အပိုင်း ၃၄၃-၃၄၅
Vol. 23 Ch. 343-345
အခန်း (၃၄၃) - အတွင်းကြောမှတ်ပွင့်ပြီ အဆင့်မြင့်သက်ရှိအဖြစ်ဆင့်ကဲပြောင်းလဲသွားပြီ
နောက်တစ်နေ့မနက်တွင်ဖြစ်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် မနက်စာစားပြီးသည်နှင့် သုတေသနတက္ကသိုလ်သို့ ရောက်လာကြသည်။ ၎င်းတို့ ရောက်သောအခါတွင် လျို့ချွမ်ဝူက ပြန်မရောက်သေးပေ။ စုန့်ယွီယန်ကလည်း အိပ်နေဆဲဖြစ်သည်။ လွန်ခဲ့သောရက်ပိုင်းမှ အဖွဲ့ထဲသို့ ဝင်လာသော မာရှိဝေသည်သာ သွေးသန့်လူသားလမ်းစဉ်နှင့်ပက်သက်သည့်စာတမ်းများကို ဧည့်ခန်းထဲတွင် ထိုင်ဖတ်နေသည်။
"ဂွတ်မောနင်း ရှိဝေ။"
ရှန်ချင်းဟန်က အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။ မာရှိဝေက ဝင်လာသောနှစ်ဦးကို မော့ကြည့်ကာ ယဉ်ကျေးစွာဖြင့် ပြန်ဖြေလိုက်၏။
"မောနင်း"
၎င်းတို့နှုတ်ဆက်သည်မှာ ထိုမျှသာဖြစ်သည်။ ထို့နောက်တွင် အားလုံး လုပ်စရာရှိသည်များဖြင့် ကိုယ်စီအလုပ်ရှုပ်နေကြသည်။ အချင်းချင်းအနှောင့်အယှက်မပေးကြဘဲဖြင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်သည် လေဝင်လေထွက်ကောင်းသောနေရာတစ်ခုရှာကာ ထိုင်လိုက်သည်။ လင်းဇီချန်က အတွင်းကြောမှတ်များဖွင့်ခြင်းဖြင့် အလုပ်များနေသည်။ ရှန်ချင်းဟန်သည် ခန္ဓာကိုယ်သန့်စင်နေသည်။ မာရှိဝေကမူ စာတမ်းများကို ဆက်ဖတ်နေသည်။ မာရှိဝေသည် သွေးသန့်လူသားလမ်းစဉ်နှင့်ပက်သက်၍ ရှန်ချင်းဟန်နှင့် လင်းဇီချန်ကို မေးလိုသောမေးခွန်းများ များသည်။ သို့သော်လည်း နှစ်ဦးလုံးက ထိုင်ကာ ကျင့်ကြံနေသည်ကို တွေ့ရသောကြောင့် မနှောင့်ယှက်တော့ပေ။
....
နာရီဝက်ခန့်ကြာပြီးနောက်တွင် စုန့်ယွီယန် နိုးလာသည်။ သွေးနှောအလှလေးသည် လျော့ရဲရဲညအိပ်ဝတ်စုံကိုဝတ်ကာ အခန်းထဲမှ ထွက်လာပြီး ဆံပင်များက ရှုပ်ပွနေကာ ရေချိုးခန်းဆီသို့ ဦးတည်သွားသည်။ လမ်းလျှောက်လိုက်လျှင် ခန္ဓာကိုယ်ကောက်ကြောင်းက အတိုင်းသားယိမ်းနွဲ့နေသည်ကို မြင်ရကာ အမြင်အာရုံကို ဆွဲဆောင်လွန်းလှသည်။ အတွင်းခံမဝတ်ထားသည်ကလည်း သိသာနေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရှန်ချင်းဟန်သည် နေရာရွှေ့ကာ လင်းဇီချန်၏မြင်ကွင်းရှေ့တွင် ပိတ်ထိုင်လိုက်ပြီး စုန့်ယွီယန်ကို မြင်သွားမည်စိုးသောကြောင့်ပင်။ စုန့်ယွီယန်၏ပုံက ဖော်ထားလွန်းသောကြောင့် လင်းဇီချန်ကြည့်မိမည်ကို စိုးနေမိသည်။
....
နောက်ထပ်နာရီဝက်ကုန်လွန်သွားပေသည်။ လျို့ချွမ်ဝူ ပြန်ရောက်လာသည်။ ကြံ့ခိုင်သောလူကြီးသည် အတော်လေးနွမ်းလျသည့်ဟန်ဖြင့်ပြန်ရောက်လာကာ မနေ့ညက အမျိုးသမီးသည် ၎င်းအား အားအတော်ယုတ်သွားစေဟန်ရှိသည်။ ၎င်းဘေးမှာ လျှောက်လာသူမှာ တောက်ပကာတက်ကြွနေသည့် ယွမ်သုန်ကျီပင် ဖြစ်သည်။ မနေ့ညက လျို့ချွမ်ဝူဖြင့် အတူတူရှိခဲ့သောအမျိုးသမီးသည် ယွမ်သုန်ကျီပင် ဖြစ်၏။ သုတေသနတက္ကသိုလ်သည် ငွေမပြတ်လတ်တော့သောကြောင့် လျို့ချွမ်ဝူသည် အပြင်သွား၍ ချိန်းတွေ့သည်မှာ ရှားသည်။ တစ်ချိန်လုံး ယွမ်သုန်ကျီဖြင့်သာ အတူရှိနေသည်။ သုတေသနတက္ကသိုလ်တွင် မကြာခဏတွေ့တတ်ကြသည်။ပြန်ပေါင်းထုပ်သွားပြီဟုပင် စဉ်းစားနိုင်သည်။
