← Chapters

အပိုင်း ၃၈၈-၃၉၀

Vol. 26 Ch. 388-390

အပိုင်း ၃၈၈-၃၉၀

Vol. 26 Ch. 388-390

အခန်း (၃၈၈) ဆူးနတ်သမီးနေလအထွတ်အမြတ်နယ်မြေ၏အစီအစဉ်

ချီချင်းမော့ သားရဲအမြုတေကို လေ့လာနေသည်ကို မြင်သောကြောင့် လင်းဇီချန်က စပ်စုစွာဖြင့် သူမဘေးတွင်ထိုင်ကာ ကြည့်နေမိသည်။ ကြည့်နေရင်းဖြင့် မိမိရလာသော မျက်လုံးသုံးလုံးမိစ္ဆာ၏အမြုတေကို ထုတ်ယူကာ ချီချင်းမော့ကဲ့သို့ပင် လေ့လာကြည့်သည်။

"အဲ့အမြုတေကိုလည်း ငါ့ကို ပေး။ မင်းအတွက် ဘာမှဖြစ်မှာမဟုတ်ဘူး။"

ချီချင်းမော့သည် လင်းဇီချန်လက်ထဲမှ သားရဲအမြုတေကို တောင်းယူလိုက်သည်။ ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်က သားရဲအမြုတေကို ပေးလိုက်သည်။ ချီချင်းမော့သည် မိမိ၏မွေးစားအမေ၊ ရှုးဂါးမာမီနှင့်တူသည်။ မိမိက သားသမီးတာဝန်ကျေပွန်ရမည်ဖြစ်သည်။ ထိုမှသာ နောင်တွင် အန္တရာယ်ဖြင့်ကြုံသောအခါ၌ "မေမေ သားကိုလာကယ်ပါဦး"ဟု အော်ခေါ်၍ရမည်ဖြစ်သည်။

ချီချင်းမော့က သားရဲအမြုတေကိုယူလိုက်ပြီး ပြောလိုက်သည်။

"အခုငါက သားရဲအမြုတေထဲမှာပါတဲ့ စွမ်းအားက ဝိညာဉ်စွမ်းအားနဲ့အစားထိုးလို့ရမလားဆိုတာကို လေ့လာနေတာ။"

"အဲ့လိုသာလုပ်နိုင်ရင် ငါ့ရဲ့ထိပ်ဆုံးစွမ်းအားကို ပြန်ရနိုင်ပြီ။ အတွေးတစ်ခုတည်းနဲ့တင် ခုခံရေးအခင်းအကျင်းလုပ်ပြီး ငါ့ပိုင်နက်သတ်မှတ်ပြီး ကိုယ်ပိုင်ဂိုဏ်းထောင်လို့ရပြီ။ အခင်းအကျင်းဖြစ်သွားတာနဲ့ ကမ္ဘာကိုတိုက်ခိုက်ခံရမှာကို စိတ်ပူနေစရာမလိုတော့ဘူး။"

ခုခံရေးအခင်းအကျင်းလား

ထိုစကားကိုကြားသည်နှင့် လင်းဇီချန်မျက်လုံးအရောင်လက်သွားသည်။ ချီချင်းမော့ပြောသည့် ငြိမ်းချမ်းသည့်နေရာက လိုအပ်နေသည်။ မိမိအတွက်မဟုတ်ဘဲ မိမိနှင့်ချင်းဟန်၏မိဘများအတွက်ဖြစ်သည်။ မိဘများသည် သာမန်လူသားများဖြစ်ကြသည်။ ထို့ကြောင့် မိမိတို့၏တည်ရှိမှုက မိဘများကို အန္တရာယ်ဖြစ်စေမည်ကို စိတ်ပူနေမိသည်။ တစ်နေ့တွင်ရန်သူက မိဘများကို ဓားစာခံအဖြစ်ခေါ်သွားနိုင်သည်။ မဟုတ်လျှင်လည်း သတ်ပစ်နိုင်သည်။ ထိုအရာများသည် လွန်စွာဖြစ်နိုင်ခြေရှိ၏။

