← Chapters

အခန်း (၂၁၃၇-၂၁၄၂)

Vol. 131 Ch. 2137-2142

အခန်း (၂၁၃၇-၂၁၄၂)

Vol. 131 Ch. 2137-2142

အပိုင်း ၂၁၃၇ ငါ့မှာချစ်သူကောင်မလေးရှိလို့မရဘူးလား?

နေ့လည်ခင်းတွင် ယန်ကျွင်း အတုဟာ ပိုသက်သာလာပြီဖြစ်တာကြောင့် ရဲစခန်းကို ပြန်ခေါ်သွားခြင်း ခံရလေသည်။

ကောင်းယိဟာ ကုနင်းအားထိုသတင်းအား တန်းပြောလေသည်။

ကုနင်းဟာနောက်ဘာဆက်ဖြစ်မလဲဆိုတာ လောလောဆယ် အာရုံမစိုက်နိုင်သေးတာမလို့ ရှောက်ချန်း ဘာလုပ်မလဲဆိုတာကို ကောင်းယိအနနေဲ့ ဆက်လက်စောင့်ကြည်မည်ဖြစ်သည်။ သူမဟာ အပြင်လူဖြစ်ကာ ဝင်စွက်ဖက်ခွင့်မရှိ၍ဖြစ်သည်။

ရှောက်ချန်း မှာသက်သေမရှိဘူးဆိုတာကို သူမသာသိရင် သူမဟာ လှုပ်ရှားမှာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ယန်ကျွင်း အတုဟာ အမှားခံထားရတာဖြစ်ပြီး သူလက်စားချေတာကို တားလိုက်တာဟာလဲ သူမဖြစ်လေသည်။

.....

သိပ်မကြာခင်မှာပဲ နောက်တစ်ရက် ကုန်သွားလေသည်။ နိုဝင်ဘာလလယ်က တနင်္ဂနွနေေ့တစ်နေ့ဖြစ်တာမလို့ အရမ်းအေးနေပြီဖြစ်ပေမဲ့လည်း ကုနင်း ဟာကျင့်ကြံသူတစ်ယောက်ဖြစ်တာမလို့ သိပ်ပြီးအေးတာကို မခံစားရပေ။

မြောင်ကျင်းကျင်းဟာဒီနေ့ နိုးလာပြီး ပိုပြီးသက်သာလာပြီဖြစ်တာမလို့ သူမဆက်နေချင်လား ထွက်သွားမှာလားဆိုတာကို ကျင်းယွင်ယောင်ကမေးလေသည်။

မြောင်ကျင်းကျင်းသည် အခုချိန်မှာ ကျင်းယွင်ယောင် နဲ့အခြားသူတွေကိုသာ သိတာမလို့ တကယ်လို့သူမသာ ထွက်သွားခဲ့ရင် သူမမှာ သွားစရာနေရာ မရှိပေ။ ထို့ကြောင့် သူမဟာ ဆက်နေဖို့ ဆုံးဖြတ်လိုက်လေသည်။

ဒီနှစ်တွေအတွင်းမှာ မြောင်ကျင်းကျင်းသည် တရားမဝင်နည်းနဲ့ နေထိုင်နေတာမလို့ သူမမှာ ပိုင်ဆိုင်မှုမရှိဘဲ တစ်ကိုယ်တည်းဖြစ်လေသည်။ သူမလုံးဝပြန်ကောင်းသွားတာနဲ့ အလုပ်တစ်ခုရှာဖို့ ဆုံးဖြတ်လိုက်လေသည်။

လူတွေအနနေဲ့ သူတို့ဘာသာသူတို့ ပိုက်ဆံရှာဖို့ လိုသေးလေသည်။ ကုနင်းနဲ့ လင်ရှောင်းထင်တို့မှာပိုက်ဆံတွေ အများကြီးရှိပြီး လူတစ်စုကို ပျိုးထောင်ပေးရင်တောင် ပြဿနာမရှိပေမဲ့လည်း ထိုအရာဟာ အကြံကောင်းမဟုတ်ပေ။

သို့သော်လည်း သူတို့အနနေဲ့ ထောက်ပံပြီး သူမကိုအလုပ်ရအောင် ကူညီပေးနိုင်လေသည်။ ထို့ကြောင့် မြောင်ကျင်းကျင်းအားဘာလုပ်ချင်လဲနှင့် ဘာလုပ်နိုင်လဲဆိုတာကို ကုနင်းကမေးလေသည်။

မြောင်ကျင်းကျင်းဟာအရင်က ဘာအလုပ်မှမလုပ်ဖူးတာကြောင့် ဘာမှမသိပေ။ မြောင်ကျင်းကျင်းအနနေဲ့ အလုပ်ဈေးကွက်ကို ပိုသိပြီးမှ ဆုံးဖြတ်ချက်ချလို့ရသည်ဟု ကုနင်းကခံစားမိလေသည်။

.....

နေ့လည်ခင်းတွင် လင်ရှောင်းထင်သည် ရှုကျင်းချန်နဲ့ စုန့်ဟောက်ယွီတို့နဲ့အတူ ပြန်ရောက်လာလေသည်။

အရင်တစ်ခေါက်က လင်ရှောင်းထင်နဲ့အဖွဲ့ဝင်တွေဟာ စုန့်ဟောက်ယွီကိုကူညီပြီး ဝရမ်းပြေးအား ဖမ်းပေးထားတာကြောင့် စုန့်ဟောက်ယွီအနနေဲ့ သူတို့အပေါ် ထမင်းစားဖိတ်ကြွေးရန် အကြွေးတင်နေလေသည်။ သူတို့မှာ ဒီနေ့အချိန်ရှိနေမှတော့ သူဟာ သူတို့ကိုထမင်းစား ဖိတ်လေသည်။ လင်ရှောင်းထင်နဲ့ ရှုကျင်းချန်တို့ဟာ အပြင်သွားပြီးထမင်းစားမှာ ဖြစ်တာကြောင့် ကုနင်းနဲ့ ကျီပိုင်ယင်းတို့ဟာသူတို့နဲ့အတူ လိုက်သွားလေသည်။

သူတို့ဟာ နေ့လည်ခင်းမှာ ထမင်းအတူစားရုံတင်စားမည်ဖြစ်တာမလို့ လင်ရှောင်းထင် ဟာ စစ်ဟယ်ယွမ်ကိုပြန်သွားပြီး ရှုကျင်းချန်ကတော့ထိုမတိုင်ခင် ကျီပိုင်ယင်းအားသွားတွေ့လေသည်။

လင်ရှောင်းထင် ပြန်ရောက်တဲ့အခါမှာ ဒီရက်တွေအတွင်းမှာ ဘာတွေဖြစ်ထားလဲဆိုတာကို ကုနင်းကသူ့ကိုပြောပြလေသည်။

.....

ထို့နေ့နေ့လည်ခင်းတွင် လင်ရှောင်းထင်နဲ့ ကုနင်း တို့ဟာအပြင်အတူ ထွက်သွားကြလေသည်။

ချိန်းထားတဲ့နေရာဟာ ကျိုးကျုံးဟုန်ရဲ့ဘဲကင်စားသောက်ဆိုင်ဖြစ်လေသည်။ အဘယ်ကြောင့်ဆို ကျီပိုင်ယင်းဟာဘဲကင်စားချင်လို့ဖြစ်ပြီး ကျိုးကျုံးဟုန်ရဲ့စားသောက်ဆိုင်မှာ အခြားအရသာရှိတဲ့ ဟင်းလျာတွေလဲ ရောင်းတာမလို့ဖြစ်သည်။ သူတို့ဟာ လာနေကျ ဖောက်သည်တွေဖြစ်လေသည်။

သူတို့ကို ဖိတ်ခေါ်တဲ့လူအနနေဲ့ စုန့်ဟောက်ယွီသည် သူတို့အထက်အရင် ထိုနေရာကိုသွားဖို့လိုအပ်လေသည်။ ရလဒ်အနနေဲ့ ညနေ၅:၃၀တွင် စုန့်ဟောက်ယွီ ရောက်လာလေသည်။

မိနစ်နှစ်ဆယ်လောက်အကြာတွင် ရှုကျင်းချန်ဟာ ကျီပိုင်ယင်း နဲ့အတူရောက်လာလေသည်။

ရှုကျင်းချန်ရဲ့ဘေးက အလှလေးကို တွေ့ပြီးနောက် ရှုချင်ယင်းကလွဲရင် ရှုကျင်းချန်ရဲ့ဘေးမှာဘယ်မိန်းကလေးမှ သူမတွေ့ဖူးတာကြောင့် စုန့်ဟောက်ယွီ အရမ်းအံဩသွားလေသည်။

ရှုကျင်းချန်က ကျီပိုင်ယင်းအား သူ့ရဲ့ချစ်သူကောင်မလေးအဖြစ် စုန့်ဟောက်ယွီ ကိုမိတ်ဆက်ပေးတဲ့အခါတွင် သူဟာ‌ကြောင်သွားလေသည်။ "What The Fuck? ရှုကျင်းချန်၊ မင်းမှာကောင်မလေးရှိတယ်ပေါ့"

ထိုအရာကိုကြားတဲ့အခါ ရှုကျင်းချန်ဟာမကျေမနပ်ဖြစ်သွားလေသည်။ "ဘာလဲ။ ငါ့မှာချစ်သူကောင်မလေး ရှိလို့မရဘူးလား"

"ရှိလို့ရတာပေါ့။ ဒါပေမယ့် အခုဟာက အရမ်းအံဩဖို့ကောင်းလို့"

"အံဩဖို့ကောင်းတယ်လား။ ငါတော့အဲဒီလိုမထင်ဘူး" ရှုကျင်းချန်ဟာ စုန့်ဟောက်ယွီကို မျက်လုံးပင့်လိုက်ပြကာ အာရုံမစိုက်တော့ပေ။ ထို့နောက် သူဟာ ကျီပိုင်ယင်းနဲ့အတူသွားထိုင်လေသည်။ သူဟာ သူမအား ရေ၊ လဘက်ရည် ဒါမှမဟုတ် ဖျော်ရည်သောက်ချင်လားဟုလည်း မေးလေသည်။

ကျီပိုင်ယင်းကရေသောက်ချင်တာကြောင့် ရှုကျင်းချန်ဟာသူမအား တစ်ခွက်ငှဲ့ပေးလေသည်။

ရှုကျင်းချန်ကအရမ်းစဉ်းစားပေးတတ်တာကို တွေ့တဲ့အခါ စုန့်ဟောက်ယွီဟာဘာလို့လဲမသိဘဲ တစ်မျိုးထူးခြားနေသည်ဟု ခံစားရလေသည်။ အဘယ်ကြောင့်ဆို ရှုကျင်းချန်ကအခုလို ကြင်နာလိမ့်မယ်ဟု သူကမထင်ထား၍ဖြစ်သည်။ ထို့အပြင် သူတို့တစ်ယောက်နဲ့တစ်ယောက် လူမြင်ကွင်းမှာ အခုလိုချစ်ပြနေတာကို တွေ့တဲ့အခါ သူဟာ ရုတ်တရက် ဝမ်းနည်းသွားလေသည်။

ထို့အပြင် လင်ရှောင်းထင်ဟာလည်း ခဏနေရင် ကုနင်းနဲ့အတူလာမှာဖြစ်သည်။ တကယ်လို့ ချစ်ပြနေတဲ့အတွဲနှစ်တွဲအခန်းထဲမှာရှိနေရင် စုန့်ဟောက်ယွီ တစ်ယောက်တည်း ခွဲထွက်နေတယ်လို့ ခံစားရမည်ဖြစ်သည်။

ရုတ်တရက်ပဲ ချစ်သူမိန်းကလေးရှာရန် သူ့မှာအကြံပေါ်သွားလေသည်။ သူလည်းပဲ မငယ်တော့တာဖြစ်ပြီး ဒီနှစ်မှာ အသက်သုံးဆယ်နားကပ်နေပြီဖြစ်သည်။

၆နာရီထိုးပြီး မိနစ်အနည်းငယ်အကြာတွင် ကုနင်းနဲ့ လင်ရှောင်းထင် တို့ရောက်လာလေသည်။

အတွဲနှစ်တွဲကို တွေ့တဲ့အခါ စုန့်ဟောက်ယွီ သက်ပြင်းချလိုက်လေသည်။ "ငါဒီမှာ ရှိမနေသင့်ဘူးလို့ ငါခံစားနေရတယ်"ဟု သူကအထွန့်တတ်လေသည်။

"မင်းထွက်သွားလို့ရတယ် ဒါပေမယ့် ဘေတော့အရင်ရှင်းခဲ့" လင်ရှောင်းထင် ကပြောလေသည်။ သူဟာ စုန့်ဟောက်ယွီရဲ့ခံစားချက်တွေကို ဂရုမစိုက်ချေ။

"ငါအခုအရမ်းဝမ်းနည်းနေတာ။ မင်းငါ့ကို ဘာလို့အခုလို အရှက်ကွဲအောင် ပြောနေသေးတာလဲ။ လူမဆန်လိုက်တာ"ဟု စုန့်ဟောက်ယွီဟာအထိနာသွားလေသည်။ သူတို့က သူ့သူငယ်ချင်းတွေ တကယ်ရော ဟုတ်ရဲ့လား။

