← Chapters

အပိုင်း ၁၁၈-၁၂၀

Vol. 8 Ch. 118-120

အပိုင်း ၁၁၈-၁၂၀

Vol. 8 Ch. 118-120

အခန်း (၁၁၈) မိသားစုမျိုးရိုးကိုဆက်ခံခြင်း(၂)

ရှန်ချင်းဟန်တစ်ယောက်နားထောင်နေကာ အဓိပ္ပာယ်ရှိသည်ဟု ထင်မိသည်။ သို့သော်လည်း သူမစဉ်းစားနေမိသည်မှာ ကြိုးစားကြည့်လျှင် မည်သည့်အန္တရာယ်ရှိမည်နည်း။ ဆုံးရှုံးမှုလည်း ရှိမည်မဟုတ်သောကြောင့် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမသည် ဖုန်းကို ထုတ်ယူကာ ဝီချက်တွင် ယွမ်တုန်ဇီဆီသို့ မက်ဆေချ့်များစွာ ပို့လိုက်သည်။

လင်းဇီချန်၏အခြေအနေကို ရှင်းပြသည်။ ထို့နောက်တွင် ထိုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် အကူအညီတောင်းကြည့်သည်။ တစ်နာရီခန့် ကုန်လွန်သွားလေသည်။

…

ယွမ်တုန်ဇီက စာများကို ပြန်ခဲ့ရာ ကောင်းပြီဟုသော စာတစ်ကြောင်းသာ ပြန်ပို့သည်။ ထိုစာကို မြင်သောအခါတွင် ရှန်ချင်းဟန်တစ်ယောက် အံ့ဩသွားရသည်။

''ရှောင်ချန် မြန်မြန်ကြည့်ကြည့်။ ဆရာက ဒီကိစ္စကို ကူပြီးဖြေရှင်းပေးဖို့ သဘောတူလိုက်တယ်''

လင်းဇီချန်က ဖုန်းကိုကြည့်ကာ ယွမ်တုန်ဇီက ကောင်းပြီဟုသောစာပြန်ထားသည်ကို တွေ့လိုက်ရသောကြောင့် ဝတ်ကျေတမ်းကျေနိုင်သည်ဟု ထင်မိသည်။ ၎င်းသည် မျှော်လင့်ချက်မထားဘဲ ထိုဒုက္ခကို ဖြေရှင်းရန် ယွမ်တုန်ဇီက ကူညီပေးလိမ့်မည်ဟု မထင်မိပေ။

သို့သော်လည်း တစ်နာရီကြာပြီးနောက်တွင် ရှန်ချင်းဟန်က ဝမ်းသာနေသောမျက်နှာဖြင့် ၎င်းကို ပြောလိုက်သည်။

''ရှောင်ချန် ဆရာကပြောတယ်။ ပြဿနာကို ဖြေရှင်းပြီးပြီတဲ့''

''ဖြေရှင်းပြီးပြီ''

လင်းဇီချန်အနည်းငယ်မျှ ကြောင်အမ်းသွားသည်။

ရှန်ချင်းဟန်က ပြောလိုက်၏။

''ဖြေရှင်းပြီးသလား မပြီးသလားတော့ မသေချာဘူး။ ဆရာက ဖြေရှင်းပြီးပြီလို့ပဲ အတိုချုံးစာပြန်ထားတာ။ နင်နဲ့ပက်သက်တဲ့သတင်းတွေကို ရှာကြည့်ရင် သိမှာပဲလေ''

လင်းဇီချန်က ချက်ချင်းပင် ဖုန်းဖွင့်ကာ သူ၏နာမည်ကို ရှာသည့်နေရာတွင် ရိုက်ရှာကြည့်သည်။

ရလဒ်သည်မူ ဘာမှမရှိပါဟု ပြလာသည်။ အခြားသောအင်တာနက်ပလက်ဖောင်းများကိုလည်း ဖွင့်ကြည့်၍ ရှာကြည့်သော်လည်း အတူတူပင်ဖြစ်သည်။ ဘာမှမရှိပါဟုပင် ပြသည်။ နောက်ဆုံးတွင်မူ ၎င်းနှင့်ပက်သက်သည့်သတင်းများကို ရည်ရွယ်ချက်ရှိရှိ ကောလာဟသဖြန့်ကြသော ဘလော့ဂါများကို ရှာကြည့်သော်လည်း ၎င်းတို့၏အကောင့်များကို အင်တာနက်ပလက်ဖောင်းက ဖြုတ်ချလိုက်သကဲ့သို့ပင် အားလုံးပျောက်ကွယ်သွားကြသည်။

တစ်ချိန်တည်းတွင်ပင် နာမည်ကြီးသတင်းအက်များနှင့် အင်တာနက်ပလက်ဖောင်းအက်များသည်လည်း အခြားသောထိပ်တန်းသတင်းများကိုသာ တင်ထားကြသည်။

''အံ့သြစရာပဲ။ နာမည်ကြီးဆယ်လီတစ်ယောက်က တောင်တန်းတွေပင်လယ်တွေကြားမှာရှိတဲ့ နံပါတ်ဝမ်းကလပ်မှာ ဖမ်းခံလိုက်ရတယ်။ ပါဝင်ပက်သက်နေတဲ့သူတွေက နာမည်ကြီးတွေပဲ''

ထိုသတင်းများက နာမည်ကြီးနေသောကြောင့် ပို့စ်တင်ပြီး ငါးမိနစ်အတွင်း၌ပင် မှတ်ချက်တွင် မှတ်ချက်တစ်သိန်းခန့် စုပုံနေသည်။ လင်းဇီချန်သည် မှတ်ချက်များကိုကြည့်ကာ ရှာကြည့်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် မှတ်ချက်အတုများရေးသည့် စက်အကောင့်ကာ တစ်ပုံတစ်ပင်ပင် ဖြစ်၏။

''ရှောင်ချန် ပြဿနာကို ဖြေရှင်းပြီးသွားပြီ။ နင်နဲ့ပက်သက်တဲ့သတင်းတွေ ထပ်ရှာနိုင်မှာ မဟုတ်တော့ဘူး''

ရှန်ချင်ဟန် အတော်လေးအံ့အားသင့်နေမိသည်။ သူမ၏အမည်ခံဆရာသည် ထိုမျှဩဇာလွှမ်းမိုးမှုရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ပြဿနာကို တစ်နာရီအတွင်းပင် ဖြေရှင်းလိုက်နိုင်သည်။

