← Chapters

တကယ်တော့ ငါက ခပ်လျှိုလျှိုလေးပဲ နေချင်ခဲ့တာ

Vol. 19 Ch. 278

တကယ်တော့ ငါက ခပ်လျှိုလျှိုလေးပဲ နေချင်ခဲ့တာ

Vol. 19 Ch. 278

"ဟားဟားဟားဟား… ဒီလောက်လုပ်နိုင်စွမ်းရှိတာ ဘယ်သူပါလိမ့်လို့ ငါတွေးနေတာ။ ဥက္ကဋ္ဌကျန်း ဖြစ်နေတာပဲ။ ဒါဆို သူ့အတွက်တော့ ဒါက အခြေခံလှုပ်ရှားမှုလေးတစ်ခုပါ။ အားလုံးပဲ မြန်မြန်ထိုင်ကြဟေ့"

"ဝိုး.. မီးရှူးမီးပန်းပြပွဲတစ်ခုအတွက် သန်းငါးရာတောင်သုံးတယ်တဲ့။ အထင်ကြီးဖို့ကောင်းလိုက်တာ"

"ဥက္ကဋ္ဌကျန်းက သန်းငါးရာကို ငါးဒေါ်လာလိုမျိုးသုံးနေတာပဲ။ ဘယ်သူတွေက ဘာမဟုတ်တာလေးကို လာငြင်းခုံနေသေးတာလဲ။ ဒါက သူ ကြိုးကြိုးစားစားရှာထားတဲ့ ပိုက်ဆံလေ။ သူသုံးချင်သလို သုံးလို့ရတာပဲ။ မင်းတို့နဲ့ ဘာဆိုင်တုန်း"

"အမှန်ပဲ။ ကိုယ်ကျင့်တရားနဲ့ သူ့ကိုထောင်ဖမ်းဦးမလို့လား။ မင်းတို့ အဲလောက်ချမ်းသာနေတယ်ဆိုရင် မင်းတို့လှူတာလည်း ငါ မမြင်ဖူးပါလား"

ကျန်းမုန့်လောင်၏ ပရိသတ်များကလည်း သူ့ဘက်က ချက်ချင်းရပ်တည်ပေးခဲ့ကြသည်။

"အာ.. လူမှုအဖွဲ့အစည်းကြီး ပျက်စီးနေပြီလားမသိပါဘူး။ ဒီနေ့ခေတ်မှာ လူတွေက ငွေကိုပဲ ကိုးကွယ်နေကြတော့တာ။ တကယ့်ကိုဝမ်းနည်းစရာပဲ"

"စွမ်းအားကြီးလေလေ ပိုတာဝန်ရှိလေလေပဲ။ ဒီနေ့ခေတ်လူငယ်တွေ ဒါကို နားမလည်ပါဘူး။ သန်းငါးရာကို ဒီလိုမျက်စိနောက်စရာကောင်းတဲ့အရာတွေမှာ သုံးမဲ့အစား တိုင်းပြည်နဲ့လူမျိုးအတွက် အထောက်အကူဖြစ်စေမဲ့နေရာတွေမှာ သုံးရင် ပိုကောင်းတာပေါ့"

"ဘယ်လိုပဲဖြစ်ဖြစ် သူက အရင်းရှင်တစ်ယောက်လေ။ သူတို့လို လူတွေဆီက ကြီးကြယ်မြင့်မြတ်မှုကို ဘယ်မှာသွားမျှော်လင့်လို့ရနိုင်မှာလဲ"

မိုးရွာပြီးနောက် တစ်ခုပြီးတစ်ခု ပေါက်လာသည့် မှိုများအလား မားကတ်တင်းအကောင့်များကလည်း သူတို့ ဘာပြောသလဲဆိုသည်ကို နည်းနည်းမျှဂရုမထားပေ။ သူတို့က မီးမွှေးပြီး ကိစ္စကြီးအောင်လုပ်ကာ ငွေရှာနိုင်ရန်သာ အာရုံရှိကြသည်။ အခြားအရာများမှာမူ အရေးမကြီးပေ။

