← Chapters

ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူ ကျဆုံးခြင်း

Vol. 34 Ch. 496

ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူ ကျဆုံးခြင်း

Vol. 34 Ch. 496

အလယ်ပိုင်းနယ်မြေ၏ ကောင်းကင်ယံထက်၌ပင် ဆက်လက်တည်ငြိမ်အေးချမ်းနေဆဲဖြစ်သည်။ မိုင်များစွာပတ်ပတ်လည်တွင် တိမ်များမရှိခဲ့ပေ။ ရုတ်တရက် ကောင်းကင်တွင် အကွဲအပြဲသုံးခု ပေါ်လာကာ လူသုံးယောက်ပေါ်လာ၍ ၎င်းတို့၏ သွေးမျိုးဆက်စွမ်းအားအဆင့်မှ ဖိအားကို အားလုံး ခံစားနိုင်ခဲ့ကြသည်။ ယင်းသည်ကား ချီချင်းမော့၊ ပင်လယ်နတ်ဘုရားနှင့် စုမေ့ရှောင်းတို့ဖြစ်သည်။

“စစ်မာရွှမ်၊ အကြီးအကဲလီ ထွက်လာခဲ့”

စုမေ့ရှောင်းထွက်လာသည့်အခိခုက်တွင် သူမက အောက်ရှီရေကန်တစ်ခုကို ငုံ့ကြည့်ကာ အော်လိုက်သည်။ ရေကန်၏ ငြိမ်သက်နေသော မျက်နှာပြင်ရှိ လှိုင်းလုံးများက လေတိုက်ခြင်းမရှိဘဲ တုန်ခါလာကာ အလယ်ဗဟိုမှ ဖြည်းညှင်းစွာ ပြန့်ကျဲလျာလျက် ဗဟိုပြုကွင်းများဖြစ်ပေါ်လာသည်။ ထို့နောက် ကွင်း၏အလယ်ရှိ လူသုံးဦးက ရေမျက်နှာပြင်ကို ဖောက်ထွက်လာသည်။

သာမန်မျက်စိဖြင့်ကြည့်လျှင် တစ်ဦးက အသက်လေးဆယ်ကျော် လူလတ်ပိုင်း အမျိုးသားတစ်ဦး၊ နောက်တစ်ဦးမှာ အသက်ခြောက်ဆယ်ကျော် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး နောက်ဆုံးမှာ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့ရာတွင်၊ တကယ်တမ်းတွင် ၎င်းတို့နှစ်ဦးက အနည်းဆုံး နှစ်ပေါင်းတစ်ထောင်မျှ သက်တမ်းရှိနေကြပြီဖြစ်သည်။ ၎င်းတို့အားလုံးဆီမှ အလွန်အမင်း ဖိနှိပ်နိုင်သည့် သွေးမျိုးဆက်စွမ်းအား ဖြာထွက်နေသဖြင့် ၎င်းတို့၏ ခွန်အားသည် စုမေ့ရှောင်းနှင့် ပင်လယ်နတ်ဘုရားတို့ထက်မနည်းဘဲ ၎င်းတို့အနက် စွမ်းအားအကြီးဆုံး ချီချင်းမော့နှင့် တန်းတူဖြစ်သည်။ သူတို့ နှစ်ယောက် ဟာ အနည်းဆုံး နှစ်ပေါင်း တစ်ထောင် လောက် ရှိပြီ။ ထိုသို့သော ခွန်အားဖြင့် ၎င်းတို့၏ အသက်အရွယ်များသည်လည်း ငယ်ရွယ်ရန် မဖြစ်နိုင်မဖြစ်နိုင်ပေ။

"တကယ်ပဲ မင်းတို့သုံးယောက်လား”

ရေထဲမှ ဖောက်ထွက်လာကြသည့် သုံးဦးကိုမြင်လိုက်ရသောအခါ ချီချင်းမော့က မျက်ခုံးအနည်းငယ်ပင့်ငလျက် သူမ၏ ကျော့ရှင်းသော မျက်နှာထက်သို့ ထိတ်လန့်အံ့သြမှုက ဖြတ်ကျော်သွားသည်။ ၎င်းတို့သုံးဦးသည်လည်း ချီချင်းမော့ကို သတိပြုမိကြသည်။