လင်းဇီချန်လည်း အံ့ဩနေမိသည်။ ယွမ်တုန်ဇီက ထိုကိစ္စကို ကူညီလိမ့်မည်ဟု ထင်မထားခဲ့ပေ။ တပည့်ဖြစ်သူကို မြတ်နိုး၍ပေလော။ မဟုတ်လျှင် အတိတ်က လျို့ချွမ်ဝူဖြင့်ပက်သက်မှုကို အောက်မေ့ကာ ကောင်းကင်လူသားအဖွဲ့အစည်းကို ကူညီရန် ဆုံးဖြတ်ခဲ့သည်လော။ မည်သို့ပင်ဖြစ်စေ အဆုံးသတ်တွင် အကျိုးအမြတ်ရှိသူမှာ ၎င်းပင် ဖြစ်သည်။ လင်းဇီချန်သည် ခံစားချက်များ ပုံမှန်ဖြစ်သွားကာ ဘေးမှ ရှန်ချင်းဟန်ကို ကြည့်၍ ပြောလိုက်သည်။

''ဟန်ဟန် င့ါအတွက် မင်းဆရာကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး။ သူငါ့ကို ကူညီပေးလို့ အများကြီးဝမ်းသာပြီး ကျေးဇူးတင်ပါတယ်လို့''

''အခုပဲ ရှင်ကျေးဇူးတင်တာကို ပြောလိုက်မယ်''

ထိုသို့ပြောကာ ရှန်ချင်းဟန်သည် ယွမ်တုန်ဇီထံ ဝီချက်မှ ကျေးဇူးတင်ကြောင်းစာပို့လိုက်သည်။ သူမ၏ကျေးဇူးတင်ကြောင်းနှင့် လင်းဇီချန်ကကျေးဇူးတင်ကြောင်းပင် ဖြစ်သည်။ ယွမ်တုန်ဇီကို ကျေးဇူးတင်စကားဆိုပြီးနောက်တွင် ရှန်ချင်းဟန်က လင်းဇီချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်၏။

''ရှောင်ချန်း ဒီပြဿနာကို ဖြေရှင်းပေးလိုက်လို့ နင်င့ါကို အကြွေးတင်သွားပြီ။ ဘယ်လိုကျေးဇူးဆပ်ဖို့ စီစဉ်ထားလဲ''

''နင်က ဘယ်လိုကျေးဇူးဆပ်စေချင်လဲ''

''မများပါဘူး။ ငါ့ကို အနမ်းလေးပေးလိုက်ရုံပါပဲ''

ရှန်ချင်းဟန် နူးညံ့သောလက်ညှိုးလေးဖြင့် သူမ၏ချယ်ရီနှုတ်ခမ်းလေးကို ညွှန်ပြလိုက်သည်။ လင်းဇီချန်က တိတ်တဆိတ်ပြုံးလိုက်ကာ သူမ၏နှုတ်ခမ်းလေးကို နမ်းလိုက်လေသည်။ ၎င်းသည် ခပ်ဖွဖွ နမ်းခြင်းမျှသာဖြစ်သည်။ သူမကို နက်နက်ရှိုင်းရှိုင်း မနမ်းချင်သောကြောင့် မဟုတ်ပေ။ သူမမေ့လဲသွားမည်ကို စိုးရိမ်မိသောကြောင့်သာ ဖြစ်သည်။ နမ်းသည်ကို ရက်အတော်ကြာအသားကျလာပြီးနောက်တွင် ရှန်ချင်းဟန်သည် အစပိုင်းကကဲ့သို့ ဆတ်ဆတ်ထိမခံ ဖြစ်မနေတော့ပေ။

သတင်းထုကြီးကို ဖြေရှင်းပြီးနောက်တွင် လင်းဇီချန်၏ဘဝသည် သာမန်ဘဝအဖြစ်သို့ ပြန်ရောက်သွားသည်။ ၎င်းနေ့စဉ်လုပ်ဆောင်ရန်လိုအပ်သည့် ကိစ္စကြီးသုံးခုရှိသည်။ တစ်ခုမှာ ခန္ဓာကိုယ်ကို လေ့ကျင့်ရန် ဖြစ်သည်။ ဒုတိယတစ်ခုသည် ခန္ဓာကိုယ်ကို သွေးသန့်ကျင့်စဉ်သုံးကာ သန့်စင်ရန်ဖြစ်သည်။ တတိယတစ်ခုမှာ ရှန်ချင်းဟန်၏စွမ်းအားများကို လေ့လာရန်ပင် ဖြစ်၏။

သုံးရက်ခန့်ကြာပြီးနောက်----။

၎င်း၏အခန်းထဲတွင် ဖြစ်သည်။

လင်းဇီချန်သည် မျက်လုံးဖွင့်ထားလျက် အသာဖြည်းဖြည်းချင်း လေကိုမှုတ်ထုတ်ကာ မျက်နှာက ရွှင်လန်းနေသည်။ နောက်ဆုံးတွင် ၎င်း၏အရေပြားများအားလုံးကို သန့်စင်ခြင်းပြီးမြောက်သွားလေပြီ။ အောင်မြင်ပြီးနောက်တွင် ၎င်း၏ ဇီဝဗေဒအဆင့်သည် အခြေခံ သတ္တမမြောက်အဆင့်သို့ ဆင့်ကဲပြောင်းလဲသွားသည်။ မကြာခင်တွင်ပင် လင်းဇီချန်သည် အတွေးတစ်ခုပေါက်လာကာ ၎င်း၏စွမ်းရည်များကိုစစ်ရန် ဘောင်ကွက်ကို ဆင့်ခေါ်လိုက်သည်။

အမည် - လင်းဇီချန်

အသက် - (၁၈)နှစ်

ဇီဝဗေဒအဆင့် - အခြေခံ သတ္တမအဆင့်

ခန့်မှန်းတွက်ချက်ထားသောစွမ်းအားများ - သုံးမလားအဆုံးရှုံးခံမလား၊ ကောင်းကင်လူသားပါရမီ၊ အသန်မာဆုံးအောင်မြင်မှု၊ ရေကံကြမ္မာ၊ ကောင်းကင်မျက်လုံး၊ လူမှုရေးတိရစ္ဆာန်၊ သဘာဝသဘာဝအတိုင်းပုံဖျက်ခြင်း၊ အန္တရာယ်ကိုသိရှိခြင်း။

ခန္ဓာကိုယ်သန့်စင်ခြင်း - အရေပြားသန့်စင်ခြင်း(၁ကြိမ်)၊ အသားသန့်စင်ခြင်း(၀ ကြိမ်)၊ အရိုးသန့်စင်ခြင်း (၀ ကြိမ်)။

၎င်းသည် စွမ်းအားကိုးခုကို ရရှိထားပြီးဖြစ်သည်။ ထိုသည်က ဆယ်ကြိမ်သွေးမျိုးစပ်သူနှင့် အတူတူပင် မဟုတ်ပါလော။ သူသည် လေးကြိမ်မြောက်သွေးမျိုးစပ်သူ မြို့တော်တက္ကသိုလ်မှ စံချိန်ချိုးသူပါရမီရှင်ထက် ငါးဆမက သာနေသေးသည်။

