မင်းတို့တွေ ရန်ပုံငွေပဒေသာပင်ထောင်လိုက်ကြပါလား
Vol. 19 Ch. 282
"ဘော့စ်ကျန်း ထွက်လာပြီဟေ့။ ဘော့စ်ကျန်းထွက်လာပြီ"
"သောက်ကျိုးနည်း.. ဒီတော့ ကားနတ်ဘုရားက ဘော့စ်ကျန်းရဲ့သူငယ်ချင်းပေါ့။ တူရာတူရာစုတယ်ဆိုတဲ့ စကားအတိုင်းပဲ။ မိမိုက်တဲ့လူတွေက မိမိုက်တဲ့လူတွေနဲ့ပဲ တွဲကြတာကိုး"
"ဘော့စ်ကျန်းရဲ့သူငယ်ချင်းလား။ ဘော့စ်ကျန်းက သက်သက်ဟန်ဆောင်နေတယ်လို့ ငါသံသယဖြစ်မိတယ်နော်"
"ဟားဟားဟား.. ဘော့စ်ကျန်း ကားနတ်ဘုရားက ခင်ဗျားပါလို့ပြောချင်နေတာလား"
"မင်္ဂလာပါ အားလုံးပဲ။ ကျွန်တော်က ကျန်းမုန့်လောင်ရဲ့ယာဉ်မောင်းနည်းပြဟောင်းပါ။ သူက ဘာသာရပ်၁ကို တစ်ခါတည်းတန်းအောင်ခဲ့ပေမဲ့ ဘာသာရပ်၂ကို တစ်ခါကျပြီး ဘာသာရပ်သုံးကို နှစ်ခါကျခဲ့ပါတယ်။ သူက ကားနတ်ဘုရားမဟုတ်ဘူးဆိုတာ သေချာပေါက်ပြောရဲပါတယ်"
"ဟားဟားဟား ဘော့စ်ကျန်းရဲ့ယာဉ်မောင်းနည်းပြကတောင် ရှေ့ထွက်ပြီး ပြောလာပြီ။ ဒါဆို ဘော့စ်ကျန်းက ကားနတ်ဘုရားမဟုတ်ဘူးဆိုတာ ငါယုံလိုက်ပြီ"
"ဟားဟားဟား ဘော့စ်ကျန်းလို ချမ်းသာပြီး အစွမ်းအစရှိတဲ့လူတောင် ယာဉ်မောင်းစာမေးပွဲကို ခဏခဏပြန်ဖြေခဲ့ရသေးတာပဲ။ ဒေါ်လာတစ်သိန်းပေးပြီး လိုင်စင်ယူတယ်ဆိုတာ လုံးဝအလိမ်အညာတွေပဲ"
...
"ဟားဟားဟား ကျန်းမုန့်လောင် မင်းက ဘာသာရပ်နှစ်နဲ့သုံးကို ကျခဲ့သေးတာပေါ့"
ဝမ်လင်က ကျန်းမုန့်လောင်ကို မျက်နှာချင်းဆိုင်လှောင်ပြောင်နေသည်။
"သေလိုက်လေ။ မင်းက ဘာရယ်တာလဲ။ အဲဒီတုန်းက ငါ အာရုံမစိုက်ခဲ့မိရုံပဲ။ အဲလိုမှမဟုတ်ရင် ငါ ကားနတ်ဘုရားဖြစ်နေလောက်ပြီ"
ကျန်းမုန့်လောင်ကလည်း အခိုင်အမာငြင်းဆန်လိုက်သည်။
"မင်း ကားနတ်ဘုရားနဲ့ တကယ်သိတာလား"
ဝမ်လင်က ဆက်မေးနေချေသည်။
"သိတယ်"
ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလေသည်။