အလယ်မှ အမျိုးသမီး ရွှမ်ယွမ်ဝမ်ယွီက အနည်းငယ်သတိကြီးစွာမှတ်ချက်ချ၏။

"ဆည်းဆာခေတ်ရဲ့ ဝိညာဉ်စွမ်းအင်တွေ လျော့နည်းလာလို့ မင်း အောင်အောင်မြင်မြင် လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်မယ်လို့ ငါတကယ်မမျှော်လင့်ထားခဲ့ဘူး"

"ရှင်တို့သုံးယောက် အတိအကျ ဘယ်လိုလုပ်နိုင်ခဲ့တာလဲ”

ချီချင်းမော့က သူမကို “အရူးမ”ဟု ခေါ်ခဲ့ခြင်းအပေါ် အတန်ငယ်မျှ စိုးရိမ်ခြင်းမရှိဘဲ အေးစက်သောအသံဖြင့် ထိုရင်းနှီးနေသော သုံးယောက်ကိုကြည့်ကာမေးလိုက်သည်။ သူမရှေ့မှ လူသုံးဦးသည် သူမနှင့် ခေတ်တူသော စွမ်းအားကြီးသူများဖြစ်ကြရာ ထိုခေတ်က ၎င်းတို့အားလုံးကို အင်မော်တယ်ဟု ခေါ်ခဲ့ကြသည်။ ၎င်းတို့က

ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများအဖြစ် ၎င်းတို့၏ခေတ်၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ကြသည်။

"ငါတို့ ကျင့်ကြံရေးစနစ်ကို ပြောင်းလိုက်လို့ ရှင်သန်ခဲ့ကြတာ”

အမျိုးသမီးက လျှို့ဝှက်ထားခြင်းမရှိဘဲ ပြန်ဖြေ၏။

“ငါတို့ကဝိဉာဥ်စွမ်းအင်စနစ်ကနေ မူလစွမ်းအင်စနစ်ကို ပြောင်းလိုက်ပြီး ဒီခေတ်သစ်ကို တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားခဲ့တယ်”

ဤသည်ကိုကြားသောအခါ ချီချင်းမော့က မသိချင်ယောင်ဆောင်၍ ပြောလိုက်သည်။

“နင့် ကျင့်ကြံရေးစနစ်ကို ဘယ်လိုပြောင်းခဲ့တာလဲ”

သူမသည် ဤခေတ်သစ်နှင့် လိုက်လျောညီထွေဖြစ်အောင် လိုက်လျောညီထွေဖြစ်စေမည့် သွေးသန့်လူသားလမ်းကြောင်းကို မှီခိုအားထားခဲ့သည်။ မူလမြေရှိ သက်ရှိသတ္တဝါများကို စုပ်ယူသန့်စင်ခြင်းမှ တစ်ဆင့် သူမ၏ စွမ်းအင်ကို ပြန်လည် ဖြည့်တင်းခဲ့သည်။ အမျိုးသမီးက ချီချင်းမော့၏ မေးခွန်းကို ပြုံးရုံသာပြုံး၍ တုံ့ပြန်ခြင်းမရှိပေ။ ၎င်းသည် သူမ စူးစမ်းလေ့လာရန် အချိန်များစွာယူခဲ့သည့်နည်းလမ်းဖြစ်၍ ချီချင်းမော့နှင့် ပေါ့ပေါ့ပါးပါး ဝေမျှနိုင်မည်မဟုတ်ပေ။

သူမက ချီချင်းမော့ဆီမှ အပေးအယူတစ်ခုကိုတောင်းကာ သူမ၏ ကျင့်ကြံရေးစနစ်ပြောင်းလဲမှုကို ပြောပြတော့မည့်အခိုက်တွင်

“ဝှစ်”

“ဝှစ်”

“ဝှစ်”

လေထုဆုတ်ပြဲသံများစွာ ဆက်တိုက်ထွက်ပေါ်လာသည်။ လူအုပ်၏နောက်တွင် ကြီးမားသော အကွဲအပြဲလေးခု ရုတ်တရက် ပေါ်လာသည်။ ထို့နောက် အင်အားကောင်းသော သွေးမျိုးဆက်စွမ်းအားဖြာထွက်နေသည့် လူလေးယောက်ပေါ်လာသည်။ အသစ်ရောက်လာသူများမှာ သစ်ပင်အကြီးအကဲ၊ တိတ်ဆိတ်ခြင်းအရှင်၊ ညဘုရင်နှင့် ပန်းနတ်ဘုရားတို့ ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူများမှတပါး အခြားသူများမဟုတ်ကြပေ။