စကားနှစ်လုံးက လွှမ်းမိုးလွန်းပေသည်။ လင်းဇီချန်သည် ၎င်းဘာသာ မြို့တော်တက္ကသိုလ်မှ ပါရမီရှင်နှင့် နှိုင်းယှဉ်နေမိသည်။ ၎င်းသည် တက္ကသိုလ်မှ ပါရမီရှင်များနှင့် ပက်သက်သည့်သတင်းများကိုကြည့်၍ အရွယ်ရောက်လာခဲ့ရကာ ထိုကိစ္စကို စံအဖြစ် သတ်မှတ်ထားပြီဖြစ်သည်။ သွေးမျိုးစပ်ခြင်းသည်မူ မြို့တော်တက္ကသိုလ်မှပါရမီရှင်၏ (၂.၂)ဆမျှသာ ထိုက်တန်ပေသည်။

ထိုကိစ္စများအားလုံးကို ခေတ္တမျှစဉ်းစားနေမိပြီးနောက်တွင် လင်းဇီချန်သည် ၎င်း၏အတွေးများကို အမြန်ပင်စုစည်းကာ ယခင်နှင့်တူမတူ ထူးခြားမှုရှိသည်ကို သိနိုင်ရန် အရေပြားကို ထိကြည့်လိုက်သည်။ ခေတ္တမျှထိကြည့်ပြီးနောက်တွင် ပို၍ကြံ့ကြံ့ခံနိုင်လာသည်ဟု တွေးမိသည်။ သို့သော်လည်း စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုမျိုးသာ ဖြစ်မည်ဟု ထင်လိုက်၏။ ကြံ့ကြံ့ခံနိုင်ခြင်းသည် အသာဆိတ်လျှင်ပင် ခံစားသိရှိနိုင်သောလိုအပ်ချက် စွမ်းအားမျိုး ဖြစ်သည်။ ထိလိုက်ယုံဖြင့် မပြောနိုင်ပေ။

''ရှောင်ချန် ငါဝင်လာလို့ရလား''

ရုတ်တရက် အခန်းပြင်မှ ရှန်ချင်းဟန်၏အသံထွက်လာသည်။ သူမသည် ဖုန်းရစဉ်ကတည်းကပင် အထက်တန်းကျောင်း၌ လိင်ပညာပေးကိစ္စများကို လေ့လာခဲ့ကာ တံခါးဖွင့်၍ဝင်လာခြင်းထက် တံခါးခေါက်၍ဝင်လာခြင်းက လင်းဇီချန်အတွက် ပိုသင့်တော်သည်ကို သူမနားလည်သည်။ ထို့ပြင် ဆယ်ကျော်သက်ကောင်လေးများသည် ၎င်းတို့၏အခန်းထဲတွင် မပြောပြနိုင်သောကိစ္စများကို မကြာခဏလုပ်တတ်ကြကာ ဇွတ်အတင်းဝင်သွားပါလျှင် ရှက်စဖွယ်မြင်ကွင်းမျိုးကိုမြင်ရနိုင်၏။

အခန်း(၁၁၉) မိသားစုမျိုးရိုးကို ဆက်ခံခြင်း (၃)

ရှန်ချင်းဟန်၏အော်သံကိုကြားသောအခါ လင်းဇီချန်သည် သူမအတွက် တံခါးဖွင့်ပေးရန် အိပ်ရာမှထလိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် ရှန်ချင်းဟန်သည် ဝမ်းဆက်ဝတ်စုံကို ဝတ်ဆင်ထား၍ သူမကိုင်ဆောင်ထားသော သံပရာလက်ဖက်ရည်ကို လင်းဇီချန်အားပေး၍ ချိုမြိန်စွာပြုံးပြလိုက်သည်။

“ရေခဲသေတ္တာထဲက ခုလေးတင်ထုတ်လာတာ။ သောက်လိုက်တာနဲ့ အေးမြလန်းဆန်းသွားစေရမယ်”

“မြည်းကြည့်မယ်”

လင်းဇီချန်က သံပရာလက်ဖက်ရည်ကိုယူ၍ မျှော်လင့်ချက်အနည်းငယ်ဖြင့် တစ်ငုံသောက်လိုက်ရာ လျှာပေါ်ရှိ အရသာခံဖုများမှ ချိုချိုချဥ်ချဥ်အရသာကို ခံစားလိုက်မိသည်။

“စျေးထဲမှာ ၁၀ ယွမ်ကျော်နဲ့ ရောင်‌နေတာတွေထက် အများကြီးကောင်းတယ်”

“ဒါပေါ့”

…

ရှန်ချင်းဟန်က အနည်းငယ် ဂုဏ်ယူစွာပြောသည်။စကားပြောပြီးနောက် သူမသည် လင်းဇီချန်၏အသားရေက တစ်စုံတစ်ခု ကွဲပြားနေသည်ကို သတိထားမိသဖြင့် ပြောလိုက်သည်။

“ရှောင်ချန် နင့်အသားအရေက နည်းနည်းပိုပြီး တင်းမာလာသလို ခံစားရတယ်”

“ နင်ပြောကြည့်နိုင်လား”

လင်းဇီချန်က ရှန်ချင်းဟန်သည် ဤမျှ သတိထားမိလိမ့်မည်ဟုမထင်ထားသဖြင့် အနည်းငယ်အံ့အားသင့်သွားရသည်။

ရှန်ချင်းဟန်က လက်ကို ဆန့်ထုတ်ကာ လင်းဇီချန််၏ အသားကို ထိလိုက်သည်။

“သိသာပါတယ်။ ငါနင်နဲ့ တစ်အိပ်ရာတည်းအိပ်နေတာ တော်တ်ောကြာပြီဆိုတော့ နင့်ခန္ဓာကိုယ်နဲ့ ရင်းနှီးနေပြီ”

အချိန်အတော်ကြာ ထိတွေ့ပြီးနောက် လင်းဇီချန်၏ အသားအရေသည် အမှန်တကယ် ပိုမို တင်းမာလာသည်ကို တွေ့ရှိပြီးလိုက်ရသဖြင့် စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။

“ဒါဆို နင့်အသားအရေက ဘာလို့ ပိုတင်းလာတာလဲ”

“သွေးသန့်စင်ခြင်း ကျင့်စဥ်ရဲ့ သက်ရောက်မှုပဲ”

"ကောင်းကင်လူသားအဖွဲ့အစည်းက နင့်ကို ပေးခဲ့တဲ့ ခန္ဓာကိုယ် သန့်စင်ရေးနည်းလမ်းလား

“အင်း မှန်တယ်။”

“ဒါက တကယ်ကောင်းတာပဲ။ ငါလည်း လေ့ကျင့်ချင်တယ်”

