သစ်သားနတ်ဘုရား ကမ္ဘာမြေသို့ ဆင်းသက်ခြင်း
Vol. 37 Ch. 547
မူလမြေပြင်မှ ဂြိုလ်သားအမြောက်အများ သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းကို တိုက်ခိုက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏ အသားအရောင်များ ဖြူဖျော့သွားသည်။ မူလမြေမှ ဂြိုလ်သားများက ဤမျှ မြန်မြန်ဆန်ဆန် လှုပ်ရှားလာမည်ဟု မမျှော်လင့်ထားသဖြင့် အဦးဆုံးအနေဖြင့် မိသားစုအတွက် စိတ်ပူခဲ့သည်။
“နန်းဆောင်သခင်။ ကျွန်တော့်မိဘတွေကို သွားစစ်ဖို့ အိမ်ပြန်ရမယ်။ နောက်မှ ဆက်ပြောကြတာပေါ့”
ဤသို့ အလျင်အမြန်ပြောပြီးသည်နှင့် လင်းဇီချန်သည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရှန်ချင်းဟန်နှင့်အတူ ရှန်ဟိုင်းတက္ကသိုလ်၏ ပါမောက္ခနေထိုင်ရာ ဧရိယာဆီသို့ ပြေးသွားခဲ့သည်။ တစ်စက္ကန့်မပြည့်မီတွင် လင်းဇီချန်က သူ့အိမ်ရှေ့၌ ပေါ်လာကာ ရင်ခွင်ထဲမှ ရှန်ချင်းဟန်ကို ချပေးလိုက်သည်။
၎င်းတို့ နှစ်ဦး ဆင်းသက်ပြီးသည်နှင့် သက်ဆိုင်ရာ မိဘများဆီသို့ သွားသည်။ သူ အိမ်ထဲဝင်လိုက်ပြီးနောက် လင်းဇီချန်သည် မိဘများက လသာဆောင်မှ အပြင်သို့ လှမ်းကြည့်နေသည်ကိုမြင်လိုက်ရသည်။ လက်ရှိ မိဘများကလည်း သွေးမျိုးဆက်စွမ်းအင်လမ်းကြောင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားနေရသည်။ ရှန်ဟိုင်းမြို့သူ မြို့သား အားလုံးနီးပါး ထူးထူးခြားခြား ခံစားမိနိုင်သည့် ငလျှင်လှုပ်ခတ်မှုနှင့်အတူ ထိုနေရာမှ ကြီးမားသော ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
ငလျင်လှုပ်ခတ်မှု ပြင်းထန်လာကာ အဆောက်အအုံများ ပြိုကျပျက်စီးမည်ကို စိုးရိမ်သဖြင့် နေထိုင်သူ အများအပြားမှာ နေအိမ်များမှ ထွက်ပြေးခဲ့ကြရသည်။ လင်းယန်ရှန်နှင့် ကျန်းဝမ်ရှင်းတို့သည် ရှန်ဟိုင်းတက္ကသိုလ်၏ ဌာနခွဲနေထိုင်ရာနေရာရှိ အဆောက်အဦများက ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိ၍ အလွန်အစွမ်းထက်သော အထူးသံမဏိပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် မပြေးကြပေ။
"ရှောင်ချန် သားကဘာလို့ပြန်လာတာလဲ"
မမြင်ရသည်မှာ ကြာပြီဖြစ်သော သားဖြစ်သူ လင်းဇီချန် ရုတ်တရက် ပြန်လာသည်ကို တွေ့ရသောအခါ လင်းကျီယင်းကို ချီထားသော ကျန်းဝမ်ရှင်းက အလွန်အံ့သြသွားသည်။ သူမ အနားတွင် လင်းယန်ရှန်သည် လင်းဇီချန်၏ မျက်နှာပေါ်မှ လေးနက်သော အမူအရာကို သတိပြုမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
“မင်းကြည့်ရတာ ဖြူဖျော့နေတာပဲ။ ရုတ်တရက် အိမ်ပြန်လာတာဆိုတော့ တစ်ခုခုများဖြစ်လို့လား”
“ဂြိုလ်သားအများစုက ကမ္ဘာမြေကို ကျူးကျော်လာကြပြီ။ သိပ်မကြာခင် ရှန်ဟိုင်းမြို့ ပြိုလဲတော့မှာမို့ အဖေတို့ကို လာခေါ်တာ”
ဤသည်ကိုကြားသောအခါ လင်းယန်ရှန်နှင့် ကျန်းဝမ်ရှင်းတို့ နှစ်ဦးလုံး၏ မျက်နှာများက အနည်းငယ် ပြောင်းလဲသွားသည်။ မပြောင်းလဲသည့် တစ်ဦးတည်းသောသူမှာ ကျန်းဝမ်ရှင်းဖြစ်ကာ လင်းကျီယင်းကို သူမ လက်ထဲတွင် ချီထားသည်။ လတ်တလောတွင် ကလေးမလေးက မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် အိပ်ကာ လက်မကိုသာ စို့လျက် မျက်လုံးဝိုင်းကြီးများဖြင့် ဘေးပတ်ပတ်လည်ကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။
