← Chapters

အပိုင်း ၁၆၃-၁၆၅

Vol. 11 Ch. 163-165

အပိုင်း ၁၆၃-၁၆၅

Vol. 11 Ch. 163-165

အခန်း (၁၆၃) စွမ်းအားကြီး စက်နတ်ဘုရားအဖွဲ့

ထမင်းစားပြီးနောက် လင်းဇီချန်သည် ရေခဲသေတ္တာထဲမှ မသေမျိုး ပက်ကျိအသား ၁၀ ပေါင်ကို ထုတ်၍ ရှန်ချင်းဟန်ကို မရှောင်ဘဲ သူမရှေ့၌ပင်စားရန်ဆုံးဖြတ်လိုက်သည်။

[“မသေမျိုးပက်ကျိများ”ဆီမှ ရှင်သန်ခြင်းအနှစ်သာရ အများအပြားကို သင် စုပ်ယူလိုက်ပါပြီ]

[မသေမျိုးပက်ကျိစွမ်းအား ၁၀%]

အသားများကို စားသုံးပြီးနောက် လင်းဇီချန်သည် ယခုအခါ အသုံးမဝင်သောမသေမျိုးပက်ကျိအသားများကို အမှိုက်အိတ်ထဲတွင် ထုပ်ပိုးကာ အောက်ထပ်သို့ ယူသွား၍ နောက်မှ စွန့်ပစ်ရန် စီစဉ်ခဲ့သည်။

"ရှောင်ချန် နင်ကဘာလို့ မသေမျိုးပက်ကျိအသားကို အမှိုက်အိတ်ထဲထည့်လိုက်တာလဲ”

ရှန်ချင်းဟန်က အံ့ဩသော အမူအရာဖြင့် မေးသည်။ သူမ၏မျက်လုံးထဲတွင် လင်းဇီချန်သည် ပက်ကျိအသားများကို ရေခဲသေတ္တာထဲမှထုတ်ကာ အတွင်းသားကို လက်ညှိုးဖြင့်ထိ၍ အမှိုက်အိတ်ထဲသို့ ထည့်လိုက်ခြင်းက အလွန်ထူးဆန်းနေသည်။

“ဒီမသေမျိုး ပက်ကျိအသားတွေက မကောင်းတော့ဘူးမို့လို့ ပစ်ရတော့မယ်”

"မကောင်းလို့ဟုတ်လား" ရှန်ချင်းဟန်အနည်းငယ် စိတ်ရှုပ်သွားသည်။

"ဒါပေမယ့် ငါလက်ခံကြောင်း လက်မှတ်ထိုးလိုက်တုန်းက အဲ့တာက အရမ်းလတ်သေးတယ်”

"နင်လတ်မှတ်ထိုးလိုက်တာက လတ်ဆတ်တယ်၊ ဒါပေမယ့် အခုပဲ အသားထဲက အနှစ်သာရအားလုံးကို စုပ်လိုက်ပြီမို့ မြန်မြန်ပုတ်သွားတော့မှာ”

"အသားထဲက အနှစ်ကို နင်စုပ်လိုက်တာလား”

ရှန်ချင်းဟန်သည် အနည်းငယ် ပဟေဠိဖြစ်လျက် ခဏမျှ စဉ်းစားပြီးနောက်ပြောလိုက်သည်။

“ဒါ နင့်ရဲ့ စွမ်းအားလား”

လင်းဇီချန်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ ဒါက ငါ့ရဲ့စွမ်းအားပဲ။ ဆန်းကြယ်သားရဲအသားထဲက အနှစ်သာရကို ဒီတိုင်းစုပ်ယူနိုင်တယ်၊ ဒါကြောင့် ဆန်းကြယ်သားရဲတွေရဲ့ စွမ်းရည်တချို့ကို ငါရနိုင်တယ်လေ"

၎င်းကို ဖုံးကွယ်မထားတော့ဘဲ ဆန်းကြယ်သားရဲအသားကို စုပ်ယူနိုင်စွမ်း လျှို့ဝှက်ချက်ကို ပွင့်ပွင့်လင်းလင်း ရှန်ချင်းဟန်ကို မျှဝေခဲ့သည်။ ၎င်းတို့နှစ်ယောက် အတူတကွနေထိုင်ခဲ့ကြရာ အချိန်ကြာလာသည်နှင့်အမျှ မကြာခဏ ကိစ္စများကို သံသယရှိလာလျှင် မကောင်းသဖြင့် ကြိုတင်ပြောပြထားခြင်းက ပိုကောင်းသည်။ ဘွဲ့ရပြီးသည်နှင့် အိမ်ထောင်ပြုရန် ဦးတည်ထားသော ဆက်ဆံရေးရှိသောကြောင့် လျှို့ဝှက်ချက်များကို ပြောပြထားခြင်းက အဓိပ္ပါယ်ရှိသည်။ ဖုံးကွယ်ထားရန် အကြောင်းပြချက်မရှိပေ။

"ဆန်းကြယ်သားရဲအသားရဲ့ အနှစ်သာရကို စုပ်ယူပြီးတော့ ဆန်းကြယ်သားရဲရဲ့ စွမ်းအားတွေကို ရတာလား”

ရှန်ချင်းဟန် အံ့သြသွားသည်နှင့် သူမ၏ ချယ်ရီပန်းကဲ့သို့ ပါးစပ်က အလိုလိုပွင့်သွားသည်။ သူမ၏ မျက်နှာသည် မယုံနိုင်မှုများနှင့် ပြည့်နှက်နေ၏။

ခဏအကြာတွင် သူမသည် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိလာ၏။

"နင် သွေးမျိုးစပ်လမ်းကြောင်းကို မလိုက်နာတာ အံ့သြစရာမဟုတ်ပေမယ့် သွေးသန့်လူသားလမ်းစဥ်အစား ဒီစွမ်းအားနဲ့ဆိုရင် နင် သွေးမျိုးစပ်ဖို့တောင်မလိုဘူး”

ပြောပြီးနောက်တွင် သူမ၏ စိတ်ခံစားချက်က အနည်းငယ် ကျဆင်းသွားသည်။

"သွေးမျိုးစပ်နိုင်စွမ်း ၂၁% က မြင့်မားနေတာကြောင့် နောက်ဆုံးမှာ နင့်လို သန်မာလာပြီး လူတိုင်းပြောနေကြတဲ့ ပြိုင်ဘက်ကင်းအတွဲလို့ လူသိများလာလိမ့်မယ်လို့ ငါထင်ခဲ့တာ။ အခုတော့ စိတ်ကူးယဥ်ဆန်နေတဲ့ပုံပဲ။"

လင်းဇီချန်က ပြုံး၍ ပြောသည်။

"'လင်နဲ့မယား' စကားလုံးနှစ်လုံးက 'ပြိုင်ဘက်ကင်း စုံတွဲ' စကားလုံးထက် အများကြီး ပိုတယ်မလား"

ရှန်ချင်းဟန်က နှုတ်ခမ်းကို ခပ်ဖွဖွစူလိုက်သည်။

"ဒါပေမယ့် ငါနင်နဲ့တွဲပြီး ပြိုင်ဘက်ကင်းစုံတွဲဖြစ်ချင်တယ်”

လင်းဇီချန်က နူးညံ့သိမ်မွေ့သောလေသံဖြင့်ပြောလိုက်၏။

"နင့်မှာ အမည်မသိစူပါပါဝါတစ်ခု ရှိနေပါသေးတယ်။ အဲတာက နောင်မှာ ဖွံ့ဖြိုးပြီးတာနဲ့ နင်ငါ့ထက်တောင် ပိုသန်မာလာနိုင်တယ်"

“အဲဒါလည်း ဖြစ်နိုင်ပုံပါပဲ”

ရှန်ချင်းဟန်က ကြည်လင်သော မျက်လုံးများကို မှိတ်ထားကာ ကျယ်လောင်စွာပြောလိုက်သော်လည်း သူမစိတ်ထဲမှ ယုံကြည်ခြင်းမရှိလှပေ။

လင်းဇီချန်၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် အဓိပ္ပါယ်မဲ့ပုံပေါက်သည်။ သူ့ထက် မယုံနိုင်ချင်စဖွယ် အလွန်ကြီးမားသော စွမ်းအားမျိုးရှိနေဦးမည်လားကိုလည်း သံသယဖြစ်မိ၏။

သူမသည် လင်းဇီချန်နှင့် တစ်သက်တာတွင် 'အနှိုင်းမဲ့ စုံတွဲ' အဖြစ် ဘယ်သောအခါမှ အမည်တွင်တော့မည်မဟုတ်ကြောင်း ကောင်းစွာသိထားသည်။ သူမ၏ တစ်ခုတည်းသော အလွန်ကြီးမားသော မျှော်လင့်ချက်မှာ အနာဂတ်တွင် လင်းဇီချန်ထက် အဆင့်အလွန်မနိမ့်ဘဲ ဝန်ထုပ်ဝန်ပိုးဖြစ်မလာရန်သာဖြစ်၍ ကူညီထောက်ပံ့မပေးနိုင်လျှင်ပင် လုံလောက်ပေလိမ့်မည်ဖြစ်သည်။

သူမ ထိုအတွေးများကို တွေးတောနေချိန်တွင် ရှန်ချင်းဟန်သည် တစ်စုံတစ်ခုကို နောက်ကျစွာ သဘောပေါက်သွားခဲ့သည်။

‘ရှောင်ချန်က တကယ်ပဲ အရေးကြီးတဲ့ လျှို့ဝှက်ချက်ကို ငါ့ကို ပြောလိုက်တာလား’

‘ဒါက ငါက သူ့စိတ်ထဲမှာ အရေးကြီးဆုံးလူလို့ ဆိုလိုတာလား’

‘အဲ့လိုပဲဖြစ်ရမယ်’

ဤအတွေးဖြင့် ရှန်ချင်းဟန်၏ စိတ်ခံစားချက်က ချက်ချင်းတိုးတက်လာကာ ‘ပြိုင်ဘက်ကင်းစုံတွဲ’မဖြစ်နိုင်လာခြင်းနှင့်ပတ်သက်သည့် နောင်တကို ဖယ်ရှားလိုက်သည်။

