← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း(၄၆၃) ငါ့ညီမလေးလမ်းလျှောက်တတ်ပြီ ၂

"ဘာထူးဆန်းလို့လဲ” တိတ်ဆိတ်ခြင်းအရှင်က ပြောသည်။

“ရေနတ်ဘုရား ရှင်ပြန်ထမြောက်လာပြီလို့ သံသယဖြစ်မိတယ်။ သူရှင်ပြန်ထမြောက်တဲ့နေရာက မြို့တော် အမှတ် ၁ နားမှာပဲ” သစ်ပင်အကြီးအကဲက ပြော၏။

တိတ်ဆိတ်ခြင်းအရှင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

“ရေနတ်ဘုရားက အရှေ့ပိုင်းဒေသ ရှေးအကျဆုံးနဲ့အသက်အကြီးဆုံး နတ်ဘုရားတွေထဲက တစ်ပါးပဲ။ သူက အဲ့နေရာမှာပဲမွေးပြီး အဲ့မှာပဲ ချေမှုန်းခံခဲ့ရတာ။ ပြန်လည်မွေးဖွားမယ်ဆိုလည်း အရှေ့ပိုင်းနယ်မြေမှာပဲဖြစ်သင့်တယ်။ တောင်ပိုင်းနယ်မြေမှာ ဘယ်လိုလုပ် ပြန်မွေးလာနိုင်မှာလဲ”

ရှေးကျသော သစ်ပင်အကြီးအကဲ၏ အသံက ထပ်မံထွက်ပေါ်လာသည်။

“ဒါ့ကြောင့် ထူးဆန်းတယ်လို့ပြောတာ ရှေးဟောင်း‌စိမ်းလန်းတောင်တန်းကို အနိုင်ယူနိုင်ပြီးရင် မေ့ပျောက်ခြင်းနယ်မြေကို ပြန်သွားပြီး ကြယ်တာရာသံလိုက်အိမ်မြောင်ကို သုံးပြီး ညဘက် ကြယ်တာရာပုံစံတွေကို လေ့လာကြည့်။ ဘယ်ဒြပ်စင်တွေ ဘယ်လိုလိုက်လျောညီထွေဖြစ်နေလဲဆိုတာသိရအောင်”

...

ကမ္ဘာမြေ။

ရှန်ဟိုင်းတက္ကသိုလ်။

မိသားစုရပ်ကွက်။

လင်းဇီချန်က ခေါင်းလှည့်၍ ဘေးရှိ ရှန်ချင်းဟန်ကိုမေးလိုက်သည်။

“မင်း အိမ်ပြန်ပြီး မိဘတွေကိုအရင်သွားမတွေ့ချင်တာ သေချာလား”

“အင်း ငါယင်ယင်ကို အရင်တွေ့ချင်တယ်”

ရှန်ချင်းဟန်၏ ကြည်လင်လှပသော မျက်လုံးလေးများကတောက်ပနေသည်။

“မင်း ပြန်လာတိုင်း ကိုယ့်အိမ်ကကို အရင်လိုက်လာနေတာ။ မင်းမိဘတွေသိရင် မနာလိုဖြစ်လိမ့်မယ်။ သိပ်ကောင်းမှာမဟုတ်ဘူး” လင်းဇီချန်က သူမကို စနောက်သည်။

“သူတို့ မဆိုးပါဘူး။ ငါ့မိဘတွေက အရမ်းရက်ရောတယ်”

“အချစ်က တစ်ကိုယ်ကောင်းဆန်တယ်”

“အာ… နင်က တအား စိတ်ရှုပ်ဖို့ကောင်းတာပဲ”

ရှန်ချင်းဟန်က ဆက်လက်၍ ပိုးမွှားလင်းဇီချန်နှင့် မဆက်ဆံချင်တော့ပေ။ သူမစိတ်ဆိုးနေသည်ကိုမြင်သောအခါ လင်းဇီချန်က စနောက်နေရာမှရပ်လိုက်သည်။ ခဏအကြာတွင် နှစ်ယောက်လုံး အိမ်တံခါးကိုတွန်းဖွင့်လိုက်ကြရာ တံခါးဘေးက ခုံပေါ်ရှိ ဖိနပ်တစ်ရံကို ကျွမ်းကျင်စွာလဲဝတ်၍ အေးအေးဆေးဆေး ဧည့်ခန်းဆီသို့ ဦးတည်သွားကြသည်။

ဧည့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ပတ်ပတ်လည်တွင် အနှီးဝတ်ထားသော ကလေးမလေးတစ်ဦး ပြေးလာသည်ကို တွေ့လိုက်ရသည်။ အလွန်အမြန်ပြေးနေသော ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ်ကဲ့သို့ အားအင်အပြည့်ဖြင့်ဟုထင်ရသည့်ကလေးတစ်ယောက်ဖြစ်သော်လည်း တကယ်တမ်းတွင် ထိုကလေးမလေးသည် နှစ်လသားအရွယ်တွင်သာရှိသေး၏။

“ဇီချန် ယင်ယင်က အံ့သြဖို့ကောင်းလိုက်တာ။ နှစ်လသားအရွယ်မှာ လမ်းလျှောက်ပြီး ပြေးနိုင်နေပြီ။ ဒီရုပ်ပိုင်းဆိုင်ရာ စွမ်းရည်က တကယ်ကို ချဲ့ကားလွန်းပါတယ်၊ သူက ဒဏ္ဍာရီတွေ ပုံပြင်တွေထဲက သဘာဝနတ်ခန္ဓာကိုယ်ရထားတဲ့ နတ်သွေးသားတွေလိုပဲ”

ရှန်ချင်းဟန်က အခန်းတစ်ဝိုက်ပြေးနေသော ကလေးမလေးကို ကြည့်ကာ သူမ၏ လှပကျော့ရှင်းသောမျက်နှာလေးတွင် မယုံကြည်နိုင်မှုများ ထိတ်လန့်မှုများဖြင့်ပြည့်နေသည်။

လင်းဇီချန်လည်း ထပ်တူထပ်မျှ ထိတ်လန့်သွားရသည်။ အိမ်ကို မပြန်ခင်တွင် သူ့ညီမက ပြေးနိုင်နေလောက်ပြီဟု တွေးထားခဲ့သော်လည်း တကယ်တမ်း မျက်လုံးဖြင့်တပ်အပ်မြင်လိုက်ရသောအခါတွင်မူ မြင်ကွင်းက သူ့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ထိုအချိန်၌ အခန်းထဲတွင် ပြေးလွှားနေသော လင်းဇီယင်က စင်္ကြံတွင် ရပ်နေသော နှစ်ယောက်ကို သတိထားမိသွားသည်။ ၎င်းတို့ကိုမြင်လိုက်ရသည်နှင့် တခဏမျှ ထိတ်လန့်တုန်လှုပ်စွာ မတ်တပ်ရပ်လိုက်ပြီးနောက် သူမ၏ပါးစပ်ကလေးကို ကျယ်ကျယ်ဖွင့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

နှစ်လသားအရွယ်တွင် သူမသည်လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ကို မေ့လျော့သွားခဲ့ပြီဖြစ်သည်။

