← Chapters

သွေးမျိုးစပ်ခြင်း၏ ထူးခြားချက် ၂

Vol. 37 Ch. 553

သွေးမျိုးစပ်ခြင်း၏ ထူးခြားချက် ၂

Vol. 37 Ch. 553

"အကြောင်းရင်းကတော့ ကမ္ဘာမြေပေါ်က မူလစွမ်းအားရဲ့ ဒြပ်စင်တွေက ပိုမိုများလာတော့ ကမ္ဘာမြေပတ်ဝန်းကျင်မှာ အောင်အောင်မြင်မြင်ပေါင်းစပ်ပြီး ကမ္ဘာမြေရဲ့အစိတ်အပိုင်းဖြစ်လာတာကြောင့်ပဲ”

“ပြီးတော့ မူလစွမ်းအင်ရဲ့ ဒြပ်စင်တွေ ပိုများလာရတဲ့ အကြောင်းအရင်းက ကမ္ဘာမြေပေါ်က ဂြိုလ်သားမျိုးနွယ်တွေရဲ့ အသက်စွမ်းအင် တိုးလာလို့ပဲ”

ရေနတ်ဘုရားက လင်းဇီချန်ကိုကြည့်ရင်းဖြင့် အရည်လဲ့နေသည့် မျက်လုံးများက တောက်ပနေသည်။

"ဂြိုလ်သားမျိုးနွယ်တွေရဲ့ အသက်စွမ်းအင်တိုးလာတာ မင်းဘာသာမင်း အဖြေရှာနိုင်မယ်လို့ ငါယုံကြည်တယ်”

ဤသည်ကိုကြားသောအခါ လင်းဇီချန်က မျက်မှောင်ကြုတ်၍ အနည်းငယ်မသေချာမရေရာစွာဖြင့် ပြောလိုက်သည်။

“သွေးမျိုးစပ်တွေလား”

“အင်း အတိအကျပြောရရင် မျိုးရိုးပေါင်းစပ်သူတွေ”

“သွေးမျိုးစပ်ခြင်းဆိုတာ သစ်သားနတ်ဘုရားဆီက ဖြစ်တည်လာတဲ့ ကြီးမားတဲ့အကြံတစ်ခုပဲ”

“ပုံမှန်အားဖြင့် မူလအင်အားက ကမ္ဘာပေါ်မှာ မတည်ရှိနိုင်ဘူး။ အဲ့တာကို ကမ္ဘာမြေရဲ့ အဓိကစွမ်းအားက ဖိနှိပ်ထားတယ်။ မူလမြေက ကမ္ဘာမြေနဲ့ ခြားနားတာကြောင့် ကမ္ဘာမြေကို ငြင်းပယ်တဲ့ တုံ့ပြန်မှုကို ဖြစ်စေနိုင်တယ်လို့ နားလည်လို့ရတယ်”

“ကမ္ဘာမြေပေါ်က မူလစွမ်းအား ဒြပ်စင်တွေပိုများလေလေ ကမ္ဘာမြေကြီးရဲ့ မူလစွမ်းအားကို ဖြိုခွင်းနိုင်စွမ်း အားနည်းလာလေလေပဲဆိုတာကိုလည်း တွေ့ရှိခဲ့တယ်”

“ကမ္ဘာမြေပေါ်က မူလစွမ်းအား အစိတ်အပိုင်းတွေ ပိုများလာတာနဲ့အမျှ ကမ္ဘာမြေကြီးက မူလစွမ်းအားကို ပြင်ပအရာအဖြစ် ဆက်ဆံတာ တဖြည်းဖြည်းချင်းရပ်တန့်သွားပုံရတယ်”

“အဲ့နေ့က စပြီးတော့ သွေးမျိုးစပ်မှုကို မြှင့်တင်ဖို့ သစ္စာဖောက်တွေနဲ့အတူ သစ်သားနတ်ဘုရားက ပူးပေါင်းခဲ့တယ်”

"..."