နေ့လည် ၂နာရီ ၄၅ မိနစ်။

လင်းဇီချန်သည် သုတေသနဌာနသို့ မသွားဘဲ ရှန်ချင်းဟန်၏ အားကစားရုံသို့ လိုက်ပါသွားကာ အထွတ်အထိပ် ဦးဆောင်သူစာရင်းရှိ အဆင့်ရှစ်နှင့် ကိုးအကြားပြိုင်ဆိုင်ပွဲကို ကြည့်ရှု့ခဲ့သည်။ ဆရာမများ၊ ကျောင်းသားများနှင့် စက်နတ်ဘုရားအဖွဲ့အစည်းမှ တစ်ဦးချင်းအပါအဝင် လူအများအပြားသည် အဆိုပါပွဲကို ကြည့်ရှုရန် လာရောက်ခဲ့ကြသည်။ စက်နတ်ဘုရားအဖွဲ့အစည်းသည် ယခု ရှန်ဟိုင်းတက္ကသိုလ်ရှိ စက်မှုအကယ်ဒမီ၏ အကြီးဆုံးမိတ်ဖက်ဖြစ်ကာ အကယ်ဒမီတွင် အသုံးပြုသည့် သတ္တုစပ်ပစ္စည်းများ၏ ၈၀% ခန့်ကို ပံ့ပိုးပေးထားသည်။

စက်နတ်ဘုရားအဖွဲ့အစည်းက စက်မှုအကယ်ဒမီကို ရက်ရက်ရောရော ပံ့ပိုးပေးရာတွင် ရည်ရွယ်ချက် နှစ်ခုရှိသည်။

ပထမအချက်မှာ စက်ရုပ်လူသား ပြုပြင်မွမ်းမံမှုကို မြှင့်တင်ရန်၊ စက်ရုပ်လူသား ပြုပြင်မွမ်းမံမှုသည် သွေးမျိုးစပ်ခြင်းထက် အားမနည်းကြောင်း သက်သေပြရန်နှင့် စက်ရုပ်လူသား ပြုပြင်မွမ်းမံမှုကို ပိုမိုချဲ့ထွင်အသုံးပြုနိုင်ရန်ဖြစ်သည်။ သွေးမျိုးစပ်ခြင်းထက် စက်ရုပ်လူသား ပြုပြင်မွမ်းမံခြင်းအတွက် သင့်လျော်သောလူများ များစွာရှိသည်။

ဒုတိယအချက်မှာ အဖွဲ့အစည်း၏သြဇာလွှမ်းမိုးမှုကိုချဲ့ထွင်ရန်ဖြစ်သည်။ ရှန်ဟိုင်းတက္ကသိုလ်၏ စက်မှုအကယ်ဒမီမှ ဘွဲ့ရများကို စက်နတ်ဘုရားအဖွဲ့အစည်းသို့ နှစ်စဉ် စေလွှတ်ပေးသည်။ အချုပ်အားဖြင့်ဆိုရသော် စက်နတ်ဘုရားအဖွဲ့အစည်းသည် ၎င်း၏ကိုယ်ပိုင်သြဇာကို တိုးမြှင့်လိုခြင်းပင်ဖြစ်၏။

"ရှောင်ချန် ဒုတိယထပ် စင်္ကြံကိုကြည့်၊ အွန်လိုင်းမှာ မကြာခဏတွေ့နေရတဲ့ စက်ရုပ်လူသားမိန်းကလေး အခုရောက်နေတယ်” ရှန်ချင်းဟန်က လင်းဇီချန်ကို အပေါ်ထပ်သို့ လှမ်းကြည့်ရန် အချက်ပြလိုက်သည်။

လင်းဇီချန်က သူမကိုတွေ့ခဲ့ပြီဖြစ်သည်။

ဒုတိယထပ်စင်္ကြံတွင် စက်နတ်ဘုရားအဖွဲ့အစည်း၏ကိုယ်စားလှယ်များသည် စက်ရုပ်လူသားအကယ်ဒမီ၏ခေါင်းဆောင်များနှင့်အတူရှိနေသည်။

ခန္ဓာကိုယ်တစ်ဝက်ကျော် သတ္တုစပ်ဖြစ်နေသည့် စက်နတ်ဘုရားအဖွဲ့အစည်းမှ ပါရမီရှင်မိန်းကလေးသည် အလွန်ကျော်ကြားလှသည်။

"ရှောင်ချန် မြို့တော်က ပါရမီရှင်နဲ့ ဒီစက်ရုပ်လူသားမိန်းကလေးနဲ့ တိုက်ရင် ဘယ်သူပိုအားကောင်းမယ်လို့ထင်လဲ” ရှန်ချင်းဟန်က စိတ်ဝင်တစား မေးသည်။

ထို ‘ပြိုင်ဘက်ကင်းစုံတွဲ’ဟူသော စကားလုံးကို သူမ ပထမဆုံးကြားခဲ့ရသည်မှာ ဤ မြို့တော်မှ ပါရမီရှင်နှင့် စက်ရုပ်လူသားပါရမီရှင်မိန်းကလေးတို့ကြောင့်ဖြစ်ရာ ထိုစကားကို ကြားခဲ့စဥ်ကတည်းက မတူညီသော နယ်ပယ်အသီးသီးမှ ထိပ်တန်းပါရမီရှင်နှစ်ဦးကြားတွင် မည်သူက ပို၍ သန်မာမည်ကို သူမ အမြဲတစေ သိချင်နေခဲ့သည်။

လင်းဇီချန်သည်လည်း ထိုမေးခွန်းအတွက် အဖြေကိုသိချင်သည်။

သို့သော်လည်း နှစ်ပေါင်းများစွာ စျေးကွက်ချဲ့ထွင်မှု လုပ်နေကြသည့်တိုင် မြို့တော်မှ ပါရမီရှင်နှင့် စက်ရုပ်လူသား ပါရမီရှင် မိန်းကလေးတို့က ထိပ်တိုက်မတွေ့ခဲ့ကြပေ။

ပြိုင်ဆိုင်ခြင်းသည် အကျိုးမရှိ၊ အားနည်းချက်များသာဖြစ်ကြောင်း ၎င်းတို့နှစ်ဦးလုံး သိထားသောကြောင့်ဖြစ်သည်။ မည်သည့်အခါမျှ ထိပ်တိုက်မရင်ဆိုင်ဘဲ မည်သူက သာလွန်သည်ကို ရှင်းရှင်းလင်းလင်းမပြသရွေ့ ခေါင်းစဥ်က ဆက်လက်တည်မြဲနေမည်ဖြစ်သည်။

ဤသည်က နှစ်ဖက်လုံးအတွက် ကောင်းသည်။

"မြို့တော်က ပါရမီရှင်နဲ့ စက်ရုပ်လူသား ပါရမီရှင်မိန်းကလေးကြားက ဘယ်သူက ပိုကြောက်ဖို့ကောင်းလဲဆိုတာကို ခန့်မှန်းကြည့်ဖို့ လာမယ့်ပွဲစဉ်မှာ ဘယ်သူနိုင်မလဲဆိုတာ ကြည့်ဖို့ပဲလိုတယ်၊ ပြီးရင် နည်းနည်းအကြမ်းဖျင်းဝေဖန်တာမျိုးလုပ်လို့ရမှာပါ" လင်းဇီချန်က ပြောကြားခဲ့သည်။

"အဆင့် ၉ စက်ရုပ်လူသားက နိုင်သွားရင် စက်ရုပ်လူသားမိန်းကလေးက ပိုအထင်ကြီးစရာကောင်းလိမ့်မယ်လို့ ဆိုလိုတယ်"

“အဆင့် ၈ သွေးမျိုးစပ်က နိုင်သွားရင် မြို့တော်က ပါရမီရှင်က နိုင်နိုင်တယ်”

လင်းဇီချန်က ယုတ္တိကျကျ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ စက်ရုပ်လူသား နဝမအဆင့်တွင် အဖွဲ့အစည်း၏ အင်အားကို ကောင်းစွာထင်ဟပ်စေသည့် စက်နတ်ဘုရားအဖွဲ့အစည်းမှ အဆင့်မြှင့်တင်မှုများ ပါဝင်သည်။

အကယ်၍ အဆင့် ၉ ရှိသော စက်ရုပ်လူသားက အဆင့် ၈ ရှိ သွေးမျိုးစပ်ကို အနိုင်ယူနိုင်ခဲ့ပါက စက်ရုပ်လူသား မြှင့်တင်မှုများသည် သွေးမျိုးစပ်ခြင်းထက်ပို၍ အားကောင်းသည်ဟု ပြောရပေလိမ့်မည်။

အတိုင်းအတာတစ်ခုအထိ စက်ရုပ်လူသား ပါရမီရှင်မိန်းကလေးသည် မြို့တော်မှ ပါရမီရှင်ထက် ပိုမိုစွမ်းအားကြီးကြောင်း ညွှန်ပြနိုင်သည်။

မှန်သည်။ ဤအရာများအားလုံးက မှန်းဆချက်များဖြစ်ကာ တိကျမည်မှာမဟုတ်သည်မှာသေချာသည်။

မကြာခင်၌ အချိန်က ညနေ ၃ နာရီသို့ရောက်လာသည်။ လူအုပ်ကြီး၏ မျက်လုံးများအောက်တွင် ပြိုင်ပွဲဝင်နှစ်ဦး စင်မြင့်ပေါ်သို့ တက်လာသည်။

အဆင့် ၈ သွေးမျိုးစပ်သည် နွားချိုတစ်စုံပါသော လူငယ်တစ်ဦးဖြစ်သည်။

အဆင့် ၉ စက်ရုပ်လူသားသည်မူ စက်ပိုင်းဆိုင်ရာအရိုးစုတစ်ခုထဲ၌ မြုပ်ဝင်နေသော လူငယ်တစ်ဦးဖြစ်သည်။

နှစ်ယောက်သား စင်မြင့်ပေါ်သို့တက်လာသည့် အခိုက်အတန့်တွင် ပြိုင်ဖက်များ၏ တိုက်ခိုက်မှုကြောင့် ပရိသတ်အား မတော်တဆ ထိခိုက်မှုမှ ကာကွယ်ရန်အတွက် ခံနိုင်ရည်အားမြင့်သော ဖောက်ထွင်းမြင်ရသော မှန်နံရံများ ထွက်ပေါ်လာသည်။ စက်ရုပ်လူသားများကြောင့် တိုက်ပွဲကွင်းပြင်အနှံ့ ပျံတက်လာသော ဒုံးကျည်များနှင့် ကျည်ဆန်များရှိလာနိုင်သည်။ မှန်နံရံအကာအရံမရှိပါက ပြိုင်ပွဲမပြီးမီတွင် ပရိသတ်နေရာများ၌ သေဆုံး၊ ထိခိုက်သူများရှိလာနိုင်သည်။

တူညီသောအကြောင်းကြောင့် သိုင်းစင်မြင့်ထက်၌ ဒိုင်လူကြီးများမရှိပေ။

"တိုက်ပွဲစတင်ပါ"