သို့သော် သူတို့စကားများက အလွန်လှုံ့ဆော်နိုင်စွမ်းရှိသည်။ မီးရှူးမီးပန်းများအတွက်နှင့် သန်းဂဏန်းအနည်းငယ်မျှသာ သုံးသောလူတစ်ယောက်ကို လူအများက အာရုံစိုက်မည်မဟုတ်။

သို့သော် ဤပမာဏမှာ သန်းငါးရာပင်။ ဤကမ္ဘာပေါ်ရှိ လူပေါင်း၉၉ရာခိုင်နှုန်းအတွက်တော့ ဤပမာဏက အလွန်များပြားလှ၏။ မီလျံနာတစ်ယောက်က သန်းဂဏန်းအနည်းငယ်ထုတ်သုံးသည်ကို သူတို့ နားလည်နိုင်သော်ငြား သန်းငါးရာကို သာမန်ကာလျှံကာထုတ်သုံးနိုင်သူမှာ မည်သို့သောလူစားမျိုးလဲဆိုသည်ကိုမူ သူတို့ မယုံကြည်နိုင်လောက်အောင် ဖြစ်မိသည်။

သူတို့မျက်လုံးထဲတွင် လူတစ်ယောက်က ထိုသို့လုပ်နိုင်စွမ်းရှိပါလျှင် လူမှုအသိုင်းအဝိုင်းအတွက်လည်း ပိုတာဝန်ယူရမည်ဖြစ်၏။

မကြာခင်မှာပင် သန်းငါးရာတန်မီးရှူးမီးပန်းများနှင့် ပတ်သက်သည့် သတင်းက ယခုနှစ်သစ်ကူးဂါလာပွဲတော်ကိုပင် ကျော်တက်သွားခဲ့သည်။

"မုန့်လောင်.. နင်အဆင်ပြေရဲ့လား"

ချန်းချိုးယိနှင့် ရှင်းကျယ်တို့က ကျန်းမုန့်လောင်ကို စိုးရိမ်ပူပန်စွာ ကြည့်နေကြသည်။ အွန်လိုင်းပေါ်ရှိ အချင်းများမှုက ပိုမိုပြင်းထန်လာသဖြင့် ဤဖြစ်ရပ်က ကျန်းမုန့်လောင်ထံတွင် သက်ရောက်မှုဖြစ်သွားမည်ကို သူတို့ ကြောက်ရွံ့နေကြသည်။

တကယ်တမ်းတွင် ဤကိစ္စက သူတို့အတွက်တော့ ကြီးမားလှသည့်ကိစ္စတစ်ခုမဟုတ်ပေ။ သို့သော် ကျန်းမုန့်လောင်က ဤမီးရှူးမီးပန်းပြပွဲကို သူတို့ဆက်ဆံရေးတိုးတက်မှုအတွက် ဂုဏ်ပြုသည့်အနေနှင့် ဖောက်ပေးသည်ဟု ပြောထားသည့်အတွက် ဤအဖြစ်ကို သူတို့နှင့် မဆိုင်သလို မနေနိုင်ချေ။

"ဒီမားကတ်တင်းအကောင့်တွေက မီးမွှေးတဲ့နေရာမှာ တကယ်တော်တာပဲ"

ကျန်းမုန့်လောင်က သူ့နို့လက်ဖက်ရည်ကို သောက်လိုက်ပြီးနောက် ကောင်းကင်ထက်တွင် အဆက်မပြတ်ပေါက်ကွဲနေသော မီးရှူးမီးပန်းများကို ငေးကြည့်နေသည်။ သူ့မျက်နှာထက်တွင်မူ စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိ။

"ကြွယ်ဝချမ်းသာမှုကို မနာလိုဖြစ်တာလေ။ ငါနားလည်ပါတယ်"

