← Chapters

လူသားမျိုးနွယ်အားလုံး ကမ္ဘာမြေသို့ပြန်ခြင်း

Vol. 37 Ch. 541

လူသားမျိုးနွယ်အားလုံး ကမ္ဘာမြေသို့ပြန်ခြင်း

Vol. 37 Ch. 541

ဆယ်စက္ကန့်ကျော်အတွင်း လင်းဇီချန်သည် လျင်မြန်သောအရှိန်ဖြင့် စီးဆင်းနေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရေနတ်ဘုရားပြောခဲ့သည့် ချောက်ထဲသို့ ရှန်ချင်းဟန်နှင့်အတူ ဆင်းလာခဲ့သည်။ ၎င်းသည် စိမ်းလန်းစိုပြေသော တောင်တစ်လုံးဖြစ်ကာ တောင်၏ ထက်ဝက်ခန့်တါင် ချောက်တစ်ခု ရှိသည်။ ချောက်ကမ်းပါးအထက်တွင် ရေတံခွန်တစ်ခုက အဆက်မပြတ် စီးဆင်းနေသည်။

စီးကျလာသည့်ရေများအောက်တွင် တွင်းနက်ကြီးထဲသို့ဝင်ပေါက်ရှိသည်။

"သွားကြစို့၊ ငါတို့အထဲကိုဝင်မယ်။"

လင်းဇီချန်သည် ရင်ခွင်ထဲရှိ ရှန်ချင်းဟန်ကို ပြောပြီးနောက် ခေတ္တမျှ နားနေခြင်းမရှိဘဲ ရေတံခွန်ထဲသို့ ခုန်ဆင်းလိုက်သည်။

၎င်းတို့ ရေတံခွန်ထဲသို့ဝင်ပြီးသည်နှင့်… ၎င်းတို့အားလုံး၏ အမြင်အာရုံသည် အမှောင်ထဲတွင် ဖုံးလွှမ်းသွားသည်။ အာရုံများကင်းမဲ့သွားကာ မည်သည်ကိုမျှ မမြင်နိုင်၊ မည်သည်ကိုမျှ မခံစားနိုင်ကြတော့ပေ။ လင်းဇီချန်က သူ၏ အိပ်မက်ထဲတွင် ဤခံစားချက်ကို ခံစားဖူးသည်။ ထိုအချိန်က သူသည် တွင်းနက်ကြီးနှင့်ဆင်တူသော နယ်မြေအတွင်း၌ ရှိနေသည်ဟုတွေးခဲ့ကာ ချောက်နက်လိပ်ပြာများနှင့်ဝိုင်းရံခံထားခဲ့ရသည်။

ထိုအိပ်မက်မှ နိုးလာသောအခါတွင်၊ သူ၏ အသိစိတ်ပင်လယ်သည် အရင်းအမြစ်သလင်းကျောက်များစွာဖြင့် ထူးထူးခြားခြား ပြည့်နှက်နေခဲ့သည်။ လင်းဇီချန်သည် သူအိပ်မက်မက်နေစဉ် မူလမြေပြင်ရှိ ချောက်ထဲသို့ ဖြတ်သွားခြင်းဖြစ်မည်ဟု သံသယရှိခဲ့သည်။ ဤသို့မျှမဟုတ်ပါက နိုးလာသောအခိုက်တွင် သူ၏ အသိစိတ်ပင်လယ်ထဲ၌ ရင်းမြစ်သလင်းကျောက်များ အဘယ်ကြောင့်ပေါ်လာခြင်းဖြစ်မည်နည်း။

မြင်သာထင်သာရှိသော အရာများ ရှိနေခြင်းသည် အိပ်မက်သည် ပုံရိပ်ယောင်မျှမဟုတ်ဘဲ အခြားသော ရှုထောင့်တစ်ခုအတွင်းမှ လက်တွေ့ဖြစ်ကြောင်း ညွှန်ပြနေသည်။

တွင်းနက်ကြီးဆိုတာ တကယ်ပဲ ဘာလဲ။

အဆုံးမရှိတဲ့အမှောင်ထုလား။

တွင်းနက်ကြီးထဲက ချောက်နက်လိပ်ပြာတွေဆိုတာ ဘာတွေလဲ။

လင်းဇီချန်၏ စိတ်ထဲတွင် အဆုံးမဲ့ အတွေးများဖြင့် ပြည့်နှက်နေသည်။

ထိုအခိုက်တွင်၊ ရှန်ချင်းဟန်က သူ့ရင်ခွင်ထဲမှပြောလိုက်၏။

“ငါတို့ ဘယ်ရောက်နေကြတာလဲ။ ဘာကိုမှမမြင်ရဘူး။ ဘာကိုမှလည်း မခံစားရဘူး”

ဤသို့ပြောလျက် သူမသည် လင်းဇီချန်ကို တင်းတင်းကြပ်ကြပ် ဖက်နွယ်ထားကာ သူမ၏မျက်နှာမှာ မသက်မသာဖြစ်နေသည်။

"ကိုတို့ ချောက်ထဲကို ရောက်နေပြီ"