နှစ်လသားကလေးငယ်အတွက်၊ သုံးရက်ကျော် မတွေ့ဖူးသူသည် သူစိမ်းဖြစ်သဖြင့် ၎င်းတို့ကို မြင်သည်နှင့် ကြောက်လန့်တကြား အော်ငိုလိုက်သည်။ နှစ်ဦးလုံးက လင်းဇီယင် ငိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ထို့ကြောင့်ပင် ငိုစပြုသည့်အခိုက်တွင် နှစ်ယောက်လုံး အံသြသွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

ခဏအကြာ၌ အခန်းတစ်ခန်းဆီမှ ခြေသံပြင်းပြင်းနှင့်ခြေလှမ်းများစွာထွက်ပေါ်လာသည်။ ထို့နောက် ကျန်းဝမ်ရှင်း၏ နှစ်လိုဖွယ်အသံ ထွက်ပေါ်လာသည်။

"ကလေး၊ ဘာဖြစ်နေတာလဲ"

ကျန်းဝမ်ရှင်းက ညအိပ်ဝတ်စုံကိုဝတ်ထားလျက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ဦးရှေ့တွင်ပေါ်လာရာ မိခင်ဖြစ်သူကိုမြင်လိုက်ရသောအခါ လင်းဇီယင်က အငိုရပ်၍ ချက်ချင်းပင် ကျန်းဝမ်ရှင်း၏ ခြေထောက်များကို တွယ်ဖက်ထားလိုက်သည်။

“ကလေးလေး… လိမ္မာတဲ့ကလေးလေး မငိုနဲ့ မငိုနဲ့နော်”

ကျန်းဝမ်ရှင်းက လင်းဇီယင်ကို ပွေ့ချီကာ ထွားကြိုင်းသော မျက်နှာလေးကို နမ်းရှုံ့လိုက်သည်။

မိခင်ဖြစ်သူ၏ ချစ်ခြင်းမေတ္တာကြောင့် လင်းဇီယင်က မကြာမီ၌ပင် အငိုရပ်၍ ကျန်းဝမ်ရှင်း၏ ပခုံးပေါ်တက်ကာ လက်မကို စုပ်နေလိုက်တော့သည်။

"မေမေ၊ ဟန်ဟန်နဲ့ သားတို့ မေမေတို့ကို ပြန်လာတွေ့တာ”

မိမိတို့ကို သတိမထားမိသေးသော မိခင်ဖြစ်သူကိုကြည့်၍ လင်းဇီချန်က ပြုံးကာ ပြောလိုက်သည်။ သူ့အသံကိုကြားလိုက်သောအခါမှ ၎င်းတို့နှစ်ဦးလုံး စင်္ကြံတွင်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ ဤသို့ဖြင့် အရွယ်ရောက်သော အမျိုးသမီးကြီး၏ မျက်နှာသည် ချက်ချင်းပင် ရွှင်မြူး တောက်ပလာသည်။

"မင်းတို့နှစ်ယောက်က လူတွေကို အံ့သြအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။ ပြန်လာရင်လည်း ကြိုမပြောဘဲ ဒီလို surprise attack လုပ်ရတာ တော်တော်ကြိုက်နေကြလား”

“သားတို့က မေမေ surprise ဖြစ်အောင် လို့လေ”

“Surprise ဟုတ်လား လန့်တာတော့အမှန်ပဲ။ ကြည့်ပါဦး ညီမလေးတောင် မင်းတို့နှစ်ယောက်ကြောင့် ငိုသွားပြီ”

ကျန်းဝမ်ရှင်းက စိတ်တိုတိုနှင့်ပြောသည်။

"နင်တို့နှစ်ယောက် ထမင်းစားပြီးပြီလား"

“စားရသေးဘူး မေမေ”

“ဘာစားချင်ကြလဲ မေမေ အခုပဲ တစ်ခုခုလုပ်ပေးမယ်” ကျန်းဝမ်ရှင်းက လင်းဇီယင်ကို ရင်ခွင်ထဲထည့်၍ လှုပ်ကာပြောသည်။

"မလိုပါဘူး အမေ၊ မင်း နေ့တိုင်း ယင်ယင်ကို ဂရုစိုက်ရတာနဲ့ပင်ပန်းနေပြီ။ သားတို့က ချက်တတ်ပါတယ်”

လင်းဇီချန်က မိခင်ဖြစ်သူကို အလွန်ချစ်သောကြောင့် အလုပ်အလွန်အကျွံမလုပ်စေချင်ပေ။ ကျန်းဝမ်ရှင်းက ပခုံးသာတွန့်ပြလိုက်၏။

"မင်းညီမက နည်းနည်းပို အငိုသန်ပြီး အိပ်ရာထဲသေးပေါက်ချတတ်ပေမယ့် အခြားနေရာတွေမှာတော့ မင်းငယ်ငယ်ကလိုပဲ ထက်မြက်တယ်။ သူ မေမေ့ကို လုံးဝ မပင်ပန်းစေချင်ဘူး။ တကယ်တော့ သူက မေမေတို့နှစ်ယောက်လုံးကို သက်သာရာရစေတယ်”

“အငိုသန်တာနဲ့ အိပ်ရာထဲသေးပေါက်ချတာနဲ့တင် ပင်ပန်းနေပြီလေ။ မေမေ ထိုင်ပါဦး သားနဲ့ဟန်ဟန် ကောင်းတာလေးတစ်ခုခု မေမေတို့ဖို့ ချက်ကြွေးပါ့မယ်”

ကျန်းဝမ်ရှင်းက ငြင်းဆိုမည်ကိုစိုးသောကြောင့် လင်းဇီချန်က အလျင်အမြန်ဆက်ပြောသည်။

"ဟန်ဟန်နဲ့ သားနဲ့ မူလမြေက အထူးပါဝင်ပစ္စည်းတွေပြန်သယ်လာတာ။ ဒါ မေမေတို့ ဘယ်လိုကိုင်ရမလဲသိမှာမဟုတ်ဘူး”

သားဖြစ်သူက ဟင်းချက်မည်တကဲကဲလုပ်နေသောကြောင့် ကျန်းဝမ်ရှင်းလည်း ဆက်လက်၍ မငြင်းနိုင်တော့ဘဲ သားနှင့် အနာဂတ်ချွေးမလောင်းလေးကို မီးဖိုချောင်တွင် နေရာယူခွင့်ပေးလိုက်ရသည်။

“ဒါနဲ့ ဖေဖေရော”

လင်းဇီချန်က လင်းယန်ရှန် အိမ်တွင်မရှိသည်ကိုသတိထားမိသဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းအဖေက နှစ်စဥ်ညီလာခံကိုသွားတယ်။ ဒီနှစ် သူရေးတဲ့ စာအုပ်က တော်တော်ကောင်းနေပြီ၊ ဒါကြောင့် ညီလာခံအတွက် မြို့တော်မှာ ဖိတ်ထားတာ နည်းနည်းကြာလိမ့်မယ်”

လင်းဇီချန်က ပြုံးလိုက်သည်။

“ဒါဆို ဖေဖေက ဟန်ဟန်နဲ့ သားနဲ့ချက်မယ့် ဟင်းကို မြည်းလို့မရတော့ဘူးပေါ့”