ရေနတ်ဘုရားထံမှ ဤရှင်းလင်းချက်ကို ကြားပြီးနောက် လင်းဇီချန်သည် သူ့စိတ်ထဲတွင် ကာလရှည်ကြာစွာ ရှိခဲ့သော သံသယများစွာကို ဖြေရှင်းခဲ့သည်။ ပထမ၊ မူလမြေမှ သတ္တဝါများသည် ကမ္ဘာမြေကို ကျူးကျော်ရန် လိုလားရခြင်းမှာ ရေနတ်ဘုရားသည် ရွှေ၊ မီး၊ မြေကြီး ဇစ်မြစ်များနှင့်အတူ ကမ္ဘာမြေသို့ လွတ်မြောက်ခဲ့ပြီး၊ သစ်သားနတ်ဘုရားကမူ ဒြပ်ငါးပါး ပေါင်းစည်းရေးအတွက် ကမ္ဘာမြေကို ကျူးကျော်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဒုတိယ၊ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်ရန် သစ်သားနတ်ဘုရားသည် သွေးမျိုးဆက်စွမ်းအား လမ်းကြောင်းတစ်ခုကို နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သည်။ တတိယ၊ သွေးမျိုးဆက်စွမ်းအားလမ်းကြောင့်မှတစ်ဆင့် ကမ္ဘာမြေပေါ်သို့ ရောက်ရှိပြီးနောက်၊ သစ်သားနတ်ဘုရားသည် ကမ္ဘာမြေ၏ အကာအကွယ်စွမ်းအားက အလွန်ပြင်းထန်ကြောင်း တွေ့ရှိခဲ့သည်။ ဤဖိနှိပ်မှုကို လျော့ပါးစေရန် သူသည် သွေးမျိုးစပ်ခြင်း( မျိုးဗီဇပေါင်းစပ်ခြင်း) ကို စတင်တီထွင်ခဲ့သည်။

ယခု သစ်သားနတ်ဘုရာက နှစ်ပေါင်းများစွာကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားရသည်။ အခွင့်အလမ်း သေချာလာသည်ကိုမြင်သည်နှင့် သူသည် ကမ္ဘာမြေကို ကျူးကျော်ရန် အခြား ဒြပ်စင်လေးမျိုးကို ရယူကာ ဒြပ်စင်ငါးမျိုးပေါင်းစည်းနိုင်ရန် အင်အားများ စတင်စုဆောင်းခဲ့သည်။

လင်းဇီချန်က ဤအရာများကိုတွေးတောနေချိန် ရေနတ်ဘုရားက တည်ငြိမ်စွာ ပြန်ပြောခဲ့သည်။

"မင်းမှာ တခြားသံသယတွေ ရှိကောင်းရှိနိုင်တယ်။"

"ဒါပေမယ့် အခုအချိန်မှာ ငါတို့မှာ အကန့်အသတ်ရှိတဲ့ အချိန်ဆိုတော့ မင်း အိပ်မက်နယ်ပယ်ထဲကို မြန်မြန်ဝင်ဖို့၊ ဒီလိုလိပ်ပြာမျိုးကို ရှာတွေ့ပြီး ဒီတိုက်ပွဲမြေပြင်ကို ချောက်နက်နဲ့ ချိတ်ဆက်နိုင်အောင် ကူညီပေးဖို့ လိုတယ်"

"ချောက်နက်နဲ့ ချိတ်ဆက်ပြီးတာနဲ့ ကမ္ဘာမြေပေါ်က အဓိကစစွမ်းအားက မကြာခင်မှာ ပိုအားကောင်းလာပြီး မူလမြေက သက်ရှိတွေကို ပြီးပြီးတော့ နှိမ်နင်းနိုင်လိမ့်မယ်”

"မင်းရဲ့ တခြားသံသယတွေကို ငါက နောက်မှ ဖြေရှင်းပေးလို့ရတယ်။"

"..."

ရေနတ်ဘုရားရဲ့ တိုက်တွန်းချက်ကို နားထောင်ရင်းဖြင့် လင်းဇီချန်က အိပ်မက်နယ်ပယ်ထဲသို့ ချက်ချင်းမဝင်ခဲ့ပေ။ ရေနတ်ဘုရားဟုခေါ်သောသူ၏ စကားများက မည်မျှ သစ္စာရှိသည်ကို မသေချာပေ။

သစ်သားနတ်ဘုရား၏ စကားအရ ရေနတ်ဘုရားသည် ကောက်ကျစ်၍ လှည့်စားတတ်သူဖြစ်သည်။

ရေနတ်ဘုရရားက မကောင်းသော ရည်ရွယ်ချက် ရှိ၊ မရှိ သို့မဟုတ် သူနှင့် ဆန့်ကျင်ဘက်တွင်ရပ်တည်နေမည်ကို သူမသိပေ။ အသင့်တော်ဆုံးသော ရှင်သန်ခြင်း၏ ဤကမ္ဘာတွင်၊ ပိုမိုကောင်းမွန်သော ရှင်သန်မှုအတွက် အရာအားလုံးကို အပိုသတိထားရန် အရေးကြီးသည်။