ကျန်းမုန့်လောင် လှောင်ပြုံးပြုံးလျက် ပြောလိုက်၏။ လူအများစုအတွက်တော့ သူတို့ထက် နိမ့်ကျသူတစ်ယောက်ကို မြင်ပါက စာနာသနားစိတ်ဖြစ်တတ်ကြသော်ငြား သူတို့ထက်သာလွန်သူများကို မြင်ရပါကမူ အားကျမနာလိုမှု သို့မဟုတ် မကျေနပ်မှုများ ဖြစ်ပေါ်တတ်သည်။ ဤသည်မှာ လူ့သဘာဝ၏ ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာတစ်ခုပင်။

"ငါလည်း ဒီလောက်အထိ ပေါ်ပေါ်ထင်ထင်မနေချင်ပါဘူး။ ဒါပေမဲ့ သူတို့က ငါ့ကိုလာဖိအားပေးနေတော့လည်း မတတ်နိုင်ဘူးပေါ့"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းလျက် သူ့ဖုန်းကိုထုတ်ကာ စတင်လှုပ်ရှားလေတော့သည်။

"နင် ဘာလုပ်နေတာလဲ"

ကျန်းမုန့်လောင်တစ်ယောက် သူ့ဖုန်းနှင့် အလုပ်များနေချိန် ကျန်သုံးယောက်ကတော့ သိချင်စိတ်ပြင်းပြစွာဖြင့် စောင့်ကြည့်နေကြသည်။

"ဘာရယ်မဟုတ်ပါဘူး။ သူတို့ကို အမှန်တရားနဲ့ ပါးဖြတ်ရိုက်မလို့လေ"

ကျန်းမုန့်လောင်က ရယ်ကာမောကာ ဆိုလိုက်သည်။

"ပထမဆုံးအနေနဲ့ မင်းတို့ပြောနေတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ပြောမယ်။ ဒါကဒီမီးရှူးမီးပန်းအသုတ်အတွက် သီးသန့်မှာထားတဲ့အော်ဒါပဲ"

ကျန်းမုန့်လောင်က ဝေးပေါ်တွင် စခရင်ရှော့များစွာ တင်လိုက်လေသည်။

ကျန်းမုန့်လောင်၏ မီးရှူးမီးပန်းများက "ဟွာရှားကျောက်စိမ်း"ဖြစ်သော်လည်း ဤတစ်သုတ်၏လက်ရာမှာမူ ကွဲပြားသည်။ ဤအရာကို သမားရိုးကျယမ်းမှုန့်နှင့် ဆာလဖာများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ပါဘဲ ဆာလဖာမပါသော မီးရှူးမီးပန်းကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားပေသည်။

"ဆာလဖာမပါတဲ့ မီးရှူးမီးပန်းကုန်ကြမ်းပစ္စည်းတဲ့လား။ အဲဒါက ဘာလဲ"

"ငါ ဒီအကြောင်းကြားဖူးတယ်ထင်တာပဲ။ အဲဒါက လေထုညစ်ညမ်းမှုကင်းစင်တဲ့ မီးရှူးမီးပန်းတွေကို ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ကုန်ကြမ်းပစ္စည်းလေ"

"အဲလိုပစ္စည်းမျိုးလည်းရှိတာလား။ ဒီတော့ မင်းပြောတဲ့အဓိပ္ပာယ်က တန်ပေါင်းရာဂဏန်းလောက်ရှိတဲ့ ဒီမီးရှူးမီးပန်းတွေက ဘာလေထုညစ်ညမ်းမှုမှ မဖြစ်စေဘူးပေါ့"