အသံလွှင့်အမိန့်ပေးချက်အရ သိုင်းစင်မြင့်မှ နှစ်ဦးက ချက်ချင်းပင် စတင်တိုက်ခိုက်ခဲ့သည်။

တစ်ချိန်တည်း၌ပင် သိုင်းစင်မြင့်သည် အလွန်များပြားသော ကျည်ဆန်များထွက်ပေါ်လာကာ လက်နက်ကြီးများ၏ ပြင်းပြင်းထန်ထန် ပစ်ခတ်သံများ လေထဲသို့ ပြည့်လျှံသွားလျက် မီးခိုးများ ထွက်ပေါ်လာသည်။

ကံကောင်းထောက်မစွာဖြင့် လင်းဇီချန်သည် သာမန်လူထက် ဝေးဝေးမြင်နိုင်သည့်“ကောင်းကင်မျက်လုံးများ” သွေးမျိုးဆက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

မီးခိုများပြည့်နေသော စင်မြင့်ပေါ်၌ပင် တိုက်ပွဲ၏ အခြေအနေကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။

အစပိုင်းမှစ၍ စက်ရုပ်လူသားသည် လေဝင်လေထွက် တွန်းကန်အားကို ဆန့်ကျင်သော ကိရိယာကို အသုံးပြုလိုက်ရာ သွေးမျိုးစပ်ပေါ်သို့ မီးလုံးများ သက်ဆင်းလာသည်။ သွေးမျိုးစပ်သည် စက်ရုပ်လူသားအနားသို့မကပ်နိုင်ဘဲ သူ၏ ဦးခေါင်းကို ကာကွယ်ကာ သိုင်းစင်မြင့်ပေါ်တွင် ကွေးကောက်လျက် အပေါ်မှ ပစ်ခတ်လာသော လက်နက်များ၏ တိုက်ခိုက်မှုကို ခံနိုင်ခဲ့သည်။ မကြာမီ၌ပင်

သွေးမျိုးစပ်၏ ခန္ဓာကိုယ်က ကျည်ဆန်ပေါက်များဖြင့်ပြည့်နစ်နေကာ အစိတ်အပိုင်းများစွာ ကွဲထွက်သွားသည်။

သို့သော် သူ့ခန္ဓာကိုယ်မှ သွေးများထွက်နေရုံ၊ အားနည်းနေရုံသာဖြစ်၍ မသေသွားခဲ့ပေ။

သူ၏ ခဲယမ်းမီးကျောက်အားလုံးကို အသုံးပြုပြီးနောက် စက်ရုပ်လူသားသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ အနီးကပ် တိုက်ခိုက်ရေးမုဒ်သို့ ပြောင်းလဲ၍ ပြင်းထန်စွာ ဒဏ်ရာရသွားသော သွေးမျိုးစပ်ကို လက်သီးချက်ဖြင့် ထိုးသတ်လိုက်သည်။

အနီးကပ်တိုက်ပွဲသည် မိနစ်အနည်းငယ်သာကြာမြင့်ခဲ့၍ အဆုံးသတ်တွင် သွေးမျိုးစပ်က အသက်ရှင်သည်ဆိုရုံမျှသာ စင်ပေါ်၌ လဲကျနေသည်။ ထိုအတောအတွင်း စက်ရုပ်လူသားသည် သူ၏အရိုးစု၌ အက်ကွဲကြောင်းအချို့သာ ရှိ၍ နဂိုအတိုင်းပင် ရှိနေသေးသည်။

ဤပွဲ၏ ရလဒ်ထွက်ပေါ်လာချိန်တွင် ပရိသတ်ကြားထဲ၌ဆွေးနွေးမှု လှိုင်းလုံးကြီး ထွက်ပေါ်လာသည်။

"အရင်တုန်းက ဆင့်ကဲပြောင်းလဲခြင်းကောလိပ်က တိုက်ပွဲတွေမှာ စက်မှုအကယ်ဒမီကို လွှမ်းမိုးထားနိုင်ပေမယ့် စက်နတ်ဘုရားအဖွဲ့အစည်းက စက်မှုအကယ်ဒမီနဲ့ ပူးပေါင်းပြီးကတည်းက အခြေအနေတွေက ပြောင်းလဲလာခဲ့ပါတယ်"

“ဟုတ်တယ်၊ စက်ရုပ်လူသား နည်းပညာက အားကောင်းလွန်းတယ်။ တကယ်ကို စွန့်စားဖို့မလိုဘူး။

စက်ရုပ်လူသားအသားစ စစ်ဆေးတာကိုသာ ငါလက်မလျော့လိုက်ရရင် ငါလည်း စက်ရုပ်လူသားဖြစ်ချင်တယ်”

"ဒီနေ့တိုက်ပွဲပြီးရင် ကောလိပ်တွေကြားက စွမ်းအားအဆင့်အတန်းက ပြောင်းလဲတော့မယ်လို့ ခံစားရတယ်။"

"တကယ်တော့ အဲ့တာက မင်းပြောသလို ချဲ့ကားတာမဟုတ်ဘူး။ စက်ပိုင်းဆိုင်ရာ ပြုပြင်ထားတဲ့ လူသားတွေမှာပဲ အစောပိုင်း အားသာချက်ရှိတယ်။ မပျံသန်းနိုင်တဲ့ အဆင့်နိမ့်သွေးမျိုးစပ်တွေကို ဝေဟင်ကနေတိုက်ပြီး အသာစီးရသွားတာ”

“တကယ်ပဲ သွေးမျိုးဆက်စွမ်းအားအဆင့် မြင့်လာတာနဲ့အမျှ သွေးမျိုးစပ်အများစုက ပျံနိုင်လာကြတယ်လေ။အဲ့ကျရင် စက်ရုပ်လူသားတွေက အရေးနိမ်ံ့ရလိမ့်မယ်”

"ဒါက သွေးမျိုးဆက်စွမ်းအားအဆင့်က လုံလုံလောက်လောက် မြင့်မားနေမှပဲလေ။ ငါတို့သာမန်လူတွေအတွက် ဒီတစ်သက်တာမှာ သွေးမျိုးဆက်စွမ်းအားအဆင့်ကအများဆုံးမှ အဆင့်မြင့်အဆင့်ထိပဲရှိလိမ့်မယ်။ အဲ့ထက်ကျော်ပြီး ဆွေးနွေးနေတာက အဓိပ္ပါယ်မဲ့တယ်"

"ဟုတ်တယ်။ တက္ကသိုလ်အဆင့်မှာတောင် စက်မှုအကယ်ဒမီက ကိစ္စတွေကို ပြောင်းပြန်လှန်ပစ်နေပြီလို့ ခံစားရတယ်”

အဆင့်(၉) စက်ရုပ်လူသားက အခြေခံအားဖြင့် အဆင့် (၈) သွေးမျိုးစပ်ကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်ခဲ့သည့်အတွက် လူတိုင်း အံ့အားသင့်သွားကြသည်။ ဤကြီးမားသောအဖွဲ့အစည်းဖြစ်သည့် စက်နတ်ဘုရားအဖွဲ့အစည်းသည် မယုံနိုင်လောက်အောင် စွမ်းအားကြီး၍ စက်ရုပ်လူသားနည်းပညာဖြင့် လူတစ်ဦး၏ ခွန်အားကို အဆမတန် တိုးမြင့်ပေးနိုင်ကြောင်း သက်သေပြနေခြင်းလည်းဖြစ်သည်။

လင်းဇီချန်က လူတိုင်း၏ ဆွေးနွေးချက်ကို ခဏတာ နားထောင်ခဲ့သည်။

အနာဂတ်တွင် မည်သည့်ကောလိပ်က ပိုကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ကို သူအနည်းငယ်မျှ စိတ်မပူပေ။ သူစိတ်ဝင်စားသောအရာက တစ်ခုတည်းသာဖြစ်သည်။ ကျောင်းထိပ်တန်း အယောက် ၁၀စာရင်း၌ ပါဝင်ပါက တစ်လ၌ သူ ကျောင်းအမှတ် မည်မျှရနိုင်သနည်း ဆိုသည်ကိုသာဖြစ်သည်။

ဤသည်ကိုတွေး၍ ကျောင်း၏အက်ပ်မှ ဆက်စပ်အချက်အလက်များကို ရှာဖွေကာ အဖြေကို မကြာခင်၌ပင် သိလိုက်ရသည်။

ပထမနေရာ၊ တစ်လလျှင် ကျောင်းအမှတ် ၁၀၀၀။

ဒုတိယနေရာ၊ တစ်လလျှင် ကျောင်းအမှတ် ၉၀၀။

တတိယနေရာ၊ တစ်လလျှင် ကျောင်းအမှတ် ၈၀၀။

ဒသမနေရာပင်လျှင် တစ်လ၌ ကျောင်းအမှတ် ၁၀၀ ရနိုင်မည်ဖြစ်သည်။

ကျောင်းအမှတ်ဆုများအပြင် ထိပ်တန်းကျောင်းသားစာရင်းမှလူများကို စိန်ခေါ်ရန် စည်းမျဉ်းများအကြောင်း အချက်အလက်များကိုလည်း သူတွေ့ခဲ့သည်။

ကျောင်းသားသစ်များသည် အထွတ်အထိပ်စာရင်းကို စိန်ခေါ်ရန် မကြိုးစားမီ လာမည့်စာသင်နှစ်တွင် ကျင်းပမည့် ကျောင်းသားသစ်များအတွက် ပြိုင်ပွဲကို အပြီးသတ်ရမည်ဖြစ်သည်။ အထွတ်အထိပ်စာရင်းကို စိန်ခေါ်ရန် အပတ်တိုင်း အခွင့်အရေးတစ်ခုသာ ရှိကာ ထိုသို့ပြုလုပ်သည့်အခါ သင့်အထက်နေရာ အဆင့်(၅၀)ထက်ပိုသော ပြိုင်ဘက်ကို စိန်ခေါ်နိုင်မည်မဟုတ်ပေ။

ထိပ်တန်းအဆင့်ကျောင်းသားများကို စိန်ခေါ်ရန် အပတ်စဉ်အခွင့်အရေးတစ်ခုသာရှိ၍ အဆင့် ၅၀ထက်ပိုမိုသောမည်သူမဆိုကိုပစ်မှတ်ထားနိုင်ခြင်းရှိမည်မဟုတ်ပေ။

