သွေးမျိုးစပ်ခြင်း၏ ထူးခြားချက်
Vol. 37 Ch. 552
စစ်မြေပြင်ကို ချောက်နက်နဲ့ချိတ်ဆက်ဖို့လား
ဘာကိုဆိုလိုတာလဲ
ချောက်နက်က ကမ္ဘာမဟုတ်ဘူးလား။
ရေနတ်ဘုရား၏ စကားလုံးများက လင်းဇီချန်၏ ယခင်က အမြင်များကို ပြောင်းပြန်လှန်ပစ်စလိုက်သည်။ လင်းဇီချန်သည် ကမ္ဘာမြေနှင့် ချောက်ကြီးသည် အတူတူပင်ဖြစ်သည်ဟု ယခင်က ခန့်မှန်းခဲ့ဖူးသည်။ သို့သော် ရေနတ်ဘုရားက ယခု ပြောနေသော စကားအရ ကမ္ဘာမြေနှင့် ချောက်နက်သည် မတူညီသော နေရာနှစ်ခုဖြစ်သည်။
ဤသည်ကိုတွေး၍ လင်းဇီချန်က ရေနတ်ဘုရားကိုမေးလိုက်သည်။
“ကမ္ဘာမြေနဲ့ တွင်းနက်ကြားက ဆက်စပ်မှုက ဘာလဲ”
"ထပ်နေတဲ့ ဆက်နွယ်မှု"
ရေနတ်ဘုရားက အေးစက်သောအသံဖြင့်ဖြေလိုက်သည်။
“ကမ္ဘာမြေနှင့် ချောက်ကြီးနှစ်ခုသည် အရမ်းရှားပါးတဲ့အခြေအနေမျိုးတွေမှာ ဆက်သွယ်ပြောဆိုနိုင်တဲ့အခါကလွဲပြီး အခြေခံအရ တစ်ခုနဲ့တစ်ခု မထိခိုက်နိုင်တဲ့ လုံးဝ ထပ်နေတဲ့နေရာတွေပဲ”
“လိပ်ပြာတစ်ကေောင်နဲ့ဆင်တူတဲ့ ချောက်နက်ကြီးထဲမှာ ပျက်ပြယ်နေတဲ့ သတ္တဝါမျိုး ရှိတယ်၊ အိပ်မက်တွေကနေတဆင့် တခြားနေရာတွေကို ဝင်လာနိုင်တယ်၊ အဲ့အတွက် နယ်မြေနှစ်ခုကြား ချိတ်ဆက်မှုကို ဖန်တီးပေးတယ်”
"ကဲ၊ အခု မင်း အိပ်ဖို့ပဲလိုတယ်။ အိပ်မက်ထဲမှာ အဲ့လို လိပ်ပြာမျိုး ရှာကြည့်။ အဲ့တာက ကမ္ဘာနဲ့ ချောက်နက်နဲ့ကို ချိတ်ဆက်ပေးနိုင်တယ်’”
"..."
"မင်းပြောနေတဲ့ လိပ်ပြာအမျိုးအစားက ကြက်သွေးရောင်ခန္ဓာကိုယ်ရှိပြီး အလင်းစက်လေးတွေ ထုတ်ပေးနိုင်တဲ့ မူလစွမ်းအားရှိတဲ့ လိပ်ပြာလား”
ရေနတ်ဘုရား၏ဖော်ပြချက်ကိုကြားပြီးနောက်၊ ရေနတ်ဘုရားမှဖော်ပြသောလိပ်ပြာသည် ချောက်နက်လိပ်ပြာဖြစ်သည်ဟု သူခံစားခဲ့ရသည်။
"ဟုတ်တယ်၊ ငါခုနကပြောခဲ့တဲ့လိပ်ပြာက မင်းပြောတဲ့ ကြက်သွေးရောင်မျက်နှာပြင်ရှိတဲ့ ဧရာမလိပ်ပြာပဲ"
"ဒီလိပ်ပြာကြီးက ချောက်နက်ထဲမှာ သေသွားတဲ့ ဂြိုလ်သားတွေဆီက ကျန်ခဲ့တဲ့ အသက်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရမ်းထူးခြားတဲ့အရာတစ်ခုပဲ”
“တိတိကျကျကပြောရရင် သက်ရှိသတ္တဝါလို့သဘောထားလို့မရဘူး”
"..."