"တကယ်လို့ ငါသာလူမဆန်ရင် ဘာလို့မင်းကိုကူပြီး ဝရမ်းပြေးဖမ်းပေးမှာလဲ"

ချက်ချင်းပဲ စုန့်ဟောက်ယွီ ဘာပြန်ပြောရမှန်း မသိတော့ချေ။ "အေးပါကွာ။ မင်းနိုင်တယ်။ အခုဟင်းမှာရအောင်"

လူတိုင်းဟာ ကုနင်းနဲ့ ကျီပိုင်ယင်းအားအရင်မှာရန်ပြောပြီးနောက် သူတို့စားချင်တာ မှာကြလေသည်။ သူတို့အနနေဲ့ ဈေးနှုန်းကို ဂရုစိုက်နေဖို့ မလိုပေ။

သူတို့ဟာ ဘဲကင်နဲ့ အခြားဟင်းလျာတွေ မှာရန်ဆုံးဖြတ်လိုက်ကြ‌သည်။

စုန့်ဟောက်ယွီ ကပိုက်ဆံရှင်းမည်ဖြစ်သော်လည်း သူတို့အားလုံးတွင် ဘယ်သူ့မှာမှ အစားအစာဖြုန်းတတ်တဲ့ အကျင့်မရှိတာမလို့ သူတို့စားနိုင်သလောက်သာ သူတို့ဟာ မှာကြတာဖြစ်သည်။

အစားစားနေချိန်တွင် လင်ရှောင်းထင်နဲ့ ရှုကျင်းချန်တို့ဟာ သူတို့ရဲ့ကောင်မလေးတွေကို ဂရုစိုက်ရင်း အလုပ်ရှုပ်နေပြီး သူကတော့ စင်ဂယ်ဖြစ်ပြီး တစ်ယောက်တည်းဖြစ်နေတာမလို့ စုန့်ဟောက်ယွီဟာအရမ်းဝမ်းနည်းသွားလေသည်။

ဘာပဲဖြစ်ဖြစ် သူ့အနနေဲ့စားရမည်ဖြစ်တာမလို့ မပျော်ပေမဲ့လည်း စားနိုင်သလောက် ဝင်အောင်ဖိပြီး စားနေလေသည်။

အစားစားပြီးနောက် သူ့လုပ်ငန်းမှာ အားလပ်ချိန်ဆိုတာ ရှားတာကြောင့် သောက်ဖို့သွားရန် စုန့်ဟောက်ယွီကပြောလေသည်။

စုန့်ဟောက်ယွီကထိုသို့အကြံပေးနေမှတော့ သူတို့အားလုံးသဘောတူလိုက်ကြသည်။

သူတို့ဟာ အခြားနေရာတွေကို မသွားဘဲ စုန့်နန်ရဲ့ဘားကိုသာသွားကြလေသည်။

စုန့်ဟောက်ယွီနဲ့ စုန့်နန်တို့ဟာဆွေမျိုးတွေဖြစ်လေသည်။ သူတို့ဟာ အလှမ်းဝေးတဲ့ ဝမ်းကွဲညီအစ်ကိုတွေ ဖြစ်ပေမဲ့လည်း သူတို့မှာကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာမလို့ သူ့ရဲ့ဘားမှာ ပိုက်ဆံဖြုန်းရန် သူတို့ဟာသွားကြလေသည်။

တိုက်ဆိုင်စွာနဲ့ပဲ စုန့်နန်ဟာလည်းဘားမှာ ရောက်နေတာဖြစ်သည်။ ထန်ချင်းယန်နဲ့ ကျန်းယွေ့ချင်၊ ရှုချင်ယင်း၊ ကူအန်းနာနဲ့အခြားသူတွေဟာလည်းပဲ ထိုမှာရောက်နေတာဖြစ်သည်။

ထို့ကြောင့် ကုနင်းနဲ့အခြားသူတွေ ရောက်တာနဲ့ သူတို့ကိုမြင်သွားပြီး စုန့်နန်ကဘေးဝိုင်းမှာထိုင်ဖို့ ပြောလေသည်။

ကုနင်းနဲ့အခြားသူတွေကို တွေ့တဲ့အခါ ကျန်းယွေ့ချင်နဲ့အခြားသူတွေဟာ သူမတို့ကိုနှုတ်ဆက်ကြလေသည်။ ရှုချင်ယင်းနဲ့ ကူအန်းနာတို့ကတော့ ကုနင်းရဲ့စားပွဲဆီ တိုက်ရိုက်ပြေးသွားကြပြီး ကုနင်းနဲ့ ကျီပိုင်ယင်းတို့နဲ့အတူ စကားပြောကြလေသည်။

စုန့်ဟောက်ယွီအား ကူအန်းနာ မြင်လိုက်တာနဲ့ ထိုလူကိုရင်းနှီးနေတယ်လို့ ခံစားရလေသည်။ အချိန်အနည်းငယ် စဉ်းစားပြီးနောက် အကြံတစ်ခုပေါ်လာပေမဲ့လည်း သူမဟာ သိပ်မသေချာတာမလို့ သူမဟာ မသေချာမရေရာစွာ မေးလိုက်လေသည်။ "ရှင်က စုန့်ဟောက်ယွီ လား"

စုန့်ဟောက်ယွီ တစ်စက္ကန့်မျှ ကြောင်အသွားလေသည်။ သူ့ကိုအံဩသွားစေတာက ကူအန်းနာကသူ့ကိုသိနေပြီး သူက သူမကိုမသိပေ။ "ဟုတ်ပါတယ်။ ကျွန်တော်က စုန့်ဟောက်ယွီ ပါ။ ပြီးတော့မင်းက"

"အို၊ တကယ်ပဲရှင်ကိုး။ နှစ်တွေတောင် တော်တော်ကြာပြီ။ ရှင်ကအခုအရမ်းချောပြီး ဆွဲဆောင်မှုရှိနေတုန်းပဲ။ ကျွန်မတို့ အထက်တန်းကျောင်း အတူတူတက်ခဲ့တာ။ ကျွန်မနာမည်က ကူအန်းနာ ပါ။ အရင်တုန်းက ရှင့်ကိုကျွန်မ ပိုးပန်းခဲ့တာ။ ရှင်က‌တော့ကျွန်မကို မေ့သွားလောက်ပြီ၊ ဟား-ဟား"ဟု သူက တကယ်ပဲ စုန့်ဟောက်ယွီ မှန်းသိသွားတဲ့အခါ ကူအန်းနာဟာစိတ်လှုပ်ရှားသွားလေသည်။ သူမအနနေဲ့ သူမရဲ့အတန်းဖော်ဟောင်းတွေကို တွေ့ရတာ ပုံမှန်မဟုတ်သည့်အပြင် စုန့်ဟောက်ယွီကိုတော့ ပိုးပင်ပိုးပန်းခဲ့ဖူးသေးသည်....

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၃၈ အဲ့လောက်ကြီးဒဲ့မပြောစမ်းပါနဲ့

အရင်တုန်းက စုန့်ဟောက်ယွီကို ပိုးပန်းခဲ့ဖူးသည်အား ရှက်စရာကောင်းသည်ဟု ကူအန်းနာမခံစားရတာကြောင့် ပွင့်ပွင့်လင်းလင်း အသံကျယ်ကျယ်ဖြင့် ထုတ်ပြောလိုက်ခြင်းဖြစ်သည်။

ယခင်အချိန်တုန်းက ငယ်ရွယ်ကာ ရူးသွပ်ခဲ့ပြီး ရယ်စရာအတိတ်မှတ်ဉာဏ်များသာဖြစ်တာကြောင့် သူမအနနေှင့် ရှက်သလို မခံစားရပေ။ သို့သော်လည်း စုန့်ဟောက်ယွီသည်တော့ အနည်းငယ် နေရခက်သွားပေမဲ့ ကူအန်းနာအပေါ် အမြင်ကောင်းရှိနေဆဲပင်။ “အိုး မင်းက ကူအန်းနာလား? အများကြီးပြောင်းလဲသွားတာပဲ။ ငါမင်းကို မှတ်တောင်မမှတ်မိလိုက်ဘူး။”

အရင်တုန်းက ကူအန်းနာ စုန့်ဟောက်ယွီကို လိုက်ပိုးပန်းခဲ့ဖူးသော်လည်း သူတို့ချင်း အလွန်ရင်းနှီးသည့်အဆင့်အထိတော့ မဟုတ်ခဲ့ပေ။ သူ ကူအန်းနာကို မှတ်မိနေသည်ဆိုသည်ကလဲ အရင်တုန်းက သူ့သူငယ်ချင်းဟောင်းများက သူမအကြောင်းကို အတော်လေးပြောခဲ့ကြတာကြောင့်သာဖြစ်သည်။

“ဟုတ်တယ်၊ အရင်တုန်းက ငါက ဖြူဖြူစင်စင်ကောင်မလေးပုံစံလေ၊ အခုတော့ ဆွဲဆောင်မှုရှိတဲ့ပုံစံပြောင်းသွားပြီ!” ကူအန်းနာသည် အလွန်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကာ ဝံ့ကြွားစွာဖြင့် သူမဆံပင်ကိုတောင် ခါပြလိုက်သေးတာကြောင့် တစ်နည်းတစ်ဖုံ ဆွဲဆောင်မှုရှိနေတော့သည်။

ကူအန်းနာပြောသည်မှာ မှန်ပေသည်။ အခုဆိုလျှင် သူမသည် ဆွဲဆောင်မှုရှိကာ မှင်သက်စရာကောင်းသည့်အလှလေးမျိုးပင်။

“ငါတို့ကျောင်းနေဖက်ဟောင်းတွေ ပြန်ဆုံဖို့ဆိုတာ မလွယ်ဘူး။ အတူ သောက်ကြရအောင်!” ကူအန်းနာက ပြောရင်းဆိုရင်း ဘီယာနှစ်ခွက်ငှဲ့လိုက်ကာ တစ်ခွက်ကို စုန့်ဟောက်ယွီအား ကမ်းပေးလိုက်သည်။

စစ်သားတစ်ယောက်အနေဖြင့် စုန့်ဟောက်ယွီသည် သူလုပ်ချင်သည်အား ဘယ်တော့မှ လုပ်ဖို့ရန်အတွက် တုန့်ဆိုင်းနေတတ်သူမဟုတ်တာကြောင့် ကူအန်းနာကမ်းပေးသည့်ခွက်ကို ယူပြီးသည်နှင့် ချက်ချင်းပင် မော့သောက်လိုက်တော့သည်။

အပြန်အလှန်နှုတ်ဆက်စကားပြောပြီးနောက် ကူအန်းနာသည် သူမစားပွဲရှိရာသို့ ပြန်မသွားတော့ဘဲ စုန့်ဟောက်ယွီဘေးမှာပဲ ကုနင်းနှင့်အတူ ဝင်ထိုင်ပြီး စုန့်ဟောက်ယွီနှင့် စကားပြောနေလေသည်။

ဒါက စုန့်ဟောက်ယွီအပေါ် အထူးခံစားချက်များရှိနေသေး၍ကြောင့် မဟုတ်ပေ။ ပုံမှန်အတွင်း ယခင်က ပိုးပန်းခဲ့ဖူးသည့်ကောင်လေးနှင့် ရှားရှားပါးပါးတွေ့ဆုံခွင့်ကြုံလိုက်ရတာကြောင့် အေးအေးဆေးဆေး စကားပြောချင်ရုံသာဖြစ်သည်။

စုန့်ဟောက်ယွီသည် ဘယ်တော့မှ မိန်းကလေးတွနေှင့် စကားမပြောလိုသည့် လင်ရှောင်းထင်ကဲ့သို့ အေးစက်သည့်စရိုက်ရှိသူမဟုတ်တာကြောင့် မိန်းကလေးများနှင့် စကားလက်ဆုံကျရလို့လဲ ကိစ္စမရှိပေ။

သို့သော်လည်း သူက ပလေးဘွိုင်းတစ်ယောက်တော့ မဟုတ်… လင်ရှောင်းထင်ထက် ပိုပြီး သာမာန်လူသားဆန်ရုံသာဖြစ်သည်။

“ဟေ့၊ နင်အခုဘာတွေလုပ်နေလဲ?” ကူအန်းနာ စမေးလိုက်သည်။

“ငါ စစ်တပ်ထဲဝင်ပြီး စစ်သားတစ်ယောက်ဖြစ်နေပြီ။” စုန့်ဟောက်ယွီ ပြန်ဖြေလိုက်ပေမဲ့ အသေးစိတ်ကိုတော့ မပြောပေ။

ထိုစကားကိုကြားသည်နှင့် ကူအန်းနာမျက်ခုံးပင့်လိုက်ကာ ချက်ချင်းချီးမွမ်းစကားဆိုခဲ့သည်။ “ကောင်းတာပေါ့၊ တကယ့်အလုပ်ကောင်းပဲ။”

မိန်းကလေးအတော်များများသည် စစ်သားများပေါ်တွင် အမြင်ကောင်းရှိကြကာ တချို့ဆိုလျှင် မိုက်မိုက်ကန်းကန်း သဘောကျကြသည်အထိပင်။