"အဲ့လိုပြောလို့မရဘူးလေ။ ကမ္ဘာပေါ်က ဘယ်အရာကမှ လုံးဝသန့်စင်တယ်လို့ မရှိဘူး။ ဒါပေမဲ့ သူတို့ကတစ်ဆင့် ဖြစ်ပေါ်နိုင်တဲ့ လေထုညစ်ညမ်းမှုက အလွန်ဆုံးရှိလှ အန္တရာယ်ရှိတဲ့ပစ္စည်းကီလိုဂရမ်နည်းနည်းလောက် မီးလောင်ရာကတစ်ဆင့် ဖြစ်လာတဲ့ လေထုညစ်ညမ်းမှုနဲ့ ညီမျှတယ်။ နှစ်သစ်ကူးပွဲတော်မှာဖောက်တဲ့ မီးရှူးမီးပန်းအများကြီးက အဲဒီကီလိုဂရမ်နည်းနည်းကိုတော့ ကျော်တယ်မလား"

"ကျစ် ကျစ် ကျစ်.. ဥက္ကဋ္ဌကျန်း ပီသပါပေတယ်။ ဒီလိုဖြစ်မယ်ဆိုတာကို သူ အစောကတည်းက ကြိုသိထားတယ်ဆိုတာ ငါလောင်းရဲတယ်"

"ငါ့ကောင်တို့… ငါ ဒီမှာပဲချပြလိုက်တော့မယ်။ ဒီကုန်ကြမ်းပစ္စည်းရဲ့ ဈေးနှုန်းကိုလည်း ကြည့်လိုက်ကြဦး"

"ဆယ်ဆတောင်။ ဆာလဇာမပါတဲ့ မီးရှူးမီးပန်းကုန်ကြမ်းပစ္စည်းရဲ့ ကုန်ကျစရိတ်က သာမန်မီးရှူးမီးပန်းကုန်ကြမ်းပစ္စည်းတွေထက် ဆယ်ဆပိုများတာပဲ"

"သေစမ်း။ ဒါဆို ဒီ"ဟွာရှားကျောက်စိမ်း"အသုတ်က သန်းငါးရာမကဘူးဆိုတဲ့ သဘောလား။ သောက်ကျိုးနည်း၅ဘီလီယံပေါ့"

"ဟားဟားဟား… သောက်ကျိုးနည်း ကြမ်းလိုက်တာဟေ့"

"ဟွာရှားက ဘယ်လုပ်ငန်းရှင်မှာများ ငါးဘီလီယံကို ငွေသားနဲ့ရှိလို့လဲ။ ငါ ဒီအတွက် လိုက်ခ်လေးတစ်ခုလောက် ရနိုင်မလား"

"ဟယ်လို အားလုံးပဲ။ ငါက ဘီလ်ဂိတ်ပါ။ ငါတော့ အိမ်သာထဲမှာ မေ့လဲနေပါပြီ"

"ဟယ်လို အားလုံးပဲ။ ငါက မာဟွားပါ။ အခု ငါ လမ်းပေါ်မှာ တောင်းစားနေရပါပြီ"

"ဟယ်လို အားလုံးပဲ။ ငါကတော့ မာယွင်ပါ။ ငါ့ကိုယ်ငါ လုံးဝငတုံးတစ်ယောက်လို ခံစားမိတယ်"

"အခု ပတ်ဝန်းကျင်ညစ်ညမ်းမှုအကြောင်း ဆက်ပြောကြဦးလေ။ မျက်နှာဖြတ်ရိုက်ခံလိုက်ရပြီမလား"

"အခုလေးတင် ဥက္ကဋ္ဌကျန်းက "ပထမဆုံးအနေနဲ့"လို့ ပြောသွားတယ်နော်။ ဒီတော့ နောက်ထပ်သတင်းတွေလည်း လာဦးမယ်ဆိုတဲ့သဘောပေါ့"

"အဆင်သင့်ဖြစ်နေပါပြီ"

ပွဲကြည့်သူများက စိတ်အားထက်သန်စွာဖြင့် ဝေးပေါ်ကို သည်းကြီးမည်းကြီး အထက်အောက်ဆွဲကာ ဒရမ်မာများထပ်လာဖို့ မျှော်လင့်နေကြ၏။