"ကလေး ဒါက သမီးကိုကို ဇီချန် နဲ့ မမဟန်ဟန်လေ အရင်လက သမီး သူတို့ကို အရမ်းတွယ်တာခဲ့တာ ဘယ်လိုလုပ် မြန်မြန်မေ့သွားတာလဲ" ကျန်းဝမ်ရှင်းက လင်းဇီချန်ကို မငြင်းတော့ဘဲ ရင်ခွင်ထဲမှ လင်းဇီယင်ကိုကြည့်၍ပြောသည်။

ဤသည်ကိုကြည့်၍ လင်းဇီချန်က အနည်းငယ် လွမ်းဆွတ်စွာပြုံးလိုက်မိသည်။

ကျန်းဝမ်ရှင်းက မိမိ ကလေးဘဝက အမြဲချီပိုးကာ တူညီသော နူးညံ့သည့် စကားလုံးများ တနေကုန်ပြောနေခဲ့သည်ကို သတိရမိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အနှစ်နှစ်ဆယ် ကုန်ဆုံးသွားခဲ့သည်။

သူကြီးပြင်းလာခဲ့သည်။

မိခင်ဖြစ်သူ ကျန်းဝမ်ရှင်းသည်လည်း သိသိသာသာပင် အသက်ကြီးနေပြီဖြစ်သည်။ သူမသည် လှပနေသေးသော်လည်း သူမ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများက ပို၍ထင်ရှားလာသည်။

အသက်နှစ်ဆယ်ကျော်လောက်က မျက်နှာမျိုးမဟုတ်နိုင်တော့ပေ။

အမေက အသက်ကြီးပြီ...

မဟုတ်ဘူး အမေ အသက်ကြီးအောင် ထားလို့မရဘူး...

အခုကစပြီး မေမေအမြဲတမ်း နုပျိုနေစေဖို့ လှပပြီး အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတဲ့ ပန်းတွေနဲ့ ဆေးဖက်ဝင်သစ်သီးတွေ စုဆောင်းရတော့မယ်...

ဖေဖေအတွက်ကတော့ ခန္ဓာကိုယ်ကို သန်မာစေပြီး အားဖြည့်ပေးနိုင်တဲ့ ပစ္စည်းလေးတွေရှာရမယ်…

လင်းဇီချန်က စိတ်ထဲမှ တွေးနေမိသည်။

ခဏအကြာ လင်းဇီချန်နှင့် ရှန်ချင်းဟန် တို့သည် မီးဖိုချောင်တွင် ချက်ခြင်း ထမင်းချက်ရန် ရောက်လာကြသည်။

တစ်နာရီခန့်အကြာတွင် အစားအသောက်များ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ စားသောက်နေစဉ်အတွင်း ကျန်းဝမ်ရှင်းသည် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏ ချက်ပြုတ်ခြင်းစွမ်းရည်သည် အံ့မခန်းဖြစ်သဖြင့် နေ့တိုင်း ချက်ပြုတ်စားချင်သည်ဟု ပြောကာ ဟင်းပွဲများအား အဆက်မပြတ် ချီးကျူးခဲ့သည်။

ရှန်ချင်းဟန်ကလည်း သူမ အိမ်တွင်ရှိသမျှကာလပတ်လုံး ဟင်းချက်ရာတွင် တာဝန်ယူမည်ဟု ကြေငြာခဲ့သည်။

ကျန်းဝမ်ရှင်းသည် ရွှင်မြူးစွာဖြင့် သမီးအရင်းကဲ့သို့ အနာဂတ်ချွေးမလောင်းလေး ရှန်ချင်းဟန်ကို ချစ်မြတ်နိုးလာခဲ့သည်။

တစ်ဖက်တွင် လင်းဇီချန်သည် သူ့ညီမ လင်းဇီယင်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။

နှစ်လအရွယ် ညီမလေးသည် အစာစားနေသော ဝံပုလွေတစ်ကောင်ကဲ့သို့ လက်တစ်ဖက်တွင် ဇွန်းကိုကိုင်ကာ အစာကို ပါးစပ်ထဲသို့ မရပ်မနား ထည့်လိက် အခြားလက်တစ်ဖက်ဖြင့် ကင်ထားသော ဆန်းကြယ်သားရဲ ခြေထောက်ကို ကိုက်နေသည်။

တက်ကြွ သွက်လက်ပြီး…

အငိုသန် အိပ်ရာထဲရှုးပေါက်ချတယ်…

စားချင်စိတ်လည်းပြင်းတယ်….

သန်မာတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရိုးရိုးရှင်းရှင်း ကလေးတစ်ယောက်လိုပဲ..။

ဒါပေမယ့် သူက နှစ်လပဲရှိသေးတယ်၊

လင်းဇီချန်၏ အတွေးများက အမျိုးစုံဖြစ်လျက်ရှိသည်။

သူတွေးတောနေရင်းဖြင့် ပို၍ပို၍ စိတ် ရှုပ်ထွေးလာသည်။

‘ဖေဖေရောမေမေရောက သာမန်လူတွေပဲကို ဒီလို မယုံကြည်နိုင်စရာကောင်းတဲ့ ဆင့်ကဲပြောင်းလဲခြင်းပါရမီတွေနဲ့ ငါနဲ့ ငါ့ညီမလို သားသမီးတွေ ဘယ်လိုမွေးလာကြတာလဲ’

မျိူးဗီဇပြောင်းလဲခြင်း တကယ်ဖြစ်နိုင်ပါ့မလား။

သို့သော် ဗီဇပြောင်းလဲမှုများပင် ကလေးနှစ်ယောက်တွင် ဆက်တိုက်ဖြစ်ပေါ်လေ့မရှိပေ။ ဖြစ်နိုင်ခြေသည် အလွန်နည်းသည်၊ လက်တွေ့အားဖြင့် သုညဖြစ်သည်။

အဖေနဲ့အမေက သာမန်လူတွေလို ဖုံးကွယ်ထားတဲ့ ကျွမ်းကျင်သူတွေများဖြစ်နေမလား။

ဤသို့တွေးကာ လင်းဇီချန်က ကျန်းဝမ်ရှင်း၏ခန္ဓာကိုယ်တွင် ထူးခြားသောအရာ ရှိမရှိ စစ်ဆေးရန် သူ၏ ဝိညာဉ်စွမ်းအားကို ချက်ချင်းတိုးချဲ့လိုက်သည်။

မကြာခင်၌ပင် လင်းဇီချန်၏ ဝိညာဉ်စွမ်းအားက ကျန်းဝမ်ရှင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ အတွင်းတွင် ဖြည်းညှင်းစွာ လည်ပတ်နေသည်။

၎င်း၏ ချူးယွင်ဖန်း၏ မှန်းဆချက်များအပေါ် အခြေခံ၍ ၎င်းတို့၏ခန္ဓာကိုယ်နှင့်ပတ်သက်၍ ထူးခြားမှုတစ်စုံတစ်ရာရှိမရှိ သိရှိနိုင်ရန် လေ့လာနေခြင်းဖြစ်သည်။

မည်သူ့တွင် ထိပ်တန်း ပါရမီရှင်များ ဖြစ်လာမည့် ကလေးနှစ်ယောက်လုံးရှိနေနိုင်သေးသနည်း။

အခန်း (၄၆၄) ရိုးရိုးမိဘတွေမဟုတ်ဘူး

ဦးနှောက်ထိပ်ပိုင်းမှ ခန္ဓာကိုယ်အပေါ်ပိုင်းအထိ၊ ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်းအထိ...