"ဒီနေရာက ချောက်နက်လိပ်ပြာတွေနေတဲ့နေရာပဲ”

“ချောက်နက်ကြီးဟုတ်လား”

ရှန်ချင်းဟန်သည် စတင်၍ ပတ်ဝန်းကျင် အမှောင်ထုကို စူးစမ်းလေ့လာခဲ့ကာ ချောက်နက်၏ ဖြစ်တည်မှုကို သတိပြုမိခဲ့သည်။ မူလမြေရှိ လူသားမြို့များအားလုံး၏ နောက်ကွယ်တွင် ဤချောက်နက်ကြီးရှိသည်။ ဤချောက်နက်သည် အနည်းငယ်သတိမထားမိပါက ဒဏ္ဍာရီအဆင့်ကျွမ်းကျင်သူများပင်လျှင် ချက်ချင်းသေဆုံးသွားနိုင်သည့် အသက်ကင်းမဲ့ဇုန်ဖြစ်သည်။

သူမ သိချင်သည့်အတိုင်း...

ရုတ်တရက်ပင် နီမြန်းသော အနီရောင်အလင်းတစ်ခုက ၎င်းတို့အထက်တွင်ပေါ်လာသည်။

လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အလိုလို တညီတညွတ်တည်း ကြည့်နေကြသည်။ ထို့နောက် ကြီးမားလှသော လိပ်ပြာအုပ်စုတစ်စုက ၎င်းတို့အပေါ်တွင် လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။ မီတာများစွာရှည်၍ ကျယ်ပြောသော ဤလိပ်ပြာကြီးများ၏ သွားများတွင် အစွယ်များပေါက်နေကာ ကြက်သွေးရောင်အလင်းတချို့လည်း ဖြာထွက်လျက်ရှိသည်။ လင်းဇီချန်က ဤလိပ်ပြာများမှာ သူ့အိပ်မက်ထဲတွင်ပေါ်လာခဲ့ဖူးသည့် ချောက်နက်လိပ်ပြာကြီးများဖြစ်ကြောင်းသိသည်။

မကြာခင်၌ပင် ချောက်နက်ကြီးပေါ်၌ ပျံသန်းနေသော လိပ်ပြာများသည် စပါးစေ့အရွယ်အလင်းအစက်အပြောက်များကို စတင်ဖြန့်ကျက်ကာ အနက်ရောင်အမှောင်ထုကို လင်းလက်လာစေသည်။ ရှန်ချင်းဟန်သည် အလင်းတန်းများကို ငေးကြည့်ရင်း ကြယ်များကဲ့သို့ လှပနေသည်ကို တွေ့လိုက်ရသဖြင့် ခဏတာအတွင်း သူမ တုန်လှုပ်ချောက်ချားသွားသည်။

လွင့်မျောနေသော အလင်းအစက်အပြောက်များသည် သူမ၏မျက်နှာကို ထိလုနီးချိန်တွင်သာ သူမသည် အသိစိတ်ပြန်ဝင်လာခဲ့သည်။

"ငါတို့ အမြန်သွားသင့်တယ်၊ ဒီထူးခြားတဲ့ အလင်းတန်းတွေက ငါတို့ကိုထိရင် ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမလဲ။"

ဤသို့ပြောပြီးသည်နှင့် ရှန်ချင်းဟန်ကို လင်းဇီချန်ကို သူမနှင့်အတူ ဆွဲခေါ်ထုတ်သွားရန် ကြိုးစားလိုက်သည်။ သို့သော် လင်းဇီချန်သည် လှုပ်ရှားခြင်းမရှိဘဲ သူမကို ပြန်ဆွဲထား၏။

“ဒီအလင်းစက်တွေက ကိုယ်တို့ကိုအ ကျိုးပြုတယ်။ သူတို့က ကိုတို့အသိစိတ်ပင်လယ်ထဲမှာ အရင်းအမြစ်သလင်းကျောက်တွေဖြစ်သွားနိုင်တယ်”

သူသည် ယခင်က အိပ်မက်ထဲတွင် ချောက်နက်လိပ်ပြာများကြားရှိခဲ့ဖူးကာ နိုးလာသောအခါတွင် သူ၏ အသိစိတ်ပင်လယ်ထဲတွင် စိမ့်ဝင်နေသော သလင်းကျောက်များစွာကို တွေ့ရှိခဲ့သည်။

ရင်းမြစ်သလင်းကျောက်များ ဖြစ်ပေါ်လာစေသည့် သူ၏အိပ်မက်တွင် ဤအလင်းအစက်များနှင့် ထိတွေ့မှုဖြစ်မည်ဟု သူထင်ခဲ့သည်။ ဤသည်က ထင်ကြေးမျှသာမဟုတ်ပေ။ အခြေခံအချက်လည်းဖြစ်နိုင်သည်။ သူ့မိဘများ၏ အသိစိတ်ပင်လယ်တစ်ခုလုံးသည် အရင်းအမြစ်သလင်းကျောက်များဖြင့် ဖွဲ့စည်းထားသည်။ ထို့အပြင် ၎င်းတို့သည်လည်း တူညီသော အိပ်မက်ကို ထပ်ခါတလဲလဲတွေ့ကြုံခံစားခဲ့ရသည်။