၎င်းတို့ရောက်ရောက်လာချင်းတွင် စစ်မာရွှယ်၊ အကြီးအကဲလီနှ့င့် ရွှမ်ယွမ်ဝမ်ယွီတို့ သုံးဦးကို မြင်လိုက်ရသဖြင့် ပြင်းထန်သော ရန်သူနှင့် ရင်ဆိုင်ရတော့မည့်အလား ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ကြသည်။ လေးယောက်သုံးယောက် တိုက်ခိုက်သည့်အခြေအနေမှသည် ရုတ်တရက် လေးယောက် ခြောက်ယောက်အဖြစ်ပြောင်းလဲသွား၍ အားသာချက်သည် တခဏချင်း လုံးလုံးပြောင်းသွားသည်။

"သွား” ညဘုရင်က ကျယ်လောင်စွာအော်လိုက်သည်။

သူ့အသံ လုံးဝ မှေးမှိန်မသွားမီတွင် သူ့နောက်၌ အက်ကွဲကြောင်းကြီးထဲသို့ ရုတ်တရက် ထွက်ပြေးကာ

လျှပ်တပြက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ဤသည်ကိုမြင်သောအခါ သစ်ပင်အကြီးအကဲက တိတ်ဆိတ်ခြင်းအရှင်နှင့် ပန်းနတ်ဘုရားတို့က တစ်ခဏမျှပင် တုံ့ဆိုင်းမနေဘဲ ၎င်းတို့နောက်မှ အက်ကွဲကြောင်းကြီးထဲသို့ ညဘုရင်နှင့်အတူ ထွက်ပြေးရန် ကြံစည်လိုက်ကြသည်။

"မင်း လွတ်မြောက်နိုင်မယ် ထင်လား" ဆံပင်ဖြူမုတ်ဆိတ်ဖြူနှင့် အဘိုးကြီးလီသည် ဤသို့ပြောလျက် လက်ကောက်ဝတ်ကိုပွတ်သပ်ကာ မန္တန်များအပြည့်ရေးထားသည့် အရိုးပြားကို ပစ်လွှတ်လိုက်သည်။

အရိုးပြားကို သူ့လက်ထဲမှ လွှတ်လိုက်သည်နှင့် ၎င်းသည် ဧရာမ လှောင်အိမ်ကြီးအဖြစ်သို့ပြောင်းလဲသွားကာ ယင်းနေရာရှိဖြစ်တည်မှုအားလုံးကို ထိန်းချုပ်လျက် ထွက်ပြေးနိုင်သည့် လမ်းကြောင်းအားလုံးကို ပိတ်ထားလိုက်သည်။

မမြင်ရသော လှောင်အိမ်၏ ချုပ်နှောင်မှုအောက်တွင် ထွက်ပြေးလာသည့် ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူလေးဦးကို လှောင်ပိတ်ထား၏။ ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများမှ ထွက်ပြေးလွတ်မြောက်ခြင်းကို လှောင်အိမ်က တားမြစ်ထားသည်။

"သူ့ကို အစွမ်းကုန်သတ်ပစ်၊ လှောင်အိမ်ကိုဖျက်ကြ” သစ်ပင်အကြီးအကဲက လျင်မြန်စွာတုံ့ပြန်သည်။

သူနှင့် သူ၏အဖော်များသည် လေဟာနယ်ထဲမှ လှောင်အိမ်တွင်ပိတ်မိနေကြရာ မလွတ်မြောက်နိုင်သည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် အကြီးအကဲလီကို တိုက်ခိုက်ရန်ဆုံးဖြတ်ချက်ချလိုက်သည်။ ၎င်းတို့ရှေ့မှ လှောင်အိမ်ကြီးသည် အကြီးအကဲလီဆီမှထွက်ပေါ်လာခြင်းဖြစ်၍ အကြီးအကဲလီကို သတ်နိုင်ခဲ့လျှင် ဤလှောင်အိမ်လည်း ပျက်ဆီးသွားနိုင်ခြေရှိသည်။ လေးယောက် ခြောက်ယောက် တိုက်ပွဲဖြစ်၍