သို့သော် ကျန်းမုန့်လောင်ထံမှ သူတို့ ဘာမှမကြားရခင်မှာပင် ကျန်းနန်သမိုင်းအမွေအနှစ်ပြတိုက်မှ သတင်းတစ်ခု ထုတ်ပြန်လာပေသည်။

ကျန်းနန်မြို့ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်ပြတိုက် : မစ္စတာကျန်း မီးရှူးမီးပန်းအတွက် သန်းငါးရာသုံးပေမဲ့ လူ့အဖွဲ့အစည်းအတွက် ဘာမှအကျိုးမပြုထားဘူးလို့ ပြောနေကြတာကို ကျုပ်တွေ့လိုက်တယ်။ ကျုပ်ပြောချင်တာက မစ္စတာကျန်း ဘာလုပ်ပေးထားလဲဆိုတာ မင်းတို့ တစ်ခုမှမသိကြဘူး"

ထို့နောက် ပြတိုက်ဘက်က လေလံပွဲမှတစ်ဆင့် ကျန်းမုန့်လောင် ယူလာပေးခဲ့သော နိုင်ငံတော်ရတနာဆယ်ခုနီးပါးအကြောင်း ပို့စ်တင်လိုက်လေသည်။

"ဒါက ဒဏ္ဍာရီလာဧကရာဇ်ကျောက်စိမ်းတံဆိပ်လား"

"ဘုရားရေ.. အဲဒါက ပျောက်သွားတာ နှစ်ပေါင်းရာချီနေပြီမဟုတ်ဘူးလား။ ပြန်ပေါ်လာတာလား။ ဥက္ကဋ္ဌကျန်းက အဲဒါကိုရှာထားတာလား"

"ပညာရှင်တွေကတော့ အဲဒါကို အဖိုးမဖြတ်နိုင်ဘူးလို့ပြောကြတယ်။ ဟွာရှားယွမ်ငွေဆယ်ဘီလီယံပေးရင်တောင် အဲဒါကိုမရနိုင်ဘူးတဲ့"

"ပြီးတော့ ဒါက ဧကရာဇ်ချင်းလုံရဲ့ ကိုယ်ပိုင်ဓားပဲ။ နှစ်ပေါင်းတစ်ရာကျော်လောက် ပျောက်ဆုံးနေတဲ့ နောက်ထပ်ရတနာတစ်ခုပဲ"

"လန်တင်းကျမ်းစာပဲ။ ဒါက သောက်ကျိုးနည်းလန်တင်းကျမ်းစာပဲ"

နောက်ဆုံးသားရဲခေါင်း"

"အမလေး..ဒီပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးက ဟွာရှားယွမ်ငွေဆယ်ဘီလီယံကျော်မယ်ထင်တယ်နော်"

"အဲဒီထက်တောင် ပိုသေးတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင်တောင် အပိုပြောနေတာမဟုတ်ဘူး။ ဒါတွေက နိုင်ငံ့ရတနာတွေ။ တကယ့်ကိုအဖိုးမဖြတ်နိုင်တာ"

"မစ္စတာကျန်းက ဒီပစ္စည်းတွေအကုန်လုံးကို နိုင်ငံခြားက စုဆောင်းထားတာလား"

"ကျန်းနန်မြို့သမိုင်းဝင်ပြတိုက်ကြီးက မစ္စတာကျန်း ရန်ပုံငွေထုတ်ပေးထားတဲ့ အဆောက်အအုံအသစ်ကြီးလို့ ပြောကြတယ်"

သို့သော် ထိုထုတ်ဖော်ပြောကြားချက်၏ ထိတ်လန့်မှုကား မပြယ်သေးပေ။

ဟွာရှားကြက်ခြေနီအသင်း၏ တရားဝင်ဝေးပေါ်ကလည်း ကျန်းမုန့်လောင် ဟွာရှားယွမ်ငွေ၂ဘီလီယံလှူထားသည့် ဖြတ်ပိုင်းကို ပို့စ်တင်လိုက်သည်။

ဟွာရှားမသန်စွမ်းသူများကာကွယ်ရေးအသင်းကလည်း ကျန်းမုန့်လောင် ယွမ်၂ဘီလီယံလှူထားသော ဖြတ်ပိုင်းကို တင်လိုက်၏။

ဟွာရှားကလေးသူငယ်လူမှုဖူလုံရေးအသင်းကလည်း ကျန်းမုန့်လောင် ၂ဘီလီယံလှူထားသည့် ဖြတ်ပိုင်းတစ်ခုကို ပို့စ်တင်လာချေသည်။

...

