အခန်း (၁၆၆၃-၁၆၆၈)
Vol. 104 Ch. 1663-1668
အခန်း ၁၆၆၃ ရှောင်းထင် ကို မထိခိုက်စပေါဘူး
“အင်း သူက မှတ်ဉာဏ်တွေကို ဆုံးရှုံးထားရတာဆိုတော့ အဲဒီနှစ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိဘူး။ သူ့မှတဉာဏ်တွေကို ပြန်မရမချင်း ကျွန်မတို့ စိတ်ရှည်မှရမယ်” ဟု ကုနင်းက ပြောလိုက်သည်။
ယွင်ယောင်သည် သူမ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိနိုင်သရွေ့ သူမမည်သို့ပင်ဆင်ခြေပေးသည်ဖြစ်စေ လူအများက သူမအား ယုံကြည်လိမ့်မည်ဖြစ်သည်။
ဟဲချီမင်သည် လင်ယွင်ဟန်က သူနှင့်အတူသေဆုံးသွားသောအမျိုးသမီးမှာ ယွင်ယောင် ဖြစ်သည်ကို လူတွေ ယုံကြည်စေရန် တမင်ရည်ရွယ်ချက်ဖြင့်လုပ်ခဲ့သည်ဟု ထင်လိုက်သည်။
လင်ယွင်ဟန်နှင့် ယွင်ယောင်တို့သည် လေးလေးနက်နက် ချစ်ခဲ့ကြသောကြောင့် တစ်ယောက်ကို တစ်ယောက် စတေးရန် ဆန္ဒရှိကြမည်။ သို့သော် တကယ့်အကြောင်းအရင်းကို သူတို့သာ သနိုင်သည်။
ကုနင်းက ဆက်ပြောသည် "ယွင်ယောင်က သူ့မှတ်ဉာဏ်တွေကို ဆုံးရှုံးသွားပေမယ့် သူသိခဲ့ဖူးတဲ့ လူတွနေဲ့ နေရာတွေကို ရင်းနှီးသလို ခံစားရတယ်။ သူတကယ် ရှောင်းထင်ရဲ့အမေဆိုတာကို ကျွန်မကတိပေးနိုင်ပြီး ရှောင်းထင်ကို ထိခိုက်စေမှာမဟုတ်ပါဘူး"
ကုနင်းသည် ဟဲချီမင်က ယခုအချိန်တွင် သူမအား အပြည့်အဝ မယုံကြည်နိုင်သေးကြောင်း နားလည်ထားသောကြောင့် သူမသည် သူ့ကို အကောင်းဆုံးဖြစ်အောင် ရှင်းပြရမည်။ နားမလည်လျှင် အထင်လွဲမှုများ ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် လင်ရှောင်းထင်ကို မည်သူမျှ အလွယ်တကူ မထိခိုက်စေနိုင်ပါ။
ဟဲချီမင် ခေါင်းညိတ်လိုက်သည်။ "ငါသိပါပြီ"
ကျင်းယွင်ယောင်နှင့်ပတ်သက်၍ သံသယများ ရှိနေဆဲဖြစ်သော်လည်း ကုနင်းသည် လင်ရှောင်းထင် ကို ထိခိုက်စေမည်မဟုတ်ကြောင်း သူယုံကြည်သည်။ ကုနင်းအကြောင်းကို များစားစား မသိသော်လည်း သူမအကြောင်း များစွာကြားသိခဲ့ရပြီး သူမသည် မိန်းမကောင်းလေးတစ်ဦးဖြစ်ကြောင်း သူယုံကြည်သည်။
ဘာပဲဖြစ်ဖြစ် ကုနင်းသည် လင်ရှောင်းထင်၏ မိန်းကလေးဖြစ်သောကြောင့် လင်ရှောင်းထင်၏ရွေးချယ်မှုကို ယုံကြည်သင့်သည်။
ထို့နောက် ဟဲချီမင်သည် ကျင်းယွင်ယောင်အား တောင်းပန်ခဲ့သည်။ "ယွင်ယောင် ငါ့ကို ခွင့်လွှတ်ပါ။ ရှောင်းထင်ကို ကာကွယ်ဖို့ မင်းကို သံသယ၀င်မိသွားတာပါ။"
ကျင်းယွင်ယောင်၏ သရုပ်မှန်ကို သက်သေပြရန် အထောက်အထား မတွေ့ရသေးသော်လည်း၊ သူမအား ယုံကြည်ပြီး ယွင်ယောင်အဖြစ် လက်ခံရန် ဆုံးဖြတ်လိုက်သည်။ သူမကို ယွင်ယောင်အဖြစ် ယူလိုက်တဲ့အတွက် သူ့ကို လေးစားသင့်သည်။ သူမဟာ တကယ် ယွင်ယောင် သာဆိုလျှင် သူမကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ပါက အားနာစရာကောင်းပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူမသည် ယွင်ယောင် မဟုတ်ပါက လင်ရှောင်းထင်သည် သူမကို သူ့ဘာသာသူ ဖြေရှင်းသွားမည်ဖြစ်သည်။
"ရပါတယ်။ ဘာလို့သံသယရှိတာလဲဆိုတာ ကျွန်မနားလည်ပါတယ်" ဟု ကျင်းယွင်ယောင် ကပြောသည်။
ဟဲချီမင်သည် လူပိန်းမဟုတ်ပေ။ ကျင်းယွင်ယောင်၏လေသံကိုကြားသောအခါ ဟဲချီမင်သည် အတော်လေးရင်းနှီးသွားသလို ခံစားလိုက်ရသည်။ သူမသည် တကယ် ယွင်ယောင် ဖြစ်နိုင်သည်။
"ဥက္ကဌဟဲ၊ ယွင်ယောင် သူမရဲ့ မှတ်ဉာဏ်တွေကို မပြန်ခင် ရှောင်းထင်ကို လျှို့ဝှက်ထားပေးနိုင်မလား?" ကုနင်းက မေးလိုက်သည်။
“ရပါတယ်” ဟဲချီမင်ကလည်း ဒါဟာ ပိုကောင်းတဲ့ အကြံဥာဏ်ဟု ထင်မိသည်။
"ဥက္ကဌဟဲ၊ ရှောင်းထင်ရဲ့ အမေဘက်က အဖိုးက ယွင်ယောင်ရဲ့ မွေးစားအဖေ ဟုတ်မဟုတ် ပြောပြနိုင်မလား?" ကျင်းယွင်ယောင်က မေးသည်။
ဟဲချီမင်သည် သူမကို သေချာမသိသေးသောကြောင့် ကျင်းယွင်ယောင်သည် ယွင်ယောင်နှင့် သူမကို ခွဲခြားပြီးသာ ပြောလိုက်သည်။
"ဟုတ်တယ်။ ယွင်ယောင်က ငါတို့သခင်ကြီးရဲ့အသက်ကို ကယ်ခဲ့တာပါ ငါတို့ရဲ့သခင်ကြီးမှာလည်း သားသမီးမရှိလို့ ယွင်ယောင်ကို သူ့သမီးအဖြစ် မွေးစားခဲ့တယ်။ ဒါကို လူတော်တော်များများက မသိတော့ ယွင်ယောင်က လင်မိသားစုမှာ ငါတို့သခင်ကြီးရဲ့သမီးအရင်းအနေနဲ့ပဲ လက်ထပ်ခဲ့တာ”
အဲဒါကိုကြားတော့ ကျင်းယွင်ယောင်နှင့် ကုနင်းတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်သည်။ တကယ်တော့ ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏ အမေဘက်ကအဖိုးအကြောင်း ပိုသိချင်သည်။ သူ့နာမည်နဲ့ သူနေထိုင်ခဲ့တဲ့ နေရပ်လိပ်စာကို သူမသိချင်သည်။ ကုနင်း၏ စိတ်ထဲတွင်လည်း တူညီသောမေးခွန်းရှိတာကြောင့် နောက်ပိုင်းမှာ လင်ရှောင်းထင်ကို မေးရန်ဆုံးဖြတ်လိုက်သည်။
ယွင်ယောင်ကို လိုက်ရှာနေတာကြောင့် သူ့ကို ဒီမေးခွန်းတွေ မေးသည်မှာ ပုံမှန်ပင်ဖြစ်သည်။