ယခုတွင် ချီချင်းမော့သည် ထိပ်ဆုံးစွမ်းအားကို ရသည်နှင့် နားခိုရာနေရာတစ်ခု တည်ထောင်မည်ဟု ပြောသဖြင့် လင်းဇီချန်တစ်ယောက် မျှော်လင့်ချက်ဖြစ်သွားမိသည်။

"ကောင်းကင်လူသားသခင် သားရဲအမြုတေတွေထဲက အထူးစွမ်းအားကို မူလအားလို့ခေါ်ပါတယ်။ ကမ္ဘာပေါ်က အားကြီးတဲ့သူတွေက အဲ့ဒါကို သုတေသနလုပ်ပြီးကြပြီ။ ရှာပေးပါ့မယ်။"

လင်းဇီချန်ကထိုသို့ပြောကာ ဖုန်းထုတ်လိုက်ပြီးမူလအားနှင့်ပက်သက်သည်များကို ရှာပေးသည်။ မကြာခင်တွင်ပင် အချက်အလက်များစွာ ကျလာသည်။ လင်းဇီချန်က ဖိုင်တစ်ဖိုင်ကို ဖွင့်ကာ ချီချင်းမော့ကို ပြလိုက်သည်။

"ကောင်းကင်လူသားသခင် အကူအညီဖြစ်မဖြစ် ကြည့်ပေးပါဦး။"

"အင်း ကြည့်ကြည့်ရအောင်။"

ချီချင်းမော့သည် ဖုန်းကိုယူလိုက်ပြီး ထိုထဲတွင်ပါသောအချက်အလက်များကို ကြည့်လိုက်သည်။ သူမသည် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြုံးလိုက်မိသည်။

"အရမ်းကောင်းတယ်။ ငါ့ကို အကူအညီဖြစ်တယ်။ မူလအားကို သေချာလေးနားလည်သွာတာ‌ပေါ့။"

လင်းဇီချန်ကလည်း ပြုံးလိုက်ပြီး

"အဲ့လိုဆို ကောင်းတာပေါ့။"

ချီချင်းမော့သည် လင်းဇီချန်ကို ပြောလိုက်သည်။

"မင်းလည်းနားတော့။ ဒီည သွေးလွှဲပြောင်းပေးဖို့လိုသေးတယ်။"

"ကောင်းပါပြီ အဲ့လိုဆို အခန်းထဲသွားနားလိုက်ပါဦးမယ်။"

လင်းဇီချန်သည် အိပ်ခန်းသို့သွားကာ ချီချင်းမော့ကို မနှောင့်ယှက်တော့ပေ။ ချင်းဟန်ကလည်းနောက်မှလိုက်ပါလာသည်။ အခန်းထဲသို့ရောက်သည် မလဲသေးဘဲ အဝတ်သန့်သန့်များထုတ်ပြီး ရေချိုးကြသည်။ အပြင်က ပြန်လာသောကြောင့် အိပ်ရာမဝင်ခင် ရေချိုးရန်လိုအပ်သည်။ မဟုတ်လျှင် ညစ်ပတ်နေလိမ့်မည်ဖြစ်သည်။ ချီချင်းမော့ကမူ မိမိဘာသာ အတွေးတစ်ခုဖြင့် သန့်ရှင်းပြီးဖြစ်လိမ့်မည်။

…

မိနစ်ပိုင်းမျှ ရေချိုးပြီးနောက်တွင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် အခန်းထဲသို့ ပြန်နားကြသည်။ ချင်းဟန်သည် အဝတ်ဗလာဖြင့် လဲလျောင်းရင်းဖြင့် ချက်ချင်းအိပ်ပျော်သွားရှာသည်။ သူမသည် ပင်ပန်းလွန်းသောကြောင့် အဝတ်ပင် မဝတ်နိုင်တော့ပေ။ လင်းဇီချန်ကမူ မအိပ်သေးဘဲ သူမဘေးတွင်ထိုင်ပြီး ဖုန်းကြည့်ကာ သတင်းများဖတ်နေသည်။ လက်ရှိအခြေအနေကို သုံးသပ်ကြည့်သည်။ သတင်းကြည့်ပြီးနောက်တွင် ဝီချက်ကို ဖွင့်ကြည့်လိုက်သည်။ ဝီချက်တွင် အနီစက်လေးများစွာ (စာတွေဝင်နေလို့) ပေါ်နေပြီး မဖတ်ရသေးသောမက်ဆေချ့်များစွာရှိသည်။ လုချင်းယွီ၊ လီချူရှင်း၊ ကျန်းခိုင်နှင့် အခြားသူများဆီမှစာများပင် ဖြစ်သည်။

