← Chapters

နယ်မြေနှစ်ခုကြား တိုက်ပွဲ ၂

Vol. 37 Ch. 550

နယ်မြေနှစ်ခုကြား တိုက်ပွဲ ၂

Vol. 37 Ch. 550

စက္ကန့်အနည်းငယ်မျှသာကြာခဲ့သည်။

ကျယ်ပြောလှသော စစ်မြေပြင်တွင်၊ မြင့်မြတ်သူအဆင့်အထက် ကျွမ်းကျင်သူများသာ ကမ္ဘာမြေဘက်တွင် ကျန်ရှိနေခဲ့ကာ၊ ပတ်၀န်းကျင်တွင် ပြန့်ကျဲနေသော နျူလက်နက်များကို အသုံးပြုနိုင်သည့် စက်များနှင့်အတူ ရှိနေသည်။ စစ်မြေပြင်အလယ်ရှိ မိုင်ဆယ်ချီဝေးသော အကွာအဝေးတွင် မိုးမျှော်တိုက်ကြီးတစ်ခု တည်ရှိနေ၏။

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် မိုးမျှော်တိုက်၏ ခေါင်မိုးပေါ်ရှိ ရေမျှော်စင်ပေါ်တွင် ရပ်ကာ မိုင်ဆယ်နှင့်ချီဝေးသော စစ်မြေပြင်အခြေအနေအား စောင့်ကြည့်နေကြသည်။ ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူများ ဝင်လာသည့် စစ်မြေပြင်က အလွန်အန္တရာယ်များသည်။

အပြန်အလှန်အားဖြင့်၊ အချိန်တိုအတွင်း ဂြိုလ်သားအလောင်းများစွာ ရရှိလာနိုင်မည့်အခွင့်အလမ်းလည်း များသည်။ ရှေးဘိုးဘေးအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သော လင်းဇီချန်သည် ဤအခွင့်အရေးကို လက်မလွှတ်နိုင်ပေ။ သူသည် ရှန်ချင်းဟန်နှင့်အတူ ဤမိုးမျှော်တိုက်တွင် မတ်တပ်ရပ်ကာ စစ်မြေပြင်ကို အဝေးမှကြည့်၍ အခွင့်ကောင်းယူရန် အခွင့်အလမ်းများကို ရှာဖွေခဲ့သည်။

“ဇီချန် စစ်တပ်က နျူကလီယား တိုက်ခိုက်မှုကို လုပ်တော့မယ်။ ငါတို့ ဒီနေရာက ထွက်သွားသင့်လား”

ရှန်ချင်းဟန်သည် နျူကလီးယားလက်နက်များ၏ စွမ်းအားကို သိရှိ၍ သူမနှင့် လင်းဇီချန်တို့ပါ ပေါက်ကွဲမှုကြောင့် ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် အနည်းငယ် ထိတ်လန့်စွာ ပြောခဲ့သည်။ "ငါတို့နှစ်ယောက်လုံးက ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူတွေ ဖြစ်နေပြီလေ။ ငါတို့ နျူကလီးယား ပေါက်ကွဲမှုရဲ့ အလယ်မှာ ရှိနေရင်တောင်မှ အန္တရာယ်ကင်းမှာမို့ ဘေးလွတ်ရာကို ပြေးစရာ မလိုဘူး"

"အင်းနော်..."

