ကမ္ဘာတစ်ခုလုံးက ငါ့ အသိစိတ်ပင်လယ်ပဲ ၂
Vol. 37 Ch. 544
"ကျန်းယန်၊ စက်လက်နက်တွေကို စီစဉ်ပါ၊ ဝင်ပေါက်တစ်ခုစီမှာ ကာကွယ်ရေးအခက်အခဲအလိုက် စက်အရေအတွက်ကို ဖြန့်ဝေပါ။"
"ကန်ကျွင်းကျယ် နျူကလီယားအရံအားလုံးကို စုစည်းပြီး ဝင်ပေါက်တွေမှာ နျူကလီယားတိုက်ခိုက်မှုအတွက် ပြင်ဆင်ပါ။"
“လင်ရွေ့၊ ဝင်ပေါက်နားက ဝန်ထမ်းတွေကို ဖယ်ထုတ်ပြီး မြန်မြန်လုပ်ပါ!"
"..."
ရွှမ်ယွမ်ဝမ်ယွီသည် ကမ္ဘာမြေကြီး၏ ခေါင်းဆောင်အသီးသီးကို တာဝန်များကို ရှင်းရှင်းလင်းလင်း ပေးအပ်ပြီး ကာကွယ်ရေးလုပ်ငန်းကို စနစ်တကျ စီစဉ်ပေးသည်။ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ခံယူပြီးနောက်၊ ဤကမ္ဘာမြေ၏ အကြီးအကဲများသည် နေရာတွင် အချိန်ဆွဲမနေဘဲ မြေပြင်မှ လျင်မြန်စွာ ပျံတက်ကာ ၎င်းတို့၏ သတ်မှတ်ထားသော နေရာများတွင် ကာကွယ်ရေးလုပ်ငန်းများကို အသုံးချရန် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းခဲ့သည်။
ရွှမ်ယွမ်ဝမ်ယွီသည် သူတို့ထွက်ခွာသွားသည်ကို တိတ်တဆိတ်ကြည့်နေပြီးနောက် သူမရှေ့က သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းသို့ လှည့်ကြည့်ကာ ခပ်တိုးတိုးညည်းညူလိုက်သည်။
“ဒီလူတချို့ အဆင်ပြေဖို့ မျှော်လင့်ပါတယ်”
ကမ္ဘာပေါ်တွင် ရှေးဘိုးဘေးအဆင့် ကျွမ်းကျင်သူ အနည်းငယ်ရှိနေပြီးဖြစ်သည်။ အကယ်၍
ချီချင်းမော့နှင့် မူလမြေသို့ ပြန်သွားသောအခြားသူများသာ အခက်အခဲများကြုံတွေ့ပါက မူလမြေပြင်မှ ဂြိုလ်သားမျိုးနွယ်များသိမ်းပိုက်ထားသည့်နေရာများကို ကမ္ဘာက စွန့်လွှတ်ရတော့မည်ဖြစ်သည်။
...
