← Chapters

အခန်း (၇၈၁-၇၈၅)

Vol. 53 Ch. 781-785

အခန်း (၇၈၁-၇၈၅)

Vol. 53 Ch. 781-785

အခန်း ၇၈၁ ပြဿနာတစ်ကျော့ပြန်

လူမိုက်များသည် ဆိုင်ကို ဖျက်ဆီးခဲ့ကြသော်လည်း တစ်စုံတစ်ဦးကိုမှ ထိခိုက်စေခဲ့ခြင်းမရှိတာကြောင့် အဖမ်းခံခဲ့ရလျှင်တောင် လျော်ကြေးပေးနိုင်သ၍ စခန်းတွင် ၁၅ရက်လောက်သာ အချုပ်ခံထားရပေမည်။

အကယ်၍များ ကုနင်းသာ သူတို့ကိုထောင်ချပစ်ဖို့ စိတ်ဆုံးဖြတ်ထားလျှင်တော့ သူမမှန်းသည့် အာဏာဖြင့် အနိုင်ကျင့်သလိုသာဖြစ်ပေလိမ့်မည်။ တကယ်တမ်း အပြစ်အားလုံးကို ခံရသင့်သည်က နောက်ကွက်မှ စေခိုင်းသူသာဖြစ်ပေသည်။

မကြာခင်တွင်ပဲ ကုနင်းတို့ မြေကမ္ဘာကလပ်သို့ရောက်လာကာ ထျန်းကောကလဲ ကားပါကင်အပြင်ဘက်တွင် စောင့်လို့နေသည်။

ရဲကားကိုမြင်လိုက်ရတာကြောင့် ထျန်းကော မျက်မှောင်ကြုတ်သွားမိသည်။ ကုနင်း ထိုကားဖြင့်အတူလိုက်လာခြင်းဖြစ်မည်မှန်း မသိထားသောကြောင့် ရုတ်တရက် နားမလည်နိုင်ဖြစ်သွားခြင်းပင်။

ခဏအကြာတွင်တော့ ကုနင်းဗင်ကားထဲမှထွက်လာတာကြောင့် ထျန်းကောလဲ ချက်ချင်းသူမထံသို့လျှောက်သွားလိုက်သည်။ “မင်္ဂလာပါ မိန်းကလေးကု။”

“မင်္ဂလာပါ၊ ထျန်းကော။”

“လော့ကျုံးမင်ကို သီးသန့်ခန်းထဲမှာ စောင့်ခိုင်းထားပါတယ်။ ကျွန်တော်တို့မန်နေဂျာကတော့ အခုနည်းနည်းအလုပ်များနေလို့ မလာနိုင်ပါဘူး။ ဒါပေမယ့် လောကျုံးမင်နဲ့ပတ်သတ်ပြီး မိန်းကလေးစိတ်တိုင်းကျသာလုပ်ဖို့တော့ ပြောလိုက်ပါတယ်။”

ထိုစကားကြောင့် လူမိုက်၈ယောက်မှာ မျှော်လင့်ချက်မဲ့သွားတော့သည်။ ထျန်းကော၏စကားပြောဆိုပုံအရ ဒီမိန်းကလေးသည် မန်နေဂျာလုနဲ့ ရင်းနှီးမှုရှိကြောင်း သိသာလွန်းနေပေသည်။

“ကျေးဇူးပါပဲ!”

မြေကမ္ဘာကလပ်၏စီးပွားရေးပိုင်းကို မထိခိုက်စေချင်တာကြောင့် ထျန်းကောနှင့်အတူ ကလပ်ထဲသို့မဝင်ခင် ထုံချောင်တို့ကို ရဲဝတ်စုံများချွတ်လိုက်ဖို့ ကုနင်းပြောလိုက်သည်။

မြေကမ္ဘာကလပ်သည် ၂၄နာရီ၇ရက်လုံးဖွင့်လစ်တာကြောင့် အထဲတွင် အမြဲလူများပြည့်ကာ ဆူညံလို့နေသည်။

…….

လော့ကျုံးမင်သည် တတိယထပ်မှ သီးသန့်ခန်းတစ်ခုထဲတွင်စောင့်နေကာ သူ့ကို သက်တော်စောင့်နှစ်ဦးက စောင့်ကြည့်နေသည်။

လော့ကျုံးမင်သည် မြေကမ္ဘာကလပ်မှ အလယ်တန်းမန်နေဂျာတစ်ဦဂဖြစ်ကာ ချမ်းသာသည့်မိသားစုမှဖြစ်သည့် ကျန်းဝမ်ဟောက်လိုလူမျိုးနှင့် မိတ်ဆွေဖွဲ့ထားနိုင်သည်။

သူ့ကိုမန်နေဂျာလု ဘာကြောင့် ခေါ်တွေ့မှန်း မသိသေးတာကြောင့် သူလုံခြုံဘေးကင်းနေစဲဟု ထင်နေသေးသည်။

မန်နေဂျာလုကို စောင့်ရင်းဖြင့်ပင် အေးအေးလူလူ ဆိုဖာတွင်ထိုင်ကာ အခါးရည်တစ်ခွက်ပင်သောက်လို့နေသည်။

ထျန်းကော၏လမ်းညွှန်ပေးမှုဖြင့် မကြာခင်တွင်ပဲ ကုနင်းတို့ သီးသန့်ခန်းနေရာသို့ရောက်ရှိလာခဲ့သည်။

တံခါးတွန်းဖွင့်လိုက်သည်နှင့် လော့ကျုံးမင်ကလဲ မန်နေဂျာလုလာသည်ဟု ထင်ကာ ချက်ချင်းမတတ်ထပ်ရပ်လိုက်သည်။ သို့ပေမည့် မန်နေဂျာလုအစား ထျန်းကောကိုသာတွေ့လိုက်ရပေသည်။

လူမိုက်အဖွဲ့က နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲစီ အခန်းထဲသို့လျှောက်ဝင်လာသည်အား လော့ကျုံးမင်တွေ့လိုက်ရသည်နှင့် တစ်ခုခုတော့ မှားယွင်းနေပြီမှန်း ချက်ချင်းနားလည်သွားတော့သည်။

သို့ပေမည့် လူမိုက်အဖွဲ့က သူ့ကို မျက်လုံးချင်းဆုံမကြည့်ရဲဘဲ အပြစ်ရှိစွာဖြင့် ခေါင်းငိုက်စိုက်ချထားကြသည်။

“ထျ-ထျန်းကော ဘာဖြစ်လို့လဲ?” လော့ကျုံးမင် စိတ်ကို ထိန်းကာမေးလိုက်သည်။

ထျန်းကောက လော့ကျုံးမင်၏မေးခွန်းကို ပြန်မဖြေကြားဘဲ ကုနင်းဘက်သို့လှည့်ကာ ရိုသေလေးစားသည့်အသံဖြင့် ပြောလိုက်သည်။ “မိန်းကလေးကု၊ သူက လော့ကျုံးမင်ပါပဲ၊ မင်းစိတ်ကြိုက် လုပ်ချင်တာလုပ်လို့ရပါတယ်။”

“ထျန်းကော, ဒါက….” လော့ကျုံးမင် ထိတ်လန့်လို့သွားတော့သည်။

ကုနင်းလဲ ထျန်းကောကို ခေါင်းညိတ်ပြကာ လော့ကျုံးမင်ဘက်သို့ စိုက်ကြည့်လိုက်သည်။ သူမအကြည့်တွေက အေးစက်လွန်းလှတာကြောင့် လော့ကျုံးမင်ပင် ကြောက်လန့်ကာ နောက်တစ်လှမ်းဆုတ်မိသွားသည်။

“ငါဘာကြောင့် ဒီမှာရှိနေလဲ မင်းသိမှာပေါ့။ မင်းကို ခိုင်းစေတဲ့လူကိုပြောပြပြီး လျော်ကြေးယွမ်၂သန်းပေးလိုက်သ၍ မင်း ဒီအတိုင်းထွက်သွားလို့ရမယ် မဟုတ်ရင်တော့ မင်းအသက်အန္တရာယ်ကို အာမ,မခံနိုင်ဘူး။”

ကုနင်း ကျန်းမိသားစုဆီမှ လျော်ကြေးတောင်းရုံတင်မကဘဲ လော့ကျုံးမင်ဆီကပါ လျော်ကြေးတောင်းဖို့ ကြံရွယ်ထားပေသည်။ သူတို့လုပ်ခဲ့သည့်ကိစ္စအတွက် သေချာပေါက် လျော်ကြေးပြန်ပေးရမှာပေါ့။ ကံကောင်းစွာပဲ ဝန်ထမ်းတစ်ယောက်မှ မထိခိုက်သွားတာကြောင့် ကုနင်း သူတို့ကို ပြစ်ဒဏ်လျှော့ပေါ့ပေးထားခြင်းဖြစ်သည်။