"ငါတို့က မွေးရပ်မြေချင်းတူတယ်လေ။ သူက အခု ကျန်းနန်မှာ အခြေကျနေတာ။ တစ်နေ့ကတောင် ငါတို့ ညစာအတူစားခဲ့ကြသေးတယ်။ ဟုတ်တယ်မလား ရီရီ"
"ဟုတ်တယ်"
လုရီယောင်က ခပ်ကျိတ်ကျိတ်ရယ်ရင်း ခေါင်းညိတ်ပြသည်။ ကျန်းမုန့်လောင် သရုပ်ဆောင်နေချိန်မျိုးဆိုလျှင် သူ(မ)ကလည်း သူ့ချစ်သူဖြစ်နေသည့်အတွက် အမြဲလိုက်ပါသရုပ်ဆောင်ပေးရသည်။
"ကားနတ်ဘုရားက ကျန်းနန်မြို့မှာပေါ့"
ဝမ်လင် စိတ်လှုပ်ရှားသွားလေသည်။
"သူဘယ်မှာလဲဆိုတာ ငါ့ကိုပြောစမ်းပါ။ ငါ သူ့ကိုချက်ချင်းသွားရှာလိုက်မယ်"
"သူ မင်းနဲ့တွေ့မှာမဟုတ်ဘူး"
ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်သည်။
"အမေရိကန်ဒေါ်လာတစ်သန်းလောက်နဲ့ သူတောင်းစားကို စွန့်ကြဲမလို့လား"
"ဒါက…"
ဝမ်လင့်ခမျာ ဘာပြောရမှန်း မသိတော့ပေ။
အမေရိကန်ဒေါ်လာတစ်သန်းဆိုသည်မှာ စင်စစ်များလှသော ပမာဏတစ်ခုပင်။ ဤကားနတ်ဘုရားများက သန်းကြွယ်သူဌေးကြီးများ မဟုတ်ကြပေ။ နိုင်ငံတကာပြိုင်ပွဲများတွင်ပင် ချန်ပီယံအတွက် ဆုကြေးငွေက သန်းဂဏန်းရောက်ရုံမျှသာ။
သို့သော် ကားမောင်းပြိုင်ခြင်းဆိုသည်မှာ ငွေကုန်ကြေးကျများသော အလုပ်တစ်ခုပင်။
ထိုကားနတ်ဘုရားများ၏ ပြိုင်ကားများကို သူတို့ကိုယ်တိုင် ပြင်ဆင်မွမ်းမံထားခြင်းဖြစ်၏။ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်း၊ ပါရာမီတာတစ်ခုချင်းစီတိုင်းမှာ သူတို့၏သွေး၊ချွေးနှင့် မျက်ရည်များပင်။ ကားမွမ်းမံခြင်းကို နားလည်သူများကတော့ ဤသည်မှာ မည်မျှဈေးကြီးကြောင်း သိကြသည်။
အခြားသူများကို အသာထား။ ချင်းဖန်ကိုပင် ဥပမာကြည့်လိုက်ပါ။ သူသည် သူ့ပြိုင်ကားများကို ပြင်ဆင်မွမ်းမံခြင်းဖြင့် အမေရိကန်ဒေါ်လာဆယ်သန်းကျော် သုံးထားပြီးဖြစ်၏။
သို့တိုင် ချင်းဖန်သည် ပြိုင်ကားလောကတွင် ဂုဏ်သတင်းမရှိရှာပေ။
