← Chapters

ရေနတ်ဘုရားပြန်လည်သက်ဝင်လာခြင်း

Vol. 38 Ch. 565

ရေနတ်ဘုရားပြန်လည်သက်ဝင်လာခြင်း

Vol. 38 Ch. 565

တောအုပ်တစ်ခုအပေါ်တွင် လင်းဇီချန်၊ ချီချင်းမော့နှင့် ရှန်ချင်းဟန်တို့သည် ကောင်းကင်ပေါ်၌ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းနေကြသည်။ ၎င်းတို့သည် အနီးစပ်ဆုံးသွေးမျိုးဆက်လမ်းကြောင်းရှိရာသို့ သွားနေခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် လင်းဇီချန်ကို မူလမြေထဲသို့ဝင်ခိုင်းပြီး စွမ်းအားများကို စုပ်ယူခိုင်းခြင်းသာ အခြေအနေကို ပြောင်းပြန်လှန်နိုင်သည့်တစ်ခုတည်းသောအခွင့်အရေးဖြစ်သည်။

"ဇီချန် ငါတို့နောက်မှာ ကောင်းကင်နဲ့မြေကြီးပြောင်းလဲတဲ့အဖြစ်မျိုး ဖြစ်ပြန်ပြီ။"

ရှန်ချင်းဟန်က ထိုအဖြစ်အပျက်ကို မြင်သည်နှင့် ရွှမ်ယွမ်ဝမ်ယွီကျသွားပြီကိုသိကာ မျက်နှာက အံ့ဩတုန်လှုပ်မှုဖြင့် ပြည့်နှက်နေသည်။ လင်းဇီချန်နှင့် ချီချင်းမော့ကလည်း ထိုစကားကို ကြားသည်နှင့် ရွှမ်ယွမ်ဝမ်ယွီကျသွားသည်ကို သိလိုက်ပြီး ချက်ချင်းပင် အမူအရာပျက်သွားသည်။

ရွှမ်ယွမ်ဝမ်ယွီကို ဂရုစိုက်ခြင်းကြောင့် မဟုတ်ပေ။ သူမသေသွားသည်ကို ဝမ်းနည်းခြင်းလည်းမဟုတ်ပေ။ သို့သော်လည်း ထိုသို့ရှေးဘိုးဘေးအဆင့်တစ်ယောက် ကျရှုံးသွားသည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ၌ အခြားသောသူများသည် ရိုးရှင်းသည့်ဝမ်းနည်းမှုကိုခံစားလိုက်ရသောကြောင့်သာ ဖြစ်သည်။ လင်းဇီချန်က ထိုမြင်ကွင်းကို ပြန်ကြည့်လိုက်ပြီး ရဲတင်းသောအကြံတစ်ခုက စိတ်ထဲ၌ ပေါ်လာသည်။ ထိုနေရာသို့ပြန်သွားပြီး ရွှမ်ယွမ်ဝမ်ယွီ၏အကြွင်းအကျန်များကို သွား၍ဝါးမျိုရန်ပင် ဖြစ်သည်။

ရွှမ်ယွမ်ဝမ်ယွီသည် ရှေးဘိုးဘေးအဆင့်တစ်ဦးဖြစ်သဖြင့် အကြွင်းအကျန်မူလအားကို စုပ်ယူနိုင်ပါလျှင် သွေးမျိုးဆက်စွမ်းအာအဆင့်က သေချာပေါက်တိုးတက်သွားမည်ဖြစ်ပြီး မူလမြေသို့ဝင်ရာတွင် ပို၍အကျိုးအမြတ်များနိုင်သည်။

"အဲ့ကိုပြန်သွားပြီး သူကျန်ခဲ့တဲ့မူလအားကို သွားစုပ်ရအောင်။ သစ်သားနတ်ဘုရားက သူနဲ့ရင်ဆိုင်ပြီးပြီဆိုတော့ သေချာပေါက် အဲ့နေရာမှာ ရှိတော့မှာမဟုတ်ဘူး။ အဲ့ကိုပြန်သွားတာက အန္တရာယ်လည်းသိပ်မများဘူး။"