ထို့ကြောင့် ချောက်နက်ဧရာမလိပ်ပြာသည် သတ္တဝါမဟုတ်ဘဲ အထူးစွမ်းအင်အစုအဝေးမျှသာဖြစ်သည်။ ၎င်းတို့တွင် အသက်စွမ်းအင် ခံစားမှုမရှိသည်မှာ အံ့သြဖွယ်မဟုတ်တော့ပေ။
ထို့ကြောင့် လင်းဇီချန်က နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
"ငါ့မှာ နောက်ထပ်မေးခွန်းတစ်ခုရှိတယ်။ တွင်းနက်ရဲ့သားလို့ ခေါ်တဲ့တည်ရှိမှုအတိအကျကဘာလဲ၊ ငါကဘာလို့ တွင်းနက်ကြီးရဲ့သားဖြစ်ရတာလဲ"
“အတိအကျပြောရရင် မင်းက တွင်းနက်ကြီးရဲ့သားမဟုတ်ဘူး။။ တွင်းနက်ကြီးထဲက လိပ်ပြာတွေလို စွမ်းအင်ထုထည်တစ်ခုပဲ”
"တစ်ခုတည်းသော ခြားနားချက်က ချောက်နက်ကြီးရဲ့သားက သူ့ ကိုယ်ပိုင်လက္ခဏာတွေနဲ့ ကိုက်ညီတဲ့စွမ်းအင်ကို အဆက်မပြတ်ဝါးမြိုနေတဲ့ ထူးခြားတဲ့ စွမ်းအင်ဒြပ်ထုတစ်ခုပဲ”
"မင်းက ချောက်နက်ကြီးရဲ့သားရဲ့ လက္ခဏာတချို့ပဲရှိတယ်”
"..."
ထိုစကားကိုကြားပြီးနောက် လင်းဇီချန်သည် ပို၍ပင် စိတ်ရှုပ်လာသည်။
ငါ့မှာ ချောက်နက်ကြီးရဲ့သားရဲ့ လက္ခဏာတချို့ရှိတာလား
ဘာကိုဆိုလိုတာလဲ။
ထို့နောက် သူကိုယ်တိုင် မှန်းဆလိုစိတ်မရှိသဖြင့် ရေနတ်ဘုရားကိုတိုက်ရိုက်မေးရန် ဆုံဂဖြတ်လိုက်သည်။
"ဘာလို့ တွင်းနက်ကြီးရဲ့သားတော်ရဲ့ လက္ခဏာအချို့ကို ငါပိုင်ဆိုင်ရတာလဲ။"
"မင်းမိဘတွေက တွင်းနက်ကြီးရဲ့သားနဲ့ ပေါင်းထားပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်က အားနည်းပြီး တွင်းနက်ကြီးရဲ့သားကို မစုပ်ယူနိုင်လို့”
"သူတို့ရဲ့ ပေါင်းစည်းမှုကနေ မွေးဖွားလာတဲ့ မင်းဟာ တွင်းနက်ကြီးရဲ့သားတော်နဲ့ ပေါင်းစပ်နိုင်တာကြောင့် မင်းဟာ တွင်းနက်ကြီးရဲ့ သွင်ပြင်လက္ခဏာတွေ ရှိနေတယ်။"
လင်းဇီချန်သည် ၎င်းကိုကြားပြီးနောက် ထပ်မံမေးမြန်းခြင်းမှ တားဆီးရန်အတွက် ရေနတ်ဘုရားမှ အခြားအချက်များအား တက်ကြွစွာ ရှင်းပြခဲ့သည်။
"ချောက်နက်ကြီးရဲ့သားက ချောက်နက်ကနေ ငါယူလာတာပဲ။ မင်းမိဘတွေက ငါ့ကြောင့် ချောက်နက်ကြီးရဲ့သားနဲ့ ပေါင်းစည်းနိုင်ခဲ့တာ”