ရှန်ချင်းဟန်က မနာလိုစွာပြောသည်။

“မေ့လိုက်ပါ၊ သွေးမျိုးစပ်လမ်းကြောင်းကို လျှောက်လှမ်းနိုင်ရင် သွေးသန့်လူသားလမ်းစဥ်ကို လိုက်ဖို့ မလိုပါဘူး။”

ရှန်ချင်းဟန်က စိတ်ဝင်တစား မေးသည်။

"စကားမစပ်၊ နင့်ရဲ့ လက်ရှိ သွေးမျိုးဆက်စွမ်းအားအဆင့်က ဘယ်လောက်လဲ။ ငါ နင့်ကို မမေးရသေးဘူး။"

သူမ သိချင်နေခဲ့သည်မှာကြာပြီဖြစ်သော်လည်း မမေးမိခဲ့သေးပေ။ ယခုအချိန်တွင် ၎င်းတို့ နှစ်ယောက်လုံး ကောလိပ်ကျောင်းဆင်းပြီးပါက လက်ထပ်ရန်ရည်ရွယ်ထားပြီးဖြစ်ကာ စေ့စပ်ထားသည့် စုံတွဲဖြစ်သောကြောင့် တစ်ဖက်သူ၏ လျှို့ဝှက်ချက်များကို မေးမြန်းရန် အဆင်ပြေသည်။

လင်းဇီချန်သည် ၎င်းကို သူမထံမှဖုံးကွယ်ထားလိုခြင်းမရှိပေ။

"အခြေခံ သတ္တမအဆင့်"

"နင်က အခြေခံသတ္တမအဆင့်တောင်ရောက်နေပြီလား”

“ငါက အခြေခံသတ္တမအဆင့်ပဲရှိသေးတာ”

လင်းဇီချန်၏ မြင့်မားလှသော အခြေခံသတ္တမအဆင့်နှင့်ပတ်သက်၍ သူမ၏ မျက်နှာတွင် အံ့သြမှုကို အနည်းငယ်မျှမမြင်ရပေ။ မူလတန်းကျောင်းတွင်ရှိခဲ့စဥ်က သူသည် သူ၏ စွမ်းအားအစစ်အမှန်ကို အမြဲဖုံးကွယ်ထားကာ အလွန်အကျွံပြသခြင်းမရှိပေ။ လင်းဇီချန်၏ အပေါင်းအသင်းများကြားတွင် အလွန်ထက်မြက်သော အစွမ်းသတ္တိကို မြင်တွေ့ခဲ့ရသည်။

"နင်ကမတူဘူး။ နင့် သွေးမျိုးစပ်နိုင်စွမ်းက ၂၁% ရှိတယ်။ ကောလိပ်တက်ပြီးတာနဲ့ ရှားပါးသားရဲမျိုးစိတ်တွေကို ပေါ့ပေါ့ပါးပါး ပေါင်းစပ်လိုက်ရုံနဲ့ အဆင့်မြင့်အဆင့် သတ္တဝါအဖြစ် လွယ်လွယ်ကူကူ ဆင့်ကဲပြောင်းလဲနိုင်မှာပါ”

လင်းဇီချန်က သူမကို ပြုံးပြ၍ နှစ်သိမ့်ပေးသည်။

“မှန်တယ်” ရှန်ချင်းဟန်က သူမ၏ လှပ‌သော မျက်လုံးလေးများ ကွေးတက်သွားသည်အထိ ပြုံးလိုက်သည်။

"ဒါဆို ဘယ်သူက အဆင့်မြင့်အဆင့် သတ္တဝါ ဖြစ်လာမလဲဆိုတာ အရင်ကြည့်ရအောင်။"

"အိုကေ ဘယ်သူက ပိုမြန်လဲကြည့်ရအောင်"

"ကောင်းပြီ ရှောင်ချန်၊ ငါ့ရဲ့ စျေးပေါတဲ့ဆရာက ငါ့ကို ဘယ်တော့မှပြီး မဆက်သွယ်ဘူး”

“နင်ကိုယ်ပိုင်အချိန်ရတာမဆိုးပါဘူး။ အနည်းဆုံးတော့ အကုန် အလကားရတာပဲလေ”

ထိုအချိန်တွင် ရှန်ချင်းဟန်၏ဖုန်း တုန်ခါသွားကာ တစ်စုံတစ်ယောက်က သူမကို WeChat မှ မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။ ၎င်းသည်ကား လီချူရှင်းထံမှ မက်ဆေ့ချ်တစ်ခုဖြစ်၏။

[ချူရှင်း။ ။ ဟန်ဟန်၊ ငါ လာမယ့် တနင်္လာနေ့မှာ ငါ့ဥတွေကို ပြန်ယူဖို့ စီစဉ်နေတယ်၊ အတူတူ လာချင်သလား။]

[ဟန်ဟန်။ ။ ဒီလောက်အစောကြီးလား ]

မက်ဆေ့ချ်ပြန်ပို့ပြီးနောက် ရှန်ချင်းဟန်က လင်းဇီချန်ဘက်လှည့်လိုက်သည်။

“ရှောင်ချန် ချူရှင်းက ငါ့ကို လာမယ့် တနင်္လာနေ့ကျရင် ဥတွေသွားယူဖို့ ခေါ်ထားတယ်။ သွားသင့်တယ်လို့ထင်လား”

သွေးမျိုးစပ်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းရန် ဆုံးဖြတ်သော ကျောင်းသားများသည် ၎င်းတို့၏ ပထမဆုံးသွေးမျိုးစပ်ခြင်း မပြုလုပ်မီ ၎င်းတို့၏ သုတ်ပိုး သို့မဟုတ် မျိုးဥများကို ပြန်လည်သိမ်းဆည်းရန် အထူးပြုဆေးရုံသို့ သွားလေ့ရှိသည်။

အဘယ်ကြောင့်ဆိုသော် သွေးမျိုးစပ်ခြင်းလမ်းကြောင်းကို ခံယူပြီးနောက် မျိုးပွားနိုင်စွမ်း ဆုံးရှုံးနိုင်ခြေ မြင့်မားသည်။ အနာဂတ်တွင် ကလေးယူလိုပါက ဖန်ပြွန်သန္ဓေသား အသုံးပြုရန် ၎င်းတို့၏ သုတ်ပိုး သို့မဟုတ် မျိုးဥများကို ကြိုတင်သိမ်းဆည်းထားရမည်ဖြစ်သည်။

“ချူရှင်းက သွားယူဖို့ခေါ်မှတော့ သွားပါ။ စောစောသွားယူလိုက်ပြီး တူတူသိမ်းထားရင် အရမ်းစိုးရိမ်နေစရာမလိုတော့ဘူးပေါ့”

"ဒါဆို လာမယ့် တနင်္လာနေ့ သွားယူလိုက်မယ်"