၎င်းတို့၏ ရည်မှန်းချက်သည် ပြီးပြည့်စုံသောအောင်ပွဲမဟုတ်သော်လည်း ပြိုင်ဘက်ကို အမြန်သတ်ကာ စစ်မြေပြင်မှ လွတ်မြောက်ပါက အောင်မြင်ရန် အခွင့်အလမ်းကောင်းရှိသည်။ အကြီးအကဲလီကို တိုက်ခိုက်ရန် တိတ်ဆိတ်ခြင်းအရှင်၊ ညဘုရင်နှင့် ပန်းနတ်ဘုရားတို့အားလုံးက ဦးတည်ချက်ပြောင်း၍ အကြီးအကဲလီဆီသို့ ချီတက်ခဲ့ကြသည်။

အကြီးအကဲလီက ယင်းကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်၍ မနီးမဝေးရှိ ချီချင်းမော့နှင့်

အခြားသူများ၏နောက်ကွယ်တွင် ခိုလှုံရန်ရှာဖွေနေပြီဖြစ်သည်။ ကျန်ငါးယောက်က ရန်ဘက်များ ရောက်လာသည်ကိုမြင်လိုက်ရသောအခါ ဤတိုက်ပွဲကို အတတ်နိုင်ဆုံး ဖြေရှင်းပစ်ရန် ကြိုးစားခဲ့သည်။

၎င်းတို့အနက် ချီချင်းမော့တွင် ရှင်းလင်းသောပစ်မှတ်တစ်ခုရှိသည်။ သူမ၏ သွေးစွမ်းအင်များ ထွက်ပေါ်လာကာ ညဘုရင်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်။ သူမသည် ယခင်က ညဘုရင်နှင့် သဘောထားကွဲလွဲခဲ့ဖူးကာ ယခုအချိန်က ထိုခြိမ်းခြောက်မှုကို ကြိုတင်ဖယ်ရှားနိုင်မည့် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

ဘမ်း

ထိတ်လန့်တုန်လှုပ်စေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ညဘုရင်က ချီချင်းမော့၏ တိုက်ခိုက်မှုကို မခံနိုင်ဘဲ ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုဖြင့် ကောင်းကင်ယံထက်သို့ လွင့်ပျံထွက်သွားသည်။

“ငါ့ကိုကယ်ပါဦး”

ညဘုရင်က သူ့အပေါင်းအဖော်များကို အော်ခေါ်၍ မျက်လုံးထဲတွင် ကြောက်လန့်မှုများပြည့်နှက်နေသည်။ သူ့အော်သံကိုကြားသောအခါ သစ်ပင်အကြီးအကဲ၊ တိတ်ဆိတ်ခြင်းအရှင်နှင့် ပန်းနတ်ဘုရားတို့က လျစ်လျူရှု့၍ အကြီးအကဲလီကိုသာ အာရုံစိုက်ကာ အားလုံး ထိုလူကြီးကို သတ်လျက် နေရာမှ အမြန်ထွက်ပြေးသွားချင်နေကြသည်။

ညဘုရင်၏ အသက်နှင့် ပတ်သက်၍မူ…

သေတော့လည်း သေပေါ့။

တစ်ယောက်တည်းသေဆုံးခြင်းသည် အားလုံးအတူတကွပျက်စီးခြင်းထက် သာ၍ကောင်းသည်။ သစ်ပင်အကြီးအကဲ၊ တိတ်ဆိတ်ခြင်းသစ်ပင်နှင့် ပန်းနတ်ဘုရားတို့၏ အေးစက်သောလျစ်လျူရှုမှုအောက်တွင်

ကျယ်လောင်သော ‘ဘမ်း’ ဟူသည့်အသံတစ်ခုကိုကြားလိုက်ကြရသည်

ရှေးဘိုးဘေးအဆင့် သတ္တဝါဖြစ်သည့် ညဘုရင်သည် ချီချင်းမော့၏လက်သီးချက်ကြောင့် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်ကာ ၎င်း၏ နှလုံးနှင့် အတွင်းမှ ထွက်သွားသော အနှစ်သာရသွေးများစွာကို ချီချင်းမော့က လက်ထဲတွင် ဆုပ်ကိုင်ထားလျက် သွေးစွမ်းအင်အဖြစ် တဖြည်းဖြည်းချင်းသန့်စင်ပစ်လိုက်သည်။