"မေမေ၊ ဖေဖေ ကျွန်တော်တို့ အခု သွားကြမယ်”
ဝင်ပေါက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားသောအခါ လင်းဇီချန်က မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ သူ့မိဘများနှင့် ညီမငယ်တို့နှင့်အတူ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကျန်းဝမ်ရှင်းသည် ချက်ချင်းပင် သူမ၏ တန်ဖိုးကြီး သမီးဖြစ်သူကို လင်းဇီချန်ကိုပေး၍ ပြောလိုက်သည်။
“သား ညီမလေးကို ခဏလောက်ခေါ်ထား။ သားဖေနဲ့ မေမေ ခရီးဆောင်အိတ်လေး ထုတ်လိုက်ဦးမယ်”
လင်းဇီချန်က ညီမဖြစ်သူကို ခေါ်၍ ပြောလိုက်သည်။
“မေမေတို့ အထုတ်ထုပ်စရာမလိုပါဘူး။ သားကိုင်တွယ်လိုက်မယ်”
ဤသို့ပြောပြီးသည်နှင့် အိမ်တွင်ရှိသော ပစ္စည်းအားလုံးကို သူ၏ သိုလှောင်ရေးနေရာလွတ်တွင် ချက်ချင်းသိမ်းဆည်းလိုက်သည်။ လင်းယန်ရှန်နှင့် ကျန်းဝမ်ရှင်းတို့သည် ထိုသို့သော အံ့ဖွယ်မြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် အမြင်မှားနေသည်ဟုထင်ကာ ခဏမျှ မျက်လုံးများ ပြူးကျယ်သွားကြသည်။ လင်းဇီချန်က မိဘများကို အများအပြားရှင်းပြမနေတော့ဘဲ ညီမဖြစ်သူ လင်းဇီယင်းကို ဘေးအိမ်သို့ အမြန်ခေါ်သွားကာ ရှန်ချင်းဟန်အတွက် ပစ္စည်းများထုတ်ပိုးပေးခဲ့သည်။
ထိုအရာများအားလုံး လုပ်ပြီးသည်နှင့် ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့သည် အာကာသထဲသို့ ပျံတက်သွားကာ
Telekinesis နည်းစနစ်ကို အသုံးပြု၍ မြို့တော်ဆီသို့ ၎င်းတို့၏ မိသားစုများနှင့်အတူ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းခဲ့သည်။ မြို့တော်သည် ကျို့ကျုံး မြို့တော်ဖြစ်ကာ ကျို့ကျုံးတစ်ခွင်လုံးတွင် သာမက ကမ္ဘာတစ်ခွင်လုံး၌ပင် အကောင်းဆုံးခိုလှုံရာဖြစ်သည်။ ထို့ကြောင့် မိဘများကို ထိုနေရာ၌ နေရာချထားခြင်းသည် ပို၍ စိတ်ချရသည်။ ကောင်းကင်မြင့်ထက်တွင် လင်းဇီချန်နှင့်် ရှန်ချင်းဟန်တို့၏ ပျံသန်းမှုအမြန်နှုန်းသည် အလွန် လျင်မြန်လှသည်။ မီးပွားများက ၎င်းတို့ ဖြတ်သန်းရာနေရာတိုင်း လေထုတစ်ခွင် ပွတ်တိုက်ပျံ့နှံ့သွားခဲ့သည်။
သာမန်အခြေအနေမျိုးတွင် ၎င်းတို့၏ မိသားစုဝင်များသည် သာမန်လူများဖြစ်သည့်အတိုင်း မြန်နှုန်းမြင့် ပျံသန်းခြင်းကို မခံနိုင်ကြပေ။ သို့သော် ထိုအချိန်တွင် ၎င်းတို့အားလုံးကို သွေးစွမ်းအင်အလွှာပါးတစ်ခုဖြင့် ကာကွယ်ပေးထားသည်။ ယင်းက ၎င်းတို့၏ ခန္ဓာကိုယ်များကို ကောင်းမွန်စွာ ကာကွယ်ပေးသည့် သွေးစွမ်းအင်အလွှာဖြစ်ကာ မြန်နှုန်းမြင့် ပျံသန်းခြင်းကို ခံနိုင်ရည်ရှိစေသည်။
“ရီး.. ယား… ယာ့… အား… ယီး… ယား…အား”
ငယ်ရွယ်သော လင်းဇီယင်းသည် နှင်းကဲ့သို့ စွတ်စွတ်ဖြူနေသော တိမ်တိုက်များနှင့်အတူ အောက်ဘက်ရှိ ရှု့ခင်းကိုကြည့်၍ စိတ်လှုပ်ရှားစွာ စကားဆေက်ပြောနေကာ သူမ၏ မျက်လုံးကြီးများသည် လခြမ်းကွေးကြီးများကဲ့သို့ ကျဥ်းသွားလျက် အလွန်ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ မကြာခင်၌ပင် မည်သည့်အတားအဆီးမျှ မရှိဘဲ အဆင်ပြေ ချောမွေ့စွာဖြင့် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ၎င်းတို့၏ မိသားစုဝင်များကို မြို့တော်တွင် အခြေကျစေခဲ့သည်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့၏အမည်များသည် မြို့တော်ရှိ အထက်တန်းရာထူးကြီးသူများကြား လူသိများသည်။ ထို့ကြောင့် ၎င်းတို့ဆီမှ ရိုးရှင်းသော စကားတစ်ခွန်းဖြင့် မိသားစုဝင်များကို မြို့တော်တွင် ခိုလှုံနိုင်စေရန် မည်သည့်နည်းလမ်းမျှ မလိုအပ်ဘဲ စီစဥ်ပေးနိုင်သည်။ နှိုင်းယှဥ်ကြည့်ပါက ကျိုတိုတက္ကသိုလ်၏ ဥက္ကဠပင်လျှင် မိသားစုအတွက် နေရာတစ်ခုရရှိရန်