“ဘာ?” လော့ကျုံးမင် ဘာလုပ်လို့လုပ်ရမှန်း မသိဖြစ်သွားသည်။ ယွမ်၂သန်းကိုတော့ သူအတတ်နိုင်ဆုံးလျော်ပေးလိုက်နိုင်သော်လည်း နောက်ကွယ်မှခိုင်းစေသူကို ကုနင်းကို ပြောပြပေးဖို့ကတော့ ခက်ခဲပေသည်။ ကျန်းဝမ်ဟောက်သည် သူ့မိတ်ဆွေရင်းကြီးဖြစ်ကာ သူသစ္စာမဖောက်နိုင်ပေ။ သို့သော်လည်း သူသာထုတ်မပြောပါက သူ့အသက်အန္တရာယ်စိုးရိမ်ရပေသည်။

“နာမည်ပြောစမ်း!” ထျန်းကောကပါ ဝင်ပြောလိုက်သည်။

လော့ကျုံးမင် ကြောက်လန့်သွားကာ နောက်ဆုံးအကြောင်းအစုံအလင်ပြောပြလိုက်ရတော့သည်။

ကျန်းဝမ်ဟောက်က သူ့ကို အလှပြင်ဆိုင်အား ဖျက်ဆီးဖို့အတွက် ယွမ်၁သိန်းပေးထားခြင်းဖြစ်သည်။

လော့ကျုံးမင်ဝန်ခံသမျှကို ထုံချောင်က သူ့ဖုန်းဖြင့်မှတ်တမ်းတင်ထားလိုက်သည်။

ထို့နောက် လော့ကျုံးမင်က ကုနင်း၏ဘဏ်အကောင့်ထဲသို့ လျော်ကြေးယွမ်၂သန်းပို့ပေးလိုက်ရပြီး ကုနင်းတို့အဖွဲ့လဲ ဟဲထျန်းလုပ်ငန်းစုဆီသို့ ထွက်သွားခဲ့သည်။

ကုနင်းက ကိစ္စအားလုံးကို ဖြေရှင်းပြီးသည်ဟု သတ်မှတ်လိုက်တာကြောင့် လော့ကျုံးမင် အလုပ်ဖြုတ်မခံရသော်လည်း အောက်ခြေအဆင့်အထိ ရာထူးလျှော့ချခံလိုက်ရသည်။

လော့ကျုံးမင်မှာ လက်ရှိရလဒ်ကို ဘယ်လိုမှ လက်သင့်မခံနိုင်သော်လည်း မကျေမနပ်လဲ ထုတ်မပြောရဲပေ။

ကျန်းဝမ်ဟောက်ကသာ သူယခုလိုပျက်စီးရခြင်း၏ အဓိကတရားခံဖြစ်တာကြောင့် ကျန်းဝမ်ဟောက်ကိုသာ အပြစ်တင်မိတော့သည်။ ကျန်းဝမ်ဟောက်ကြောင့်သာမဟုတ်လျှင် သူငွေအများကြီးဆုံးရှုံးရမည်မဟုတ်သလို ရာထူးလဲကျသွားမည်မဟုတ်ပေ။

ထိုအကြောင်း စဉ်းစားမိလေ မခံမရပ်နိုင်ဖြစ်လာရတာကြောင့် နောက်ဆုံး ကျန်းဝမ်ဟောက်ဆီမှ ယွမ်၂သန်းပြန်တောင်းရန် ဆုံးဖြတ်လိုက်တော့သည်။

ယွမ်၂သန်းဆိုသည်မှာ ကျန်းဝမ်ဟောက်အတွက်တော့ မပြောပလောက်သည့်ပမာဏဖြစ်လောက်ပေမည့် သူ့အတွက် ရှိသမျှငွေကြေးအကုန်ပင်!

ထို့နောက် ကျန်းဝမ်ဟောက်ဆီသို့ ဖုန်းဆက်လိုက်တော့သည်။

“ကျန်းဝမ်ဟောက် မင်းငါ့ကို ပြဿနာအကြီးကြီးရှာလိုက်တာပဲ!” တစ်ဖက်မှ ဖုန်းကိုင်လျှင် ကိုင်ချင်းပင် လော့ကျုံးမင် အော်ဟစ်ပစ်သည်။

“မင်းဘာတွေပြောနေတာလဲ?” ကျန်းဝမ်ဟောက် မျက်မှောင်ကြုတ်သွားကာ လော့ကျုံးမင်၏အပြုအမူကြောင့် စိတ်တိုသွားသည်။

အလှပြင်ဆိုင်ကိစ္စကို အရေးမပါလှဟု တွေးထားတာကြောင့် ထိုကိစ္စအတွက် လော့ကျုံးမင် ဖုန်းဆက်ခြင်းဖြစ်မည်ဟု ကျန်းဝမ်ဟောက်မထင်ခဲ့ပေ။

“ငါ ဘာကိုပြောတာလဲ၊ ဟုတ်လား? မင်း အလှပြင်ဆိုင်ရဲ့နောက်ကြောင်းကိုတောင် မစုံစမ်းဘဲ ငါ့ကိုသွားဖျက်ဆီးခိုင်းလိုက်တယ်လေ၊ အခုတော့ မင်းရဲ့ဉာဏ်မရှိတဲ့လုပ်ရပ်ကြောင့် ငါအပြစ်ပေးခံလိုက်ရပြီ!” လော့ကျုံးမင် ဒေါသကြောင့် အသံကလဲ ပိုပိုကျယ်လာခဲ့သည်။

“ဘာ?” ကျန်းဝမ်ဟောက်လဲ အနည်းငယ်စိုးထိတ်လို့သွားသည်။

“အလှပြင်ဆိုင်ပိုင်ရှင်က ဘယ်သူမို့လို့လဲ?” ကျန်းဝမ်ဟောက် ပြန်မေးလိုက်သည်။

“ငါလဲ သူဘယ်သူမှန်း မသိဘူး။ ဒါပေမယ့် သူက မန်နေဂျာလုနဲ့ ရင်းနှီးတယ်။ မန်နေဂျာလု သူ့ကိုဘာပြောလိုက်လဲ မင်းသိလား? ငါ့ကို သူ့စိတ်ကြိုက်အပြစ်ပေးနိုင်ပါတယ်တဲ့လေ!”

“သူ ငါ့ကို လျော်ကြေးယွမ်၂သန်းတောင်းသွားလို့ မင်းအခုချက်ချင်း ငါ့အကောင့်ထဲ ငွေပြန်လွှဲပေးရမယ်!”

ဘာ? အလှပြင်ဆိုင်ပိုင်ရှင်က မန်နေဂျာလုနဲ့ရင်းနှီးတယ်တဲ့လား?

ထိုစကားကိုကြားကတည်းက ကျန်းဝမ်ဟောက် အလွန်အံ့အားသင့်သွားပြီဖြစ်သည်။ မန်နေဂျာလုဆိုသည်က မြေကမ္ဘာကလပ်တွင် အဆင့်အမြင့်ဆုံးမန်နေဂျာတစ်ဦးဖြစ်ကာ ကီရင်းဂိုဏ်းတွင် ရာထူးမြင့်သူတစ်ဦးဖြစ်သည်။ အလှပြင်ဆိုင်ပိုင်ရှင်သာ မန်နေဂျာလုနဲ့ရင်းနှီးတယ်ဆိုရင် သူပြဿနာအကြီးကြီးတက်ပြီပေါ့။

ကျန်းမိသားစုသည် Bမြို့တွင် အလွန်ချမ်းသာသည့်မိသားစုဖြစ်နေသော်လည်း ဂိုဏ်းများနှင့်တော့ သွားရှုပ်ရဲသည့်အခြေအနေတွင် မရှိနေပေ။

***

အခန်း ၇၈၂ ကျန်းဝမ်ဟောက်ကို လျော်ကြေးတောင်းမယ်

လော့ကျုံးမင်က သူ့ဆီမှလျော်ကြေးပြန်လိုချင်နေသည်ကို ကြားလိုက်ရတော့ ကျန်းဝမ်ဟောက် မကျေမနပ်ဖြစ်သွားသည်။ လော့ကျုံးမင်ကို ပြဿနာအကြီးကြီးတက်အောင် လုပ်ခဲ့သူမှာ သူဆိုတာ မှန်သော်လည်း သူ့အတွက် ပြဿနာကို ဖြေရှင်းပေးပါမည်ဟု သဘောတူကာ ငွေပင်ယူထားပြီးမှတော့ ဖြစ်လာသည့်အကျိုးဆက်အတွက် လော့ကျုံးမင်သာ ဆက်လက်တာဝန်ယူသင့်သည်မဟုတ်လား?