လင်းဇီချန်သည် ပင်ပန်းလွန်းသဖြင့် လဲကျတော့မည့်ပုံပေါ်သည့် လျို့ချွမ်ဝူကို ကြည့်ပြီးနောက်တွင် ဘေးကွဲကိုယ်ကျပ်အင်္ကျီကို ဝတ်ထားကာ ခြေတံရှည်များ လှစ်ဟပြနေသည့်ယွမ်သုန်ကျီကိုကြည့်၍ မတွေးဘဲမနေနိုင်ပေ။
'ကျောင်းအုပ်ယွမ်က ငါတို့ဌာနမှူးထက် အတော်လေးကြမ်းလောက်တယ်။ ဌာနမှူးကိုတောင် အားကုန်သွားအောင်လုပ်နိုင်တယ်။ အဲ့ကိုယ်ကျပ်အင်္ကျီကြောင့်များလား။ အင်း ဒီညကျရင် ချင်းဟန်ကိုလည်း အဲ့လိုအင်္ကျီမျိုးဝတ်ခိုင်းပြီး ကြည့်ကြည့်ရမယ်။'
လင်းဇီချန်က ထိုသို့တွေးနေစဉ်တွင် ယွမ်သုန်ကျီက ကြည့်လိုက်ပြီး အေးစက်သောလေသံဖြင့် ညင်သာစွာ မေးလိုက်သည်။
"ဇီချန် ဘာလို့မင်းရဲ့ချီသွေးက အဲ့လောက်တက်ကြွနေရတာလဲ။"
ဝင်လာသည်ကစ၍ လင်းဇီချန်ဆီမှ ချီသွေးစွမ်းအားပြည့်ဝနေသည်ကို ခံစားမိသည်။ ပေါက်ထွက်တော့မည်ဟုပင် ခံစားရသည်။ အသက် (၁၉) နှစ်ပထမနှစ်ကျောင်းသာလေးဟုပင် ယုံနိုင်ဖွယ်မရှိပေ။ လင်းဇီချန်ပြန်မတုံ့ပြန်နိုင်ခင်တွင် ရှန်ချင်းဟန်က ဝင်ရှင်းပြလိုက်သည်။
"ဆရာ ရှောင်ချန်က မနေ့ကပဲ ခန္ဓာကိုယ်သန့်စင်တာ ငါးကြိမ်ပြီးသွားတယ်။ သူ့ရဲ့ချီသွေးက နောက်ထပ်တစ်ဆင့်ထိ တိုးနေပြီ။"
"ခန္ဓာကိုယ်သန့်စင်တာငါးကြိမ်ပြီးမြောက်ထားတာလား။"
လျို့ချွမ်ဝူက ရုတ်တရက်ပင် မျက်လုံးပြူးကျယ်သွားသည်။ စောနက ပင်ပန်းနွမ်းလျနေသည့်လူသည် လင်းဇီချန်က ခန္ဓာကိုယ်သန့်စင်ခြင်းငါးကြိမ်ပြီးမြောက်သွားသည်ကို မယုံကြည်နိုင်ဖွယ်ဖြစ်နေ၏။ လင်းဇီချန်က ခေါင်းညိတ်ပြလိုက်ပြီး
"ဟုတ်တယ်။ ခန္ဓာကိုယ်သန့်စင်ခြင်း ငါးကြိမ်မြောက်ပြီးသွားပြီ။"
လျို့ချွမ်ဝူကမူ မယုံနိုင်စွာဖြင့်
"သွေးသန့်စင်ခြင်းကျင့်စဉ်ကိုကျင့်တာ တစ်နှစ်မပြည့်သေးဘူး။ ခန္ဓာကိုယ်သန့်စင်ခြင်း ငါးကြိမ်ပြီးသွားပြီတဲ့လား။ မင်းရဲ့ခန္ဓာကိုယ်ပါရမီကတော့ အတိုင်းထက်အလွန်ပဲ။"
ယွမ်သုန်ကျီကလည်း ထပ်ပြောလိုက်သည်။
"တကယ်ပဲ။ အရမ်းထူးခြားတဲ့ပါရမီပဲ။"
ပြောရင်းဖြင့် သူမ၏အာရုံသည် လင်းဇီချန်ကိုယ်တွင်းမှ ချီသွေးစွမ်းအားဆီသို့ ရောက်သွားသည်။ သူမ၏အတွေးများကလည်း ကျယ်ပြန့်လှသည်။
'ဇီချန်၏ခန္ဓာကိုယ်က ဒီလောက်အားကောင်းတာ။ တော်တော်လေးကိုအားပြင်းမှာပဲ။ ချင်းဟန်က ဖဲ့လိုက်ရင်တောင် ပဲ့ပါသွားမလား အောက်မေ့ရတာ။ ခံနိုင်ရည်ရှိပါ့မလား။ ခဏခဏတော့ ငိုရလောက်တယ်။'
တစ်ညလုံး ကြမ်းခဲ့သောယွမ်သုန်ကျီသည် ယခုတွင် ညစ်ပတ်သောအတွေးများဖြင့် ပြည့်နေသည်။ လင်းဇီချန်၏ကိုယ်တွင်းမှ ချီသွေးမြင့်တက်လာသည်ကို အာရုံခံမိကာ အတွေးများက ချက်ချင်းပင် ချစ်တင်းနှောသည့်ဆီသို့ ရောက်သွားသည်။ ထိုစဉ်တွင် ထိုစကားများကို ကြားနေသောမာရှိဝေကမူ စိတ်ခံစားချက်များ ရောထွေးသွားသည်။
ကျောင်းစကတည်းက နှစ်ဝက်လောက်သာ ရှိသေးသော်လည်း ထိုစဉ်က သူမသည် လင်းဇီချန်က သွေးသန့်လူသားလမ်းစဉ်ကို လိုက်ခဲ့သည့်အတွက် အထင်သေးခဲ့မိသည်။ ယခု နှစ်ဝက်ကြာပြီးသောအခါတွင်မူ ကစားပွဲက လုံးဝပင် ပြောင်းပြန်ဖြစ်သွားသည်။ လင်းဇီချန်၏တည်ရှိမှုသည် မိမိမလိုက်နိုင်သောနေရာမျိုး ဖြစ်၏။ သူမကိုယ်တိုင်ပင် သွေးသန့်လူသားလမ်းစဉ်ကို ငြင်းပယ်ခဲ့မိသည်။ ကံကြမ္မာ၏လှည့်ကွက်ပင် ဖြစ်လေသည်။
"တီ တီ တီ...."