ထို့ကြောင့် ထိုကားနတ်ဘုရားများတွင် ပိုက်ဆံများများစားစားရှိမည်မဟုတ်။
"ငါ့သူငယ်ချင်းကပြောတယ်။ မင်းတို့လိုဆင်းရဲသားလေးတွေ ကိုယ့်နိုင်ငံကိုယ်ပြန်ပြီး စုပေါင်းအလှူငွေလေး သွားကောက်လိုက်ကြတဲ့။ ပိုက်ဆံမရှိဘူးဆိုရင် ကားမောင်းပြိုင်နေလည်း အလကားပဲ"
ကျန်းမုန့်လောင် ဆိုရှယ်မီဒီယာတွင် နောက်ထပ်ပို့စ်တစ်ခု ထပ်တင်လိုက်သည်။
"ဟားဟားဟား..ကားနတ်ဘုရားဖြစ်ထိုက်ပါပေတယ်။ ဒီလိုစိတ်နေစိတ်ထားမျိုးက ကားနတ်ဘုရားတစ်ပါးမှာ ရှိသင့်ရှိထိုက်တဲ့အရာပဲ"
"ဟားဟားဟား အမှန်ပဲဟေ့။ ပိုက်ဆံမရှိရင် ကားမောင်းပြိုင်နေတော့ရော ဘာထူးမှာလဲ။ သူက ဘော့စ်ကျန်းရဲ့သူငယ်ချင်းနော်။ အမေရိကန်ဒေါ်လာတစ်သန်းဆိုတာ ကားနတ်ဘုရားအတွက်တော့ စော်ကားမှုတစ်ခုပဲ"
"ပိုက်ဆံစုဖို့အတွက် ကိုယ့်နိုင်ငံကိုယ်ပြန်တာ ပိုကောင်းလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင် မင်းတို့ ကားမောင်းပြိုင်ဖို့ ငွေလောက်တဲ့အထိ ငါတို့ကပဲ စုပေါင်းရန်ပုံငွေကောက်ခံတဲ့ ပလက်ဖောင်းတစ်ခုကို ငှားပေးရမလား"
...
"မင်း.. မင်း တကယ်မီးမွှေးနေတာပဲ"
ရန်စလိုဟန် စကားလုံးများကိုကြည့်ပြီး ဝမ်လင်ခမျာ ကူကယ်ရာမဲ့မှုကိုသာ ခံစားမိသည်။ သို့သော် ဘာမှလည်းမတတ်နိုင်ပေ။ ထိုလူမှာ ကျန်းမုန့်လောင်၏သူငယ်ချင်းပင်။ အကယ်၍ သူ့ဘက်ကပြိုင်ချင်သော်လည်း ပိုက်ဆံရှိမနေဘူးဆိုလျှင် ကျန်းမုန့်လောင်က ဘာမှမလုပ်ဘဲ အသာရပ်ကြည့်နေလိမ့်မည်တဲ့လား။
ကျန်းမုန့်လောင်နှင့် ပိုက်ဆံအကြောင်း ဆွေးနွေးရာတွင် သူ့စမှတ်ကား ဘီလီယံနှင့်ချီသည်။ အမေရိကန်ဒေါ်လာတစ်သန်းနှစ်သန်းဆိုသည်မှာ သူ့ကို မဆွဲဆောင်နိုင်ပေ။ ထိုကဲ့သို့သောပြိုင်ပွဲမျိုးတွင် ဝင်ပြိုင်ရခြင်းကား သူ့အတွက်မူ သိက္ခာကျစရာကိစ္စတစ်ခုပင် ဖြစ်နေနိုင်သည်။
...