ဟဲချီမင်နှင့် သီးသန့်စကားပြောပြီးနောက် ကုနင်းနှင့် ကျင်းယွင်ယောင် သည် ထွက်ခွာလာခဲ့သည်။ ဟဲချီမင်က သူတို့ကို လိုက်ပို့ချင်ပေမယ့် ကုနင်းသည် သူ့ကိုနေခဲ့ရန် ပြောလိုက်သည်။ ထို့ကြောင့် ဟဲချီမင် က သူ၏ အတွင်းရေးမှူးအား သူတို့ကို လိုက်ပို့ရန် အမိန့်ပေးခဲ့သည်။
သူတို့ ထွက်သွားကြသောအခါ ဟဲချီမင်သည် သူ့ထိုင်ခုံပေါ်တွင် ထိုင်ကာ မိုးပေါ်သို့ စူးစိုက်ကြည့်နေသည်။
ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏မိခင်အရင်းဖြစ်မည်ဟု သူမျှော်လင့်သည်။ ယွင်ယောင်သည် သူ့သခင်ကြီး၏သမီးအရင်းမဟုတ်သော်လည်း သူတို့သည် အလွန်ရင်းနှီးကြသည်။ ယွင်ယောင်သည် သူ့သခင်ကြီး၏အသက်ကို ကယ်တင်ခဲ့ပြီး သူ့သခင်ကြီး၏နောက်လိုက်အဖြစ် ယွင်ယောင်ကို အလွန်ကျေးဇူးတင်သည်။ ယွင်ယောင်ကို သူ့သခင်ကြီး၏သမီးအရင်းအဖြစ်လည်း ဆက်ဆံခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူက အချိန်တစ်ခု မတိုင်ခင်အထိတော့ လင်ရှောင်းထင်ကို လျှို့ဝှက်ထားမှာပါ။
…
ဟဲချီမင်၏ အတွင်းရေးမှူးသည် ပြန်လာပြီး ဟဲချီမင်ကို တံခါးဝတွင် ဖြစ်ပျက်ခဲ့သည်များကို သတင်းပို့သည်။
ထိုလူငယ်သည် မန်နေဂျာတင်းရဲ့ခင်ပွန်း၏ညီဖြစ်ပြီး မန်နေဂျာတင်းကို သတ်ရန် ရည်ရွယ်ခဲ့သည်။ အကြောင်းရင်းမှာ မန်နေဂျာတင်းသည် ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်မှုကြောင့် ကွာရှင်းခဲ့သည်။ ထို့နောက် သူတို့၏ တစ်ခုတည်းသောအိမ်မှာ မန်နေဂျာတင်း၏ပိုင်ဆိုင်မှုဖြစ်လာသည်။
အိမ်ငယ်လေးပင် ဖြစ်သော်လည်း မန်နေဂျာတင်းရဲ့ခင်ပွန်းဖြစ်သူ၏ ညီငယ်နှင့်မိခင်တို့သည် မြို့တော်ရှိအိမ်ယာစျေးနှုန်းမှာ အလွန်မြင့်မားသောကြောင့် မျှဝေယူလိုတဲ့အတွက် ရလဒ်ကို လက်မခံနိုင်ချေ။
မန်နေဂျာတင်းနှင့် သူမ၏ခင်ပွန်းဟောင်းက အိမ်အတွက် စရံကြိုပေးချေထားပေမယ့် မန်နေဂျာတင်း သည် သူတို့လက်ထပ်ပြီးသောအခါ အိမ်ရာချေးငွေကို တစ်ဦးတည်း ပေးချေခဲ့ပြီး ယွမ်တစ်သန်းလောက် ပေးချေရန်လိုအပ်သေးသည်။
မန်နေဂျာတင်း သည် ရှန်းရှစ်၏ HR မန်နေဂျာဖြစ်ပြီး သူမ၏လစဉ်လစာမှာ ယွမ်လေးသောင်းခန့်ရှိပြီး သူမ၏ခင်ပွန်းဟောင်း၏လစာသည် သူမထက်များစွာနည်းသည်။ တကယ်တော့ သူမရဲ့ခင်ပွန်းဟောင်းဟာ အရှုံးသမားဖြစ်ပြီး သူရဲဘောကြောင်သူလည်းဖြစ်သည်။
ထို့ကြောင့် ခင်ပွန်းဟောင်း၏ ညီဖြစ်သူနှင့် မိခင်ဖြစ်သူက အိမ်ကို မျှဝေယူရန် သူမကို အိမ်သို့လာက နှောင့်ယှက်ခဲ့သည်။ ဒါပေမယ့် သူတို့ရောက်တိုင်း လုံခြုံရေးအစောင့်များက သူတို့ကို အဝေးသို့ မောင်းထုတ်လိုက်ကြသည်။
***
အခန်း ၁၆၆၄ စိတ်တိုနေသော လုရှောင်း
မန်နေဂျာတင်း သည် ကြောက်လွန်း၍ ဒီရက်တွေမှာ သူ့အိမ်ကို မပြန်ဘဲ သူ့သူငယ်ချင်းဆီမှာ နေခဲ့သည်။ ထို့ကြောင့် ခင်ပွန်းဟောင်း၏ညီဖြစ်သူက ဒေါသတကြီးဖြစ်ကာ သတ်ပစ်ရန် ကြံစည်ခဲ့သည်။
ကံကောင်းထောက်မစွာပင် သူသည် ယခုထောင်ထဲ ရောက်နေပေလိမ့်မည်။ မန်နေဂျာတင်းသည် သူမကိုယ်သူမ ကာကွယ်ဖို့အတွက် တရားရုံးကနေ ဖြေရှင်းဖို့ ဆန္ဒမရှိပေ။
ထို့အပြင် မန်နေဂျာတင်းသည် ရှန်းရှစ်၏ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ရှန်းရှစ်သည် သူမခံစားနေရသည်ကို သိပြီးနောက် ကူညီပံ့ပိုးပေးမည်။ ထို့ကြောင့် ခင်ပွန်းဟောင်း၏ ညီဖြစ်သူအား ဥပဒေနှင့်အညီ အရေးယူခဲ့သည်။
…
ရှန်းရှစ်ကနေ ထွက်ခွာလာပြီးနောက် ကျင်းယွင်ယောင်သည် အသိစိတ်မရှိတော့ပုံပေါက်နေသည်။
"အမေ အဆင်ပြေရဲ့လား? အခု အိမ်ပြန်ချင်လား?" ကုနင်းက မေးသည်။
"အိုး အမေအဆင်ပြပေါတယ်" လို့ ကျင်းယွင်ယောင်က ပြောသည်။ "နင်နင်း ရှောင်းထင်ကို သူ့အမေဘက်ကအဘိုးအကြောင်း နောက်ထပ်အချက်အလက်တွေ မေးပေးလို့ရမလား။ သူနေတဲ့နေရာကို သွားကြည့်ချင်တယ်”
သူမသည် သူ၏မွေးစားသမီးမျှသာဖြစ်သော်လည်း ကောင်းစွာဆက်ဆံခံခဲ့ရသည်။ တကယ်တော့ သူမဟာ မွေးစားမိဘတွေရဲ့ သင်္ချိုင်းကို သွားကြည့်ချင်ပေမယ့် လင်ရှောင်းထင်ရဲ့ သံသယ၀င်သွားမှာကိုလည်း သူမကြောက်သည်။ ထို့ကြောင့် သူမသည် ရွှေ့ဆိုင်းခဲ့ရသည်။
"ရပါတယ်၊ ကျွန်မဒီညသူ့ကိုမေးလိုက်မယ်" ကုနင်း ကပြောသည်။ လင်ရှောင်းထင်သည် နေ့ခင်းဘက်တွင် အလုပ်များနေတဲ့အတွက် အလုပ်ချိန်တွင် သူ့ကို မနှောက်ယှက်ချင်ပေ။
ကျင်းယွင်ယောင် သဘောတူသည်။
ရှန်းနဉ်အဖွဲ့အစည်း၏ဌာနချုပ်ကိုရောက်သောအခါ ကျင်းယွင်ယောင်သည် ဆိုင်းဘုတ်မရှိသော ပင်မရုံးခန်းအဆောက်အအုံကို ကြည့်ရှုပြီးနောက် "မင်းရဲ့ကော်ပိုရေးရှင်းနာမည်က ဘယ်လိုခေါ်လဲ?"
ကုနင်း ရယ်သည်။ " ရှောင်းထင်ရဲ့ကော်ပိုရေးရှင်းက ရှန်းရှစ်ဆိုတာကို မသိရှိရခင်ထဲက ကျွန်မ ကော်ပိုရေးရှင်းကို ရှန်းနဉ်ဆိုတဲ့ နာမည်ပေးခဲ့တယ်။ ဒါက ရိုမန့်တစ်ဆန်တဲ့တိုက်ဆိုင်မှုပဲ!”
