← Chapters

အပိုင်း ၁၃၉-၁၄၁

Vol. 10 Ch. 139-141

အပိုင်း ၁၃၉-၁၄၁

Vol. 10 Ch. 139-141

အခန်း (၁၃၉) အလွန်ထူးခြားသော ပါရမီရှိသူ ၄

"အခု ငါတို့မှာ ဇီချန်ရှိတယ်၊ ငါတို့လုပ်ရမှာက သူ့အတွက် အရင်းအမြစ်တွေအားလုံးကို အာရုံစိုက်ပြီး သာမာန်လူသားတစ်ယောက်ရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်အောင် ကူညီပေးရမှာ" လျို့ချွမ်ဝူ ဆက်လက်၍ “ဟုတ်တယ်၊ အရေးကြီးဆုံးကတော့ အာရုံစူးစိုက်စရာ၊ ဇီချန်ရဲ့ သွေးသန့်လူသားလမ်းကြောင်းနဲ့ လိုက်လျောညီထွေရှိတဲ့ အံ့ဩဖွယ်ရာ ဖြစ်စဉ်ကို ထုတ်ဖော်လိုက်ရင် အန္တရာယ်များလွန်းတယ်”

စုန်ယွီယန်က မျက်မှောင်ကြုတ်လိုက်သည်။

“ဒါပေမယ့် ဒီလိုလုပ်ရင် ငါတို့ ရန်ပုံငွေ ဘယ်လောက်တောင် ဆုံးရှုံးမလဲ။ လုံလောက်တဲ့ ရန်ပုံငွေမရှိဘဲ၊ သွေးသန့်လူသားလမ်းကြောင်းကို သုတေသနလုပ်နေရင် အကျိုးရှိမယ်မထင်ဘူး”

"စိတ်မပူပါနဲ့၊ လာမယ့်အချိန်အတွင်းမှာ ဇီချန်အတွက် ဆင့်ကဲဖြစ်စဉ်အရင်းအမြစ်တွေကို ပြင်ဆင်ဖို့အတွက် ငါတတ်နိုင်သမျှ အချိတ်အဆက်တွေနဲ့ ရန်ပုံငွေရှာမှာပါ”

"ဒါ့အပြင် ဇီချန်ရဲ့ ပြီးပြည့်စုံလှတဲ့ စွမ်းဆောင်ရည်တွေကို ချပြတဲ့အခါမှာ သူ့ဘေးကင်းရေးအတွက် သူ့ကို ကျောထောက်နောက်ခံပေးမယ့်သူ ရှာတွေ့ပြီးမှ ထုတ်ဖော်ရမယ်။ ဒါမှသာ ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ ဒဿနတွေ ပျံ့နှံ့နိုင်မယ်။"

"အဲဒါကြောင့်၊ ငါတို့မှာ ဘေးကင်းအောင်ကြိုတင်ပြင်ဆင်ပြီးမှ လူသိရှင်ကြား ထုတ်ဖော်ရလိမ့်မယ်။"

"ကျောင်းအုပ်ကြီးက တကယ်ကို အံ့ဩစရာပဲ" စုန်ယွီယန်က လျို့ချွမ်ဝူကို လက်မထောင်ပြသည်။

လျို့ချွမ်ဝူသည် ကျေနပ်စွာပြုံးလိုက်သည်။

သူတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုနှင့် ကျေနပ်မှုများကို ဖုံးကွယ်ထား၍မရသည့်အပြင် သွေးသန့်လူသားလမ်းကြောင်း၌ ပါရမီရှိသည့် လင်းဇီချန်သည် သာမန်လူသားတယောက်ထက် သာလွန်၍ အဆင့်မြင့်သတ္တဝါအဖြစ် ပြောင်းလဲလာမည့်နေ့ကို စိတ်ကူးယဉ်နေကြပြီဖြစ်သည်။

သူတို့နှစ်ဦး စိတ်လှုပ်ရှားပျော်ရွှင်နေသည်ကို မြင်လိုက်ရသောအခါ လင်းဇီချန်သည်လည်း ပြုံးမိသွားသည်။

သွေးမျိုးဆက်စွမ်းအားပဥ္စမအဆင့်သို့ တိုးတက်လာပြီးနောက် နွေရာသီအားလပ်ရက်တွင် အရေပြားသန့်စင်ခြင်းကျင့်စဉ်ကို ပြီးမြောက်နိုင်ခဲ့သောကြောင့် စိတ်လှုပ်ရှားနေကြခြင်းဖြစ်ကြောင်း သူသိသည်။

‘ငါ့ သွေးမျိုးဆက်စွမ်းအားက အခြေခံနဝမအဆင့်ရောက်နေပြီး အသားသန့်စင်ခြင်းနဲ့ အရိုးသန့်စင်ခြင်းကျင့်စဥ်နှစ်ခုလုံးပြီးသွားပြီး ဒုတိယအကြိမ်လေ့ကျင့်နေပြီဆိုတာသာသိရင် သူတို့ အရမ်းအံ့သြနေလောက်တယ်”

"ဇီချန်၊ မင်း သိုင်းပညာကောလိပ်မှာ အတန်းတက်စရာ မလိုတော့ဘူး။ အဲ့ဒီမှာ သင်ကြားနေတဲ့ အဆင့်နိမ့် သင်ခန်းစာတွေက မင်းကို အကျိုးရှိစေနိုင်ဘူး။ သုတေသနဌာနကို လာပြီး မင်းရဲ့ စီနီယာအစ်မယန်နဲ့အတူ

သွေးသန့်လူသားဖြစ်စဉ်ကို သုတေသနလုပ်ပြီး အတွေ့အကြုံ ဖလှယ်ကြ”