လင်းဇီချန်သည် လွန်ခဲ့သောတစ်နှစ်ကဝင်ထားသည့်ဂရုချက်ထဲသို့ ဝင်ကာ စစ်တပ်လေ့ကျင့်ရေးလုပ်စဉ်ကလူများဖွဲ့ထားသောအဖွဲ့ပင်ဖြစ်သည်။

လီမော်ယွီ၊ လော်ရုန်ကျန်းနှင့်မာရှိဝေတို့ကလည်း နွယ်ပင်များကိုထိန်းချုပ်နိုင်သဖြင့် မည်သို့လုပ်သည်ကို မေးနေကြသည်။ လင်းဇီချန်က အတိုချုံးရှင်းပြလိုက်သည်။ နွယ်ပင်များကိုထိန်းချုပ်နိုင်သည်မှာ ထူးခြားသောစွမ်းအားတစ်ခုဖြစ်ကာ ထုတ်ပြော၍မရကြောင်း ပြောပြလိုက်သည်။ ထို့နောက်တွင် ထိုအုပ်စုမှထွက်၍ လုချင်းယွီပို့သောစာကို ဖွင့်လိုက်သည်။ လုချင်းယွီက ဗီဒီယိုနှင့်စာများပို့ထားသည်။ လက်ရှိမြို့အခြေအနေပင်ဖြစ်သည်။ တိတိကျကျဆိုရလျှင် ထူးဆန်းသောလှိုဏ်ဂူများပင် ဖြစ်သည်။ လုချင်းယွီက နေခဲ့ပြီးဆရာဖြစ်သူနှင့်အတူ လေ့လာနေကာ လင်းဇီချန်ထံသို့ ပို့ပေးနေခြင်းဖြစ်သည်။ လင်းဇီချန်သည် ထိုဂူများကို စိတ်ဝင်စားသဖြင့် ပို့ထားသည်များကို တစ်ခုချင်းစီလိုက်ကြည့်ကြည့်သည်။

ပို့ထားသောဗီဒီယိုများက ဂူထဲသို့ ပို၍နက်သွားပြီး ပတ်ဝန်းကျင်အခြေအနေကို ရိုက်ပြထားခြင်းဖြစ်သည်။ ဂူထဲတွင် လေရှိကာ စိုစွတ်ပြီး အပူချိန်လည်းရှိကြောင်း၊ မြေပြင်နှင့်မကွာကြောင်း ရှင်းပြသည်။ ထိုဂူများသည် သန္ဓေပြောင်းကြွက်များတူးလာသောအရာများဖြစ်ကြောင်းလည်း ပြောပြသည်။ ဂူ၏အနက်ဆုံးအပိုင်း မီတာနှစ်သောင်းထိဟုပြောသဖြင့် အံ့ဩသွားရသည်။ ဂူထဲမှ မြေအောက်နန်းတော်သည် အသစ်ပွင့်လာသောသွေးမျိုးဆက်လမ်းကြောင်း ဖြစ်နိုင်သည်ဟု သူမက ဆိုထား၏။

wunzinnsop

အခန်း (၃၈၉) ဆူးနတ်သမီးနေလအထွတ်အမြတ်နယ်မြေ၏အစီအစဉ် (၂)

"အဆင့်မြင့်တွေက မြို့လယ်က အဲ့နေရာမှာ စစ်တပ်ဌာနတစ်ခုတည်ထောင်ပြီး စက်နတ်ဘုရားအုပ်စုနဲ့ပူးပေါင်းပြီး အဲ့သွေးမျိုးဆက်လမ်းကြောင်းကို ဖိနှိပ်သွားမယ်လို့တော့ပြောတယ်။ ရှန်ဟိုင်းမြို့လယ်ကို နေရာအသစ်ချပြီး ဘေးနားကမြေတန်ဖိုးတွေလည်း သိသိသာသာ ထိုးကျသွားလိမ့်မယ်။"