ရုတ်တရက်ပင် ယွမ်သုန်ကျီ၏ဖုန်းက မြည်လာသည်။ သူမက ဖုန်းကိုယူလိုက်ပြီး ဒုသမ္မတဆီမှ ဖုန်းကောလ်ဖြစ်သည်ကို တွေ့လိုက်ရသည်။ မူလမြေကို တာဝန်ယူနေသူမဟုတ်ဘဲ ကမ္ဘာမြေမှစီမံခန့်ခွဲရေးကိစ္စများကို ဆောင်ရွက်နေသူထံမှ ဖြစ်၏။ ထိုအမျိုးသမီး၏နာမည်သည် ရှောင်ယွဲ့ဖြစ်ကာ ယဲ့ယုံရှန်းကဲ့သို့ပင် နှစ်တစ်ထောင်ကျော်သက်တမ်းရှိပြီဖြစ်သော ဒဏ္ဍာရီအဆင့်ဖြစ်သည်။
ယွမ်သုန်ကျီက နှစ်ခါမစဉ်းစားဘဲ အားလုံးရှေ့၌ ဖုန်းကို ပြန်ဖြေလိုက်သည်။ အားလုံးသည် အပြင်လူများမဟုတ်ကြပေ။ ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ ချက်ချင်းပင် စိတ်အားတက်ကြွသောအမျိုးသမီးသံ ထွက်ပေါ်လာသည်။
"သုန်ကျီ..."
"မူလမြေမှာ ကြီးမားတဲ့တိုက်ခိုက်မှုကြီးကို ခံလိုက်ရတယ်။"
"ချက်ချင်း ရှန်ဟိုင်းတက္ကသိုလ်နဲ့ နန်ကျန်းပြည်နယ်ပညာရေးဌာနချုပ်က အဆင့်မြင့်အဆင့်ဝန်ထမ်းတွေအားလုံးကို ခေါ်ပြီး မူလမြေဝင်ပေါက် (၃၄) (၃၅) (၃၆) မှာ ခုခံခိုင်း။"
"သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူတွေအားလုံး မူလမြေထဲဝင်ပြီး ခုခံရမယ်။ စက်ပြုပြင်လူသားတွေက ဝင်ပေါက်အပြင်မှာ အသင့်ဖြစ်အောင် စောင့်ထားလိုက်။ မူလေမြေက သက်ရှိတွေက ကျူးကျော်လာမှာကိုတားထား။"
ယွမ်သုန်ကျီကဖုန်းစပီကာသံက ကျယ်သောကြောင့် တစ်ဖက်လူပြောသမျှကို အားလုံး ကြားလိုက်ရပေသည်။
အခန်း (၃၄၄) - အတွင်းကြောမှတ်ပွင့်ပြီ အဆင့်မြင့်သက်ရှိအဖြစ်ဆင့်ကဲပြောင်းလဲသွားပြီ (၂)
ထို့နောက်တွင် ခြွင်းချက်မရှိ အားလုံး၏မျက်နှာက အနည်းငယ်ပြောင်းသွားကာ ရုတ်တရက်ဆန်လွန်းသည်ဟုလည်း ခံစားလိုက်ရသည်။ အထူးသဖြင့် ယွမ်သုန်ကျီပင် ဖြစ်သည်။ သူမသည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ မျက်နှာအမူအရာကလည်း အတော်လေးပျက်သွားသည်။
သခင်အဆင့်တိုက်ခိုက်သူအနေဖြင့် မူလမြေသို့ အကြိမ်ပေါင်းများစွာ ဝင်ဖူးကာ ရုတ်တရက်တိုက်ခိုက်လာခြင်းမျိုးကို ကြုံဖူးပေသည်။ ဆိုးဝါးသောတိုက်ခိုက်မှုသည် လွန်ခဲ့သော (၁၅) နှစ်ကပင်ဖြစ်သည်။ ထိုအချိန်က သူမသည် အဆင့်မြင့်အဆင့်တွင်သာ ဆယ်စုနှစ်ပေါင်းများစွာ တံ့နေကာ ဆက်၍ ဆင့်ကဲပြောင်းလဲနိုင်ခြင်းမရှိပေ။ သခင်အဆင့်သို့ တက်လှမ်းရန်အတွက် မိသားစုက စီစဉ်ပေးထားသော အန္တရာယ်ကင်းသည့်အလုပ်ကို စွန့်လွှတ်ကာ တိုက်ခိုက်မှုများကိုခုခံရသည့်အလုပ်ကို ရွေးချယ်လိုက်သည်။
ထိုတိုက်ခိုက်မှုသည် သုံးနှစ်ခန့် ကြာမြင့်ပေသည်။ ထိုနှစ်များအတွင်းတွင် သူမသည် ရန်သူများစွာဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့ရကာ များပြားလှစွာသောဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များလည်း ရရှိခဲ့ပြီး သခင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထို့အပြင် သခင်အဆင့်ဒုတိယအဆင့်ထိ တိုက်ရိုက်ဆင့်ကဲပြောင်းလဲသွားသည်။ တစ်ခါတည်းဖြင့် နှစ်ဆင့်ထိ တက်သွားခဲ့သည်။
သို့သော်လည်း အားလုံးက သူမကဲသို့ ကံမကောင်းကြပေ။ တိုက်ပွဲတွင်ပါသောသူအများစုသည် သေပွဲဝင်ခဲ့ကြရသည်။ နန်ကျန်းစီရင်စု၏ပညာရေးဌာနချုပ်၏ယခင်ဒါရိုက်တာ၊ ရှန်ဟိုင်းတက္ကသိုလ်၏ ယခင်ကျောင်းအုပ်နှင့် မြို့တော်၏အဆင့်အတန်းမြင့်သောမိသားစုတစ်ခုမှ ခေါင်းဆောင်တစ်ယောက်၊ နှစ်ရာချီအသက်ရှိပြီဖြစ်သော မြင့်မြတ်သူအဆင့်တိုက်ခိုက်သူ အားလုံးသည် တိုက်ပွဲကြီးတွင် ကျရှုံးခဲ့ရသည်။
"ငါသွားရတော့မယ်။ မင်းတို့ ဆက်ပြောကြပါ။"
ထိုသို့ပြောကာ ယွမ်သုန်ကျီသည် သုတေသနတက္ကသိုလ်မှ တွန့်ဆုတ်စွာဖြင့် ထွက်ခွာသွားသည်။ ယွမ်သုန်ကျီထွက်ခွာသွားသည့်ပုံရိပ်ကိုကြည့်ကာ လျို့ချွမ်ဝူက စိုးရိမ်သောအမူအရာဖြင့် အော်ပြောလိုက်သည်။