မူလမြေရှိ ချောက်နက်တစ်နေရာတွင်
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် အမှောင်ထုထဲတွင် မျက်နှာချင်းဆိုင်ထိုင်လျက် အလင်းအမှတ်များစွာကြားတွင် ငြိမ်သက်စွာဖြင့် ၎င်းတို့ကိုယ်တိုင် အသုံးပြုရန်အတွက် အဆက်မပြတ် စုပ်ယူနေကြသည်။ ကနဦးတွင် ချောက်နက်လိပ်ပြာတစ်ဒါဇင်ခန့်သာ ၎င်းတို့ခေါင်းတွင် လှည့်ပတ်၍ အလင်းအမှတ်များကို ဖြန့်ကျက်ပေးကြသည်။ သို့သော အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ခေါင်းတွင်လှည့်ပတ်နေသော ချောက်နက် ဧရာမလိပ်ပြာ ရာနှင့်ချီ၍ ရှိလာပြီဖြစ်သည်။ ဤလိပ်ပြာများဆီမှ ပျံ့လွင့်လာသော အလင်းတန်းများသည် အလင်းတိုင်တစ်ခုအဖြစ် စုစည်းကာ ၎င်းတို့နှစ်ဦးလုံးကို ဖုံးအုပ်လျက် အလင်းအဖြစ်သို့ ပြောင်းလဲသွားစေသည်။
[သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်က ဒဏ္ဍာရီအဆင့် ဆဠမအဆင့်သို့ တက်လှမ်းသွားပါပြီ]
[သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ဒဏ္ဍာရီ ဆဠမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပါပြီ]
[သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ဒဏ္ဍာရီအဆင့် သတ္တမအဆင့်သို့အောင်မြင်စွာပြောင်းလဲသွားပါပြီ]
[…]
[သင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် နဝမအဆင့်အထွတ်အထိပ်သို့ရောက်ရှိသွားပါပြီ]
အချိန်များ မည်မျှ ကြာသွားသည်ကိုမသိပေ။
ရက်အနည်းငယ်ကြာနိုင်သည်။
လအနည်းငယ်ကြာနိုင်သည်။
လင်းဇီချန်သည် လေဟာနယ်ထဲတွင် လွင့်မျောနေသော အချက်ပြမှုများကို မြင်သောအခါ၊ သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်က ဒဏ္ဍာရီအဆင့် နဝမအဆင့်အထွတ်အထိပ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
ဒဏ္ဍာရီအဆင့် အထွတ်အထိပ်ကို တကယ်ရောက်သွားပြီလား။
လင်းဇီချန်သည် သူ၏ သွေးမျိုးဆက်စွမ်းအားဆိုင်ရာ အချက်အလက်များကို မယုံကြည်နိုင်စွာဖြင့်ကြည့်လိုက်သည်။ ချောက်နက်ဧရာမလိပ်ပြာများမှ ထုတ်လွှတ်သော အလင်းတန်းများကို ထိုင်လျက် စုပ်ယူရုံမျှဖြင့် အဆင့်များစွာတိုးတက်လာစေနိုင်မည်ဟု သူ ဘယ်သောအခါကမျှ စိတ်မကူးနိုင်ပေ။
ဂြိုလ်သားများကို အဘယ်ကြောင့်စုပ်ယူရန်လိုမည်နည်း။
ချောက်နက်ထဲတွင် အလင်းစက်များကို စုပ်ယူနိုင်သည်။
အင်အားစိုက်ထုတ်ရန် မလိုဘဲ ရနိုင်သည်။
ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူအဖြစ်ပြောင်းလဲရန်အတွက် သူစုပ်ယူရမည့်အလင်းစက်မည်မျှ လိုအပ်မည်ကို သိချင်မိသည်။
လင်းဇီချန်သည် အနည်းငယ် စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