ဤအလင်းအစက်များက အကျိုးပြုသည်ဟု ကြားသောအခါ ရှန်ချင်းဟန်၏ မသက်သာမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး သိချင်စိတ်နှင့် မျှော်လင့်ခြင်း ရောနှောကာ အစားထိုးသွားသည်။ ထို့နောက်

ခဏအကြာတွင် သူတို့အပေါ်သို့ အလင်းအစက်အပြောက်များ ကျဆင်းလာ၍ ထိတွေ့လိုက်သည်နှင့်ပင် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။ နောက်ပိုင်းတွင် ၎င်းတို့၏ အသိစိတ်ပင်လယ်ထဲ၌ အပြောင်းအလဲများ ဖြစ်ပေါ်လာသည်ကို ကွဲကွဲပြားပြားခံစားလိုက်ရသည်။ အသိစိတ်ပင်လယ်၏ အစိတ်အပိုင်းများက တဖြည်းဖြည်းခိုင်မာလာကာ အရင်းအမြစ်သလင်းကျောက်များဖြစ်ပေါ်လာသည်။

လင်းဇီချန်သည် သူ၏ အသိစိတ်ပင်လယ်ရှိ သလင်းကျောက်များကို အာရုံခံရင်း အတွေးတစ်ခုဖြင့် "အရင်းအမြစ်ဝါးမြိုခြင်း"စွမ်းအား၏ အကျိုးသက်ရောက်မှုကို အစပြုခဲ့သည်။

[သင်သည် အရင်းအမြစ်သလင်းကျောက်များ အများအပြားကို စားသုံးခဲ့ပြီး ကြီးမားသော အရင်းအမြစ်စွမ်းအားကို ရရှိခဲ့သည်။ မူလအင်အားသည် သွေးစွမ်းအင်နှင့် ဝိဉာဥ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး သင်၏ ချီစစွမ်းအားနှင့် ဝိဉာဥ်စွမ်းအားကို အလွန်အမင်းတိုးတက်စေသည်]

[သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည်"ဒဏ္ဍာရီတတိယအဆင့်" မှ "ဒဏ္ဍာရီစတုတ္ထအဆင့်" သို့ အောင်မြင်စွာပြောင်းလဲသွားသည်]

ဆင့်ကဲဖြစ်စဉ်တစ်ခု...၊

လင်ဇီချန်းက လေဟာနယ်ထဲမှ အချက်ပြချက်ကို ကြည့်လိုက်ပြီးနောက် သူ့နှလုံးသားက အနည်းငယ် တုန်လှုပ်သွားသည်။ အခြားသတ္တဝါများသည် အဆုံးမရှိသောအခက်အခဲများကို ကြံ့ကြံ့ခံ၍ အဆင့်တစ်ဆင့်တိုးရန် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရသည်။ အခြားတစ်ဖက်တွင်မူ၊ သူသည် ထမင်းစားရေသောက်ကဲ့သို့ ဂြိုလ်သားများနှင့် အရင်းအမြစ်သလင်းကျောက်များကို ဝါးမျိုရန်သာ လိုအပ်သည်။

ဟမ်

ဒီမှာ ဘာဖြစ်နေတာလဲ။

ရုတ်တရက်ဆိုသကဲ့သို့ပင် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့၏ ပုံရိပ်များက လေဟာနယ်တွင်ပေါ်လာသည်။

သူက အစပိုင်းတွင် အံ့သြသွားသော်လည်း မကြာမီတွင် သူ့စိတ်ထဲ၌ ဖြစ်နိုင်ခြေတစ်ခုကိုတွေးလိုက်မိသည်။

သူ၏ လက်ရှိအခြေအနေသည် ရှန်ချင်းဟန်ယခင်က ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် ဆင်တူသည်ဟု သူသံသယရှိခဲ့သည်။ သူမ၏ အသိစိတ်ပင်လယ်သည် မူလမြေပင်လယ်နှင့် ဆက်စပ်နေသည်။

သူ့စနစ်အတွင်း ပျက်ပြယ်သွားသော အပေါက်သည် မူလမြေတွင်းနက်ကြီးနှင့် ဆက်စပ်နေပေလိမ့်မည်။

ငါ့… ငါ့ စနစ်ဆိုတဲ့ဟာက မူလမြေက တွင်းနက်ကြီးနဲ့ဆက်စပ်နေတာလား။

“ချောက်နက်ကြီးရဲ့သား” က တကယ်ပဲ စနစ်ရဲ့သားဖြစ်နေမလား။

ဒါဆို… ငါက အလွယ်လမ်းလိုက်နေသလိုဖြစ်နေတာလား။

အတန်ကြာသည်အထိ လင်းဇီချန်၏ ခေါင်းထဲတွင် အသွေးများစွာလှုပ်ခတ်သွားသည်။

******

All Chapters