ဒါကို တွေးလိုက်တိုင်း သူမသည် မတတ်နိုင်ပဲပျော်ရွှင်လာကာ ရယ်မောမိသည်။
ကျင်းယွင်ယောင် လည်း ပြုံးသည်။ "ဝိုး မင်းတို့က အတူရှိဖို့ကို သတ်မှတ်ထားတာပဲ။"
ကုနင်းသည် ရှန်းနဉ်၏ ပင်မရုံးအဆောက်အအုံအပြင်ဘက်တွင် သူမ၏ကားကို ရပ်ထားပြီးနောက် ကျင်းယွင်ယောင်နှင့်အတူ ၀င်သွားသည်။
"တွေ့ရတာဝမ်းသာပါတယ် ဥက္ကဌကြီး" တံခါးနားက လုံခြုံရေးအစောင့်တွေက သူမဆီ လာပြီး ရိုသေစွာ နှုတ်ဆက်သည်။
ကုနင်းသည် ကျင်းယွင်ယောင်ကို အဆောက်အဦးထဲသို့ လမ်းပြခဲ့ပြီး ဝန်ထမ်းအားလုံးက သူမကို ဥက္ကဌကုအဖြစ် လေးလေးစားစား နှုတ်ဆက်ကြသည်။
ကုနင်းက သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။
သူ့ရုံးခန်းက ၁၈ လွှာမှာပင်။ လွတ်နေသော ၁၈ ထပ်ကို ကြည့်လိုက်ပြီး ကျင်းယွင်ယောင်က မေးလိုက်သည်။ "မင်းမှာ အတွင်းရေးမှူးမရှိဘူးလား"
ကုနင်းသည် “ကျွန်မနာမည်အောက်မှာ ကုမ္ပဏီတွေ အများကြီးရှိနေပြီဆိုပေမယ့် ကျွန်မရဲ့ကော်ပိုရေးရှင်းက တရားဝင်မထူထောင်ရသေးဘူး။ ကျွန်မဒီကို ခဏခဏ မရောက်ဖြစ်တာကြောင့် အတွင်းရေးမှူးလည်း မရှိဘူး။ ဒါပေမယ့် ကျွန်မမှာ သက်တော်စောင့် နှစ်ယောက် ရှိတယ်၊ သူတို့က ကျွန်မရဲ့ ကားမောင်းသူနဲ့ အခွဲတွေပါ။”
ထိုသို့ပြောရင်း ကုနင်းသည် ကျင်းယွင်ယောင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ချန်စန်းယိနှင့် ကေတို့သည် ကုနင်းကို လာနှုတ်ဆက်ကြသည်။
"ဒါ ငါ့သူငယ်ချင်း ရှန်းယောင်။" ကုနင်းသည် ကျင်းယွင်ယောင်ကို ချန်စန်းယိနဲ့ ကေဆီသို့ မိတ်ဆက်ပေးပြီး သူမက ကျင်းယွင်ယောင် ကို လှည့်လိုက်က။ "ဒါက ရှန်းနဉ်ရဲ့အမှုဆောင် ဥက္ကဌ ချန်စန်းယိ ဖြစ်ပြီး ဒါက ကျွန်မတို့ရဲ့ နည်းပညာကြီးကြပ်သူ မူယဲ့ပါ"
"တွေ့ရတာဝမ်းသာပါတယ် မစ္စရှန်း။"
"တွေ့ရတာဝမ်းသာပါတယ် မစ္စတာချန်၊ မစ္စတာမူ" အချင်းချင်း နှုတ်ဆက်ကြသည်။
ခဏထိုင်ပြီးနောက် ချန်စန်းယိနှင့် ကေတို့ ထွက်သွားပြီး ကုနင်းသည် ကျင်းယွင်ယောင်ကို အဆောက်အဦးပတ်ပတ်လည်သို့ လှည့်လည်ကြည့်ရှုစေခဲ့သည်။
ဖုန့်ဟွာအင်တာတိန်းမန့် အထပ်သို့သွားသောအခါ လူတိုင်းသည် သူတို့၏ အခန်းထဲမှာ တစ်ခုခုကို လေးလေးနက်နက်ဖြစ်နေပုံပေါက်သောကြောင့် ကုနင်းသည် မတူညီသောလေထုကို ခံစားလိုက်ရသည်။
သူမကြောင့်တော့မဖြစ်နိုင်ပေ။ သူမသည် ဒီမှာ ခဏလောက်နေခဲ့တဲ့အတွက် သူမဝန်ထမ်းတွေက သူမကို အရမ်းကြောက်နေမှာမဟုတ်ဘူးဆိုတာ သူမသိသည်။
ကုနင်းသည် အထဲသို့ ၀င်သွားလိုက်သောအခါ သူတို့ တယောက်ပြီး တယောက် သူမကို နှုတ်ဆက်ပြီး ခဏလောက် စိတ်အေးလက်အေး ဖြေလိုက်ကြတာက သူမကြောင့် စိတ်လှုပ်ရှားနေတာ မဟုတ်ဘူးဆိုတာ သက်သေပြခြင်းပင်။
"ဘာဖြစ်တာလဲ?" ကုနင်းက မေးသည်။
"ဥက္ကဌကု၊ မန်နေဂျာလုက အခု တစ်ခုခုကို စိတ်ဆိုးနေတယ်။ သူ့ကို မေးသင့်တယ်” ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။
ကုနင်းသည် မျက်ခုံးပင့်လိုက်ပြီး လုရှောင်း၏ရုံးခန်းဆီသို့ လျှောက်သွားလိုက်သည်။ သူမ အနီးသို့ လျှောက်သွားသောအခါတွင် လုရှောင်း၏ ဒေါသထွက်နေသော အသံကို ကြားလိုက်ရသည်။
"စုန့်ရှို့ယန် မင်းက ငါ့ရဲ့ အရင်းနှီးဆုံးညီအစ်ကိုလေ။ ငါ့ကုမ္ပဏီက အနုပညာရှင်ကို မင်း ဘယ်လို လိုက်ရဲတာလဲ? မင်းကို အခုရပ်ဖို့ ငါသတိပေးတယ်၊ မဟုတ်ရင် မင်းကို ဒီနယ်ပယ်မှာ ပိတ်ပစ်မယ်။" ဟု လုရှောင်းက ဒေါသကြီးစွာပြောသည်။
စုန့်ရှို့ယန်ဆိုတဲ့ နာမည်ကိုကြားသောအခါ ကုနင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ရုပ်ရည်ချောမောပြီး လူကြိုက်များတဲ့ လူငယ်အဆိုတော်တစ်ဦးလည်းဖြစ်ပြီး သရုပ်ဆောင်ကောင်းသူလည်းဖြစ်သည်။
ကုနင်းသည် သူ့အကြောင်းကို အရင်က ကြားဖူးသည်။
သူသည် ဖုန့်ဟွာအင်တာတိန်းမန့် မှာ အလုပ်လုပ်တဲ့ အနုပညာရှင်တစ်ယောက်ကို လိုက်နေပုံရသညိ။
ရှားယီချူးသာလျှင် လုရှောင်း ဒေါသထွက်အောင်လုပ်နိုင်မည်ဟု ကုနင်းက ထင်သည်။ လုရှောင်း သည် ရှားယီချူးအပေါ် အလွန်ကောင်းမွန်သော ထင်မြင်မှုရှိကြောင်း သူမ သိသော်လည်း ယခုအချိန်တွင် သူတို့သည် မည်သည့်အဆင့်ရောက်နေသည်ကို သူမ,မသိပေ။ သို့သော် လုရှောင်းသည် မည်သည့်တိုးတက်မှုမျှ မလုပ်ဆောင်သေးဟု ထင်ရသည်။
ဘာပဲဖြစ်ဖြစ် ဒါဟာ သူ၏ ကိုယ်ရေးကိုယ်တာကိစ္စဆိုလျှင် ကုနင်းက ၀င်မပါသင့်ဟု ထင်သည်။
လုရှောင်း၏အတွင်းရေးမှူးက လုရှောင်းအား ကုနင်းလာကြောင်း အကြောင်းကြားချင်သော်လည်း ကုနင်းက သူမကိုတားလိုက်ကာ ဧည့်ခန်းထဲတွင် စောင့်ဆိုင်းနေသည်။
အတွင်းရေးမှူးက ကုနင်းနဲ့ ကျင်းယွင်ယောင်အတွက် လက်ဖက်ရည်နှစ်ခွက် ချပေးလိုက်သည်။
"လုရှောင်း မင်းငါ့ကိုဘာလို့စိတ်ဆိုးနေတာလဲ ငါနားမလည်ဘူး။ မင်းက အခု ဖုန့်ဟွာအင်တာတိန်းမန့်ကို စီမံခန့်ခွဲနေပေမယ့် မင်း မကြာခင် ဒါမှမဟုတ် နောက်ပိုင်းကျရင် ထွက်မှာမလား?" စုန့်ရှို့ယန်က ပြောသည်။
လုရှောင်းကို စိတ်အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သူပြောခဲ့သည်။
***
အခန်း ၁၆၆၅ ပြသနာတွေကို ငါနဲ့ပဲထားလိုက်ပါ
"အနာဂတ်မှာ ငါ ဖုန့်ဟွာအင်တာတိန်းမန့်ကနေ ထွက်မယ်ဆိုရင်တောင် အခု ငါက ဒီကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာပဲ၊ ဒါကြောင့် ငါ့ရဲ့ အနုပညာရှင်တွေကို စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားရှိတယ်" လုရှောင်းက ပြောသည်။
“ကောင်းပြီ။ သူနဲ့ငါရဲ့ ဆက်ဆံရေးကို ထုတ်ဖော်လိုက်ရင် အနုပညာရှင်တစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမယ်ဆိုတာ ငါသိပါတယ်၊ ဒါကြောင့် ယီချူးက ငါ့ကောင်မလေးဖြစ်လာရင် အဲဒါကို လျှို့ဝှက်ထားမယ်လို့ ကတိပေးပါတယ်။ စိတ်မပူပါနဲ့ ငါသူ့ကို ကောင်းကောင်းကာကွယ်ပေးမှာပါ” လို့ စုန့်ရှို့ယန်က ပြောသည်။