လင်းဇီချန်သည် ကျန်းဝမ်ရှင်း၏ကိုယ်ကို အသေအချာစစ်ဆေးခဲ့ပြီးနောက် သူ့နှင့် လင်းဇီယင်၏မိခင်ကြီးသည် ထက်မြက်သော ဆင့်ကဲပြောင်းလဲခြင်းပါရမီရှင်နှစ်ယောက်ကို မွေးထုတ်ပေးနိုင်စေသည့် ထူးခြားသည့်အရာတစ်ခုခုကို ပိုင်ဆိုင်ထားခြင်းရှိ မရှိ စစ်ဆေးသည်။

စေ့စပ်သေချာစွာ စစ်ဆေးပြီးနောက်

လင်းဇီချန်သည် ကျန်းဝမ်ရှင်း၏ခန္ဓာကိုယ်က အလွန်သာမန်ဖြစ်ကာ ၎င်းနှင့်ပတ်သက်၍ အထူးအဆန်းမရှိသည်ကို တွေ့ရှိခဲ့သည်။

သာမန် သွေးစွမ်းအင်ခွန်အား သာမန် ဝိညာဉ်ခွန်အား။

ကိုယ်ပိုင်စွမ်းရည်များအားလုံးသည် သာမန်မျှသာဖြစ်သည်။

တကယ်သာမန်လူတစ်ယောက်ပဲလား...

လင်းဇီချန်သည် စစ်ဆေးခြင်း၏ရလဒ်ကြောင့် အံ့ဩခြင်းမရှိဘဲ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ကျန်းဝမ်ရှင်း နှင့် မိမိတို့သည် တူညီသောအမိုးအောက်တွင် အချိန်အတော်ကြာနေထိုင်ခဲ့ကြကာ သူမသာ လျှို့ဝှက်ပညာရှင် ဖြစ်နေပါက ယခုအချိန်တွင် မှားယွင်ရနေသည့် အရာတစ်ခုကို သတိပြုမိပေလိမ့်မည်။

အထူးသဖြင့် သူ့နို့စို့အရွယ်တွင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လျို့ဝှက်ကျွမ်းကျင်သူက မွေးကင်းစကလေးရှေ့တွင် ပြုမူမည်မဟုတ်ပေ။

ထိုသို့ လုံးဝ မလိုအပ်ပေ။

လင်းဇီချန်က သူ၏မိခင်အရင်း ကျန်းဝမ်ရှင်းသည် သာမန်လူတစ်ဦးဖြစ်ကြောင်း ကောက်ချက်ချလိုက်စဥ္

ရုတ်တရက်ဆိုသကဲ့သို့ပင် သူချန်ခဲ့သော ကျန်းဝမ်ရှင်း၏ ကိုယ်ထဲမှ ဝိညာဉ်စွမ်းအားက အလွန်ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

ဤစွမ်းအင်သည် ဦးနှောက်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းတွင် တည်ရှိကာ အသိစိတိပင်လယ်ဟုလည်း ခေါ်သည်။

ဒါက ဘာလဲ။

စွမ်းအင်ကြီးမားသော စွမ်းအားကို သိမြင်ပြီးနောက် လင်းဇီချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

သာမာန်လူများတွင် အသိစိတ်ပင်လယ် မရှိသလောက်နည်းပါးသည်။ သို့သော် ယခုအချိန်တွင် ကျန်းဝမ်ရှင်း၏ အသိစိတ်ပင်လယ်သည် ထိုမျှကြီးမားသော စွမ်းအင်ကို စုဆောင်းထားနိုင်သဖြင့် သူယုံကြည်ရခက်နေသည်။

ခဏအကြာတွင် တည်ငြိမ်မှုပြန်လည်ရရှိပြီးနောက်၊

လင်းဇီချန် သည် ချက်ချင်းပင် သူ၏ ဝိညာဉ်စွမ်းအားကို အာရုံစူးစိုက်၍ ကျန်းဝမ်ရှင်း၏ အသိစိတ်ပင်လယ်ထဲသို့ ဖြည်းညှင်းစွာ ထိုးဖောက်ဝင်ရောက်ကာ အတွင်း၌ အမှန်တကယ်ဖြစ်ပျက်နေသည်များကို သိမြင်လာသည်။

ကျူးကျော်မှု လုပ်ငန်းစဉ်က အလွန်နှေးကွေးလှသည်။ အကြောင်းမှာ လျင်မြန်လွန်းသော ရွေ့လျားခြင်းသည် ကျန်းဝမ်ရှင်း၏ အသိစိတ်ပင်လယ်ကို ပျက်စီးစေမည်ကို သူစိုးရိမ်သောကြောင့်သာဖြစ်သည်။

သို့သော်လည်း ဤစိုးရိမ်မှုသည် နောက်စက္ကန့်တွင် တုန်လှုပ်ချောက်ချားသွားစေသည်။ သူ၏ဝိညာဉ်ရေးစွမ်းအားသည် ကျန်းဝမ်ရှင်း၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ၊

လင်းဇီချန်သည် အလွန်ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရကာ တစ်သက်လုံး မေ့နိုင်မည်မဟုတ်ပေ။

ကျန်းဝမ်ရှင်း၏ အသိစိတ်ပင်လယ်သည် အကန့်အသတ်မရှိ ကျယ်ပြောလှသဖြင့် ၎င်းသည် သူ့နားလည်မှုထက် ကျော်လွန်သွားကာ ဆောင်းရာသီတွင် ရေခဲများဖုံးလွှမ်းနေသော ရေကန်ကဲ့သို့ မာကျောချောမွေ့သော ရေခဲတုံးများဖြင့် ပြည့်နေသည်။

သို့သော် ဆောင်းတွင်းရေကန်သည် မျက်နှာပြင်ပေါ်တွင် ရေခဲအလွှာထူထပ်စွာ ဖုံးလွှမ်းထားရုံမျှနှင့် မတူဘဲ ကျန်းဝမ်ရှင်း၏ အသိစိတ်ပင်လယ်သည် အောက်ခြေအထိ အေးခဲနေရာ ပင်လယ်တစ်ခုလုံးသည် ထူထဲသော ရေခဲတုံးများ ဖြစ်နေသည်။

မဟုတ်ဘူး

ရေခဲတုံးတွေ မဟုတ်ဘူး

၎င်းတို့သည် အရင်းအမြစ်သလင်းကျောက်များဖြစ်နေ၏။

မိခင်၏ အသိစိတ်ပင်လယ်သည် အကန့်အသတ်မရှိသော ဧရာမ အရင်းအမြစ် သလင်းကျောက်တုံးများဖြစ်နေသည်။