ပြီးသွားသောအခါ ရှန်ချင်းဟန်သည် လီချူရှင်းသို့ စာပြန်ပို့လိုက်ကာ နောက်တနင်္လာနေ့တွင် ဥများပြန်သိမ်းရန် သူမနှင့်အတူ လိုက်သွားရန် သဘောတူခဲ့သည်။

ထို့နောက် လင်းဇီချန်သည် သွေးသန့်စင်ခြင်းကျင့်စဥ်၏ ဘာသာပြန်ကို ကိုင်ဆောင်ထားကာ ကုတင်ပေါ်သို့ ပြန်ထိုင်၍ ၎င်းကို စိတ်အားထက်သန်စွာလေ့လာခဲ့ပြီးနောက်၊ နောက်တစ်နေ့တွင် ခန္ဓာကိုယ်သန့်စင်ခြင်း အသားသန့်စင်ခြင်းကို စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ရှန်ချင်းဟန်က သူ့ဘေး၌ ခဏထိုင်၍ ကြည့်နေသော်လည်း နားမလည်နိုင်သောကြောင့် ဖုန်းထုတ်၍ ကြည့်လိုက်သည်။

အချိန် မည်မျှ ကုန်သွားပြီဖြစ်ကြောင်း ပြောရခက်သည်။ သူ့ဖုန်းထဲမှ ဗီဒီယိုအတိုများကိုကြည့်နေသော ရှန်ချင်းဟန်က လင်းဇီချန်ကို မော့ကြည့်၍ ရှက်ရွံ့စွာပြောလိုက်သည်။

“အဲ့တာ… နင့်မှာ ကောင်လေးတွေ မကြာခဏကြည့်တတ်တဲ့ ပညာရေးဆိုင်ရာဝဘ်ဆိုဒ် ရှိလား။ ငါလုံးဝမမြင်ဖူးဘူး။ ဘယ်လိုကြည့်ရလဲ နည်းနည်းတော့သိချင်တယ်”

“နင် မကြည့်ဖူးဘူးလား”

လင်းဇီချန် အနည်းငယ် အံ့သြသွားသည်။

လူတိုင်းစမတ်ဖုန်းကိုင်ထားသည့် ဤခေတ်ကြီးတွင် မည်သူမဆို အွန်လိုင်းမှကြည့်ချင်သမျှကို ရှာဖွေနိုင်သင့်၍ မကြည့်နိုင်သောအရာ မရှိသင့်ဟု သူထင်ထားခဲ့သည်။ ထို့ကြောင့် ရှန်ချင်းဟန်က လိမ်နေသည်ဟု သံသယဝင်မိ၏။

“အင်း တစ်ခါမှ မကြည့်ဖူးဘူး”

ရှန်ချင်းဟန်က ခေါင်းယမ်း၍ တုံ့ပြန်ပြီး‌နောက် ပါးပြင်များ နီမြန်းလာပြန်သည်။

“နင်ကြည့်ရင် ငါ့ကို ဘာကြည့်ရမလဲ တစ်ခုလောက် အကြံပေးပါဦး”

လင်းဇီချန်က ဖုန်းကို ထုတ်၍ ဗီဒီယိုစာရင်းထဲရှိ တစ်ပုဒ်ကိုဖွင့်၍ ရှန်ချင်းဟန်ဆီပေးလိုက်သည်။

“ဝဘ်ဆိုဒ်တွေကိုထားပါဦး။ ငါ့ဖုန်းထဲမှာ ဒေါင်းထားတာ နည်းနည်းရှိသေးတယ်။ သူတို့အားလုံးက ဂျပန်ကာတွန်းပုံစံပဲ။ သိချင်ရင် ကြည့်ကြည့်လိုက်”

"အင်း ဒါဆို ငါကြည့်မယ်"

ရှန်ချင်းဟန်သည် ရှက်ရွံ့သောမျက်နှာဖြင့် လင်းဇီချန်၏ဖုန်းကိုယူကာ ကြည့်ရှုရန် ပညာပေးဗီဒီယိုများထဲမှ တစ်ခုကို ပေါ့ပေါ့ပါးပါးရွေးချယ်လိုက်သည်။ ‌

နောက်ထပ်တစ်စက္ကန့်တွင် ကာတွန်းပုံစံဖြင့် အခန်းထဲ၌အမျိုးသမီးဆရာမတစ်ဦး စိတ်အားထက်သန်သော အမူအရာဖြင့် စာသင်နေသည့် မြင်ကွင်းပေါ်လာသည်။ ရှန်ချင်းဟန် ထိတ်လန်သွားသဖြင့် အသံကို အတိုးအကျယ်ခလုတ်ကို အနိမ့်ဆုံးအထိ အမြန်ပြောင်းလိုက်သည်။

လင်းဇီချန်သည် သူမ၏ အဆင်မပြေမှုကို တွေ့သဖြင့် ပြုံဂလျက် နားကြပ်တစ်စုံပေးလိုက်သည်။

"အသံမကြားရရင် စိတ်ဝင်စားဖို့မကောင်းဘူး။ နားကြပ်တပ်ပြီး သေချာကြည့်လိုက်”

ရှန်ချင်းဟန်သည် နားကြပ်ကို ရှက်ကိုးရှက်ကန်းဖြင့် ယူလိုက်သည်။

ရှန်ဟိုင်းမြို့၏ နက်ရှိုင်းသောနေရာ။ မီတာ နှစ်သောင်းခန့်နက်သည်။ အတွင်းတွင် ပုရွက်ဆိတ်အိမ်ကဲ့သော ဥမင်လှိုဏ်ခေါင်းများတည်ဆောက်ထားသည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ဤဥမင်လှိုဏ်ခေါင်းများအားလုံးသည် အလွန်ပူနွေးသော ရေစီးကျောင်းများကို ထုတ်လွှတ်ခဲ့ကြကာ အပူအချိန်ကလည်း အလွန်မြင့်မားခဲ့သည်။

သို့သော် ယခုအခါတွင် အပူချိန်သည် အထက်မျက်နှာပြင်နှင့် တူညီသော ပုံမှန်အဆင့်သို့ ကျဆင်းသွားပြီဖြစ်သည်။ အကြောင်းရင်းမှာ ဥမင်လိုဏ်ခေါင်းနံရံများတွင် အပြာရောင်သလင်းခဲများစွာ မြှုပ်နှံထားခြင်းကြောင့်ဖြစ်သည်။

ဤနက်ရှိုင်းသော အပြာရောင်သလင်းခဲများသည် အဆက်မပြတ် အအေးဓာတ်ကို ထုတ်လွှတ်ပေးနေသောကြောင့် ဥမင်လှိုဏ်ခေါင်းအတွင်းရှိ အပူချိန်ကို မြေပြင်အထက်နှင့် တူညီသော ပုံမှန်အခြေအနေတွင် ထိန်းသိမ်းထားနိုင်သည်။