အမြင့်ဆုံးစာရင်းတွင် စုစုပေါင်းနေရာ ၅၀၀ ရှိသည်။

ဆိုလိုသည်မှာ လာမည့်စာသင်နှစ်တွင် ကျောင်းသားသစ်များအတွက် ယှဉ်ပြိုင်မှုပြီးပါက ထိပ်တန်းသို့ အမြန်ဆုံးရောက်ရှိရန် အနည်းဆုံး ၁၀ ပတ်ခန့် အချိန်ယူရမည်ဖြစ်သည်။

ကျောင်းသားသစ်များအတွက် ပြိုင်ပွဲက လာမည့် စာသင်နှစ် အလယ်တွင် ဖြစ်ပေါ်မည်ကို ထည့်သွင်းစဉ်းစားပါက အထွတ်အထိပ်စာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိရန် ပထမပညာသင်နှစ်၏တစ်ဝက်ခန့်ကုန်ဆုံးရန် လိုအပ်ပေလိမ့်မည်။

“နည်းနည်းကြာတယ်လို့ ခံစားရတယ်”

လင်းဇီချန်က သူ့ဘာသာရေရွတ်လိုက်သည်။

အခန်း(၁၆၄) ကြောင်မိမယ်

ရှန်ဟိုင်းတက္ကသိုလ်၊ ကျောင်းအုပ်ရုံးခန်း။

ယွမ်သုန်ကျီသည် သူမ၏ မိသားစုမှ ယုံကြည်ရသော လူယုံတစ်ဦးနှင့် ဗီဒီယိုကောပြောလျက် သူမ၏ ထိုင်ခုံတွင် ထိုင်နေသည်။

"မမလေး လတ်တလောမှာ မူလမြေအမှတ် ၃၆က လအတော်ကြာ အနှောက်အယှက်မရှိဘဲ ပုံမှန်မဟုတ်သလိုမျိုး ငြိမ်သက်နေတယ်။ တစ်ဖက်က ဒီနေရာကို စွန့်လွှတ်ဖို့ ဒါမှမဟုတ် အခြားအစီအစဥ်များ ရေးဆွဲနေလားမသိပါဘူး”

ကွန်ပြူတာဖန်သားပြင်ပေါ်တွင် ရဲရင့်သောအသွင်အပြင်ရှိသော ဆံပင်တိုအမျိုးသမီးတစ်ဦးက မူလမြေအမှတ် ၃၆ ရှိ အခြေအနေများအကြောင်း ယွမ်သုန်ကျီကို သတင်းပို့နေသည်။

ယွမ်သုန်ကျီက ခေါင်းညိတ်၍ မေးလိုက်သည်။

" ချန်ရွှယ်က မူလမြေမှာ အဆင်ပြေရဲ့လား”

“အရမ်းကောင်းပါတယ်။ သူမက မယုံနိုင်လောက်အောင် လျင်လျင်မြန်မြန်တိုးတက်နေပြီး အဆင့်မြင့်အဆင့် ဒုတိယအဆင့်ထိ ရောက်တော့မယ်”

"ဟမ်၊ သူက မျှော်လင့်ထားတာထက် ပိုမြန်တာပဲ”

"မမလေး၊ ချန်ရွှယ်က ဘယ်သူလဲ သူ့ရဲ့ ကိုယ်ထည်က ဘာလို့ ဒီလောက် ထူးခြားနေတာလဲ။ သူကအရမ်း သဘာဝလွန်နေလို့ ကမ္ဘာပေါ်က လူလို့တောင်မထင်ရဘူး။ မျိုးစိတ်မတူတဲ့အတိုင်းပဲ”

“မမေးသင့်တဲ့အရာတွေကို မသိချင်နဲ့”

"ဟုတ်ကဲ့ တောင်းပန်ပါတယ် မမလေး။ ကျွန်မ အတွေးခေါင်လှပါတယ်” ဗီဒီယိုပေါ်ရှိ အမျိုးသမီးက အနည်းငယ် စိတ်ရှုပ်သွားကာ တောင်းပန်ခဲ့သည်။

ယွမ်သုန်ကျီက မည်သည့်စကားမျှ ထပ်မပြောဘဲ ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်သည်။

"ကောင်းပြီ၊ ဒီမှာကြည့်ဖို့ ကျောင်းသားပွဲတစ်ပွဲရှိတယ်၊ ဒါကြောင့် ဆက်မပြောတော့ဘူး။ မင်းအလုပ်တွေကို ဆက်လုပ်ပါ"

စကားပြောပြီးနောက် သူမသည် ဗီဒီယိုခေါ်ဆိုမှုကို အဆုံးသတ်ကာ လာမည့်တိုက်ပွဲကိုကြည့်ရန် အားကစားခန်းမ စောင့်ကြည့်ရေးဌာနသို့ ပြောင်းလိုက်သည်။

၎င်းသည် အဆင့် (၉) စက်ရုပ်လူသားနှင့် အဆင့်(၈) သွေးမျိုးစပ်တို့အကြားတိုက်ပွဲဖြစ်သည်။ တိုက်ပွဲကို အချိန်အတော်ကြာကြည့်ရှုကာ စက်ရုပ်လူသားအနိုင်ရသွားကြောင်းသိလိုက်ရသောအခါ ယွမ်သုန်ကျီ အနည်းငယ် အံ့သြသွားရသည်။ စက်နတ်ဘုရားအဖွဲ့က သူမထင်ထားသည်ထက် ပို၍ သန်မာအားကောင်းလှသည်။

စက်ရုပ်လူသား ပြုပြင်မွမ်းမံမှု၌ လိုက်ညောညီထွေခြင်းက ပိုမိုအားသာချက်ရှိသည်။

ဝမ်းနည်းစရာကောင်းသည်မှာ စက်ရုပ်လူသား ပြုပြင်မွမ်းမံမှုများက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေစေကာမူ ၎င်းတို့၏ ကန့်သတ်ချက်များကအလွန်ကြီးမားလှသည်။ ၎င်းတို့သည် ကမ္ဘာမြေပေါ်ရှိ လူတစ်ဦး၏ အိမ်ကိုသာ ကာကွယ်ပေးနိုင်ကာ မူလမြေသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

မူလမြေသို့ရောက်သည်နှင့် အီလက်ထရွန်းနစ်စက်ယန္တရားများအားလုံး ချွတ်ယွင်းသွားကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော စက်ရုပ်လူသားများပင်လျှင် သတ္တုအပိုင်းအစများအဖြစ်သို့ ပျက်စီးသွားမည်ဖြစ်သည်။

တခြားနေရာတစ်ခု၌

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ပြိုင်ပွဲကို ကြည့်ရှုပြီးနောက် မကြာမီ၌ပင် အားကစားခန်းမမှ ထွက်ခွာသွားခဲ့သည်။ တစ်ယောက်က သွေးသန့်စင်ခြင်းကျဥ်စဥ်ကို လေ့လာရန် သုတေသနဌာနသို့သွားသည်။ နောက်တစ်ယောက်ကမူ သူမ၏ ခွန်အားကို လေ့ကျင့်ရန် အဆောင်သို့ပြန်သွားခဲ့သည်။

အတူတူနေထိုင်ခဲ့ကြသော်လည်း၊ နှစ်ယောက်လုံးတွင် ၎င်းတို့၏အချိန်ဇယားများရှိကြကာ တက္ကသိုလ်မစတင်မီကကဲ့သို့ ၎င်းတို့၏ဘဝများကထပ်တူမကျတော့ပေ။

အချိန်များ လျင်မြန်စွာကုန်ဆုံးသွားသည်။

ရက်အနည်းငယ် အကြာ သောကြာနေ့နေ့လယ် ကျောင်းဆင်းချိန်တွင် နှစ်ယောက်စလုံးက ကျောင်းလွယ်အိတ်များကို ထုပ်ပိုးကာ တက္ကစီစီး၍ အဆောင်မှ အိမ်သို့ပြန်ခဲ့ကြသည်။

ကျောင်းသည် အိမ်နှင့် နီးသည်။ တစ်နာရီခန့် ကားစီးပြီးနောက် ငှားလာသည့် ကားက ၎င်းတို့အိမ်ရှေ့၌ ရပ်သွားညသ်။ ကျန်းဝမ်ရှင်းသည် တံခါးအပြင်ဘက်၌ အစောပိုင်းကတည်းက စောင့်နေသည်။ ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ သူမသည် အဆာပြေမုန့်များနှင့် ဖျော်ရည်များသောက်ရန် ၎င်းတို့ကို အိမ်ထဲသို့ အတင်းခေါ်ခဲ့သည်။

ညနေပိုင်းတွင် မိသားစုနှစ်ခု စု၍ ညစာစားကြသည်။ စားပွဲပေါ်တွင် ရှန်ချင်းဟန်က ကျောင်းသားသစ်များ ပြိုင်ပွဲအတွင်း လင်းဇီချန်၏ စွမ်းဆောင်ရည်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြကာ ပုံပြင်ပြောသူ ဖြစ်လာခဲ့သည်။

လင်းဇီချန်က ထိပ်တန်းပြည်နယ်ကျောင်းသားများကို ၎င်း၏လက်သီးများဖြင့် ထိုးသတ်ပုံနှင့် သွေးမျိုးစပ်များကိုပင် အနိုင်ယူကာ ကျောင်း၏ ခေါင်းဆောင်များကို အံ့အားသင့်စေခဲ့ကြောင်း ပြောခဲ့သည်။

လင်းဇီချန်သည် ဘုရင်သစ်ဖြစ်လာကြောင်း အစောပိုင်းတွင် မိသားစုနှစ်ရပ်လုံးမှ မိဘများက သိရှိခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ၎င်းတို့အားလုံး ပထမဦးဆုံးအကြိမ် ကြားသိရခြင်းဖြစ်သည်။

ရှန်ချင်းဟန်၏ ဇာတ်ကြောင်းကို နားထောင်လျက် လေးယောက်လုံး အံ့သြသွားကြသည်။

"သား၊ မင်းက အဲဒီ ဒဏ္ဍာရီလာ မျိုးကွဲတစ်ယောက် မဟုတ်ဘူးလား"

အကယ်၍ ဤကမ္ဘာပေါ်တွင် ဆန်းကြယ်သားရဲများရှိလျှင် မျိုးကွဲများလည်း ရှိသင့်သည်ဟု ကျွမ်းကျင်သူများစွာက ခန့်မှန်းထားသော်လည်း ဤသီအိုရီကို သက်သေမပြနိုင်သေးပေ။

ကျန်းဝမ်ရှင်းက သူ့အား မကျေမနပ် တစ်ချက်ကြည့်လိုက်သည်။

" ငါတို့သားက ငါ့ဝမ်းထဲက ထွက်လာတာ။ သူဘယ်လိုလုပ် သွေးမျိုးကွဲဖြစ်ရမှာလဲ"