“မင်းကရော? မင်းကော ဘာတွေလုပ်နေလဲ?” စုန့်ဟောက်ယွီ ပြန်မေးလိုက်သည်။

“ငါလား? အမ်.. ငါ့သူငယ်ချင်းတွနေဲ့အတူ စတူဒီယိုလေးတစ်ခုဖွင့်ထားတယ်။ အပိတ်ခံရလုနီးနီးပါပဲ။” ကူအန်းနာ ဝမ်းနည်းသည်ပုံစံဖြင့် ဖြေလိုက်ပေမည့် ထိုအတွက် သူမ စိတ်မပျက်သလို စိုးရိမ်နေခြင်းလဲမရှိပေ။ ဒီအတိုင်း ပျော်စရာကောင်းအောင် ပေါ့ပေါ့ပါးပါးဖွင့်ထုတ်ပြောပြလိုက်ရုံသာဖြစ်သည်။

ကူမိသားစုသည် ဘာမှမလုပ်မကိုင်ဘဲနှင့်တောင်မှ မျိုးဆက်အဆက်ဆက် ကောင်းမွန်သည့်ဘဝမျိုးတွင် နနေိုင်လောက်အောင်အထိ ချမ်းသာပေသည်။

“ဖြည်းဖြည်းချင်းပေါ့။ အဆင်ပြေလာမှာပါ” စုန့်ဟောက်ယွီ သူမကို နှစ်သိမ့်ပေးလိုက်သော်လည်း ကူအန်းနာ စိတ်မကောင်းမဖြစ်နေဘူးဆိုတာကို သူမြင်နိုင်ပေမဲ့ နှစ်သိမ့်စကားကိုတော့ ပြောပေးလိုက်သည်။

“ကြည့်ရတာ ဒီမှာငါတစ်ယောက်ပဲ ဘက်ပဲ့နေပုံပဲ။ သွားတော့မယ်။”

သူတို့ဝိုင်းတွင် ယောက်ျားလေးသုံးယောက် မိန်းကလေးသုံးယောက်ဖြင့် အတွဲညီနေသည် သူမတစ်ယောက်တည်းအဖော်မဲ့နေသည်ကို ရှုချင်ယင်းသတိထားမိသွားသည်နှင့် ချက်ချင်းထထွက်သွားတော့သည်။

“ကျွတ်-ကျွတ်၊ နင် ထန်ချင်းယန်ကိုလွမ်းနေတာမဟုတ်လား? ဒီလိုတွေပြောပြီး ဖုံးကွယ်မနေစမ်းပါနဲ့!” ကူအန်းနာက ရှုချင်ယင်းထံသို့ မျက်လုံးအသာဝေ့ပြလိုက်သည်။

“အဲ့လောက်ကြီး ဒဲ့မပြောနဲ့လေ!” ရှုချင်ယင်းက ကူအန်းနာအား မကျေမနပ်ပြန်ပြောလိုက်သည်။

“ထန်ချင်းယန်? ဘာတွေဖြစ်ကုန်တာလဲ?” သူမတို့နှစ်ယောက်ကြားက စကားဝိုင်းကိုကြားလိုက်သည်နှင့် ရှုကျင်းချန်တစ်ယောက် အံ့ဩနေသောအမူအရာဖြင့် ရှုချင်ယင်းကို လှမ်းကြည့်လာခဲ့သည်။ သူအိမ်မှာမရှိတာကြာပြီဖြစ်တာကြောင့် ရှုချင်ယင်းသည် ထန်ချင်းယန်နှင့်တွဲနေပြီကို မသိခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူတို့ပြောနေတာကနေကို သူအဖြေရပြီးသားပါ။

ရှုကျင်းချန်က သူမကိုတည့်တည့်ကြီးစိုက်ကြည့်နေတာကြောင့် ရှုချင်ယင်း ရှက်သွားသော်လည်း ဖုံးကွယ်မနေပေ။ “အမ်၊ ထန်ချင်းယန်နဲ့ ငါတွဲနေပြီ။”

“ဘာ? ဘာလို့ငါ့ကိုမပြောတာလဲ?” တခဏချင်း ရှုကျင်းချန် စိတ်တိုသွားခဲ့သည်။

ဒါက သူထန်ချင်းယန်ကို သဘောမတွေ့တာကြောင့်မဟုတ်သလို ရှုချင်ယင်း၏ကိုယ်ရေးကိုယ်တာကိုလဲ ဝင်စွက်ဖက်မည်မဟုတ်ပေ။ ထန်ချင်းယန် လူကောင်းဟုတ်မဟုတ် ရှုချင်ယင်းဘာသာ ခွဲခြားနိုင်ပေလိမ့်မည်။

ထိုအစား ရှုချင်ယင်းက သူမချစ်သူရသွားတာကိုတောင် အစ်ကိုဖြစ်သူ သူ့အားမပြောပြခြင်းကြောင့် မကျေမနပ်ဖြစ်သွားခြင်းသာဖြစ်သည်။ သူ မသိထားတာကြောင့် ထန်ချင်းယန်နှင့် ပြောဆိုဆက်ဆံမှုနည်းခဲ့သည်။ ထန်ချင်းယန် သူ့ကိုအမြင်မကြည်တော့ရင် ဘယ်လိုလုပ်မလဲ။

“နင်က အိမ်ပြန်လာခဲတယ်လေ! ဘယ်လိုလုပ်ပြောပြနိုင်မှာလဲ? နင် မနေ့ကပြန်ရောက်တယ်ဆိုပေမဲ့ ငါ့မရီးလောင်းနဲ့တွေ့ဖို့ သွားပြန်တယ်လေ။ နင် မြို့တော်ကိုပြန်ရောက်နေတယ်ဆိုတာ နင့်အဖနေဲ့အမေဆို သိတောင်မသိဘူး။” ရှုချင်ယင်း ခွန်းတုံ့ပြန်လိုက်သည်။ သူမ ကျီပိုင်ယင်းကို စိတ်တိုနေခြင်းမဟုတ်ပေ။ ရှုကျင်းချန်တစ်ယောက် ကျီပိုင်ယင်းကို အလွန်ဂရုစိုက်နေသည်အားမြင်ရ၍ ရှုမိသားစုမှာ အလွန်ပင်ပျော်ရွှင်နေကြသေးသည်။ ရှုကျင်းချန်က သူမကိုအပြစ်တင်လာတာကြောင့်သာ သူမ မပျော်မရွှင်ဖြင့် ပြန်ပြောနေရခြင်းပင်။

ရှုချင်ယင်းထံမှ ပြန်လည်အပြစ်တင်ခံလိုက်ရတာကြောင် ရှုကျင်းချန် အနည်းငယ်ရှက်ရွံ့သွားမိကာ ထိုအကြောင်း ဆက်ပြောတော့ပေ။ “ဟုတ်ပါပြီ၊ မင်းနဲ့ ထန်ချင်းယန်က တွဲနေကြပြီဆိုမှတော့ နောက်ဆို ငါတို့မိသားတွေဖြစ်လာကြမှာပဲ။ ဒီတော့ သူနဲ့တစ်ခွက်လောက်သောက်မှဖြစ်မှာပေါ့။”

ထို့နောက် ခွက်ထဲသို့ သောက်စရာတစ်ခွက်ငှဲ့ကာ ဘေးစားပွဲသို့ ရှုကျင်းချန် ပြန်သွားခဲ့သည်။

“ဟိုင်း၊ ထန်ချင်းယန်၊ မင်းနဲ့ငါ့ညီမတွဲနေကြပြီဆိုတာ မသိလိုက်မိဘူး။ ပြီးတော့ မင်းနဲ့တစ်ခွက်သောက်ရလိမ့်မယ်လို့လဲ မတွေးဖူးဘူး။ ဘာပဲဖြစ်ဖြစ် ချီးယားစ်!” ရှုကျင်းချန်က သူ့ကိုခွက်ကို ထန်ချင်းယန်ထံသို့ မြှောက်ပြလိုက်သည်။

ထန်ချင်းယန်လည်း ချက်ချင်းပင် မတ်တပ်ထရပ်ကာ သူ့ခွက်ကိုမြှောက်လိုက်ပြီး၊ “ငါကသာ မင်းဆီအရင်လာသင့်တာပါ၊ သခင်လေးရှု။”

တကယ်တော့ ထန်ချင်းယန်သည် အစောကတည်းက ရှုကျင်းချန်နှင့်အတူသောက်ချင်သော်လည်း ခဏလောက်စောင့်အုံးဖို့ စိတ်ကူးထားခဲ့ပေမဲ့ မမျှော်လင့်ထားစွာဘဲ ရှုကျင်းချန်က အရင်ရောက်လာခဲ့သည်။

“ငါ့ကို သခင်လေးရှုလို့ ခေါ်မနေပါနဲ့။ မင်းက ငါ့ညီမရဲ့ချစ်သူကောင်လေးဆိုမှတော့ ငါတို့က သူစိမ်းတွေမှမဟုတ်တော့တာ။ ဒီလို သူစိမ်းဆန်ဆန်တွေ မလုပ်စမ်းပါနဲ့။ ငါ့ကို ကျင်းချန်ပဲခေါ်၊ ငါလည်း မင်းကို ချင်းယန်လို့ပဲ ခေါ်မယ်။”

“ကောင်းပြီ၊ ကျင်းချန်။” ထန်ချင်းယန် ချက်ချင်းပင် သဘောတူလိုက်သည်။

သူတို့ မရင်းနှီးကြသေးဘူးဆိုပေမဲ့ ရှုကျင်းချန်ပြောသည်က မှန်လေသည်။ သူသည် ရှုချင်ယင်း၏ချစ်သူကောင်လေးဖြစ်နေပြီးပြီ။ အခုထိ မိသားစုဝင်မဖြစ်သေးသော်လည်း သူစိမ်းတွေတော့မဟုတ်တော့ပေ။ ဒါကြောင့် မလိုအပ်ဘဲ အလွန်ယဉ်ကျေးနေဖို့ မလိုတော့။ သူတို့သာ ဆက်ပြီး ယဉ်ကျေးမှုအရပြောဆိုဆက်ဆံနေလျှင် တစ်ယောက်ကိုတစ်ယောက် အထင်သေးနေဟန်ပေါ်သွားပေမည်။

သူတို့အတူ တစ်ခွက်သောက်ပြီးနောက် ရှုကျင်းချန်က ကျန်းယွေ့ချင်၊ စုန့်နန်တို့နှင့်အတူသောက်ဖို့ရန် ဆက်သွားခဲ့သည်။

ကူအန်းနာနှင့်စုန့်ယောက်ယွီကတော့ အချင်းချင်း စကားစမြည်ပြောနေကြကာ သူတို့ချင်းတူညီသည့်ကိစ္စတော်တော်များများရှိသည်ကို သိလိုက်ရကြတာကြောင့် အဆုံးမှာတော့ ဖုန်းနံပါတ်လဲလိုက်ကြသည်။

ထို့နောက် ဆက်ပြီး တစ်နာရီမျှ စကားဆက်ပြောကြလေသည်။ ကူအန်းနာက ထန်ချင်းယန်တို့အဖွဲ့နှင့်လာတာကြောင့် သူတို့ကို ပစ်ထားခဲ့လို့မရ၍ နောက်ဆုံးမှာတော့ သူမအဖွဲ့ဆီကို ပြန်သွားခဲ့သည်။

သို့ပေမဲ့ သူတို့စားပွဲတွေက နီးနီးလေးမှာရှိကြတာကြောင့် တစ်ဖက်နှင့်တစ်ဖက် အလွယ်တကူစကားလှမ်းပြောနိုင်ပေသည်။

ည၁၁နာရီလောက်တွင်တော့ လင်ရှောင်းထင်တို့က အရင်ပြန်သွားကြသည်။ ဒီအချိန်ကမှ ပျော်စရာညကို စတင်ဖို့အချိန်ကောင်းဖြစ်ပေမဲ့ သူတို့ကတော့ ပုံမှန်အားဖြင့် ၁၁-၁၂နာရီဆို ပြန်နေကြပင်။ အများကြီးလဲ မသောက်ကြတာကြောင့် အိမ်ကိုသာ စောစောပြန်ကြခြင်းဖြစ်သည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၂၁၃၉ စမစ်မြို့တော်ကိုရောက်လာပြီ

“နင် စုန့်ဟောက်ယွီနဲ့ စကားပြောကောင်းနေတာတွေ့တယ်။ သူ့အပေါ် ဘယ်လိုခံစားရလဲ?”