ပြီးသည်နှင့် လျို့ချွမ်ဝူသည် စုန်ယွီယန်ဘက်သို့ ခေါင်းလှည့်၍ ပြော၏။

"ယွီယန်၊ မင်း နည်းပြပဲ မဖြစ်သင့်တော့ဘူး။ ငါမင်းရဲ့လစာကို ငါ့ကိုယ်တိုင်စိုက်ပြီး ထပ်ထုတ်ပေးမယ်၊ အခုကစပြီး မင်းက ဇီချန်ကို သွေးသန့်စင်ခြင်းကျင့်စဉ်ကို လေ့ကျင့်ဖို့အတွက် အကြံပေးအဖြစ် ကူညီပေးရလိမ့်မယ်"

စုန်ယွီယန် တုံ့ပြန်ခွင့်မရသေးခင်၌ လျို့ချွမ်ဝူစိတ်ပြောင်းသွားသည်။

"မဟုတ်ဘူး၊ မမှန်ဘူး။ ဇီချန်က မင်းထက် သွေးသန့်စင်ခြင်းကျင့်စဉ်ကို လေ့ကျင့်ဖို့ အရည်အချင်းပိုများတယ်။ မင်းသူ့ရဲ့ဆရာဖြစ်လို့မရဘူး။ သူ့လက်ထောက်ပဲဖြစ်နိုင်မယ်။ အခုကစပြီး မင်းက သူ့ရဲ့ သီးသန့်လက်ထောက် ဖြစ်လာလိမ့်မယ်"

"ဆရာ ကျွန်မကို အခွင့်အရေးမပေးတော့ဘူးလား" စုန်ယွီယန်သည် စူပုတ်သော မျက်နှာအနေအထားဖြင့် တုံ့ပြန်လိုက်သည်။

လျို့ချွမ်ဝူ အားပါးတရရယ်လိုက်၏။

"မင်းမျက်နှာထားကို နေ့တိုင်း လူစုလူဝေးမှာ လှောင်ပြောင်ခံရပြီးတော့ ပျောက်သွားတဲ့အခါ မင်းက ကျည်ကာအင်္ကျီလို ထူလာတယ်၊ အဲ့တာကို ငါပြောတဲ့ တုံးတိစကားတွေကို မင်းတကယ် ဂရုစိုက်တာလား။"

စုန်ယွီယန်သည် လျို့ချွမ်ဝူကို မျက်စောင်းထိုးကာ စကားပြောရန် စိတ်မ၀င်စားတော့ပေ။

လျို့ချွမ်ဝူ ပြုံးလျက် လင်းဇီချန်ဘက်သို့ လှည့်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။

“မနက်ဖြန်နေ့လည်မှာ ကျောင်းက ကြိုဆိုတဲ့ အခမ်းအနား လုပ်မှာ။ ပြီးသွားရင်တော့ ကောလိပ်ရဲ့ လူသစ်ဘုရင် ရွေးချယ်တဲ့ ပြိုင်ပွဲရှိတယ်။ မင်းရဲ့ သွေးမျိုးဆက်စွမ်းအားက အခြေခံပဥ္စမအဆင့်အထိ ရောက်ပြီးတော့ အရေပြားသန့်စင်ခြင်း ကျင့်စဉ်လည်း ပြီးသွားပြီဆိုတော့ မနက်ဖြန် လူသစ်ဘုရင်ဘွဲ့က မင်းအတွက်ဖြစ်နိုင်တယ်"

"စမ်းသပ်မှုအတွင်း၊ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်နဲ့ စက်မှုအကယ်ဒမီကနေ အသစ်လာတဲ့လူတွေကို ကောင်းကောင်းရိုက်နှက်ဖို့ မမေ့နဲ့။ သိုင်းပညာကောလိပ်အတွက် နာမည်ယူပြီးရင် မင်းကို သွေးချီတိုးတဲ့ဆေး ဆယ်လုံးပေးမယ်”

ဤအရာသည် ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုဖြစ်သည်။ သူသည် သူ၏ပြိုင်ဘက် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ကျောင်းအုပ် သူ့ဇနီးဟောင်း ယွမ်သုန်ကျီရှေ့တွင် အောင်ပွဲရလိုသည်။

"ဆရာ ရှင်အရင်ကအတိုင်း အငြိုးထားတုန်းနေဦးမယ်လို့ မျှော်လင့်မထားမိဘူး”

"မင်းတို့ လူငယ်တွေ သိလားတော့မသိဘူး။ လူတွေက မာနနဲ့ ဂုဏ်သိက္ခာကြောင့် အသက်ရှင်ကြတာ။ အမုန်းတွေကို ထိန်းထားရင် မခံနိုင်ဘူး။ ဒေါသကို ဆုပ်ကိုင်ထားလို့ ဖိနှိပ်ခံရရင် တုံ့ပြန်နိုင်ဖို့လိုတယ်။”

"သွေးသန့်လူသားလမ်းကြောင်းက သွေးစွမ်းအားကို အခြေခံထားတဲ့လမ်းကြောင်းတစ်ခုပဲ” သူက လင်းဇီချန်ဘက်သို့လှည့်၍ လေးနက်စွာပြောလိုက်သည်။

"သွေးစွမ်းအား” ဆိုတဲ့ စကားလုံးမှာ စွမ်းအားဆိုတဲ့စကားလုံးပါတယ်။ အကယ်လို့ စွမ်းအားက ချောမွေ့စွာ မဖြစ်ဘူးဆိုရင် အဲ့ဒီအရာက သွေးကို ထိခိုက်စေပြီးတော့ ခန္ဓာကိုယ်လေ့ကျင့်ခြင်းကိုပါ ထိခိုက်စေနိုင်တယ်။"