"သုန်ကျီ သတိထားဦးနော်။"
"ကောင်းပြီ။"
ယွမ်သုန်ကျီက ပြန်ဖြေလိုက်သည်။
သူမ၏အသံက မှေးမှိန်ပျောက်ကွယ်သွားသည့်အခါတွင် သူမသည်လည်း အားလုံး၏မြင်ကွင်းမှ ကွယ်ပျောက်သွားပြီးဖြစ်သည်။
"ကျောင်းအုပ် ကျောင်းအုပ်ယွမ်က ဒီလောက်အားကောင်းတာ။ သူသေချာပေါက် ဒုက္ခရောက်မှာမဟုတ်ပါဘူး။"
လျို့ချွမ်ဝူ စိုးရိမ်နေသည်ကိုမြင်သောကြောင့် စုန့်ယွီယန်က ၎င်းကို နှစ်သိမ့်စကားဆိုလိုက်သည်။
လျို့ချွမ်ဝူက ခေါင်းညိတ်ပြလိုက်ပြီး
"အင်း သူ့အင်အားနဲ့သာဆို သူအဆင်ပြေမှာပါ။"
ထိုသို့ပြောလိုက်သော်လည်း စိတ်သည် စိုးရိမ်စိတ်တို့က လျှံကျနေကာ ယွမ်သုန်ကျီက မူလမြေသို့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွားမည်ကိုသာ တွေးနေမိသည်။ လွန်ခဲ့သော (၁၅) နှစ်က တိုက်ခိုက်မှုကိုလည်း ပြန်အမှတ်ရသွားသည်။
မူလမြေက မည်မျှအန္တရာယ်များသည်ကို သိပေသည်။ အလင်းထဲတွင်ကမ္ဘာမြေပေါ်၌ နယ်မြေတစ်ခုကိုပင် သိမ်းပိုက်နိုင်သည့်သခင်အဆင့်တိုက်ခိုက်သူသည် မူလမြေတွင်မူ ပုရွက်ဆိတ်ထက် အနည်းငယ်သာ ကြီးသည်။ မူလမြေ၏ လူသားအကာအရံကို ကျော်သွားသည်နှင့် အချိန်မရွေး စွန့်စားရနိုင်သည်။
"ရှောင်ချန် မူလမြေက ကြောက်စရာကောင်းတဲ့သတ္တဝါတွေက ကမ္ဘာမြေပေါ်ကို ရောက်လာနိုင်တယ်ထင်လား။"
ရှန်ချင်းဟန်က လင်းဇီချန်က၏လက်လေးကိုဆွဲကာ စိုးရိမ်နေသောအကြည့်ဖြင့် မေးလိုက်၏။ လင်းဇီချန်က သူမ၏လက်လေးကို ကိုင်ပြီး ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။
"မလာနိုင်ပါဘူး။ အဲ့လောက်လွယ်နေရင် ကမ္ဘာကြီးက အရင်ကတည်းက ပြောင်းပြန်လှန်နေတာ ကြာလှပြီ။"
"အမှန်ပဲ။"
ရှန်ချင်းဟန်တစ်ယောက် သက်ပြင်းချလိုက်မိသည်။ သို့သော်လည်း ဘေးတွင်ရပ်နေသော လင်းဇီချန်ကမူ ဆန့်ကျင်ဘက်ကို ခံစားနေရသည်။
အပြင်ပန်းတွင်တည်ငြိမ်နေသောလည်း စိတ်ထဲတွင်မူ လွန်စွာလေးလံနေမိသည်။ ငယ်စဉ်ကလေးဘဝက တီဗီမှကြည့်ခဲ့ဖူးသည့် ဆာကူရာပင်လယ်တိုင်းပြည်ရှိ ကြွက်ပုလိပ်ရောဂါကို စိတ်ထဲတွင် စွဲထင်နေသည်။ ကြီးမားလှသည့်သန္ဓေပြောင်းကြွက်ကြီးများအောက်တွင် လူဆယ်သန်းနီးပါးက ချက်ချင်းပင် အပျက်အစီးအဖြစ် ပြောင်းလဲသွားကြသည်။ ဆာကူရာတိုင်းပြည်မှလူများသည် ထိုကြွက်ကြီးများ၏ အစာဖြစ်သွားကြကာ ကပ်ဆိုးကြီးဖြစ်သွားတော့၏။ မိမိနေနေသောနေရာသည်လည်း ဆာကူရာတိုင်းပြည်ကဲ့သို့ ဘေးဆိုးကြီးဖြင့် ကြုံရမည်ကို စိတ်ပူနေမိသည်။ ထိုမြင်ကွင်းသည် ကြောက်စရာကောင်းလွန်းလှကာ စဉ်းစားကြည့်လျှင်ပင် စိတ်ပျက်အားငယ်သွားရစေသည်။
"ဘာမှမဖြစ်ဖို့ မျှော်လင့်ပါတယ်..."
လင်းဇီချန်က ၎င်းဘာသာ စဉ်းစားနေမိလေသည်။
....
ထိုညနေခင်းတွင်ပင် ရှန်ဟိုင်းတက္ကသိုလ်၏ပညာရေးဆိုင်ရာဒါရိုက်တာသည် လာမည့်အချိန်တွင် ကျောင်းတွင်း၌ အတန်းများကို ရပ်နားသွားမည်ဖြစ်ပြီး ကျောင်းသားများက မိမိဘာသာ လေ့လာရမည်ဖြစ်ကြောင်း ကြောညာလိုက်သည်။ သွေးမျိုးဆက်စွမ်းအားအဆင့်မြင့်အဆင့်ရှိသော ကျောင်းဝန်ထမ်းအားလုံးသည် သန်းခေါင်မတိုင်ခင် ကျောင်းထဲတွင် ထွက်ခွာသွားကြကာ စစ်တပ်ဟယ်လီကော်ပတာများ တစ်စင်းပြီးတစ်စင်းရောက်လာသည်။ ၎င်းတို့ကို အဖွဲ့သုံးဖွဲ့ခွဲကာ မူလမြေဝင်ပေါက် (၃၄) (၃၅) (၃၆)ဆီသို့ အသီးသီးပျံသန်းသွားကြသည်။ အချိန်တစ်ခုအထိ ကျောင်းတွင်းတွင်ပြောဆိုဆွေးနွေးသံများဖြင့် ပွက်လောရိုက်နေသည်။ ကျောင်းသားများအားလုံးသည်လည်း အတန်းများရပ်နားလိုက်ခြင်းနှင့် ပက်သက်ပြီး ပြောဆိုနေကြသည်။ ဆရာမနှင့်ကျောင်းအကြီးအကဲတော်တော်များများသည်လည်း ဟယ်လီကော်ပတာဖြင့် အစအနမရှိ ကျောင်းမှ ထွက်သွားကြသည်။
....