ကျန်းဝမ်ဟောက် မနေနိုင်စွာနှင့် သူ၏မကျေနပ်ချက်ကို ထုတ်ပြောတော့သည်။ “ကျုံးမင်၊ ဒါတော့ မတရားဘူးနော်။ မင်း ငါ့ငွေကိုယူပြီး ငါ့အစား ဒီပြဿနာကို ရှင်းပေးပါ့မယ်လို့ ကတိပေးထားပြီးသားပဲ၊ ဒီတော့ ဖြစ်လာတဲ့အကျိုးဆက်ကို မင်းပဲတာဝန်ယူသင့်တယ်မဟုတ်လား? ဘာလို့ ငါက မင်းကိုလျော်ကြေးပြန်ပေးရမှာလဲ? ပြဿနာကို မင်းတာဝန်ယူဖြေရှင်းနိုင်ပါမယ်လို့ ယုံကြည်ချက်မရှိနေရင် မင်းအစကတည်းက အလုပ်ကို လက်မခံပါနဲ့လား?”

ကျန်းဝမ်ဟောက် ပြောသွားသည်ကလဲ မှန်ပေ၏။ လော့ကျုံးမင် သူ့ငွေကိုယူကာ ကူညီဖို့ သဘောတူထားပြီးမှတော့ ဖြစ်လာသမျှ ပြဿနာကိုလဲ လော့ကျုံးမင်သာ ဖြေရှင်းသင့်ပေသည်။ သို့ပေမည့် လော့ကျုံးမင်ကတော့ သူက ကျန်းဝမ်ဟောက်၏ ထောင်ချောက်ထဲကျသွားရသည်ဟု ခံစားရကာ ကျန်းဝမ်ဟောက်ဆီမှ လျော်ကြေးပြန်တောင်းသည်က မမှားဟုလဲ တွေးမိသည်။

“မင်းငါ့ကိုချောက်ချတာလေ! အဲ့ဆိုင်ပိုင်ရှင်အကြောင်း ငါမင်းကိုထပ်မေးခဲ့သေးတာပဲ၊ ဒါပေမယ့် မင်းဘာပြန်ပြောခဲ့လဲ။ သူကဘာအရေးပါတဲ့လူမဟုတ်ပါဘူးလို့ မင်းပြောခဲ့လို့ ငါမင်းကို ကူညီဖို့ သဘောတူခဲ့တာလေ။ ဒါနဲ့များ မင်းဘက်က ဘာမှတာဝန်ယူစရာမလိုဘူးလို့ ထင်နေတယ်ပေါ့?” လော့ကျုံးမင် ဒေါသသံဖြင့်ပြန်မေးလိုက်သည်။

ကျန်းဝမ်ဟောက်လဲ မျက်မှောင်ကြုတ်သွားရသည်။ သူလဲ အလှပြင်ဆိုင်ပိုင်ရှင်ကို အရေးပါသည့်လူမဟုတ်ဟု ထင်ခဲ့ကာ ယခုမှ ဆိုင်ပိုင်ရှင်၏အာဏာလွှမ်းမိုးနိုင်စွမ်းကို သိပြီး အံ့အားသင့်သွားရခြင်းဖြစ်သည်။

သို့ပေမည့် ကျန်းဝမ်ဟောက်မှာ သူအမှားကြီးလုပ်ခဲ့ပြီမှန်းကို အခုထိ အသိမဝင်သေးပေ။ သူ့ရန်သူကို လက်ဦးမှုယူကာ မတိုက်ခိုက်ခင် အရင်ဆုံးရန်သူအကြောင်း နားလည်အောင် စုံစမ်းသင့်ပေသည်။

အချိန်တိုလေးအတွင်းမှာပဲ လော့ကျုံးမင်၏သည်းခံနိုင်စွမ်းများ ကုန်ဆုံးသွားကာ စတင်ခြိမ်းခြောက်တော့သည်။ “ကျန်းဝမ်ဟောက်၊ မင်းအခုနေ လျော်ကြေးပြန်မပေးရင် နောင်မှ ဒီကိစ္စအတွက် နောင်တရချိန်မရှိလိုက်ဘဲနေမယ်နော်။”

“မင်း….” ကျန်းဝမ်ဟောက် ဒေါသထွက်သွားကာ၊ “လော့ကျုံးမင်၊ မင်းဒီလိုလုပ်ကို လုပ်ရမှဖြစ်မှာလား?”

ကျန်းဝမ်ဟောက် မျက်လုံးထဲတွင်တော့ လော့ကျုံးမင်သည် အရေးမပါလှသော်လည်း သေရမည်ကိုတော့ ကျန်းဝမ်ဟောက် ကြောက်သေးသည်။ တစ်ဖက်ရှိလော့ကျုံးမင်သည် ကီရင်းဂိုဏ်းသားတစ်ဦးဖြစ်ကာ သူ့အသက်ကို အန္တရာယ်ပေးနိုင်သူဖြစ်နေသည်။

“ကျန်းဝမ်ဟောက်၊ မင်းအတွက် ယွမ်၂သန်းလောက်ဆိုတာ မပြောပလောက်မှန်း ငါသိတယ်။ ဒါပေမယ့် အဲ့ဒီငွေက ငါ့အတွက် ရှိသမျှအကုန်ပဲ။”

ယွမ်၂သန်းသည် တကယ်လဲ ကျန်းဝမ်ဟောက်အတွက် ပြောပလောက်သည့် ပမာဏမဟုတ်သော်လည်း လော့ကျုံးမင် သူ့ကို ဆက်ဆံနေပုံကိုတော့ သဘောမတွေ့ပေ။ ဘယ်လောက်ပဲ ကျန်းဝမ်ဟောက် သဘောမတွေ့နေပါစေ သူ့အသက်က သေဖို့ရာ အရမ်းငယ်နေသေးတာကြောင့် လျော်ကြေးကို ပေးလိုက်မည်သာဖြစ်သည်။

“ကောင်းပြီ၊ ငါမင်းကို ယွမ်၂သန်း လွှဲပေးမယ်။” အဆုံးတွင်တော့ ကျန်းဝမ်ဟောက် သဘောတူလိုက်တော့သည်။

လော့ကျုံးမင်အတွက်တော့ ငွေသည်သာအရာရာဖြစ်၍ ဒီတစ်ကြိမ်ကိစ္စကြောင့် သူတို့ကြားမှ ဆက်ဆံရေးပျက်စီးသွားမည်ကို အရေးမစိုက်နိုင်ပေ။

လော့ကျုံးမင်နှင့် ဖုန်းပြောပြီးသည်နှင့် ကျန်းဝမ်ဟောက် ထိုလူ့ဘဏ်အကောင့်ထဲကို ငွေလွှဲပေးလိုက်သည်။

လက်ရှိပြဿနာကြောင့် သူတို့ကြားမှ မိတ်ဆွေဆက်ဆံရေးမှာ ပျက်စီးသွားရသော်လည်း ကျန်းဝမ်ဟောက်အနေနှင့် သူ့အသက်အန္တရာယ်ကင်းနေသေးသ၍ လက်ခံနိုင်ပေသည်။

တကယ်တမ်း ကျန်းဝမ်ဟောက် မသိလိုက်သည်က မကြာခင်တွင်ပဲ သူ ကုနင်းကို နောက်ထပ်ယွမ်၂သန်း ထပ်ပေးရဦးမည်ဆိုသည်ကိုပင်။ လော့ကျုံးမင် သူ့ကို သစ္စာဖောက်သွားခဲ့ပြီလားကို ကျန်းဝမ်ဟောက် မေးဖို့ အလွန်ဒေါသထွက်နေခဲ့တာကြောင့် မမေးဖြစ်ခဲ့ပေ။

မကြာခင်တွင်ပဲ လော့ကျုံးမင်လဲ ငွေရရှိသွားကာ ကုနင်းတို့အဖွဲ့လဲ ဟဲထျန်းလုပ်ငန်းစုအဆောက်အုံသို့ ရောက်ရှိလာခဲ့သည်။