အမျိုးမျိုးသော လုပ်ငန်းစဉ်များကို ဖြတ်သန်းရန် လိုအပ်သည်။
မိသားစုဝင်များကိုအခြေချပေးပြီးနောက် လင်းဇီချန်သည် ခိုလှုံရာနေရာ၌ အချိန်ဆွဲမနေခဲ့ပေ။ သူသည် မြို့တော်ရှိ သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းသုံးခုကို စစ်ဆေးရန် ရှန်ချင်းဟန်ကို အမြန်ခေါ်သွားခဲ့သည်။
ခဏတာအတွင်းတွင် ၎င်းတို့နှစ်ဦးလုံးက သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းသုံးခုကို စစ်ဆေးခဲ့သည်။ စစ်သားများသည် ဂိတ်ပေါက်တစ်ခုစီတွင် တပ်စွဲထားကာ မည်သည့်အချိန်တွင်မဆို ပစ်ခတ်ရန် အသင့်ဖြစ်နေကြသည်။ သို့သော် လမ်းကြောင်းများအတွင်းတွင်မူ မူလမြေမှ ဂြိုလ်သားမျိုးနွယ်များ ဖောက်ဖျက်ခံရသည့် အရိပ်အယောင်မျှ မရှိဘဲ တိတ်ဆိတ်နေသည်။
လင်းဇီချန်သည် ရှန်ချင်းဟန်ကို ခေါ်ဆောင်ကာ အခြားနေရာများရှိ သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းများကို စစ်ဆေးရန် မြို့တော်မှ ထွက်ခွာလာခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဒါဇင်ကျော်ကို ဆက်တိုက်စစ်ဆေးသည့်တိုင် လမ်းများအတွင်း၌ အားလုံး တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။
၎င်းတို့၏စစ်ဆေးမှုများလုပ်ဆောင်ပြီးနောက်၊ ဝင်ပေါက် ၃၆ တစ်ခုတည်းကိုသာ မူလမြေမှ ဂြိုလ်သားများက ချိုးဖျက်ဝင်ရောက်ခဲ့သည်ကို တွေ့ခဲ့ရသည်။
သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းတစ်ခုတည်းကို ဖောက်ရန်အတွက် ၎င်းတို့၏ အင်အားများကို စုစည်းထားခြင်းဖြစ်နိုင်သလား။
ဒါပေမယ့် ဘာလို့ ကမ္ဘာမြေပေါ်မှာ သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းတွေအများကြီးရှိတဲ့ထဲက ဝင်ပေါက် ၃၆ကို ရွေးတာလဲ။
ဝင်ပေါက် ၃၆က ရှန်ဟိုင်းမြို့မှာရှိတာ… ဟန်ဟန်က ရှန်ဟိုင်းမှာ မွေးတာကြောင့်ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ရေနတ်ဘုရားက ဒြပ်စင်ငါးခုကို ရှန်ဟိုင်းမှာ ဖွက်ထားမယ်လို့ သစ်သားနတ်ဘုရားက သံသယဝင်နေတာဖြစ်မယ်။
လင်းဇီချန်သည် ဤအကြောင်းကြောင့် ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။
မဟုတ်ပါက၊ သစ်သားနတ်ဘုရားသည် ဤမျှလောက်များသော သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းများကို လျစ်လျူရှု့ကာ ဝင်ပေါက် ၃၆ တစ်ခုတည်းကို ဖောက်ဖျက်ရန် အာရုံစိုက်ရန် အကြောင်းပြချက်မရှိပေ။
"ဇီချန် ငါတို့ ဘယ်သွားမလဲ၊ ရှန်ဟိုင်းမြို့ကို ပြန်ကြမလား"
"ဟုတ်တယ်၊ ရှန်ဟိုင်းမြို့ကို ပြန်ကြမယ်။ ကို ရှေးဘိုးဘေးအဆင့်ကျွမ်းကျင်သူဖြစ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာ။ ပြီးတော့ ကို့ ဆင့်ကဲဖြစ်စဥ်ကို အထောက်အပံ့ဖြစ်ကောင် ဂြိုလ်သားတွေကို ဝါးမြိုပစ်ရမယ်”
******