← Chapters

အပိုင်း ၄၂၇-၄၂၉

Vol. 29 Ch. 427-429

အပိုင်း ၄၂၇-၄၂၉

Vol. 29 Ch. 427-429

အခန်း (၄၂၇) နေလအထွတ်အမြတ်နယ်မြေမှသစ္စာဖောက် (၂)

အချိန်ကို ကြည့်လိုက်သောအခါတွင် လင်းဇီချန်က ထ၍ အဝတ်လဲကာ ရှန်ချင်းဟန်ကို ပြောလိုက်သည်။

"နေ့ဘက်မှာ ဆုယူဖို့ သိုလှောင်ခန်းကိုသွားတုန်းက မြို့အရှင်အတွင်းရေးမှူးက မြို့အရှင် ငါ့ကို ပြောစရာရှိလို့ သန်းခေါင်ကျရင် သူ့ရုံးခန်းကို လာခဲ့ဖို့ပြောထားတယ်။"

"အခု ငါအဲ့ကိုသွားရမှာ။ နောက်ကျတဲ့အထိ ပြန်မလာဘူးဆိုရင် အရင်စောစောအိပ်နှင့်။"

"...."

ရှန်ချင်းဟန်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"ကောင်းပြီ။ နားလည်ပါတယ်။ သွားတော့။"

လင်းဇီချန်က နမ်းလိုက်ပြီး အမြန်ပင် အဆောင်မှ ထွက်သွားကာ ပြတင်းပေါက်မှတစ်ဆင့်ပျံသွားသည်။ ခေတ္တမျှသာ ကြာလိုက်သည်။

လင်းဇီချန်က မြို့အရှင်ရုံးခန်းသို့ ရောက်သွားသည်။ ရုံးခန်းသည် မီးရောင်ခပ်ပျပျလေးလင်းနေသော်လည်း ချင်ချွမ်းရှိသည်ကို မမြင်နိုင်ပေ။

ဘယ်သူမှမရှိဘူးလား

ရုံးခန်းအလွတ်ကိုကြည့်ကာ လင်းဇီချန်သည် ရုတ်တရက်ပင် စိုးရိမ်သွားပြီး တစ်ခုခုကို သံသယဝင်နေမိသည်။ ညဉ့်နက်မှလာတွေ့ခိုင်းခြင်းသည် မြို့အရှင်ကိုယ်တိုင်ပြောခြင်းမဟုတ်ဘဲ မြို့အရှင်၏အတွင်းရေးမှူးက ပြောခဲ့ခြင်းဖြစ်သည်။ မြို့အရှင်သာရှိနေလျှင် ကိုယ်တိုင်ပြောမည်သာဖြစ်သည်။

အကြောင်းကြားတဲ့အတွင်းရေးမှူးက ပြဿနာတစ်ခုခုဖြစ်နေလို့များလား

တစ်ခုခုတော့ လွဲနေလေပြီ...

သံသယစိတ်များဖြင့် လင်းဇီချန်သည် တစ်စက္ကန့်ပင် တွေဝေမနေဘဲ ချက်ချင်းပင် အပြင်သို့ လှည့်ထွက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင်ပင်

ရွှတ်....

လေကိုခွင်းသောအသံကို ကြားလိုက်ရသည်။ ထိုအသံကို ကြားလိုက်သည့်အခါတွင် ရုံးခန်းတစ်ခန်းလုံး မည်းမှောင်သွားပြီး မျက်နှာရှေ့မှလက်ကိုပင် မမြင်ရတော့ပေ။

ထိုအချိန်တွင် ထူးဆန်းသည့်ကျောက်စာများက လေထဲတွင်ပေါ်လာပြီး အပြာရောင်ခပ်ဖျော့ဖျော့တောက်ပနေသည်။ ထိုအပြာရောင်အလင်းတန်းများသည် အချိန်နှင့်အမျှ အရောင်‌တောက်လာပြီး ရုံးခန်းထောင့်တစ်ထောင့်၌ အရိပ်တစ်ခုပေါ်လာသည်။ ထိုသူသည် နေ့ဘက်တွင်တွေ့ခဲ့သည့် မြို့အရှင်၏အတွင်းရေးမှူးကွမ်းပင် ဖြစ်သည်။

လင်းဇီချန်က သူမကို ချက်ချင်းမှတ်မိသွားကာ ချီသွေးကို ချက်ချင်းတိုးမြှင့်လိုက်သည်။ ထို့နောက်တွင်တည်ငြိမ်သည့်ဟန်ဖြင့်ပင် မေးလိုက်သည်။

"အတွင်းရေးမှူးကွမ်း မြို့အရှင်မရှိဘူးလား။"

"မရှိဘူး"

အတွင်းရေးမှူးကွမ်းက ထောင့်မှထွက်လာပြီး လေထဲမှကျောက်စာများက အရောင်ပို၍တောက်ပလာသည်။

"မြို့အရှင်က ဘယ်တော့မှာ ညဘက် ရုံးခန်းမှာမနေဘူး။"

ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်တစ်ယောက် ရင်တုန်သွားကာ အားတင်း၍တည်ငြိမ်အောင် လုပ်ထားရသည်။

"ဒါပေမဲ့လို့ အတွင်းရေးမှူးကွမ်းပဲ ဒီနေ့ မြို့အရှင်က ရုံးခန်းကို လာခဲ့ဖို့ ‌ပြောသွားတာလေ။"

"မြို့အရှင်က မင်းကို ဘယ်တုန်းကမှ မလာခိုင်းဘူး။ ငါက လာခိုင်းတာ။"

"ဆွေးနွေးစရာရှိလို့လား အတွင်းရေးမှူးကွမ်း။"

ပြောရင်းဖြင့် အန္တရာယ်ကြိုတင်သိမြင်ခြင်းကိုသုံးကာ အတွင်းရေးမှူးကွမ်း၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို ခန့်မှန်းကြည့်သည်။ သို့သော်လည်း ဘာမှမတွေ့ပေ။ ဆိုလိုသည်မှာ အတွင်းရေးမှူးကွမ်း၏ သွေးမျိုးဆက်စွမ်းအားသည် ထင်ထားသည်ထက် ပိုသည်။ အခြေအနေမကောင်းတော့ပေ။ လင်းဇီချန်၏အမူအရာက ရုတ်တရက်တင်းမာသွားကာ အခြေအနေကို ထိန်းမထားနိုင်တော့ပေ။