ရှန်ချင်းဟန်၏ အသံသည် မသက်မသာ အရိပ်အမြွက်ပြနေသေးသည်။ လူတစ်ဦးက မြင့်မြတ်သူအဆင့်သို့

ရောက်သည်နှင့်တစ်ပြိုင်နက် နျူကလီးယားပေါက်ကွဲမှုကို ခံနိုင်ရည်ရှိကြောင်း ပြဋ္ဌာန်းစာအုပ်များတွင် ဖော်ပြထားသည်။ သို့သော် သူမ အနည်းငယ်ကြောက်ရွံ့မိနေသေးသည်။ နောက်ဆုံးတွင်မူ နျူကလီးယားလက်နက်ပေါက်ကွဲခြင်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းနေသေးသည်ဖြစ်ကာ အသွေးအသားနှင့်ဖွဲ့စည်းထားသည့် ခန္ဓာကိုယ်က တောင့်ခံနိုင်သည့်ပုံမပေါ်သေးပေ။

"ဗွတ်...ဗွတ်...ဗွတ်”

ရှေ့ကောင်းကင်ယံ၌ စူးစူးရှရှ အသံများ ဆက်တိုက်ဆိုသကဲသို့ထွက်လာ၍ အသံ၏ ဦးတည်ရာသို့ကြည့်လိုက်သောအခါ လင်းဇီချန်သည် စစက်ရုပ်လူသားများက မိုးမျှော်တိုက်ဆီဿို့ အပြင်းအထန် ပျံသန်းလာသည်ကိုမြင်လိုက်ကြရသည်။ ၎င်းတို့သည် စစ်မြေပြင်အလယ်မှ ဆုတ်ခွာလာသော စက်ရုပ်လူသားအချို့ဖြစ်ကာ အများစုမှာ သွေးမျိုးစပ် တစ်ဦးသို့မဟုတ် ထို့ထက်ပိုသော ပမာဏကို သယ်ယူလာကြသည်။

ကောင်းကင်မျက်လုံး၏ အစွမ်းသတ္တိအောက်တွင် လင်းဇီချန်သည် ဤစက်ရုပ်လူသားအုပ်စုများကြား၌ ရင်းနှီးသော မျက်နှာများစွာကို သတိပြုမိခဲ့သည်။

စက်ရုပ်လူသား ပါရမီရှင်မိန်းကလေး လုချင်းယွီ

အထူးစစ်ရေးလေ့ကျင့်မှုအတွင်း သူကြုံတွေ့ခဲ့ရသော ပါရမီရှင် အမျိုးသမီး ကျူးခိုင်ဇီ

ကျူးခိုင်ဇီသည် အငယ်တန်းအဆင့် သိုင်းပညာအဖွဲ့တွင် ပါဝင်ခဲ့စဉ်က သူတွေ့ဆုံခဲ့ဖူးသော စီနီယာတစ်ဦးဖြစ်သည်။ ၎င်းတို့သုံးဦးသည် စက်နတ်ဘုရားအစည်းအရုံး၏ အဖွဲ့ဝင်များဖြစ်ကြသည်။

အနားသို့ နည်းကပ်လာသည်နှင့် မကြာမီတွင် ၎င်းတို့သုံးဦးသည် မိုးမျှော်တိုက်ပေါ်ရှိ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့့ကို အမြန်သတိထားမိခဲ့ကြသည်။ ၎င်းတို့အနက်မှ လုချင်းယွီနှင့် ကျန်းခိုင်တို့သည် အရှိန်လျှော့ကာ နှစ်ယောက်ရှေ့သို့ ဆင်းသက်လာသည်။

"နင်တို့နှစ်ယောက် ဒီမှာ ဘာလုပ်နေတာလဲ"

ကျန်းခိုင်က ပြောပြီးသည်နှင့် တုံ့ပြန်မှုကို မစောင့်ဘဲပြောလိုက်သည်။

“စစ်မြေပြင်က နယ်မြေရှင်းလင်းဖို့ နျူကလီးယားလက်နက်တွေ ချထားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မင်းတို့နှစ်ယောက် မြန်မြန်ထွက်သွားပြီး ဒီနားတဝိုက်မှာလူစုမနေနဲ့တော့”