ဟွာရှားနိုင်ငံ၊ ယန်ကျင်းမြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခု၏ ဇိမ်ခံအခန်းတစ်ခုတွင် ချင်းဖန်က အလှလေးတစ်ယောက်ကို ပွေ့ဖက်ထားရင်း ပြီးခဲ့သည့်ရာသီက အမေရိကန်တွင် ကျင်းပခဲ့သည့် လူသွားလမ်းပေါ်ကျင်းပသော ကားပြိုင်ပွဲကို ကြည့်နေချေသည်။
သူ့ပတ်ပတ်လည်တွင် လူငယ်အမျိုးသားလေးယောက် ထိုင်နေလေသည်။ တစ်ယောက်က လူကောင်ကြီးပြီး သန်မာသည်။ တစ်ယောက်က ခန့်ညားပြီး ဆွဲဆောင်မှုရှိ၏။ ကျန်နှစ်ယောက်ကမူ သာမန်ရုပ်ရည်မျှသာ။
သူတို့သည် ဟွာရှားသို့ ရောက်လာသော ကားနတ်ဘုရားလေးယောက်ပင်။
"မစ္စတာချင်း.. ခင်ဗျားတို့ဟွာရှားလူမျိုးတွေက ဒီလောက်မောက်မာကြတာလား"
အမေရိကမှ စကိုင်လာရီက အနည်းငယ်စိတ်ဆတ်လေသည်။ သူ့လေသံကလည်း ရုတ်တရက်ကြီး ရန်စလိုဟန်များ ယှက်သန်းလာ၏။
"စကားပြောဆင်ခြင်ပါ စကိုင်လာရီ"
ချင်းဖန်၏လေသံကား အေးတိအေးစက်နိုင်လှသည်။
"မင်းက Facebookမှာ ငါတို့ဟွာရှားလူမျိုးတွေကို စော်ကားထားတာလေ။ အဲဒီကိစ္စကို ငါ မင်းနဲ့ စာရင်းမရှင်းရသေးဘူး။ မင်းက အမေရိကကားနတ်ဘုရားဆိုပေမဲ့ အဲဒီဂုဏ်ပုဒ်ကိုဖယ်လိုက်ရင် မင်းက ဘာမှအသုံးမကျတဲ့ကောင်ပါ"
ချင်းဖန်၏စကားများကြောင့် စကိုင်လာရီ တုန်လှုပ်သွားချေသည်။ သူ့ဘေးရှိ ဤဟွာရှားလူငယ်လေးက မည်မျှကြောက်ဖို့ကောင်းကြောင်း သူမေ့သွားခဲ့သည်။
"ဒါပေမဲ့ မစ္စတာချင်း.. သူက အမေရိကန်ဒေါ်လာတစ်သန်းနဲ့တောင် လောင်းကြေးမထပ်ချင်ဘူးဆိုတော့ သူ့ကိုယ်သူ ကမ္ဘာ့အချမ်းသာဆုံးလူများ မှတ်နေတာလား"
"ဟားဟား. မင်းတို့တွေ သတင်းမကြည့်ကြဘူးလား"
ချင်းဖန်က လှောင်ရယ်လိုက်လေသည်။
"သူက လက်ရှိမှာ ကမ္ဘာ့အချမ်းသာဆုံးလူလေ။ ပိုက်ဆံနဲ့ပတ်သက်လာရင် သူ့မှာ ကြွားလောက်တဲ့ ငွေအရင်းအနှီးမျိုးလည်းရှိတယ်"
သူ ကျန်းမုန့်လောင်နှင့် ဆက်ဆံခဲ့ရသည့် တိုတောင်းသော အခိုက်အတန့်လေးကို ပြန်တွေးကြည့်လိုက်မိလေရာ ချင်းဖန်၏စိတ်ထဲ အံ့ဩသွားရသည်။ အစတုန်းက ကျန်းမုန့်လောင်ကို သာမန်သူဌေးသားတစ်ယောက်ဟုသာ သူထင်ခဲ့မိသည်။ သို့သော် အံ့ဩဖို့ကောင်းစွာဖြင့် လအနည်းငယ်အတွင်းမှာပင် ကျန်းမုန့်လောင်၏ကျော်ကြားမှုက ဝမ်လင်နှင့် သူ့ကိုပင် ကျော်တက်သွားခဲ့သည်။