လင်းဇီချန်က ဤအရာကို ရုတ်တရက် သဘောပေါက်သွားကာ ထိန်းမနိုင်သိမ်းမနိုင် အလွန်တုန်လှုပ်သွားသဖြင့် အလိုအလျောက် ပါးစပ်များပင်ပွင့်သွားကာ မျက်လုံးများ ပြူးကျယ်လာသည်။

ထိုကဲ့သို့သော များပြားကြီးမားသော အရင်းအမြစ် သလင်းကျောက်များကို ပိုင်ဆိုင်ရန် လူတစ်ယောက်သည် မည်မျှအထိ အဆင့်မြင့်မားရမည်နည်း။

‘ပြီးတော့ အရင်းအမြစ် သလင်းကျောက်က မူလမြေရဲ့ ထုတ်ကုန်တစ်ခု မဟုတ်ဘူးလား’

‘မေမေ့ အသိစိတ်ပင်လယ်မှာ အရင်းအမြစ်သလင်းကျောက်တွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ’

ဖြစ်နိုင်တာ... အမေက မူလမြေက လာတာလား။

လင်းဇီချန်က ဤအကြောင်းကို ပိုတွေးလေလေ၊ ဤသုံးသပ်ချက်ကို လက်ခံရန် ရုန်းကန်ရင်းဖြင့် သူ ပိုတုန်လှုပ်လာသည်။

သူ့မျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်သောအမူအရာကို မြင်လိုက်ရသောအခါ ကျန်းဝမ်ရှင်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"သားလေး၊ ဘာလို့ ရုတ်တရက် မျက်လုံးတွေ ပြူးကျယ်နေတာလဲ၊ ဘာဖြစ်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး။"

လင်းဇီချန်သည် သူမ၏ အသံကြောင့် အသိစိတ်ပြန်ဝင်လာကာ အမှတ်မထင် ပြန်ဖြေသည်။

စကားပြောပြီးနောက်တွင် သူသည် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း ထပ်မံ၍ မေးလိုက်၏။

"အမေ၊ ငယ်ငယ်တုန်းက၊ အရမ်းစွမ်းအားကြီးပြီး သြဇာရှိတဲ့ မိသားစုက ဒုက္ခရောက်နေတဲ့ မိန်းကလေးလား"

ကျန်းဝမ်ရှင်းက မေးခွန်းကြောင့် အတန်ငယ် တုံ့ဆိုင်းသွားသော်လည်း စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။

"မင်းဘာတွေပြောနေတာလဲ။ ချောမောလှပတဲ့မျက်နှာလေးရှိတာကလွဲလို့ တခြားရှုထောင့်တွေမှာပါ မေမေက အရမ်းသာမန်ပါပဲ"

"သားအဘိုးအဘွားတွေက ဘာလုပ်တာလဲ"

ကျန်းဝမ်ရှင်းက တစ်ရှုးကိုထုတ်ကာ လင်းဇီယင်၏ ပါးစပ်ကို သုတ်ပေးလိုက်ပြီးမှ ဆက်ပြောသည်။

"မင်းအဘိုးအဘွားတွေက သာမန် တောင်သူလယ်သမားတွေပဲ၊ မေမေ ငယ်ငယ်က ရောဂါနဲ့ ဆုံးသွားတယ်"

"ဟုတ်လား..."

လင်းဇီချန်သည် ကျန်းဝမ်ရှင်းက လှည့်စားနေသေးသည်ဟု တွေးကာ အတွေးထဲနစ်မြုပ်သွားခဲ့သည်။ သူမက သာမန်လူတစ်ယောက်ဖြစ်သည်ကို မယုံနိုင်ပေ။

"ဖေဖေ၊ ငယ်ငယ်က မိသားစုအခြေအနေ ဘယ်လိုရှိလဲ"

ကျန်းဝမ်ရှင်းက အံ့အားသင့်သွားသည်။

"ဒီနေ့ နားမလည်နိုင်တဲ့ မေးခွန်းတွေ မေးနေတာ မင်းဘာဖြစ်နေတာလဲ"

"သားလေး၊ မင်းမိဘတွေက မင်းကို စမ်းသပ်ဖို့ ကြိုးစား၊ လေ့ကျင့်ပေးနေတယ်၊ မင်းကို ငယ်ငယ်ကတည်းက ဘဝကို ခက်ခဲကြမ်းတမ်းအောင် ဖြတ်သန်းဖို့ ကြိုးစားနေတယ်လို့ ထင်နေတာလား”

လင်းဇီချန်က ပြုံးလိုက်သည်

"မဟုတ်ဘူး၊ သား ပေါ့ပေါ့ပါးပါးပဲ မေးတာပါ"

...

ညစာစားပြီးနောက် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ရေချိုးကြကာ အိပ်ရာဝင်ကြသည်။

ပထမအနေဖြင့် ကိုယ်လက်လှုပ်ရားလုပ်ရန် အိပ်ကြခြင်းဖြစ်ကာ ထို့နောက် စွမ်းအင် ပြည့်ဝစေရန် အိမ်ကြသည်။

လင်းဇီချန်က မပင်ပန်းသဖြင့် အိပ်မပျော်ခဲ့ပေ။

သူက ရိုးရှင်းစွာပင် ခပ်ငြိမ်ငြိမ်လှဲလျောင်းနေကာ မျက်လုံးဖွင့်လိုက်သည်။

မျက်နှာကျက်ကိုကြည့်လျက် ငယ်စဉ်ကလေးဘဝက မြင်ကွင်းများကိို သူ့စိတ်ထဲတွင် အဆက်မပြတ် ပြန်လည်တွေးခေါ်ခဲ့သည်။

သူ့မိဘတွေက သာမန်လူတွေမဟုတ်ကြောင်း သက်သေပြနိုင်မယ့် သဲလွန်စတွေ ရှာတွေ့နိုင်မလား။

အချိန်အတော်ကြာ ပြန်တွေးပြီးနောက် လင်းဇီချန်သည် နောက်ဆုံးတွင် စိတ်ပျက်အားလျော့သွားခဲ့သည်။

မိဘများနှင့်ပတ်သက်သည့် မှတ်ဉာဏ်များသည် ထူးထူးခြားခြား ရှုထောင့်တစ်ခုမှမရှိဘဲ အမြဲရိုးရှင်းနေခဲ့သည်။

ဖျားမယ်၊

အိပ်ရေးပျက်မယ်

ဒေါသထွက်မယ်

၎င်းတို့သညိ သာမန်မိဘ စုံတွဲတစ်တွဲမျှသာ ဖြစ်သည်။

တစ်ခုတည်းသော ထူးထူးခြားခြားအရာမှာ ကောင်းကင်ဘုံကို အံတုနိုင်သော ဆင့်ကဲပြောင်းလဲခြင်းပါရမီရှိသော သားတစ်ဦးရှိခြင်းပင်ဖြစ်သည်။