ထုံချောင်နှင့်ကျန်နှစ်ဦးကတော့ သူတို့၏ရဲယူနီဖောင်းများကို ပြန်ဝတ်ထားကြပြီးဖြစ်သည်။

ရဲများ ဝင်လာသည်ကို မြင်လိုက်ရတော့ အဆောက်အုံတွင်းမှလူတိုင်း နားမလည်နိုင်စွာဖြင့် လှည့်ကြည့်ကုန်ကြသည်။

ဘာအတွက်ကြောင့်ပဲဖြစ်ဖြစ် ကောင်းသောလာခြင်းမျိုးတော့ မဟုတ်မည်ကို လူအုပ်ကြီးလဲ သိပေသည်။

သူတို့အဖွဲ့က ဧည့်ကြိုဌာနသို့ပင်တန်းသွားလိုက်ကာ ထုံချောင်မှနေပြီး သူ၏ရဲလက်မှတ်ကို ဧည့်ကြိုမိန်းကလေးထံသို့ပြလိုက်သည်။ “ဟိုင်း၊ ငါတို့ ကျန်းဝမ်ဟောက်ကို ရှာဖို့လာတာပါ။ သူက ဂိုဏ်းတစ်ဂိုဏ်းနဲ့ဆက်စပ်ပြီး အကြမ်းဖက်မှုတစ်ခုထဲမှာ ပါဝင်နေလို့ ငါတို့ သူနဲ့စကားပြောချင်တယ်။”

“ခဏလေးစောင့်ပေးပါ။ အရင်ဆုံး ဒုအထွေထွေမန်နေဂျာကျန်းကို ဆက်သွယ်ဖို့လိုပါတယ်။”

သာမာန် ဧည့်သည်များဆိုလျှင် ချိန်းဆိုထားမှုမရှိဘဲ တွေ့ဆုံခွင့်ရနိုင်မည်မဟုတ်ပေမည့် ရဲအရာရှိများဆိုလျှင်တော့ ချွင်းချက်ပင်။

“ကောင်းပါပြီ။” ထုံချောင်ပြန်ဖြေလိုက်ပြီးသည်နှင့် ဧည့်ကြိုမိန်းကလေးက ချက်ချင်းပင် ကျန်းဝမ်ဟောက်၏အတွင်းရေးမှူးကို ဆက်သွယ်လိုက်သည်။

ကျန်းဝမ်ဟောက်သည် ဟဲထျန်းလုပ်ငန်းစုမှ ဒုအထွေထွေမန်နေဂျာတစ်ဦးဖြစ်သည်။ ဟဲထျန်းလုပ်ငန်းစုသည် သူ့မိသားစုပိုင်လုပ်ငန်းစုဖြစ်ကာ သူကသာ ကျန်းမိသားစု၏တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သော်လည်း လုပ်ငန်းကို လက်လွှဲမယူခင် သင်ယူဖို့တော့လိုသေးသည်။ ကျန်းဝမ်ဟောက်သည် ရည်မှန်းချက်မြင့်မားသူဖြစ်သော်လည်း သူ့တွင် ထူးချွန်ပြောင်မြောက်သည့် အရည်အချင်းကတော့ မရှိနေတာကြောင့် အလုပ်ဝင်ပြီး ၂နှစ်ကြာပြီးတာတောင်မှ ပြောင်မြောက်သည့်အောင်မြင်မှုမျိုး မရရှိသေးပေ။

ကျန်းဝမ်ဟောက်၏အတွင်းရေးမှူးလဲ သတင်းပို့ချက်ရသည်နှင့် ကျန်းဝမ်ဟောက်ကို အကြောင်းကြားခဲ့သည်။

ကျန်းဝမ်ဟောက်မှာ အခုလေးတင် ကုမ္ပဏီသို့ ပြန်ရောက်လာခဲ့ကာ ပြဿနာကတော့ ချက်ချင်းမဆိုင်း သူ့ဆီသို့ဆိုက်ရောက်လာပြန်သည်။

ဧည့်ကြိုမိန်းကလေးက ကျန်းဝမ်ဟောက်၏အတွင်းရေးမှူးကို ရဲသုံးဦးလာရှာသည်ဟုပင်ပြောခဲ့ပြီး ဂိုဏ်းနှင့်ဆက်စပ်ကာ အကြမ်းဖက်မှုတွင် ပါဝင်သည့်အကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။ ဒါကြောင့်ပဲ ကျန်းဝမ်ဟောက် ရဲများသူ့ကိုဘာကြောင့် တွေ့ချင်မှန်းဖြစ်နေသည်။ အလှပြင်ဆိုင်ပြဿနာကိုတော့ လော့ကျုံးမင်အား လျော်ကြေးယွမ်၂သန်းပေးပြီးသည်နှင့် ဖြေရှင်းပြီးဖြစ်ပြီဟု တွေးထားတာကြောင့် ထိုကိစ္စကြောင့်ဟု မထင်မိပေ။

ပြောရလျှင်တော့ ကျန်းဝမ်ဟောက်သည် သူဖြစ်စေချင်သလို ကိစ္စတိုင်းဖြစ်သွားလိမ့်မည်ဟု ယုံကြည်နေသည့် နုံအလှသည့်တစ်ကိုယ်ကောင်းသမားသာဖြစ်ပေသည်။

ဘာပဲဖြစ်ဖြစ် ရဲကလာရှာနေမှတော့ သူထွက်တွေ့ရပေမည်။ ဒါကြောင့်ပဲ သူ့ရုံးခန်းမှထွက်ကာ အတွင်းရေးမှူးနှင့်အတူ အောက်သို့ဆင်းလာခဲ့သည်။

ဧည့်ကြိုမိန်းကလေးက ကုနင်းတို့အဖွဲ့ကို နားနေခန်းထဲတွင် ထိုင်ဖို့ ခေါ်ဆောင်သွားကာ လက်ဖက်ရည်ဖြင့်ဧည့်ခံပေးသည်။

မကြာခင်တွင်ပဲ ကျန်းဝမ်ဟောက်နှင့် သူ့အတွင်းရေးမှူးတို့ ရောက်လာကြသည်။ ထုံချောင်တို့သုံးဦးကတော့ ယဉ်ကျေးမှုအရ ထရပ်ကာနှုတ်ဆက်သော်လည်း ကုနင်းသည်တော့ ထိုင်ရင်းပင် ကျန်းဝမ်ဟောက်ကို ကြည့်နေသည်။

“ဒုအထွေထွေမန်နေဂျာကျန်း၊ တွေ့ရတာဝမ်းသာပါတယ်။ ခင်ဗျားက ဂိုဏ်းတစ်ခုနဲ့ဆက်စပ်ပြီး အကြမ်းဖက်မှုမှာ ပါဝင်ခဲ့တယ်လို့ တိုင်ချက်ရလို့ ငါတို့လာရတာပါ။ လူမိုက်တစ်ဖွဲ့က ဖန်ရှန်းဈေးဝယ်စင်တာက xxအလှပြင်ဆိုင်ကို ခင်ဗျားရဲ့အမိန့်နဲ့ သွားဖျက်ဆီးခဲ့ပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးဖို့အတွက် ငါတို့နဲ့ စခန်းကို လိုက်ခဲ့ပေးပါ။” ထုံချောင်က လုပ်ထုံးလုပ်နည်းအတိုင်း စတင်ပြောဆိုလိုက်သည်။

***

အခန်း ၇၈၃ တုလဲ့ဖုန်း၏မိထွေး

ထုံကျန်း၏တိုင်ချက်အကြောင်းပြောသည်ကို ကြားလိုက်ရသည်နှင့် ကျန်းဝမ်ဟောက် အံ့ဩသလို ဒေါသထွက်သွားရသည်။ ဒီတော့ လော့ကျုံးမင်က သူ့ကိုသစ္စာဖောက်လိုက်တယ်ပေါ့။

“မင်းတို့မှာ သက်သေရှိလို့လား? သက်သေအတိအကျမရှိဘဲနဲ့ ငါ့ကို ရဲစခန်းခေါ်သွားလို့မရဘူး။ ငါ့ဂုဏ်သိက္ခာပျက်စီးသွားနိုင်တယ်!” ကျန်းဝမ်ဟောက် ချက်ချင်း ငြင်းဆန်လိုက်သည်။

“ငါတို့မှာ ခင်ဗျား လော့ကျုံးမင်ဖုန်းခေါ်ထားတဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနဲ့ သူကိုယ်တိုင် ဝန်ခံထားတဲ့သက်သေဗီဒီယိုအပြင် သူ့ဘဏ်အကောင့်ကို ခင်ဗျားငွေလွှဲပေးထားတဲ့မှတ်တမ်းသက်သေပါရှိတယ်။”