"မင်း အနာဂတ်မှာ စိတ်ပျက်အားငယ်နေပြီး မင်းရဲ့ ခွန်အားက မလုံလောက်ရင် တစ်ချိန်တည်းမှာ မင်းဒါကို သည်းခံနိုင်ပေမယ့် မင်းရဲ့ ခွန်အားတွေ လုံလောက်ပြီဆိုတာနဲ့ မင်း ကလဲ့စားချေပြီး အဲ့ဒီဒေါသကို လွှတ်ပေးရမယ်"

"လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ဆရာ"

ထို့နောက် လင်းဇီချန်သည် သူစိတ်ဝင်စားနေသည့်အရာကို မေးလိုက်သည်။

"ဆရာ မနက်ဖြန် လူသစ်ဘုရင်အတွက် ယှဉ်ပြိုင်ပွဲမှာ အနိုင်ရရင် ကျောင်းက ဘာဆုတွေ ပေးမှာလဲ"

"သူတို့က ပညာရေးဆိုင်ရာအမှတ်တွေကို ချီးမြှင့်မှာပါ”

“အရင်နှစ်တွေကလိုပဲ ပထမဆုက ၁၀မှတ် ပြီးရင် အဲ့အမှတ်တွေကို ကျောင်းတရားဝင်ဝဘ်ဆိုဒ်က ဆင့်ကဲပြောင်းလဲခြင်းနဲ့ဆိုင်တဲ့ အရင်းအမြစ်တွေ ဝယ်ဖို့ အသုံးပြုနိုင်လောက်တယ်”

‘ပညာရေးအမှတ် ဆယ်မှတ်ဟုတ်လား’

လင်းဇီချန်သည် ထိုနေ့နံနက်က ကျောင်း၏ တရားဝင်ဝဘ်ဆိုဒ်တွင် သူတွေ့ခဲ့သည့် ဆန်းကြယ်သားရဲ့မျိုးပစ္စည်းကို အမှတ် ၅မှတ်တည်းဖြင့်ရောင်းနေသည်ကို ပြန်တွေးမိသည်။

ထို့ကြောင့် ဤအချက်တွင် အမှတ်ဆယ်မှတ်ပေးမည့်ဆုသည် အတန်ငယ် ရက်ရောပုံရသည်။

အခန်း (၁၄၀) မျိုးဆက်သစ်များထဲမှ တစ်ဦးတည်းသော သွေးမျိုးစပ်

လင်းဇီချန်သည် သုတေသနဌာနတွင် အချိန်အတော်ကြာနေခဲ့၍ ည ၁၀ နာရီမှ အဆောင်ကို ပြန်ရောက်လာခဲ့သည်။ သူ အဆောင်ကို ပြန်ရောက်သောအခါ ရှန်ချင်းဟန်သည် မီးဖိုချောင်ထဲ၌ အလုပ်များနေ၏။ သူမသည် ချက်ပြုတ်နေခြင်းမဟုတ်၊ ဟင်းခတ်အမွှေးအကြိုင်များကို စီစဥ်နေခြင်းမျှသာဖြစ်သည်။ မီးဖိုချောင်အဝတွင် လင်းဇီချန်ကို မြင်သောအခါ ရှန်ချင်းဟန်က သူ့ကိုကြည့်၍ပြောလိုက်၏။

"ဇီချန်၊ နင် သုတေသနဌာနမှာ တော်တော်ကြာနေတာပဲနော်။ ဒီည နင်နဲ့တူတူ ညစာချက်စားချင်တာ"

လင်းဇီချန် ပြုံး၍ ပြန်ဖြေသည်။

"ကိစ္စမရှိပါဘူး၊ ညစာ မစားရသေးရင် သန်းခေါင်ကျစားလို့ရတာပဲလေ"

"မစားချင်ပါဘူး၊ ညလယ်စာစားရင် ဝလာလိမ့်မယ်။"

"ဒီလောက် လေ့ကျင့်ခန်းတွေလုပ်နေတာ ဝမလာနိုင်ပါဘူး။"

"အင်း၊ ဟုတ်တော့လည်းဟုတ်ပါတယ်" ရှန်ချင်းဟန်က ရယ်မောလျက် မေးလိုက်သည်။

"နင် ညလယ်စာအတွက် ဘာစားချင်လဲ။ ငါ အခုချက်ပေးမယ်လေ"

ခဏမျှ စဉ်းစားပြီးနောက် လင်းဇီချန် ပြန်ဖြေသည်။

"ဒါဆို ခေါက်ဆွဲစားရအောင်။ နင်လုပ်ပေးတဲ့ ခေါက်ဆွဲမစားရတာ တော်တော်ကြာပြီထင်တယ်၊ စားကြည့်ချင်တယ်။"

"အိုကေ၊ နင့်အတွက် ခေါက်ဆွဲပြုတ်ပေးမယ်"

ရှန်ချင်းဟန်က ခေါက်ဆွဲ နှစ်ထုပ်ကို ယူကာ လင်းဇီချန်စားရန် စပြုတ်တော့သည်။

ဆယ်မိနစ်ခန့်ကြာသောအခါ ခေါက်ဆွဲများ အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။ ရိုးရိုးရှင်းရှင်း လုပ်ထားသော ခေါက်ဆွဲပန်းကန်ထဲတွင် ကြက်ဥကြော်တစ်ခု၊ အသားတချို့နှင့် ဟင်းသီးဟင်းရွက် အနည်းငယ် ပါသည်။

ခေါက်ဆွဲစားပြီးနောက် ပန်းကန်များ ဆေးကြောကြသည်။.