မေမေတို့က တကယ်သာမာန်လူတွေ ဖြစ်နိုင်သလား။

ဒါပေမယ့် အမေ့ရဲ့ အသိစိတ်ပင်လယ်ထဲက အဲဒီ ဧရာမ အရင်းအမြစ် သလင်းကျောက်တွေကရော။

လင်းဇီချနိသည် ဤပဟေဋ္ဌိကို သူမည်မျှပင် တွေးနေစေကာမူ မဖြေရှင်းနိုင်ဘဲ၊ ပိုတွေးလေ၊ သူ့မိဘများသည် သာမန်လူများ သို့မဟုတ် လျို့ဝှက် ကျွမ်းကျင်သူများလားဟူသည် မခွဲခြားနိုင်လေလေဖြစ်သည်။

“ဇီချန် ညစာစားချိန်မှာ အန်တီရှင်းကို ဘာလို့ဒီလိုထူးဆန်းတဲ့မေးခွန်းတွေမေးတာလဲ။"

ရှန်ချင်းဟန်ငလည်း အိပ်မပျော်သေးသဖြင့် လင်းဇီချန်ဘက်သို့လှည့်ကာ သူမ၏ သိချင်စိတ်များ ပြည့်နှက်နေသော မျက်လုံးလေးဖွင့်ကြည့်၍မေးလိုက်သည်။

လင်းဇီချန်က သူမကို ဖုံးကွယ်မထားဘဲ သူ့စိတ်ထဲမှ သံသယအားလုံးကို အမြန်ပြောပြလိုက်သည်။

"ကိုပြောမယ့်စကားကို မင်း မယုံနိုင်လောက်ဘူး။ စောစောက ညစာစားချိန်မှာ မေမေ့ ခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအားနဲ့ ကြည့်ကြည့်တော့ သူ့ အသိစိတ်ပင်လယ်က အကန့်အသတ်မရှိ ကျယ်ပြန့်ပြီး အရင်းအမြစ် သလင်းကျောက်တွေ ရေခဲတောင်ကြီးလိုစုပြုံနေတာ တွေ့လိုက်ရတယ်။”

အခန်း(၄၅၆) ရိုးရှင်းတဲ့မိဘတွေမဟုတ်ဘူး

"အမ်”

ရှန်ချင်းဟန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

"အရင်းအမြစ် သလင်းကျောက်တွေက မူလမြေအတွက် သီးသန့်မဟုတ်ဘူးလား။ အန်တီရှင်းရဲ့ အသိစိတ်ပင်လယ်က အရင်းအမြစ်သလင်းကျောက်တွေပြည့်နေတယ်ပေါ့”

လင်းဇီချန်က ခေါင်းခါလိုက်သည်။

"ကိုလည်း နားမလည်နိုင်ဘူး အဲ့တာကြောင့် ညစာစားတုန်းက မေမေ့ကို ဒီထူးဆန်းတဲ့ မေးခွန်းတွေ မေးမိသွားတာ။ သူက လျှို့ဝှက်ကျွမ်းကျင်သူ ဟုတ်မဟုတ် သိနိုင်ဖို့"

ရှန်ချင်းဟန်သည် ဤအချက်ကို မကျော်လွှားနိုင်သေးပေ။ အန်တီရှင်း၏ အသိစိတ်ပင်လယ်သည် ကျယ်ပြော၍ အကန့်အသတ်မရှိ၊ ၎င်းသည် အရင်းအမြစ်သလင်းကျောက်များဖြင့် လုံးလုံးလျားလျား ဖွဲ့စည်းထားသည်။

အခြေအနေက မည်သို့နည်း။ အန်တီရှင်းက မည်သူနည်း။

သူမတွေးတောနေရင်း ရှန်ချင်းဟန်သည် လင်းဇီချန်၏ ဆင့်ကဲပြောင်းလဲခြင်း ပါရမီအကြောင်း လျင်မြန်စွာ တွေးတောခဲ့သည်။

ငါထင်သားပဲ။ ဇီချန်ရဲ့ ဆင့်ကဲပြောင်းလဲခြင်းပါရမီက ဒီလောက်ချဲ့ကားပြီး ဘယ်လိုမွေးလာမှာလဲ။ လက်စသတ်တော့ အမွေဆက်ခံတာဖြစ်နေတာကို။

အန်တီရှင်းက သာမန်လူမဟုတ်တာ သေချာတယ်။

နေပါဦး ငါကရော။

ဇီချန်ရဲ့ ပါရမီကို ခြေရာခံနိုင်ပေမယ့် ငါကရော။

ငါ့ရဲ့ ကိုယ်ခန္ဓာက ဘာလို့ အရမ်းထူးခြားနေတာလဲ။

ငါ့မိဘတွေကလည်း သာမာန်မဟုတ်ဘူးလို့ ပြောလို့ရလား။

ဤအတွေးဖြင့် ရှန်ချင်းဟန်က ချက်ချင်းထ၍ လင်းဇီချန်ကိုပြောသည်။

"ဇီချန် ကြီးမားပြီး အကန့်အသတ်မရှိတဲ့ သလင်းကျောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသိစိတ်ပင်လယ်ကြီးနဲ့ဆိုတော့ ငါမိဘတွေလည်း အလားတူအခြေအနေမျိုးမှာ ရှိနေနိုင်တယ်လို့ နင်ထင်လား”

"အရမ်းဖြစ်နိုင်တယ်"

“ဒီည မင်းအိမ်ပြန်ရင် မင်းမိဘတွေရဲ့ အသိစိတ်ပင်လယ်ကို စစ်ဆေးဖို့ မင်းရဲ့ ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကြည့်။ ကို ဖေဖေ ပြန်ရောက်ရင်လည်း သူ့အသိစိတ်ပင်လယ်က ဘယ်လိုလဲဆိုတာ သိနိုင်ဖို့ ကို့ ဝိညာဉ်စွမ်းအားကို ဖြန့်ကြည့်မယ်”

ရှန်ချင်းဟန်က ရုတ်တရက် ပြဿနာတစ်ခုကို တွေးလိုက်မိသည်။

"အန်တီရှင်းရဲ့ အသိစိတ်ပင်လယ်တစ်ခုလုံးက အရင်းအမြစ်သလင်းကျောက်တွေနဲ့ ဖွဲ့စည်းထားမယ်ဆိုရင် သူက အရမ်းအစွမ်းကြီးမယ်လို့ အဓိပ္ပါယ်ရတယ်"

"ယုတ္တိရှိရှိပြောရရင် အန်တီရှင်းရဲ့ခန္ဓာကိုယ်ထဲ နင့် ဝိညာဉ်ရေးစွမ်းအားကို ဖြန့်ကျက်တည်းက သူ ချက်ချင်းသိသွားပြီး လွယ်လွယ်လေး တားလိုက်မှာပေါ့”

"ဒါဆို အန်တီရှင်းက နင့် စိတ်ဝိဥာဉ်စွမ်းအားကို ကျူးကျော်လာတာ ဘာလို့ မတားတာလဲ။"

"..."