အပြာရောင်သလင်းကျောက်များအပြင် နံရံများကို အမည်မသိအပင်များ၏ အမြစ်စနစ်များဖြင့် ဖုံးအုပ်ထားသည်။ ဤအမြစ်စနစ်များသည် ဥမင်လှိုဏ်ခေါင်းများကို ခိုင်မာစွာ ပြုပြင်ထားသောကြောင့် ၎င်းတို့ကို မယုံနိုင်လောက်အောင် တည်မြဲလျက်ရှိရာ ပြိုကျပျက်ဆီးရန်မဖြစ်နိုင်ပေ။

မရေမတွက်နိုင်သော ဥမင်လိုဏ်ခေါင်းများ ဖြတ်သွားသည့် အလယ်ဗဟိုတွင် ကျယ်ပြောလှသော မြေအောက်နန်းတော်တစ်ခု ရှိသည်။ ထိုအချိန်တွင် လူသားမဆန်သော သတ္တဝါနှစ်ကောင်သည် နန်းတော်ထဲတွင် စကားပြောနေကြသည်။

တစ်ကောင်က လေးမီတာမြင့်သော မျက်လုံးသုံးလုံး သတ္တဝါကြီးဖြစ်ကာ ကျန်တစ်ဦးသည်မူ ၁.၇ မီတာသာရှိ၍ လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးကဲ့သို့ လက်ထဲတွင် သစ်သားတုတ်ကိုင်၍ မျက်နှာဖုံးစွပ်ထားသည်။

“သံတမန်နတ်ဘုရား၊ ဥမင် ၁၀၈ ခုလုံးကို အခု တူးပြီးပါပြီ။ အခုဒီမှာ ကျွန်တော်တို့ ဇီဝနယ်မြေ ညှိနှိုင်းသတ်မှတ်ဖို့ အရှင့်ကို အနှောက်အယှက်ပေးရပါဦးမယ်”

လွန်ခဲ့သည့်ခြောက်လက ကြွက်ဘုရင်ရှေ့တွင် မြင့်မြတ်သော မျက်လုံးသုံးလုံးသားရဲကြီးသည် ယခုအခါ မျက်နှာဖုံးစွပ်ထားသူတစ်ဦး၏ ရှေ့မှောက်တွင် အလွန်အမင်း သိမ်ငယ်စွာ ပြုမူကာ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာပေါ်တွင် နှစ်သက်ဖွယ်အပြုံးကို ဖိအား‌ပေး၍ဆင်မြန်းထား၏။

မျက်နှာဖုံးစွပ်ထားသည့်လူက မည်သည့်စကားမျှ ပြန်မပြော ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူကိုင်ဆောင်ထားသော တုတ်ကောက်ကို မြေကြီးထဲသို့ အတင်းထိုး၍ လက်ကောက်ဝတ်ကို ဖြတ်ကာ တုတ်ကောက်ပေါ်သို့ သွေးများ စီးကျစေလိုက်သည်။ တုတ်ကောက်က သွေးကို လျင်မြန်စွာ စုပ်ယူပြီးနောက် ယင်းတုတ်၏ အောက်ခြေမှ သွေးနီရောင် အမြစ်များစွာ ပေါက်ဖွားလာ၍ မြေအောက်နန်းတော်၏ အောက်ခြေတစ်ခုလုံးကို ပြည့်သွားသည်။

၎င်းအမှူပြီးစီးသောအခါ မျက်နှာဖုံးစွပ်ထားသူက ပြော၏။

“ဒီမှာ ဇီဝနယ်မြေသတ်မှတ်လိုက်ပြီ။ ကျန်နေသေးတာက မူလနယ်မြေကိုသွားပြီး ဒီဇီဝနယ်မြေနဲ့ ကိုက်ညီတဲ့သက်ဆိုင်ရာ နယ်မြေအမှတ်ကိုရှာဖို့ပဲ။ နဘ်မြေအမှတ်တွေ စပြီး လျော်ညီသွားရင်

ဥမင်တွေက မူလနယ်မြေကို ချိတ်ဆက်နိုင်လိမ့်မယ်”

အခန်း(၁၂၀) ပင်လယ်ဘုရင် ပြန်လည်ရှင်သန်ခြင်း

ရက်အနည်းငယ်ကြာပြီးနောက် တနင်္လာနေ့သို့ရောက်လာခဲ့သည်။ နံနက်စာစားပြီးသောအခါ လင်းဇီချန်က ရှန်ချင်းဟန်နှင့်အတူ မျိုးဥများသွားယူရန် အထူးဆေးရုံသို့ လိုက်ပါသွားသည်။ ဆေးရုံက အနည်းငယ်ဝေးသောကြောင့် စက်ဘီးမစီးကြတော့ဘဲ လမ်းဘေးရှိ တက္ကစီတစ်စီးကို ငှားလိုက်ကြသည်။

၎င်းတို့ ဆေးရုံသို့ ရောက်သွားသောအခါ လီချူရှင်းက ဆေးရုံအပြင်၌ ‌စောင့်နေ၏။ နှစ်ယောက်သား ကားပေါ်မှ ဆင်းလာသည်ကို သူမမြင်သည်နှင့် လက်များကို ဝှေ့ယမ်းလျက် ပြုံးကာ အော်လိုက်သည်။

"ဟန်ဟန်၊ ဇီချန်၊ ဒီမှာ"

…

သူမ၏အသံကိုကြားသောအခါ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် သူမဆီသို့ လျှောက်လာခဲ့ကြသည်။ ထို့နောက် ၎င်းတို့အားလုံး အတူတကွ ဆေးရုံသို့ ရောက်လာကြ၏။ ဆေးရုံသို့ဝင်၍ အနည်းငယ်ပတ်ကြည့်လိုက်ပြီးနောက် ဆေးရုံသည် လူစည်ကားသော သာမန်ဆေးရုံများနှင့်မတူညီသည့်အတွက် အထဲ၌ လူအနည်းငယ်သာရှိ၍ အသက်မဲ့နေသည်။

၎င်းကို ဆေးရုံတစ်ခုထက် မျိုးဗီဇဆိုင်ရာ ပစ္စည်းများ သိမ်းဆည်းထားသိုမှုဘာဏ်ဟု ခေါ်လျှင် ပိုမို မှန်ကန်ပေလိမ့်မည်။ ၎င်း၏ဝန်ဆောင်မှုများသည် မျိုးဗီဇပစ္စည်း ထုတ်ယူခြင်း၊ အအေးခံခြင်း နှင့် ဖန်ပြွန်သ‌န္ဓေသားဖြင့် မျိုးအောင်ခြင်းတို့သာ ပါဝင်သည်။

