပြောင်းလဲသွားသော အလယ်ပိုင်းနယ်မြေ၏ အထက်ကောင်းကင်ကြီးကို ၎င်းတို့ မြင်နိုင်ကြသည်။
"ဟား၊ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလဲ၊ ကမ္ဘာမြေက ဒဏ္ဍာရီအဆင့်သုံးယောက် ဒီတိုင်းသေသွားတယ်။ တာအိုဝတ်လုံအမျိုးသမီး မင်းရဲ့ ကမ္ဘာမြေက နည်းနည်းနုနယ်ပုံပဲ”ညဘုရင်က ချီချင်းမော့ကို လှောင်ပြောင်သောလေသံဖြင့်ပြောသည်။
ချီချင်းမော့က စိတ်အနှောက်အယှက်ဖြစ်ခြင်းမရှိဘဲ နားထောင်လျက်ရှိသည်။ ကြေးနီရှေးဟောင်းခေါင်းတလားတွင် နှစ်ပေါင်းများစွာ အိပ်စက်ခဲ့ရပြီးနောက် သူမသည် ယခုအခါ ကမ္ဘာမြေနှင့် သက်ဆိုင်သည်ဟုပြောခြင်းက အဓိပ္ပါယ်မရှိပေ။ သူမ ဂရုစိုက်သည်မှာ ထာဝရမိမိကိုယ်မိမိသာဖြစ်သည်။
...
အလယ်ပိုင်းနယ်မြေတွင် အလွန်လျှို့ဝှက်သော အပျက်အစီးများကြား၌ ကမ္ဘာမြေမှ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ သုံးဦးသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို အာဟာရဖြည့်တင်းကာ ၎င်းတို့၏ ခွန်အားကို ပြန်လည်ရရှိရန်နှင့် ၎င်းတို့၏ သက်တမ်းကို သက်တမ်းတိုးရန် အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ကြသည်။
"အင်း၊ နောက်ထပ် လူသားမျိုးနွယ်ရဲ့ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ သုံးယောက် ကျဆုံးသွားပါပြီ..."
လူတစ်ယောက်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ သက်ပြင်းချလိုက်သည်။
သူ့အနားရှိ ကျွမ်းကျင်ပညာရှင်နှစ်ဦးက သူ၏သက်ပြင်းကိုကြားသော်လည်း မည်သူကမျှ မတုံ့ပြန်ဘဲ တိတ်ဆိတ်နေကြသည်။
ထိုအချိန်တွင် အလယ်တွင်ထိုင်နေသည့် အမျိုးသမီးက ဖြည်းညှင်းစွာပြော၏။
“တောင်ပိုင်းနယ်မြေမှာ ဒဏ္ဍာရီအဆင့် သတ္တဝါတွေတိုက်ခိုက်နေကြတယ်။ အဲ့တိုင်းက အရူးအဖွားကြီးလည်းပါတယ်။ ငါတို့ သွားပြီး သူ့ကိုကူသင့်လား”
ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူ ရှိသော အခြား ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ တစ်ဦးက တုံ့ပြန်၏။
"စောင့် ကြည့်ကြရအောင်။ သူကိုယ်တိုင် ကိုင်တွယ်နိုင်ရင် မလိုအပ်ဘဲ ငါတို့ နှောက်ယှက်မိလိမ့်မယ်။ ငါတို့ရဲ့ စုတ်ပြတ်နေတဲ့ ခန္ဓာကိုယ်ကို ဒီမှာအားဖြည့်ဖို့ပဲအာရုံစိုက်။ နောက်ဆုံး တိုက်ပွဲကြီး မရောက်လာခင် ငါတို့ရဲ့ အထွတ်အထိပ် ခွန်အားကို ပြန်ရအောင် ကြိုးစားမယ်။"
၎င်းတို့သုံးဦးသည် နတ်ဘုရားများခေတ်ကတည်းက လွတ်မြောက်ခဲ့ကြကာ ထိုခေတ်က သူတို့၏ရွယ်တူချင်းဖြစ်သောချီချင်းမော့နှင့် များစွာတွေ့ဆုံခဲ့ကြသ်ည။
…
အလယ်ပိုင်းနယ်မြေ အပျက်အစီးများကြား၌ ကန်၏ အောက်ခြေတွင် လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ ထွက်ပြေးကာ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်ပညာရှင် သုံးဦး အစိတ်စိတ်အမွှာမွှာကွဲသွားသည့် မြင်ကွင်းကို မြင်တွေ့ခဲ့ရပြီးနောက် သူ့မျက်နှာတွင် ထိတ်လန့်သောအမူအရာပေါ်လာသည်။