“ဖုန်းခေါ်ဆိုမှုနဲ့ ငွေလွှဲမှတ်တမ်းလေးလောက်နဲ့ ဘာမှသက်သေမမြောက်ဘူး! ငါတို့က သာမာန်မိတ်ဆွေတွေပဲ။” ကျန်းဝမ်ဟောက် ဆက်လက်ငြင်းဆန်နေပေမည့် အရာရောက်လှသည်မဟုတ်ပေ။

“ဒီကနေ့ ကျန်းကတော်နဲ့ မမလေးကျန်းတို့က xxအလှပြင်ဆိုင်မှာ ငြင်းခုန်မှုဖြစ်ကြပြီး မကြာခင်မှာပဲ xxအလှပြင်ဆိုင် အဖျက်ဆီးခံလိုက်ရတယ်။ ဒါက တိုက်ဆိုင်သွားတာလို့တော့ မထင်ဘူးနော်။” ထုံချောင်က ဆက်ပြီး အချက်အလက်များကို ထောက်ပြနေသည်။ “အော်၊ ဒါနဲ့ ခင်ဗျားတို့ ဖုန်းပြောနေတဲ့အသံဖိုင်လဲ ငါတို့မှာရှိသေးတယ်နော်။”

“ဘာ?” ကျန်းဝမ်ဟောက် ထိတ်လန့်သွားတော့သည်။ လော့ကျုံးမင်က သူတို့ဖုန်းပြောတဲ့အသံတွေကိုတော့ သွင်းထားတယ်လား!

တကယ်တော့ လော့ကျုံးမင်က တမင်ရည်ရွယ်ကာ သူ့ကိုမှအသံသွင်းခဲ့ခြင်းမဟုတ်ဘဲ နဂိုကတည်းက သူ့ဖုန်းထဲတွင် ဖုန်းပြောသည်ကို အသံသွင်းသည့်ဆော့ဖ်ဝဲကို ထည့်သွင်းထားတာကြောင့် သူနဲ့ဘယ်သူပဲဖုန်းပြောပြော အလိုအလျောက်အသံသွင်းပြီးသွားဖြစ်သွားခြင်းဖြစ်သည်။

ထုံကျန်း၏အပြောကြောင့် ကျန်းဝမ်ဟောက် ပိုလို့ပင် ဒေါသထွက်လာတော့သည်။ “ငါ့အမေနဲ့ညီမှ အလှပြင်ဆိုင်မှာ ဒုက္ခတွေ့ခဲ့တာကို မင်းတို့သိနေတာတောင် ဘာကြောင့် အဲ့ကောင်မလေးကို မဖမ်းကြတာလဲ? ငါတို့ကျန်းမိသားစုကိုများ အားနည်းတယ်ထင်နေကြတာလား?!”

“သူတို့ဘက်က အရင်စလို့ ပြဿနာဖြစ်သွားခဲ့တာပါ၊ ပြီးတော့လဲ xxအလှပြင်ဆိုင်ပိုင်ရှင်ဘက်က ကျန်းကတော်နဲ့ကျန်းမမလေးတို့ရဲ့ ဆေးဝါးကုသစားရိတ်ကို ပေးပါမယ်လို့ ပြောထားပြီးပါပြီ။ ဒါပေမယ့် ခင်ဗျားကတော့ ယွမ်၂သန်းလျော်ကြေးပေးရပါမယ်။” ထုံချောင် ဆက်ပြောလိုက်သည်။

ကုနင်းက ကျန်းကတော်နှင့်ကျန်းမမလေးတို့အတွက် ယွမ်ထောင်ဂဏန်းလောက်သာ ကျသင့်မည့် ဆေးဖိုးဝါးခကိုပေးလိုက်ပါမည်ဟု သူတို့ကိုပြောထားပြီးဖြစ်သည်။

ကျန်းဝမ်မေ့၏လက်ကောက်ဝတ်က အဆစ်လွဲရုံသာဖြစ်ကာ အနည်းငယ်လောက် ပြန်တည့်လိုက်ရုံနှင့် ကောင်းသွားမည်ဖြစ်သည်။ ကျန်းကတော်သည်တော့ လဲကျသွားတာကြောင့် လောလောဆယ်တော့ လှုပ်ရှားနိုင်ဦးမည်မဟုတ်သော်လည်း ခွဲစိတ်ဖို့ကော ဆေးကုသဖို့ပါလိုအပ်မည်မဟုတ်ပေ။ ဒါကြောင့် သူတို့အတွက် ဆေးစစ်ခလောက်သာ ပေးရမည်ဖြစ်သည်။

“ငါက ဘာလို့ လျော်ကြေးပေးရမှာလဲ? လော့ကျုံးမင် ပေးထားပြီးပြီမဟုတ်ဘူးလား? မင်းတို့က ငါ့ကိုထပ်ပြီးငွေတောင်းတယ်ဆိုတာ ဒါခြိမ်းခြောက်ငွေညှစ်တဲ့သဘောပဲ!”

ထိုအခိုက်အတန့်တွင်ပဲ ကုနင်းရှေ့ထွက်လာခဲ့သည်။ “သူက ငါ့ဆိုင်ကို လူမိုက်ပို့ပြီး ဖျက်ဆီးခဲ့လို့ လျော်ကြေးပေးသင့်တာပေါ့။ ပြီးတော့ မင်းကကျ သူ့ကို ခိုင်းစေတဲ့လူဖြစ်တဲ့အတွက် မင်းလဲ တာဝန်ယူရမယ်လေ။”

လျော်ကြေးပေးလိုက်သည်နှင့် ပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားမည်ဆိုသော်လည်း ကုနင်းတွင် သူမကိုယ်ပိုင်စည်းမျဉ်းများရှိကာ သူမကိုပြဿနာရှာသူကို လွယ်လွယ်လွှတ်ပေးမည်မဟုတ်ပေ။ သူမအတွက် ယွမ်၂သန်းဆိုသည့်ပမာဏမှာ မရှိ၍မဟုတ်ဘဲ ကျန်းဝမ်ဟောက်ကို လူရှေ့သူရှေ့ အရှက်ခွဲချင်လို့ကို ထပ်တောင်းခြင်းဖြစ်သည်။

“မင်းကဘယ်သူလဲ? ဒါမင်းကိစ္စမဟုတ်ဘူး!” ကုနင်းကို ကျန်းဝမ်ဟောက် မသိသေးတာကြောင့် သူမ ရုတ်တရက် ဖြတ်ပြောလိုက်သည့်အပေါ် မကျေမနပ်ဖြစ်သွားသည်။

“ငါက xxအလှပြင်ဆိုင်ရဲ့ပိုင်ရှင်လေ။”

“ဪ၊ မင်းက ငါ့အမေနဲ့ညီမကို ထိခိုက်အောင် လုပ်ခဲ့တဲ့ကောင်မလေးပေါ့! မင်းကများ ဒီနေရာကို လာရောက်ရဲသေးတယ်လား!” ကျန်းဝမ်ဟောက်၏ဒေါသများ ပေါက်ကွဲထွက်ကာ ကုနင်းကို ဝင်ရိုက်ဖို့ပြင်လိုက်ပေမည့် သူ့ဘေးမှအတွင်းရေးမှူးက ဟန့်တားလိုက်သည်။

“သူတို့က ဆိုင်ထဲမှာအရင်စပြီး ပြဿနာရှာကြပြီး ငါ့ကိုရိုက်ဖို့ကြိုးစားတာလေ။ ငါ့မှာ ကိုယ့်ကိုကိုယ်ကာကွယ်ခွင့်ရှိတယ်လို့ ထင်တယ်။” ကုနင်းကတော့ အေးဆေးတည်ငြိမ်နေစဲပင်။

“ကောင်းပြီလေ၊ မင်းက ငါ့အမေနဲ့ညီမကို ထိခိုက်အောင်လုပ်ပြီး ငါက မင်းဆိုင်ကိုပြန်ဖျက်ဆီးခဲ့တယ်။ ဒီတော့ နှစ်ဖက်ကျေသွားပြီပေါ့။ ဘာကြောင့် ငါ့ဆီက လျော်ကြေးနှစ်ခါလာတောင်းနေတာလဲ? မင်းအရှက်မဲ့လှချည်လား!” ကျန်းဝမ်ဟောက်က ကုနင်း၏စကားကို ပြန်လည်ချေပလိုက်သည်။ ဤနေရာတွင် တကယ်တမ်းအရှက်မဲ့သူက သူကိုယ်တိုင်သာဖြစ်သော်လည်း ကျန်းဝမ်ဟောက်ကတော့ သူ့မိသားကချမ်းသာတာကြောင့် သူလုပ်ချင်ရာလုပ်နိုင်သည်ဟုသာ တွေးနေသည်။