၎င်းအပြင် အခြားမည်သည့်အရာမျှမရှိတော့ပေ။

ဤသည်မှာ အကျိုးအမြတ်အတွက် ဆောက်ထားသော ဆေးရုံမဟုတ်ပေ။ သွေးမျိုးစပ်လမ်းကြောင်း သို့မဟုတ် စက်ရုပ်လူသားလမ်းစဥ်သို့ လျှောက်လှမ်းမည့် အထက်တန်းကျောင်းသားများကို ဝန်ဆောင်မှုပေးရန် တရားဝန်တည်ဆောက်ထား‌သော အဆောက်အဦဖြစ်သည်။

“အဲ့မှာ စာတန်းတစ်ခုရှိတယ်။ သွားကြည့်ရအောင်”

လီချူရှင်းသည် ရှေ့နံရံဆီညွှန်ပြ၍ ပြောလိုက်၏။ ၎င်း နံရံတွင် ဆေးရုံ၏ အထူးဝန်ဆောင်မှုများကို မိတ်ဆက်ပေးထားသော ဗီနိုင်းတစ်ခုရှိသည်။

လင်းဇီချန်သည် ယင်းပါ အကြောင်းအရာများကို အရှိန်အဟုန်ဖြင့် ဖတ်လိုက်ရာ မျိုးဗီဇဆိုင်ရာပစ္စည်းများအကြောင်း အဓိက ရှင်းလင်းထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းသည် အမျိုးသား သို့မဟုတ် အမျိုးသမီး၏ မျိုးဗီဇကိုသာမ ဘဝအသစ်မွေးဖွားပေးနိုင်‌သည့် အောင်မြင်စွာဖွဲ့စည်းထားသော ဇီဝပစ္စည်းများကိုလည်း ထိန်းသိမ်းထားနိုင်သည်။

နောက်ဆုံးပေါ် မျိုးစပ်ခြင်းနည်းပညာ သီအိုရီအရ၊ ၎င်းကို အနှစ်တစ်ထောင်ထိ ထိန်းသိမ်းထားနိုင်၏။

“လူသေသော်လည်း မျိုးစေ့အသက်ရှင်သည်” ဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။

၂၉၉၉ခုနှစ် တွင်မွေးဖွားသောကလေးငယ်သည် ၂၀၉၉ ခုနှစ်တွင် သေဆုံးသွားသော မိဘများ၏ ကလေးလည်းဖြစ်နိုင်သည်။ =

"ဇီချန်၊ ဟန်ဟန် ၊ သူတို့က ဒီမှာ မျိုးအောင်ထားတဲ့ မျိုးဥကို ယူပြီး သိမ်းထားနိုင်တယ်။ နင်တို့နှစ်ယောက် အဲ့တာကို စဥ်းစားချင်လား”

လီချူရှင်းက မိမိဘေးနားရှိ စုံတွဲကို နောက်ပြောင်လိုက်သည်။ ရှန်ချင်းဟန်က ယင်းကို အမှန်တကယ်စဥ်းစား၍ လင်းဇီချန်ဘက်သို့ တိတ်တဆိတ်လှည့်ကာ သူ၏ အမြင်ကို စောင့်ဆိုင်းနေသည်။

လင်းဇီချန်က တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ “မလိုပါဘူး” ဟုပြောလိုက်သည်။

မျိုးအောင်ထားသောဥကိုထုတ်ယူ၍ သိမ်းဆည်းထားခြင်းဖြင့် သန္ဓေတည်ချိန်တွင် ကလေးသည် ချက်ချင်းအေးခဲသွားသကဲ့သို့ခံစားရကာ လက်ခံရန်အလွန်ခက်ခဲသည်။

"ဟဲလို ချိန်းထားတာရှိလား"

ဖော်ရွေသော အပြုံးဖြင့် သူနာပြုဆရာမ ချဉ်းကပ်လာ၍မေးလိုက်သည်။ သူမသည် သာမာန်သူနာပြုတစ်ယောက်ကဲ့သို့ လုံးဝမဟုတ်ဘဲ နွေးထွေးသော အပြုံးဖြင့် ကြိုဆိုနေသည့် အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမ၏ စိတ်ထားကောင်းရခြင်း၏ အကြောင်းရင်းမှာ ဤဆေးရုံသို့ လာနိုင်သည့်သူများသည် အနာဂတ်တွင် အထက်တန်းလွှာများဖြစ်လာနိုင်၍ သဘာဝအားဖြင့်၊ အထက်တန်းစားများအား ပေးဆောင်သည့် ဝန်ဆောင်မှုသည် အရည်အသွေးကောင်းမွန်ရမည်ဖြစ်သည်။

"ငါတို့ချိန်းထားပြီးသားပဲ"

လီချူရှင်းနှင့် ရှန်ချင်းဟန်တို့သည် မိမိတို့၏ ဖုန်းကိုယ်စီမှ ကြိုတင်စာရင်းသွင်းထားသည့် အထောက်အထားကိုဖွင့်၍ သူနာပြုကို ပြလိုက်သည်။

၎င်းတို့ ဖုန်းထဲမှ ကြိုတင်စာရင်းသွင်းထားသော အထောက်အထားများကို ကြည့်လိုက်ပြီးနောက် သူနာပြုဆရာမက ပြုံး၍ လင်းဇီချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဆရာရော ချိန်းထားတာရှိလားရှင့်”

“မရှိပါဘူး။ သူတို့နဲ့ အဖော်လိုက်လာတာပါ” လင်းဇီချန်က လျစ်လျူရှု့၍ ပြန်ဖြေသည်။

သူသည်သွေးသန့်လူသားလမ်းစဥ်ကို လျှောက်လှမ်းနေခြင်းဖြစ်သောကြောင့် ၎င်း၏ မျိုးပွားမှုစွမ်းရည်ကို ထိခိုက်ခြင်းရှိမည်မဟုတ်သဖြင့် မျိုးဗီဇပစ္စည်းများကို ထုတ်ရန် မလိုအပ်တော့ပေ။

"ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ"

ချိန်းဆိုထားသည့် အထောက်အထားများကို စစ်ဆေးပြီးနောက် သူနာပြုသည် ရှန်ချင်းဟန်နှင့် လီချူရှင်းကို အပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။ လင်းဇီချန်သည် ဧည့်ခန်းအတွင်း၌ထိုင်လျက် ဖုန်းမှ သတင်းများကို စတင်လေ့လာ၍ လူမှုရေးဆိုင်ရာ အချက်အလက်များကို လိုက်ရှာသည်။

တစ်နာရီခန့်ကြာသောအခါ ရှန်ချင်းဟန်နှင့် လီချူရှင်းနှစ်ယောက်စလုံး ထွက်လာကြသည်။ ၎င်းတို့သည် မျိုးဥများကို မထုတ်ယူရသေးဘဲ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်၍ ၎င်းတို့၏ မမျိုးဥ လှုံ့ဆော်ဆေးကို ထိုးပေးလိုက်သည်။

မျိုးဥပြန်ထုတ်ရမည့်ရပ်ကိုမူ မနက်ဖြန်အထိ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