လုချင်းယွီ၏စာကို ဖတ်ပြီးနောက်တွင် လင်းဇီချန်သည် တစ်ခုခုကို နားလည်သွားကာ နှစ်ပေါင်းများစွာသိချင်နေသောအကြောင်းက ရှင်းလင်းသွားသည်။ လွန်ခဲ့သောနှစ်များက ရှန်ဟိုင်းမြို့သည်မကြာခဏငလျင်လှုပ်ခဲ့သည်။ ယခုကြည့်ရသည်မှာ ထိုသန္ဓေပြောင်းကြွက်များက လိုဏ်ဂူများတူးနေသောကြောင့် ဖြစ်ပေမည်။

…

မူလမြေ ရှေးဟောင်းတောအုပ်နန်းတော်ကြီးတစ်ခုတည်းတွင် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်သည် ကြောက်ကြောက်လန့်လန့်ဖြင့် ဦးညွတ်ထားကာ အသံတစ်သံပင်မထွက်ရဲပေ။ မိမိရှေ့ မြေပြင်ပေါ်၌ အစိမ်းရောင်စက်ဝိုင်းတစ်ခုက ကျောက်စာများဖြင့် အစိမ်းရောင်တောက်ပနေသည်။ ထိုအစိမ်းရောင်သည် ဖြည်းဖြည်းချင်းအရောင်တက်လာပြီးနောက်တွင် ကြီးမားလှသည့် တစ်မီတာခန့်အချင်းဝက်ရှိသည့် ပန်းအဖူးကြီးတစ်ခုက အစိမ်းရောင်တောက်ပနေသောမြေကြီးအလယ်မှ ထွက်ပေါ်လာသည်။ ထိုအဖူးထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် ဆူးများစွာပါသည့် လူသားစားပန်းတစ်ပွင့်က ပွင့်လန်းလာသည်။ လူသားစားပန်းပွင့်သည့် ပွင့်အာလာပြီး ပန်းထဲတွင် မိန်းကလေးတစ်ဦးက ခြေထောက်ချိတ်၍ ထိုင်နေသည်။ သူမသည် ခေါင်းထက်တွင်လှပသောဆံပင်အနီရောင်ရှိပြီး လက်များတွင် ဆူးများပါသည့်နွယ်ပင်များက ရစ်ပတ်နေကာ ခန္ဓာကိုယ်တွင်လည်း လက်ဖဝါးအရွယ်အစားပန်းပွင့်ချပ်များဖြင့် အုပ်ထားပြီး အချို့ လူမြင်မခံသောနေရာများမှလွဲ၍ ကျန်နေရာများကို ဖော်ထားသည်။

"ဂိုဏ်းခေါင်းဆောင် ကမ္ဘာပေါ်မှာ အင်အားတစ်ခုထောင်မဲ့တာဝန်က ကျရှုံးသွားပြီပေါ့။"

သူမသည် လက်တစ်ဖက်ငဖြင့် မေးစေ့ထောက်ကာ ဂိုဏ်းခေါင်းဆောင်ကိုပြုံး၍ ပြောလိုက်သည်။ သို့သော်လည်း ဂိုဏ်းခေါင်းဆောင် ကြောက်လန့်တကြားဖြင့် ရှင်းပြလိုက်သည်။

"နတ်သမီးလေး အစီအစဉ်က အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့လို့ အရမ်းစွမ်းအားကြီးပြီးထူးဆန်းတဲ့မိန်းမတစ်ယောက် ‌ရောက်လာပြီး ပြောင်းပြန်လှန်သွားတာ။ အဲ့ဒါကြောင့်မလို့ ကျွန်‌တော်တို့ ကျရှုံးခဲ့ရတာပါ။"