"အဓိပ္ပါယ်မရှိတာတွေ! စုန့်ရှို့ယန်! မင်းကို ရှားယီချူးနဲ့ ဝေးဝေးမှာနေဖို့ ငါသတိပေးနေတယ်နော်!" လုရှောင်းက အော်ပြောလိုက်ပြီး စုန့်ရှို့ယန်၏ ဖုန်းကို ချလိုက်သည်။
ရှားယီချူးကြောင့် သူ ဒေါသတွေ ပြည့်နှက်နေသည်။ ရှားယီချူးအတွက် စုန့်ရှို့ယန်၏ ဂီတဆရာကို ငှားရမ်းပြီး တစ်ယောက်ကိုတစ်ယောက် ဆုံတွေ့ခွင့်ရအောင် ကူညီပေးခဲ့သည့်အတွက် နောင်တရနေပြီဖြစ်သည်။
ကုနင်းသည် အထဲကို ဝင်ဖို့ အလျင်စလို မလုပ်ဘဲ စိတ်တည်ငြိမ်အောင် မိနစ်အတော်ကြာထားပေးလိုက်သည်။
လုရှောင်းသည် စုန့်ရှို့ယန်နှင့်ဖုန်းဆက်ပြီးနောက် ရှားယီချူးကိုဖုန်းဆက်သည်။ "ရှားယီချူး မင်း စုန့်ရှို့ယန်နဲ့ ခပ်ဝေးဝေးမှာနပေါ။ မင်းက မျက်နှာသစ်တစ်ယောက်ဖြစ်နေသေးတော့ အတင်းအဖျင်းတွေက မင်းဘ၀ကိုပျက်စီးသွားလိမ့်မယ် နားလည်လား?" လုရှောင်းက ပြောသည်။ မနာလိုခြင်းဖြစ်သော်လည်း သူပြောသည့်စကားမှာလည်း အမှန်ပင်။
ရှားယီချူးမှာ ပရိသတ်အနည်းငယ်သာရှိသော်လည်း အများစုမှာ သူမ၏သစ္စာရှိပရိသတ်များဖြစ်သည်။ စုန့်ရှို့ယန်တွင် သန်းနှင့်ချီသော ပရိသတ်များစွာရှိသည်။ သူ့ပရိသတ်အများစုက သစ္စာရှိကြတယ်။ ရှားယီချူးသည် သူနှင့် အတင်းအဖျင်းပြောခံရမည်ဆိုလျှင် သူမသည် သေချာပေါက် ပြင်းထန်သောဝေဖန်မှုများကြား ရောက်လိမ့်မည်။
ရှားယီချူးသည် မျက်နှာသစ်ဖြစ်နေသေးသောကြောင့် စုန့်ရှို့ယန်၏ပရိသတ်များက သူမသည် စုန့်ရှို့ယန်ကို ခုတုံးလုပ် အသုံးချကာ ကျော်ကြားလိုကြောင်း ပြောကြလိမ့်မည်။ ဒါပေမယ့် အကယ်၍ ရှားယီချူးကသာ နာမည်ကြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဆိုလျှင် အခြေအနေ မတူတော့ပေ။
တကယ်တော့ ရှားယီချူးဟာ နာမည်ကြီးရင်တောင် လုရှောင်းသည် သူမကို အတင်းအဖျင်းတွေမှာ ပါခွင့်ပြုမှာမဟုတ်ပေ။
"ကျွန်မ ပြောပြီးသားပဲ။ ကျွန်မသူနဲ့ ခပ်ဝေးဝေးမှာနေပါတယ်ဆို၊ ဒါပေမယ့် ကျွန်မတို့က ဂီတဆရာတူတူပဲလေ။ ကျွန်မ သူ့ကို အမြဲမရှောင်နိုင်ဘူး" ဟု ဝမ်းနည်းတဲ့ခံစားချက်နဲ့ ရှားယီချူးကပြောသည်။
“သူနဲ့ ဝေးဝေးသာနေပါ။ ပြဿနာတွေကို ငါ့ဆီ ထားခဲ့။ ငါကိုင်တွယ်လိုက်မယ်” ဟု လုရှောင်းက ပြောပေမယ့် စုန့်ရှို့ယန်ကို ဒေါသထွက်နေဆဲပင်။
“ကောင်းပြီ” ရှားယီချူးက သဘောတူလိုက်သည်။
တကယ်တော့ ရှားယီချူးသည် လုရှောင်းဟာ သူမအပေါ် မတူကွဲပြားစွာ ဆက်ဆံကြောင်း ခံစားရပြီး၊ သူက အလွန်ချောမောပြီး အောင်မြင်တဲ့ ရင့်ကျက်တဲ့ အမျိုးသားတစ်ဦးဖြစ်လို့ သူမမှာလည်း သူ့အပေါ်အထူးခံစားချက်တွေ ရှိသည်။ မည်သို့ပင်ဆိုစေကာမူ လုရှောင်းသည် သူမထက် ပိုမိုမြင့်မားသောရာထူးတွင်ရှိနေသောကြောင့် သူမနှင့်မထိုက်တန်ကြောင်း ခံစားရသည်။
ကုနင်းသည် ရှားယီချူးနှင့် ဖုန်းခေါ်ဆိုမှုအပြီးတွင် လုရှောင်း၏ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
"၀င်လာခဲ့" လုရှောင်းသည် စိတ်ဆိုးနေသေးသောကြောင့် စိတ်ဆိုးစွာပြောသည်။
ကုနင်းသည် တံခါးကိုတွန်းဖွင့်ပြီး အထဲသို့ ၀င်သွားသည်။
လုရှောင်းသည် ကုနင်းကိုမြင်သည့်အခိုက်တွင် သူ့အမူအရာပြောင်းသွားသည်။ "ကျေးဇူးပြုပြီး ထိုင်ပါ ဘော့စ်"
လုရှောင်း သည် လင်ရှောင်းထင်၏လူဖြစ်သော်လည်း ယွင်ယောင်ကိုမသိသောကြောင့် သူမကိုမြင်သောအခါ တုံ့ပြန်ခြင်းမရှိပေ။
"အိုး၊ ထန်ရှောင်ရှောင် ခံစားနေရတဲ့ ပြဿနာကို ကျွန်တော်ဖြေရှင်းပြီးပါပြီ" ဟု လုရှောင်းကဆိုသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ထန်ရှောင်ရှောင်သည် ထူးဆန်းသော မက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများကို ဆက်တိုက်ရခဲ့သည်။ တစ်စုံတစ်ယောက်က သူမကို အိမ်သို့ပင် လိုက်ချောင်းခဲ့သည်။
ထန်ရှောင်ရှောင်က ကြောက်လန့်နေပေမယ့် အဲဒီလူက ဘယ်သူလဲဆိုတာ မသိပေ။ သူမသည် ကုမ္ပဏီကို ပြောပြသောအခါ ထိုလူသည် သူမ၏အမာခံပရိသတ်ဖြစ်ကြောင်း သိလိုက်ရပြီး သူ့အား နောက်တစ်ကြိမ်ထပ်မပြုလုပ်ရန် သတိပေးခဲ့သည်။
ထို ပရိတ်သတ်သည် ၂ ရက်လောက်ငြိမ်နေခဲ့ပြီး တစ်ရက်တွင် ထန်ရှောင်ရှောင်သည် သူ့ကို သစ္စာဖောက်ခဲ့တဲ့အတွက် သူ့ကိုယ်သူ သတ်သေချင်တယ်ဟု Weibo မှာပြောခဲ့သည်။
အင်တာနက်အသုံးပြုသူများသည် အမှန်တရားကို မသိခဲ့ကြသဖြင့် ထန်ရှောင်ရှောင်သည် ၎င်းတို့၏ ပစ်မှတ်ဖြစ်လာခဲ့သည်။ ထန်ရှောင်ရှောင်ဟာ ဘာအမှားမှ မလုပ်ခဲ့ဘဲ သက်သက်မဲ့ ဆဲဆိုခံရခြင်းသာ ဖြစ်ပေမယ့် သူမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နေဆဲပင်။
ကုနင်းသည်လည်း ဝေဖန်မှုများကြားတွင် ရှိနေခဲ့သည်။ သို့သော်လည်း ကုနင်း၏ သစ္စာရှိ ပရိသတ်များက သူမအား အမြဲတစေ ကာကွယ်ပေးခဲ့သည်။
ကုနင်းက ဒါကို ဂရုမစိုက်ပေမယ့် ထန်ရှောင်ရှောင်က မင်းသမီးတစ်ယောက်ဖြစ်တာကြောင့် သူမနာမည်ကို ရှင်းပစ်ရမည်။
ထို့ကြောင့် ဖုန့်ဟွာအင်တာတိန်းမန့်သည် ကောလာဟလများ ပိုမိုဆိုးရွားလာမှုကို ရပ်တန့်ရန်အတွက် ထိုပရိသတ်၏ ဆိုးရွားသောအပြုအမူကို Weibo တွင် သက်သေပြခဲ့သည်။ ပရိတ်သတ်သည် အမှန်တကယ် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသောကြောင့် သူ့တွင် လွဲမှားေသာ ယူဆမှုများစွာရှိခဲ့သည်။ ဆေးရုံနဲ့ သူ့မိသားစုက ဒါကို သက်သေပြနိုင်သည်။
မုန်းတီးသူအချို့က ၎င်းကို မယုံကြသော်လည်း အင်တာနက်အသုံးပြုသူအများစုသည် အဆိုပါအထောက်အထားကို လက်ခံခဲ့ကြသည်။