"ကျွန်တော် ခင်ဗျားနဲ့ ဘာမှဆွေးနွေးစရာမရှိဘူး။"

အတွင်းရေးမှူးကွမ်းသည် လေထဲမှကျောက်စာများကို မြေကြီးပေါ်သို့ချလိုက်သောအခါ၌ ကြီးမားလှဿည့်အစီအရင်တစ်ခုပေါ်လာပြီး ဆက်ပြောသည်။

"မင်းကို ဒီနေရာကနေ ခေါ်သွားပေးချင်တာပါ။ ပြီးတော့ မင်းကို နေလအထွတ်အမြတ်နယ်မြေက ပန်းနတ်ဘုရားမဆီ စတေးဖို့ခေါ်သွားမယ်။"

နေလအထွတ်အမြတ်နယ်မြေ

ထိုစကားကို ကြားသည့်အခါတွင် လင်းဇီချန်က မျက်မှောင်အသာကြုတ်လိုက်မိသည်။ တစ်ခုခုကို သိလိုက်ပေသည်။ မိမိရှေ့မှ မြို့အရှင်၏အတွင်းရေးမှူးသည် သစ္စာဖောက်ပင် ဖြစ်သည်။

"အစပိုင်းတုန်းက ငါက မင်းကို စိတ်မဝင်စားပါဘူး။ တိတ်တိတ်လေးအတွင်းလူလုပ်ပြီးတော့ဘဲ မြို့နံပါတ်တစ်ကို တိုက်ခိုက်မှာကို စောင့်နေတာ။ နေလအထွတ်အမြတ်နယ်မြေကို ကူညီပေးဖို့အတွက်ပေါ့။ ဒါပေမဲ့လို့ နေ့ဘက်မှာတော့ သတိထားပြီးလုပ်ရတယ်။ ဒါပေမဲ့ သွေးသန့်လူသားဖြစ်တဲ့မင်းက ဂမ္ဘီအပင်တွေကို ဆင့်ခေါ်နိုင်တယ်ဆိုမှတော့ မင်းကို ပန်းနတ်ဘုရားမဆီခေါ်သွားပြီး ယဇ်ပူဇော်ရမယ်။ အတွင်းလူဖြစ်တယ်ဆိုတာကို ဖော်လိုက်ရတာ တန်တာပေါ့။"

ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်သည် သွားပြီဟု စဉ်းစားလိုက်မိသည်။

မိမိသည် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များရရန် မိမိ၏အစွမ်းအစကို ထုတ်ဖော်ခဲ့သော်လည်း ယခုတွင်မူ သစ္စာဖောက်များ၏ပစ်မှတ်အဖြစ်သာ အဆုံးသတ်သွားရပေသည်။မိမိဘာသာ ဖန်တီးလိုက်မိသည့်ကပ်ဘေးဟု ထင်မိသည်။

သို့သော်လည်း နောင်တရနေချိန်မရှိပေ။ လွတ်ရန်နည်းလမ်းစဉ်းစားရပေမည်။ အသိဝင်လာသောအခါတွင် လင်းဇီချန်သည် ချီသွေးအားလုံးသုံးကာ ရုံးခန်းတံခါးပေါက်ဆီသို့ ဦးတည်ပြေးသွားသည်။ သို့သော်လည်း တံခါးဆီသို့ ရောက်သည့်အခါတွင် မည်မျှပင်ကြိုးစားသော်လည်း မထိုးဖောက်နိုင်သည်ကို သိလိုက်ရသည်။ ရုံးခန်းတံခါးကို မမြင်နိုင်သောအားတစ်ခုဖြင့် ပိတ်ထားသည်။ လွတ်လမ်းမရှိသည်ကို သိလိုက်သောကြောင့် လင်းဇီချန်က ဗျူဟာပြောင်းလိုက်ပြီး ချီသွေးကို လည်ချောင်းထိစုစည်းကာ အပြင်ဘက်သို့ အော်ပြောလိုက်သည်။

"မြို့အရှင်အတွင်းရေးမှူးက သစ္စာဖောက်ပဲ။ သူက ငါ့ကို နေလအထွတ်အမြတ်နယ်မြေကို ခေါ်သွားချင်နေတာ။ တစ်ယောက်ယောက် ကူညီကြပါဦး။"

ပါမီရှင်တစ်ယောက်အနေဖြင့်ထိုသို့အကူအညီတောင်းရသည်မှာ ရှက်စရာကောင်းသော်လည်း ယခုတွင် ထိုသို့နည်းလမ်းတစ်ခုတည်းသာရှိသည်။

ကံမကောင်းစွာဖြင့် အော်ပြီးနောက်တွင် အတွင်းရေးမှူးကွမ်းက အေးစက်စွာဖြင့် ပြောလိုက်သည်။

“ရုံးခန်းတစ်ခုလုံးကို ပိတ်ထားတာ။ မင်းဘယ်လိုမှထွက်လို့မရနိုင်ဘူး။ မင်းအသံလည်း အပြင်ကိုမထွက်ဘူး။"

ပြောပြီးပြီးချင်းတွင်ပင် မြေပြင်မှ နောက်ဆုံးကျောက်စွာကို နင်းလိုက်သည်။

"ဘုန်း"

ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

နောက်တွင်မူ မြေကြီးပေါ်မှ ထူးခြားသောအစီအရင်သည် အရောင်တောက်ပစွာ လင်းထိန်လာတော့သည်။ ထို့နောက်တွင် ကြီးမားလှသည့်ပန်းဖူးကြီးက မြေကြီးထဲမှ ထွက်လာပြီး လင်းဇီချန်ကို ဝါးမျိုရန်ဟလာသည်။ လင်းဇီချန်ကမူ ဝါးမျိုမခံပေ။ ရှိသမျှအားဖြင့် ရှောင်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် အဆင့်မြင့်ဝိညာဉ်နှင့်တောအရှင်ကို အသက်သွင်းကာ ထိုပန်းကိုထိန်းချုပ်လိုက်သည်။သို့သော်လည်း ထိန်းချုပ်၍မရပေ။ ပန်းအဖူးသည် အဆင့်မြင့်သက်ရှိဖြစ်နေကာ မိမိ၏အဆင့်မြင့်အဌမအဆင့်ထက်ပင် ‌ကျော်လွန်နေသည်။ လင်းဇီချန်တစ်ယောက် ဝါးမျိုခံရ‌တော့မည့်ဆဲဆဲတွင်

"ဝှစ်"

ရုတ်တရက်ပင် မီးတောက်တစ်ခုက ပန်းပွင့်ကို ထိမှန်သွားသည်။ ချက်ချင်းဆိုသလိုပင် လင်းဇီချန်သည် မိမိရှေ့မှပန်းအဖူးသည် ခရမ်းရောင်မီးတောက်စွဲသွားသည်ကိုတွေ့လိုက်ရသည်။ ထိုခရမ်းရောင်မီးတောက်ကြောင့် ထိုပန်းအဖူးသည် ချက်ချင်းပင် ပြာအဖြစ်ပြောင်းသွားကာ မြေပြင်ပေါ်တွင် ပြန့်ကြဲသွား၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ၌ လင်းဇီချန်တစ်ယောက် မျက်လုံးပြူးကျယ်သွားတော့သည်။

အားကောင်းလိုက်တဲ့ကျင့်စဉ်....

ဒီပန်းပွင့်ကိုတောင်ဘာမှမဟုတ်သလို လုပ်ပစ်နိုင်တယ်....

ဘယ်သူဝင်လုပ်လိုက်တာလဲ

ထိုမေးခွန်းဖြင့် လင်းဇီချန်သည် ချက်ချင်းပင် သူ၏အန္တရာယ်ကြိုတင်သိမြင်ခြင်းကို အဆုံးစွန်ထိတိုးမြင့်လိုက်ပြီး တတိယမြောက်လူကို ရှာကြည့်သည်။ သို့သော်လည်းမည်သူ့ကိုမှ ရှာမတွေ့ပေ။ မိမိနှင့်အတွင်းရေးမှူးကွမ်းသာ ရှိသည်။ သို့တိုင် အတွင်းရေးမှူးကွမ်း၏လန့်ဖျပ်သွားသောမျက်နှာကို မြင်လိုက်ရသည်။ အတွင်းရေးမှူးကွမ်းက ထိုမီးတောက်ကို သိနေဟန်ပေါ်သည်။

"ကွမ်းမင် နေလအထွတ်အမြတ်နယ်မြေက ထည့်ထားတဲ့သူလျှိုက မင်းဖြစ်နေမယ်လို့ တစ်ခါမှထင်မထားခဲ့ဘူး။ အထူးသဖြင့် မင်း ကြီးပြင်းလာတာကို ကြည့်ခဲ့ရတာကိုး။"

ထိုအသံသည် ရုံးခန်းရှိကုလားထိုင်ပေါ်မှ ထွက်ပေါ်လာသည်။ အသံလာရာသို့ လင်းဇီချန်က အမြန်လှည့်ကြည့်လိုက်သောအခါ၌ မြို့အရှင်ချင်ချွမ်းသည် အေးအေးဆေးဆေးပင် ကုလားထိုင်ပေါ်၌ လက်ဖက်ရည်သောက်နေသည်ကို တွေ့လိုက်ရသည်။

"ဘယ်အချိန်က ဝင်လာတာလဲ။"

ကွမ်းမင်က ချင်ချွမ်းဘက်သို့လှည့်ကာ တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

ချင်ချွမ်းကမူ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဖြေလိုက်သည်။

"ငါက အမြဲတမ်းရုံးခန်းထဲမှာပဲရှိတာ။ ထွက်မသွားဘူး။ မင်းတို့နှစ်ယောက်က ငါရှိနေတာကို မသိတာ။ ဒီလောက်ပဲ။"

ကွမ်းမင်က ကြောက်လန့်တကြားဖြင့်မျက်နှာပင် ဖျော့တော့သွားကာ ပြောလိုက်သည်။

"ဦးလေးချွမ်း အရင်တုန်းက အချိန်တွေအတွက် ကျွန်မကို တစ်ခေါက်လောက်ခွင့်လွှတ်ပေးနိုင်မလား။"

ခံစားချက်ကင်းမဲ့နေသောချင်ချွမ်းက ပြန်ဖြေလိုက်သည်။

"ငါလည်း အဲ့လိုလုပ်ချင်ပါတယ်။ ဒါပေမဲ့လို့ ငါသစ္စာဖောက်တွေကို ထားတဲ့အမုန်းက မင်းအပေါ်ထားတဲ့မေတ္တာထက် ပိုလွန်နေတာ။"

"ဦးလေးချွမ်း ကျွန်မက ရှင့်ကလေးကို လွယ်ထားရတာ။ ဒီကလေးအတွက် ကျွန်မအသက်ကို ချမ်းသာပေးပါ။"

ကွမ်းမင်က ရုတ်တရက်ပင် ဒူးထောက်တောင်းပန်လိုက်သည်။

ချင်ချွမ်းက သူမဗိုက်ကိုကြည့်ကာ တည်ငြိမ်သောအသံဖြင့်ပင် ပြောလိုက်သည်။

"ကလေးက မွေးလာမှ ကလေးလို့ခေါ်ရမှာပေါ့။ မမွေးသေးတဲ့ကလေးကိုတော့ အသေမွေးတာလို့ခေါ်ရမှာ။"

ထိုစကားကို ပြောပြီးသည်နှင့် ဝှစ်ခနဲအသံကို ကြားလိုက်ရသည်။ ကွမ်းမင်၏ခန္ဓာကိုယ်က ရုတ်တရက်ပင် အနက်ရောင်မီးတောက်များစွဲသွားကာ အသံတစ်သံမထွက်နိုင်ခင်တွင်ပင် ပြာအဖြစ်ပြောင်းသွားတော့သည်။

ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရသောလင်းဇီချန်သည် အမှန်တရားတစ်ခုကို သိလိုက်ပေသည်။ အားကြီးသောသူများသည် အကြင်နာကင်းမဲ့ကြသည်။ မဟုတ်လျှင်အကြင်နာမကင်းမဲ့လျှင် အားကြီးသောသူဖြစ်ရန် ခက်ခဲပေသည်။ ချီချင်းမော့ဖြစ်စေ၊ ချင်ချွမ်းဖြစ်စေ အတူတူပင် ဖြစ်လေ၏။

အခန်း (၄၂၈) မေ့ပျောက်ခြင်းနယ်မြေ

"ကမ္ဘာက မင်းကို မွေးခဲ့ပြီး မင်းကို ပျိုးထောင်ပေးခဲ့တာကိုး မင်းက ဂြိုလ်သားမျိုးနွယ်စုဘက်မှာနေဖို့ ရွေးတယ်ပေါ့။ ဒါက မင်းလုပ်ခဲ့တဲ့အရာတွေပဲ။"

ချင်ချွမ်းသည် မြေပြင်ပေါ်မှ ပြာပုံကိုငုံ့ကြည့်ရင်းဖြင့် စိတ်ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ အတွင်းရေးမှူးသည် မိမိ၏မျက်လုံးအောက်တွင် ကြီးပြင်းလာခဲ့ပြီး သူမ၏အခြေအနေနှင့်ပက်သက်၍လည်း တာဝန်ရှိသည်။ သို့‌သော်လည်း တိကျသောဆုံးဖြတ်ချက်ချရန် တုံ့ဆိုင်းမနေပေ။ ကမ္ဘာသားများကို အန္တရာယ်မပေးသည်ကသာ သူ၏အခြေခံအချက်ပင်ဖြစ်သည်။ မဟုတ်လျှင် ချစ်သူမဆိုထားနှင့် မိခင်ကိုပင် သတ်နိုင်သူဖြစ်သည်။

"နေ့ဘက်တုန်းက မင်းပြတဲ့အင်အားက ငါ့ကိုတောင် အံ့ဩသွားစေတယ်။ နှစ်ပေါင်းသောင်းချီနေလာတဲ့ရှေးခေတ်လူသားတွေကလွဲလို့ ဒီလောက်ပါရမီထူးချွန်တဲ့ကမ္ဘာသားမျိုးကို မမြင်ဖူးဘူး။"

လင်းဇီချန်သည် ချီးကျူးသည်ကို နားထောင်နေသော်လည်း ထိုကိစ္စနှင့်ပက်သက်၍ စိတ်ခံစားချက်မဖြစ်ပေ။ မိမိဂရုစိုက်သောစကားလုံးသည် ရှေးခေတ်လူသားဟုသောစကားလုံးကိုပင်ဖြစ်သည်။ ထို့ကြောင့် မေးလိုက်မိသည်။

"မြို့အရှင် ရှေးခေတ်လူသားတွေဆိုတာ ရှိသေးတာလား။"

ချင်ချွမ်းက ပြန်ဖြေလိုက်သည်။

"ရှေးခေတ်နတ်ဘုရားကာလတုန်းက မသေမျိုးနတ်ဘုရားတွေဆိုတာရှိခဲ့တယ်။ ကောင်းကင်လူသားသခင်ကလည်း သူတို့ထဲကတစ်ယောက်ပဲ။"

လင်းဇီချန်သည် ချီချင်းမော့မှာ ရှေးခတ်လူသားဖြစ်သည်ကို သိထားသည်။ ချင်ချွမ်း‌ပြောသည်ကို ကြားလိုက်ရသောအခါတွင် မအံ့ဩပေ။ မိမိ၏သံသယကိုပင် အတည်ပြုပြီးဖြစ်သည်။ ကမ္ဘာမြေပေါ်၌ အခြားသောရှေးခတ်လူသားများ ရှိနေသေးသည်။

မူလမြေ၌လည်း ကမ္ဘာမှပုန်းအောင်းနေသည့်အခြားသောအားပြင်းသောသက်ရှိများရှိနိုင်သည်။

"ဒါနဲ့မြို့အရှင် ကောင်းကင်လူသားသခင်နဲ့ပက်သက်ပြီး ဘာသတင်းရထားသေးလဲ။"

လင်းဇီချန်သည် ချီချင်းမော့အကြောင်းကို မေးလိုက်သည်။

နံပါတ်တစ်မြို့အရှင်ဖြစ်သောချင်ချွမ်းသည် မူလမြေနှင့်ပက်သက်၍ ကောင်းကောင်းသိထားပေမည်။ ချီချင်းမော့နှင့်ပက်သက်၍ တစ်ယောက်ယောက်သိထားလျှင် ထိုသူသည် ချင်ချွမ်းသာ ဖြစ်ပေမည်။

"ကောင်းကင်လူသားသခင်လား။ သူက တောင်ပိုင်းမကောင်းဆိုးဝါးအရိုင်းမြေထဲဝင်သွားတာ မကြာသေးဘူး။ အဲ့မှာ ဆန်းကြယ်သားရဲအများကြီးကို စုပ်ယူနေတာ။ အဲ့ကတည်းက ပြန်ထွက်မလာသေးဘူး။"

ချင်ချွမ်းသည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ကျိုက်သောက်ကာ ဆက်ပြောလိုက်သည်။

"မင်းရဲ့ကောင်းကင်လူသားသခင်လို အစွမ်းကြီးတဲ့သူတွေက ငါမူလမြေမှာနေခဲ့တဲ့နှစ်ရာချီအတွင်း တစ်ခါမှမတွေ့ခဲ့ဖူးဘူး။"

ကောင်းကင်လူသားသခင်က အဲ့လောက်ကြမ်းတယ်လား။

ထိုသို့ပြောလိုက်သဖြင့် လင်းဇီချန်သည် အတော်လေးအံ့ဩသွားကာ ဝမ်းသာသွားမိသည်။ ချီချင်းမော့သတင်းမကြားရသဖြင့် အဆိုးဆုံးကို ပြင်ဆင်ထားခဲ့သော်လည်း ယခုတွင်မူ သူမအတွက် စိတ်မပူတော့ပေ။