လူသားစားပန်းပွင့်ထဲမှမိန်းကလေးသည် နေလအထွတ်အမြတ်နယ်မြေမှ ဆူးနတ်သမီးပင်ဖြစ်ကာ နူးညံ့သိမ်မွေ့ဟန်ပေါ်သော်လည်း လွန်စွာကြမ်းတမ်းကာ လူသတ်ရသည်ကို နှစ်သက်သည့် မိစ္ဆာမတစ်ယောက်သာ ဖြစ်၏။ ဒဏ္ဍာရီအဆင့်ရှိသောဂမ္ဘီရသစ်ပင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်သည်ပင် ထိုဆူးနတ်သမီးကို ကြောက်နေရသည်။

"ထူးဆန်းတဲ့တာအိုဝတ်ရုံနဲ့အမျိုးသမီး....အင်း... တကယ်ပဲ သူက ထိန်းချုပ်လို့မရတဲ့သူမျိုးပဲ။"

ဆူးနတ်သမီးက ချီချင်းမော့၏တည်ရှိမှုကို သိထားသည်။ သူမသည် ချီချင်းမော့နောက်လိုက်သည့်အုပ်စုတွင်ပါခဲ့ကာ ချီချင်းမော့မည်မျှအားကောင်းသည်ကို မြင်ခဲ့သည်။ သို့သော်လည်း သူမထက် အားကောင်းမည်ဖြစ်ကာ ချီချင်းမော့နောက်ကို မလိုက်နိုင်ခဲ့ကြပေ။

"ထူးဆန်းတယ်။ အဲ့အမျိုးသမီးက ထွက်ပြေးနေတုန်းက ဘာလို့ ငါတို့ကို မတိုက်ခိုက်ရတာလဲ။"

ဆူးနတ်သမီးက မိမိဘာသာ ညည်းတွားလိုက်သည်။

သို့သော်လည်း မိမိရှေ့၌ ဒူးထောက်နေသောသူကိုသာ အာရုံပြန်စိုက်လိုက်သည်။

"ဂိုဏ်းခေါင်းဆောင် အဲ့မိန်းမရဲ့ပေါ်လာလို့ တာဝန်မအောင်မြင်ရတာဆိုပေမဲ့ အပြစ်ဒဏ်ကနေတော့ လွတ်မှာမဟုတ်ဘူး။"

"ပြစ်ဒဏ်အနေနဲ့ မင်းချစ်ရတဲ့သူတစ်ယောက်ကို စွန့်လွှတ်ရမယ်။"

"ငါ့ကိုပြော။ မြင့်မြတ်နယ်မြေမှာနေတဲ့ မင်းရဲ့က‌လေးကိုးယောက်ထဲက ဘယ်တစ်ယောက်ကို စွန့်လွှတ်မှာလဲ။"

အသံက နူးညံ့ညင်သာနေသော်လည်း စကားလုံးများက ရက်စက်သည်။ ထိုစကားကို ကြားသည်နှင့် ဂိုဏ်းခေါင်းဆောင်သည် စိတ်ထဲတွင် တုန်လှုပ်သွားရကာ နာကျင်ဖွယ်ကောင်းသောဆုံးဖြတ်ချက်ကို ချရပေတော့မည်။

စက္ကန့်ပိုင်းမျှစဉ်းစားပြီးနောက်တွင် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

"နတ်သမီး ကျွန်တော် စွန့်လွှတ်ရမယ်ဆိုရင် ရှစ်ယောက်မြောက်ကို ရွေးပါမယ်။"

ရှစ်ယောက်မြောက်ကလေးသည် ပါရမီအနည်းဆုံးဖြစ်သည်။ ဆုံးရှုံးမှုနည်းသည့်သူကို ရွေးရပေမည်။ ထိုအဖြေကို ကြားသည့်အခါတွင် ဆူးနတ်သမီးက ရယ်လိုက်ပြီး

"သူ့ကို ရွေးမယ်ဆိုတာ ငါသိသားပဲ။ အဲ့ဒါကြောင့်မလို့ ဒီကိုမလာခင် သူ့ကို စားခဲ့ပြီးပြီ။ သူက အတော်လေးအရသာရှိတယ်။"