ရှန်ချင်းဟန်သည် လင်းဇီချန်၏ လက်ကို ဆွဲလိုက်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ဇီချန်၊ ပြီးရင် ရေအတူတူ ချိုးကြမလားဟင်"

"အင်း၊ နင့်ကျောကို ချေးတွန်းပေးမယ်လေ"

ရှန်ချင်းဟန်သည် သူမရဲ့ နှုတ်ခမ်းကို စူလိုက်၍ ပါးပြင်လေးနီရဲလာပြီးနောက် ခပ်တိုးတိုးပြောလိုက်သည်။

"ကျောကို ချေးတွန်းပေးရုံနဲ့မလုံလောက်ဘူး၊ တခြားနေရာလေးတွေရော… တွန်းပေးလို့မရဘူးလားဟင်"

"ဘယ်နေရာ တွန်းပေးရမလဲပြော ငါတွန်းပေးမယ်"

"ဒါဆို ဆုအနေနဲ့ နင့်ရဲ့ နေရာတိုင်းကို ပြန်ပွတ်တိုက်ပေးမယ်"

နောက်တစ်နေ့ မနက် ၅:၃၀ နာရီတွင် လင်းဇီချန်သည် မနက်စောစောနေထနေကျဖြစ်သောကြောင့် အလင်းရောင် သိပ်မရှိခင်၌ပင် နိုးထလာသည်။ တစ်ဖက်တွင်မူ ရှန်ချင်းဟန်သည် အိပ်ရာထဲတွင် အိပ်ပျော်နေဆဲပင်ဖြစ်သည်။ လင်းဇီချန်က သူမ၏ တံတွေးများကို သုတ်ပေး၍ တိတ်တဆိတ် အခန်းထဲမှ ထွက်လာကာ လေ့ကျင့်ခန်းလုပ်သည့်အခန်းထဲတွင် မနက်ပိုင်း လေ့ကျင့်ခန်းများ လုပ်ရန် ထွက်သွားသည်။

မနက် ၇:၁၅ နာရီတွင် နောက်ဆုံး၌ ရှန်ချင်းဟန် နိုးလာ၍ အခန်းထဲမှ ပျင်းရိစွာ ထွက်လာသည်။

သူမသည် တခြားမိန်းကလေးများကဲ့သို့ မိတ်ကပ်မလိမ်းသဖြင့် မနက်စောစော မထဘဲ ၇:၁၅ အထိ အိပ်နိုင်သည်။ အတန်းက မနက် ၈ နာရီတွင် စခြင်းဖြစ်သောကြောင့် ၇နာရီ ဆယ့်ငါးမိနစ်အထိတိုင် အိပ်စက်နိုင်မည်ဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြင်ဆင်ပြီးသည့်နောက် ရှန်ချင်းဟန်သည် လင်းဇီချန်က သူမအတွက်လုပ်ပေးထားသော စလွယ်အိတ်ကိုလွယ်၍ သူနှင့်အတူ အိမ်မှထွက်လာသည်။

ဓာတ်လှေကားနှင့်အောက်သို့ဆင်းပြီးနောက် နှစ်ယောက်သား တစ်ယောက်တစ်လမ်းစီသွားကြသည်။ ရှန်ချင်းဟန်သည် လက်တစ်ဖက်ဖြင့် ထီးကို ကိုင်၍ မျက်နှာကို ပန်ကာဖြင့် ဖြည်းဖြည်းချင်း လေမှုတ်ကာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ သင်ကြားရေးအဆောက်အဦဆီသို့သွားသည်။ အဓိကမှာ ဝင်ခွင့်အတန်းတွေ့ဆုံပွဲသို့ တက်ရောက်၍ တက္ကသိုလ်မှ အတန်းဖော်အသစ်များကို သိကျွမ်းစေရန်ဖြစ်သည်။

လင်းဇီချန်သည် လူသူဝေးသည့် ထောင့်တစ်နေရာတွင် ရှိသော သွေးသန့်လူသားသုတေသနဌာနဆီ သွား၍ သုတေသနဌာနမှ ကျန်သောအဖွဲ့ဝင်များ ကျောင်းသားအဆင့်၏ ထိပ်ဆုံးကို ရောက်ရှိထားသော

စီနီယာ ကျောင်းသား သုံးယောက်နှင့် ရင်းနှီးမှုယူရန် သွားရောက်ခဲ့သည်။

ငါးမိနစ်ကြာခန့်ကြာပြီးသည့်နောက် လင်းဇီချန်သည် သွေးသန့်လူသားဌာနသို့ရောက်လာသည်။

သူ၏အရှိန်က ယမန်နေ့က စုန်ယွီယန် ဆိုင်ကယ်နှင့် ခေါ်သွားသည်ထက်ပင် ပို၍ မြန်ဆန်လှသည်။

အလင်းရောင်မရှိ တိတ်ဆိတ်နေသော ဌာနထဲသို့ ဝင်ရောက်လာပြီးနောက် လင်းဇီချန်သည် ဌာနအတွင်းမှ စွမ်းအင်ဖိအားများကို သိရှိရန် စိတ်အာရုံကို အသုံးပြုလိုက်ပြီးနောက် ဌာနတစ်ခုလုံးတွင် လူတစ်ယောက်သာ ရှိသည်ကို တွေ့လိုက်ရသည်။ ဤနေရာတစ်ခုလုံးတွင် စုန်ယွီယန်တဦးတည်းသာ ရှိနေသည်ကို ခံစားမိသည်။