လင်းယန်ရှန်က ရယ်မောလိုက်သည်။

"ငါတို့သားလေးက ဘယ်လောက်တောင် အံ့သြစရာကောင်းလဲဆိုတာကို ငါ ချီးကျူးတာပါကွာ"

မိသာစုက နွေးထွေးမှုအပြည့်ဖြင့် စကားပြောနေသည်ကို ကြားသောအခါ လင်းဇီချန်က ပြုံးလိုက်သည်။ နောက်ပိုင်းတွင် သူသည် ပြန်လည်နေရာချထားရေးကိစ္စနှင့်ပတ်သက်၍ ၎င်း၏မိဘများနှင့် စကားပြောဆိုခဲ့သည်။ သူ ပို၍ကျော်ကြားလာသည်နှင့်အမျှ သူကို ပြင်ပဂိုဏ်းများမှ ပစ်မှတ်ထားနိုင်ကြောင်း နှင့် လုံခြုံရေးအရ မိဘများကို ကျောင်းနားသို့ ပြောင်းလာစေချင်ကြောင်း ပြောလိုက်သည်။

အလွတ်ဝတ္ထုရေးဆရာ လင်းယန်ရှန်နှင့် ကျန်းဝမ်ရှင်းတို့သည် မည်သည့်နေရာတွင်ပင် နေထိုင်သည်ဖြစ်စေ စာရေးခြင်းမှာ အတူတူပင်ဖြစ်သဖြင့် အချိန်မရွေးနေရာ ပြောင်းရန် အဆင်သင့်ဖြစ်နေပြီဟု အလွတ်ဝတ္ထုရေးဆရာနှစ်ဦးစလုံးက သဘောတူခဲ့ကြသည်။

ထိုစကားကိုကြားပြီးနောက် ရှန်ချင်းဟန်မှ ရှန်ကျန်းယဲ့နှင့် ရွှီမင်တို့သည်လည်း ရှန်ဟိုင်းတက္ကသိုလ်သို့ပြောင်းသင့်သည်ဟု အကြံပြုခဲ့သည်။

ရှန်ဟိုင်းတက္ကသိုလ်၏ အတွင်းပရိဝုဏ်အတွင်း ကျောင်းသားများသည် ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်များကို ဆက်လက်သင်ယူရန် လိုအပ်နေသေးကြောင်းနှင့် သူမ၏မိဘများအား ကျောင်းတွင် ဤသင်တန်းများကို သင်ကြားပေးရန် စီစဉ်နိုင်ကြောင်း သူမကပြောလိုက်၏။

ရှန်ကျန်းယဲ့နှင့် ရွှီမင်တို့သည် ဤအတွေးကို သဘောကျကြသဖြင့် လက်ရှိကျောင်းစာချုပ် ပြီးစီးပါက ရှန်ဟိုင်းတက္ကသိုလ်သို့ ပြောင်းရွှေ့မည်ဟု ပြောလိုက်ကြသည်။

အချိန်က ၁၀ နာရီ ထိုခါနီးပြီဖြစ်သည်။ လင်းဇီချန်သည် သူလက်ခံခဲ့သော ကြောင်မိမယ်မစ်ရှင်၏ လုပ်ငန်းတာဝန်အသေးစိတ်များကို စစ်ဆေးရန် ကျောင်းအက်ပ်ကို ဖွင့်လိုက်သည်။

ပစ်မှတ်ကုဒ်အမည်- ကြောင်မိမယ်၊ သွေးစုပ်သူ၊ စုဆောင်းသူ၊ ရုပ်ဖျက်သခင်။

ပစ်မှတ်အင်အား- သွေးမျိုးဆက်စွမ်းအားအခြေခံ ဆဌမအဆင့်၊ အလွန်လျင်မြန်သော အမြန်နှုန်း။

အကျင့်စရိုက်လက္ခဏာများ- ရှန်ဟိုင်းမြို့၏ မီးနီရပ်ကွက်များတွင် အမျိုးသားများကို သွေးဆောင်ဖြားယောင်းကာ လိင်ကိစ္စများအတွက် သီးသန့်နေရာများသို့ ခေါ်ယူ၍ ရက်စက်စွာသတ်ဖြတ်၍ ၎င်းတို့၏ အသက်ကြောကို ဖြတ်ကာ အသက်စွမ်းအင်များကို စုဆောင်းလေ့ရှိသည်။

ကြိုတင်ကာကွယ်မှုများ- ပစ်မှတ်သည် ရုပ်ဖျက်ရာတွင် ကျွမ်းကျင်၍ လိမ္မာပါးနပ်ကာ အမျိုးမျိုးသော ဆေးဝါးများကို အသုံးပြုတတ်ပါသည်။

အခြားအကြောင်းအရာ- ချန်လှပ်ထားသည်...

အထက်ဖော်ပြပါ မစ်ရှင်အသေးစိတ်အချက်အလက်များကို ကြည့်လိုက်ပြီးနောက် လင်းဇီချန်သည် နောက်ဆုံးတွင် ဤမစ်ရှင်သည် မပြီးပြတ်ဘဲ အဘယ်ကြောင့် ဤမျှကြာအောင် ဆိုင်းငံ့ထားရသည်ကို နားလည်သွားသည်။

တည်နေရာက မရေမတွက်နိုင်အောင်များပြားလွန်းလှသည့်အပြင် ရန်သူက ပါးနပ်လွန်းသည်။ တစ်နည်းအားဖြင့် ပြောရလျှင် အလွန်အမင်း ဖမ်းရခက်သည်။

သို့သော်လည်း ဤအရာများသည် လင်းဇီချန်အတွက် ပြဿနာမဟုတ်ပေ။

"ကောင်းကင်မျက်စိ" နှင့် "အန္တရာယ်ကြိုသိမြင်နိုင်စွမ်း"စွမ်းအင်များ၏ အကျိုးသက်ရောက်မှုများဖြင့် ရှန်ဟိုင်းမြို့၏ မီးနီရပ်ကွက်တိုင်းကို စေ့စေ့စပ်စပ် ရှာဖွေနိုင်မည်ဖြစ်သည်။

သေသေချာချာ လုံလုံလောက်လောက် ရှာဖွေနေသရွေ့ ပစ်မှတ်ကို ရှာဖွေရန် အခွင့်အလမ်းကောင်းများရှိနေမည်ဖြစ်သည်။

ည ၁၀ နာရီ ၁၀ မိနစ်

လင်းဇီချန်သည် ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် မလိုအပ်ဘဲ အာရုံမစိုက်မိစေရန် နန်ကျန်းပြည်နယ်မှ ဒုတိယ အမှတ်အများဆုံးဟု အသိအမှတ်ပြုခံရခြင်းမှ ရှောင်ရှားနိုင်ရန် ၎င်း၏ဆံပင်ပုံစံကို အထူးအားစိုက်ထုတ်ကာ သူ၏အသွင်အပြင်ကို အနည်းငယ်ပြောင်းလဲခဲ့သည်။ သူ့မိဘများကို စောစောအိပ်တော့မည်ဟု လိမ်ညာ၍ ဒုတိယထပ် ပြတင်းပေါက်မှ ခုန်ချကာ စနစ်တကျရှာဖွေရန် အနီးဆုံးမီးနီရပ်ကွက်ဆီသို့ တက္ကစီစီးခဲ့တယ်။

လိုရာခရီးသို့ရောက်သောအခါ ပစ်မှတ်သည် ရုပ်ဖျက်နည်းပညာများကို အသုံးပြုထားသောကြောင့် ယောက်ျား၊ မိန်းမမချန်ဘဲ မျက်စိအတွင်းမှလူတိုင်းကို စကင်န်ဖတ်ရန် "ကောင်းကင်မျက်စိ" ကို အသုံးပြုခဲ့သည်။

"အန္တရာယ်ကြိုသိမြင်နိုင်စွမ်း" ဖြင့် သူသည် လူတစ်ဦးစီ၏ သွေးမျိုးဆက်စွမ်းအားအဆင့် ကို ကြည့်ကာ သွေးမျိုးဆက်စွမ်းအားအဆင့် ကို ကြည့်ကာ သွေးမျိုးဆက်စွမ်းအားအခြေခံ ဆဌမအဆင့်မှ လူများကို အာရုံစိုက်ရှာဖွေခဲ့သည်။

“ဒီကောင်ရဲ့ မျက်လုံးတွေက ကြောက်စရာကောင်းတယ်။”

"သူ ဘာလုပ်နေတာလဲ"

"သူက အရမ်းချောတယ် ဒါပေမယ့် သူ့အကြည့်တွေက နည်းနည်းတော့မသင်္ကာစရာပဲ"

ကောင်းကင်မျက်စိဖြင့် စကင်န်ဖတ်သူတိုင်းသည် ၎င်းတို့အား လင်းယုန်ငှက်တစ်ကောင်က စောင့်ကြည့်နေသည့် ကြွက်များကဲ့သို့ ခံစားရကာ နားမလည်နိုင်သော စိုးရိမ်မှုတစ်ခု ဖြစ်မိကြသည်။

လင်းဇီချန်သည် ချောမောကာ သူ့ကို ချဉ်းကပ်လိုသည်ဟု အမျိုးသမီး အများအပြားက ထင်မြင်ခဲ့ကြသော်လည်း ၎င်းတို့သည် ထိတ်လန့်ကာ သူ၏ ကောင်းကင်မျက်စိကြောင့် ကျောခိုင်းသွားကြသည်။

"ကလေး၊ မင်းဘယ်သူ့ကို ကြည့်နေတာလဲ"

ထွားကျိုင်းသော အမျိုးသားတစ်ဦးက လင်းဇီချန်၏အကြည့်ကြောင့် စိတ်ထိခိုက်သွားကာ ရန်ပွဲတစ်ခုစတင်ရန် ဖော်ပြနေသော မျက်နှာဖြင့် လမ်းလျှောက်လာသည်။

လင်းဇီချန်သည် ထိုလူနှင့် လေကုန်မခံတော့ဘဲ သွေးမျိုးဆက်စွမ်းအားကို ထုတ်၍ နောက်ထပ်မီးနီရပ်ကွက်တစ်ခုဆီသို့ ထွက်လာခဲ့သည်။

ဤမီးနီရပ်ကွက်ကို တစ်ကြိမ်ရှာဖွေခဲ့ပြီးဖြစ်ကာ သံသယဖြစ်ဖွယ်ပစ်မှတ်၏ အရိပ်အယောင်ပင်မတွေ့ရပေ။