"ထိပ်တန်းအဖွဲ့အစည်းကြီးတွေတိုင်းကို ၂ဘီလီယံလှူထားတာလား"

"ခုနက လှောင်နေတဲ့လူတွေ အခုချက်ချင်းထွက်လာပြီး အရိုက်ခံစမ်း"

"လေးစားကြ။ လေးစားကြ။ ဆက်ကိုက်မနေနဲ့"

"ဒီတိုက်ပွဲမှာ ဥက္ကဋ္ဌကျန်း လုံးဝနိုင်သွားပါပြီ"

"မုန်းတီးသူတွေက ဥက္ကဋ္ဌကျန်းရဲ့ဂုဏ်သိက္ခာကို ချနင်းချင်ခဲ့ကြပေမဲ့ သူကတော့ မင်းတို့ကို အဖတ်လုပ်နေမှာမဟုတ်ဘူး။ သူက ငွေနဲ့ပဲ အဆုံးအဖြတ်ပေးမှာ။ ဘယ်လောက်တောင်မွန်းကျပ်ဖို့ကောင်းလိုက်မလဲ"

...

"နင် ဒါတွေအကုန်လုံးကို ဘယ်တုန်းကလုပ်လိုက်တာလဲ"

လုရီယောင်က ကျန်းမုန့်လောင်ကို မေးလိုက်၏။

"သုန်းကျီမြို့ကို မလာခင်တစ်ရက်လောက်က"

ကျန်းမုန့်လောင်က ပြောသည်။ သူ့တွင် လစဉ်အလှူငွေခွင့်ပြုမိန့်ပမာဏ အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံရှိကြောင်း သိလိုက်ရစဉ်က ဟွာရှားရှိ အကြီးဆုံးအဖွဲ့အစည်းများထံသို့ လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့သည်။

သူက ခပ်လျှိုလျှိုနေရန် ရည်ရွယ်ထားသော်လည်း အရာအားလုံးကို ထုတ်ဖော်ရန် တွန်းအားပေးခံခဲ့ရသဖြင့် သူလည်း မတတ်နိုင်ပေ။

"အာ"

ထိုအချိန်မှာပင် မဝေးလှသောနေရာတစ်ခုဆီကလာသော ထိတ်လန့်တကြားအော်ဟစ်သံများက လူအများအပြား၏အာရုံကို ဆွဲဆောင်လိုက်လေသည်။

"ဘာဖြစ်တာလဲ"

ကျန်းမုန့်လောင် အံ့ဩသွားလေသည်။ ထိုတည်နေရာဘက်တွင် အခိုးအငွေ့တစ်လွှာရှိနေပြီး လူပေါင်းဒါဇင်လောက်ကလည်း ဆွဲဆွဲငင်ငင်အော်ဟစ်ရင်း မြေကြီးပေါ်တွင်လဲနေကြသည်။ တစ်ချက်တစ်ချက် မီးထတောက်နေသည်ကိုပင် မြင်နိုင်လေသည်။

"မီးရှူးပန်း ပေါက်ကွဲသွားပြီ။ ကယ်ကြပါဦး။ ၁၂၀ကို မြန်မြန်ဖုန်းဆက်လိုက်"

"ကယ်ပါဦး။ မြန်မြန်လေး ကျွန်တော်တို့ကိုကယ်ကြပါဦး"

**********

All Chapters