ထိုစကားကိုကြားသောအခါတွင်ဂိုဏ်းခေါင်းဆောင်သည် ဒေါသထွက်မိသော်လည်း မဖော်ပြရဲပေ။ ခေါင်းငုံ့၍သာ မိမိ၏ဒေါသကို သည်းခံထားရသည်။ ဆူးနတ်သမီးက သတိထားမိသော်လည်း ဂရုမစိုက်ပေ။

သူမက ချိုသာသောအသံဖြင့် ဆက်ပြောလိုက်သည်။

"ဂိုဏ်းခေါင်းဆောင် အခုကစပြီး ဂမ္ဘီရသစ်ပင်ဂိုဏ်းက ကမ္ဘာမြေပေါ်ကို နယ်ချဲ့ဖို့ အာရုံစိုက်သင့်ပြီ။ သွေးမျိုးဆက်လမ်းကြောင်းတွေဖွင့်ကို မလုပ်နဲ့တော့။ နောက်ဆိုရင် အခြားအာဏာကြီးတွေနဲ့‌ပေါင်းပြီး ကမ္ဘာကိုတိုက်ခိုက်ကြမယ်။ ပြီးရင် ကမ္ဘာမှာ နယ်မြေသတ်မှတ်ပြီး ဌာနချုပ်တစ်ခုတည်ထောင်မယ်။"

ထိုသို့ပြောကာ နတ်သမီးသည် လူသားစားပန်းပွင့်ကို ပြန်ပိတ်လိုက်ပြီး ချက်ချင်းပင် အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွားသည်။ သူမသည် ဂိုဏ်းခေါင်းဆောင်ကိုသာ ထားခဲ့တော့သည်။

...

တစ်နေရာရာတွင်လူသားမြို့များကို တိုက်ခိုက်နေသောရှေ့တန်းတစ်နေရာ၌ လူသားမြို့များကို ဖရိုဖရဲဖြစ်အောင် တိုက်ခိုက်နေသည့် ဆန်းကြယ်သားရဲများသည် ရုတ်တရက်ပင် အမြန်ဆုံးပြန်ဆုတ်သွားကြပြီး ဆက်မတိုက်ကြတော့ပေ။ တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသောအာဏာကြီးများကလည်း ထိုမြင်ကွင်းကြောင့် ကြောင်အမ်းသွားကြသည်။ သားရဲအုပ်စုက တိုက်ခိုက်ရန် အဘယ့်ကြောင့် လက်လျော့သွားရသည်ကို မသိပေ။

"ပြည်နယ်အရှင် ဘာဖြစ်နေတာလဲ။"

မြို့နံပါတ်တစ်၏တိုက်ပွဲမြေပြင်တွင် သားရဲသံချပ်ကာဝတ်ထားသေလူတစ်ယောက်သည် ယဲ့ရုန်ရှန်းဘက်သို့လှည့်ကာ မေးလိုက်သည်။

အရှင်ယဲ့လည်း မျက်မှောင်ကြုတ်ကာ မဖြေနိုင်ပေ။ ထိုအချိန်တွင်ငှက်လူသားက ပျံဝဲလာပြီး တင်ပြလိုက်သည်။

"အရှင် သားရဲလှိုင်းကိုတိုက်ခိုက်တဲ့ တာအိုဝတ်ရုံနဲ့အမျိုးသမီးက ကမ္ဘာဘက်မှာ ပေါ်လာပြီး ဂမ္ဘီရသစ်ပင်ဂိုဏ်းနဲ့ ရှန်ဟိုင်းမြို့လယ်ထဲကို တက်လာတဲ့သားရဲအုပ်စုကို သုတ်သင်လိုက်ပါတယ်။"

အခန်း (၃၉၀) ဆူးနတ်သမီးနေလအထွတ်အမြတ်နယ်မြေ၏အစီအစဉ် (၃)