“ဒီတော့ဘာဖြစ်လဲ? မင်း ငါ့ဆိုင်ကိုဖျက်ဆီးခဲ့တယ်၊ ဒီတော့ ဘယ်လောက်လျော်ကြေးတောင်းရမလဲဆိုတာလဲ ငါ့စိတ်အပေါ်မူတည်တာပေါ့။ ကျန်းမိသားစုက Bမြို့မှာ အရမ်းချမ်းသာပြီး အရမ်းအာဏာရှိတယ်မဟုတ်ဘူးလား? မင်းတို့ပဲ ငါ့ကို အပြစ်ပေးပြမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ကြတာမဟုတ်ဘူးလား?” ကုနင်း နှာမှုတ်လိုက်သည်။

“မင်း….” ကျန်းဝမ်ဟောက် ထပ်ပြီးဒေါသထွက်သွားရပြန်သည်။

ထိုအချိန်တွင်ပဲ ကျန်းဝမ်ဟောက်၏အတွင်းရေးမှူးက သူတို့စကားဝိုင်းကို ဝင်ရောက်လာခဲ့သည်။ “မိန်းကလေးကု၊ ကျန်းမိသားစုက အာဏာသုံးပြီး တခြားသူတွေကို အနိုင်ကျင့်တဲ့အပြုအမူမျိုး မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ရှင့်ဘက်က လျော်ကြေးထပ်တောင်းမယ်ဆိုရင်တော့ တကယ်ကို ခြိမ်းခြောက်ပြီး ငွေညှစ်တာဖြစ်သွားပြီ။”

ဘယ်သူမှ ကုနင်းကိုမမှတ်မိကြသော်လည်း ကျန်းဝမ်ဟောက်၏အတွင်းရေးမှူးကတော့ သူမ၏မျိုးရိုးနာမည်ကိုပင် ခေါ်ဆိုနေနိုင်သည်။ ဒါကြောင့် သူမ ကုနင်းကိုမှတ်မိနေမှန်း သိသာလှသည်။ အစပိုင်းတွင်တော့ သူမလဲ ကုနင်းကို ရင်းနှီးနေသည်ဟုသာ တွေးမိကာ မှတ်မိဖို့အချိန်အတော်ကြာယူလိုက်ရသည်။ သူမ ကုနင်းကို မှတ်မိသွားသည်နှင့်တပြိုင်နက် ကုနင်းကို သူတို့ ဆန့်ကျင်၍မရနိုင်ကြောင်း နားလည်သွားခဲ့သည်။

တစ်ဖက်တွင်တော့ ကျန်းဝမ်ဟောက်မှာ မျက်မှောင်ကြုတ်နေမိသည်။ သူ့အတွင်းရေးမှူးက ဘာကြောင့်များ သူ့ရှေ့က မိန်းမငယ်လေးကို ယဉ်ယဉ်ကျေးကျေးဆက်ဆံနေရတာများလဲ။

ထိုတော့မှပဲ xxအလှပြင်ဆိုင်ပိုင်ရှင်သည် မြေကမ္ဘာကလပ်မှ မန်နေဂျာလုနှင့် ရင်းနှီးမှုရှိကြောင်း လော့ကျုံးမင် ပြောခဲ့သည်ကို ကျန်းဝမ်ဟောက် ပြန်အမှတ်ရသွားတော့သည်။ ထိုအတွေးဝင်သွားသည်နှင့် ကျန်းဝမ်ဟောက် ကုနင်းနှင့်ထပ်ပြီး ငြင်းခုံခြင်းမပြုတော့ပေမည့် သူမကို ကြောက်သွားတာတော့မဟုတ်ပေ။

“ခြိမ်းခြောက်ငွေညှစ်တာ? ငါ့မှာငွေမရှိတာမဟုတ်ပေမယ့် မင်းတို့ကတော့ မင်းတို့လုပ်ခဲ့တာအတွက် သေချာပေါက် လျော်ရမှာပေါ့။” ဘယ်လိုပြောပြော ကုနင်းဘက်ကတော့ လုံးဝမလျှော့သွားပေ။

“လော့ကျုံးမင်ကို ငါယွမ်၂သန်းလွှဲပေးပြီးသွားပြီ၊ ဒီတော့ သူလျော်ပေးလိုက်တာက ငါ့ငွေနဲ့ပဲလေ။” ကျန်းဝမ်ဟောက် သူ့ဒေါသကို အတတ်နိုင်ဆုံး ဖိနှိပ်ကာ ပြောလိုက်သည်။

“ဂရုမစိုက်ပါဘူး။ မင်း ငါ့ကို လျော်ကြေးတိုက်ရိုက်ထပ်ပေးတာပဲလိုချင်တယ်။”

ကျန်းဝမ်ဟောက် ထပ်ပြီးဒေါသများပေါက်ကွဲလာရပြန်သည်။

ကျန်းဝမ်ဟောက်၏အတွင်းရေးမှူးက ကျန်းဝမ်ဟောက်နှင့် သီးသန့်စကားပြောချင်တာကြောင့် ကုနင်းတို့အဖွဲ့ဘက်လှည့်ကာ ခွင့်တောင်းလိုက်သည်။ “ကျွန်မတို့ကို ခဏလောက် ခွင့်ပြုပေးပါဦး။”

“ရတာပေါ့၊” ကုနင်း သဘောတူပေးခဲ့သည်။

ထို့နောက် ကျန်းဝမ်ဟောက်၏အတွင်းရေးမှူးက ကျန်းဝမ်ဟောက်ကို ဘေးဘက်သို့ဆွဲခေါ်သွားကာ နား,နားကပ်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မန်နေဂျာကျန်း၊ ကျွန်မတို့ ဒီတစ်ကြိမ်တော့ အလျှော့ပေးလိုက်တာကောင်းမယ်။ အဲ့ဒီမိန်းကလေးရဲ့နာမည်က ကုနင်းပဲ၊ သူက လက်တလော အကျော်ကြားဆုံးလက်ဝတ်ရတနာအမှတ်တံဆိပ်ဖြစ်တဲ့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်ဆိုလဲဟုတ်တယ်။”

“ဘာ?” ကျန်းဝမ်ဟောက် ထိတ်လန့်အံ့ဩသွားရသည်။ ဒီလိုသာဆို ဒီနေ့ သူ့ဘက်က အလျှော့ပေးလိုက်ရတော့မှာပေါ့။ သူဘယ်လောက်ပဲ အလျှော့မပေးချင်နေပါစေ ရှုံးနိမ့်မည့် တိုက်ပွဲကို ဆက်တိုက်ဖို့အထိတော့ တုံးအမိုက်မဲသူမဟုတ်သေးပေ။

အချိန်တစ်ခုအထိ တုံ့ဆိုင်းနေပြီးနောက် ကျန်းဝမ်ဟောက်ဘက်က အလျှော့ပေးဖို့ဆုံးဖြတ်လိုက်သည်။ သို့ပေမည့် လက်တလောအတွက်သာဖြစ်သည်။ အခွင့်အရေးရသည်နှင့် ကုနင်းကို ပြန်လက်စားချေဖို့ကိုတော့ စိတ်ထဲတွင်တေးမှတ်ထားပေသည်။

“ကောင်းပြီလေ၊ ငါ လျော်ကြေးထပ်ပေးမယ်။” ကျန်းဝမ်ဟောက် ကုနင်းတို့ဆီသို့ပြန်လာသည်နှင့် ပြောလိုက်သည်။

“ဟုတ်ပြီ၊ ဒါက ငါ့ဘဏ်အကောင့်ပဲ။” ကုနင်း စာရွက်တစ်ရွက်ကို ကျန်းဝမ်ဟောက်ဆီသို့ကမ်းပေးလိုက်ကာ ကျန်းဝမ်ဟောက်၏အတွင်းရေးမှူးကပဲ ဝင်ရောက်လက်ခံလိုက်သည်။

“လူကြီးမင်းကျန်း၊ ထွက်ဆိုချက်ပေးဖို့ ငါတို့နဲ့ စခန်းကိုလိုက်ခဲ့ပေးပါ။” ကုနင်းကိစ္စပြီးသည်နှင့် ထုံချောင်ကဆက်ပြောလာသည်။

ထိုစကားကြောင့် ကျန်းဝမ်ဟောက် ဒေါသများထပ်ပြီးမထိန်းချုပ်နိုင်တော့ပေ။ သို့ပေမည့် သူဘာမှမပြောရသေးခင်တွင်ပဲ ထုံချောင်က ထပ်ပေါင်းပြောလိုက်သည်။ “ဒါကစည်းမျဉ်းပဲ၊ လူတိုင်းလိုက်နာရမယ်။”

ကျန်းဝမ်ဟောက်လဲ ဘာမှမလုပ်နိုင်တော့၍ ထုံချောင်နှင့်အတူ ရဲစခန်းသို့လိုက်သွားခဲ့ရသည်။

ကုမ္ပဏီမှဝန်ထမ်းများကတော့ ကျန်းဝမ်ဟောက်ကို ရဲများခေါ်သွားသည်အား မြင်ပြီးသည်နှင့် စတင်ဆွေးနွေးပြောဆိုကြတော့သည်။

“ဘာလို့ မန်နေဂျာကျန်းက ရဲတွေနဲ့လိုက်သွားရတာလဲ?”