"ဒီလိုကြားရတော့ ဝမ်းသာပါတယ်" ဟု ကုနင်းက ပြောသည်။ လုရှောင်း၏ စွမ်းရည်ကို သူမယုံကြည်သည်။ ကုနင်းသည် ရှားယီချူးနှင့်အကြောင်းသည် သူတို့၏ ပုဂ္ဂိုလ်ရေးဖြစ်သောကြောင့် ဘာမှ မပြောတော့ပေ။
သူမသည် ထိုနေရာတွင် ကြာကြာမနေဘဲ မကြာမီပင် ကျင်းယွင်ယောင်နှင့်အတူ ထွက်ခွာလာခဲ့သည်။
သူတို့အိမ်ပြန်ရောက်တဲ့အခါ ကုနင်းသည် ကျင်းယွင်ယောင်ကို အနားယူရန်ပြောပြီး သူမသာ ချက်ပြုတ်ပေးမည်ဟု ပြောခဲ့ပေမယ့် ကျင်းယွင်ယောင်မှ ငြင်းဆိုခဲ့တာကြောင့် အဆုံးမှာ အတူတူ ချက်စားကြသည်။
***
အခန်း ၁၆၆၆ ယွေ့ချင် မတွေ့ရတာကြာပြီ
ညရောက်တော့ လင်ရှောင်းထင်သည် ကုနင်းကိုဖုန်းဆက်ပြီး ကုနင်းက သူ့မိခင်ဘက်ကအဖိုးရဲ့ နာမည်နဲ့ သူနေထိုင်ခဲ့တဲ့ နေရပ်လိပ်စာကို မေးလိုက်သည်။ ကုနင်းသည် မေးခွန်းများကို ပေါ့ပေါ့တန်တန်မေးသောကြောင့် လင်ရှောင်းထင် သည် ၎င်းအကြောင်းကို ဆက်မတွေးတော့ပေ။
သူ့အဖိုးက ယဲ့ကျန်းရီဖြစ်ပြီး သူနေထိုင်ခဲ့တဲ့နေရာက မြောက်ပိုင်းခရိုင် XX လမ်းမှာဖြစ်ကြောင်း သူမကို ပြောပြသည်။
အိမ်က ရှိနေဆဲဖြစ်ပြီး အိမ်ထိန်းနဲ့ သူ့မိန်းမက အဲဒီမှာပဲနေသည်။ ယဲ့ကျန်းရီနှင့် သူ့ဇနီး ကွယ်လွန်ပြီးနောက် ယဲ့မိသားစုမှ အခြားမိသားစု၀င်များသည် အပြင်သို့ ထွက်ခွာသွားသောကြောင့် လင်ရှောင်းထင်သည် အိမ်စောင့်အား ထိုနေရာတွင်နေရန် ပြောခဲ့သည်။ ဘာပဲဖြစ်ဖြစ် အိမ်က အခုအချိန်တွင် ဗလာဖြစ်သည်။
…
နောက်တစ်နေ့တွင် ကုနင်းသည် အစောကြီးထကာ ပြေးသည်။ ကုနင်း နိုးလာသည်ကို ကျင်းယွင်ယောင် ကြားသဖြင့် အိပ်ရာပေါ်မှ ဆင်းကာ သူမလည်း ကုနင်းနှင့်အတူ ပြေးခဲ့သည်။
ယခုအချိန်တွင် သူမ၏ ကျင့်ကြံရေးကို လေ့ကျင့်ရန်အတွက် အဆင်မပြေသေးသောကြောင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာ မြှင့်တင်နိုင်သည်။ ကျင့်ကြံသူများအနေဖြင့် လေ့ကျင့်ခန်းလုပ်ရန်လည်း လိုအပ်သည်။
သူတို့အပြင်သို့ ရောက်သောအခါ ကုနင်းသည် ကျင်းယွင်ယောင်အား သူမ၏ မွေးစားအဖေအကြောင်းပြောလိုက်သည်။ "အမေ ရှောင်းထင်က အမေ့ရဲ့မွေးစားအဖနောမည်က ယဲ့ကျန်းရီ လို့ ပြောတယ် သူနေခဲ့တဲ့နေရာက မြောက်ပိုင်းခရိုင် XX လမ်းမှာရှိတယ်။ အိမ်ကရှိနေတုန်းဘဲ၊ အိမ်စောင့်နဲ့ သူ့မိန်းမကသာ အဲဒီမှာနေနေတယ် မနက်စာစားပြီးရင် သွားကြည့်လို့ရပါတယ်။”
ယဲ့ကျန်းရီဆိုသော နာမည်ကိုကြားလိုက်ရသောအခါ ကျင်းယွင်ယောင်သည် ရင်းနှီးသလို ခံစားခဲ့ရပေမယ့် အဲဒီလူရဲ့မျက်နှာကို သူမမှတ်မိပေ။
“ဟုတ်ပြီ” ကျင်းယွင်ယောင် ခေါင်းညိတ်လိုက်သည်။ "အိုး ယဲ့မိသားစုရဲ့ အိမ်စောင့်နာမည်က ဘာတဲ့လဲ?" ကျင်းယွင်ယောင်က မေးလိုက်သည်။
"မုန့်ကျန်းသဲ့တဲ့" ကုနင်းကပြောသည် ။
ကုနင်းသည် ထိုနေ့နံနက်တွင် ကျန်းယွေ့ချင်ကို တွေ့လိုက်ရသည်။ ကျန်းယွေ့ချင်သည် ကုနင်းနှင့် အတူရှိရန် မဖြစ်နိုင်ကြောင်း သိသော်လည်း သူမကို တွေ့ချင်သေးသည်။ ထို့ကြောင့် မိုးသာမရွာလျှင် ကျန်းယွေ့ချင်သည် ကုနင်းကိုတွေ့နိုင်ရန်အတွက် နံနက်ခင်းတိုင်း လာပြေးလေ့ရှိသည်။
ကုနင်းသည်လည်း ဒီမှာမနေရင်တောင် မနက်ခင်းမှာ ပြေးတတ်ပေမယ့် သူလောက် ဝီရိယရှိတာ မဟုတ်ပေ။
"ဟိုင်း ကုနင်းမတွေ့ရတာကြာပြီနော်!" ကျန်းယွေ့ချင်က သူမကို တွေ့ရတော့ စိတ်လှုပ်ရှားနေမိသည်။
"ဟိုင်း ယွေ့ချင် မတွေ့ရတာကြာပြီ" ကျန်းယွေ့ချင်သည် ကုနင်း၏ ဘေးတွင် ပြေးနေသော ကျင်းယွင်ယောင်ကို တွေ့လိုက်သည်။ သူသည် တစ်စက္ကန့်မျှ ကြောင်အသွားကာ သူမကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။
"ဟိုင်း တွေ့ရတာဝမ်းသာပါတယ် မဒမ်" ကျန်းယွေ့ချင်က ယဉ်ကျေးစွာပြောသည်။
"ကျွန်မလည်း တွေ့ရတာဝမ်းသာပါတယ်" ကျင်းယွင်ယောင်က သူ့ကို ပြုံးပြသည်။ သူမကိုမြင်သောအခါ ကျန်းယွေ့ချင်၏တုံ့ပြန်မှုကို သူမသတိပြုမိသော်လည်း ၎င်းနှင့်ပတ်သက်၍ ဘာမှမပြောပေ။
အဲဒီနောက်မှာတော့ ကျန်းယွေ့ချင်ဟာ အားအင်ကုန်ခမ်းသည်အထိ သူတို့နဲ့အတူ ပြေးခဲ့သည်။
သူတို့နှစ်ယောက် အတူတူ ပြေးသောအခါ ကျန်းယွေ့ချင်သည် ကျင်းယွင်ယောင်ကို တစ်ချက်တစ်ချက် စိုက်ကြည့်ကာ သူမသည် မည်သူဖြစ်သည်ကို မှတ်မိရန် ကြိုးစားနေသည်။
ကျန်းယွေ့ချင် ထွက်သွားပြီးနောက် ကုနင်းကို ကျင်းယွင်ယောင်က "နင်းနင်း၊ သူက ဘယ်သူလဲ? သူဘာလို့ငါ့ကိုသိနေသလိုခံစားရတာလဲ?"
"အော် သူက သခင်ကြီးလင်ရဲ့ သူငယ်ချင်းကောင်း ကျန်းကျုံးယွီရဲ့ မြေးပါ သူ့နာမည်က ကျန်းယွေ့ချင် လို့ခေါ်တယ်။ ကျန်းမိသားစုနဲ့ လင်မိသားစုတို့က မျိုးဆက်ပေါင်းများစွာ မဟာမိတ်တွေဖြစ်တာကြောင့် သူတို့ အမေ့ကို သိသင့်တယ်ဆိုပေမယ့် အမေ့ကို နောက်ဆုံးတွေ့တုန်းကတော့ သူက ငယ်လွန်းသေးတယ်လေ။” ဟု ကုနင်း ကပြောလိုက်သည်။
ကျင်းယွင်ယောင် က ခေါင်းညိတ်လိုက်သည်။
အချိန်အတော်ကြာအောင် ပြေးပြီးနောက် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် အိမ်သို့ ပြန်လာခဲ့သည်။
နှစ်ယောက်စလုံး ရေချိုးပြီးနောက် မနက်စာ အတူတူစားကြသည်။
မနက်စာစားပြီးတာနဲ့ ယဲ့မိသားစုရဲ့အိမ်ဟောင်းကို သွားကြသည်။
သို့သော် သူတို့သည် ယခုနေရာနှင့် ဝေးသောကြောင့် လမ်းပေါ်တွင် တစ်နာရီခန့်ကြာအောင် အချိန်ကုန်ရသည်။
မြို့တော်ကြီးသည် အလွန်ကြီးမားပြီး အလွန်အလုပ်များလွန်းသောကြောင့် ထိုနေရာတွင်နေထိုင်မှုအရှိန်အဟုန်ကို ကျင့်သုံးနိုင်ရန် မလွယ်ကူပေ။
ကံကောင်းစွာဖြင့် ကုနင်းသည် မြို့တော်တွင် နှစ်ပေါင်းများစွာ နေခဲ့သောကြောင့် ၎င်းကို ရင်းနှီးစေရန် သူမအတွက် မခက်ခဲသော်လည်း ကျင်းယွင်ယောင်သည် အချိန်ပိုလိုအပ်သည်။