ချီချင်းမော့သည် မိမိစိတ်ကူးထားသည်ထက် များစွာအားကောင်းလှသည်။ ထိုသို့ဆိုလျှင်ကောင်းကင်လူသားသခင်၏စွမ်းအားက မည်သို့ဖြစ်နိုင်မည်နည်း

ဒဏ္ဍာရီလာအဆင့်လား မဟုတ်ရင် အခြားအဆင့်တစ်ခုခုလား

၎င်းဘာသာ စဉ်းစားနေမိသည်။ ချင်ချွမ်းသည် လက်ဖက်ရည်ခွက်တစ်ခွက်ငှဲ့၍ စားပွဲပေါ်တွင်တင်လိုက်ပြီး လင်းဇီချန်ကိုပြောလိုက်သည်။

"ထိုင်ပါ။ သောက်ရင်းစကားပြောကြတာပေါ့။"

အသံသည်တည်ငြိမ်လှကာ တစ်ယောက်ယောက်ကို သတ်ခဲ့သည့်ပုံပင်မပေါ်ပေ။ မိမိကလေးကိုလွယ်ထားခဲ့သည့်သူကို သတ်ခဲ့သပုံနှင့်မတူပေ။ ရက်စက်မှုဘုရင်သရဖူဆောင်းထားသူ ဖြစ်သည်။

လင်းဇီချန်သည် ခုံကိုဆွဲယူကာ ထိုင်လိုက်သည်။ အမူအရာကမူ မပြောင်းလဲပေ။ လှုပ်ရှားမှုများက အေးအေးသာသာပင် ဖြစ်သည်။ ချင်ချွမ်းက လက်ဖက်ရည်တစ်ကျိုက်သောက်ကာ မေးလိုက်သည်။

"ကောင်းကင်လူသားသခင်နဲ့ပက်သက်ပြီး ဘယ်လောက်သိထားလဲ။"

လင်းဇီချန်က တွန့်ဆုတ်ခြင်းမရှိ ပြန်ဖြေလိုက်သည်။

"သူ့အသက်က အတော်လေးကြာပြီဆိုတာကလွဲလို့ အခြားဘာမှသိမထားပါဘူး။ ကောင်းကင်လူသားသခင်က အတော်လေးထူးဆန်းတယ်။"

ထိုစကားက လုံးဝအမှန်မဟုတ်ပေ။

အမှန်တွင် သူသည် ချီချင်းမော့အကြောင်းကို အနည်းငယ်မျှ ပိုသိထားသည်။ ချီချင်းမော့အား ချီသွေးလွှဲပြောင်းပေးနေစဉ်အတွင်းတွင် စကားပြောရင်းဖြင့် အချိန်ကုန်ခဲ့ကြသည်။ သို့သော်လည်း ချီချင်းမော့ဖြင့်ပက်သက်သည့်အချက်အလက်များကို မပြောဘဲ စောင့်ထိန်းထားသည်။ ချီချင်းမော့သည် မိမိကို ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များ ထောက်ပံ့ပေးသောသူမျိုးဖြစ်ကာ မြို့အရှင်ကမူ အပြင်လူသာ ဖြစ်သည်။ ဆွေမျိုးနှင့်ပက်သက်သည့်သတင်းကို အပြင်သူကို သွားပြောခြင်းက ရူးရာကျပေမည်။ လင်းဇီချန်က ထိုသို့ပြောသောကြောင့် ချင်ချွမ်းလည်း အတင်းဖိအားမပေးတော့ပေ။

"မင်းရဲ့အင်အားက အခုလောက်ဆို လုံလောက်နေပြီ။ နောက်ရက်ပိုင်းလောကျရင် မူလမြေရဲ့ပတ်ဝန်းကျင်ကို အပြင်ထွက်ပြီးလေ့လာကြည့်လိုက်ပါ။"

"မြို့အရှင်ပြောတာ မှန်ပါတယ်။"

အစက ထိုသို့လုပ်ရန်ပင် စီစဉ်ထားကာ ဖုကျုံးက မိမိနှင့်ရှန်ချင်းဟန်ကို ခေါ်သွား‌ပေးမည်ဖြစ်သည်။

"ဒါနဲ့ မင်းမိဘတွေနဲ့ ရှန်ချင်းဟန်မိဘတွေကရော ဘယ်လိုဇာတ်လမ်းမျိုးလဲ။ မင်းတို့နှစ်ယောက်လုံးက ဆင့်ကဲပြောင်းလဲခြင်းပါရမီထူးပေမဲ့လို့ မိဘတွေကတော့ သာမန်လူတွေမလား။"

ချင်ချွမ်းက ရုတ်တရက် မေးလာသည်။ ထိုမေးခွန်းအတွက်မူ လင်းဇီချန်၌ အဖြေမရှိပေ။ မိမိသည်အားကောင်းနေရသည်မှာ ချွင်းချက်ပင်ဖြစ်လေသည်။ ရှန်ချင်းဟန်အားကောင်းနေရသည်မှာလည်း မဖြေရှင်းနိုင်သည့်ထူးဆန်းမှုဖြစ်ကာ မည်သူမှမသိနိုင်ပေ။

"အဲ့ဒါကိုတော့ ကျွန်တော်လည်း မသေချာဘူး။ ကျွန်တော်ကို ထူးဆန်းနေတာ။ မိဘတွေက သာမန်လူတွေဆိုပေမဲ့လို့ ရှန်ချင်းဟန်နဲ့ကျွန်တော်က ဘာလို့ ဆင့်ကဲပြောင်းလဲခြင်းပါရမီမြင့်နေရတာလဲဆိုတာကို မသိဘူး။"

လင်းဇီချန်က ပြန်ဖြေလိုက်သည်။

မြို့အရှင်က ခေါင်းညိတ်ပြပြီး ထိုမေးခွန်းကို ဆက်ပြီး မတူးဖော်တော့ပေ။ လင်းဇီချန်ကိုယ်တိုင်ပင် နားမလည်နိုင်သည်ကို သိသောကြောင့်ပင် ဖြစ်သည်။