"ငါ့ကို သစ်သားနတ်ဘုရားက လိုက်ဖမ်းပြီး ချောက်နက်ကြီးထဲကို ပြေးဖို့ အတင်းအကြပ် တိုက်ခိုက်ခဲ့တုန်းက ချောက်နက်ကြီးရဲ့သားနဲ့တွေ့ခဲ့ပြီး ရုတ်တရက် ကမ္ဘာမြေဆီပြန်ရောက်လာခဲ့တယ်”
"ကမ္ဘာမြေကိုဝင်ရောက်ပြီးတော့ ချောက်နက်ကြီးရဲ့ သားက မတည်မငြိမ်ဖြစ်နေတာကြောင့် မင်းမိဘတွေရဲ့ အသိစိတ်ပင်လယ်ထဲမှာ ထိန်းထားဖို့ စီစဥ်ခဲ့တယ်"
"ပြီးတော့ ငါကိုယ်တိုင်ကတော့ တော်တော်ထူးခြားတဲ့ ရေဓာတ်တွေရှိတဲ့ အမျိုးသမီးရဲ့ အသိစိတ်ပင်လယ်ထဲကို ဝင်ပြီး အိပ်နေခဲ့တယ်"
"ဒီအမျိုးသမီးက မင်းရဲ့ငယ်ချစ်ဦး ရှန်ချင်းဟန်ရဲ့ အမေ ရွှီမုန့်ပဲ”
"ငါနားနေတုန်း ငါထုတ်လွှတ်လိုက်တဲ့ စွမ်းအင်တွေက ရွှီမုန့်ကို အဆက်မပြတ် အာဟာရဖြည့်ပေးတယ်၊ မင်းရဲ့ ငယ်ချစ်ဦးကို ကိုယ်ဝန်ဆောင်ထားရတော့ အဲ့စွမ်းအင်တွေကို စုပ်ယူပြီး ထူးထူးခြားခြား ရေဓာတ်ဂုဏ်သတ္တိတွေနဲ့ မွေးဖွားလာခဲ့တာအသေအချာပဲ"
"နောက်တော့ မင်းရဲ့ ငယ်ချစ်ဦးမွေးဖွားတော့မယ့် နေ့မှာ ငါနိုးထလာမဲ့ နေ့ကို စောင့်နေဖို့ သူ့ အသိစိတ်ပင်လယ်ထဲကို ငါပြောင်းခဲ့တယ်"
ဤအချက်ကို ရှင်းပြပြီးနောက်၊ ရေနတ်ဘုရားသည် အခြားအရာများကို ရှင်းပြရန် အမြန်ပြောခဲ့သည်။
“ကမ္ဘာမြေကိုဝင်ချင်တဲ့ မူလမြေက သက်ရှိတွေက ကမ္ဘာမြေနဲ့ထပ်နေတဲ့ ချောက်ထဲကို ဖြတ်သန်းရမယ်”
"ပြီးတော့ ချောက်နက် မူလအင်အားကို အသက်စွမ်းအင်အဖြစ်သုံးချင်တဲ့ မူလမြေက သက်ရှိတွေအတွက် ဒါဟာ ကြောက်စရာကောင်းတဲ့ အသက်ကင်းမဲ့နယ်မြေတစ်ခုပဲ။ သူတို့ အထဲကိုရောက်သွားတာနဲ့ သူတို့ရဲ့ မူလအင်အားစုကို အဆက်မပြတ် ဝါးမြိုသွားလိမ့်မယ်”
"ငါနဲ့တူတဲ့ သန်မာတဲ့ သတ္တဝါတွေတောင်မှ တွင်းနက်ကြီးရဲ့ လောင်မြိုက်တဲ့ စွမ်းအားကို မခံနိုင်ဘူး”