ဘမ်း

ရုတ်တရက် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

စစ်မြေပြင်၏ အလယ်ဗဟိုသည် အလွန်တောက်ပသော မီးလုံးကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားကာ ရှန်ဟိုင်းမြို့တစ်ခုလုံးနှင့် နန်ကျန်းပြည်နယ်တစ်ခုလုံးကိုပင် လင်းထိန်သွားစေခဲ့သည်။ လင်းဇီချန်က အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ ပေါက်ကွဲမှုကြောင့် ချီချင်းမော့နှင့် အခြားသူများ အပြင်းအထန် ဒဏ်ရာရရှိသွားသည်ကို မြင်လိုက်ရ၍ ဝရုန်းသုန်းကားဖြစ်ကာ ကမ္ဘာမြေသည်လည်း သိသိသာသာ ဆိုးရွားသွားသည်ကို တွေ့လိုက်ရသည်။

တစ်ဖက်တွင်မူ သစ်သားနတ်ဘုရား၏ စဉ်ဆက်မပြတ် မြှင့်တင်မှုအောက်တွင် မူလမြေမှ တပ်ဖွဲ့များသည် အင်အားအပြည့်ရှိနေဆဲဖြစ်သည်။ ဤသည်ကိုမြင်သောအခါ လင်းဇီချန်က သူ့တွင် ရွေးချယ်စရာမရှိတော့သည်ကို သိလိုက်ရသည်။

ရေနတ်ဘုရားက သူ့ကို လှည့်စားနေသည်ဖြစ်စေ ချောက်နက်လိပ်ပြာကို ရှာဖွေရန် အိပ်မက်နယ်မြေထဲသို့ ချက်ချင်းဝင်ရလိမ့်မည်ဖြစ်သည်။ ရေနတ်ဘုရား ပြောခဲ့သကဲ့သို့ မူလမြေမှ ဂြိုလ်သားမျိုးနွယ်ဝင်များကို ဖိနှိပ်ရန် ကမ္ဘာမြေ၏ အဓိကအင်အားကိုပြန်ရနိုင်မည်လောကို သိချင်နေခဲ့သည်။

ဤသည်ကိုတွေး၍ တုံ့ဆိုင်းမနေတော့ဘဲ လေးနက်သောအမူအရာဖြင့် ရေနတ်ဘုရားကို ပြောလိုက်သည်။

“ကျွန်‌တော် အခု အိပ်မက်နယ်ပယ်ထဲကို ဝင်ပြီးလို့ ချောက်နက်ထဲရောက်ရင် တွင်းနက်ကြီးထဲရောက်ပြီး ဒီလို ဧရာမလိပ်ပြာတစ်ကောင်ကို ရှာတွေ့နိုင်မလားကြည့်မယ်။ မင်း ကမ္ဘာမြေကြီးကို တွင်းနက်ကြီးနဲ့ အောင်မြင်စွာ ချိတ်ဆက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"

ထိုသို့ပြောပြီးနောက် သူ၏အတွေးများကို ရွှေ့ကာ သူ၏ လက်ရှိအတွေးအားလုံးကို စုစည်းလိုက်သည်။ သူ၏ အတွေးများကို စုဆောင်း၍ အိပ်မက်ထဲသို့ ချက်ချင်းဝင်သွားသည်။

အိပ်မက်နယ်ပယ်ထဲတွင် လင်းဇီချန်သည် မျက်လုံးဖွင့်လိုက်သည်နှင့် သူမြင်ခဲ့ဖူးသည့် ချောက်နက်ကြီးနှင့်တူသော အမှောင်ထုထဲတွင် သူ့ကိုယ်သူတွေ့လိုက်ရသည်။ မည်သည့်အရာမျှ မမှားခဲ့ပါက သူ့အိပ်မက်ထဲတွင် ချောက်နက်ထဲသို့ အောင်အောင်မြင်မြင်ရောက်သွားပြီဖြစ်သည်။ ချောက်နက်ထဲရောက်ကြောင်းသေချာသည်နှင့် လင်းဇီချန်သည် တစ်စက္ကန့်မျှ အချိန်ဖြုန်းမနေတော့ဘဲ ချောက်ထဲသို့ ဦးတည်ရာမဲ့စွာ လျင်မြန်စွာ ရွေ့လျား၍ မကြာမီ၌ ချောက်နက်ဧရာမလိပ်ပြာကိုရှာနိုင်ရန် မျှော်လင့်ခဲ့သည်။

ထို့နောက် နာရီဝက်မပြည့်မီတွင် သူသည် ချောက်နက်ဧရာမလိပ်ပြာအုပ်ကို အောင်မြင်စွာတွေ့ခဲ့သည်။ သူ ကံကောင်းခြင်းမဟုတ်ဘဲ တိုက်ဆိုင်မှုသက်သက်ပင်ဖြစ်သည်။ ချောက်နက်လိပ်ပြာကြီးများက သူထုတ်လွှတ်သောရောင်ဝါ၏ ဖြားယောင်းခြင်းခံရကာ သူ့ကိုရှာရန် တက်ကြွစွာ လိုက်လာခဲ့ကြသည်။