"မြို့တော်က အရမ်းကြီးတာပဲ။ အမြဲတမ်း လမ်းပေါ်မှာ အနည်းဆုံး နာရီဝက်လောက်တော့ အချိန်ကုန်နိုင်တယ်” ဟု ကျင်းယွင်ယောင်က ပြောသည်။
“ဟားဟား အမေပြောတာ မှန်တယ်။ ဒီမှာ အိမ်တစ်လုံးရှိဖို့ကလည်း အရမ်းခက်တယ်” ဟု ကုနင်းက ပြောသည်။
သူ့မှာသာ ကျောက်စိမ်းမျက်၀န်းမရှိလျှင် ဒီမှာ သူ့စီးပွားရေးကို တည်ဆောက်ဖို့ ယုံကြည်ချက်ရှိမှာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ယခု အရမ်းအောင်မြင်နေပေမယ့် မြို့တော်က စီးပွားရေးသမားတွနေဲ့ မယှဉ်နိုင်သေး၍ ဖြစ်သည်။
အောင်မြင်သော စီးပွားရေးလုပ်ငန်းအများစုသည် မြို့တော်နှင့် Bမြို့တွင် စုရုံးရှိကြသည်။
…
ယဲ့မိသားစု၏အိမ်ဟောင်းသည် ခရိုင်ဟောင်းတွင်တည်ရှိပြီး အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးအများစုသည် မိုးမျှော်တိုက်များဖြစ်လာသော်လည်း ထိုအိမ်ကြီးမှာ ယခင်အတိုင်းပင် ရှိနေသေးသည်။
ကျင်းယွင်ယောင်သည် အရမ်းရင်းနှီးနေသလို ခံစားရသည်။
ယဲ့မိသားစု၏အိမ်ဟောင်း၏တံခါးကို သံဖြင့်ပြုလုပ်ထားပြီး ခြံရှေ့တွင် ပန်းနှင့်အခြားအပင်များကို ရေလောင်းနေကြသည့် အသက်ခြောက်ဆယ်ကျော်အရွယ် စုံတွဲတစ်တွဲကို မြင်နေရသည်။
အိမ်ကဟောင်းပေမယ့် အရမ်းသန့်သည်။
"အထဲကို ဝင်ချင်လား?" ကုနင်းသည် ကျင်းယွင်ယောင်ကို မေးလိုက်သည်။
"အင်း ၀င်ချင်တယ်။ ဒါပေမယ့် ရှောင်းထင်ကို လျှို့ဝှက်ထားဖို့ သူတို့ကို ပြောသင့်တယ်" ဟု ကျင်းယွင်ယောင်က ပြောသည်။
ထို့နောက် အတူတူ ရှေ့သို့ လျှောက်သွားကြသည်။
"ဟိုင်း မစ္စတာမုန့်!" ကုနင်းသည် သံဗန်းတံခါး၏အပြင်ဘက်ကနေ ခေါ်လိုက်သည်။
မုန့်ကျန်းသဲ့နဲ့ သူ့မိန်းမက သံတံခါးဆီကို လှမ်းကြည့်လိုက်ပေမဲ့ ကုနင်းနှင့် ကျင်းယွင်ယောင်တို့က ကွယ်နေသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ထို့နောက် မုန့်ကျန်းသဲ့သည် သူတို့ဆီ လျှောက်သွားလိုက်သည်။
"ဘယ်သူပါလဲ?" မုန့်ကျန်းသဲ့က မေးသည်။ ဒီမေးခွန်းကို ပြီးသွားချိန်မှာတော့ ကျင်းယွင်ယောင်ရဲ့ မျက်နှာကို မြင်လိုက်ရပြီး ထိတ်လန့်သွားပုံပေါ်သည်။ “ယ-ယ-ယွင်…”
သူ့နာမည်ကို ခေါ်ရန်ပင် အရမ်း အံ့သြနေမိသည်။ သူ့မှတ်ဉာဏ်ထဲတွင် ယွင်ယောင် သည် နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။
***
အခန်း ၁၆၆၇ မင်းက တကယ်ပဲ ယွင်ယောင်လား?
ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ဘာမှ မပြောဘဲ တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။
ကျင်းယွင်ယောင် သည် မုန့်ကျန်းသဲ့နှင့် အတော်လေးရင်းနှီးနေသလို ခံစားမိသည်။
"ဘာဖြစ်လို့လဲ?" မုန့်ကျန်းသဲ့၏ဇနီးမစ္စမုန့်သည် သူ့ခင်ပွန်းဆီသို့ ပြေးလာပြီးနောက် ရုတ်တရက်ရပ်လိုက်ကာ ထိတ်လန့်သွားလေသည်။
မုန့်ကျန်းသဲ့ နှင့် သူ့မိန်းမတို့သည် အသက်သိပ်မကြီးသေးဘဲ မကြာခဏ လေ့ကျင့်ခန်းလုပ်တဲ့အတွက် သူတို့နှစ်ယောက်လုံး အရမ်းကျန်းမာကြသည်။
မစ္စမုန့် ပြေးလာအခါ ကုနင်းနှင့် ကျင်းယွင်ယောင်ကို တွေ့လိုက်ရသည်။ “ယ-ယ-ယွင်…” သူမသည်လည်း မုန့်ကျန်းသဲ့လိုပင် တုံ့ပြန်သည်။
"ဟာ မင်းက တကယ် ယွင်ယောင် လား?" မုန့်ကျန်းသဲ့ က မေးသည်။
ယွင်ယောင် ကွယ်လွန်ခဲ့သည်မှာ ၁၅ နှစ်ရှိပြီဖြစ်သောကြောင့် သူ့ရှေ့တွင်ရပ်နေသော အမျိုးသမီးသည် ယွင်ယောင်နှင့်တူသော်လည်း အတိအကျပင် မယုံနိုင်ဖြစ်နေသည်။
ထို့အပြင် ယွင်ယောင်သာ အသက်ရှင်နေသေးပါက သူမသည် အသက် ၅၀ ရှိမည်ဖြစ်သော်လည်း သူမြင်နေရသော အမျိုးသမီးမှာ အသက်သုံးဆယ်ကျော်ခန့်သာရှိပုံရသည်။
"တွေ့ရတာဝမ်းသာပါတယ် အိမ်ထိန်းမုန့်။ ကျွန်မက ယွင်ယောင်ပါ" ဟု ကျင်းယွင်ယောင် က ပြောသည်။
"တကယ်လား? မင်းက တော်တော်ငယ်တာပဲ။" ဟု မစ္စမန်က ပြောသည်။
"သူမက သူ့ကိုယ်သူ ကောင်းကောင်း ဂရုစိုက်တယ်။ ဒါကြောင့် အသက်ထက် ပိုငယ်နေပုံရတာ" ဟု ကုနင်းက ယခုလို ပြောသည်။ “မစ္စတာမုန့်နဲ့ မစ္စမုန့်တို့ကို တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်မနာမည်က ကုနင်းလို့ ခေါ်ပါတယ် ရှောင်းထင်ရဲ့ ချစ်သူပါ"
"ဘာ? မင်းက သခင်လေးရှောင်းထင် ရဲ့ရည်းစားလား?" မုန့်ကျန်းသဲ့နှင့် သူ့ဇနီးသည် လင်ရှောင်းထင်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဘာမှမသိသောကြောင့် ကုနင်းကို သံသယဖြင့် ကြည့်လိုက်သည်။
"ဟုတ်ပါတယ် ကျွန်မကိုမယုံရင် စစ်ဆေးဖို့ ရှောင်းထင် ကိုမေးကြည့်လို့ရပါတယ်။" ဟု ကုနင်း မှပြောကြားသည်။
အဲဒါကိုကြားတော့ မုန့်ကျန်းသဲ့နဲ့ သူ့မိန်းမက ခေါင်းညိတ်သည်။
"သူက တကယ် ယွင်ယောင်လို့ ပြောတာလား?" မုန့်ကျန်းသဲ့က ထပ်မေးသည်။
"သေချာပါတယ် သူမက ယွင်ယောင်ပါ၊ ဒါပေမယ့် သူမက မှတ်ဉာဏ်တွေ ဆုံးရှုံးသွားလို့ သူမဟာမှတ်ဉာဏ်တွေ ပြန်ရနိုင်မလားဆိုတာ သိဖို့အတွက် သူမနေထိုင်ခဲ့ဖူးတဲ့နေရာတွေကို သွားကြည့်ချင်ပါတယ်" ဟု ကုနင်းမှ ပြောသည်။ "ကျှန်မက ရှောင်းထင်ကို မပြောရသေးပါဘူး။ ယွင်ယောင် သူ့မှတ်ဉာဏ်တွေကို ပြန်လည်ရရှိပြီးမှသာ ဒီသတင်းကို သူ့ကို ပြောဖို့ ဆုံးဖြတ်ထားတာဖြစ်လို့ပါ။ ဒါကြောင့် မစ္စတာမုန့်, မစ္စမုန့် ကျေးဇူးပြုပြီး လျှို့ဝှက်ထားပေးပါ"
"အိုး?" မုန့်ကျန်းသဲ့နှင့် သူ၏ဇနီးတို့သည် အလွန်အံ့သြနေကြဆဲဖြစ်သည်။
"အင်း ငါ့မွေးစားမိဘတွေအတွက် အမွှေးတိုင်ရှို့ကန်တော့ဖို့ အဆင်ပြေမလား?" ကျင်းယွင်ယောင်က ရိုးသားစွာ မေးလိုက်သည်။
မုန့်ကျန်းသဲ့သည် သူ့ဇနီးနှင့် အကြည့်ချင်းဖလှယ်သည်။ သူတို့နှစ်ယောက်လုံး ချက်ချင်း တုံ့ပြန်မှု မပေးခဲ့ကြပေ။ သူတို့သည် ကျင်းယွင်ယောင်၏ဝိသေသလက္ခဏာနှင့် ပတ်သက်၍ သံသယရှိနေကြသော်လည်း၊ သူတို့သည် သူမအား ယုံကြည်လေ့ရှိသောကြောင့် ကုနင်းနှင့် ကျင်းယွင်ယောင်အတွက် တံခါးကို ဖွင့်ပေးလိုက်သည်။