အဆောင်ဧည့်ခန်းထဲတွင် လင်းဇီချန်က ဖုန်းကြည့်နေသည်။ ဂရုချက်တိုင်းတွင် ကျောင်းသည် အဘယ့်ကြောင့် ရုတ်တရက် ရပ်နားလိုက်ကာ ဆရာဆရာမများ ထွက်သွားရသည်နှင့်ပက်သက်၍ ဆွေးနွေးနေကြသည်။ ထို့နောက်တွင် ကျောင်းဖိုရမ်ကို ဖွင့်ကြည့်လိုက်သည်။ ပို့စ်တိုင်းက ထိုအကြောင်းကို ပြောဆိုဆွေးနွေးနေကြလေသည်။ ဝေ့ပေါ်တွင် ခေတ်စားနေသည့်အကြောင်းအရာကလည်း အတူတူပင် ဖြစ်သည်။ ယခုတစ်ခေါက်တွင်မူ အရာရှိများက သတင်းကို မဖုံးထားကြတော့ပေ။ ထို့အစား လွတ်လပ်စွာသာ ဆွေးနွေးစေသည်။ လင်းဇီချန်က အသာမျက်မှောင်ကြုတ်ကာ စိတ်မသက်မသာ ခံစားနေမိသည်။
အရာရှိများက သတင်းကို မဖုံးတော့်ဘဲ အများပြည်သူကို သိခွင့်ပေးထာသည်မှာ ပို၍အများသိအောင်လုပ်ရန်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ မတော်မဆမှုကို ထပ်ပြီးဖုံးကွယ်မထားနိုင်သောကြောင့်လည်း ဖြစ်ပေမည်။ ထိုသို့စဉ်းစားမိကာ လင်းဇီချန်သည် ပို၍ပင် ဖိအားပိုများလာသည်။ အမြန်ပင် ဖုန်းကို ချထားလိုက်သည်။ ထို့နောက်တွင် မိမိဘာသာ အတွင်းကြောမှတ်များဖွင့်ရန်တွင်သာ နစ်မြုပ်ထားလိုက်သည်။
ကပ်ဘေးကသာ အမှန်ဖြစ်လာလျှင် အခြေခံအဆင့်သက်ရှိအဆင့်ဖြင့် ဘာမှမလုပ်နိုင်ပေ။ တတ်နိုင်သမျှမြန်မြန် အတွင်းကြောအမှတ်များကိုဖွင့်ကာ ဖြတ်ကျော်ပြီး အဆင့်မြင့်သက်ရှိဖြစ်အောင် လုပ်မှသာ မိမိဘာသာ ကာကွယ်နိုင်မည်ဖြစ်သည်။
"လင်းဇီ ဒီည ဘာစားချင်လဲ။"
စောနကမှ ခန္ဓာကိုယ်သန့်စင်ခြင်းပြီးမြောက်သောရှန်ချင်းဟန်သည် ရောက်လာပြီး မေးလိုက်၏။ လင်းဇီချန်ကမူ မျက်လုံးပင် မဖွင့်ဘဲ အတွေးကြောမှတ်များကိုသာ ဆက်၍ထိုးနှက်နေပြီး ပြောလိုက်၏။
"ဒီည အတွင်းကြောမှတ်တွေကို ချိုးဖျက်နိုင်မယ်လို့ ထင်တယ်။ အခုကစပြီး မစားတော့ဘူး။ နင်ဗိုက်ဆာရင် အရင်စားနှင့်လေ။"
"အဲ့လိုဆို ငါလည်းမစားတော့ဘူး။"
ရှန်ချင်းဟန်က ဘေးတွင် ဝင်ထိုင်လိုက်ပြီး လင်းဇီချန်နှင့်အတူ အတွင်းကြောမှတ်များကို ထိုးနှက်နေသည်။ သူမသည် ခန္ဓာကိုယ်သန့်စင်ပြီးခါစဖြစ်၍ ဗိုက်အတော်ဆာနေကာ တစ်ခုခုစားချင်မိသည်။ သို့သော်လည်း လင်းဇီချန်က မစားသည်ကို တွေ့သောကြောင့် သူမလည်း စားချင်စိတ်မရှိတော့ပေ။ လင်းဇီချန်နှင့်အတူ အတွင်းကြောမှတ်များကို ထိုးနှက်ပြီး ဖြတ်ကျော်ပြီးမှသာ အတူတူစားကြမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့် နှစ်ဦးသား ဧည့်ခန်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေကာ အတွင်းကြောမှတ်များကို ထိုးနှက်ရန်သာ အပြည့်အဝအာရုံစိုက်ထားကြသည်။ နေ့ခင်းသုံးနာရီမှစ၍ မနားမနေဖြင့် ညရှစ်နာရီအထိ ဆက်လက်လုပ်ဆောင်နေကြသည်။ ငါးနာရီကုန်သွားပြီးနောက်တွင် လင်းဇီချန်သည်လည်း အတော်လေးပင်ပန်းလာကာ ခေါင်းမူးနေပြီး အသိစိတ်လွတ်တော့မည်လားဟုပင် ခံစားရသည်။ သို့သော်လည်း အတွင်းကြောမှတ်များက လျော့ရဲလာပြီဖြစ်သဖြင့် ဖြတ်ကျော်နိုင်တော့မည်ဟု ခံစားလာရသည်။ ထို့ကြောင့်ပင် ဆက်ပြီးသည်းခံနေလိုက်သည်။
ရှန်ချင်းဟန်သည်လည်း အတူတူပင် ဖြစ်၏။ သူမသည်လည်း နှလုံးရပ်တော့မည်ဟုပင် ခံစားရသည်။ အမြင်အာရုံကလည်း အကြိမ်ပေါင်းများစွာ မည်းမှောင်လာကာ လဲတော့မည်ဟုပင် ခံစားနေရသည်။ လင်းဇီချန်က ဆက်ပြီးတောင့်ခံနေသည်ကို မြင်သောကြောင့် သူမသည်လည်း အံကြိတ်ထားကာ နောက်ကောက်ကျ၍မကျန်ခဲ့လိုပေ။
အချိန်က စက္ကန့်နှင့်အမျှ ကုန်ဆုံးနေသည်။ ညကိုးနာရီပင် ရောက်သွားပြီဖြစ်သည်။ လင်းဇီချန်သည်လည်း ဆက်ပြီးမခံနိုင်တော့မည်ကို ကြောက်လာသည်။ ဦးနှောက်ကလည်း ရပ်တော့၊ အခုရပ်လိုက်တော့ဟု အသိပေးနေလေပြီ။ အလျင်လိုစရာမလိုဘူး၊ မနက်ဖြန်မှဆက်လုပ်လို့ရတယ်ဟု တိုက်တွန်းနေသည်။ လင်းဇီချန်သည် ထိုသတိပေးစကားများကို လျစ်လျူရှုကာ အတွင်းကြောမှတ်များကိုသာ ဆက်၍ထိုးနှက်နေသည်။
အတိမ်ကိုးချက်နှင့် အနက်တစ်ချက်....