“ငါကြားခဲ့တာတော့ မန်နေဂျာကျန်းက ဂိုဏ်းတစ်ခုနဲ့ပေါင်းပြီး အကြမ်းဖက်မှုတစ်ခုမှာ ပါခဲ့တယ်တဲ့။”

“ဘုရားရေ၊ ရဲတွေက ကျန်းမိသားစုမျက်နှာကိုတောင် မထောက်ကြဘူးလား။”

“ငါကြားခဲ့ပုံအရတော့ မန်နေဂျာကျန်းက ကောင်မလေးတစ်ယောက်ရဲ့ဆိုင်ကို ဖျက်ဆီးခဲ့တာတဲ့။”

“ဘာ? ဘာအတွက်လဲ?”

“ဘယ်သိမှာတုန်း။”

“ငါကတော့ အဲ့ကောင်မလေးကို ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုပဲလားလို့?”

“ငါလဲ မြင်ဖူးတယ်ထင်တယ်၊ ဒါပေမယ့် ဘယ်တုန်းကတွေ့ဖူးမှန်း မမှတ်မိတော့ဘူး။”

“ငါသိတယ်၊ ငါသိတယ်။ သူက အခုရက်ပိုင်းအင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ ကုနတ်ဘုရားမလေ၊”

“အိုး၊ ဟုတ်သားပဲ!”

ထို့နောက် ဝန်ထမ်းများ၏စကားဝိုင်းက ကုနင်းအကြောင်းသို့ပြောင်းလဲသွားသည်။

ကုနင်း ယခင်လုပ်ခဲ့သည့် ကိစ္စရပ်များကိုကြည့်လျှင် ကျန်းဝမ်ဟောက် ကုနင်းကိုဆန့်ကျင်တာက သူ့သေတွင်းသူတူးတာပဲလို့ အားလုံးယုံကြည်နေကြသည်။ ကုနင်းသည် အော်မြင်ကျော်ကြားသည့် စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးဖြစ်ကာ သူမတွင် အင်အားကြီးသည့် အဆက်အသွယ်ကလဲရှိသေးသည်။ ကျန်းဝမ်ဟောက်အနေနှင့် သူမကိုမယှဉ်နိုင်ပေ။

ကုနင်းကတော့ ရဲစခန်းသို့ လိုက်မသွားတော့ဘဲ ဟဲထျန်းလုပ်ငန်းစုမှထွက်လာပြီးသည်နှင့် ရှေးဟောင်းလမ်းသို့သာ ထွက်ခဲ့သည်။

သို့သော်လည်း ယနေ့ကတော့ ပြဿနာတွေတစ်ခုပြီးတစ်ခု ဆက်တိုက်လာမည့် နေ့တာရှည် ရက်တစ်ရက်ဖြစ်မည့်ပုံပင်။

တုလဲ့ဖုန်းဆိုင်သို့ ပစ္စည်းများစွာ သယ်ပို့လာသည့်ကိစ္စက ထိုဆိုင်ကို အချိန်ပြည့် အာရုံထားနေသည့် သူ့မိထွေးအဖို့ သိသွားဖို့ရန် အချိန်သိပ်မလိုလိုက်ပေ။

***

အခန်း ၇၈၄ ယင်စွမ်းအင်ပါဝင်နေသည့် သုံးချောင်းထောက်ငွေထည်

တုလဲ့ဖုန်းတွင် ပစ္စည်းဝယ်ဖို့ ငွေအလုံအလောက်ရှိနေကာ သူ့ကိုပစ္စည်းရောင်းပေးမည့်လူရှိနေသည့်အတွက်လဲ မိထွေးအလွန်အံ့အားသင့်သွားရသည်။ လူမိုက်တွေ သူ့ကိုထပ်ပြီးပြဿနာရှာမှာ မကြောက်ဘူးလား? တုလဲ့ဖုန်း၏ဆိုင် ပုံမှန်ပြန်လည်ပတ်နိုင်မည့်အဖြစ်မျိုး သူမ,မြင်တွေ့လိုပေ။

အချိန်ဆွဲမနေတော့ဘဲ တုလဲ့ဖုန်း၏မိထွေး လီဖုန့်ရှာက သူမငှားနေကျဖြစ်သည့် လူမိုက်ခေါင်းဆောင်ကို ဖုန်းဆက်လိုက်သည်။

“နျိုကော၊ တုလဲ့ဖုန်းဆိုင်ကို အခုပဲ ပစ္စည်းတွေရောက်လာတယ်။ ရှင်ဘယ်အချိန်အားလဲ? သူ့ဆိုင်ကို သွားဖျက်ဆီးပေးလို့ရမလား?” လီဖုန့်ရှာမေးလိုက်သည်။

“တကယ်လား?” နျိုကောလဲ အံ့ဩမိသွားသည်။ “ကိစ္စမရှိဘူး။ မင်း ပုံမှန်အတိုင်း ငါတို့ကိုပေးသ၍ အခုချက်ချင်းတောင် သွားပေးနိုင်တယ်။”

“ကောင်းပြီလေ၊ အလုပ်ပြီးတာနဲ့ ချက်ချင်းလွှဲပေးမယ်။” လီဖုန့်ရှာ စိတ်အေးစွာ ပြုံးလိုက်သည်။

လီဖုန့်ရှာသည် လူမိုက်များကို တစ်ကြိမ်လျှင် ယွမ်၃ထောင်ဖြင့်ငှားရသည်။ သူတို့အဖွဲ့ကလဲ ဂိုဏ်းများနှင့်ဆက်စပ်သည်မဟုတ်တာကြောင့် ငှားရမ်းနှုန်းကမမြင့်လှပေ။

ယွမ်၃ထောင်ဆိုသည့်ပမာဏမှာ သူတို့၅ယောက် တစ်ညတာပျော်ပါးသောက်စားဖို့အတွက် လုံလောက်တာကြောင့် ဒီလိုအလုပ်မျိုးဆိုလျှင် လိုလိုလားလားလက်ခံကြသည်။

ကုနင်း ရှေးဟောင်းလမ်းသို့ရောက်ချိန်တွင် အရင်ဆုံးအမျိုးသမီးသန့်စင်ခန်းသို့သွားကာ ခရီးဆောင်အိတ်ကိုထုတ်လိုက်သည်။ ပြီးနောက်မှ ဆိုင်ရှိရာသို့ ဆက်ထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ ရှေးဟောင်းလမ်းတစ်ဖက်တစ်ချက်စီမှ ရှေးဟောင်းပစ္စည်းများကို ကြည့်ဖို့ရန်အတွက် ကျောက်စိမ်းမျက်ဝန်းကို မသုံးခဲ့သော်လည်း ရှေးဟောင်းပစ္စည်းအစစ်တစ်ခုရှိနေကြောင်း အာရုံခံစားမိနေသေးသည်။

မှန်ပေသည်၊ သူမမြင်တာမဟုတ်ဘဲ၊ အာရုံခံစားမိခြင်းသာဖြစ်သည်။ သို့ပေမည့် သူမ၏ကျောက်စိမ်းမျက်ဝန်းဖြင့်ဆိုလျှင် သာမာန်ရှေးဟောင်းပစ္စည်းအစစ်ကိုသာမြင်နိုင်ပြီး ယင်ဓါတ်ကိုသာ အာရုံခံစားနိုင်တာဖြစ်၍ သေချာပေါက် ပစ္စည်းကောင်းတော့မဟုတ်ပေ။