ငှက်လူသားအစီရင်ခံသည်ကို နားထောင်ပြီးနောက်တွင်ယဲ့ရုန်ရှန်းသည် စိတ်အေးသွားရသည်။ ထိုအမျိုးသမီးပင် ဖြစ်သည်။ ထိုအမျိုးသမီးကပင်သားရဲအုပ်စုကို ဖြေရှင်းပေးလိုက်နိုင်သည်။ နေလအထွတ်အမြတ်နယ်မြေသည် သားရဲများကိုပြန်ဆုတ်ခိုင်းပြီး မြို့ကို စွန့်ခွာသွားသည်။ သားရဲများဖြင့် မြို့ကိုတိုက်ခိုက်ရသည့်ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်၌ အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ဖြစ်သည်။ ယခုတွင် အစီအစဉ်က ကျရှုံးသွားသောကြောင့် မူလမြေ၌လည်း ဆက်လှုပ်ရှားစရာမလိုတော့ပေ။

"အဲ့အမျိုးသမီးက တကယ်ပဲဘယ်သူလဲ..."

ယဲ့ရုန်ရှန်းသည် မိမိဘာသာ ပြောကာ အတွေးနယ်ချဲ့နေမိသည်။

…

မြို့အမှတ် (၃၆) သေးငယ်သောအခန်းလေးတစ်ခန်းထဲတွင် ကပ်ဘေးကြီးမှ သီသီလေးလွတ်လာသောယွမ်သုန်ကျီသည် ဆေးရည်ကန်ထဲတွင် ရေချိုးနေပြီး သူမ၏ချီသွေးကို ပြန်ညှိနေသည်။

'အန္တရာယ်များလွန်းတယ်။ ရုတ်တရက်ပေါ်လာတဲ့ အဲ့တာအိုဝတ်ရုံအမျိုးသမီးကျေးဇူးနဲ့သာ လွတ်သွားခဲ့တ။ မဟုတ်ရင် မိုးကြိုးနဂါးရဲ့ မိုးကြိုးချက်အောက်မှ သေပြီးနေလောက်ပြီ။ သူသာ အချိန်မီပေါ်မလာရင် ဒီမှာပဲ အဆုံးသတ်သွားလောက်ပြီ။ သီသီလေးလွတ်လာတာပဲ...."

ယွမ်သုန်ကျီက ကျေးဇူးတင်နေမိသည်။

"ကျောင်းအုပ်ယွမ် တပည့်တစ်ယောက် လာရှာပါတယ်။"

"...."

…

ထိုအသံကို ကြားသည်နှင့် ယွမ်သုန်ကျီသည် ခေတ္တမျှကြောင်သွားပြီး တစ်ကိုယ်လုံး စိတ်လှုပ်ရှားမှုဖြင့် လွှမ်းခြုံသွားသည်။ သူမသည် လော့ချန်းရွှယ်ကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး မူလမြေ၌နေသော ပထမဆုံးတပည့်ကို သတိရနေခဲ့သည်။ မကြာခင်တွင်ပင် သူမသည် သစ်သားရေဇလုံထဲမှထလာပြီး ခန္ဓာကိုယ်မှဆေးရည်များကို ဖယ်လိုက်သည်။ အမြန်အဝတ်ဝတ်ကာ မြို့လယ်ခန်းမဆီသို့ ထွက်သွား၏။ ဆယ်စက္ကန့်ခန့်ကြာပြီးနောက်တွင် တိုင်ကြီးတစ်လုံး၏ရှေ့၌ သူမ၏ပထမဆုံးတပည့်ဦး လော့ချန်းရွှယ်ကို တွေ့လိုက်ရပေသည်။

"ချန်းရွှယ်..."

ယွမ်သုန်ကျီက စိတ်လှုပ်ရှားစွာဖြင့် ခေါ်လိုက်သည်။

လော့ချန်းရွှယ်က ထိုအသံကို ကြားသောအခါတွင် မျက်လုံးများ အရောင်တောက်သွားပြီး ပျံမတတ် ပြေးလာပြီး ယွမ်သုန်ကျီကို ဖက်ထားကာ အားကိုးတကြီးအသံဖြင့် ခေါ်လိုက်သည်။

"ဆရာ...."