ရုံးခန်းထဲတွင် စကားပြောကြသည်က နာရီဝက်ခန့်ကြာသည်။ ခေါင်းစဉ်အကြောင်းအရာက အမျိုးမျိုးပင် ဖြစ်သည်။ အခြေခံအားဖြင့် လင်းဇီချန်သည် မေးခွန်းမေးကာ ချင်ချွမ်းက စိတ်ရှည်စွာဖြင့် ပြန်ဖြေသည်။ မူလမြေနှင့်ပက်သက်သည့်စွမ်းအားများအကြောင်းမေးသည်။ ကမ္ဘာမြေပေါ်မှရှေးခတ်လူသားများအကြောင်း မေးသည်။ များစွာမေးကြည့်ကာ ရသောအဖြေများကလည်း အံ့ဩစရာကောင်းလှပေသည်။

....

နောက်တစ်နေ့မနက် အရုဏ်တက်ချိန်တွင်ဖြစ်သည်။ လင်းဇီချန်နှင့်ရှန်ချင်းဟန်သည် မြို့ပေါက်တွင် စောစောစီးစီးပင် ဖုကျုံးအလာကိုစောင့်နေကာ မြို့ထဲမှထွက်ရန် အဆင်သင့်ဖြစ်နေလေပြီ။

"ဇီချန် သစ္စာဖောက်တွေက ဘယ်လိုလုပ် အဲ့လောက်များရတာလဲ။ မြို့အရှင်ရဲ့အတွင်းရေးမှူးကတောင်မှ သစ္စာဖောက်ဖြစ်နေသေးတယ်။ ဒီလောကကြီးက မလုံခြုံတော့ဘူးပဲ။"

ရှန်ချင်းဟန်က မြို့နံနံများနားမှ အစောင့်များမကြားစေအောင် တီးတိုးလေးပြောလိုက်သည်။

အခန်း (၄၂၉) မေ့ပျောက်ခြင်းနယ်မြေ (၂)

လင်းဇီချန်သည် မနေ့ညက အခန်းသို့ ပြန်ရောက်သည်နှင့် ရုံးခန်းထဲ၌ တိုက်ခိုက်ခံရသည်ကို ပြောပြခဲ့သည်။ သူမကို ထိုအကြောင်းကိုကြားသောအခါတွင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ ယခုတွင်မူ သူမသည်လည်းအတူတူပင်ခံစားနေမိသည်။ အချိန်နှင့်အမျှ ရက်စက်မှုများ ပေါ်ပေါက်လာကာ အခြေအနေက မသက်မသာရှိလှသည်။

လင်းဇီချန်က ရှင်းပြလိုက်သည်။

"လက်ရှိကမ္ဘာပေါ်က အခြေအနေက အ‌တော်လေးမျှော်လင့်ချက်မဲ့နေတာ။ လူတော်တော်များများကလည်း တဖြည်းဖြည်းနဲ့ မူလမြေသိမ်းပိုက်တာကို ခံရတော့မယ်လို့ ထင်ထားတာ။ လက်ရှိအခြေအနေနဲ့သာဆိုရင် သစ္စာဖောက်တွေရှိလာတာက သာမန်ပါပဲ။"

"ဇီချန် တစ်နေ့မှာ ကမ္ဘာကြီးက တကယ်ပဲ မူလမြေသိမ်းပိုက်တာသာ ခံရရင် ငါတို့လည်း သစ္စာဖောက်တွေဖြစ်လာလောက်တယ်နော်။"

ရှန်ချင်းဟန်က တီးတိုးလေးဆိုလိုက်သည်။ လင်းဇီချန်က တည်ကြည်သောအမူအရာဖြင့် ခေါင်းလှည့်ကြည့်ကာ ပြောလိုက်သည်။

"ကမ္ဘာမြေသားတွေအနေနဲ့ ငါတို့က ဒီလိုမျိုး မတွေးသင့်ဘူး။ နားလည်လား။"

"နားလည်ပါပြီ။ ငါမှားပြောမိတာ။ စိတ်ထဲမထားပါနဲ့။"

"အခြားတစ်ယောက်ယောက်က အလေးအနက်ထားမှာပဲစိုးရတယ်။"

"ငါမှားတာ သိပါပြီ...."

ရှန်ချင်းဟန်က ဖျော့တော့သောလေသံဖြင့် ပြောလိုက်သည်။ သူမနားလည်သွားသည်ကို မြင်သောကြောင့် ထပ်၍မဆုံးမတော့ပေ။ တစ်နေ့တွင် မူလမြေသိမ်းပိုက်သည်ကိုသာ ခံရလျှင် သစ္စာဖောက်ဖြစ်လာမည့်အကြံကလည်း သာမန်မျှသာပင် ဖြစ်သည်။ လူသားများ၏ဗီဇက အသက်ရှင်နိုင်ရန်ဖြစ်သည်။ သို့သော်လည်း တစ်ယောက်ယောက်၏စိတ်ထဲ၌ ထိုအတွေးမျိုး အမြစ်တွယ်လာလျှင် ကျယ်ကျယ်မပြောသင့်သကဲ့သို့ ဖွင့်ပင်မပြောသင့်ပေ။ မဟုတ်လျှင် ကိုယ့်ဘာသာသတ်သေသကဲ့သို့ ဖြစ်သွားပေမည်။ ထိုအချိန်တွင်ပင် အသံတစ်သံကို ကြားလိုက်ရသည်။

"ဇီချန် ခြောက်နာရီမှလို့ ပြောခဲ့တာမလား။ ဘာလို့ အစောကြီးရောက်နေကြတာလဲ။"