ထို့နော်က ဘမ်း ဟူသော အသံထပ်မံထွက်ပေါ်လာပြန်သည်။

ညဘုရင်၏ ဦးခေါင်းသည်လည်း လက်သီးချက်ကြောင့် ပေါက်ကွဲထွက်လျက် ကြီးမားသော မူလစွမ်းအား အများအပြားသည် သူ၏ အသိစိတ်ပင်လယ်မှ လွတ်မြောက်ကာ အဘက်ဘက်သို့ ဦးတည်ရာမဲ့ထွက်ပေါ်လာသည်။ သို့သော် စတင်ပြန့်ကျဲလာသည်နှင့်အမျှ၊ အားပြင်းသော ဆွဲငင်အားဖြင့် စက်ဝိုင်းပုံသဏ္ဍာန်အဖြစ်သို့ စုပ်ယူသွားကာ နောက်ဆုံးတွင်ချီချင်းမော့၏ ကျောက်စိမ်းလက်တွင် နက်ပြာရောင်‌ ရေစီးကြောင်းတစ်ခုအဖြစ်လည်ပတ်သွားသည်။

ထို့နောက် သူမ၏ နှုတ်ခမ်းဖျားများဆီသို့ ဦးတည်သွားလျက် သူမကိုယ်တိုင် အသုံးပြုရန်အတွက် စွမ်းအင်အဖြစ်သို့ သန့်စင်လိုက်သည်။

‘ဘမ်း’

ရင်းနှီးသောအသံက နောက်တစ်ကြိမ်ထပ်ထွက်လာသည်။ ညဘုရင်၏ ကျန်ရှိသော ခန္ဓာကိုယ်သည် ချီချင်းမော့၏ လက်ချက်အောက်တွင် သွေးမြူများအဖြစ် ပေါက်ကွဲသွားသည်။

စုပ်ယူမှု၏ လွှမ်းမိုးမှုအောက်တွင် သွေးမြူများသည် တောက်ပသော အနီရောင်ဆေးလုံး အဖြစ်သို့ ပြိုကွဲလျက်၊ ထို့နောက် ချီချင်းမော့က တိုက်ရိုက်မြိုချလိုက်ကာ သူမ၏ အစာအိမ်ထဲ၌ ဆက်လက်သန့်စင်စေသည်။

တခဏအတွင်း

ကောင်းကင်နှင့် မြေကြီးသည် အသွင်ပြောင်းသွားကာ လေနှင့် တိမ်တိုက်များက ပြင်းထန်သော လှိုင်းလုံးကြီး တက်လာခဲ့သည်။ ကမ္ဘာကြီးက နိဂုံးချုပ်သွားသကဲ့သို့ ကောင်းကင်တစ်ခုလုံးက အနှစ်သာရသွေးနှင့်ဆင်တူသော အနီရောင်အရိပ်တစ်ခုဖြစ်ပေါ်လာသည်။ ထိုအခါ မိုးကြိုးပစ်သံ၊ လျှပ်စီးလတ်သံ၊ လေတိုက်သံနှင့် မိုးသံတို့ ထွက်ပေါ်လာကာ တစ်မြေလုံးရှိ ကောင်းကင်ကို သွေးနီရောင်ပဲစေ့များကဲ့သို့ ပေါက်ကွဲသွားစေခဲ့သည်။

ဝမ်းနည်းပူဆွေးသော လေသံတို့၊ သွေးမိုးရွာသွန်းသံတို့သည် ကောင်းကင်ဘုံ၊ အရာခပ်သိမ်းတို့၏ မွေးရပ်မြေ၊ ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူတစ်ဦး သေဆုံးမှုအတွက် ကြေငြာနေခြင်းဖြစ်သည်။

တခြားနေရာတွင် သစ်ပင်အကြီးအကဲ၊ တိတ်ဆိတ်ခြင်းအရှင်နှင့် ပန်းပွင့်နတ်ဘုရားတို့က ညဘုရင်၏ ကျဆုံးမှုကို သတိပြုမိကြသည်။