သူ၏ အာရုံခံမှုကို ဖယ်ရှားလိုက်ပြီးနောက် အပန်းဖြေစခန်းဆီသို့ လျှောက်သွားလိုက်သည်။ အခန်းထဲသို့ဝင်လိုက်သည်နှင့် စုန်ယွီယန်က ညအိပ်ဝတ်စုံဝတ်လျက် ယောဂဖျာပေါ်တွင် ယောဂကစားနေသည်ကို မြင်လိုက်ရသည်။ ဤသို့ဖြင့် သူမ၏ ကောက်ကြောင်းအလှက အပြည့်အဝပေါ်လွင်လျက်ရှိသည်။

"မင်း စောလှချေလား"

သူမသည် ခက်ခဲသော ယောဂအနေအထားများ ပြုလုပ်လျက် ပြုံး၍ ပြောလိုက်သည်။

လင်းဇီချန်က ပြုံး၍ ပြန်ဖြေသည်။

"အစ်မယန် ကျွန်တော့်ထက် ပိုစောတာပဲ။"

"အထင်မလွဲနဲ့၊ မင်းထက်စောပြီး ရောက်နေတာ မဟုတ်ဘူး၊ ငါ ဌာနမှာပဲ နေတာ။"

"ဌာနမှာ ဘာလို့ နေတာလဲ။" လင်းဇီချန် အံ့ဩသွားသည်။

ဌာနသည် သိုလှောင်ခန်းနှင့် တူနေ၍ အိမ်တွင် နေရသလောက် သက်တောင့်သက်သာ မဖြစ်နိုင်ဘူးဟု ထင်ခဲ့သည်။

"ပိုက်ဆံချွေတာဖို့လေ။ ဌာနမှာ နေရင် ကျောင်းက မီးဖိုး၊ ရေဖိုး အသုံးစရိတ်တွေ ပေးတာ။ နွေရာသီမှာ အဲယားကွန်းဖွင့်ရင် တစ်လကို ရာဂဏန်းလောက် ချွေတာလို့ရတယ်"

“ရာဂဏန်းလောက် ချွေတာဖို့အတွက်ပဲလား” လင်းဇီချန် မယုံနိုင်ပေ။

စုန်ယွီယန်သည် တစ်နှစ်ကို သန်းချီသော လစာရနိုင်သည့်လူမျိုးဖြစ်သည်။ သို့သော် သူမသည် ရာဂဏန်းလောက် အသုံးစရိတ်ကိုပင် ချွေတာလျက်ရှိ၏။

သိချင်သောကြောင့် လင်းဇီချန် ထပ်မံမေးလိုက်သည်၊

"အစ်မယန်၊ ပါမောက္ခနဲ့ စီနီယာ သုံးယောက်က ဌာနကို ဘယ်အချိန်လောက် လာကြတာလဲ။"

"နှစ်ယောက်ကတော့ မနက် ၁၀ နာရီလောက်မှ ဌာနကို လာလေ့ရှိတယ်။ ပါမောက္ခကတော့ အချိန်အတိအကျ မရှိဘူး။ သူက သူ့ရဲ့ ရည်းစားဟောင်းတွေနဲ့ တွေ့ဖို့ အပြင်ထွက်နေရတာ များတယ်။"

"ဘယ်သူတွေ"

လင်းဇီချန်သည် မယုံနိုင်လောက်သော သတင်းအချက်အလက်ကို ကြားလိုက်ရသည့်အလား ခံစားလိုက်ရ၍ စူးစမ်းလိုစိတ်နှင့် မေးလိုက်သည်။

"ပါမောက္ခမှာ ရည်းစားဟောင်း ဘယ်နှစ်ယောက်လောက် ရှိတာလဲ"

"အိုး၊ အများကြီးပဲ။ ငါ သိတာတောင် ဆယ်ယောက်ကျော်တယ်။"

"ပါမောက္ခက တကယ်ကို အထင်ကြီးစရာပဲ” လင်းဇီချန် လေးစားစွာ ပြောလိုက်သည်။

"မတတ်နိုင်ဘူးလေ။ ကျောင်းက ပေးတဲ့ ရန်ပုံငွေက အရမ်းနည်းတယ်။ ဌာနရဲ့ နေ့စဉ်လိုအပ်ချက်ကို မထောက်ပံ့နိုင်ဘူး။ ဒါကြောင့် ပါမောက္ခက သူ့ရဲ့ ဆွဲဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ဖို့ အပြင်ထွက်ရတာ"

ထိုစကားကိုကြားလိုက်သောအခါ လင်းဇီချန်သည် လျို့ချွမ်ဝူ၏ပုံရိပ်ကို ပိုလေးစားသွားသည်။

ဆယ်မိနစ်ကြာပြီးနောက် စုန်ယွီယန်က ယောဂကစား ပြီးသွားပြီဖြစ်၍ လင်းဇီချန်ကို သူမ၏သီးသန့် သုတေသနဓာတ်ခွဲခန်းထဲသို့ ခေါ်သွားသည်။

သူမက ဗီရိုတစ်လုံးဆီကို သွား၍ စာရွက်စာတမ်း အထပ်လိုက်ကို ထုတ်ကာ လင်းဇီချန်ကို ပေးလိုက်သည်။

"ဒါက နှစ်ပေါင်းများစွာ သုတေသနဌာနရဲ့ သုတေသနရလဒ်တွေနဲ့ လမ်းညွှန်ချက်တွေပဲ။ အားတဲ့အချိန်မှ ကြည့်လိုက်။ အကြောင်းအရာနဲ့ နည်းနည်း ရင်းနှီးအောင်လို့ပါ"