လင်ရှောင်းထင်နှင့်တခြားလူများထွက်သွားသည်နှင့် ရှုချင်ယင်းတစ်ယောက် ကူအန်းနာကို တန်းမေးလိုက်သော်လည်း တကယ်တမ်း သူမအကြည့်များထဲတွင်တော့ ကူအန်းနာတွင် စုန့်ဟောက်ယွီအတွက် အထူးခံစားချက်များရှိနေကြောင်း သေချာသည်ဟု ပြနေလေသည်။

ကူအန်းနာသည် ပုံမှန်အားဖြင့် စကားအရမ်းများသော်လည်း တစ်ယောက်ယောက်နှင့် အချိန်အကြာကြီးပြောဆိုသည်ကတော့ ရှားပေသည်။ ဒါကြောင့်ပဲ ကူအန်းနာတွင် စုန့်ဟောက်ယွီအပေါ် အထူးခံစားချက်များရှိနေသည်ဟု ရှုချင်ယင်း တွေးမိရခြင်းပင်။

ထိုအမေးကိုကြားလိုက်ရတော့ ကူအန်းနာအနည်းငယ် လန့်သွားသော်လည်း နောက်တော့ ရှုချင်ယင်းကို မျက်လုံးလှန်ပြလိုက်ကာ၊ “ဒါ ငါတို့ပထမဆုံးအကြိမ်တွေ့ကြတာလေ! ငါက မြင်မြင်ချင်းချစ်သွားတတ်တဲ့ လူစားမျိုးမဟုတ်ဘူး။”

တကယ်တော့ ရှုချင်ယင်း ထုတ်မမေးလာခင်တုန်းက ကူအန်းနာ သိပ်မတွေးမိသော်လည်း အခုတော့ ခံစားချက်က ကွဲပြားသွားသည်။

အနည်းဆုံးတော့ သူမ စုန့်ဟောက်ယွီအပေါ် ထင်မြင်ချက်ကောင်းများရှိခဲ့သည်။ ထိုလူသည် ဟာသလုပ်တတ်သူမဟုတ်ဘဲ ရင့်ကျက်တည်ငြိမ်သည့်ပုံစံမျိုးပင်။ သို့သော်လည်း သူနှင့်စကားပြောရသည်က ငြီးငွေ့စရာမကောင်းခဲ့ပေ။

အရမ်းလေးနက်လွန်းသည့်လူများသည် ပျင်းရိငြီးငွေ့စရာကောင်းလွန်းသော်လည်း ကူအန်းနာ သဘောမကျခဲ့ဘဲ ထိုအစား ရယ်စရာပြောတတ်သည့်လူများနှင့်စကားပြောရသည်က ပိုပျော်စရာကောင်းသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း အခုတော့ သူမအတွေးအမြင်ပြောင်းသွားကာ စကားအပြောအဆိုထက် လူတစ်ယောက်၏စရိုက်အနေအထားက ပိုအရေးကြီးသည်ဟု မြင်လာမိသည်။

ဥပမာအားဖြင့် လင်ရှောင်းထင်ဆိုလျှင် အလွန်အေးစက်ကာ ကုနင်းနှင့် လုံးဝကွာခြားသော်လည်း သူတို့ချင်း အလွန်အဆင်ကြသည်။

“နင့်ကိုလည်း မြင်မြင်ချင်းချစ်မိသွားတယ်လို့ မပြောပါဘူး။ သူ့အပေါ် အမြင်ကောင်းလေးတော့ ရှိတယ်မဟုတ်လား? မဟုတ်ရင် ဒီလောက်အကြာကြီး နင်သူနဲ့ ဘယ်စကားပြောနေပါ့မလဲ။ ဒီလိုမျိုး အရင်က မဖြစ်ခဲ့ဖူးဘူး။” ကူအန်းနာ လန့်သွားသည်ကို ရှုချင်ယင်း မမြင်လိုက်သော်လည်း ကူအန်းနာကို သူမသိထားသလောက်တော့ စုန့်ဟောက်ယွီအပေါ် ကူအန်းနာ လုံးဝစိတ်မဝင်စားနေပါဘူးလို့ ပြောလျှင် ယုံမည်မဟုတ်ပေ။

“ကျန်းယွေ့ချင်နဲ့ဆိုလည်း ငါစကားကောင်းကောင်းပြောဖြစ်ကြတာပဲ။ သူ့အပေါ်ကျတော့ ငါခံစားချက်ရှိနေတယ်လို့ နင်ဘာလို့မပြောတာလဲ?” ကူအန်းနာ ထပ်ပြီး မျက်လုံးလှန်လိုက်ပြန်သည်။ စုန့်ဟောက်ယွီအပေါ် တကယ်ခံစားချက်ရှိမိနေပြီလား သူမလဲ မသေချာတာကြောင့် ဝန်မခံချင်ပေ။

“ဘာလို့ဆို ငါမမြင်လို့လေ!” သူမသာ ကျန်းယွေ့ချင်အပေါ် ကူအန်းနာ ခံစားချက်ရှိနေကြောင်းမြင်မိလျှင် အခုလိုပဲ ထုတ်ပြောမှာဖြစ်သည်။

“ဟုတ်ပါပြီ၊ နင်ပဲနိုင်ပါတယ်! ငါဘယ်သူ့အပေါ်မှာမှ ဘာခံစားချက်မှမရှိပါဘူး။ လာပါ ဆက်သောက်ရအောင်!” ကူအန်းနာတစ်ယောက် ရှုချင်ယင်းနှင့် စကားဆက်မပြောချင်တော့တာကြောင့် သောက်ပဲသောက်နေလိုက်တော့သည်။

……..

အားလုံးအရက်သောက်ထားကြတာကြောင့် ကိုယ်တိုင်မမောင်းနိုင်ကြ၍ အားလုံး အငှားယဉ်မောင်းကိုခေါ်လိုက်ကြသည်။

ရှုကျင်းချန်သည်တော့ သူ့ကိုယ်ပိုင်တိုက်ခန်းသို့မပြန်မီ ကျီပိုင်ယင်းကိုအရင် ရာစုနှစ်မြို့တော်သို့ ပြန်လိုက်ပို့ပေးခဲ့သည်။

သူတို့တွဲနေကြပြိဆိုသော်လည်း တစ်ခန်းတည်း အတူအိမ်ကြသည့်အဆင့်ကိုတော့ မရောက်ကြသေးပေ။ အရေးအကြီးဆုံးကတော့ ရှုကျင်းချန်က ကျီပိုင်ယင်းအပေါ် လေးစားမှုထားတာကြောင့်ပင်။

လင်ရှောင်းထင်နှင့်ကုနင်းသည်တော့ လင်ရှောင်းထင်၏အိမ်သို့ အတူတူပြန်ကြသည်။ သူတို့တွဲနေသည်က အတော်ကြာပြီဖြစ်တာကြောင့် အတူတူအိပ်သည်က ပုံမှန်သာဖြစ်သွားပေပြီ။

လင်ရှောင်းထင်နှင့်ကုနင်းတို့ တွေ့ဖြစ်ကြသည့်အချိန်က ရှားတာကြောင့် အတူအိပ်ဖြစ်သည်ကလည်း ရှားလှသည်။ ဒါကြောင့် သူတို့အတူ တစ်ခန်းတည်းမှာရှိနေမိသည်နှင့် ပူလောင်ပြင်းပြသည့် ညတာရှည်ကြီးကို အလိုအလျောက် ဖြတ်သန်းမိကြသည်သာ။

“နောက်ရက်ပိုင်းအတွင်း ကိုယ်ရှိမှာမဟုတ်ဘူး။ လဝက်လောက်တော့ကြာမယ်ထင်တယ်။ မင်းအောက်မြို့ကိုမသွားခင် ပြန်ရောက်အောင် ကြိုးစားပါ့မယ်။ တခြားကိစ္စတွေသာ မရှိရင် ကိုယ်မင်းနဲ့အတူ အောက်မြို့ကိုလိုက်ပေးမယ်။” လင်ရှောင်းထင်ကပြောလိုက်သည်။

ယခုဆို နိုဝင်ဘာလလယ်ရောက်နေပြီဖြစ်တာကြောင့် အောက်မြို့တွင်ကျင်းပမည့် လောင်းကစားပွဲကိုရောက်ဖို့ရန် ရက်၂၀သာ လိုပေတော့သည်။ ထိုအချိန်အတွင်း အထွေအထူးလုပ်စရာကိစ္စသာ မပေါ်ခဲ့လျှင် ကုနင်း သေချာပေါက် သွားပေမည်။ ငတုံးတွေသာ ထိုသို့ ငွေအမြောက်အမြားရှာနိုင်မည့် အခွင့်ကောင်းကြီးကို လက်လွှတ်ခံကြပေလိမ့်မည်။

“ကောင်းပြီလေ၊ ဂရုစိုက်ဦး။” လင်ရှောက်ထင် ဘာသွားလုပ်မလဲဆိုသည်ကို ကုနင်းမမေးခဲ့ပေ။ သူမ ဘယ်တုန်းကမှလည်း လင်ရှောင်းထင်၏အလုပ်နှင့် ပတ်သတ်ပြီး မေးမြန်းခဲ့ခြင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် လင်ရှောင်းထင်၏အလုပ်သည် လျှို့ဝှက်ချက်ဖြစ်သည်။ ဒါ့အပြင် အရမ်းလည်း အန္တရာယ်များတာကြောင့် လင်ရှောင်းထင်ကို ဂရုစိုက်သွားဖို့သာ ကုနင်းပြောနိုင်ပေသည်။

လင်ရှောင်းထင်၏လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် မတော်တဆဖြစ်နိုင်ချေ အလွန်နည်းပါးသော်လည်း အန္တရာယ်ကတော့ ရှိနေဆဲဖြစ်တာကြောင့် ကုနင်း စိုးရိမ်မိပေသည်။

အခုဆို လင်ရှောင်းထင်သည် သရဲတစနေှင့် နတ်ဆိုးများနှင့်ဆိုင်သော တာဝန်များကို ပိုပိုပြီးယူလာရသည်။ အခုချိန်အထိတော့ အလွန်အားကောင်းသည့်ဖြစ်တည်မှုမျိုးနှင့် မကြုံရသေးလျှင်တောင် အမြဲတမ်း ဘေးကင်းနေလိမ့်မည်ဟုတော့ မဆိုလိုပေ။

“ကောင်းပါပြီ၊ ကိုယ်ဂရုစိုက်ပါ့မယ်။”

အတိတ်တုန်းကဆိုလျှင် သူ့အသက်ကို ဘယ်တုန်းကမှ အလေးမထားဘဲ တာဝန်ပြီးမြောက်ဖို့ကိုသာ အဓိကထားခဲ့ပေမဲ့ အခုတော့ ကွာခြားသွားပေပြီ။ သူ့တွင် ချစ်ရသည့်သူ ဂရုစိုက်ရသည့်သူများ ရှိနေပြီဖြစ်တာကြောင့် တာဝန်ကျရှုံးရမည်ဆိုလျှင်တောင်မှ သူ့အသက်ကို တန်ဖိုးထားဖို့ သင်ယူလိုက်ရသည်။ သူအသက်ရှင်နေသ၍ နတ်ဆိုးတွေကို တိုက်ထုတ်ဖို့ အခွင့်အရေးရှိနေဦးမည်ဖြစ်သော်လည်း သူသာသေသွားလျှင် ဘာအခွင့်အရေးမှရှိတော့မည်မဟုတ်ပေ။

“ကျင့်ကြံသူတွေအကြောင်း စုံစမ်းဖို့အတွက် မကြာခင်မှာပဲ တချို့အင်အားရပ်တွေ မြို့တော်ကို ဝင်လာနိုင်တယ်။ သူတို့ကို သေချာအာရုံထားသင့်ပေမဲ့ ဝင်မရှုပ်နဲ့ သူတို့စုံစမ်းတာကိုလည်း ကြားဝင်မဖြတ်နဲ့။” လင်ရှောင်းထင်သည် ကျင့်ကြံသူများနှင့် ဆက်ဆံရာတွင် ကုနင်းထက်ဘယ်သူမှ ပိုမကောင်းတာကြောင့် သူမကိုသာ အားကိုးနိုင်ခဲ့သည်။

ရှန်းကွမ်းယန်နှင့် ကျင်းယွင်ယောင်တိုသည် သန်မာသော်လည်း ကျင့်ကြံသူများအား လျှို့ဝှက်စုံစမ်းရာတွင် မကျွမ်းကျင်ကြပေ။ သို့သော်လည်း တိုက်ခိုက်မည်ဆိုလျှင်တော့ သူတို့က အကူအညီဖြစ်ပေသည်။

“ဟုတ်ပါပြီ၊ အာရုံစိုက်ထားလိုက်မယ်။” ကျင့်ကြံသူတွေသာ လူထုကြားထဲ တရားဝင်ထွက်ပေါ်လာလျှင် ပြဿနာကြီးပေမည်!