ခေတ်ကာလများစွာအတွက် တောင်ပိုင်းနယ်မြေ၏ နေရာတိုင်းကို စိုးမိုးခဲ့သော ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူသည် ချီချင်းမော့၏ တိုက်ခိုက်မှု‌အောက်တွင် အသွေးအသား ပြန်လည်ပြုပြင်ရန် အခွင့်အရေးပင်မရလိုက်ပေ။

ပြန်တိုက်ရန်လည်း အင်အားပင်မရှိတော့ပေ။ မျက်စိတစ်မှိတ်အတွင်း၌ အရှေ့တိုင်းနယ်မြေ၏ ကောင်းကင်ယံအောက်တွင် သူကျဆုံးသွားသည်။ သစ်ပင်အကြီးအကဲ၊ တိတ်ဆိတ်ခြင်းအရှင်နှင့် ပန်းနတ်ဘုရားတို့အားလုံးသည် ဤမြင်ကွင်းကြောင့် အလွန် ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။

ယင်းသည် ၎င်းတို့ကို ပို၍ပင် ရူးသွပ်သွားစေရန် တွန်းအားပေးကာ အကြီးအကဲလီအား ၎င်းတို့၏ အသက်ကို ဂရုမစိုက်ဘဲ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

အကြီးအကဲလီသည် ထိုလက်ခြောက်ဖက်လုံးကို ပြန်တိုက်ခိုက်နိုင်စွမ်းမရှိသဖြင့် ဟန်ချက်ပျက်လုနီးပါးဖြစ်ကာ အချိန်မြစ်ထဲတွင် ဖုန်မှုန့်များဖြစ်လာလုနီးပါးဖြစ်သည်။

ကံကောင်းထောက်မစွာ၊ ပင်လယ်ဘုရား၊ စုမေ့ရှောင်၊ စစ်မာရွှမ်၊ ရွှမ်ယွမ်ဝမ်ယွီနှင့် အခြားသော ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူလေးဦးတို့သည် အချိန်မီ၌ ကြားဝင် ဆောင်ရွက်ပေးခဲ့ကာ လုံးဝရူးသွပ်ကုန်သည့် သစ်ပင်အကြီးအကဲ၊ တိတ်ဆိတ်ခြင်းအရှင်နှင့် ပန်းနတ်ဘုရားတို့၏လက်မှ သူ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။

တိတ်ဆိတ်ခြင်းအရှင်နှင့် ပန်းနတ်ဘုရားတို့သည်လည်း အခြားမည်သူ့ကိုမျှ ဂရုမစိုက်ဘဲ သူ့ကိုသာအာရုံစိုက်ကာ အကြီးအကဲလီကို အရူးအမူးတိုက်ခိုက်ခဲ့ကြ၍ ယခုအခါ ပြင်းထန်စွာ ဒဏ်ရာများရရှိခဲ့ကြသည်။ ၎င်းတို့က အကြီးအကဲလီကို တိုက်ခိုက်နေစဉ်၊ ပင်လယ်ဘုရားနှင့် အခြားသူများကလည်း ၎င်းတို့ကို တိုက်ခိုက်ခဲ့ကြသည်။

အတားအဆီးများကို ခံနိုင်ရည်ရှိသော ၎င်းတို့၏ ခန္ဓာကိုယ်များသည် ယခုအခါတွင် ဒဏ်ရာများဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကာ ဆက်လက်၍ ခုခံနိုင်စွမ်းမရှိတော့ဘဲ ဆက်လက်၍သာ ကျရှုံးကုန်ကြသည်။

ပင်လယ်နတ်ဘုရားနှင့် အခြားသူတို့က စတင်၍ တရစပ်သုတ်သင်ပစ်တော့မည့်အခိုက်တွင်

၎င်းတို့ကြားမှ ဒဏ်ရာအပြင်းထန်ဆုံးဖြစ်သော ပန်းနတ်ဘုရား၏ ကျက်သရေရှိလှသော ခန္ဓာကိုယ်သည် ရုတ်တရက် ထိတ်လန့်ဖွယ် အက်ကွဲကြောင်းများနှင့် ဖုံးလွှမ်းသွားသည်။