“ဒိလောက်တောင် ခက်လား။ တစ်ရက်တည်းနဲ့ပြီးမယ်ထင်နေတာ။ နောက် ရက်ထိ စောင့်ရမယ်လို့ မမျှော်လင့်ထားဘူး”

လီချူရှင်းက ညည်းညူလိုက်သည်။ ပုံမှန်အားဖြင့် ချက်ချင်းပြန်ယူနိုင်ရမည်ဖြစ်သည်။ သို့သော် ၎င်းတို့၏ ခန္ဓာကိုယ်နှစ်ခုလုံး၌ ရှိနေသော မျိုးဗီဇဆိုင်ရာရင့်ကျက်မှုသည် စံနှုန်းနှင့် မပြည့်မီသဖြင့် နောက်ထပ်တစ်ရက်ထပ်‌စောင့်ရန် လိုအပ်သည်။

“ငါတို့ ခုဏကထိုးလိုက်တဲ့ မျိုးဗီဇလှုံဆော်ဆေးက Libido (လိင်စိတ်) ကိုလည်း တိုးစေနိုင်တယ်လို့ ပြောကြတာကို ဘာလို့ ငါဘာမှမခံစားရတာလဲမသိဘူး”

"ဟန်ဟန် တစ်ခုခုခံစားရလား" လီချူရှင်းက ရှန်ချင်းဟန်ကို လှည့်ကြည့်၍မေးလိုက်သည်။

ရှန်ချင်းဟန်က ခေါင်းခါလိုက်၏။

"ဟင့်အင်း ဘာမှမခံစားရဘူး”

လီချူရှင်းက ရယ်လိုက်သည်။

“နင်ခံစားရရင်တောင် ကိစ္စမရှိပါဘူး။ နင့်မှာဇီချန်ရှိတယ်လေ”

ထို့နောက် သူမက ဆက်ပြောသည်။

“ငါ့လိုမျိုး ၁၉နှစ်တောင်ရောက်တော့မှာကို တစ်ကိုယ်တည်းအပျိုစင်လေးပဲရှိသေးတဲ့ လူနဲ့မတူဘူးပေါ့။ ငါက ယောက်ျားလေးလက်တောင် တစ်ခါမှမကိုင်ဖူးဘူး။ ကျောင်းစတက်တာနဲ့ သေချာပေါက်ရည်းစားထားရတော့မယ်”

လမ်းလျှောက်လျက် သုံးယောက်သား စကားစမြည်ပြောကြသည်။ ဆေးရုံမှ ဆင်းလာစဉ် လီချူရှင်းက အိမ်သို့ အလျင်စလိုမပြန်ရန်နှင့် ‌ရောက်တုန်းရောက်ခိုက် စျေးဝယ်ထွက်ကြရန် ပြောသည်။

ရှန်ချင်းဟန်သည်လည်း စိတ်အားထက်သန်ကာ ဈေးဝယ်ထွက်ချင်သည်။ လင်းဇီချန်ကမူ သွေးသန့်စင်ခြင်းကျင့်စဥ် ဆက်လက် ကျင့်ကြံရန် အိမ်ပြန်ချင်ခဲ့သည်။ နောက်ဆုံးတွင်မူ မိန်းကလေးများက စျေးဝယ်ထွက်ရသည်ကို သဘောကျသော်လည်း ယောက်ျားများကမူ မကြိုက်ကြပေ။ ထို့ကြောင့် သူတစ်ယောက်တည်း အိမ်ပြန်သွားခဲ့သည်။

လင်းဇီချန်သည် အပေါ်ထပ် အခန်းသို့ တက်သွားကာ “သွေးသန့်စင်ခြင်းကျင့်စဥ်”မှ အထူးသဖြင့် အသားသန့်စင်ခြင်းအဆင့်ကို တိတ်တဆိတ်လေ့လာခဲ့သည်။ မနက်ပိုင်းတစ်ဝက်တာလုံး လေ့လာပြီးနောက် သူသည် အသားသန့်စင်ခြင်းအဆင့်ကို ကျွမ်းကျင်လာသည်။

ဆက်လက်လုပ်ဆောင်ရန် စိတ်အားထက်သန်လာသဖြင့် ညာဘက်လက်တစ်ဖက်ကို စတင်၍ သန့်စင်ခဲ့သည်။ သူသည် ဉာဘက်လက်မောင်းကို မကြာခဏအသုံးပြုလေ့ရှိသဖြင့် ၎င်းက ဦးစားပေးဖြစ်သည်။

အရေပြားသန့်စင်ခြင်းနှင့်ယှဥ်လျှင် အသားသန့်စင်ခြင်း၏ ပူလောင်သော ခံစားချက်က ပို၍ ပြင်းထန်သော်လည်း ခံနိုင်ရည်ရှိသည့် အတိုင်းအတာတစ်ခုအတွင်းရှိနေသေးသည်။

[သင်သည် သင့်ကြွက်သားများကို သန့်စင်နေပါသည်။ ကြွက်သားခွန်အား +၁၊ သွေးသန့်စင်ခြင်းကျင့်စဥ် ကျွမ်းကျင်မှု +1…]

မျက်စိတစ်မှိတ်အတွင်း၌ပင် နေ့လည်ခင်းတစ်ခုလုံး ကုန်ဆုံးသွားသည်။ လင်းဇီချန်သည် သူ့ခန္ဓာကိုယ်ရှိ သွေးစွမ်းအင်တစ်ဝက်နီးပါးကို အသုံးပြုခဲ့၍ နောက်ဆုံးတွင် ညာဘက်လက်မောင်းတစ်ခုလုံးကို သန့်စင်နိုင်ခဲ့သည်။

ရလဒ်အနေဖြင့် သူ့တစ်ကိုယ်လုံး အားနည်းသွားသကဲ့သို့ ခံစားလိုက်ရကာ မူးဝေ၍ မူးလဲတော့မည့်အလားပင်ဖြစ်၏။ သွေးစွမ်းအားကို အလွန်အကျွံအသုံးပြုခြင်းကြောင့် သာမန်သိုင်းပညာရှင်တစ်ဦးသာဖြစ်မည်ဆိုပါက လက်တစ်ဖက်လုံးကို သန့်စင်နိုင်ရန် လနှင့် ချီ၍အချိန်ပေးရမည်ဖြစ်သည်။

သို့သော် လင်းဇီချန်သည်မူ နေ့လယ်ခင်းတစ်ခုသာအသုံးပြုခဲ့ရသည်။

ကွာဟချက်သည် အလွန်ကြီးမားသောကြောင့် ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီးတမျှ ခြားနားလှသည်ဟု ပြောလျှင်ပင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ၎င်းတို့သည် မျိုးစိတ်တစ်ခုတည်းမဟုတ်ဟုပင် ခံစားရပေလိမ့်မည်ဖြစ်၏။

All Chapters