ထန်အိုက်နင်းသည် မိသားစု၏ သာမန် ကြိုးဆွဲရာကနေရသူတစ်ယောက်ပင်။ စီးပွားရေးသူလျှိုအဖြစ်သာမက ကြေးစားလူသတ်သမားအဖြစ်ပါ ရဲတွေ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရချိန် သစ္စာဖောက်ခံရပြီး ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့ရသည်။ သူမမျက်လုံးများ နောက်တစ်ကြိမ် ပြန်ဖွင့်လာချိန်မှာတော့ သာမန် အထက်တန်း ကျောင်းသူလေးတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ စိတ်ပျက်ဖွယ် မွေးဖွားလာမှုကြောင့် ဆွေမျိုးအသိုင်းဝိုင်း၏ ဖယ်ကျဥ်ခြင်းကိုခံရသည့်အပြင် လူမှုဆက်ဆံရေး မကောင်းသည့်အတွက် အတန်းဖော်များ၏ အနိုင်ကျင့်ခြင်းကိုပါ ခံထားခဲ့ရလေသည်။ သို့သော်လည်း ယခုချိန်တွင်တော့ သူမဟာ ငြိမ်ခံနေမည့်သူတစ်ယောက် မဟုတ်တော့ချေ။ သူမကို လိမ်မည့်သူမှန်သမျှကို အရိုးအသား တစစီဖြစ်အောင် ပြန်လုပ်ပစ်ပေလိမ့်မည်။ သူမတွင် နံရံကိုပင် ထွင်းဖောက်မြင်နိုင်သည့် ကျောက်စိမ်းတစ်ခုကိုပါ ပိုင်ဆိုင်ထားခဲ့သည်။ သာမာန်လူများအနေဖြင့် ကျောက်စိမ်းကို ထွင်းဖောက်မြင်နိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။ ရှေးဟောင်းပစ္စည်းများကို ဝယ်ယူမည်ဆိုရင်လည်း ကံအပေါ်မှာသာ မူတည်နေသော်လည်း သူမအတွက်တော့ အကြည့်တစ်ချက်သာ လိုသည်။ ထိုသို့ဖြင့် ကမ္ဘာ့စီးပွားရေးလောက၏ ဒဏ္ဌာရီတစ်ပုဒ် စတင်မွေးဖွားလာတော့သည်။ တစ်ချိန်က သူမကို ဆင်းရဲ၍ လှောင်ရယ်ခဲ့ကြသူများမှာ သူမ၏ အသားတင်အမြတ်ငွေ ၁၀ ဘီလီယံကို ကြည့်ပြီး ဘာမှ ဆက်မပြောနိုင်ကြတော့ပေ...။ သူမ၏ ရွှေခြေသလုံးကြီးကို ပြန်ဖက်ဖို့ ကြိုးစားလာကြသည့် ဆွေမျိုးများကိုတော့...။ “ကျွန်မတို့ရဲ့ဆက်ဆံရေးက လွန်ခဲ့တဲ့နှစ်တွေထဲက ပြတ်တောက်သွားပြီးသား။ ဒါကြောင့် ထွက်သွားလိုက်တော့”