ဤအက်ကွဲကြောင်းများ ပေါ်လာသည်နှင့် တပြိုင်နက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပင့်ကူကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထို့နောက်တွင်၊ စိမ်းလန်းသောဖူးပွင့်ပေါင်းမြောက်မြားစွာသည် အက်ကွဲကြောင်းများမှ ပေါ်ထွက်လာလျက် ပန်းနတ်ဘုရား၏သိမ်မွေ့သောကိုယ်ခန္ဓာကို ချက်ချင်းဖုံးအုပ်ထားသည်။

ပင်လယ်နတ်ဘုရားနှင့် အခြားသူများသည် ပန်းနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် ဤပုံမှန်မဟုတ်သောပြောင်းလဲမှုကို သတိပြုမိကြကာ သူမအား ပထမဆုံး သုတ်သင်ရှင်းလင်းရန် ၎င်းတို့၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများကို ချက်ချင်းစတင်လိုက်သည်၊၊

ဘမ်း

ဘမ်း

ဘမ်း

ရှေးဘိုးဘေးအဆင့် တိုက်ခိုက်မှုများသည် သိမ်မွေ့သော ပန်းနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ မိုးရေကဲ့သို့ ကျဆင်းသွားသည်။ ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ခန္ဓာကိုယ်အလွန်ကြံ့ခိုင်သောချီချင်းမော့ပင်လျှင် ခုခံရန် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သော်လည်း အဆင့်တူ ကိုယ်ခန္ဓာအင်အားနည်းသည့်ပန်းနတ်ဘုရားကမူ အားလုံးကို ခံနိုင်ရည်ရှိခဲ့သည်။

မည်မျှပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေစေကာမူ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်အား အကာအကွယ်ကို အနည်းငယ်မျှပင် မည်သူမျှ ချိုးဖေါက်နိုင်စွမ်း မရှိပေ။ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်၏ မျက်နှာပြင်ပေါ်တွင် အစိမ်းရောင် အပေါက်များသည် အကန့်အသတ်မဲ့ တက်ကြွမှု အပြည့်ဖြင့် စိမ်းလန်းသော အကာအကွယ်အလွှာတစ်ခုဖြစ်ပေါ်လာသည်။ ရှေးဘိုးဘေးအဆင့် တိုက်ခိုက်မှုများသည်ပင် ထို အကာအကွယ်အလွှာပေါ်ပ ခြစ်ရာအနည်းအကျဥ်းမျှ မထင်မိစေခဲ့ပေ။

"ဘာတွေဖြစ်နေတာလဲ၊ ပန်းနတ်ဘုရားကိုယ်ပေါ်က အစိမ်းရောင်အလွှာက ဘာလဲ။ ဘာလို့ ငါတို့ရဲ့တိုက်ခိုက်မှုတွေကို လုံးဝတားနိုင်တာလဲ”

ပင်လယ်နတ်ဘုရားက စတင်စိတ်ရှုပ်ထွေးမှုကို ဖော်ပြခဲ့ရာ အနီးနားရှိ အခြားလူများက ညီတူညီမျှ စိတ်ရှုပ်သွားကြသည်။

အထူးသဖြင့်ချီချင်းမော့သည် သူမ၏ တိုက်ခိုက်ခြင်း၏ အဖျက်စွမ်းအားကို သိရှိနားလည်ထားသော်လည်း ယခုအချိန်တွင် သူမသည် ပန်းနတ်ဘုရား၏နူးညံ့သိမ်မွေ့သောကိုယ်ထည်ရှိ အလင်းလွှာကို တိုက်ခိုက်ရာ၌ လုံးဝ ကူကယ်ရာမဲ့ဖြစ်နေပြီဖြစ်၍မိမိ၏ ဘဝကိုပင် သံသယဝင်လာသည်။

အားလုံး အံ့သြနေကြချိန်၌ …

"သစ်တော နတ်ဘုရားကျွန်မကို ကယ်ပါ” သစ်ပင်အကြီးအကဲက လျင်မြန်စွာ ဆင်းသက်လာကာ ပန်းနတ်ဘုရားကို ရုတ်တရက်ကြည့်၍ စိတ်လှုပ်ရှားစွာအော်ပြောလိုက်သည်။

သူတောင်းဆိုသောသူမှာ ပန်းနတ်ဘုရားမဟုတ်ဘဲ သစ်သားနတ်ဘုရားဖြစ်သည်။

ထိုသို့ သူ့အသံထွက်ပေါ်လာသောအခိုက်တွင်…

‘ဘမ်း’