ယခင်ကဆိုလျှင် လူတွေက ဒုတိယမျိုးဆက်လူချမ်းသာများအကြောင်း ပြောကြသည့်အခါ သူနှင့် ဝမ်လင့်အကြောင်း ပြောတတ်ကြသော်ငြား ယခုတော့မူ သူတို့က စကားဝိုင်း၏ဗဟိုချက်မဟုတ်တော့ချေ။
"ကျန်းမုန့်လောင်လို နောက်ခံမျိုးရှိနေမှတော့ အမေရိကန်ဒေါ်လာတစ်သန်းဆိုတာ ဆွဲဆောင်မှုမှမရှိတာ။ မင်းတို့တွေ ပိုက်ဆံနည်းနည်းလောက်ထပ်ပြင်လိုက်တာ ပိုကောင်းမယ်"
"ဟမ့်… ငါတို့က အမေရိကမှာ တကယ့်ဒိတ်ဒိတ်ကြဲတွေပါ။ ပိုက်ဆံလေးပဲမဟုတ်ဘူးလား"
အမေရိကကားနတ်ဘုရားသည် အလွန်ချမ်းသာကြွယ်ဝသော မိသားစုတစ်ခုမှ ဆင်းသက်လာသူဖြစ်၏။ သူက ဖုန်းတစ်ချက်ခေါ်လိုက်ပြီးနောက် ယုံကြည်မှုများ ရုတ်ခြည်းထိုးတက်လာလေသည်။
"ငါ့မိသားစုဆီက အမေရိကန်ဒေါ်လာငါးသန်းတောင်းထားတယ်။ ဒီလောက်ဆိုရင် လောက်ပြီမလား"
"ဟားဟားဟား စကိုင်လာရီ.. အဲဒါနဲ့ လောက်မှာမဟုတ်ဘူးထင်တာပဲ"
ချင်းဖန်က ရယ်လိုက်သည်။
"ဒါဆို ဒေါ်လာဆယ်သန်းလုပ်လိုက်"
"မင်းတို့တွေ ဆက်ကြိုးစားကြည့်ပေါ့"
ချင်းဖန်က သူ့နဖူးသူ ရိုက်လိုက်မိသည်။ ဤလူများက ဘာမှမသိရှာပေ။ ကျွဲပါးစောင်းတီးနေသည့်အလားပင်။ ကျန်းမုန့်လောင် မည်မျှချမ်းသာလေကြောင်း သူတို့ စိုးစဉ်းမျှပင် မသိချေ။
"ဆယ်သန်းဆိုတော့လည်း ဆယ်သန်းပေါ့"
ကျန်ကားနတ်ဘုရားများတွင် ပိုက်ဆံအများကြီးမရှိကြသော်ငြား သူတို့၏ဂုဏ်ပုဒ်ကြောင့် သူတို့နိုင်ငံတွင် ဤမျှအကူအညီလေးကို ပေးလိုကြသူများလည်း အများကြီးရှိလေသည်။
...
"မုန့်လောင် ဒီလူတွေက "ဟွာရှားနတ်ဘုရားကို စိန်ခေါ်မယ်"ဆိုတဲ့ ဝေးပေါ်အကောင့်တစ်ခု ဖွင့်ထားတယ်"
လုရီယောင်က ဤကိစ္စကို စောင့်ကြည့်နေပေသည်။
"သူတို့က အခု လောင်းကြေးကို တစ်ယောက် ဒေါ်လာဆယ်သန်းအထိ မြှင့်လိုက်ပြီ"
"ဟားဟားဟားဟား.. အင်တာနက်အသုံးပြုသူတွေကိုကြည့်လိုက်ဦး။ ငါ ရယ်သေတော့မယ်"
လုရီယောင်ခမျာ ရယ်ရလွန်း၍ ဗိုက်ပင်နာသည်။ အင်တာနက်အသုံးပြုသူများ၏ အကဲဖြတ်မှုများမှာ အလွန်ရယ်ရသည်။
"ဒေါ်လာဆယ်သန်းတဲ့လား။ လောက်မယ်မထင်ဘူးနော်"