သန်ဘက်ခါဆိုလျှင် လင်ရှောင်းထင်ထွက်သွားမည်ဖြစ်တာကြောင့် ထိုနေ့တွင် ကုနင်းကျောင်းမသွားတော့ဘဲ သူမချစ်သူနှင့်အတူ နေပေးခဲ့သည်။

သို့သော်လည်း သူတို့နှစ်ယောက်တည်း အမြဲတမ်း အတူပူးကပ်နေလို့မရပေ။ မနက်ပိုင်းတွင် သူတို့ကုမ္ပဏီသို့သွားကာ နေ့လည်တွင် စစ်ဟယ်ယွမ်သို့ပြန်ပြီး ညနေတွင် လင်မိသားစုအိမ်သို့ပြန်ရန် အစီအစဉ်ဆွဲထားလိုက်သည်။

သို့သော်လည်း နေ့လည်ပိုင်း သူတို့ကုမ္ပဏီက ထွက်ဖို့လုပ်ချိန်မှာပဲ Kက အလောတကြီး ကုနင်းဆီသို့ရောက်လာကာ မြို့တော်သို့ စမစ်ရောက်နေကြောင်း ပြောလာသည်။

လင်ရှောက်ကျား ကုနင်းကိုသတ်ဖို့ကြံစည်ခဲ့သည်မှာ လပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း ကြံရာပါဖြစ်သည့်စမစ်ကို လက်စားချေဖို့ကို ကုနင်း လက်မလျှော့ခဲ့သေးပေ။

နိုင်ငံခြားသို့အလျင်စလိုသွားကာ ရှာလို့မရတာကြောင့် Kကိုစောင့်ကြည့်ဖို့တာဝန်ပေးထားခဲ့သည်။ သူတို့နိုင်ငံသို့ စမစ်ခြေချသည်နှင့် သူမချက်ချင်းလှုပ်မည်ပင်။

Kကို နေ့တိုင်းစောင့်ကြည့်ပေးဖို့တော့ မမှာထားပေ။ ဘာပဲဖြစ်ဖြစ် Kတွင်လည်း သူမအတွက် တခြားလူတွေကို ထောက်လှမ်းပေးရတာတွနေဲ့ အချိန်ပိုများများမရှိပေ။ ဒါကြောင့် ရက်တချို့ကြာပြီးနောက်မှာမှ စမစ်၏အိုင်ဒီမှတ်တမ်းကို ပြန်စစ်ရုံသာလုပ်ပေသည်။

လင်ရှောက်ကျားမတော်တဆဖြစ်ပြီးနောက် စမစ်လည်း သူ့ကိုဖော်ထုတ်ခံရမည်ကို စိုးရိမ်မိတာကြောင့် အခုလိုအတော်ကြာသည်အထိ ကုနင်းတို့နိုင်ငံသို့ ခြေမချခဲ့ပေ။

အချိန်အတော်ကြာသွားပြီဖြစ်တာကြောင့် သူဘေးကင်းသွားပြီဟု ထင်ခဲ့ကာ ဤနိုင်ငံသို့ လာသည်အား ကုနင်းသိသွားလိမ့်မည်ဟုလည်း မထင်ခဲ့ပေ။

ကုနင်း သတင်းကြားသည်နှင့် မျက်လုံးထဲတွင် အန္တရာယ်များသည့် အချစ်တို့ဖြတ်ပြေးသွားကာ၊ “သူဘယ်ကိုသွားလဲ?”

“သူ မနေ့ညကပဲ ရောက်တာ။ သုန့်ချန်းခရိုက်မှာရှိတဲ့ ဟယ်တန်ဟော်တယ်မှာတည်းတယ်။ အခုလည်း ဟိုတယ်မှာရှိနေသေးတယ်။”

ဟယ်တန်ဟိုတယ်သည် Yနိုင်ငံသာဦးစီးသည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် ထိုဟိုယ်တည်၏ တန်ဆောင်မှု အစားအသောက်တို့သည် သူတို့အကြိုက်နှင့်ကိုက်တာကြောင့် Yနိုင်ငံသားတွေ မြို့တော်ကိုလာတိုင်း ဟယ်တန်ဟိုတယ်တွင် တည်ရသည်ကို သဘောကျကြသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၄၀ စမစ်ဘယ်လိုအဆုံးသတ်သွားလဲ?

ထို့အပြင် မန်နေဂျာများနှင့် စားပွဲထိုးအချို့အပြင် စားဖိုမှူးများ အားလုံးသည် Yနိုင်ငံမှ လာသူများဖြစ်ပြီး Yနိုင်ငံမှ ဧည့်သည်များကို သီးသန့် ဆောင်ရွက်ပေးကြသည်။

"အရမ်းကောင်းတယ်။ သူ့ကို ဆက်ကြည့်‌နေလိုက်။ အခု ဟယ်တန်ဟိုတယ်ကို သွားမယ်။ သူထွက်သွားရင် ငါ့ကိုဖုန်းဆက်လိုက်ပါ" ဟု ကုနင်းကပြောသည်။

K : “ဟုတ်ပြီ ဘော့စ်”

ထို့နောက် လင်ရှောင်းထင်နှင့် ကုနင်းတို့ ကုမ္ပဏီမှ ဟယ်တန် ဟိုတယ်သို့ ထွက်ခွာခဲ့သည်။

"ဘာလုပ်ဖို့ စီစဉ်ထားလဲ" လင်ရှောင်းထင်က မေးသည်။

"လင်ရှောက်ကျားနဲ့အတူတူပဲ လုပ်ရမှာပေါ့။ သူ့ကို ဆေးရုံမှာ လအနည်းငယ်ကြာအောင် အိပ်ခိုင်းလိုက်မယ်။ ကျွန်မတို့ သူ့ကို ဘယ်လိုမှ သတ်လို့မှမဖြစ်တာ!” ကုနင်းက ပြောသည်။ လင်ရှောက်ကျားကို သူမ မသတ်ခဲ့သဖြင့် စမစ်ကိုလည်း သတ်ရန် အကြောင်းမရှိပေ။ နောက်ကွယ်က တကယ့်ကြိုးကိုင်သူကိုတောင် မသတ်မှတော့ စမစ်ကို သတ်စရာအကြောင်းမရှိပေ။ သူမအတွက်လည်း အဆင်ပြေပေသည်။

လင်ရှောင်းထင်က ကုနင်းလုပ်ချင်တာကို မကူညီနိုင်ခဲ့တဲ့အတွက် သူ့ကို လိုအပ်လားလို့ မမေးခဲ့ပါ။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ဟယ်တန်ဟိုတယ် သို့ရောက်ရှိပြီးနောက်တွင် K ထံမှပြောင်းလဲမှုတစ်စုံတစ်ရာအကြောင်းကြားစာမရရှိသေးသောကြောင့် စမစ်သည် ဟယ်တန်ဟိုတယ်တွင်ရှိနေဆဲဖြစ်သည်ဟုဆိုလိုခြင်းဖြစ်သည်။

သို့သော် ဟယ်တန်ဟိုတယ်သည် အလွန်ကြီးမားပြီး အဆောက်အဦးများစွာ ပါ၀င်သည်။ သူဘယ်မှာရှိနေသည်ကို မသိသောကြောင့် K ကို မေးရမည်ဖြစ်သည်။

ကုနင်းက သူ့ကို ကျောက်စိမ်းမျက်ဝန်းနဲ့ ရှာလို့ရနိုင်ပေမယ့် သူ့ကို ရှာတွေ့ဖို့ အချိန်ယူရမှာဖြစ်ပြီး အဲ့လောက်ဒုက္ခခံစရာ မလိုပါ။ K သည် စမစ်ကို စောင့်ကြည့်နေသောကြောင့် ကုနင်းသည် ဖုန်းခေါ်ဆိုပြီးနောက် စမစ်က မည်သည့်နေရာတွင် ရှိနေသည်ကို သိနိုင်သည်။

ထိုအချိန်တွင် နေ့လည်စာစားချိန်ဖြစ်သဖြင့် စမစ်သည် ခေါင်မိုးထပ်ပေါ်ရှိ ထမင်းစားခန်းမ၏ အမှတ် XX တဲတွင် စားသောက်နေလေသည်။

ယခုအချိန်တွင် အချို့သောသူများသည် အဆင့်မြင့်ဟိုတယ်များ၏ ခေါင်မိုးပေါ်ရှိ ထမင်းစားခန်းမကို နှစ်သက်ကြပြီး ဘေးပတ်ပတ်လည်တွင် နံရံများကို မှန်များဖြင့် ဆောက်လုပ်ထားသောကြောင့် အထူးသဖြင့် ညဘက်တွင် ပတ်ဝန်းကျင်ရှုခင်းများကို လူများကြည့်နိုင်သည်။ ညမြင်ကွင်းက တော်တော်ထူးခြားသည်။

"ကျွန်မတို့ ဒီမှာထမင်းစားကြမလား!" ကုနင်းက စမစ်အနီးမှာ ပေါ်လာရန်အတွက် ပြောခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် မှော်အစွမ်းကို အသုံးပြုကာ တိုက်ခိုက်မည်ဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်တွင် မည်သည့်အရိပ်အယောင်မှ မရှိနိုင်ပေ။ အဲဒီအခါမှာ သူမရဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါ။

“ဟုတ်ပြီ” လင်ရှောင်းထင်က သဘောတူပြီးနောက် ဟိုတယ်တံခါးဝသို့ ကားကို တိုက်ရိုက်မောင်းကာ အထဲသို့ မဝင်မီ ကားပါကင်ထိုးခဲ့သည်။

စားသောက်ဆိုင်ထဲ၀င်သောအခါ စားပွဲထိုးတစ်ယောက်က လာနှုတ်ဆက်သည်။ တစ်ချိန်တည်းမှာပင် ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို ချက်ချင်းဖွင့်လိုက်ပြီး စမစ်၏တည်နေရာကို ရှာဖွေရန် ပတ်ဝန်းကျင်ကို စကင်န်ဖတ်လိုက်သည်။

စမစ်က ဘယ်ဆိုင်မှာရှိမှန်း သူမသိပေမယ့် ကုနင်းက ဒီကိုပထမဆုံးရောက်လာတာဖြစ်လို့ သူဘယ်စားပွဲမှာရှိလဲဆိုတာ သူမမသိပါ။

မကြာခင်မှာပဲ ကုနင်းက စမစ်ကိုတွေ့သွားကာ အဲဒီနားမှာ စားပွဲထိုးကို နေရာချခိုင်းသည်။

စမစ်ဘေးမှာ ဘယ်သူမှမရှိပေမယ့် ကုနင်းက သူ့ဘေးမှာ တိုက်ရိုက်မထိုင်ပေ။ အဲဒီအစား သူနဲ့အဝေးရှိ စားပွဲမှာ ထိုင်သည်။

၎င်းတို့ကြားတွင် နှစ်မီတာသာ‌ဝေးသော်လည်း ၎င်းသည် သူမ၏အစီအစဉ်အပေါ် သက်ရောက်မှုမရှိနု်င်ပေ။

အခန်းငယ်များကြားတွင် အပေါက်ဖောက်ထားသော အပေါက်များရှိပြီး ကုနင်းနှင့် လင်ရှောင်းထင် တို့သည် စမစ် ၏နောက်တွင် ထိုင်နေသောကြောင့် စမစ်က သူတို့ကို မမြင်နိုင်ပေ။

စမစ်သည် လူသတ်သမားကို ငှားရမ်းခဲ့သူဖြစ်သောကြောင့် ကုနင်းကို မြင်ဖူးနိုင်သည်။ သူမကိုမြင်ရင် သေချာ‌ပေါက်မှတ်မိမှာပါ။

ကုနင်းသည် စမစ်၏နံဘေးအနီးရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ အော်ဒါမှာပြီးတာနဲ့ စားပွဲထိုးက ထွက်သွားသည်။ ကုနင်းသည် အခန်းကန့်က‌နေ အပေါက်ကို တမင်ကြည့်ခဲ့သော်လည်း အမှန်တကယ်တွင် စမစ်ဆီသို့ ရေခဲမှော်စွမ်းအင်ကို ထုတ်လွှတ်‌နေခြင်းဖြစ်သည်။

သူ့ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတဲ့အတွက်ကြောင့် သူမဟာ အပြစ်မဲ့သူကို မနာကျင်စနေိုင်ဘဲ သူ့ခန္ဓာကိုယ်ကို ကာကွယ်နိုင်တဲ့ မှော်စွမ်းအင်ရှိတဲ့ လင်ရှောင်းထင်ဟာ လုံးဝကို ထိခိုက်မှာ မဟုတ်ပါဘူး။

စမစ်သည် ညနေခင်းတွင် စေ့စပ်ညှိနှိုင်းခြင်းမပြုမီ စီးပွားရေးကိစ္စရပ်အကြောင်း စဉ်းစားရင်း ထမင်းစားနေစဉ် ရုတ်တရက် သူ့ခန္ဓာကိုယ်မှ အေးစက်မှုတစ်ခု ခံစားရပြီး တောင့်တင်းသွားခဲ့သည်။ သူ့ရဲ့ ပထမဆုံး အတွေးက လေအေးပေးစက် ပျက်သွားတာဖြစ်နိုင်သည်ဟုပင်။

အခုသာ အရမ်းအေးနေပေမယ့် စားသောက်ဆိုင်က လေအေးပေးစက်က အရမ်းနွေးနေပြီး ပတ်ပတ်လည်မှာ ဖွင့်ထားတဲ့ ပြတင်းပေါက်တွေ မရှိတဲ့အတွက် စမစ်က လေအေးတွေ ဝင်လာသလားလို့တောင် မတွေးခဲ့မိပေ။

လေအေးပေးစက် ပျက်သွားရင်တောင် စမစ်က ဂရုမစိုက်‌ပေ။ မကြာခင် စားပြီး‌တော့မည်။ ထွက်သွားတော့မှာဖြစ်လို့ လေအေးပေးစက် ပျက်သည်ဖြစ်စေ၊ ပျက်သည်ဖြစ်စေ အရေးမကြီးပါ။ သို့သော် အေးစက်မှုသည် သူ့ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်ကို လျှပ်စီးကြောင်းအရှိန်ဖြင့် တောင့်တင်းသွားကာ အရိုးများတွင်လည်း တုန်ယင်နေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် စမစ်သည် တစ်ခုခုမှားနေပြီဟု သဘောပေါက်သွားသည်။ ခန်းမထဲမှာ ဘယ်လောက်အေးနေပါစေ လူတွေရဲ့ ခန္ဓာကိုယ်တွေ တောင့်တင်းပြီး အရိုးတွေကို နာကျင်စေမှာ မဟုတ်ပါ။