ပန်းနတ်ဘုရား၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲသွားကာ အစိမ်းရောင် အမြစ်များနှင့် စပျစ်နွယ်ပင်များ အများအပြားထွက်ပေါ်လာခဲ့သည်။ အမြစ်များထွက်ပေါ်လာသည်နှင့် အလင်း၏အရှိန်ဖြင့် မြေပြင်ပေါ်သို့ ပြိုကျကာ မြေကြီးကို အဆက်မပြတ် ထိုးဖောက်ဝင်ရောက်လျက် အာဟာရများကို ရူးသွပ်စွာ စုပ်ယူကြသည်။

အာဟာရဓာတ် ထောက်ပံ့မှုဖြင့် အမြစ်နှင့် စပျစ်နွယ်ပင်များ လျင်မြန်စွာ ထူထပ်လာသည်။

အထူးသဖြင့် စပျစ်နွယ်ပင်များသည် ထူထဲသော ပင်စည်များဖွဲ့စည်းကာ စည်းစနစ်တကျ ချည်နှောင်၍ ကောင်းကင်သို့တက်ကာ တိမ်တိုက်ထဲသို့ ထိုးကျလျက် အကိုင်းအခက် အရွက်များ ပေါက်ထွက်ပြီးနောက် အလယ်ပိုင်းဒေသတစ်ခုလုံးကို အရိပ်အဖြစ်သို့ ပြောင်းလဲစေသည်။

“သစ်သားနတ်ဘုရား” စုမေ့ရှောင်း၏ လှပသော မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားကာ ကြောက်ရွံ့မှုအငွေ့အသက်တို့ ထင်ဟပ်နေသည်။

“ဒါ… ဒြပ်စင် ငါးခု နတ်ဘုရားတွေထဲက တစ်ပါးဖြစ်တဲ့ သစ်သားနတ်ဘုရားပဲ”

ထိုစကားကိုကြားသောအခါ ပင်လယ်နတ်ဘုရားလည်း အတန်ငယ်သော ကြောက်လန့်မှုအရိပ်အမြွက်ကိုပြသည်။

ဒြပ်ငါးပါး နတ်ဘုရားများသည် မူလမြေ၌ ရှေးအကျဆုံး နတ်ဘုရားများဖြစ်ကာ မူလမြေရှိ ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများက ၎င်းတို့ပခုံးပေါ်တွင်မတ်တပ်ရပ်ကာ အဆင့်တစ်ခုသို့ရောက်ရှိခဲ့ကြသည်။ သာမန်ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများသည်

ဒြပ်ငါးပါး နတ်ဘုရားများနှင့် တူညီသော အဆင့်တွင် မရှိပေ။

"မြန်မြန်… သစ်ပင်အကြီးအကဲနဲ့ တိတ်ဆိတ်ခြင်းအရှင်ကို သတ်ကြ။ ပြီးတော့ သူတို့ ကျတာနဲ့ မြန်မြန်ထွက်သွား”

စုမေ့ရှောင်းသည် ကြောက်လန့်နေရာမှ အသိပြန်ဝင်လာပြီးနောက် လက်ရှိအခြေအနေအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ချကာ အော်ဟစ်လိုက်သည်။ ယနေ့ သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်ကို သူတို့သည် နောက်တစ်ကြိမ် ဤသို့အခွင့်အရေးမရနိုင်တော့မည်ကို စိုးရိမ်လျက်ရှိသည်။ ဤသည်ကိုကြားလိုက်ရသည်နှင့် ချီချင်းမော့နှင့် အခြားသူများက ချက်ချင်းဆိုသကဲ့သို့ပင် ဒဏ်ရာအပြင်းအထန်ရထားသော သစ်ပင်အကြီးအကဲနှင့် တိတ်ဆိတ်ခြင်းအရှင်တို့ကို သုတ်သင်ရန် ကြိုးစားခဲ့သည်။

ဝမ်းနည်းစရာကောင်းစွာဖြင့် ၎င်းတို့ စတင်လှုပ်ရှားလိုက်သောအခိုက်တွင်

"ဟမ်!"

"ဟမ်!"

"ဟမ်!"

စူးရှသော ကွဲအက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

All Chapters