“ငါ ချောက်ထဲကို အောင်မြင်စွာ ဖြတ်ကျော်ပြီး ကမ္ဘာမြေကို ဝင်ရောက်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းအရင်းကတော့ ဒြပ်စင်အဖြစ်ပြောင်းလဲနိုင်တဲ့ ငါ့အရည်အချင်းကြောင့်ပဲ”
"ဒြပ်မဲ့အခြေအနေတစ်ခုမှာ တွင်းနက်ကြီးက ငါ့မူလစွမ်းအင်ကို ဝါးမြိုတဲ့အရှိန်ကို အများကြီး လျှော့ချနိုင်တယ်”
“အဲ့တုန်းက ကမ္ဘာမြေထဲကို ခိုးဝင်ပြီး ရှင်သန်ခဲ့တာ”
“အဲ့တုန်းက တွင်းနက်ကြီးကို မကျော်ဖြတ်နိုင်ခဲ့တဲ့ သစ်သားနတ်ဘုရားက နှစ်ပေါင်းများစွာ လုံ့လဝီရိယရှိရှိ သုတေသနပြုပြီး ကမ္ဘာမြေကြီးကို အန္တရာယ်မရှိဘဲ ချောက်ထဲကို ဝင်ရောက်ဖို့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်—ဆိုလိုတာက ဝင်ပေါက်တစ်ခုကိုလုပ်ပြီးတော့ပေါ့”
ထိုနေရာ၌ ခေတ္တရပ်၍ ရေနတ်ဘုရားကဆက်ပြောသည်။
"ကမ္ဘာမြေက တွင်းနက်ကြီးနဲ့ထပ်နေတာကြောင့် မူလစွမ်းအားကို အသက်စွမ်းအင်အဖြစ်သုံးတဲ့ သက်ရှိတွေကို နှိမ်နင်းတာလိုမျိုး ချောက်နက်ကြီးရဲ့ လက္ခဏာတချို့ကိုလည်း မင်းအပိုင်ရထားတယ်”
"ကွာခြားချက်က ကမ္ဘာက ချောက်နက်လိုမျိုး မူလစွမ်းအင်ကို ဝါးမြိုနိုင်တာမျိုးမရှိဘူး။ အဲ့တာက မူလစွမ်းအားကို ဖိနှိပ်ပြီး သက်ရှိတစ်ယောက်ရဲ့ အတွင်းမူလစွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကိုယ်ခန္ဓာလုပ်ဆောင်ချက်တွေမှာ မပါနိုင်အောင် တားဆီးထားတယ်”
"ဒါက ကမ္ဘာမြေပေါ်က အဓိကစွမ်းအားရဲ့ ဖိနှိပ်မှုလို့ မင်း မကြာခဏ ပြောနေတဲ့အရာပဲ"
"ငါ ကမ္ဘာမြေကို စတင်ဝင်ရောက်တုန်းက အဓိကစွမ်းအားက အရမ်းအားကောင်းလို့ ငါ့ သွေးမျိုးဆက်စွမ်းအားအဆင့်ကို ဒဏ္ဍဦရီအဆင့်ထိ ဖိနှိပ်ထားတယ်”
"ဒါပေမယ့် နှစ်ပေါင်းများစွာ အားနည်းလာပြီးတော့ ကမ္ဘာမြေရဲ့ အဓိကစွမ်းအားက အခု အားနည်းသွားတယ်။ ဒါ့ကြောင့် လက်တွေ့မှာ မရှိနိုင်တော့ဘူး”
"မဟုတ်ဘူး၊ ပိုတိတိကျကျပြောရရင် အဓိကစွမ်းအား ပျောက်ကွယ်သွားလို့ မူလမြေပေါ်ကနေ သက်ရှိသတ္တဝါတွေကို ဖိနှိပ်မထားနိုင်တော့ဘူး”
******