ပစ်မှတ်သည် သူထွက်ခွာသွားချိန်မှ ပေါ်လာနိုင်သည့်ဖြစ်နိုင်ခြေလည်းရှိသေးသည်။ ဤသည်က ကျိန်းသေစွာဖြစ်နိုင်သော်လည်း ရှောင်လွှဲ၍မရနိုင်ပေ။ သူက ပိုကံကောင်းလိမ့်မည်ကိုသာ မျှော်လင့်ထား၍ ဆက်လက်ရှာဖွေရမည်ဖြစ်သည်။

သို့သော် သူ့ကံသည် ယနေ့ညတွင် သာမာန်ဖြစ်ပုံရသည်။

တစ်ညတာလုံး

လင်းဇီချန်သည် မီးနီရပ်ကွက် ၁၀ ခုကို စနစ်တကျ ဆက်တိုက်ရှာဖွေခဲ့ကာ သံသယရှိသူတစ်ဦးမျှ မတွေ့ရပေ။

ထိုအချိန်တွင် နံနက်လေးနာရီထိုးပြီဖြစ်သည်။ အလွန်နောက်ကျနေပြီဖြစ်ကြောင်း တွေးမိပြီးနောက် အိမ်ပြန်အိပ်ရန်မှ လွဲ၍ အခြားရွေးချယ်စရာမရှိတော့သဖြင့် နောက်နေ့ည၌ ဆက်လက်ရှာဖွေရန် စီစဉ်ခဲ့သည်။

နောက်နေ့ညတွင်

လင်းဇီချန်သည် မီးနီရပ်ကွက်သို့ အချိန်မီရောက်လာကာ ယမန်နေ့ကကဲ့သို့ပင် စတင်၍ စနစ်တကျရှာဖွေခဲ့သည်။ မီးနီရပ်ကွက် အများအပြားကို အဆက်မပြတ်ရှာဖွေပြီးနောက်မည်သည့်အရာကိုမျှ မတွေ့ပေ။

နောက်မီးနီရပ်ကွက်သို့ ဦးတည်ရန် ပြင်ဆင်နေချိန်တွင် အသိမိတ်ဆွေတစ်ယောက်နှင့်တွေ့၏။

ပါရမီအတန်းထဲမှ မာရှိဝေ။

မာရှိဝေအနားတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလိုက်ပါလာသည်။

၎င်းတို့စုံတွဲသည် အသက်နှစ်ဆယ်ကျော်ရှိပုံရကာ ကြောင်မိမယ်မစ်ရှင်တွင် မာရှိဝေနှင့်အတူ အထူးလိုက်ပါလာခဲ့သည့် ရှန်ဟိုင်းတက္ကသိုလ်မှ သွေးမျိုးဆက်စွမ်းအားအခြေခံ သတ္တမအဆင့် စီနီယာကျောင်းသားနှစ်ဦးဖြစ်ပုံရသည်။

"ဘယ်လောက်တောင် ကံဆိုးလိုက်သလဲ"

မာရှိဝေသည် လင်းဇီချန်ကို ဖော်ရွေသောမျက်နှာမျိုးမပြဘဲ အေးစက်စွာ နှာခေါင်းရှုံ့ကာ သူ့ဘေးနားမှ လူနှစ်ယောက်နှင့် ထွက်သွားခဲ့သည်။

လင်းဇီချန်နှင့် ဝေးသောအခါတွင် သူမက ချက်ချင်းရပ်လိုက်သည်။

“လင်းဇီချန်က ကြောင်မိမယ်မစ်ရှင်ကို စလုပ်နေပြီ။ သူလည်း သူ့ကိုရှာဖို့ ရောက်လာတာထင်တယ်။ သူမအောင်မြင်ခင် ငါသူ့ကို အရင်ရှာရမယ်”

“ငါတို့နဲ့ စိတ်ချလိုက်”၎င်းတို့ထဲမှ တစ်ယောက်က ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

"ငါ့မှာ နတ်ဆိုးခွေးရဲ့ မျိုးဗီဇရှိတယ်၊ ငါ့အနံ့ခံအာရုံက အရမ်းကောင်းလို့ ကြောင်မိမယ်ကို သူမတွေ့ခင်မှာ သေချာပေါက် ရှာတွေ့နိုင်တယ်"

ဤသို့ပြော၍ လူငယ်၏အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

သူက လေကို တစ်ချက် ခပ်ပြင်းပြင်းရှုလိုက်ပြီးနောက် ပြုံးလိုက်၏။

“ကြောင်မိမယ် အနံ့ရနေတယ်၊ သူက လမ်းတစ်ဖက်ကဘားထဲရောက်နေတာပဲ"

ဤသည်ကိုကြားသောအခါ မာရှိဝေက ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

"ဒါဆို ကြောင်မိမယ်ကို မြန်မြန် ဖမ်းရအောင် ပြီးရင် ကြောင်မိမယ်ကို လင်းဇီချန်ရှေ့ကိုပြပြီး သူ့ကို မခံမရပ်နိုင်ဖြစ်အောင်လုပ်ရမယ်”

ကျောင်းအစမ်းပြိုင်ပွဲအတွင်း လင်းဇီချန်က သူမမျက်နှာကို ထိုးပစ်ခဲ့ခြင်းနှင့်ပတ်သက်၍ အငြှိုးအတေးထားကာ အလွန်အမင်း ဒေါသဖြစ်လျက်သည်။

၎င်းတို့ သုံးယောက်က ကြောင်မိမယ်ကို ဖမ်းရန် လမ်းတစ်ဖက်ရှိ ဘားကို အမြန်ပြေးသွားကြ၏။

အခန်း(၁၆၅) လိမ္မာပါးနပ်သော မုဆိုး

ညစိတ်ကူးယဉ်ဘားဒုတိယထပ်။

နတ်ဆိုးခွေးမျိုးဗီဇနှင့် ပေါင်းစပ်ထားသည့် ၎င်းတို့၏ စီနီယာများ၏ ဦးဆောင်မှုအောက်တွင် မာရှိဝေနှင့် သူမ၏ ကျောင်းနေဖက်တို့ကို ဘား၏ ဒုတိယထပ်သို့ အလျင်အမြန် ခေါ်ဆောင်လာခဲ့သည်။

"အဲ့မိန်းမက ဘယ်မှာလဲ"

မာရှိဝေက အာရုံစိုက်မခံရစေရန် "ကြောင်မိမယ်" ကိုရည်ညွှန်းရန် "အဲ့မိန်းမ"ဟု အသုံးပြုကာ သူမ၏အသံကိုလျှော့ချလိုက်သည်။ စီနီယာသည်လည်း စကားမပြောဘဲ ရှေ့ထောင့်၌ ထိုင်နေသော မိန်းကလေးကို လက်ညိုးထိုးပြရုံသာ ထိုးပြလိုက်သည်။

မာရှိဝေက သူ့လက်ညှိုးနောက်သို့ လိုက်ကြည့်လိုက်သောအခါ ကောလိပ်ကျောင်းသူနှင့်တူသော မိန်းကလေးကို တွေ့လိုက်ရသည်။

မိန်းကလေးသည် ရှေးရိုးဆန်စွာ ၀တ်စားဆင်ယင်ထားကာ ရင်ဘတ်နှင့် ခြေထောက်များကိုပြထားခြင်းမရှိပေ။ အနက်ရောင်ဘောင်ခတ်ထားသည့် မျက်မှန်တစ်စုံကို ၀တ်ဆင်ထားကာ ထောင့်စွန်းတွင် တစ်ကိုယ်တည်း သီးသန့်ထိုင်နေသည်။

သူမသည် ဘားတစ်ခုသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သူတစ်ဦးကဲ့သို့ ထင်ရကာ အလွန်ပင် တည်ငြိမ်ဟန်ထင်ရသည်။

"သူဆိုတာ သေချာလား"

မာရှိဝေက စီနီယာကို အတည်ပြုခိုင်းသည်။ ထောင့်ရှိမိန်းကလေးသည် မစ်ရှင်အတိုချုံးတွင်ဖော်ပြထားသော ဖျားယောင်းတတ်သည့် ကြောင်မိမယ်ဟု လုံးဝမထင်ရပေ။ ဖြစ်နိုင်ချေအများဆုံးမှာ သူမသည် သူမ၏အသွင်အပြင်ကို သေသေချာချာ ဖုံးကွယ်ထားခြင်းပင်ဖြစ်သည်။

သို့သော် သေသေချာချာ သတိထားရန်လိုအပ်သည်။

“သူ့ဆီက ထွက်လာတဲ့ အနံ့က လုံခြုံရေးဌာနက ကြောင်မိမယ်ရဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းတွေကို အနံ့ခံတုန်းကနဲ့ အတူတူပဲ။ အမှားအယွင်းမရှိနိုင်ဘူး”

မာရှိဝေက ခေါင်းညိတ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ဒါဆို မနှောင့်နှေးရအောင် ငါတို့ အခုချက်ချင်း သွားလုပ်သင့်တယ်"

စီနီယာနှင့် ကျောင်းနေဖက်က OK ဆိုသည့် အမူအရာဖြင့် ထောင့်စွန်းမှ မိန်းကလေးကို သဘာဝကျကျ ချဉ်းကပ်ရန် လမ်းကြောင်းသုံးကြောင်း ချက်ခြင်း ခွဲလိုက်သည်။

ခဏအကြာတွင် သုံးယောက်သားသည် ကောင်မလေး၏ ပတ်ပတ်လည်တွင် ပိတ်ကာ သူမ၏ လွတ်မြောက်ရာလမ်းကြောင်းအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။

သုံးယောက်သား တိတ်တိတ်ဆိတ်ဆိတ် ဖုန်းကိုကြည့်နေသော ကောင်မလေးကို လှမ်းကြည့်နေကြစဉ်၌ပင် သူမက ရုတ်တရက် နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးလိုက်သည်။ နောက်အခိုက်အတန့်တွင် သူမသည် ခုန်တက်ကာ နောက်ဘက်မှန်ပြတင်းပေါက်ကို ရိုက်ခွဲ၍ ခုန်ချထွက်ပြေးသွားသည်။

“သူ့နောက်လိုက်ကြ"

မာရှိဝေက ကျယ်လောင်စွာအော်လိုက်သည်။

သူမအသံထွက်ပေါ်လာသည်နှင့် သုံးယောက်သား ပြတင်းပေါက်မှ ခုန်ဆင်းကာ ထွက်ပြေးနေသည့် မိန်းကလေးကို မဆုတ်မနစ် လိုက်ရှာကြသည်။

"မကောင်းတော့ဘူး။ ကြောင်မိမယ်က အရမ်းမြန်နေတယ်၊ ငါတို့ လိုက်မမှီနိုင်ဘူး၊ သူ့ကိုလွတ်တော့မယ်"