သူဘာဖြစ်‌နေတာလဲ။

ဒါကိုတွေးရင်း စမစ် ထိတ်လန့်သွားပြီး သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ သူ့ခန္ဓာကိုယ်က အမြဲကျန်းမာနေခဲ့သည်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူ့ခန္ဓာကိုယ်မှာ ပြဿနာရှိနေတော့ ချက်ချင်း‌ေဖြရှင်းရမည်။

ရလဒ်အနေဖြင့် စမစ်သည် ချက်ချင်းလက်လှမ်းပြီး ဝန်ဆောင်မှုခေါင်းလောင်းကို တီးရန်ကြိုးစားကာ စားပွဲထိုးအား 120 ကိုခေါ်ဆိုရန် တောင်းဆိုရမည်။ သူကိုယ်တိုင် ဖုန်းခေါ်နိုင်ပေမယ့် ဟိုတယ်ကို ဒီလိုလုပ်ခိုင်းလိုက်တာက ပိုသင့်လျော်တယ်လို့ သူထင်နေတုန်းပါပဲ။

ကံမကောင်းစွာပဲ သူ့လက်ကို မြှောက်လိုက်သောအခါ သူ့လက်တစ်ပြင်လုံး တောင့်တင်းသွားသလို ခံစားလိုက်ရသည်။ လှုပ်ရှားမှုပိုကြီးလာသောအခါတွင် လက်ကျိုးသွားသလို တုန်ယင်လာသည်။

အခုတော့ စမစ် ကြောက်သွားပေသည်။ ဘယ်လိုဖြစ်‌နေတာလဲ။

သူ မလှုပ်ရှားနိုင်တော့တာကို မြင်လိုက်ရတော့ စမစ်က သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး အော်ချင်ပေမယ့် ပါးစပ်ကို ဖွင့်လိုက်တဲ့အခါ သူ့လည်ချောင်းကို တစ်ခုခုနဲ့ ပိတ်ဆို့ထားပုံရပြီး အသံမထွက်လာတာကို တွေ့လိုက်ရသည်။

ဒီတစ်ခါတော့ စမစ်က ပိုကြောက်သွားသည်။ ဒီမှာ ဘယ်လို‌တွေဖြစ်‌နေတာလဲ။ ဘယ်လိုဖြစ်သွားတာလဲ။ စမစ်ရဲ့ စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ မေးခွန်းတွေ ပြည့်နေပေမယ့် သူဘယ်လိုကြိုးစားနေပါစေ ဘာကြောင့်လဲဆိုတာကို သူ နားမလည်နိုင်ပါ။

ပြီးခါနီးသောအခါ ကုနင်းသည် သူမ၏ မှော်အစွမ်းကို ရုပ်သိမ်းလိုက်သည်။ အစမှအဆုံး မိနစ်ဝက်သာကြာသည်။

သူ၏ ခန္ဓာကိုယ်ကို အေးခဲနေသော မှော်အစွမ်းကြောင့် အေးခဲသွားပြီးနောက် သူ၏ ခြေလက်များ တုန်ခါသွားရုံသာမက အရိုးများတွင်လည်း ထုံကျင်ကိုက်ခဲမှု ဖြစ်စေခဲ့သည်။ အရမ်းနာကျင်သည်။ ထို့အပြင် နာကျင်မှုသည် လပေါင်းများစွာ ကြာနိုင်ပြီး သန်မာသော ခန္ဓာကိုယ်ပင်လျှင် မခံနိုင်ပါ။ စမစ်ဟာ သာမန်လူတစ်ယောက်ထက် အများကြီး ပိုသန်မာသည်။

စမစ်မှာ တစ်ခုခုမှားနေပြီဆိုတာကို စားပွဲထိုးတစ်ယောက်က အမြန်ရှာဖွေတွေ့ရှိခဲ့သည်။ သူ မလှုပ်မယှက်ဖြစ်နေတာကို မြင်တော့ စားပွဲထိုးက အကူအညီလိုလားဟု မေးသည်။

စမစ်က စကားမပြောနိုင်ပေမယ့် ဆူညံတဲ့အသံကို သူ လုပ်နိုင်ပါသေးသည်။ ထို့ကြောင့် စားပွဲထိုးက သူ့မှာ ပြဿနာရှိမှန်း သိသွားပြီး မန်နေဂျာထံ ချက်ချင်း သတင်းပို့လိုက်သည်။ အဲဒီနောက် လူနာတင်ကားကို ခေါ်လိုက်သည်။

စမစ်ကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်ပြီးနောက် ကုနင်းနှင့် လင်ရှောင်းထင် တို့၏ အစားအသောက်များ ရောက်လာသည်။ စားပြီးသည်နှင့် စစ်ဟယ်ယွမ် သို့ ပြန်သွားကြသည်။ သို့သော် ပြဿနာတစ်ခုကို ဖြေရှင်းပြီးသောအခါ အခြားတစ်ခုနှင့် ကြုံတွေ့ကြရပြန်သည်။

ကုနင်းနဲ့ လင်ရှောင်းထင် တို့ဟာ စစ်ဟယ်ယွမ်ဆီကို ပြန်ရောက်တာနဲ့ ကုနင်းရဲ့ ဖုန်းမြည်လာသည်။ သူမသည် ရှန်းကွမ်းယန်နှင့် အခြားသူများနှင့် ခဏတာ စကားစမြည်ပြော‌နေတဲ့အချိန်ဖြစ်သည်။ ဖုန်းခေါ်လာသူက ကောင်းယိ ပါ။

ယန်ကျွင်းအတုနှင့်ပတ်သက်သော အထောက်အထားများမတွေ့ရှိရကြောင်း ကောင်းယိမှ ပြောကြားခဲ့ပြီး ယန်ကျွင်းအတုမှာ အမှန်တကယ်ပင် တရားစွဲခံနေရပြီဖြစ်သည်။

အဲဒါကိုကြားတော့ ကုနင်းက မျက်‌မှောင်ကြုတ်လိုက်သည်။ ရှောက်ချန်းသည် အထောက်အထားကို ရှာမတွေ့ခဲ့ပုံရပြီး ယန်ကျွင်းအစစ်ကိုကာကွယ်ဖို့ရွေးချယ်ခဲ့တာ မဟုတ်ရင် ယန်ကျွင်းအစစ်ကိုယ်တိုင်က ပါ၀င်ပတ်သတ်နေပြီး စုံစမ်းစစ်ဆေးမှုမပြုလုပ်မီ ဖိုင်များကို ဖျက်ဆီးရန် ၎င်း၏အဆက်အသွယ်များကို အသုံးပြုခဲ့ခြင်းဖြစနိုင်သည်။

အဲဒီလိုဆိုရင် သူမ တစ်ခုခုလုပ်ရမည်။

ကောင်းယိနှင့် ဖုန်းပြောပြီးနောက် ကုနင်းသည် K ကို ချက်ခြင်းဖုန်းဆက်ပြီး ယန်ကျွင်းနှင့် ယန်စစ်ယွမ်တို့၏ ဖိုင်များရှိနေသေးကြောင်း သိနိုင်ရန် ကျောင်း၏ ကျောင်းသားဖိုင်များကို ဟက်ခ်ခိုင်းသည်။

သို့သော် အံ့သြစရာမရှိဘဲ ဖိုင်များကို တကယ်ဖျက်ပစ်ခဲ့သည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၁၄၁ ဒီအတိုင်း ပြောတာမဟုတ်ဘူး။

အဲဒီနောက် ကုနင်းက ရှန်းကွမ်းယန်နဲ့ တခြားသူတွေကို ချက်ချင်း တစ်ခုခုဖြေရှင်းဖို့ အပြင်ထွက်ရမယ်ဟု ပြောပြီး ယန်ကျွင်းအတုကို ဖမ်းဆီးထားတဲ့ ရဲစခန်းကို သွားခဲ့သည်။

လင်ရှောင်းထင်သည်လည်း သူမနှင့်အတူ ထွက်လာခဲ့သည်။

ရှန်းကွမ်းယန်နှင့် ကျင်းယွင်ယောင်တို့သည် ကုနင်းနဲ့ လင်ရှောင်းထင်တို့က သူတို့ဘာသာသူတို့ ဆုံးဖြတ်ချက်ချနိုင်သောကြောင့် မည်သည့်ကိစ္စမှန်း မေးရန် စိတ်မ၀င်စားခဲ့ပေ။ သူတို့ကို ဘာမှ စိတ်ပူစရာ မရှိပေ။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ခရိုင်များကိုဖြတ်ကျော်ပြီး တစ်နာရီအကြာမှ ရောက်ရှိလာသော်လည်း ၎င်းတို့၏ လုပ်ရပ်ကို မထိခိုက်စေခဲ့ပေ။

ယန်ကျွင်း အတုကို တရားစွဲဆိုထားသော်လည်း အမှုကို ချက်ချင်း တရားရုံးသို့ ပို့မည်မဟုတ်သောကြောင့် ရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်သည်။

ရဲစခန်းရှိလူတိုင်းက ကုနင်းကိုသိသောကြောင့် အားလုံးက သူမကိုတွေ့သောအခါ ယဉ်ကျေးစွာနှုတ်ဆက်ကြသည်။

သူတို့သည် လင်ရှောင်းထင်ကို မသိသော်လည်း လင်ရှောင်းထင်မှာ မြင့်မြတ်သော စွမ်းအားရှိသောကြောင့် သူ့ကို မထီမဲ့မြင်မပြုရဲကြပေ။ သူက အရမ်းချောတဲ့အတွက် ကုနင်းနဲ့ သူ့ရဲ့ဆက်ဆံရေးကို သိချင်နေကြသည်။

လူတွေက အတင်းအဖျင်းတွေကို ကြိုက်ကြသည်။

သူသည် ကုနင်း၏ ချစ်သူဖြစ်နိုင်သည်ဟု သူတို့ထင်ခဲ့သည်။

"မစ္စကု မင်းအတွက် ကျွန်တော်ဘာလုပ်ပေးရမလဲ" ရဲတစ်ယောက် ထွက်လာပြီး စိတ်အားထက်သန်စွာ မေးသည်။

"အရာရှိရှောက်က ဒီမှာလား ကျွန်မ သူနဲ့ စကားပြောစရာရှိလို့ပါ” ဟု ကုနင်းက ဆိုသည်။

“ရုံးခန်းထဲမှာပါ။ ကျွန်တော် မင်းကို အဲဒီကို ခေါ်သွားပါမယ်”

"ကျေးဇူးအများကြီးတင်ပါတယ်" ဟု ကုနင်းက ယဉ်‌ကျေးစွာပြောပြီး အဲဒီ့ရဲသားနောက်ကို လိုက်သွားသည်။

ရဲသားက ကုနင်းနဲ့ လင်ရှောင်းထင်ကို ရှောက်ချန်း ရုံးခန်းဆီသို့ ခေါ်သွားပြီး တံခါးကိုခေါက်လိုက်သည်။ ဝင်လာခဲ့လို့ ပြောသံကြားတော့ ရဲက တံခါးကို တွန်းဖွင့်လိုက်သည်။

ကုနင်းကိုတွေ့သောအခါ ရှောက်ချန်းသည် လျင်မြန်စွာထကာ သူမကို အလွန်ယဉ်ကျေးစွာ နှုတ်ဆက်သည်။ "မစ္စကု တွေ့ရတာဝမ်းသာပါတယ်။ ကျေးဇူးပြုပြီး ထိုင်ပါ"

ရှောက်ချန်းသည် လင်ရှောင်းထင်ကို မသိသောကြောင့် တိုက်ရိုက်မနှုတ်ဆက်ဘဲ ခေါင်းညိတ်ပြကာ သူရောက်နေကြောင်းကို အသိအမှတ်ပြုခဲ့သည်။

ယန်ကျွင်း ကိစ္စအတွက် ကုနင်းက သူ့ကို လာတွေ့တယ်ဆိုတာကို ရှောက်ချန်းက သိထားပေမယ့် နည်းနည်းတော့ အံ့သြသွားမိသည်။ ကုနင်းက ယန်ကျွင်းရဲ့အမှုကို ဘာလို့အရမ်းဂရုစိုက်တာလဲ။

ကုနင်းနှင့် လင်ရှောင်းထင်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းထိုင်လိုက်ပြီး ရှောက်ချန်းသည် လက်ဖက်ရည်တစ်ခွက်စီကို အသီးသီး ချပေးလိုက်သည်။

"မစ္စကု ကျွန်တော်ဘာကူညီပေးရမလဲ" ရှောက်ချန်းက မေးသည်။ အဖြေကို သူသိသော်လည်း ကုနင်းကို အရင်မေးရဦးမည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်မမေးသင့်ဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် အဲဒါက ကျွန်မနဲ့ သက်ဆိုင်တဲ့အတွက်ကြောင့် ဘယ်လိုဖြစ်‌နေပြီလဲဆိုတာ သိချင်ပါတယ်။ အရာရှိရှောက် ကျွန်မကို ပြောပြနိုင်မလား " ကုနင်းက အတင်းမေးသည်။

“မနေ့က မစ္စကု ထွက်သွားပြီးတဲ့ နောက်မှာ ကျွန်တော် သူ့အထက်တန်းကျောင်းကို စုံစမ်းဖို့ သွားခဲ့ပေမယ့် ဖိုင်တွေ ပျောက်သွားတယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ ဘယ်သူကမှ ဖိုင်ဟောင်းတွေကို စီမံခန့်ခွဲတာ မရှိ‌တော့ဘူး” ဟု ရှောက်ချန်းက မည်သည့် သံသယမှ ၀င်ရောက်ခြင်းမရှိပေ။