"ဒီမှာလူတွေများတယ်။ သွားကြမယ်။ အခန်းထဲမှ စကားပြောကြမယ်။ ငါတို့အချင်းချင်းမတွေ့ရတာ နှစ်တော်တော်ကြာပြီ။"

"အင်း။"

လော့ချန်းရွှယ်က ပြန်ဖြေလိုက်သည်။

အခန်းထဲသို့ ရောက်သောအခါတွင် နှစ်ပေါင်းများစွာ ကွဲကွာနေသောဆရာနှင့်တပည့်သည် အပြုံးကိုယ်စီဖြင့် စကားပြောနေကြကာ မည်သို့အချိန်ကုန်သွားသည်နှင့် သတင်းကောင်းများကို မျှဝေနေကြသည်။

"ဆရာ ကျွန်မ ဆရာပေါင်ပေါ်မှာမအိပ်ရတာ နှစ်တော်တော်ကြာပြီ။ ကျွန်မဆရာပေါင်ပေါ်မှလှဲပြီး စကားပြောလို့ရမလား။"

သူမ၏အသံက အေးစက်လှသော်လည်း စကားလုံးများကမူ မအေးစက်ပေ။ ယွမ်သုန်ကျီက နွေးထွေးစွာ ပြုံးလိုက်ပြီး အိပ်ရာပေါ်တွင်ထိုင်ကာ လော့ချန်းရွှယ်ကို လှဲခိုင်းလိုက်ပြီး သူမပေါင်ပေါ်တွင်နားစေသည်။

လော့ချန်းရွှယ်က လဲလျောင်းပြီးနောက်၌ ယွမ်သုန်ကျီက အခွင့်အရေးယူကာ သူမ၏ခန္ဓာကိုယ်ကို စမ်းစစ်ကြည့်လိုက်သည်။ မကြည့်လျှင်သိမည်မဟုတ်သော်လည်း ကြည့်လိုက်လျှင် အကြီးဆုံးတပည့်သည် ခန္ဓာကိုယ်က အတော်လေးပြည့်တင်းလာသည်။ အတော်လေးထွားလာသည်ဟု ဆိုနိုင်သည်။ အရွယ်ရောက်ကြသည်က မြန်လွန်းသည်။ ယွမ်သုန်ကျီ၏လက်သည် လော့ချန်းရွှယ်၏ရင်ဘတ်နားသို့ ရောက်သွားသည်။

"ဆရာ"

ယွမ်သုန်ကျီ၏လက်က ရုတ်တရက် ရင်ဘတ်နားသို့ ရောက်လာသည်ကို မြင်သဖြင့် လော့ချန်းရွှယ်၏မျက်နှာလေးက တွေဝေသွားဟန်ပေါ်သည်။

ယွမ်သုန်ကျီက ပြုံးလိုက်ပြီး

"ဆရာက မင်းအရွယ်ရောက်မရောက်ဆိုတာကို စစ်ကြည့်တာပါ။"

"ဆရာ ဒီလောက်နှစ်တွေကြာလှပြီ။ ကျွန်မလည်း အရွယ်ရောက်ပြီပေါ့။"

"အမှန်ပဲ။ ဆရာတောင်မှာ ကမ္ဘာမှာ မင်းရဲ့ဆရာတူညီမ တပည့်အသစ်တစ်ယောက်ရနေပြီ။"

"ဆရာတူညီမ"

"အင်း ဆရာတူညီမ။ မင်းနဲ့အသက်တူတူလောက်ပဲ။"

ယွမ်သုန်ကျီက ထပ်ပြောလိုက်သည်။

"အဲ့ဆရာတူညီမက ဂြိုလ်သားပါရမီရှင်စာရင်းမှာပါတယ်။ မကြာခင် နောက်လပိုင်းလောက်ဆို မင်းနဲ့တွေ့တော့မှာပါ။"

"ကျွန်မသိပြီ။"

"အဲ့ဆရာတူညီမက...."

"ဪ"

အမှန်တွင် လော့ချန်းရွှယ်သည် ဆရာတူညီမကို စိတ်မဝင်စားပေ။ ဆရာဖြစ်သူနှင့် တွေ့ရသည်ကပင် လုံလောက်ပြီ ဖြစ်၏။

All Chapters