မကြာမီတွင် သူကြုံတွေ့ရသော ချောက်နက်လိပ်ပြာအုပ်သည် သူ့ခေါင်းထက်တွင် သပ်ရပ်စွာ စက်ဝိုင်းပုံပတ်၍ အလင်းအစက်အပြောက်အများအပြားကို အောက်သို့ လွှတ်ချလိုက်သည်။

ဤအလင်းစက်များကို စုပ်ယူခါနီးတွင် အနက်ရောင် ချောက်ကြီးသည် ရုတ်တရက် ကြည်လင်သော ရေစီးသံနှင့်အတူ ပဲ့တင်ထပ်သွားသည်။

အသံထွက်လာသည့်အချိန်တွင် သူ့ခြေဖဝါးအောက်ရှိ ရေဒြပ်စင်များမှ အေးမြမှုကို ခံစားလိုက်ရသည်။

သူ မအံ့သြပေ။ ယင်းမှာ ရေနတ်ဘုရား၏ လုပ်ရပ်ဖြစ်ကြောင်း သူသိသည်။ မည်သည့်အရာမျှ မမှားယွင်းပါက ကမ္ဘာမြေနှင့် ချောက်နက်သည် မကြာမီတွင် ချိတ်ဆက်မိတော့မည်ဖြစ်သည်။

ဤသို့တွေးနေချိန်၌ လင်းဇီချန်သည် ရေနတ်ဘုရားဆက်လုပ်မှု စွမ်းဆောင်မှုကို စောင့်မျှော်လျက် အလင်းစက်များအောက်၌ တိတ်တဆိတ်ထိုင်နေသည်။ သုံးစက္ကန့်မပြည့်မီတွင်၊ မည်းမှောင်နေသော ပတ်ဝန်းကျင်သည် လျင်မြန်စွာ တောက်ပလာကာ ရင်းနှီးပြီးသား မြင်ကွင်းများစွာ ပေါ်လာသည်။

ကောင်းကင်ယံအထိ မီးလုံး

အဆက်မပြတ် ကျယ်လောင်သော အသံများ။

ရှန်ချင်းဟန် သို့မဟုတ် ရေနတ်ဘုရားက တိတ်တဆိတ်မတ်တပ်ရပ်နေသည်။

ဤအကျွမ်းတဝင်ရှိသောပတ်ဝန်းကျင်ကိုမြင်လိုက်ရသည်နှင့် လင်းဇီချန်က

အိပ်မက်မှ နိုးထလာပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထို့နောက် စစ်မြေပြင်အလယ်ရှိ လက်ရှိအခြေအနေကို စစ်ဆေးရန် သူ၏အာရုံအားလုံးကို ချက်ချင်းဖွင့်လိုက်သည်။

တစ်ဖက်သတ်တိုက်ပွဲဖြစ်ခဲ့သည့် ယခုအချိန်တွင် လှည့်ပြန်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားမိသည်။

ချီချင်းမော့နှင့် အခြားသူများ အားကောင်းလာသည်မဟုတ်သော်လည်း သစ်သားနတ်ဘုရားနှင့် မူလမြေမှ အခြားသော အစွမ်းထက်သော သတ္တဝါများ၏ ခွန်အားများ အားနည်းလာခဲ့သည်။

ရေနတ်ဘုရားက မလိမ်ညာခဲ့ပေ။

ကမ္ဘာမြေ၏ အဓိကစွမ်းအားသည် မူလမြေရှိ သတ္တဝါများအပေါ် ပြင်းထန်သော ဖိနှိပ်မှုကို ဖန်တီးခဲ့သည်။

"ဟမ်”

ရုတ်တရက် လေထုကို ခွဲထုတ်လိုက်သော စူးရှသော အသံတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာသည်။

ရေနတ်ဘုရား၏ရုပ်သွင်သည် တောက်ပလာကာ စစ်မြေပြင်အလယ်ဗဟိုသို့ အရှိန်အဟုန်ဖြင့် ချီတက်သွာသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"လာ၊ စစ်မြေပြင်အလယ်ကို သွားရအောင်၊ အဓိကစွမ်းအားရဲ့ ပြင်းထန်တဲ့ ဖိနှိမ်မှုကို အခွင့်ကောင်းယူပြီး သစ်သားနတ်ဘုရားကို အမြန်ချေမှုန်းပစ်ရအောင်”

လင်းဇီချန်သည် တခဏမျှ မတုံ့ဆိုင်းဘဲ ကောင်းကင်သို့ ပျံတက်သွားပြီး ရေနတ်ဘုရားနောက်မှ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

******

All Chapters