ဤမေးခွန်းက လင်းဇီချန်ကို ခဏတာ တုန်လှုပ်သွားစေခဲ့သည်။

အမှန်ပဲ အမေသာ လျှို့ဝှက်ထားတဲ့ ကျွမ်းကျင်သူဖြစ်ရင် သူ့ အသိစိတ်ပင်လယ် အရွယ်အစားနဲ့ ငါ့ ဝိညာဉ်စွမ်းအား ကျူးကျော်တာကို အလွယ်တကူ တားဆီးနိုင်သင့်တယ်။

ဒါပေမယ့် အစကနေ အဆုံးထိ အမေက ဘာမှ မလုပ်ဘူး။

ဘာတွေဖြစ်နေတာလဲ။

သေချာတာတော့ သာမန်လူတစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ဟာ ဒီလောက်မကြီးနိုင်သလို အရင်းအမြစ်သလင်းကျောက်တွေနဲ့ လုံးဝပေါင်းစပ်ထားတာက သာမန်လူတစ်ယောက်မဖြစ်နိုင်တာပဲ။

ဒီနောက်ကွယ်မှာ မသိသေးတဲ့ လျှို့ဝှက်ချက်တစ်ခုရှိရမယ်။

...

ထိုညနေခင်း။

ရှန်ချင်းဟန်သည် ရှန်ကျန်းယဲ့နှင့် ရွှီမုန့်တို့ကို အဖော်ပြုရန် အိမ်ပြန်ခဲ့သည်။

သူမပြန်ရောက်ပြီး မကြာခင်၌ပင် WeChat မှ လင်းဇီချန်ထံ မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့ကာ ဝိညာဉ်စွမ်းအားကို မိဘများ၏ အသိစိတ်ပင်လယ်အား စစ်ဆေးရန် အသုံးပြုခဲ့ကြောင်း အသိပေးခဲ့သည်။

ရလဒ်များသည် အံ့ဩဖွယ်ပင်ဖြစ်သည်။ ရှန်ကျန်းယဲ့ နှင့် ရွီမုန့်တို့ နှစ်ဦးစလုံးသည် ကြီးမား၍ အကန့်အသတ်မရှိသော အရင်းအမြစ်သလင်းကျောက်များဖြင့် ဖွဲ့စည်းထားသည့် အသိစိတ်ပင်လယ်များရှိသည်။

...

နှစ်ညအကြာတွင် စာရေးဆရာများ နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ရန် မြို့တော်သို့ သွားခဲ့သော လင်းယန်ရှင်း ပြန်လည်ရောက်ရှိလာသည်။

အချိန်အတော်ကြာ မမြင်ခဲ့ရသည့် ဖခင်ဖြစ်သည်ကိုတွေ့သည်နှင့် လင်းဇီချန်၏ ပထမဆုံးသော အရာမှာ ဖခင်၏ ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်ရန် သူ၏ ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကာ ထောင့်တိုင်းကို ဂရုတစိုက် စစ်ဆေးရန်ဖြစ်သည်။

အဆုံးတွင် ရလဒ်များက မျှော်လင့်ထားသည့်အတိုင်းဖြစ်ခဲ့သည်။ လင်းယန်ရှန်၏ အသိစိတ်ပင်လယ်သည် အရင်းအမြစ်သလင်းကျောက်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားကာ ကျယ်ပြော၍ အကန့်အသတ်မရှိပေ။

ဤအချက်ကြောင့် နှစ်ဖက်လုံးရှိ မိဘများသည် မရိုးရှင်းဟု ထင်ရသည်။

လင်းဇီချန်သည် ၎င်းတို့လေးဦးအား နောက်ရက်များတွင် တမင်တကာ စောင့်ကြည့်လေ့လာကာ ၎င်းတို့၏မိဘများသည် လျှို့ဝှက်ကျွမ်းကျင်သူများဖြစ်ကြောင်း သက်သေပြရန် သဲလွန်စအချို့ကို ရှာဖွေခဲ့သည်။

ကံမကောင်းစွာဖြင့် ရက်အတော်ကြာ စောင့်ကြည့်လေ့လာပြီးနောက် နှစ်ဖက်လုံးမှမိဘများသည် အလွန်သာမန်ကျကာ ရင်းမြစ်သလင်းကျောက်များဖြင့် ဖွဲ့စည်းထားသည့် အသိစိတ်ပင်လယ်က မည်သည့် ထူးခြားမှုမျိုးမျှမပြခဲ့ျပ။

၎င်းတို့ မည်သို့မျှ စုံစမ်း၍ မရနိုင်သည်ကို သိလိုက်ရသောအခါ နောက်ဆုံးတွင် မိဘနှစ်ပါးစလုံးကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့ကာ ၎င်းတို့၏ အသိစိတ်ပင်လယ်၏ အခြေအနေကို ထုတ်ဖော်ပြ၍ မည်သို့ဖြစ်ပျက်ခဲ့သည်ကို ရှင်းပြပေးရန် တောင်းဆိုခဲ့သည်။

သူ့ကို ရုတ်တရက် ထိပ်တိုက်ရင်ဆိုင်ရသောအခါ မိဘနှစ်ပါးလုံး လုံးဝ အံ့ဩသွားကြကာ သူမေးသည်ကို နားမလည်ကြောင်း ပြောခဲ့ကြသည်။

၎င်းတို့သည် အရိပ်အမြွက်မျှပင် မသိနားမလည်ဘဲ အမှန်တကယ် နားမလည်ကြပုံရသည်။

ဤမြင်ကွင်းက လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ နှစ်ယောက်လုံးကို စိတ်ရှုပ်စေခဲ့သည်။

၎င်းတို့ မျှော်လင့်ထားသည်မှာ သူတို့၏ အသိစိတ်ပင်လယ်များအကြောင်း ထုတ်ဖော်ခံရပါက သူတို့၏မိဘများသည် ၎င်းတို့၏လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိရန်မမျှော်လင့်ထားသည့်ပုံစံမျိုးပြရန်ဖြစ်သည်။

သို့သော် တကယ်တမ်းတွင်မူ မိဘများက တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ အသိစိတ်ပင်လယ်က မည်သည့်အရာဖြစ်ကြောင်းနှင့် အရင်းအမြစ်သလင်းကျောက်များဟူသည် မည်သို့ဖြစ်သည်ကို နားမလည်နိုင်ကြပေ။

...

နေ့ရက်များ ကုန်လွန်သွားသည်။

လင်ဇီချန်နှင့် ရှန်းချန်ဟန်တို့ ကမ္ဘာမြေသို့ ပြန်ရောက်ပြီးကတည်းက ခုနစ်ရက်မြောက်နေ့ဖြစ်သည်။

ထိုနေ့နံနက်တွင် ၎င်းတို့ စိတ်မကောင်းစရာ သတင်းအချို့ကို ကြားလိုက်ရသည်။

နံပါတ် ၁ မြို့ကို နေလ အထွတ်အမြတ်မြေနှင့် မေ့ပျောက်ခြင်းနယ်မြေတို့၏ တိုက်ခိုက်ခဲ့သောအခါ မူလမြေရှိ အခြားမြို့များအပါအဝင် ရှန်ဟိုင်းမြို့အောက်ရှိ အမှတ် ၃၆ မြို့နှင့် အခြားမြို့များကိုလည်း တိုက်ခိုက်ခဲ့သည်။

အမှတ် ၃၆ မြို့တော်ကို တိုက်ခိုက်ခံရသောအခါ ရှန်ဟိုင်းမြို့၏ စွမ်းအားရှင်အများစုကို အကူအညီပေးရန် စေလွှတ်ခဲ့သည်။