မယုံနိုင်လောက်အောင် အစွမ်းထက်သော ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူ သုံးဦးသည် ချက်ခြင်း သေဆုံးသွားသည်။
လင်းဇီချန်သည် ယခင်က ဉာဏ်ရည်နိမ့်သော သားရဲသည် ချင်ချွမ်း နှင့် အခြားနှစ်ဦးကို သတ်ခြင်းက မြေပြင်ပေါ်ရှိ သလင်းကျောက်များကို ပိုမိုကာကွယ်ရာရောက်ကြောင်း မသိခဲ့ဩု ထင်ခဲ့သည်။ သို့သော် ယခု မြူခိုးပုံစံယူထားသော သားရဲသည် အလွန်လိမ္မာပါးနပ်သည်ဟုထင်ရ၏။ နှစ်ဖက်စလုံးက ဒဏ်ရာပြင်းထန်စွာမရမချင်း စိတ်ရှည်လက်ရှည်စောင့်ဆိုင်းကာ အခွင့်ကောင်းကိုယူ၍ သုံးဦးလုံးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့သည်။
“ဝေါင်း”
ကျူးကျော်သူ သုံးဦးကို အောင်မြင်စွာ သတ်ပြီးနောက် သားရဲသည် အောင်ပွဲခံကာ ဟိန်းဟောက်သည်။ နောက်တစက္ကန့်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ဘက်သို့ မျှော်ကြည့်ကာ မှုန်မှိုင်းနေသော မျက်လုံးများက သတိထားမှုအရိပ်အမြွက်ကို ပြသနေသည်။ လင်းဇီချန်သည် ၎င်း၏အကြည့်ကို သတိထားမိသည်။
သတိဖြင့် ပြည့်နှက်နေသော မျက်လုံးများကို ကြည့်လျက် လင်းဇီချန်သည် ခဏတာမျှ တုံ့ဆိုင်းနေပြီးနောက် တဖြည်းဖြည်းချင်း ခပ်ခွာခွာနေရန် ဆုံးဖြတ်လိုက်သည်။ သူ့ကို စေ့စေ့ကြည့်နေသည့် သားရဲနှင့် မျက်လုံးချင်းဆိုင်လျက် အပေါ်ဘက် ရေများအထက်သို့ ဖြည်းဖြည်းချင်းတက်သွားသည်။
ရေမျက်နှာပြင်အထက်သို့ ထိလိုက်သောအခိုက်၌…
“ဝေါင်း”
သားရဲကြီးက ဟိန်းဟောက်၍ ဆုံးဖြတ်ချက်ချလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း၌ ၎င်းက လွတ်မြောက်ခါနီး လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ဆီသို့ အလွန်မြန်ဆန်သောအရှိန်ဖြင့် လိုက်လာသည်။
ဤသည်ကိုမြင်လိုက်ရသည်နှင့် လင်းဇီချန်၏ မျက်နှာက သိသိသာသာပြောင်းလဲသွားသည်။ သူက ချက်ချင်းဆိုသကဲ့သို့ပင် သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်နှစ်ခုလုံးဖြင့် ပေါက်ကွဲထွက်ကာ သူ၏သွေးမျိုးဆက်စွမ်းအားအဆင့်ထက် ပို၍ ကျော်လွန်သောအရှိန်ဖြင့် ရေမျက်နှာပြင်အထက်သို့ တက်သည်။
သို့သော် ၎င်းက နှေးကွေးလွန်းသည်။
လင်းဇီချန်၏ထွက်ပြေးနှုန်းသည် ဒဏ္ဍာရီအဆင့် သက်ရှိသတ္တဝါရှေ့တွင် အလွန်နှေးကွေးလွန်းသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အောက်သားရဲကြီးက ဖမ်းမိသွားကာ ၎င်းသည် ၎င်း၏ ပါးစပ်ကြီးကိုဖြဲ၍ ပြင်းထန်စွာ ကိုက်လိုက်သည်။
သားရဲ၏သွားများက သူ့ခန္ဓာကိုယ်ကို ထိလုနီးအချိန်တွင်
"ဗွမ်း!!!"
ဒဏ္ဍာရီလာ ရတနာခုနစ်ပါးစဉ့်ကူးစေတီကဲ့သို့သော ကြီးမားကျယ်ပြောသော နန်းတော်တစ်ခု ရှန်ချင်းဟန်၏ အသိစိတ်ပင်လယ်တွင် ရုတ်တရက် ထွက်ပေါ်လာကာ အောက်ခြေမှ သားရဲကြီးဆီသို့ နေကြတ်သည်နှင့်တူသော စွမ်းအားဖြင့် ဖိနှိပ်လိုက်သည်။