လင်းဇီချန်သည် အဘိဓာန်တစ်အုပ်ပမာ ထူသော စာရွက်စာတမ်းများကို လက်ခံလိုက်သည်။

"အကြောင်းအရာတွေကတော့ အများကြီးပဲ၊ ရင်းနှီးအောင် အပေါ်ယံလေးပဲ ဖတ်ကြည့်ပါ။ သိပ်အာရုံစိုက်ပြီး ကြည့်ဖို့ မလိုဘူး။ မဟုတ်ရင် စာသင်နှစ် မကုန်ခင် ပြီးမှာ မဟုတ်ဘူး။" ထိုသို့ပြောပြီးနောက် စုန်ယွီယန်သည် သူမ၏စားပွဲဆီသို့ သွား၍ ထိုင်ကာ ယနေ့တစ်နေ့တာအတွက် သုတေသနကို စတင်လိုက်သည်။

အခန်း (၁၄၁) မျိုးဆက်သစ်များထဲမှ တစ်ဦးတည်းသော သွေးမျိုးစပ်

သုတေသနသည် စာပေဆိုင်ရာ အလုပ်နှင့် သက်ဆိုင်သည်။

သွေးသန့်ခြင်းသိုင်းပညာ အဖွင့်အခန်း အကြောင်းအရာအပေါ် သုတေသနပြုခြင်း။

လင်းဇီချန်သည် မီတာအနည်းငယ်အကွာမှ စုန်ယွီယန်၏ရှေ့တွင် ထားရှိသော သွေးသန့်ခြင်းသိုင်းပညာကျမ်းဂန်များကို မော့ကြည့်လိုက်သည်။ ၎င်းသည် မတူညီသောစာလုံးများဖြင့် ဖြည့်စွက်ထား၍ ခေတ်သစ်စာမဟုတ်သောကြောင့် သူလုံးဝမနားမလည်နိုင်၍ ထူးဆန်းသောအရာများဖြစ်နေသည်။ နားလည်နိုင်ခြင်းမရှိသောကြောင့် သူသည် အချိန်ကြာကြာကြည့်မနေဘဲ ကိုယ်ပိုင်သုတေသနစာတမ်းများကို ဖတ်ရန် နေရာရှာထိုင်ခဲ့သည်။

လင်းဇီချန်သည် တစ်ချက်ကြည့်ရုံဖြင့် စာကြောင်းဆယ်ကြောင်းကို မြန်မြန်ဖတ်နိုင်သည်။

မနက် ၁၀နာရီ ၃၀ မိနစ် အချိန်တွင် စာတမ်း၏ သုံးပုံတစ်ပုံခန့်ကို ဖတ်ရှု့ပြီးစီးခဲ့ပြီဖြစ်သည်။ ကောင်းကင်လူသားအဖွဲ့အစည်း၏ သုတေသနပြုမှုသည် လူ့ခန္ဓာကိုယ်၏ သဘာဝနှင့် သွေးစွမ်းအား၏ အကျိုးသက်ရောက်ပုံကို အဓိကထား၍ လေ့လာနေသည်ကို လင်းဇီချန် သိလိုက်ရသည်။

"ထူးဆန်းတယ် ၁၀ နာရီ ခွဲနေပြီ။ အဲ့လူသုံးယောက်က သုတေသနဌာနကို ဘာလို့မလာသေးတာလဲ။" စုန်ယွီယန်သည် သူမ၏ မိတ္တူများကို ချလိုက်၍ စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ရေရွတ်လိုက်သည်။

ပုံမှန်အားဖြင့် ကောင်းကင်လူသားအဖွဲ့အစည်းမှ အကြီးတန်း သိုင်းပညာရှင် သုံးဦးသည် နံနက် ၁၀ နာရီတိတိတွင် သုတေသနဌာနသို့ ရောက်ရှိလေ့ရှိသည်။

သို့သော် ယခုအခါ မိနစ်သုံးဆယ်ကျော်သွားပြီဖြစ်သော်လည်း၊ ၎င်းတို့ကို မမြင်ရသေးပေ။ ၎င်းတို့ တစ်စုံတစ်ရာဖြစ်နေမည်ဟု စိုးရိမ်မိသောကြောင့် စုန်ယွီယန်သည် WeChat တွင် အခြေအနေကို မေးမြန်းရန် သူမ၏ဖုန်းကို ချက်ချင်းထုတ်လိုက်သည်။ သို့သော် သူမ WeChat ကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် လွန်ခဲ့သောနာရီဝက်ခန့်တွင် ၎င်းတို့ထဲမှ တစ်ဦးက ကြိုတင်၍ အကြောင်းကြားထားသည်ကို မြင်လိုက်ရသည်။ ကောင်းကင်လူသားအဖွဲ့အစည်းမှ ထွက်သွားတော့မည်ဖြစ်၍ သုတေသနဌာနသို့ မလာတော့ဟု ပြောထားသဖြင့် စုန်ယွီယန် အံ့အားသင့်သွားကာ အကြောင်းပြချက်ကို မေးလိုက်သည်။

၎င်းသည် အစပိုင်းတွင် စကားပြောရန် ဝန်လေးခဲ့သော်လည်း စုန်ယွီယန်မှ ဆက်တိုက် မေးခွန်းများ မေးနေသောကြောင့် သူမ၏မေးခွန်းများကို နောက်ဆုံးတွင် ဖြေဆိုခဲ့ရသည်။ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှ ဌာနမှူးသည် ၎င်းတို့ မငြင်းနိုင်သော အကျိုးကျေးဇူးများကို ပေးဆောင်ခဲ့၍ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့ လာရောက်ရန် ဆွဲဆောင်ခဲ့ကြောင်း ပြောပြခဲ့သည်။