ထိုသို့တွေးလိုက်ရင်းဖြင့် ရှန်ချင်းဟန်ဆီသို့ လှမ်းကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင်၊ ရှန်ချင်းဟန်သည် သူ့ကဲ့သို့ပင် အလင်းအမှတ်များထဲတွင် အဆက်မပြတ် နှစ်မြှုပ်နေကာ သူမ၏ ဝိညာဉ်ခွန်အားကို မြှင့်တင်ရန် ၎င်းတို့ကို စုပ်ယူထားသည်။
သို့သော်လည်း တိုးတက်လာမှုက လင်းဇီချန်၏ တိုးတက်မှု၏ ခြေဖျားပင်မမှီပေ။ တူညီသော အလင်းစက်များကို စုပ်ယူခြင်းဖြင့် သူမ၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် ဒဏ္ဍာရီတတိယအဆင့်သို့ အနည်းငယ်သာပြောင်းလဲသွားခဲ့သည်။
ရှန်ချင်းဟန်၏ အခြေအနေကို အကျဉ်းချုံး စောင့်ကြည့်ခဲ့ပြီးနောက် လင်းဇီချန်သည် သူ့မျက်လုံးများကို တစ်ဖန်ပြန်မှိတ်ထားကာ သူ့ခေါင်းအထက်မှ စီးဆင်းနေသော အလင်းတန်းများကို စုပ်ယူရန် ဆက်လက်အာရုံစိုက်နေသည်။ သို့သော် မကြာခင်၌ပင် သူ့ပတ်ဝန်းကျင်မှ အလင်းတန်းများ သိသိသာသာ လျော့ကျသွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးဖွင့်မော့ကြည့်လိုက်သောအခါ သူ့ဦးခေါင်းထက်တွင်ဝိုင်းနေသော ချောက်နက်လိပ်ပြာကြီးများက သဲလွန်စပင်မကျန်ဘဲ ပျောက်ကွယ်သွားသည်ကိုမြင်လိုက်ရသည်။
လင်းဇီချန်သည် ချောက်နက် လိပ်ပြာများ ရုတ်တရက် ပျောက်ကွယ်သွားစေရန် ဖြစ်ပျက်ခဲ့သမျှကို အံ့သြတကြီးဖြင့် မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
သူနှင့် ရှန်ချင်းဟန်ကို မြင်နိုင်ရုံမှတပါး အခြားမည်သည့်အရာကိုမျှ မမြင်နိုင်ပေ။
"ဇီချန် ချောက်နက်လိပ်ပြာတွေဘယ်မှာလဲ။ ဘာလို့ သူတို့ကိုမမြင်ရတော့တာလဲ”
ရှန်ချင်းဟန်သည် သူမ၏ ကြည်လင်သော မျက်လုံးများကို ဖွင့်ကာ လင်းဇီချန်၏ လက်ကို ကိုင်လျက် စိတ်မသက်မသာဖြစ်စွာမေးလိုက်သည်။ ချောက်နက်လိပ်ပြာကြီးများ ပျောက်ကွယ်သွားသောအခါ ပတ်ဝန်းကျင် အမှောင်ထုကို လင်းထိန်စေမည့် အလင်းအမှတ်များ မရှိတော့ပေ။ အလင်းစက်များ ကင်းစင်သွားသောအခါ ၎င်းတို့နှစ်ဦးသည် မမြင်နိုင် မခံစားနိုင်သော အမှောင်ထုထဲတွင်သာ ရှိနေကြတော့သည်။
"ကိုလည်းမသိဘူး အဲ့ချောက်နက်လိပ်ပြာကြီးတွေ ခန္ဓာကိုယ်ထဲမှာ အသက်စွမ်းအင်လုံးဝမရှိသလောက်ပဲမို့ သူတို့ထွက်သွားတာတောင် သတိမထားမိဘူး”
လင်းဇီချန်က ခေါင်းခါ၍ မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ အလင်းစက်များပျောက်ကွယ်သွားသဖြင့်
အမှောင်ထုထဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေကာ မည်သည့်အရာမှ မမြင်နိုင်၊ ထွက်ပေါက်ပင် မရှိခဲ့ပေ။
ဤသည်က သူ့ကိုလည်း မည်သို့လုပ်ရမည်ကို မသိဖြစ်စေသည်။ ရှန်ချင်းဟန်သည်လည်း ထပ်တူထပ်မျှ ထိတ်လန့်သွားကကာ စိုးရိမ်စိတ်အပြည့်ဖြင့်ပြောလိုက်သည်။
“ဇီချန် အခု အရမ်းမှောင်နေတယ်။ ငါ ဘာမှမမြင်ရဘူး။ ငါတို့ ဘာဆက်လုပ်ရမလဲ”