ပြင်းပြင်းထန်ထန်ပင် ဆက်လက်ထိုးနှက်နေသည်....
ထိုသို့ဖြင့် ည (၉) နာရီ (၉) မိနစ်သို့ ရောက်သွားသောအခါတွင်...
ရုတ်ချည်းပင်...
လင်းဇီချန်တစ်ယောက် မျက်လုံးပြူးကျယ်သွားကာ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့က အရောင်ဟပ်နေသည်။
"ငါဖြတ်ကျော်နိုင်သွားပြီ..."
တစ်ချိန်တည်းတွင်ပင် ရှန်ချင်းဟန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
"ရှောင်ချန် ငါလည်း ဖြတ်ကျော်နိုင်ပြီ...."
နှစ်ဦးလုံးသည် နှလုံးရှိသောနေရာမှ အတွင်းကြောအမှတ်ကို တစ်ချိန်တည်းတွင် ဖြတ်ကျော်နိုင်လိုက်ခြင်း ဖြစ်၏။ ထိုအချိန်တွင် ပျော်ရွှင်မှုကို မျှဝေရန် မည်သူမှစိတ်ထဲတွင် မရှိပေ။ ထို့အစား စိတ်ခံစားချက်များကို တည်ငြိမ်အောင်လုပ်၍ ခန္ဓာကိုယ်ကို ခံစားကြည့်သည်။ အတွင်းကြောမှတ်များကို ဖြတ်ကျော်ပြီးနောက်တွင် မည်သို့ပြောင်းလဲသွားသည်ကို သိချင်နေသည်။ လင်းဇီချန်က စိတ်အားထက်သန်စွာဖြင့် ခန္ဓာကိုယ်ကို အာရုံခံကြည့်လိုက်သည်။
ချီသွေးစီးဆင်းနှုန်းက ပိုမြန်လာသည်ကို ခံစားမိသည်။ အခြေခံနဝမအဆင့်ကထက် နှစ်ဆပိုမြန်လာသည်။ အသက်ဓာတ်၏ဖိအားကို ခံစားမိကာ အဆင့်မြင့်စတုတ္ထအဆင့်ပင် ဖြစ်ပေသည်။
အခန်း (၃၄၅) - ရှေးဟောင်းခေါင်းတလားထဲမှအမျိုးသမီးကိုချိတ်စည်းဖြည်ပေးခြင်း
(အမည် - လင်းဇီချန်)
(အသက် - ၁၉ နှစ်)
(သွေးမျိုးဆက်စွမ်းအားအဆင့် - အဆင့်မြင့်စတုတ္ထအဆင့်)
(သွေးမျိုးဆက်စွမ်းအားများ - သုံးမလား အဆုံးရှုံးခံမလား၊ ကောင်းကင်လူသားအသိဉာဏ်မြစ်၊ အသန်မာဆုံးအောင်မြင်မှု၊ ရေကောင်းချီ၊ သဘာဝအတိုင်းရွေးချယ်ခြင်း၊ ကောင်းကင်မျက်လုံး၊ လူမှုရေးသတ္တဝါ၊ သဘာဝအတိုင်းကိုယ်ယောင်ဖျောက်ခြင်း၊ အန္တရာယ်ကြိုတင်သိမြင်ခြင်း၊ လျင်မြန်ကုသနိုင်စွမ်း၊ အဆိပ်တစ်ရာခံနိုင်အား၊ အဆင့်မြင့်ဝိညာဉ်၊ တောအရှင်၊ သိုလှောင်ခန်းလေဟာနယ်)
(ခန္ဓာကိုယ်သန့်စင်ခြင်း - အရေပြားသန့်စင်ခြင်း (၅)၊ အသားသန့်စင်ခြင်း (၅)၊ အရိုးသန့်စင်ခြင်း (၅) )
(အတွင်းကြောမှတ်များဖွင့်ခြင်း - နှလုံးအတွင်းကြောမှတ် (၁) ၊ ဦးနှောက်အတွင်းကြောမှတ် (၀)၊ ခန္ဓာကိုယ်အတွင်းကြောအမှတ် (၀) )
လင်းဇီချန်သည် သူ၏ဇာတ်ကောင်ဘောင်ကွက်ကို ဆင့်ခေါ်ကာ စွမ်းအားအချက်အလက်များကို ကြည့်ကြည့်လိုက်သည်။ သွေးမျိုးဆက်စွမ်းအားသည် အဆင့်မြင့်စတုတ္ထအဆင့်ဖြစ်သည်။ သို့သော်လည်း ချီသွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့ကမူ မတိုးတက်သေးပေ။ ထို့ကြောင့် အတွင်းကြောမှတ်များဖွင့်ခြင်းက သွေးမျိုးဆက်စွမ်းအားအဆင့်ကို ဖွင့်နိုင်ခြင်းမျှသာလော။
'မထင်မရှားဖြစ်နေတာလား'
လင်းဇီချန်သည် အသာမျက်မှောင်ကြုတက်ာ အတော်လေးစိတ်ပျက်သွားမိသည်။ ၎င်းစိတ်ပျက်နေစဉ်တွင်ပင် ရုတ်တရက် ခန္ဓာကိုယ်ထဲမှ မတူသည့်အရာတစ်ခုကို အာရုံခံမိသည်။ နှလုံးကမူ မတူတော့ပေ။ နှလုံး၏သွေးခုန်နှုန်းသည် ယခင်ထက် (၁၀)ရာခိုင်နှုန်းခန့် တိုးတက်လာသည်။ ခန္ဓာကိုယ်ထဲမှ ချီသွေးပမာဏက ပြောင်းလဲခြင်းမရှိသော်လည်း နှလုံး၏သွေးခုန်နိုင်စွမ်းက တိုးမြင့်လာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ချီသွေး၏ပေါက်ထွက်နိုင်စွမ်းက သိသိသာသာတိုးတက်လာခြင်းပင် ဖြစ်၏။