မီတာ ရာဂဏန်းအောက်သာ ပြေးလိုက်ပြီးနောက် မာရှိဝေသည် ရှေ့ဆက်ရန် အနည်းငယ် ခွန်အားမရှိတော့သည့်အလား ခံစားလိုက်ရသည်။

"စိတ်မပူပါနဲ့၊ ကို သူ့အနံ့ကို လိုက်ရှာနိုင်တယ်။ သူဘေးကင်းတယ်လို့ထင်ပြီး ခဏလောက်ရပ်နေသရွေ့တော့ ကိုတို့ ချက်ချင်းပဲ သူ့ကိုဖမ်းလို့ရတယ်။" စီနီယာက ပြောသည်။

ပြေးရင်းဖြင့် မာရှိဝေကပြော၏။

"အစ်ကိုမင်နဲ့ အစ်မရှန် အစ်ကိုတို့ နှစ်ယောက်ညီမထက်မြန်တယ်၊ ရှေ့ကို ပြေးလိုက်၊ ညီမနောက်ကနေ ဖြည်းဖြည်းချင်းလိုက်ခဲ့မယ်”

"ကောင်းပြီ ဒါဆို ငါတို့နှစ်ယောက် လိုက်သွားကြမယ်"

ဤစကားပြောပြီးနောက် သွေးမျိုးဆက်စွမ်းအား အခြေခံသတ္တမအဆင့်ရှိသော စီနီယာနှင့် ကျောင်းနေဖက်တို့က အရှိန်ပြင်းပြင်းနှင့် မိန်းကလေးနောက်သို့ လိုက်ကြသည်။ စက္ကန့်အနည်းငယ်အတွင်း မာရှိဝေသည် ထိုနှစ်ယောက်ကို မမြင်နိုင်တော့ဘဲ မီတာများစွာအနောက်တွင် ကျန်ရစ်ခဲ့သည်။

လမ်းသည် လူများဖြင့် စည်ကားနေသဖြင့် ကောင်းစွာမမြင်ရပေ။

သို့သော် ဤအရာက မာရှိဝေကို မရပ်တန့်စေနိုင်ခဲ့ပေ။ ၎င်းတို့

သုံးယောက်လုံးသည် တည်နေရာနာရီများကို ဝတ်ဆင်ထားသောကြောင့် မာရှိဝေသည် တည်နေရာကြည့်ရန်သာ လိုအပ်သည်။

ငါးမိနစ်ခန့်ကြာပြီးနောက်ဆုံးတွင် မာရှိဝေက ၎င်းတို့နှစ်ယောက်ကို အမှီလိုက်နိုင်ခဲ့သည်။ ထိုအချိန်တွင် ၎င်းတို့သည် လမ်းဟောင်းတစ်ခု၏ အဝင်ဝတွင် သူမကို စောင့်မျှော်နေကြသည်။

နှစ်ယောက်သား ကျောက်မိုင်းလမ်းပျောက်နေတာကြောင့် စောင့်ရသည်မှာ မကြာလှပေ။

အကြီးတန်းက မာရှိဝေကို မျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။

"ကြောင်မိမယ်ရဲအနံ့က ပျောက်သွားပြီး အနံ့တစ်မျိုးနဲ့ ဖုံးသွားတော့ ရှာရတာ သိပ်မလွယ်တော့ဘူး”

ဤသည်ကို ကြားသည်နှင့် မာရှိဝေက သူမခန္ဓာကိုယ်ထဲမှ ဓါတ်ဆေးပုလင်းကို ချက်ချင်းထုတ်၍ အကြီးတန်းကို ပေးလိုက်သည်။

"အစ်ကိုမင် ဒါက ဗီဇချဲ့ဆေးရည်တစ်ပုလင်းပါ။ သောက်ပြီး ကြောင်မိမယ်ရဲ့ ရနံ့ကို အစ်ကိုထပ်ပြီး အနံ့ခံနိုင်မလားဆိုတာစမ်းကြည့်"

"အင်း အစ်ကိုကြိုးစားကြည့်မယ်"

စီနီယာက လက်ဆန့်ထုတ်၍ ဆေးပုလင်းကိုယူလိုက်သည်။

အဖုံးကို ဖွင့်၍ သောက်ခါနီးတွင် ကြောင်မိမယ်၏ ရနံ့ကို ရုတ်တရက် ပြန်အာရုံခံမိ၏။

၎င်းက အနည်းငယ် ခပ်ပါးပါးသာဖြစ်သော်လည်း အနံ့ရသည်မှာ အသေအချာပင်ဖြစ်သည်။

"ဝေဝေ၊ ဒီ မျိုးဗီဇချဲ့ထွက်ဆေးရည်ပုလင်းကို ဖြုန်းတီးဖို့ မလိုပါဘူး။"

စီနီယာက ပြုံး၍ ဓါတ်ဆေးကို မာရှိဝေထံ ပြန်ပေးလိုက်သည်။

"ကြောင်မိမယ်ရဲ့ အနံ့ကို အစ်ကို ပြန်အာရုံခံလို့ရပြီ။ သူက လမ်းထဲမှာပဲ"

"ဒါဆို သွားကြစို့၊ ညီမတို့ မြန်မြန်ဝင်ရမယ်"

ကြောင်မိမယ်ကို နောက်တစ်ကြိမ် လွတ်မသွားစေရန် စိတ်စောကာ မာရှိဝေက သူတို့ကို အလျင်စလို တိုက်တွန်းလိုက်သည်။ အလွန်လျင်မြန်စွာဖြင့်အကြီးတန်းခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် ၎င်းတို့သုံးဦးလုံးသည် လမ်းဟောင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာ၍ နောက်ဆုံးတွင် ဆိတ်ငြိမ်သော လမ်းဟောင်းတစ်ခု၏ ရှေ့တွင် ရပ်တန့်သွားသည်။

ရနံ့၏ရင်းမြစ်အရ ကြောင်မိမယ်က အတွင်းထဲတွင် ပုန်းအောင်းနေခြင်းဖြစ်ရမည်။ လမ်းကြားကို ငုံ့ကြည့်လိုက်ပြီးနောက် လူများ၏ အကြွင်းအကျန်အမှိုက်များ ပြည့်နှက်နေသည့် အနံ့ဆိုးများထွက်လာသည်ကို တွေ့လိုက်ရသည်။

စည်းကမ်းမရှိသော နေထိုင်သူများသည် သတ်မှတ်ထားသော အမှိုက်ပုံးများသို့သွားရန် ပျင်းကြသဖြင့် ၎င်းတို့၏အမှိုက်များကို လမ်းကြားထဲသို့ စွန့်ပစ်ရန် ရွေးချယ်ခဲ့ကြသည်။

“တကယ်ကို နံတာပဲ”

စီနီယာက လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။

“စောစောက ကြောင်မိမယ်ကို ရုတ်တရက် အနံ့မခံနိုင်တာ မထူးဆန်းတော့ပါဘူး။ လမ်းကြားမှာရှိတဲ့ အမှိုက်တွေဆီက အပုပ်နံ့တွေ ဖုံးသွားတာ ဖြစ်မယ်။ အဲ့အနံ့တွေကို ငါ့နှာခေါင်းက အသားကျလာတာနဲ့ ကြောင်မိမယ်ရဲ့အနံ့ကို ဖြည်းဖြည်းချင်း ပြန်မှတ်မိလာတယ်”

"သွားကြစို့၊ ညီမတို့ဝင်ပြီး ကြောင်မိမယ်ကို ရှာမယ်၊ အမြန်တိုက်ကြရအောက်”

"ငါတို့ အမြန်လုပ်ရမယ်၊ အထဲမှာ နံစော်လွန်းတယ်၊ တစ်စက္ကန့်တောင် ကြာအောင်နေနေရတာ သေတော့မလိုပဲ" ကျောင်းနေဖက်က သဘောတူသည်။

ခဏတာ ဆွေးနွေးပြီးနောက် ၎င်းတို့ သုံးယောက်လုံး လမ်းကြားထဲသို့ ချက်ချင်း ထွက်ခွာသွားကြသည်။ ထို့နောက် ကြောင်အမျိုးသမီး၏ ရနံ့ဖြင့် လမ်းတစ်လျှောက်လိုက်ခဲ့ရာ လမ်း၏အစွန်ဆုံးတွင် ၎င်းတို့လိုက်ဖမ်းနေသည့် မျက်မှန်တပ်ထားသော မိန်းကလေးကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် မျက်မှန်တပ်ထားသော မိန်းကလေးသည် နံရံကို မှီ၍ ငြိမ်သက်စွာ ဖုန်းကြည့်နေသည်။

စီနီယာက မျက်မှန်တပ်ထားသော မိန်းကလေးကို ကြည့်၍ပြောလိုက်သည်။

"မင်းက ပုန်းတဲ့နေရာမှာ တော်တော်တော်တာပဲ။ အမှိုက်နံ့တွေ ပြည့်နေတဲ့ လမ်းကြားကို တမင်ရွေးတာ ငါတို့ မင်းကို လွတ်တော့မလိုပဲကွ”

"တကယ်ပြေးချင်ရင် ရှင် လိုက်နိုင်မယ်ထင်လား"

မျက်မှန်တပ်ထားသော မိန်းကလေးသည် ဖုန်းကို အိတ်ထဲထည့်ကာ လမ်းကြားအဝင်ဝတွင် ပိတ်ထားသည့် လူသုံးဦးကို လှည့်ကြည့်၍ ခပ်ပါးပါး ပြုံးလိုက်သည်။

“မုဆိုးက ပိုဉာဏ်ကောင်းလေ၊ သားကောင်အဖြစ် ဟန်ဆောင်ရတာ ပိုပျော်လေလေ၊ အဲ့တာကို နားမလည်ဘူးလား”

ထိုစကားပြောပြီးနောက် သူမသည် မျက်မှန်ကို ချွတ်၍ ဘေးသို့ ပစ်လိုက်သည်။ ထို့နောက် သူမ၏ ဦးခေါင်းထိပ်တွင် ထူထဲသော ကြောင်နားရွက်တစ်စုံက အရှိန်အဟုန်ဖြင့် ကြီးထွားလာကာ ပါးသိုင်းမွှေးများစွာသည်လည်း သူမ၏မျက်နှာပေါ်တွင် လျင်မြန်စွာ ပေါက်လာသည်။