သူက သရုပ်ဆောင်အရမ်းကောင်းတာ ဖြစ်နိုင်သလို တကယ်တမ်း သူနဲ့ ဘာမှ မဆိုင်တာလည်း ဖြစ်နိုင်သည်။

"ပျောက်သွားတာလား? တိုက်ဆိုင်လိုက်တာ!" ကုနင်းသည် မျက်ခုံးကို အနည်းငယ်ပင့်ကာ မယုံသည့်ဟန်ဖြင့် ပြောလိုက်သည်။

ရှောက်ချန်းက အဲဒါကို ကြားတော့ မျက်မှောင်ကြုတ်လိုက်သည်။ ကုနင်းက သူ့ကို မေးခွန်းထုတ်တာကို စိတ်မချမ်းသာပေမယ့် သူ့မျက်နှာမှာ မထုတ်ပြဝံ့ပေ။

"မစ္စကု မင်းမယုံရင် မင်းကိုယ်တိုင် ကျောင်းသွားပြီး စုံစမ်းလို့ရပါတယ်" ရှောက်ချန်း ကပြောသည် ။

"မလိုပါဘူး။ ကျွန်မယုံပါတယ်” ဟု K ဆီမှ ရလဒ်ကို သိရှိထားပြီးဖြစ်သောကြောင့် ကုနင်းက ပြောသည်။

“ယန်ကျွင်းကို တရားရုံးမှာ ကျွန်တော်တို့ တရားစွဲထားပါတယ်။ မနက်ဖြန် ဒါမှမဟုတ် သဘက်ခါ ကိုင်တွယ်မယ်” ဟု ရှောက်ချန်းက ပြောသည်။

"အရာရှိရှောက် မင်း ယန်စစ်ယွမ်နဲ့ ဒီလောက်ကောင်းတဲ့ ဆက်ဆံရေးရှိတာပဲ။ ဒါပေမယ့် မင်း သူ့ကို မျက်စိစုံမှိတ်မကူညီဘူး မဟုတ်လား" ကုနင်းက ရုတ်တရက် မေးလိုက်ပေမယ့် ဒီမေးခွန်းက လေးနက်တဲ့ အဓိပ္ပါယ်တစ်ခုပါ။

ရှောက်ချန်းသည် ကုနင်း၏ ဆိုလိုရင်း အဓိပ္ပါယ်ကို ချက်ချင်း နားလည်သည်။ ချက်ခြင်းပင် မကျေမနပ်ဖြစ်ကာ အသံပိုကျယ်လာသည်။ "မစ္စကု ကျွန်တော် ဖိုင်တွေကို ရှာမတွေ့ခဲ့တာက ကျွန်တော် ယန်စစ်ယွမ်ကို ကာကွယ်ပေးနေတယ်လို့ သံသယရှိလို့လား။ ဒါမှမဟုတ် အခြေအနေက ယန်ကျွင်းပြောသလို ယန်စစ်ယွမ်ကြောင့် ဆိုပေမယ့် ဖိုင်တွေ ပျောက်သွားတယ်လို့ ကျွန်တော်တမင်ပြောတာလို့ဆိုလိုတာလား။ မစ္စကု ကျွန်တော်နဲ့ ယန်စစ်ယွမ်နဲ့က ဆက်ဆံရေးကောင်းပေမယ့် သူ့ကို မျက်စိစုံမှိတ်မကူညီပါဘူး။ ပြီးတော့ ဖိုင်တွေ ပျောက်သွားရင်တောင်မှ ယန်စစ်ယွမ်ကို ကျွန်တော်ယုံကြည်နေတုန်းပဲ”

"ရှင် သူ့ကို ဘာလို့ ဒီလောက်ယုံရတာလဲ။ ရှင်တို့ရဲ့ ဆက်ဆံရေးက ကောင်းတာမလို့လား။ ရှင်သူ့ကို လုံးဝသံသယမ၀င်ဘူးလား" ကုနင်းက အနည်းငယ် လှောင်ပြောင်သော အကြည့်နှင့် အဓိပ္ပါယ်ရှိသော လေသံဖြင့် မေးသည်။

"ကျွန်တော် ယန်စစ်ယွမ်ကို နှစ်အတော်ကြာအောင် သိခဲ့တယ်။ သူဘယ်လိုလူလဲဆိုတာ ကျွန်တော် အတိအကျသိပါတယ်” သူ့သူငယ်ချင်း သံသယ၀င်ခံနေရချိန်မှာ ရှောက်ချန်းဟာ စိတ်မချမ်းသာပေမယ့် ကုနင်းရဲ့ အဆင့်အတန်းကို ကြောက်ရွံ့၍ သူ့အပေါ် ဒေါသကို ထုတ်မပြရဲပါ။

"တကယ်လား?" ကုနင်းက သံသယတွနေဲ့ မေးသည်။

"မစ္စကု ဘာကိုဆိုလိုချင်တာလဲ။ ယန်ကျွင်းရဲ့ စကားကို ယုံတာလား" ရှောက်ချန်းက စိတ်တိုကာ မေးလိုက်သည်။ ကုနင်းသည် ယန်ကျွင်းနှင့် ဆက်ဆံရေးမရှိခဲ့ပေ။ သူမဘာကြောင့် သူ့ကိုယုံရသနည်း။

ထိုစကားကိုကြားတော့ ကုနင်းသည် ရှောက်ချန်း လှည့်စားခံရကြောင်း သေချာသောကြောင့် သူ့အား စကားအစ်နေခြင်းကို ရပ်လိုက်သည်။

“အရာရှိရှောက်၊ ယန်ကျွင်း ပြောခဲ့တာတွေက အမှန်ဆိုရင် သူတို့ရဲ့ အထောက်အထားတွေကို တကယ်လဲခဲ့ပြီး အခု ယန်စစ်ယွမ်က သူ့မပိုင်တဲ့ ပစ္စည်းကို ခိုးယူဖို့ ယန်ကျွင်း မဟုတ်ကြောင်း ငြင်းဆိုနေပြီး တကယ့်ယန်စစ်ယွမ်ကို ထိခိုက်အောင် တစ်စုံတစ်ခု လုပ်ထားတာ။ အဲ့လိုဆို မင်းဘာလုပ်မှာလဲ" ကုနင်းက လေးနက်စွာ မေးလိုက်သည်။

“ဥပဒေက လုပ်ခိုင်းတာကို ကျွန်တော်လုပ်မှာပါ…” ရှောက်ချန်းက ပြောလိုက်သည်။ သူ့မှာ တရားမျှတမှု ရှိပုံရသည်။

သို့သော် ရှောက်ချန်းသည် ကုနင်း၏မေးခွန်းကိုဖြေသည့်အခိုက်တွင် သူမဘာကြောင့်မေးသည်ကို သူသဘောပေါက်သွားသည်။ သူ့ အကြံတစ်ခု ပေါ်လာပြီး ကုနင်းကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ "မစ္စကု မင်းဆိုလိုတာက..."

ယန်ကျွင်း ပြောတာက တကယ်မှန်နိုင်ပါ့မလား။

မဖြစ်နိုင်ဘူး!

ရှောက်ချန်းသည် မယုံနိုင်ဘဲ လက်ခံရန် ငြင်းဆန်လိုက်သည်။

"ဖိုင်တွေသွားမယူခင် ရှင် ယန်စစ်ယွမ်ကိုပြောဖူးလား" ကုနင်းက မေးသည်။

ရှောက်ချန်း တောင့်တင်းသွားပြီး ဖြစ်နိုင်ခြေတစ်ခုက သူ့စိတ်ထဲရောက်လာပေမယ့် မယုံနိုင်လောက်တာကို ခံစားမိနေတုန်းပါပဲ။ ယန်စစ်ယွမ်က ဒီလိုလုပ်မှာမဟုတ်ဘူးလို့ သူခံစားရသည်။ ကုနင်း၏မေးခွန်းကို ရင်ဆိုင်ရင်း ရှောက်ချန်းက ရိုးသားစွာဖြေသည်။ "ဟုတ်တယ် မင်းထွက်သွားတော့ ကျွန်တော်ပြောခဲ့တယ် ဒါပေမဲ့..."

ရှောက်ချန်းက ယန်စစ်ယွမ်ကို ခုခံကာကွယ်လိုသော်လည်း နှုတ်ဖျားတွင် စကားလုံးများမထွက်ကျလာနိုင်ပေ။ အကြောင်းမှာ ယခုအချိန်တွင် သူ့တွင် သံသယအချို့ရှိနေပြီး ၎င်းကို 100% မယုံနိုင်ဖြစ်နေသည်။

“ရှင့်ကို ဖိုင်တွေကို စစ်ဆေးဖို့ သတိပေးတာက ကျွန်မ ဒီတိုင်း ပြောခဲ့တာ မဟုတ်ပါဘူး။ တကယ်တော့ အဲဒီ့မတိုင်ခင်က အမှန်တရားကို သိပြီးသားပါ။ ကျွန်မရှင့်ကို တိုက်ရိုက်သက်သေမပြနိုင်ဘူး။ ကျွန်မက ရဲအရာရှိမဟုတ်တဲ့အတွက် လွန်လွန်ကဲကဲ မလုပ်ချင်ဘူး။ ရှင်နဲ့ ယန်စစ်ယွမ်က တစ်ဖက်တည်းလားဆိုတာလည်း ကျွန်မကြည့်ချင်‌သေးတယ်” ကုနင်းသည် ရှောက်ချန်းကို မျက်မှောင်ကြုံ့ကာပြောလိုက်သည်။ သူနှင့် ယန်စစ်ယွမ်တို့သည် သူငယ်ချင်းဖြစ်သောကြောင့် ရှောက်ချန်းကို သံသယ၀င်မိသည်ကို သူမ ဖုံးကွယ်ထားရန် စိတ်မ၀င်စားပေ။ "ကျွန်မတွေ့ခဲ့တာက ယန်စစ်ယွမ်နဲ့ ယန်ကျွင်းတို့ဟာ တကယ်ပဲ သူတို့အထောက်အထားတွေကို လဲခဲ့တာပဲ"

***

ဖီးနစ်သွေးစက်

အခန်း ၂၁၄၂ သူ့ကို စကားပြောခွင့်ပြုနိုင်မလား

"ဘာ?" အဲဒါကို သိလိုက်ရတော့ ရှောက်ချန်းက ထိတ်လန့်စွာနဲ့ မျက်လုံးများ ပြူးသွားသည်။ ယန်စစ်ယွမ်နှင့် ယန်ကျွင်းတို့သည် ၎င်းတို့၏ အထောက်အထားများကို ဖလှယ်ခဲ့ကြပြီး ကုနင်းသည် အမှန်တရားကို သိရှိပြီးဖြစ်သည်မှာ အံ့သြစရာပင်။

အဲ့တာဆို ဖိုင်တွေက တိုက်တိုက်ဆိုင်ဆိုင် ဘာဖြစ်သွားတာလဲ တကယ်ပဲ ယန်စစ်ယွမ်နဲ့ ပတ်သတ်နေတာလား။

ရှောက်ချန်းက လက်မခံနိုင်ပေမယ့် ကုနင်းက သူ့ကို လိမ်မှာမဟုတ်ဘူးဆိုတာ သူသိသည်။

ထိုအချိန်တွင် ရှောက်ချန်းသည် ယန်စစ်ယွမ်က အလွန်ထူးဆန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

အကယ်၍ သူတို့သည် အထောက်အထားများ အမှန်တကယ် ဖလှယ်ခဲ့ကြပြီး ယန်စစ်ယွမ်က ၎င်းအား ဝန်ခံရန် ငြင်းဆိုခဲ့ပါက သူသည် ယန်မိသားစု၏ ပိုင်ဆိုင်မှုများကို ခိုးယူရန် ရည်ရွယ်ထားတယ်လို့ ဆိုလိုတာလား။

ယန်စစ်ယွမ်က သူ့မှာ အပြစ်မရှိဘူးလို့ ပြောပြီး ယန်ကျွင်းက ကျေးဇူးကန်းတာလို့ဆိုပေမယ့် ယန်စစ်ယွမ်က သူ့ကို ရိုးရိုးရှင်းရှင်း အသုံးချနေတာပင်။

ရှောက်ချန်း ငြိမ်မနေနိုင်တော့ပါ။ ယန်စစ်ယွမ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ပြီး ယန်စစ်ယွမ်က သူ့ကို များစွာ အထောက်အကူ ပြုသော်လည်း အခုအရာက ကွဲပြားသည်။ ယန်စစ်ယွမ်သည် ရာဇ၀တ်မှုမှ လွတ်မြောက်ရန် ၎င်းတို့၏ ခင်မင်ရင်းနှီးမှုကို အသုံးပြုခွင့် မပေးနိုင်ပါ။ ယန်စစ်ယွမ်က သူ့ကို သိပ်မလေးနက်တဲ့ကိစ္စမှာ အသုံးချရင် သူ စိတ်ဆိုးမှာ မဟုတ်ပေ။

ရှောက်ချန်း ကိုယ်ဟန်ဖွဲ့ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီး ကုနင်းအား "မစ္စကု မင်းဘာတွေတွေ့သေးလဲ။ ကျွန်တော့်ကိုပြောပြလို့ရမလား?"