ခန္ဓာကိုယ်တွင် စုစုပေါင်း အတွင်းကြောအမှတ် (၃၆၆) မှတ် ရှိသည်။ ထိုထဲတွင် နှလုံး၏အတွင်းကြောမှတ်က (၁၂၂) ဖြစ်သည်။ ခန္ဓာကိုယ်၏အတွင်းကြောမှတ် (၁၂၂) နှင့် ဦးနှောက်၏အတွင်းကြောမှတ် (၁၁၂)မှတ် ရှိသည်။
နှလုံးအတွင်းကြောအမှတ်တစ်မှတ်ကို ဖွင့်လျှင် ချီသွေးစွမ်းအားက (၁၀) ရာခိုင်နှုန်းတိုးတက်လာသည်။ နှလုံးအတွင်းကြောမှတ် (၁၂၂)မှတ်ဖွင့်လျှင် တွက်ချက်ကြည့်ရလျှင် (၁၂၂)ရာခိုင်နှုန်း တိုးတက်ပေမည်။ ချီသွေးတိုးတက်မှုက မိုးထိပင် ထိုးတက်နေပေတော့မည်။ အဆတစ်သိန်းမကပေ။ ထိုအဆတစ်သိန်းစွမ်းအားရှိသည့်လက်သီးချက်ဖြင့်ဆိုလျှင် နတ်ဘုရားဆိုလျှင်ပင်ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ထို့အပြင် ဦးနှောက်အတွင်းကြောမှတ်နှင့် ခန္ဓာကိုယ်သွေးကြောမှတ်များ ကျန်သေးသည်။ မတော်မဆဘာမှမရှိပါလျှင် ဦးနှောက်အတွင်းကြောမှတ်ကို ဖွင့်ခြင်းက ဝိညာဉ်စွမ်းအားတိုးတက်လာနိုင်သည်ဟု ဆိုလိုသည်။ ခန္ဓာကိုယ်အတွင်းကြောအမှတ်ကို ဖွင့်ခြင်းက ခန္ဓာကိုယ်ကြံခိုင်အားက တိုးတက်လာပေမည်။
ချီသွေးအဆတစ်သိန်း.....ဝိညာဉ်စွမ်းအားအဆတစ်သိန်း.... ခန္ဓာကိုယ်ကြံ့ခိုင်နိုင်စွမ်းအဆတစ်သိန်း....တွေးကြည့်လျှင်ပင် ကြောက်စရာကောင်းအောင် အားကောင်းလွန်းလှပေသည်။ လမ်းလာပိတ်သည့်နတ်ဘုရားများသာမက ဗုဒ္ဓကိုပါ သတ်နိုင်သည်ဆိုခြင်းမှာ ချဲ့ကားပြောနေခြင်းမဟုတ်ပေ။
"လင်းဇီ ငါ့ရဲ့သွေးမျိုးဆက်စွမ်းအားက အဆင့်မြင့်ပထမအဆင့်ဖြစ်သွားပြီ။ ဒါပေမဲ့လို့ ဝိညာဉ်စွမ်းအားနဲ့ ချီသွေးစွမ်းအားကတော့ သိသိသာသာပြောင်းလဲသွားတာမျိုး မရှိဘူး။ နှလုံးကသွေးခုန်နှုန်းအားက နည်းနည်းတိုးသွားတာပဲရှိတယ်။"
ရှန်ချင်းဟန်က ထိုသို့ပြောလိုက်သည်။ ပြောပြီးနောက်တွင် လင်းဇီချန်ကိုကြည့်၍ မေးလိုက်သည်။
"နင်ကရော။ ခန္ဓာကိုယ်ထူးထူးခြားခြားပြောင်းလဲသွားတာမျိုး ခံစားမိလား။"
"နင်နဲ့အတူတူပဲ။ ဘာမှထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိဘူး။ နှလုံးခုန်နှုန်း နည်းနည်းလေးတိုးတက်လာတာပဲရှိတယ်။ ဒါပေမဲ့လို့ သွေးမျိုးဆက်စွမ်းအားကတော့ အခြေခံစတုတ္ထအဆင့်ရောက်သွားပြီ။"
"ဘယ်လောက်"
"အဆင့်မြင့်စတုတ္ထအဆင့်။"
"လေးဆင့်ကို တစ်ခါတည်းနဲ့ တက်သွားတာလား။"
"အင်း။"
"အံ့ဩဖို့ကောင်းလိုက်တာ။"
ခေတ္တမျှကြာသည်အထိ ရှန်ချင်းဟန်သည် ငိုရမည်လား ရယ်ရမည်လား မသိပေ။ လင်းဇီချန်သည် တစ်ခါတည်းဖြင့် လေးဆင့်ဆင့်ကဲပြောင်းလဲသွားသည်မှာ သူမအတွက် ပျော်စရာကိစ္စပင် ဖြစ်သည်။ သို့သော်လည်း ဒုတိယအနေဖြင့် စဉ်းစားကြည့်လျှင် သူမသည် အတော်ကြာကြိုးစားခဲ့ရပြီးမှ လင်းဇီချန်၏သွေးမျိူးဆက်စွမ်းအားကိုမှီခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ မျက်စိတစ်မှိတ်အတွင်းတွင်ပင် သုံးဆင့်နောက်ကျနေခဲ့ကာ ကွာဟချက်က ကြီးလွန်းသည်။ သူမသည် လုံးဝနောက်ကျကျန်ခဲ့သည်ဟု ခံစားနေရသည်။ အမှီလိုက်ရန်လည်း ရည်ရွယ်ချက်မရှိတော့ပေ။
'မဟုတ်သေးဘူး။'
'ဘယ်လိုလုပ် အဲ့လိုတွေးနိုင်ရတာလဲ။'
'နောက်ကျကျန်ခဲ့တယ်ဆိုလည်း ကျန်ခဲ့တယ်ပေါ့။ အဲ့လောက်ကြီးခံစားမနေသင့်ဘူး။'
'ဒီလိုအချိန်မျိုးမှာ ရှောင်ချန်အတွက် ဝမ်းသာပေးနေရမှာ။'
'ငါလည်း ရှောင်ချန်လောက်တော့ မတော်ပေမဲ့ အံ့ဩစရာကောင်းတာပဲလေ။'