ယွမ်သုန်ကျီ သွားသည်။

လျို့ချွမ်ဝူ သွားသည်။

စုန်ယွိယန် သွားသည်။

မာကျန်းဟယ် သွားသည်။

လက်တွေ့အားဖြင့် သွေးမျိုးဆက်စွမ်းအား အဆင့်မြင့်သူတိုင်းသည် နေ-လ အထွတ်အမြတ်မြေနှင့် မေ့ပျောက်ခြင်းနယ်မြေ၏ တိုက်ခိုက်မှုကို ခုခံရန် အမှတ် ၃၆ မြို့တော်သို့ သွားကြသည်။

ထိုအချိန်အတောအတွင်း အားနည်းသော အမှတ် ၃၆ မြို့တော်ကို သိမ်းပိုက်လုနီးပါးဖြစ်ကာ အသေအပျောက်များစွာရှိခဲ့သည်။

ရှန်ဟိုင်းတက္ကသိုလ် ကျောင်းသားကောင်စီ ဥက္ကဌဟောင်း ကျိုးရွှယ်ဟုန်၊ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ လက်ရှိဌာနမှူး မာကျန်းဟယ်တို့ ကွယ်လွန်ခဲ့သည်။

ယွမ်သုန်ကျီသည် ဒဏ်ရာအပြင်းအထန်ရခဲ့၍ သတိလစ်ကာ အိပ်ရာခဲလဲ၏ ပြန်လည်သက်သာလာရန် မိသားစုနေအိမ်တွင်နေခဲ့ရသည်။

လျို့ချွမ်ဝူလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ပျော့ပျောင်းနေပြီဖြစ်သော သူ၏ဝိညာဉ်သည် သိသိသာသာ ထိခိုက်သွားကာ ခေါင်းကိုက်ဝေဒနာဖြင့် နိုးထလာကာ ရက်တစ်ဝက်ခန့်တွင် သေဆုံးသည်ထက် ပိုဆိုးသော အခြေအနေတွင် နေထိုင်လျက် ယွမ်သုန်ကျီ၏ မိသားစုနေအိမ်တွင် ပြန်လည်ကျန်းမာလာရန်နေခဲ့သည်။

```

စုန်ယွီယန်သည် အတန်ငယ် ကံကောင်းခဲ့သည်။ သူမသည် မူလမြေတွင် ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကာ ပြင်းထန်စွာထိခိုက်မှုမရှိခဲ့ပေ။

...

ရေချိုးခန်းထဲတွင်။

လင်းဇီချန် နှင့် ရှန်ချင်းဟန်တို့သည် နှစ်ယောက်လုံး ကိုယ်တုံးလုံးဖြင့် ရေချိုးကန်ထဲတွင် အတူတူ ရေချိုးကြသည်။

ရေစိမ်နေချိန်၌ ရှန်ချင်းဟန်က အကြံပေး၏။

"ဆရာသခင်နဲ့ ဌာနမှူးက ဒဏ်ရာအရမ်းပြင်းတဲ့အတွက် မနက်ဖြန် သူတို့ဆီသွားလည်ကြမလား”

လင်းဇီချန်က ကန့်ကွက်ခြင်းမရှိခဲ့ပေ။ သူက အကြံကောင်းတစ်ခုဟုထင်ကာ ခေါင်းညိတ်လိုက်၏။

"ဒါဆို မနက်ဖြန်မနက် ကျောင်းအုပ်ကြီး ယွမ်နဲ့ ဌာနမှူးဆီ သွားကြည့်မယ်"

ရှန်ချင်းဟန်က သူမ၏ ရေစိုနေသော ရှေ့ဆံမြိတ်ကို ဘေးဖယ်လိုက်ပြီးနောက် ချိုသာစွာပြော၏။

"ဇီချန် နင် အရမ်း စွမ်းအားကြီးနေပြီလေ။ နင့်ရဲ့ သွေးမျိုးဆက်စွမ်းအား အဆင့်က မြင့်မြတ်သူ အဆင့် ရောက်လုနီးနီး ဖြစ်နေပြီ။ နင် မနက်ဖြန် ဆရာ့ဆီ သွာလည်ရင်း နင် သူ့ကို ကုပေးလို့ ရတယ်"

လင်းဇီချန်က ဆွံ့အသွားရသည်။

"မင်း အရမ်းအတွေးလွန်နေပြီ။ ကိုက နည်းနည်းလေး သွေးမျိုးဆက် စွမ်းအားအဆင့်မြင့်ရုံပါကွာ။ ကိုက ဟွာထော် လူဝင်စားတာ မဟုတ်ဘူး

အဲ့တာတွေကို ဘယ်လိုကုစားနိုင်မှာလဲ”

မကြာခင်၌ပင် နှစ်ယောက်သား ရေချိုးပြီးသည်နှင့် ရေချိုးခန်းထဲမှ ထွက်လာကြသည်။

အခန်းထဲပြန်ရောက်သောအခါ

၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို ကျွမ်းကျင်စွာ နက်ရှိုင်းအောင် လုပ်ကြသည်။ ထို့နောက် ယင်းက တစ်ညတာလုံး ကြာခဲ့သည်။

ရှန်ချင်းဟန်သာ သည်းခံနိုင်စွမ်းမမြင့်ပါက ဘေးခန်းမှကျန်းဝမ်ရှင်းပင် တစ်ညလုံး နိုးနေပေလိမ့်မည်။

မနက်လေးနာရီထိုးသောအခါ

နောက်ဆုံး၌ ၎င်းတို့ နှစ်ယောက်၏ နက်နက်ရှိုင်းရှိုင်းဆက်ဆံရေးကို ရပ်တန့်လိုက်ကာ စောင်ခြုံ၍ အတူတူ အိပ်စက်ခဲ့ကြသည်။

အကြောင်းတစ်ခုခုကြောင့် လင်းဇီချန်သည် ရုတ်တရက် အလွန်ပင် ပင်ပန်းနွမ်းနယ်လာသည်။ မျက်လုံးမှိတ်ပြီး နှစ်စက္ကန့်မျှသာအကြာတွင် အိပ်မောကျ၍ အိပ်မက်မက်ခဲ့သည်။

အိပ်မက်ထဲတွင်

လင်းဇီချန်သည် သူ့ကိုယ်သူ မမြင်နိုင်လောက်အောင် မှောင်မိုက်နေသော ထူးဆန်းသော ပတ်ဝန်းကျင်တစ်ခုတွင် ရောက်နေသည်ကို မြင်လိုက်ရသည်။

ဒီနေရာက ဘာလဲ။

ငါဘာလို့ဒီမှာရှိတာလဲ။

လင်းဇီချန်က အိပ်မက်ထဲတွင် ရှိနေသည်ကို မသိလိုက်ဘဲ မျက်မှောင်ကြုတ်ကာ ပတ်ပတ်လည်ကို သတိထား၍ ကြည့်လိုက်သည်။

ရုတ်တရက်

ဝှစ်!

နီမြန်းသော ဧရာမလိပ်ပြာတစ်ကောင် ဖြတ်ပြေးသွားသည်။

All Chapters