ချီချင်းမော့က လင်းဇီချန်ကို အ ကြံပေးလိုက်သည်။

လင်းဇီချန်အမူအရာပြောင်းသွားလျှင်ပင် လင်းဇီချန်၏အတွေးကိုဖတ်နိုင်သဖြင့် ထိုအကြံကိုပေးလိုက်ခြင်းဖြစ်သည်။ လင်းဇီချန်က ခေတ္တမျှတွန့်ဆုတ်နေပြီးနောက်တွင် ဆုံးဖြတ်ချက်ချလိုက်လေသည်။

"အဲ့ကိုပြန်သွားကြတာပေါ့။"

ထိုသို့ဖြင့် ချက်ချင်းပင်ဦးတည်ရာကို ပြန်လာပြီး ရှန်ချင်းဟန်ကိုခေါ်၍ အမြန်ဆုံးနှုန်းဖြင့် ပြန်သွားလေသည်။ ကျန်ရှိနေသောစွမ်းအားက ထိုနေရာတွင်ပင် ခေတ္တမျှတည်ရှိနေနိုင်သည်။ ထိုအချိန်အပိုင်းအခြားက မကြာလှသော်လည်း အများဆုံးမိနစ်ပိုင်းမျှသာ ဖြစ်မည်။ အချိန်ကုန်သည်နှင့်အမျှ စွမ်းအားများလည်း လျော့နည်းလာလိမ့်မည်။

လင်းဇီချန်တို့သည် ထိုနေရာသို့ပြန်သွားကြတော့သည်။ ထို့နောက်တွင် အနီရောင်အလင်းတန်းနှစ်ခုက ဖြတ်ကျော်သွားသည်။ လျင်မြန်စွာဖြင့်ပင် ရှန်ချင်းဟန်ကိုချီထာသော လင်းဇီချန်နှင့် ချီချင်းမော့တို့သည် ထိုနေရာသို့ ရောက်သွားသည်။ သုံးဦးလုံးသည် ထိုနေရာ၌ စွမ်းအားအတက်အကျများဖြစ်နေသည်ကို အာရုံခံမိသည်။ ကျန်နေခဲ့သောစွမ်းအားအတက်အကျက ပြင်းလှပြီး မယုံနိုင်လောက်စရာကောင်းသောအငွေ့အသက်မျိုးထွက်နေပြီး ရှေးဘိုးဘေးအဆင့်အောက်သက်ရှိများကို သေစေနိုင်သည်။ လင်းဇီချန်လည်း အချိန်ဖြုန်းမနေတော့ဘဲ အမြန်ပင် စွမ်းအားအတက်အကျများကို စုပ်ယူလိုက်သည်။

(သင်သည် ရှေးဘိုးဘေးသတ္တမအဆင့်မှ ရှေးဘိုးဘေးအဌမအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားပါသည်။"

အမှန်ပင် နောက်တစ်ဆင့်သို့ ဆင့်ကဲပြောင်းလဲသွားလေသည်။ အနီးအနားတွင်ရှိသောချီချင်းမော့သည်ပင် မနာလိုဖြစ်မိသည်။ သူမသည် ခေတ်ပေါင်းများစွာတိုင် ကျင့်ကြံလာခဲ့ပြီး သေခြင်းရှင်ခြင်းအန္တရာယ်မျိုးစုံကို ဖြတ်ကျော်ပြီးခါမှ ယခုအခြေအနေသို့ ရောက်လာခြင်းဖြစ်သည်။ မိမိရှေ့မှ လင်းဇီချန်ကမူ အသက်နှစ်ဆယ်သာရှိသေးပြီး အခြားသူများ၏မူလအားကို စုပ်ယူခြင်းဖြင့် ရှေးဘိုးဘေးအဆင့်ထိ တက်လာခြင်းဖြစ်သည်။ မိမိနှင့်နှိုင်းယှဉ်ကြည့်လျှင် မိမိသည် ချမ်းသာသောသူဌေးသားဒုတိယမျိုးဆက်ရှေ့မှ သူတောင်းစားတစ်ယောက်နှင့် တူနေသည်။ မည်မျှပင် ကြိုးကြိုးူစားစားအမှိုက်ကောက်သော်လည်း သူဌေးသား၏ချမ်းသာမှုကိုလိုက်မှီမည်မဟုတ်ပေ။