"ဝိုး.. သူတို့က အရမ်းချမ်းသာတာပဲ။ ဆယ်ဆတောင်တိုးလိုက်တာ။ ဒါပေမဲ့ မင်းတို့က ဆင်းရဲသားတစ်သိုက်ဖြစ်နေတုန်းပါပဲ"
"ဒေါ်လာဆယ်သန်းတည်းလား။ ငါက ဒီထက်ပိုများလိမ့်မယ်လို့ထင်နေတာ။ သူတို့က ဘော့စ်ကျန်းနဲ့ ကားနတ်ဘုရားကို ထပ်စော်ကားနေကြပြန်ပြီ"
"ဘော့စ်ကျန်းက မီးရှူးမီးပန်းလေးအတွက်နဲ့တောင် ငါးဘီလီယံသုံးခဲ့တာနော်။ သာမန်အလှူငွေလေးတောင် ၂ဘီလီယံရှိတယ်။ ဒေါ်လာဆယ်သန်းဆိုတာ သူ့အတွက်တော့ မုန့်ဖိုးတောင်မရှိဘူးကွ"
"ငါ ဇာတ်ညွှန်းတောင် ရေးပြီးသွားပြီ။ တစ်ရာဘီလီယံမဟုတ်ရင် ငါ့အချိန်တွေကို လာဖြုန်းမနေနဲ့"
အင်တာနက်အသုံးပြုသူများအားလုံးက ကျန်းမုန့်လောင်၏ တုံ့ပြန်မှုကို စောင့်မျှော်နေကြလေသည်။
သို့သော် တစ်နေကုန်စောင့်ပြီးနောက် အဆုံးမှာတော့ ကျန်းမုန့်လောင်က လင့်ခ်တစ်ခု စကားလုံးအနည်းငယ်ဖြင့် တုံ့ပြန်လိုက်သည်။
"နောက်ကျသွားလို့ ဆောရီးပဲ။ ငါနည်းနည်းလောက် အလုပ်များသွားလို့။ နေ့တစ်ဝက်လောက်သုံးပြီး ငါ့ကုမ္ပဏီရဲ့နည်းပညာသမားတွေကို Water Droplet ရန်ပုံငွေကောက်ခံရေးဗားရှင်းတစ်ခုကို တီထွင်ခိုင်းနေတာမို့လေ။ မင်းတို့တွေ ဒါကိုယူပြီး ရန်ပုံငွေကောက်လိုက်ကြ ဟုတ်ပြီလား။ မင်းတို့တွေ တအားဆင်းရဲနေတာကိုမြင်နေရတဲ့အတွက် ငါ တစ်ခွန်းပဲပြောလိုက်မယ်။ ၁၀ဘီလီယံပြည့်မှ ကားနတ်ဘုရားကိုလာရှာလှည့်"
"ဟားဟားဟား သောက်ကျိုးနည်းဟေ့။ Water Dropletရန်ပုံငွေကောက်ခံရေးရဲ့ နိုင်ငံတကာဗားရှင်းတဲ့လား။ ဟားဟားဟား"
"ဘော့စ်ကျန်း နေ့တစ်ဝက်လောက် ဘာလုပ်နေပါလိမ့်မလို့ ငါတွေးနေတာ။ သူက ဆော့ဖ်ဝဲလ်အသစ်တစ်ခုထုတ်ရင်း အလုပ်များနေတာကိုး။ ဟားဟား"
"ဟားဟား ငါတော့ ရယ်သေပြီ။ အပျက်အစီးမများပေမဲ့ စော်ကားမှုကတော့ ပြင်းတယ်ဟေ့။ Water Dropletရန်ပုံငွေကောက်ခံရေး နိုင်ငံတကာဗားရှင်းတဲ့။ အဟားဟားဟား"
"ဘော့စ်ကျန်းနဲ့ ကားနတ်ဘုရားကို ဒေါ်လာဆယ်သန်းလောက်နဲ့ လာစိန်ခေါ်တယ်ပေါ့လေ။ လုံးဝအဓိပ္ပာယ်မရှိတာပဲ"
"ငါတော့ သူတို့ကို အလှူငွေထည့်ချင်စိတ်တောင် ပေါက်တယ်"
"ပုစွန်သူရဲကောင်းနော်။ ဒါပေမဲ့ 'ဝက်နှလုံးသားတွေ'နဲ့ကွ။ ဒါကြီးက လက်ခံချင်စရာကိုမရှိဘူး"
***********