ဖုကျုံးသည် မြင်းမြီးပုံဆံပင်စည်းထားသည့်မိန်းကလေးတစ်ဦးနှင့်အတူရောက်လာသည်။ ထိုမိန်းကလေးသည်လည်း ဂြိုလ်လူသားပါရမီရှင်အဖွဲ့မှဖြစ်ကာ လင်းဇီချန်က သူမကို သတိထားမိသည်။ သူမသည် အသက်(၂၅)နှစ်ရှိပြီဖြစ်ကာ နာမည်မှာ ဝူရှီးယာဖြစ်၍ အဆင့်မြင့်ဆဌမအဆင့်သွေးမျိုးဆက်စွမ်းအားအဆင့်ရှိသူ ဖြစ်သည်။

"စောစောနိုးနေလို့ပါ။ ဘာမှလုပ်စရာမရှိတာနဲ့ စောစောထွက်လာကြတာ။" လင်းဇီချန်က တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြောလိုက်သည်။

ဖုကျုံးက ဝူရှီးယာ၏လက်ကိုဆွဲ၍ ချဉ်းကပ်လာပြီး ပြုံးပြလိုက်သည်။

"ဒါက ဝူရှီးယာ ငါတို့အဖွဲ့ထဲကတစ်ယောက်ပဲ။ ငါတို့ကလည်း အတွဲတွေ။"

ဝူရှီးယာကို မသိလောက်ဟုထင်၍ မိတ်ဆက်ပေးခြင်းပင် ဖြစ်သည်။

"ယာကျဲ ကျွန်တော့်ကို ဇီချန်လို့ခေါ်နိုင်ပါတယ်။ သူ့ကိုတော့ချင်းဟန်လို့ခေါ်နိုင်ပါတယ်။"

နှုတ်ဆက်ပြီးနောက်တွင် ရှန်ချင်းဟန်ကိုပါ မိတ်ဆက်ပေးလိုက်သည်။ အမှန်တွင် အချင်းချင်းမိတ်ဆက်သည်က အရေးမကြီးလှပေ။ မိမိတို့က နာမည်ကြီးပြီးသားဖြစ်သည်။ မြို့ထဲရှိသူအားလုံးက မိမိတို့ကို သိကြသည်။ လင်းဇီချန်က ထိုမျှယဉ်ကျေးလိမ့်မည်ဟု ဝူရှီးယာက မထင်မိသောကြောင့် ပြုံး၍ ပြန်ပြောလိုက်သည်။

"အဲ့လိုဆို အခုကစပြီး ဇီချန်နဲ့ ချင်းဟန်လို့ပဲ ခေါ်တော့မယ်နော်။"

စကားအနည်းငယ်မျှပြောပြီးနောက်တွင် လေးယောက်သားအုပ်စုသည် မြို့ပြင်၌ အတွေ့အကြုံထွက်ရှာကြတော့သည်။ မိမိတို့၏ခရီးက မြို့အနီးအနားနေရာများသို့ ဖြစ်သည်။ အတွေ့အကြုံရှာသည်ဆိုသော်လည်း လှည့်လည်သွားလာခြင်းနှင့်မခြားလှပေ။ လင်းဇီချန်၏စွမ်းအားက ကောင်းလွန်းသောကြောင့် မည်မျှပင် ဆန်းကြယ်သားရဲ၊ ဆန်းကြယ်အပင်များဖြင့် ရင်ဆိုင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းပင် အဆုံးသတ်သွားသည်။ ဖုကျုံးနှင့် ဝူရှီးယာတို့ကလည်း လမ်းပြအဖြစ် ကောင်းကောင်းလမ်းပြပေးသည်။ ၎င်းတို့၏အလုပ်က လမ်းပြရန်သာ ဖြစ်သည်။

မြို့တံခါးမှ အနောက်ဘက်မြေသို့ ဦးတည်သည့်ခရီးသည် ယခုတွင် မြို့၏တောအုပ်ကိုဖြတ်၍ မြို့၏ဘက်ဘက်ရေကန်ဆီသို့ ရောက်သွားလေပြီ။ ဖုကျုံးနှင့် ဝူရှီးယာသည် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကို လိုက်ပြရန်အတွက် ထိုနေရာများနှင့်ရင်းနှီးအောင် လဝက်ခန့်အချိန်ယူကာ လုပ်ထားရသည်။

"ငါတို့က အေးချမ်းတဲ့နေရာတွေကိုတော့ နှံ့သွားပြီ။ ဇီချန် မြို့ပြန်ပြီး ခဏနားပြီးမှ အန္တရာယ်များတဲ့နေရာတွေကို ထပ်သွားကြည့်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ။ ဒါမှမဟုတ် အခုသွားချင်လား။"

ရေကန်ကမ်းခြေနားတွင် ဖုကျုံးက လင်းဇီချန်ကို မေးလိုက်သည်။

လင်းဇီချန်က တန်းမဖြေသေးဘဲ ရှန်ချင်းဟန်ဘက်သို့လှည့်ကာ မေးလိုက်သည်။

"နားပြီးမှ သွားချင်လား။ မဟုတ်ရင် ခုပဲသွားကြမလား။"

ရှန်ချင်းဟန်ကလည်း ပြန်ဖြေလိုက်သည်။

"နင်သွားတဲ့နောက်လိုက်မယ်။"

"အဲ့လိုဆိုလည်း သွားကြတာပေါ့။"လင်းဇီချန်က ဖူကျုံးကို ပြောလိုက်သည်။

"ကောင်းပြီလေ။ မင်းတို့ကို နေရာနည်းနည်းလောက်ကို ခေါ်သွားပေးမယ်။"

အဆင့်မြင့်သတ္တမအဆင့်ရှိသောသူသည် အန္တရာယ်ရှိသောနေရာများသို့ တစ်ခါမှမဝင်ရဲပေ။ အားကောင်းသောသူများဖြင့် အဖွဲ့ဖွဲ့၍သာ ဝင်ရဲသည်။ သူ၏အမြင်တွင် လင်းဇီချန်သည် အားကောင်းသောပါတနာပင် ဖြစ်၏။