ခဏတာအတွင်း၌ပင် ကျောင်းသူလေးကဲ့သို့ နူးညံ့သော မိန်းကလေးအဖြစ်မှ ရိုင်းစိုင်းသော မျက်လုံးများရှိ၍ ကြောင်နားရွက်ပေါက်နေသည့် မိန်းကလေးတစ်ယောက်ဖြစ်သွားသည်။ သူမထုတ်လွှတ်လိုက်သော သွေးမျိုးဆက်စွမ်းအားများကလည်း အခြေခံနဝမအဆင့်အထိ တိုးမြင့်လာခဲ့သည်။

အခြေခံ နဝမအဆင့်

ကြောင်နားရွက်မိန်းကလေးထံမှ ထွက်ပေါ်လာသော ပြင်းထန်သော သွေးမျိုးဆက် စွမ်းအားကို ခံစားလိုက်ရသဖြင့် ၎င်းတို့ သုံးယောက်စလုံး ထိတ်လန့်တုန်လှုပ်၊ အံ့အားသင့်သွားသည့် မျက်နှာများဖြင့် စကားတစ်ခွန်းမျှ မပြောဘဲ လှည့်ထွက်ပြေးကြသည်။

ဤကြောင်နားရွက်မိန်းကလေးက သူမ၏ခွန်အားကို ဖုံးကွယ်ထားခဲ့သည်။

သူမ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် မစ်ရှင်တွင်ဖော်ပြထားသော အခြေခံဆဠမအဆင့်မဟုတ်ဘဲ ပို၍ သာလွန်ထူးခြားသော အခြေခံ နဝမအဆင့်ဖြစ်သည်။

ဤမစ်ရှင်ကို ပြီးမြောက်ရန် မဖြစ်နိုင်ပေ။

"ဟမ်၊ ထွက်ပြေးဖို့ စဉ်းစားနေတာလား"

ကြောင်နားရွက် ကောင်မလေးက အထင်သေးစွာ လှောင်ရယ်လိုက်သည်။ ထို့နောက် သူမ၏ ခြေသလုံးကြွက်သားများကို အနည်းငယ်အားစိုက်ထုတ်ကာ လေထဲသို့ ခုန်တက်၍ သူမရှေ့မှ ပြေးနေသော လူသုံးယောက်၏ ဦးခေါင်းများကို ကျော်တက်သွားကာ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်၍ ၎င်းတို့ရှေ့မှ ပိတ်လိုက်သည်။

"အရမ်းမိုက်တယ်”

ကြောင်နားရွက်မိန်းကလေးသည် စီနီယာကို စေ့စေ့ကြည့်ကာ လျှာကိုထုတ်၍ နှုတ်ခမ်းများကို သပ်လိုက်သည်။

"ဒီလူချောလေး ဘားထဲဝင်လာတည်းက ငါ တောင့်တနေတာပဲ"

“ဘမ်း”

ကြောင်နားရွက်ကောင်မလေး၏ စကားဆုံးသည်နှင့် မာရှိဝေက သူမရင်ခွင်ထဲရှိ မီးခိုးဗုံးတစ်လုံးကို ဆွဲထုတ်ကာ မြေပြင်ပေါ် ပစ်ချ၍ ခရမ်းရောင် မီးခိုးလုံးကြီးကို ထုတ်လွှတ်လိုက်သည်။

ဤခရမ်းရောင်မီးခိုးကို ရှူရှိုက်ခြင်းသည် သတ္တဝါ၏ ဇီဝကမ္မလုပ်ဆောင်မှုကို သိသိသာသာ လျော့ကျစေကာ ၎င်းတို့၏ အာရုံခံနိုင်စွမ်းကို သိသိသာသာ အားနည်းသွားစေနိုင်သည်။ ရန်သူကို သတ်ရန်ဖြစ်စေ၊ ထွက်ပြေးရန်ဖြစ်စေ ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိသည်။

မီးခိုးငွေ့များအောက်၌ မာရှိဝေနှင့် အခြားနှစ်ဦးတို့သည် ပါးစပ်နှင့် နှာခေါင်းများကို အမြန်ပိတ်ကာ လမ်းကြားမှ ထွက်ပြေးခဲ့ကြသည်။

၎င်းတို့ လမ်းကြားနှင့် အဝေးသို့ရောက်သည်နှင့်

သုံးယောက်လုံးရပ်လိုက်ကြသည်။

“ဒါက အရမ်းအန္တရာယ်များတယ်။ ကြောင်မိမယ်ကို ရှန်ဟိုင်းမြို့မှာ ဒီလောက် အကြာကြီး မဖမ်းမိဘဲ လွှတ်ထားးတာ သူ့အစွမ်းသတ္တိကို ဖုံးကွယ်ထားလို့ကိုး”စီနီယာအမျိုးသမီးက ပြော၏။

ထိတ်လန့်တုန်လှုပ်နေဆဲ စီနီယာကလည်း ပြော၏။

"ဝေဝေ၊ ဥက္ကဠမာကို အမြန်ဖုန်းဆက်ပြီး ကြောင်နားရွက်ကောင်မလေးအကြောင်း အကြောင်းကြားပါ၊ အဲ့မိန်းမရဲ့ မစ်ရှင်ကို ပြန်ပြင်ဖို့ သက်ဆိုင်ရာကျောင်းခေါင်းဆောင်တွေကို ချက်ချင်းဆက်သွယ်ဖို့ ပြောလိုက်"

"ညီမ အခုခေါ်လိုက်မယ်"

မာရှိဝေ၏ နှုတ်ခမ်းများ အနည်းငယ် တုန်ခါသွားပြီးနောက် မာကျန်းဟယ်ကို ခေါ်ရန် သူမ၏ ဖုန်းကို တုန်တုန်ယင်ယင် ထုတ်ယူလိုက်သည်။ သို့သော် သူမဖုန်းမဆက်ခင်တွင် လင်းဇီချန်အကြောင်း တွေးလိုက်မိသည်။ လင်းဇီချန်သည်လည်း ဤကြောင်နားမိန်းကလေးမစ်ရှင်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။

‘သူ့ခွန်အားနဲ့ဆို အကာအကွယ်ပစ္စည်းတွေမပါဘဲ ဒီကြောင်မနဲ့တွေ့ရင် သေမှာပဲ’

"မဖြစ်ဘူး ငါသူ့ကိုသတိပေးရမယ်"

ဤသို့တွေး၍ မာရှိဝေက WeChat ကို အမြန်ဖွင့်ကာ ရှန်ချင်းဟန်၏ အကောင့်ကို ရှာ၍ အသံဖိုင်တစ်ခု ပို့ရန်လုပ်လိုက်သည်။

သူ့တွင် လင်းဇီချန်နှင့် ဆက်သွယ်ရန်အချက်အလက်မရှိသောကြောင့် ရှန်ချင်းဟန်ကိုသာ ဦးစွာဆက်သွယ်နိုင်သဖြင့် ကြောင်နားရွက်မိန်းကလေးအကြောင်းကို ပြောပြပြီးနောက် ရှန်ချင်းဟန်ကို လင်းဇီချန်အား ဆက်သွယ်ခိုင်းလိုက်သည်။

သူမသည် လင်းဇီချန်ကို အမှန်တကယ် မကြိုက်သော်လည်း အတိအကျပြောရလျှင် ၎င်းတို့ကြားတွင် လေးနက်သော မုန်းတီးမှု မရှိကြောင်းနှင့် သူ့ကို သေအောင်ထားခဲ့ရန် ကိစ္စမရှိကြောင်း သူမစိတ်ထဲ၌ ရှင်းလင်းစွာ သိထားသည်။

ခဏအကြာ လမ်းကြားထဲတွင် ကြောင်မိမယ်သည် ခရမ်းရောင်မီးခိုးငွေ့များကြားမှ လွတ်မြောက်ခဲ့ကာ သူမ၏ အာရုံခံနိုင်စွမ်းများ လျင်မြန်စွာ ပြန်လည်ရရှိရန် မီးခိုးကင်းစင်သည့်နေရာသို့ သွားလိုက်သည်။

“ဘမ်း”

သူမက ဒေါသတကြီးဖြင့် ရှေ့မှ နံရံကို ခြေထောက်ဖြင့်ကန်လိုက်သည်။

"ချီးတဲ့မှ ပြုတ်ထားတဲ့ဘဲက လွတ်သွားပြီ"

“ဘမ်း”

“ဘမ်း”

“ဘမ်း”

နံရံကို သုံးကြိမ်ဆက်တိုက် ကန်ချခဲ့ပြီးနောက် စိတ်ရှုပ်စရာများ ပြေပျောက်သွားသည်ဟု ခံစားလိုက်ရကာ ကြောင်မိမယ်က လမ်းကြားထဲတွင် ဆက်မနေတော့ဘဲ အမြန်ထွက်သွားသည်။

သူမ၏ တည်နေရာကို ဖော်ထုတ်ထားမိပြီဖြစ်၍ ချက်ခြင်း မထွက်ခွာပါက ဝန်းရံခံရမည့် အန္တရာယ်ရှိသည်။

"ဟမ်"

ကြောင်မိမယ်က လမ်းကြားထဲမှ အမြန်ထွက်လာခဲ့ပြီး မကြာမီတွင် နေရာ၌ ရပ်တန့် အေးခဲသွားသည်။

ရှေ့ရှိ လမ်းဟောင်းထဲတွင် အလွန်ချောမောသော ယောက်ျားတစ်ယောက် သူမဆီသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။ ဤယောက်ျား၏ ချောမောမှုနှင့် ဆွဲဆောင်မှုတို့သည် မာရှိဝေ၏ စီနီယာဖြစ်သူထက် ဆယ်ဆနက သာလွန်၏။

“အရမ်းချောတာပဲ”

ကြောင်မိမယ်က တံတွေးမြိုချလျက် သူမ၏ ရမ္မက်လိုအင်များကို အပြည့် ပေါ်လွင်နေစေသော အပြုံးတစ်ခုပြုံးလိုက်သည်။

“ကံဆိုးနေတဲ့ကြားက ကောင်းချီးတစ်ခုပဲ။ ဒါပေမယ့် ရှင် ကျွန်ဆီဝင်လာမိတာကိုတော့ ရှင့်ရဲ့ ကံဆိုးမှုကိုပဲ အပြစ်တင်လိုက်တော့”

ဤစကားလုံးများကို ရေရွတ်လိုက်ပြီးနောက် ကြောင်မိမယ်က မိမိ၏ ဆန္ဒများကို မထိန်းနိုင်တော့ဘဲ သူ့ကို တစ်နေရာသို့ ဆွဲသွားကာ အားပါးတရ ကာမဂုဏ်ကို ခံစားပစ်ရန် ရည်ရွယ်၍ ရှေ့ရှိ လူငယ်ထံသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးသွားသည်။

All Chapters