စုန်ယွီယန် မျက်မှောင်ကြုတ်သွားသော်လည်း ၎င်းတို့သုံးဦးကို အပြစ်မတင်နိုင်ခဲ့ပေ။ ၎င်းတို့နှင့် သူမအကြားတွင် နှစ်အတန်ကြာ ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ လူတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများရှိသည်ဖြစ်၍ အဆင်ပြေပါစေဟုသာ သူမ ပြောနိုင်တော့သည်။

WeChat မှ စကားပြောပြီးသည်နှင့် စုန်ယွီယန်သည် လင်းဇီချန်ဘက်သို့ လှည့်ကာပြောလိုက်သည်။

"ဇီချန် ငါတို့ဌာနက အကြီးတန်းသိုင်းပညာရှင်သုံးယောက်လုံး ကောင်းကင်လူသားအဖွဲ့အစည်းကနေ ထွက်သွားပြီ။ ဘယ်တော့မှလာမှာမဟုတ်ဘူးလို့ WeChat ကနေပြောလာတယ်"

"သူတို့အားလုံးကို ဆင့်ကဲပြောင်းလဲခြင်းကောလိပ်က ဌာနမှူးကအကျိုးခံစားခွင့်တွေအများကြီးပေးမယ်ဆိုပြီး ဆွဲဆောင်ခဲ့တာ။ ဆရာက နင့်ကို ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကနေ ခေါ်လာတဲ့အတွက် လက်တုံ့ပြန်တာဖြစ်နိုင်တယ်။ အခုကစပြီး သုတေသနဌာနမှာ နင်ရယ်၊ ငါနဲ့ဆရာရယ်ပဲ ကျန်တော့တယ်"

ထိုသို့ပြောပြီးနောက် စုန်ယွီယန်ကဆက်ပြောသည်။

"ဒါပေမယ့် အရေးမကြီးပါဘူး။ သူတို့သုံးယောက်ဟာ သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်မှာ ထိပ်တန်းအဆင့်မဟုတ်ကြဘူးလေ။ သူတို့ထွက်သွားတာက သွေးသန့်လူသားလမ်းစဥ်အတွက် သုတေသနကို ကြီးကြီးမားမားထိခိုက်နိုင်မှာမဟုတ်ပါဘူး”

"အမှန်ပဲ” လင်းဇီချန်သည် ထိုသတင်းကို ကြားပြီးနောက် အနှောင့်အယှက်ဖြစ်သည်ဟု မခံစားရဘဲ ခေါင်းညိတ်လိုက်သည်။

တခြားသူများ ထွက်သွားသည်ကို မြင်လျှင် သူ့စိတ်ထဲ၌ အလားတူ အတွေးများ ဝင်လာမည်ကို စိုးရိမ်သောကြောင့် စုန်ယွီယန် ယခုကဲ့သို့ပြောသည်ကို သူသိသည်။

“ဒီသုံးယောက်ဟာ အကြီးတန်းနှစ်ရောက်တဲ့အထိ သွေးသန့်လူသားလမ်းစဥ်ကို လေ့လာလာတာလေ။ ပုံမှန်ဆိုရင် သူတို့ရဲ့ ယုံကြည်ချက်က ခိုင်ခံ့နေသင့်တယ်။ အခုလို ခေါ်သွားနိုင်တာက ဘာကြောင့်လဲ”

စုန်ယွီယန် ပြုံးလျက် ပြောလိုက်သည်။

"ကမ်းလှမ်းချက်က ကြီးမားသရွေ့တော့ လွန်ဆန်နိုင်မယ့်လူ မရှိပါဘူး။ ငါတို့လို သွေးသန့်လူသားတွေဘက်မှာ ရေရှည်ရပ်တည်နိုင်တာ လူနည်းစုပဲရှိတယ်”

"မဟုတ်ရင်၊ သုတေသနဌာနမှာ လူနည်းနည်းပဲ ရှိမှာမဟုတ်ဘူး။"

"ဒါ့အပြင် သူတို့သုံးယောက်ရဲ့ ခံယူချက်တွေက ခဏတာ ယိမ်းယိုင်သွားခဲ့တယ်"

“သူတို့က အသက်ကြီးနေပြီလေ ဒါပေမယ့် သွေးသန့်လူသားလမ်းစဥ်ရဲ့ အနာဂတ်က မသဲမကွဲနဲ့မို့ စောင့်ဖို့ အချိန်မရှိတော့ဘူး” စုန်ယွီယန်က လှောင်ပြောင်ပြောဆိုလိုက်သည်။

“သူတို့ ဆက်စောင့်မယ်ဆိုရင် သာမန်လူတွေနဲ့ ခွဲခြားလို့မရတဲ့ ငါ့လိုပဲ အဆုံးသတ်သွားလိမ့်မယ်”

နှစ်ဦးသား မိနစ်သုံးဆယ်ကြာ စကားစမြည်ပြောဖြစ်ကြသည်။ နံနက် ၁၁ နာရီထိုးခါနီးတွင် လင်းဇီချန်သည် စားသောက်ကုန်များဝယ်၍ ထမင်းချက်ရန် လိုအပ်သောကြောင့် အဆောင်သို့ ပြန်သွားမည်ဟု ပြောသည်။ မသွားခင်တွင် သွေးသန့်ခြင်းသိုင်းပညာ စာတမ်းနှင့်သက်ဆိုင်ရာ ဘာသာစကားကို လေ့လာရန် စုန်ယွီယန်ထံ၌ စာအုပ်များရှိမရှိ မေးခဲ့သည်။