လင်းဇီချန်လည်း မည်သို့လုပ်ရမည်ကိုမသိပေ။ သူ မည်သည့်အရာကိုမျှ မမြင်ရသဖြင့် အမှားလုပ်မိမည်ကို စိုးရိမ်သည်။ ထိုအချိန်၌ပင် စက္ကန့်အနည်းငယ်အတွင်း၌ ၎င်းတို့၏ မှောင်မိုက်သော ပတ်ဝန်းကျင်က တောက်ပလာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ချက်ချင်းမြင်တွေ့လာရသည်။ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။
နှစ်ယောက်သား မြင့်မားသော တောင်ပေါ်တွင်ရှိနေကြသည်။ တောင်ကြီး၏ အရှေ့ဘက်တွင်ကား ကြီးမား၍ ခေတ်မီသော မြို့တစ်မြို့ရှိသည်။
ထို့အပြင်၊ မယုံနိုင်လောက်အောင်ရင်းနှီးသောမြို့။
ရှန်ဟိုင်းမြို့..။
“ဇီချန် ငါတို့ ကမ္ဘာမြေကို ပြန်ရောက်ပြီလား”
ရှန်ချင်းဟန်သည် သူမ၏မျက်လုံးများကို ပွတ်သပ်ကာ ဂယောင်ချောက်ချားဖြစ်နေသလောဟုထင်မိသည်။ ၎င်းတို့သည် မကြာသေးမီကပင် မူလမြေ၏ အသက်ကင်းမဲ့နယ်မြေတွင် ထင်ရှားစွာရှိနေခဲ့ကြသည်။
၎င်းတို့သည် ရင်းနှီးကျွမ်းဝင်နေသော ကမ္ဘာမြေကြီးပေါ်တွင် ရုတ်တရက် မည်ကဲ့သို့ လျင်မြန်စွာ ပေါ်လာနိုင်မည်နည်း။
၎င်းသည် သူမ၏ ဦးနှောက်အတွင်း ယောင်ယောင်ချောက်ချားဖြစ်စေသည့် အမည်မသိ လွှမ်းမိုးမှုအချို့ ဖြစ်နိုင်ပါသလား။
ရှန်ချင်းဟန်ကဲ့သို့ပင် လင်းဇီချန်သည်လည်း ဤမေးခွန်းကိုမေးခဲ့သည်။ သို့သော် အရာအားလုံးက လွဲမှားမှုမဟုတ်ဘဲ အစစ်အမှန်ကဲ့သို့ ခံစားရရသည်။ ၎င်းတို့၏ မျက်လုံးများရှေ့တွင် မြက်ပင်တိုင်းသည် တက်ကြွမှုအပြည့်ဖြင့် ထင်ရှားသော အပင်နံ့ကို ပေးစွမ်းလျက်ရှိသည်။ ခြေဖဝါးအောက်ရှိ
မြေဆီလွှာသည် တီထွင်ဖန်တီးထားသည့်အရာကဲ့သို့မဟုတ်ဘဲ အစစ်အမှန်ကဲ့သို့ပင်ဖြစစ်သည်။
ဒီမှာဘာတွေဖြစ်နေတာလဲ၊
လင်းဇီချန်က စိတ်ထဲမှ တွေးလိုက်မိသည်။ သူ့စိတ်ထဲမှ သံသယများနှင့်အတူ လင်းဇီချန်က ကောင်းကင်မျက်လုံးကို အသုံးပြုကာ ပတ်ဝန်းကျင်သို့ကြည့်လိုက်သည်။ အချိန်အတန်ကြာကြည့်ပြီးသည့်နောက်ထိတိုင် ထူးခြားသောအရာမမြင်ခဲ့ရပေ။
ခဏတာမျှ တွေးတောပြီးနောက်ဆုံးတွင် လင်းဇီချန်က ပြောလိုက်သည်။
"အိမ်ပြန်ကြည့်ရအောင်"
ဤကမ္ဘာက ယခုအချိန်တွင် ပုံရိပ်ယောင်လော အစစ်အမှန်လော မပြောနိုင်သေးသောကြောင့် လက်ရှိတွင် အစစ်အမှန်ဟုယူဆ၍ရသည်။ လင်းဇီချန်က ရှန်ချင်းဟန်ကို လျင်မြန်စွာ မချီ၍ ထိုနေရာမှ ထွက်ခွာသွားကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲလျက် အိမ်ဆီသို့ ပျံသန်းသွားခဲ့သည်။
၎င်းတို့ပျံသန်းချိန်က တစ်ကီလိုမီတာထက်မနည်းပေ။
ရုတ်တရက်၊ လင်းဇီချန်က ရုတ်တရက် ရပ်လိုက်ကာ ရှန်ချင်းဟန်ကို မထလျက် အံ့သြတကြီးဖြစ်သွားသည်။ သူ၏ စနစ်၏ ထူးခြားသော လေဟာနယ်သည် အမှောင်ထုအဖြစ်မှ ကမ္ဘာမြေကြီးကို နတ်ဘုရားကြည့်ရှု့သည့်အမြင်သို့ ပြောင်းလဲသွားသည်ကို အံ့သြဖွယ်တွေ့ရှိခဲ့ရသည်။
******