မုန့်ကျန်းသဲ့က သူတို့ကို ယဲ့ကျန်းရီနှင့် သူ့ဇနီး ပုံချိတ်ထားသည့် အရှေ့ဟောခန်းဆီသို့ လမ်းညွှန်ပေးလိုက်သည်။
ယဲ့ကျန်းရီနှင့် သူ့ဇနီး၏ ဓာတ်ပုံကို မြင်လိုက်ရသောအခါ ကျင်းယွင်ယောင်သည် ငိုချင်သလို ခံစားလိုက်ရသည်။ သူတို့အပေါ်ထားတဲ့ သူမရဲ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲသည်။
မုန့်ကျန်းသဲ့နှင့် သူ၏ဇနီးတို့သည် ကုနင်းနှင့် ကျင်းယွင်ယောင်တို့အတွက် အမွှေးတိုင်များ ထွန်းညှိရန် ပေးလိုက်သည်။
ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် အမွှေးတိုင်များယူလိုက်ကြပြီး ကျင်းယွင်ယောင် က သူတို့တို့အား ကန်တော့ခြင်းမပြုမီ “သခင်ယဲ့, သခင်မယဲ့ ကျွန်မက ရှင်တို့ရဲ့ မွေးစားသမီး ကျင်းယွင်ယောင်ပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်က မတော်တဆမှုတစ်ခုမှာ မှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် သင်တို့ကို မမှတ်မိတော့တာ တောင်းပန်ပါတယ်။ ကျွန်မရဲ့ မှတ်ဉာဏ်တွေပြန်ရလာတဲ့အခါ ရှင်တို့ရဲ့ဂူဗိမာန်ကို သွားလည်မယ်လို့ ကတိပေးပါတယ်" ထို့နောက်တွင် ကျင်းယွင်ယောင်နှင့် ကုနင်းတို့သည် အမွှေးတိုင်ကို မီးဖိုထဲသို့ မထည့်မှီ ယဲ့ကျန်းရီနှင့် သူ၏ဇနီး၏ဓာတ်ပုံကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်ခဲ့ကြသည်။
ကျင်းယွင်ယောင် ကန်တော့ပြီးပြီးချင်းမှာပဲ သူမ၏ မျက်လုံးထဲမှာ ပုံရိပ်တချို့ ပေါ်လာသည်။
ကျဉ်းမြောင်းသောလမ်းကြားတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ဓားရှည်ကိုင်ထားသော လူငယ်တစ်ဦး လိုက်ဖမ်းသည်ကို သူမတွေ့လိုက်ရသည်။ ထို့နောက် လူငယ်သည် သစ်သားတုတ်ကို ကောက်ကိုင်ကာ လူလတ်ပိုင်းကို ပစ်ချလိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားဟာ နောက်ကျောကို ပြင်းပြင်းထန်ထန် ထိမှန်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့ပြန်ထပြီး ထွက်ပြေးဖို့ကြိုးစားတဲ့အခါ အရမ်းနောက်ကျသွားပြီ၊ လူငယ်က ဓားရှည်ကို သူ့လက်ထဲမှာ ကိုင်ထားပြီးသားပင်။
ဤအခိုက်အတန့်တွင် အမျိုးသမီးငယ်တစ်ဦး ရုတ်တရက်ထွက်လာပြီး ထိုလူငယ်ကို ကန်ထုတ်ပစ်လိုက်သည်။
အဲဒီနောက်မှာ နောက်ထပ် လူငယ်တစ်ယောက် ပေါ်လာပြီး ကန်ထုတ်ခံထားရတဲ့သူကို ဖမ်းချုပ်လိုက်သည်။
ပုံရိပ်သည် ဤနေရာတွင် ပြီးဆုံးသွားခဲ့ပြီး ကျင်းယွင်ယောင်သည် ထိုကိစ္စတွင် မိန်းမငယ်ဖြစ်ကြောင်း ခံစားလိုက်ရသည်။
ယွင်ယောင်သည် ယဲ့ကျန်းရီ၏အသက်ကို ကယ်တင်ခဲ့ကြောင်း ဟဲချီမင်က ပြောခဲ့ပြီး၊ ထို့ကြောင့် ပုံတွင်ပါရှိသည့် သက်လတ်ပိုင်းအမျိုးသားသည် ယဲ့ကျန်းရီ ဖြစ်နိုင်သည်။
ကျင်းယွင်ယောင်သည် သေမျိုးမဟုတ်ပဲ ကျင့်ကြံသူဖြစ်သောကြောင့် ဤကမ္ဘာပေါ်တွင် သိပ္ပံပညာဖြင့် မရှင်းပြနိုင်သော ထူးဆန်းသောအရာများစွာရှိကြောင်း သူမသိလိုက်ရသည်။
သို့သော် ထိုလူငယ်သည် မည်သူမည်ဝါဖြစ်သည်ကို သူမ သိချင်နေသည်။ သူ့မှတ်ဉာဏ်ထဲတွင်နောက်မှ ရောက်လာသော လူငယ်သည် သူမနှင့် တစ်အုပ်စုတည်း ဖြစ်တယ်ဆိုတာ သေချာသည်။
ထိုပုံရိပ်က ဘာလဲဆိုတာကို စုံစမ်းရန် သူမဆုံးဖြတ်လိုက်သည်။
“အရင်က ကျဉ်းမြောင်းတဲ့ လမ်းကြားမှာ သခင်ကြီးကို လူငယ်တစ်ယောက်က ဓားနဲ့ လိုက်ဖမ်းဖူးလား? လူငယ်က သူ့ကို သစ်သားတုတ်နဲ့ရိုက်လိုက်တော့ လဲကျသွားပြီးနောက် အမျိုးသမီးငယ်တစ်ယောက်ပေါ်လာပြီးတော့ လူငယ်ကို ကန်လိုက်ပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့တယ်လေ?” ကျင်းယွင်ယောင်က မုန့်ကျန်းသဲ့ကို ရုတ်တရက် မေးလိုက်သည်။
မုန့်ကျန်းသဲ့က အံ့သြသွားပြီး "ဟုတ်တယ် မင်းပြောတာမှန်တယ်!"
"အမေ မှတ်ဉာဏ်တွေ ပြန်ရပြီလား?" ကုနင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“မဟုတ်ဘူး ငါ့မျက်လုံးထဲမှာ ရုတ်တရက်ပေါ်လာတဲ့ ပုံရိပ်ပါ” ကျင်းယွင်ယောင်က ပြောလိုက်သည်။ သူမသည် အနည်းငယ်စိတ်ပျက်သွားသော်လည်း ဒါဟာ ကောင်းတဲ့လက္ခဏာပါပဲ။
ကုနင်းက ခေါင်းညိတ်လိုက်သည်။ "အင်း ရင်းနှီးတဲ့နေရာတွေက အမေ့ကို တစ်ခုခုမှတ်မိအောင် ကူညီပေးနိုင်ပုံရတယ်"
***
အခန်း ၁၆၆၈ နတ်ဆေးဆရာမ
မုန့်ကျန်းသဲ့နဲ့ သူ့မိန်းမတို့သည် ကျင်းယွင်ယောင်က ဇာတ်လမ်းကို ပြောပြပြီးနောက် ကျင်းယွင်ယောင်က ယွင်ယောင်ဆိုတာကို အတည်ပြုခဲ့သည်။ သူမ၏ မှတ်ဉာဏ်များကိုလည်း ပြန်ရလာအောင် ကူညီပေးဖို့ ဆန္ဒရှိကြသည်။
"မစ္စတာ မုန့်, ယွင်ယောင်လည်း ဒီမှာပဲ နေခဲ့တာလား?" ကုနင်းက မုန့်ကျန်းသဲ့ကို မေးလိုက်သည်။
"ဟုတ်တယ် ယွင်ယောင်က လက်မိသားစုမှာ လက်မထပ်ခင်အထိ တစ်နှစ်လောက် ဒီမှာနေခဲ့တယ်။ သူမလက်ထပ်ပြီးသွားပေမယ့်လည်း ယဲ့မိသားစုက သူ့အခန်းကို သူရှိတုန်းက အတိုင်းပဲထားထားပါတယ်။ အခုလည်း အဲ့အတိုင်းပဲ!” မုန့်ကျန်းသဲ့က ပြောသည်။
"ကျွန်မတို့ကြည့်လို့ရမလား?" ကုနင်းက မေးလိုက်သည်။
“ရတာပေါ့!” မုန့်ကျန်းသဲ့က မဆိုင်းမတွ သဘောတူလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ" ဟု မုန့်ကျန်းသဲ့က ပြောသည်။
"အိမ်ထိန်းမုန့် ကျေးဇူးပြုပြီး ကျွန်မကို ရှေ့ကနေ လျှောက်ခွင့်ပြုပါ။ အခန်းကို တစ်ယောက်တည်း ရှာနိုင်မလားဆိုတာ ကြည့်ချင်တယ်။” လို့ ကျင်းယွင်ယောင်က ပြောသည်။
"ပြဿနာမရှိပါဘူး။" မုန့်ကျန်းသဲ့က သဘောတူလိုက်သည်။