ထို့ကြောင့် စုန်ယွီယန်က သူ့အတွက် စာအုပ်အချို့ကို ထုတ်ပေးခဲ့ရာ သွေးသန့်ခြင်းကျင့်စဥ်၏ မိတ္တူစာရွက်များနှင့် သက်ဆိုင်ရာ အခေါ်အဝေါ် ဘာသာစကား သင်ကြားရေးစာအုပ်များကိုယူ၍ သုတေသနဌာနမှထွက်ခွာသွားခဲ့သည်။ ထို့နောက် သူနေထိုင်ရာနေရာဆီသို့သွားကာ အသားနှင့် ဟင်းသီးဟင်းရွက်များကို နှစ်ယောက်စာဝယ်၍ ဟင်းချက်ရန် အိပ်ဆောင်ဆီသို့ပြန်သွားခဲ့သည်။

မွန်းတည့်ခါနီး၌ ရှန်ချင်းဟန် ပြန်ရောက်လာပြီးနောက် နှစ်ယောက်သား ဧည့်ခန်းထဲတွင် အတူထမင်းစားကြသည်။

"ဇီချန် နင်က ဟင်းနည်းနည်းပဲ ချက်ဖြစ်တာကို နင့်ရဲ့ အချက်အပြုတ်စွမ်းရည်က ငါ့လောက်ကောင်းတယ်။ နင့်ရဲ့ အစွမ်းအစက တကယ်ကို ဒေါသထွက်စေတာပဲ"

ရှန်ချင်းဟန်သည် လင်းဇီချန်၏ဟင်းကို မြည်းစမ်းကာ မနာလိုမှုအပြည့်ဖြင့် ပြောလိုက်သည်။

လင်းဇီချန်ကလည်း ဟင်းချိုတစ်ငုံသောက်၍ ရယ်မောကာ ပြောလိုက်သည်။

"နင်ရဲ့ သွေးမျိုးစပ်နိုင်စွမ်း ၂၁ ရာခိုင်နှုန်းကိုလည်း ငါ တကယ် မနာလိုဖြစ်မိတယ်”

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ရှန်ချင်းဟန်က သဘောမတူဘဲ ခေါင်းခါယမ်းလိုက်သည်။

"ကမ္ဘာကြီးက ကျယ်ပြောတယ်လေ အပြင်မှာ ငါတို့ထက်၊ ငါတို့သိတဲ့လူတွေထက် ပိုတော်တဲ့လူတစ်ယောက်ယောက်တော့ ရှိနေမှာပဲ”

လင်းဇီချန်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။

"ဒါအမှန်ပဲ"

ထိုအကြောင်းကို ဆွေးနွေးပြီးနောက် ၎င်းတို့၏ စကားဝိုင်းသည် ရှန်ချင်းဟန်၏ အတန်းဖော်များထံ ပြောင်းသွားသည်။ ရှန်ချင်းဟန်သည် အထူးတန်းတွင် တက်ရောက်နိုင်သည်။ အတန်းဖော်များက အဓိကအားဖြင့် ဒေသအသီးသီးမှ ထိပ်တန်းပညာတော်သင်များဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ ပျမ်းမျှအဆင့်သည် အမှန်တကယ်ပင် ဆန်းကြယ်လွန်းလှသည်။

ဘွဲ့ရပြီးနောက်တွင်လည်း ထိုပုဂ္ဂိုလ်များသည် သူမ၏ တက္ကသိုလ်ကျောင်းသားဘ၀တွင် အဖိုးတန်သော လူမှုရေးအရင်းအမြစ်များဖြစ်သည့် လူ့အသိုင်းအဝိုင်း၏ မဏ္ဍိုင်များဖြစ်လာမည်ဖြစ်သည်။

"စကားမစပ် ဇီချန် ဒီနေ့ ငါ့အတန်းမှာ သွေးမျိုးစပ်တစ်ယောက်တွေ့ခဲ့တယ်"

"အရမ်းလှတယ်၊ ခေါင်းပေါ်မှာ သားရဲနားရွက်တစ်စုံနဲ့ မိန်းကလေးတစ်ယောက် သူလေ သူများတွေ အာရုံစိုက်တာ အရမ်းခံနေရတယ်”

“ငါကြားတာတော့ သူက ဆင့်ကဲ့ပြောင်းလဲခြင်းကောလိပ် ဥက္ကဌရဲ့ သမီးတဲ့ မြို့တော်မှာ ကျောင်းတက်ပြီး ရှန်ဟိုင်းတက္ကသိုလ်မှာ သွေးမျိုးစပ်ပြောင်းလဲဖို့ ပြန်လာခဲ့တာ။ သူက ပထမဆုံး သွေးမျိုးပေါင်းစပ်တာမှာ အောင်မြင်သွားပြီးတော့ အခု ကျောင်းတစ်ခုလုံးရဲ့ တစ်ဦးတည်းသော သွေးမျိုးစပ်ဖြစ်လာပြီ”

“တကယ့်ကို အထင်ကြီးစရာပဲ” လင်းဇီချန်က ပြောသည်။

"အထင်ကြီးစရာကောင်းပေမယ့် နင်နဲ့မယှဉ်နိုင်ဘူး" ရှန်ချင်းဟန်သည် စပျစ်သီးတစ်လုံးကို ယူ၍

လင်းဇီချန်း ပါးစပ်ထဲသို့ ထည့်ပေးလျက် ပြောလိုက်သည်။

“သူတင်မက အထူးတန်းက ဘယ်သူကမှ နင်နဲ့မယှဥ်နိုင်ဘူး”

All Chapters