လင်းဇီချန်၏မွေးရာပါစွမ်းအားက သူမ၏အချိန်ကြာရှည်စွာကျင့်ကြံထားခြင်းနှင့် ညီမျှနိုင်မည်မဟုတ်ချေ။

"သွားကြစို့ ကောင်းကင်လူသားသခင်။ မူလမြေကိုသွားကြရအောင်။"

လင်းဇီချန်က ထိုသို့ပြောကာချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ချီချင်းမော့ကို ပြောပြီးနောက်တွင် အနီးဆုံးသွေးမျိုးဆက်လမ်းကြောင်းဆီသို့ သွားတော့သည်။ ထိုအသံကို ကြားသည်နှင့် ချီချင်းမော့လည်း သတိဝင်လာပြီး အမြန်ပင် နောက်မှလိုက်သွားသည်။

"ဝှစ် ဝှစ် ဝှစ်..."

၎င်းတို့ဝေးဝေးမရောက်ခင်တါင်ပင် ရုတ်တရက်လေထု၌ အက်ကွဲကြောင်းများ ပေါ်လာသည်။ ဘာမှမတုံ့ပြန်နိုင်ခင်တွင်ပင် အက်ကွဲကြောင်းများထဲမှ နွယ်ပင်များပေါ်လာပြီး ၎င်းတို့သုံးဦးရှိရာသို့ ရောက်လာကြတော့သည်။

ယခုတစ်ခေါက်တွင်မူ ရှောင်ချိန်မရလိုက်ဘဲ ချက်ချင်းပင်တိုက်ခိုက်ခြင်းကို ခံရကာ မလှုပ်နိုင်ဖြစ်သွားကြသည်။

ဇီချန်...."

ရှန်ချင်းဟန်သည် နွယ်ပင်များစွာဖြင့် ရစ်ပတ်ခံလိုက်ရပြီး လင်းဇီချန်၏ရင်ခွင်မှ ဆွဲထုတ်ခံလိုက်ရကာ သတိလက်လွတ်ဖြင့် အော်လိုက်မိ၏။ လင်းဇီချန်သည် ချီသွေးနှင့်ဝိညာဉ်စွမ်းအားအပြည့်ဖြင့် ပြေးလာသည်။ ထို့နောက်တွင်စွမ်းအားမျိုးစုံဖြင့် ချက်ချင်းပင် ရစ်ပတ်ထားသည်များကို ဖယ်လိုက်ပြီး ရှန်ချင်းဟန်ရှိရာသို့ ပြေးသွားသည်။ သို့သော်လည်း မိမိဘာသာလွတ်အောင်လုပ်ပြီး မီတာတစ်ရာသို့ရောက်သောအခါတွင် များပြားလှစွာသောနွယ်ပင်များက ၎င်းကို လျင်မြန်စွာရစ်ပတ်သွားပြီး ပိုးကောင်အိမ်ထဲသို့ ရောက်သွားကာ မလှုပ်နိုင်ဖြစ်သွားရသည်။

"ဘုန်း..."

ကျယ်လောင်သောပေါက်ကွဲသံကြီးထွက်ပေါ်လာသည်။

ထိုပိုးကောင်အိမ်က ချက်ချင်းဆိုသလိုပင် အပိုင်းပိုင်းပြတ်သွားပြီး ကောင်းကင်ပေါ်၌ သစ်သားစများက လွင့်စင်ထွက်သွားသည်။

"ဝှစ်"

လင်းဇီချန်က သွေးဆူနေသောအကြည့်ဖြင့် သစ်သားစများထဲမှ ထိုးထွက်ပြီး အမြန်ဆုံးနှုန်းဖြင့် ရှန်ချင်းဟန်ရှိရာသို့ အပြေးလိုက်လာတော့သည်။

All Chapters