လင်းဇီချန်သာ ဘေးမှာရှိလျှင် အန္တရာယ်များသောနေရာ၏အစွန်အဖျားလောက်ကို သွားကြည့်ခြင်းက ဘာမှဖြစ်မည်မဟုတ်ပေ။ မကြာခင်တွင် လေးယောက်အဖွဲ့သည် အန္တရာယ်များသောပိုင်နက်ထဲသို့ ရောက်လာကြသည်။ အထဲသို့ဝင်လိုက်သည်နှင့် လင်းဇီချန်က တစ်ခုခုထူးခြားနေသည်ကို သတိထားမိသည်။ အထဲမှအင်အားက ပြင်းထန်ကာ နေရာတိုင်း၌ ထုတ်လွှတ်နေသည်။ တစ်ချက်ကြည့်လိုက်လျှင်ပင် မိုးထိုးနေသောသစ်ပင်ကြီးများ၊ ပန်းပင်များ၊ မြက်များနှင့် ထူးဆန်းသည့်သက်ရှိများစွာရှိနေကာ မှော်ဆန်သည့်ကမ္ဘာထဲသို့ ဝင်သွားသကဲ့သို့ပင် ဖြစ်သည်။

"ဇီချန် ဒီမှာ ဒုဓလီပန်းတွေရှိတယ်။"

ရှန်ချင်းဟန်က ဒုဓလီပန်းနှင့်တူသောအပင်ဆီသို့ ခပ်သွက်သွက်သွားကာ အံ့ဩစွာဖြင့် ကြည့်ရန် ပြင်လိုက်သည်။ လင်းဇီချန်ကြည့်လိုက်သောအခါတွင် ဒုဓလီပန်းနှင့်တူသောအပင်ကိုတွေ့လိုက်ရသည်။ တစ်ခုတည်းသောခြားနားချက်မှာ ကမ္ဘာပေါ်မှ ဒုဓလီပန်းသည် အဖြူရောင်ဖြစ်ပြီး ယခုမှာ အနက်ရောင်ချီဓာတ်များထုတ်လွှတ်နေပြီး ကြည့်ရသည်မှာ လွန်စွာမှထူးဆန်းသည်။

"ရှီးယာ ပန်းမြက်ပျံက ခရမ်းရောင်ပါ။ ဘာလို့ ဒါက အနက်ရောင်ဖြစ်နေရတာလဲ။"

ဖုကျုံးက ထိုအပင်ကိုကြည့်ကာ တွေဝေစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

မိမိတို့သည် မူလမြေ၌ နှစ်ပေါင်းများစွာ နေလာခဲ့သောကြောင့် ပန်းမြက်ပျံဖြင့်ရင်းနှီးကာ ခရမ်းရောင်ရှိသည်ကိုသာ သိထားကာ ယခုကဲ့သို့ အနက်ရောင်မဟုတ်ပေ။

"သန္ဓေပြောင်းအပင်များလား။"

ဖုကျုံးက ဖြစ်နိုင်ချေကို စဉ်းစားလိုက်ပြီး စိတ်လှုပ်ရှားသွားသည်။ ထိုအချိန်တွင်ပင် ဝူရှီးယာက ပြောလိုက်သည်။

"တော်တော်‌လေးတော့တူတယ်။ ငါအရင်က သန္ဓေပြောင်းပင်တွေကို မြင်ဖူးပါတယ်။ ဒါပေမဲ့ အနက်ရောင်အပင်ကိုတော့ မမြင်ဖူးဘူး။ ပြီးတော့ ပန်းမြက်ပျံက ထုတ်တဲ့အငွေ့အသက်က အသက်မရှိဘူး။ ဒီတစ်ခုက သန္ဓေပြောင်းပင်လည်း မဟုတ်ဘူး"

"...."

ဝူရှီးယာပြောသည်ကို နားထောင်ပြီး ဖုကျုံးသည် ရှန်ချင်းဟန်နှင့်လင်းဇီချန်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

"ဇီချန် ချင်းဟန် အဲ့ဒါက ဒုဓလီမဟုတ်ဘူး။ ဗိုင်းရပ်စ်ဝင်နေတဲ့ ပန်းမြက်ပျံပဲဖြစ်မှာ။ ငါတို့ သွားမထိတာကောင်းမယ်။ အန္တရာယ်များနိုင်တယ်။"

"...."

ထိုစကားကို ကြားသည်နှင့် ရှန်ချင်းဟန်လည်း ချက်ချင်းပင် နောက်ဆုတ်သွားသည်။ လင်းဇီချန်ကမူ မဆုတ်ပေ။ သူသည် ထိုအပင်ကို အနီးကပ်ဆက်ကြည့်နေသည်။ သူ၏အဆိပ်တစ်ရာခံနိုင်စွမ်းက ထိုအပင်သည် အဆိပ်မရှိဟု ပြောနေသည်။ ခေတ္တမျှကြည့်ပြီးနောက်တွင် ထိုအပင်ကို လျစ်လျူရှုကာ ကျန်နှစ်ဦးကို ပြောလိုက်သည်။

"ရှေ့ဆက်သွားကြတာပေါ့။"

"ကောင်းပြီ။"

ဖုကျုံးက ခေါင်းညိတ်ပြလိုက်ပြီး လမ်းဆက်ပြရန်ပြင်လိုက်သည်။ ခြေလှမ်းအနည်းငယ်မျှလှမ်းပြီးနောက်တွင် လင်းဇီချန်သည် လက်နောက်ပစ်ကာ ထိုပန်းမြက်ပျံကို မိမိ၏သိုလှောင်ခန်းနေရာလွတ်ထဲသို့ ထည့်ရန် ပြင်လိုက်သည်။ ထူးဆန်းသောအပင်ကို မြို့သို့ ပြန်ယူသွားလိုသည်။

"ဘာဖြစ်တာလဲ။"

"ဘာလို့ အနက်ရောင်ချီဓာတ်ရှိတဲ့အပင်တွေ အများကြီးရှိနေရတာလဲ။"

ရှေ့မှ ဖုကျုံးသည် ရပ်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

အရှေ့တွင် အပင်ပုလေးများရှိကာ ထိုအပင်အားလုံးသည် အနက်ရောင်ချီဓာတ်ဖြင့်ဖုံးလွှမ်းနေပြီး ထူးဆန်းလွန်းနေသည်။

"သွားကြစို့။" ဝူရှီးယာက အကြံပေးလိုက်လေသည်။

All Chapters