“ယန်စစ်ယွမ်ရဲ့မိဘတွေက သူ့ကို ပိုကောင်းတဲ့ကျောင်းမှာ စာသင်စေချင်တဲ့အတွက် သူတို့ကို အထောက်အထားဖလှယ်ဖို့ အတင်းအကျပ်ခိုင်းစေခဲ့တယ်။ အဲ့တာ သူတို့အပြစ်ပဲ” ဟု ကုနင်းက ပြောသည်။

“နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သက်သေပြဖို့ ကျွန်မမှာ သက်သေမရှိဘူး။ ဒါကြောင့် ကျွန်မပြောမယ့်ဟာက ကျွန်မရဲ့ ခွဲခြမ်းစိတ်ဖြာမှုပဲ စွပ်စွဲချက် မဟုတ်ပါဘူး” ဟု ကုနင်းမှ ပြောကြားသည်။

"ဟုတ်ကဲ့ပါ"

“ယန်စစ်ယွမ်နဲ့ ယန်ကျွင်းတို့ဟာ သူတို့အထောက်အထားတွေကို လဲခဲ့ပြီး အစစ်အမှန် ယန်ကျွင်းက ဝန်ခံဖို့ ငြင်းဆိုခဲ့တာလို့ ကျွန်မ သံသယဖြစ်ခဲ့တယ်။ မနေ့မနက်က ဆေးရုံမှာ ယန်ကျွင်းနဲ့ စကားပြောဖို့ သွားတုန်းက သူ့ကို မေးတယ်။ ဖြစ်ပျက်ခဲ့တာကို ပြောပြပေမယ့် သူက ဒီအမှုမှာ ပါ၀င်သူပါ။ သူ့စကားတွေကို ကျွန်မတို့ အပြည့်အ၀ မယုံနိုင်ဘူး” ကုနင်းက ယန်ကျွင်းကို ယုံကြည်ခဲ့ပေမယ့် ရှောက်ချန်းက သူမလို ယုံကြည်ရမယ်လို့ မဆိုလိုပါ။ သူမတွင် ခိုင်လုံသော သက်သေမရှိပေ။

"ယန်ကျွင်း အစစ်က သူ ယန်စစ်ယွမ်နဲ့ အသွင်ပြောင်းထားတာကို ဝန်ခံဖို့ ငြင်းဆိုခဲ့တော့ ဆိုလိုတာကသူက ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူချင်တာပါ။ ယန်စစ်ယွမ်ရဲ့ မိဘတွေကို သတ်ပစ်သလိုမျိုး ပိုလို့တောင် လက်မခံနိုင်စရာ တစ်ခုခုကို လုပ်နိုင်တယ်…” ဟုကုနင်းက ဆိုသည်။

"ဘယ်လိုမှမဖြစ်နိုင်တာ!" ရှောက်ချန်းသည် မသိစိတ်ဖြင့် ငြင်းခုံခဲ့ကာ မယုံကြည်နိုင်ပေ။

“အဲဒါကို သက်သေပြဖို့ နောက်ထပ် သက်သေတွေ လိုအပ်ပေမယ့် အခုအချိန်အထိ ကျွန်မရဲ့ ခွဲခြမ်းစိတ်ဖြာမှုမှာ ပြဿနာမရှိ‌ခဲ့ဘူး။ ယန်စစ်ယွမ် ပြောခဲ့တာ တကယ်ပဲ” ကုနင်းက "အရာရှိရှောက် မင်းရဲ့သားနဲ့တူက ကောလိပ်မတက်ခင်မှာ သူတို့ရဲ့ အထောက်အထားကို လဲခဲ့မယ်ဆိုရင်။ လုပ်ငန်းခွင်မှာလည်း သူတို့ရဲ့ အထောက်အထားတွေကို ဖလှယ်ကြရလိမ့်မယ်။ မင်းမိသားစုမှာ ကံကြမ္မာရှိတယ်။ မင်းပိုင်ဆိုင်မှုကို သားဖြစ်သူက အမွေဆက်ခံကြောင်း သေချာစေရန် ဆန္ဒပြုမှာလား ဒါမှမဟုတ် လွှဲပြောင်းပေးမှာလား။ ရှင့်တူလေးက ရှင့်သားနဲ့ အထောက်အထားဖလှယ်ရုံပါ။ ရှင်ရဲ့ချမ်းသာကြွယ်ဝမှုမှာ မတူညီတဲ့ပိုင်ရှင်ရှိတယ်လို့ မဆိုလိုပါဘူး”

ထိုစကားကိုကြားတော့ ရှောက်ချန်း အံ့သြသွားသည်။ ယန်စစ်ယွမ် အတုက ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူဖို့အတွက် ယန်စစ်ယွမ်ရဲ့ မိဘတွေကို သတ်ခဲ့တာလား။

ရှောက်ချန်းက “ငါ့ပိုင်ဆိုင်မှုကို ငါ့သားကိုပဲ သေချာပေါက် ပေးမှာပေါ့”

“ဒါပေမယ့် ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေဟာ အခု ယန်စစ်ယွမ်ရဲ့ လက်ထဲမှာ ရှိနေတယ်။ ယန်စစ်ယွမ်ရဲ့မိဘတွေကို ထိခိုက်အောင် သူဘာမှလုပ်မှာမဟုတ်ဘူးလို့ ရှင်တကယ်ထင်နေတာလား။ ယန်ကျွင်း အတုက သူ့မျက်နှာမှာ ဒဏ်ရာရအောင်လုပ်ပြီး စကားမပြောနိုင်အောင် လုပ်ခဲ့တာ ယန်ကျွင်း အစစ်လို့ ပြောခဲ့တယ်။ လုံလောက်တဲ့ သက်သေမပြခင်မှာ ယန်ကျွင်းရဲ့ စကားကို အပြည့်အဝ မယုံကြည်နိုင်ပေမယ့် ဖြစ်နိုင်ခြေကို တွက်ထားရမှာပါ” ဟု ကုနင်းမှ ပြောကြားသည်။ ယန်ကျွင်း အတုက ယန်ကျွင်း အစစ်လို့ ပြောရင်တောင် ကုနင်းက သက်သေမပြနိုင်ဘူးဆိုတာ သေချာသည်။

ရုတ်တရက် ရှောက်ချန်းက တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရကာ “ ယန်ကျွင်း အတုက စကားမှမပြောနိုင်တာ မင်းနဲ့ ဘယ်လိုစကားပြောတာလဲ”

"ကျွန်မသူ့ကို မေးခွန်းတွေမေးတဲ့အခါ ခေါင်းညိမ့်‌ခေါင်းယမ်းပြပြီး ဖြေတယ်၊ ဒါကြောင့် အသေးစိတ် အချက်အလက်အားလုံးကို ကျွန်မ မသိပါဘူး" ကုနင်းက ဆက်၍ “အင်း ကျွန်မသူ့ကို စကားပြောဖို့ ကူညီပေးနိုင်တယ်။ အရာရှိရှောက် ရှင်သူ့ကို ဒီကိုလာဖို့ ပြောလိုက်ပါ။ ကျွန်မ ကြိုးစားကြည့်မယ်။ သူတကယ်ပြောနိုင်ရင် ဇာတ်လမ်းတစ်ခုလုံးကို မေးလို့ရပါတယ်”

ကုနင်းသည် မတော်တဆမှုတစ်ခုခုဖြစ်မှာဆိုး၍ သူ့ကို ခိုင်လုံသောအဖြေမပေးပါ။ ယန်ကျွင်း မပြောနိုင်ရင် သူမ အရှက်ရသွားလိမ့်မည်။

"ဘာ? မင်း သူ့ကို စကားပြောနိုင်အောင် လုပ်ပေးလို့ရလား" ထိုစကားကိုကြားတော့ ရှောက်ချန်း အံ့အားသင့်သွားပြီး မယုံနိုင်ဖြစ်သွားသည်။ ကုနင်းမှာ အရည်အချင်းရှိမှန်း သူသိသော်လည်း ဒီအရာက မယုံနိုင်စရာကောင်းပြီး ရယ်စရာကောင်းသည်ဟုပင် ခံစားမိသည်။

သူ့မျက်နှာမှာ အဲဒါကို မပြထားပေမယ့် သာမာန်လူတွေရဲ့မျက်လုံးထဲမှာတော့ ဒါဟာ မယုံနိုင်စရာပဲဆို ကုနင်းကသဘောပေါက်သည်။ မကြုံဖူးရင် ဘယ်သူမှ ယုံမှာမဟုတ်ပေ။

“ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ ကျွန်မပြောတာပါ၊ ဒါပေမယ့် အဲဒါက အဆင်ပြေရဲ့လားဆိုတာ ကျွန်မတို့ စောင့်ကြည့်ရမှာပါ။ ဖြစ်နိုင်‌ချေများတယ်” ဟု ကုနင်းက ဆိုသည်။ လုပ်ဆောင်ချက်များသည် စကားလုံးများထက် ပို၍ ဆွဲဆောင်မှုရှိသည်။

ရှောက်ချန်းက အဲ့ဒီအကြောင်းကို ကုနင်းအား မမေးတော့ဘဲ သူမပြောသလို ယန်ကျွင်း အတုရောက်လာပြီးရင် အလုပ်ဖြစ်မှာလားဆိုတာ သူတို့ကြည့်ကြလိမ့်မည်။

"ဟုတ်ပါတယ်၊ ကျွန်တော် သူ့ကို အခုချက်ချင်း ဒီကို ခေါ်ခဲ့မယ်" ရှောက်ချန်းက ပြောကာ မတ်တပ်ရပ်လိုက်ပြီး ထွက်လာခဲ့သည်။

ကုနင်းနဲ့ လင်ရှောင်းထင် ရုံးခန်းထဲမှာ နှစ်ယောက်ထဲကျန်ခဲ့စဉ် လင်ရှောင်းထင်က သူမရဲ့လက်ကို ချက်ချင်းကိုင်လိုက်ပြီး သူမလက်ဖဝါးကို ပွတ်ပေးလိုက်သည်။ သူမကို အလွန်နူးညံ့သိမ်မွေ့စွာ စိုက်ကြည့်‌နေသည်။ သူမနဲ့ တစ်ယောက်တည်းရှိနေချိန်က သူအတွက်ဘယ်တော့မှ မလုံလောက်ပေ။

"ဘာလဲ? ရှင်ကျွန်မကို ဒီလိုပုံစံနဲ့ကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားနေတာလား" ကုနင်းက ရယ်ပြီး နောက်ပြောင်သည်။

ထိုစကားကိုကြားတော့ လင်ရှောင်းထင်သည် သူ့မျက်လုံးများတွင် ပြင်းပြသောဆန္ဒကိုပြပြီး ကြည့်လိုက်သည်။ သူက ပြုံးပြီးပြောသည်။ "ဟုတ်တယ် မင်းက ကိုယ့်ကို နှိုးဆော်နေတယ်"

လင်ရှောင်းထင်သည် သူမအား ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း အဖြေပေးသောအခါ ကုနင်းရှက်ရွံ့သွားပြီး သူ့ကို မျက်စပစ်လိုက်သည်။ “တော်လိုက်တော့!”

လင်ရှောင်းထင်သည် အပြစ်ကင်းသည်။ "မင်းကိုယ့်ကိုအရင်မေးတာလေ"

“ကောင်းပါပြီ!” ကုနင်းသည် မည်သို့ဖြေရမည်ကို မသိသောကြောင့် သူမ ခေါင်းလှည့်ကာ သူ့ကို မကြည့်တော့ပေ။

လင်ရှောင်းထင်က ရယ်သည်။ ကုနင်းသည် သူ့မျက်လုံးထဲတွင် ပို၍ပင် ချစ်စရာကောင်းလာသည်။

"နင်နင်း" လင်ရှောင်းထင်က သူမကို ခေါ်သည်။

"ဟင်?" ကုနင်းက မေးသည်။

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းမင်းကိုခေါ်ချင်လို့။ မနက်ဖြန် ထွက်သွားရမှာဆိုတော့ လဝက်ကျော်လောက်ကြာမယ်။ ကိုယ် ထွက်သွားဖို့ ဝန်လေးနေတယ်။ ကိုယ်မင်းနဲ့ နေ့တိုင်းနေချင်ပေမယ့် တစ်ခါတလေမှာ ရွေးချယ်ခွင့်မရှိဘူး”

ကုနင်းအပေါ် လင်ရှောင်းထင်၏ ချစ်ခြင်းမေတ္တာသည် သူ့လုပ်ရပ်များအရ အမှားအယွင်းမရှိသော်လည်း သူ့စကားလုံးတွေအရတော့ သူသည် ချိုမြိန်သော စကား ပြောခဲသည်။ ထို့ကြောင့် ကုနင်းသည် ၎င်းကို ကျင့်သားမရသေးပေ။

"ကျွန်မနဲ့ နေ့တိုင်းရှိနေမယ်ဟုတ်လား? ရှင် ရှိရင်တောင် ကျွန်မစိတ်အနှောင့်အယှက်ဖြစ်‌နေရမှာ” ဟုကုနင်းက အထင်အမြင်သေးစွာနဲ့ ပြောခဲ့ပေမယ့် တကယ်တမ်းမှာတော့ သူမလည်း လင်ရှောင်းထင်နဲ့လည်း တစ်ချိန်လုံးနေချင်မိတာပါ။

***

All Chapters