'အဲ့ဒါအပြင် ရှောင်ချန်က ငါ့အပိုင်ပဲ။ သူတော်တာက ငါတော်တာပဲလေ။ သူနဲ့ကွာလို့ ကိုယ့်ဘာသာ ဖိအားမပေးသင့်ဘူး။ ငါက လူအများစုထက် ပိုသာဖို့ပဲလိုတာ။'
'ဟုတ်တယ် အဲ့ဒါက အမှန်ပဲ။'
ရှန်ချင်းဟန်သည် မိမိဘာသာ အားပေးနှစ်သိမ့်လိုက်သည်။ နှစ်သိမ့်ခြင်းက ချက်ချင်းပင် စိတ်သက်သာရာရသွားစေသည်။
ပျော်ရွှင်မှုသာ ရှိကာ စိတ်မသက်မသာဖြစ်ခြင်းမျိုး မရှိတော့ပေ။
"လင်းဇီ ငါတို့က တကယ်ရေစက်ပါတယ်။ အတွင်းကြောမှတ်တွေတောင်မှ တစ်ချိန်တည်း ပွင့်သွားကြတာ။ ငါတို့ ကောင်းကင်ဘုံက နတ်ဖက်တဲ့စုံတွဲပဲ။"
ရှန်ချင်းဟန်သည် လင်းဇီချန်ကို ဖက်လိုက်ကာသိမ်မွေ့သောအသံလေးဖြင့် ပြောလိုက်သည်။ လင်းဇီချန်က သူမ၏ဆံပင်လေးကို သာသာလေးပွတ်ပေးလိုက်ရင်းဖြင့် ညင်သာစွာ ပြုံးလိုက်မိသည်။
"ဟုတ်တယ်။ ငါတို့ ကောင်းကင်ဘုံက နတ်ဖက်တဲ့စုံတွဲပဲ။"
....
ညစာစားပြီးနောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် မနားကြပေ။ သုတေသနတက္ကသိုလ်သို့ ထွက်လာကြသည်။ သွေးသန့်လူသားခန္ဓာကိုယ်ဖြင့် အဆင့်မြင့်အဆင့်သို့ ဆင့်ကဲပြောင်းလဲသွားသည့်သတင်းကောင်းကို လျို့ချွမ်ဝူနှင့် စုန့်ယွီယန်ကို မျှဝေချင်သည်။ နှစ်ဦးသား တက္ကသိုလ်သို့ ရောက်သည့်အခါတွင် လျို့ချွမ်ဝူနှင့် စုန့်ယွီယန်က အခန်းအသီးသီးတွင် ရှိကာ အတွင်းကြောမှတ်များ ဖွင့်ရန် ကြိုးစားနေသည်။ မာရှိဝေကမူ မရှိပေ။ သူမသည် နေ့ဘက်တွင်သာ လာပြီး ညဆိုလျှင် မလာတော့ပေ။ လင်းဇီချန်က လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့ကို ထွက်လာရန် အော်ခေါ်လိုက်သည်။ မိမိနှင့် ရှန်ချင်းဟန်တို့သည် အတွင်းကြောအမှတ်များကို အောင်မြင်စွာ ဖွင့်လိုက်နိုင်ကြောင်း ကြေညာလိုက်သည်။ အတွင်းကြောမှတ်များကို အောင်မြင်စွာ ဖွင့်နိုင်သည်နှင့် ခန္ဓာကိုယ်သည် သာမန်လူသားအနှောင်အဖွဲ့များကို ချိုးဖျက်၍ အဆင့်မြင့်သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲသွားကြောင်းလည်း ပြောပြလိုက်သည်။ တစ်ဦးသည် အဆင့်မြင့်စတုတ္ထအဆင့်ဖြစ်သည်။ အခြားတစ်ဦးက အဆင့်မြင့်ပထမအဆင့် ဖြစ်၏။
ထိုစကားကို ကြားသည့်အခါတွင် လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့နှစ်ဦးလုံး အံ့ဩတုန်လှုပ်သွားကြသည်။ လင်းဇီချန်သည် အဆင့်မြင့်သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲမည်ကို သိထားသော်လည်း အဆင့်မြင့်စတုတ္ထအဆင့်ထိ ရောက်သွားလိမ့်မည်ဟု မထင်ထားပေ။ အခြေခံနဝမအဆင့်မှ အဆင့်မြင့်စတုတ္ထအဆင့်အထိ ခုန်တက်သွားခြင်းဖြစ်သည်။
ရှန်ချင်းဟန်သည်လည်း လင်းဇီချန်နှင့်အတူတူ အတွင်းကြောမှတ်များကို ဖွင့်နိုင်လိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ သူမသည် သုတေသနတက္ကသိုလ်သို့ရောက်လာသည်မှာ မကြာသေးပေ။ လင်းဇီချန်ကို အမှီလိုက်နိုင်သည်ကပင် အံ့ဩစရာကောင်းလှသည်။
"ဇီချန် ဟန်ဟန် မင်းတို့နှစ်ယောက်က အတော်လေးအဓိပ္ပာယ်မရှိဘူးမလား။"
"မြို့တော်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေတုန်းက ငါက ဒုတိယအမှတ်အများဆုံး ပါရမီရှင်အလှလေးအဖြစ် လူသိများတယ်။ ဒါပေမဲ့လို့ မင်းတို့နှစ်ယောက်နဲ့တော့ မယှဉ်နိုင်ဘူး။ ခုဆို ငါက မြေကြီးပေါ်က မသန်မစွမ်းလူတစ်ယောက်သာသာပဲ ဖြစ်သွားပြီ။"