သူစကားပြောပြီးသည်နှင့် လုချင်းယွီကလည်းပြောလိုက်သည်။

"မင်းတို့နှစ်ယောက်ကို ဒီနေရာကနေ ခေါ်ထုတ်ပါရစေ။ ငါ့ရဲ့ တန်ပြန်စီးဆင်းမှု တွန်းကန်အားက နောက်ဆုံးမော်ဒယ်မို့ သခင်အဆင့်အလယ်အလတ်တိုက်ခိုက်ရေးသမားတွေနဲ့ယှဥ်နိုင်တယ်”

"ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုအပ်ပါဘူး။ ငါတို့နှစ်ယောက်လုံးဟာ ဒဏ္ဍာရီအဆင့်အထိ ရောက်နေပြီမို့ နျူကလီးယားပေါက်ကွဲမှုကို ခံနိုင်ရည်ရှိကြပါတယ်"

ဘာကြီး

ဒဏ္ဍာရီအဆင့်ဟုတ်လား။

ကျန်းခိုင်နှင့် လျို့ချင်းယွီတို့သည် သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားကြသည်။ မူလမြေကို ဘယ်သောအခါမျှ သွားခွင့်မရခဲ့ကြသဖြင့် ထိုနေရာတွင် ဖြစ်ပျက်နေသည်များကို ၎င်းတို့မသိနိုင်ခဲ့ပေ။ ထို့ကြောင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ ဒဏ္ဍဦရီအဆင့်သို့ ရောက်နေကြသည်ကိုလည်း မသိခဲ့ကြပေ။

“ဇီချန် မင်းနောက်နေတာလား”

မယုံကြည်သေးသော ကျန်းခိုင်က ဆက်ပြောသည်။

"မင်း ဒီနှစ် အသက်ဘယ်လောက်… နှစ်ဆယ်ဝန်းကျင်ပဲ ရှိသေးတာ။ မင်း မြင့်မြတ်သူအအဆင့်တောင် ဘယ်လိုလုပ်ရောက်နိုင်ဦးမှာလဲ”

အသိမိတ်ဆွေတစ်ဦး၏ သံသယများဖြင့် ရင်ဆိုင်နေရသော လင်းဇီချန်က စကားကုန်မခံနေတော့ဘဲ ရိုးရှင်းစွာပြင် ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကြီးမားသော ဖိအားကို ပြသခဲ့သည်။

ပြင်းထန်သော ဖိအားများ ပျံ့နှံ့သွားသည်နှင့် ကျန်းခိုင်နှင့် လုချင်းယွီတို့သည် မြေပြင်ပေါ်သို့ ချက်ချင်း လဲကျလျက် ၎င်းတို့၏ စိတ်ထဲတွင် အဆင့်မြင့်သော ကျွမ်းကျင်သူများကို ကြောက်စိတ်များဖြစ်ပေါ်လာသည်။

သူက တကယ့်ကို ဒဏ္ဍာရီအဆင့်ပဲ။

လင်းဇီချန်က ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူအဖြစ် တကယ်ပြောင်းသွားပြီ။

ဘာတွေဖြစ်နေတာလဲ

သူ ဘယ်လို စီမံလိုက်တာလဲ

လင်းဇီချန်က ထုတ်လွှတ်လိုက်သော ဖိအား၏ ပြင်းထန်မှုကို ခံစားသိရှိပြီးနောက် ကျန်းခိုင်နှင့် လုချင်းယွီတို့ ထိတ်လန့်တုန်လှုပ်သွားကာ ၎င်းတို့ရှေ့တွင် ဖြစ်ပျက်နေသော အရာကို နားမလည်နိုင်လောက်အောင် စိတ်များ ကမောက်ကမဖြစ်ကုန်ကြသည်။ ၎င်းတို့၏ နားလည်မှုအရ သခင်အဆင့်တိုက်ခိုက်သူများသည်ပင် ထူးခြားသူများဖြစ်နေကြပြီဖြစ်သည်။ မြင့်မြတ်သူအဆင့် ကျွမ်းကျင်သူများသည် ကမ္ဘာတစ်ဝှမ်းလုံးကို ကဲ့ရဲ့ရှုတ်ချနိုင်သော သြဇာကြီးသော သခင်များဖြစ်သည်။

ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူများအနေနှင့် ၎င်းတို့သည် နိုင်ငံတစ်ခု၏ စစ်မှန်သော အုပ်စိုးရှင်များဖြစ်ကြပြီး၊ နှစ်ပေါင်းရာနှင့်ချီ၍ ထောင်နှင့်ချီသော သို့မဟုတ် နှစ်ထောင်သောင်းအထိ နေထိုင်ခဲ့ကြသော သက်ရှိရုပ်ကြွင်းများဖြစ်သည်။ သူတို့ရှေ့မှ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အသက်နှစ်ဆယ်ခန့်သာရှိသေးကာ ဒဏ္ဍာရီအဆင့်တိုက်ခိုက်ရေးသမားများအဖြစ်သို့ မည်သို့ပြောင်းလဲသွားနိုင်ကြမည်နည်း။

ဤသည်က လုံးလုံးလျားလျား လက်တွေ့မကျပေ။

၎င်းတို့ ကြောင်တောင်တောင်ဖြစ်နေကြသေးသည်ကိုမြင်လိုက်ရသောအခါ လင်းဇီချန်က ပြောလိုက်၏။

"နျူကလီးယားပေါက်ကွဲမှု စတင်နေပြီ၊ မင်း အခုထွက်သွားသင့်ပြီ၊ ငါတို့အတွက် စိတ်မပူပါနဲ့"

သူ့စကားကိုကြားသောအခါ နှစ်ယောက်သား ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ဒါဆို ငါတို့ သွားတော့မယ် သတိထား"

ထိုသို့ပြော၍ လုချင်းယွီက ချက်ချင်း လေထဲသို့ ခုန်တက်သွားကာ တန်ပြန်စီးဆင်းမှု တွန်းကန်အား ကိရိယာ၏ နောက်ဆုံးထုတ် တွန်းအားပေးမှုအောက်တွင် သူမ၏ ခန္ဓာကိုယ်သည် အဝေးသို့တိုးဝင်ပျောက်ကွယ်သွားသည်။ ဤသည်ကိုမြင်သောအခါ ကျန်းခိုင်က တုံ့ဆိုင်းမနေပေ။

သူသည် သူ၏တွန်းကန်အားကိုဖွင့်၍ ပျံသန်းခြင်းမပြုမီ လင်းဇီချန်နှင့် ရှန်ချင်းဟန်အား ခေတ္တနှုတ်ဆက်ခဲ့သည်။

၎င်းတို့နှစ်ဦး ထွက်သွားပြီး မကြာခင်၌ စစ်မြေပြင်၏ အလယ်တွင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုက ကမ္ဘာမြေကို တုန်လှုပ်သွားစေခဲ့သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အသံဆီသို့ ချက်ခြင်းကြည့်လိုက်ကြကာ ကောင်းကင်တစ်ခုလုံးကို ပျံ့နှံ့သွားသော ဧရာမမှိုတိမ်တိုက်ကြီးတစ်ခုဖြစ်ပေါ်လာသည်ကိုမြင်လိုက်ကြရသည်။ နျူကလီးယားပေါက်ကွဲမှု၏ စွမ်းအားနှင့်ပတ်သက်၍ ၎င်းတို့ မှတ်ချက်မပေးခင် နောက်ထပ်တစ်စက္ကန့်တွင် အလားတူ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

စစ်မြေပြင်၏ အလယ်ဗဟိုသည် ကောင်းကင်ယံကို ပိတ်ဆို့ကာ ဒါဇင်နှင့်ချီသော မှိုတိမ်တိုက်များ ထွက်ပေါ်လာသည်ကို ချက်ချင်းတွေ့လိုက်ရသည်။

******

All Chapters