ထို့ကြောင့် ကျင်းယွင်ယောင်သည် ရှေ့ကနေ လျှောက်သွားပြီး ကုနင်း၊ မုန့်ကျန်းသဲ့နှင့်မစ္စမုန့်တို့က လိုက်ပါလာကြသည်။ ကျင်းယွင်ယောင်သည် နောက်ပိုင်းတွင် ဒုတိယထပ်သို့ တက်သွားသည်။ သူမ လှည့်ကြည့်လိုက်ပြီးနောက် တတိယထပ်ကို ထပ်တက်သွားသည်။ တတိယထပ်တွင် အခန်းလေးခန်းရှိပြီး ကျင်းယွင်ယောင်သည် ညာဘက်မှ ဒုတိယမြောက်အခန်း၏အပြင်ဘက်တွင် ရပ်လိုက်သည်။
ထိုအချိန်တွင် မုန့်ကျန်းသဲ့နှင့် မစ္စမုန့်တို့ဟာ ဤအခန်းသည် တကယ်ပဲ ယွင်ယောင်၏အခန်းဖြစ်သောကြောင့် အံဩနေသည်။
ကျင်းယွင်ယောင်က "ဒီအခန်း ဖြစ်မယ်ထင်တယ်။
"မင်းပြောတာမှန်တယ်" မုန့်ကျန်းသဲ့ကပြောသည်။
ထို့နောက် ကျင်းယွင်ယောင်သည် တံခါးကို တွန်းဖွင့်လိုက်ကာ တယောက်ပြီး တယောက် အတွင်းသို့ ဝင်လာကြသည်။ အခန်းထဲတွင် အရာအားလုံးသည် အတူတူပင်ဖြစ်သော်လည်း ပရိဘောဂများကို အဖြူထည်ဖြင့် ဖုံးအုပ်ထားသည်။
မုန့်ကျန်းသဲ့နှင့် သူ့မိန်းမသည် ကျင်းယွင်ယောင်အား အခန်းကို ရှင်းရှင်းလင်းလင်းမြင်ရအောင် အဖြူထည်ကို ဖယ်သိမ်းလိုက်တယ်။
ကျင်းယွင်ယောင်သည် အချိန်အတော်ကြာအောင် လှည့်ပတ်ကြည့်ရှုခဲ့သော်လည်း ကံမကောင်းစွာပဲ သူမသည် ဘာကိုမှ မမှတ်မိတော့ပေ။
ထို့နောက် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် မထွက်ခွာခင် မုန့်ကျန်းသဲ့နှင့်အတူ ပရိဘောဂများကို အဖြူထည်ဖြင့် ပြန်ဖုံးအုပ်ပေးခဲ့သည်။
သူတို့မထွက်ခွာခင်မှာ ကျင်းယွင်ယောင်သည် မုန့်ကျန်းသဲ့နဲ့ သူ့မိန်းမကို လင်ရှောင်းထင်ကို ဒီအကြောင်း မပြောပြဖို့ သတိပေးခဲ့လိုက်သည်။
မုန့်ကျန်းသဲ့နှင့် မစ္စမုန့်တို့သည် ကုနင်း၏ ကားအဝေးသို့ ရွေ့လျားသွားသည်ကို ကြည့်နေကြသည်။
သူတို့သည် ကုနင်းနှင့် ကျင်းယွင်ယောင်တို့ကား သူတို့၏ မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားသည်အထိ အိမ်သို့ မပြန်ခဲ့ကြပေ။
"သူ့ကို တကယ် ယွင်ယောင်လို့ ရှင်ထင်လား?" မစ္စမုန့်ကမေးလိုက်သည်။
“ငါတော့ထင်တယ်။ ဒါပေမယ့် သူ့မှတ်ဉာဏ်တွေအားလုံး မရမချင်း ငါတို့ သည်းခံရမယ်။"ဟု မုန့်ကျန်းသဲ့မှပြောလိုက်သည်။
ကျင်းယွင်ယောင်က လင်ရှောင်းထင်ကို သူမဒီမှာရှိနေတယ်ဆိုတာကို မပြောဖို့ ကတိပေးတဲ့အတွက် သူတို့ ဘာမှ ပြောမည် မဟုတ်ပေ။
…
ကျင်းယွင်ယောင် သည် ယဲ့မိသားစု၏အိမ်ဟောင်းမှ ထွက်ခွာသွားပြီးနောက် အနည်းငယ်စိတ်မကောင်းဖြစ်သော်လည်း ကုနင်းသည် သူမအတွက် စိုးရိမ်မှာဆိုး၍ တည်ငြိမ်ဟန်ဆောင်ခဲ့သည်။
"အမေ အခု ဟန်ဒျန့်ဝေါလ်စတူဒီယိုကို သွားမလား။ ဖုန့်ဟွာအင်တာတိန်းမန့်က လူတစ်ယောက်က ဇာတ်လမ်းတွဲ အသစ်တစ်ခုကို ရိုက်နေတယ်” ဟု ကုနင်းမှ ပြောလိုက်သည်။
စစ်သွေးဧကရီ၏ ရိုက်ကူးရေးသည် ပြီးဆုံးတော့မည် ဖြစ်ပြီး ကုနင်းသည် ယခု အချိန်ထိ နှစ်ကြိမ်သာ သွားရောက် လည်ပတ်ဖူးသည်။
“ကောင်းပြီလေ။” ကျင်းယွင်ယောင် ခေါင်းညိတ်လိုက်သည်။
ဆယ်မိနစ်အကြာတွင် ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် ဟန့်ဒျန့်ဝေါလ်စတူဒီယိုသို့ရောက်ရှိလာပြီး ကုနင်းသည် လုကျန်းကို ဖုန်းခေါ်လိုက်သည်။
ဤအချိန်တွင် လုကျန်းသည် မင်းသမီးတစ်ယောက်ကအရေးကြီးသော ဇာတ်ဝင်ခန်းတစ်ခုတွင် သူမ၏ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်နိုင်သောကြောင့် အလွန်ဒေါသထွက်နေသည်။
ထိုဇာတ်ကားတွင် မင်းသမီး၏ အခန်းကဏ္ဍမှာ ဆေးဘုရင်တောင်ကြား၏ နတ်ဆေးဆရာမဖြစ်ပြီး၊ သူမသည် လှပသောကွန်ဖူးဆရာတစ်ဦးလည်းဖြစ်သည်။
ဇာတ်လမ်းထဲတွင် သူမသည် ချောက်ကမ်းပါးအောက်ခြေမှ ပျံဝဲကာ ချောက်ကမ်းပါးပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုသတ်သေလိုသော ခေါင်းဆောင်မင်းသမီးကို ကယ်တင်ရမည်။
သူတို့ဟာ ဇာတ်ကားအရည်အသွေးအတွက် တကယ့်တောင်ကမ်းပါးမှာ ရိုက်ကူးခဲ့သည်။ သို့သော် ထိုမင်းသမီး၏လက်သည် ဒဏ်ရာရရှိသွားပြီးခေါင်းဆောင်မင်းသမီးကို မဖမ်းနိုင်တော့တဲ့အတွက် လုကျန်းဟာ စိတ်အနှောင့်အယှက်ဖြစ်နေသည်။
သူမ ဒဏ်ရာကြောင့် အခုချက်ချင်း သူမကို အစားထိုးဖို့ လိုသည်။ ဒီဇာတ်လမ်းတွဲမှာ ဒါဟာအရေးပါတဲ့ ဇာတ်၀င်ခန်းဟုတ်ပေမယ့် ကျွမ်းကျင်တဲ့ သရုပ်ဆောင်တစ်ယောက်လိုသည်။
ဆက်တင်က ကျသွားပြီမို့ သူတို့လက်မလွှတ်နိုင်ဘဲ နောက်ဇာတ်ကွက်ကို ပြောင်းရိုက်လိုက်ကြသည်။
လုကျန်း သည် ယခု ဘာလုပ်ရမှန်း မသိချိန်မှာ ကုနင်း၏ ဖုန်းခေါ်ဆိုမှုကို ရုတ်တရက် လက်ခံရရှိလိုက်သည်။ "ဟိုင်း ဘော့စ်?" လုကျန်းက ပြောသည်။
"ရှင် အခုဘယ်မှာလဲ ကျွန်မအခု ဟန့်ဒျန့်ဝေါလ်စတူဒီယိုဘက်ရောက်နေတာ ခဏလောက် လာလည်လို့ရမလား" ကုနင်းက မေးသည်။
"ရပါတယ်၊ ငါတို့ခရိုင် F မှာရှိတယ်"
"ကောင်းပြီ ကျွန်မလည်း အဲ့လာခဲ့မယ်"ဟု ကုနင်းကပြောပြီး ဖုန်းချလိုက်သည်။
လုကျန်းသည် ကုနင်းက ထိုဇာတ်ရုပ်အတွက် ပြီးပြည့်စုံလိမ့်မည်ဟု ရုတ်တရက် အတွေးဝင်လာသည်။
"ဘာဖြစ်လို့လဲ?" လုယိချန်က လုကျန်းကို သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး ငါတို့ ၁၀ မိနစ်လောက် နားကြမယ်” ဟု လုကျန်းက ဆိုသည်။ သူသည် ဆေးပညာနတ်ဘုရားမ အခန်းကဏ္ဍကို တာဝန်ယူရန်အတွက် ကုနင်း၏ ခွင့်ပြုချက်ကို တောင်းခံရန် လိုအပ်သောကြောင့် ယခုအချိန်တွင် ဒီအကြောင်းကို ဘာမှ မပြောနိုင်သေးပေ။
သို့သော် ကုနင်းသည် ထိုဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ပါက ခေါင်းဆောင်မင်းသမီးကိုပင် လွှမ်းမိုးနိုင်မည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ ကုနင်း၏ သဘောတူညီချက်ကို အရင်လိုအပ်သည်။
လုယိချန်သည် လုကျန်းက ဇာတ်ဆောင်အတွက် သင့်လျော်သော သရုပ်ဆောင်တစ်ဦးကို ရှာတွေ့ပြီဟု တွေးထင်ခဲ့သည် မဟုတ်လျှင် သူဒီလောက်ထိပျော်နေမည်မဟုတ်ပေ။