ကုနင်း ယင်စွမ်းအင်လားရာတစ်လျှောက်ကို ချက်ချင်းကြည့်ကာ ကျောက်စိမ်းမျက်ဝန်းကိုလဲ ချက်ချင်းထုတ်ဖော်လိုက်သည်။

သူမ၏အကြည့်ကာ လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ရှေ့မှ မြေပေါ်တွင်ရှိနေသည့် သုံးချောင်းထောက်ငွေထည်တစ်ခုရှိရာသို့ ရောက်ရှိလို့သွားသည်။

ထိုအရာကိုမြင်လိုက်သည်နှင့် သူမနောက်ဆုံးတစ်ခေါက်သွားခဲ့သည့် ရှေးဟောင်းဂူသင်္ချိုင်းမှ ပစ္စည်းများလားဟုတွေးမိသွားသည်။

ထိုရှေးဟောင်းဂူသင်္ချိုင်းသည် မြို့တော်တွင်ရှိသည်မှန်သော်လည်း ဂူဖောက်သမားများသည် သူတို့တွေ့သမျှ ရှေးဟောင်းပစ္စည်းများကို နေရာအနှံ့သို့ရောင်းချကြခြင်းဖြစ်သည်။ ထို့အပြင် ယင်စွမ်းအင် ဖုံးလွှမ်းနေသည့် ငွေထည်ပစ္စည်းမျိုးကို တွေ့ဖို့က ပုံမှန်မဟုတ်တာကြောင့် ကုနင်း ထိုအချက်ကိုသာ တန်းတွေးမိသွားခြင်းဖြစ်သည်။

ဒါပေါ့ တခြားရှေးဟောင်းဂူသင်္ချိုင်းတစ်ခုခုကနေ ဒီငွေထည်ပစ္စည်းထွက်လာတာလဲဖြစ်နိုင်ပါတယ်။

နောက်ထပ် သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့် အဖိုးကြီးတစ်ဦးကတော့ ထိုသုံးချောင်းထောက်ငွေထည်ကို စစ်ဆေးကြည့်ရှုနေသည်။ ကြည့်ရတာ ထိုပစ္စည်းကို သူတို့အလွန်စိတ်ဝင်စားနေကြပုံပင်။

သို့ပေမည့် ရောင်းသူကတော့ နေကောင်းပုံမရပေ။ ထိုသုံးချောင်းထောက်ငွေထည်၏ ယင်စွမ်းအင်က သူ့ကိုဒုက္ခပေးနေမှန်း သိသာလှသည်။

ကုနင်း ရှေ့သို့ဆက်လျှောက်သွားကာ သူတို့နားသို့ရောက်ချိန်တွင် ရပ်လိုက်ပေမည့် ဘာမှတော့မပြောသေးပေ။ သူတို့ကလဲ ကုနင်းကို သတိထားမိပေမည့် လမ်းပေါ်တွင် လူများရှိနေသည်က သာမာန်သာဖြစ်သောကြောင့် အာရုံမထားကြပေ။

“သခင်ကြီး ဘယ်လိုသဘောရလဲ?” သက်လတ်ပိုင်းလူကြီးက အဖိုးကြီးကိုမေးလိုက်သည်။

“အင်း၊ ပုံစံကတော့ ကောင်းသားပဲ။” အဖိုးကြီးက ထိုမျှသာပြန်ဖြေလိုက်သော်လည်း ထိုသုံးချောင်းထောက်ငွေထည်သည် အစစ်ဖြစ်ဖို့များကြောင်း သေချာနေသည်။ ထိုအကြောင်းကို ထုတ်မပြောရခြင်းက ဆိုင်ပိုင်ရှင်က ပစ္စည်းအစစ်ဖြစ်ကြောင်းသိပြီး ရောင်းလိုက်ဖို့ နောင်တရသွားမည်ကို စိုးတာကြောင့်ပင်။

“ဒါ ယွမ်၃သောင်းမဟုတ်လား? ငွေသားနဲ့ရှင်းရမလား? ငွေလွှဲပေးရမလား?” သက်လတ်ပိုင်းလူကြီးက ရောင်းချသူကိုမေးလိုက်သည်။

“လွှဲပဲလွှဲပေးပါ။” ငွေသားကိုပြန်သယ်သွားဖို့က လုံခြုံမှုမရှိပေ။

“ဟုတ်ပါပြီ။” သက်လတ်ပိုင်းလူကြီးက သဘောတူကာ ဆိုင်ရှင်၏ဘဏ်အကောင့်နံပါတ်ကိုတောင်းလိုက်သည်။

၂မိနစ်အတွင်းမှာပဲ ဆိုင်ရှင်လဲငွေရသွားကာ သက်လတ်ပိုင်းလူကြီးလဲ အဖိုးကြီးနှင့်အတူ ငွေထည်ကိုသယ်ပြီး ပြန်ထွက်လာခဲ့သည်။ သူတို့နောက်မှနေပြီး ကုနင်းလဲ လိုက်လာခဲ့ပေသည်။

၁၀မီတာလောက်အထိ လျှောက်လာပြီးချိန်မှပဲ ကုနင်းစပြီး စကားပြောလာခဲ့သည်။ “ခဏလောက်နေပါဦး။”

သက်လတ်ပိုင်းလူကြီးနှင့်အဖိုးကြီးတို့ ရပ်တန့်လိုက်ကြကာ ကုနင်းကို ပြန်လှည့်ကြည့်လာသည်။ “မိန်းကလေး၊ ငါတို့ဘာကူညီပေးရမလဲ?” အဖိုးကြီးက ပြန်မေးလိုက်သည်။

ကုနင်းသည် အစောပိုင်းက သူတို့နားတွင် ရပ်နေခဲ့သည်ကို မှတ်မိနေတာကြောင့် မအံ့ဩသွားကြပေ။

ကုနင်းပြုံးပြလိုက်ကာ၊ “ဟိုင်း၊ ရပ်ခိုင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် လူကြီးမင်းက ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူများလား?”

မေးခွန်းတစ်ခုသာသော်လည်း အဖြေကိုတော့ ကုနင်းသိထားပြီးဖြစ်သည်။

“ဟ-ဟ၊ မင်းမှန်သားပဲ၊ ငါက ရှေးဟောင်းပစ္စည်းအကဲဖြတ်တဲ့နယ်ပယ်မှာ လုပ်ကိုင်တဲ့သူပဲ။” အဖိုးကြီး ပြန်ဖြေလိုက်သည်။

“ကျွန်မမှာ ပစ္စည်းအများကြီးရှိတယ်။ တစ်ခေါက်လောက် လိုက်ကြည့်ချင်လား?” ကုနင်း ယဉ်ယဉ်ကျေးကျေးပင် မေးမြန်းလိုက်သည်။

ကုနင်း၏စကားကြောင့် အဖိုးကြီး အလွန်စိတ်ဝင်စားသွားသည်။ ရှေးဟောင်းပစ္စည်းကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တာကြောင့် ရှေးဟောင်းပစ္စည်းများကို စစ်ဆေးအကဲဖြတ်ရသည်ကို သဘောအကျဆုံးလဲဖြစ်သည်။

“အိုး၊ မင်းမှာ အကဲဖြတ်ရမယ့်ပစ္စည်းတွေအများကြီးရှိနေတာပေါ့? ကောင်းပြီလေ၊ ငါလဲအားနေမှတော့ ကူညီပေးပါ့မယ်။”

“ကျေးဇူးအများကြီးတင်ပါတယ်! ကျွန်မနောက်လိုက်ခဲ့ပေးပါ။”

“ကောင်းပြီ။”

ထို့နောက် ကုနင်းက ဦးဆောင်ကာ တုလဲ့ဖုန်း၏ဆိုင်ရှိရာသို့ ခေါ်ဆောင်သွားလိုက်သည်။

ဆိုင်နှင့် သူတို့ရောက်နေသည့်နေရာက သိပ်မဝေးလှတာကြောင့် မကြာခင်တွင်ပဲ ရောက်ရှိသွားသည်။ ဆိုင်ကတော့ တံခါးချပ်ငယ်တစ်ခုကိုပဲ ဖွင့်ထားကာ ဧည့်သည်လက်ခံဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် ကုနင်း ဆိုင်ထဲကိုပဲ တန်းဝင်သွားလိုက်သည်။

ဆိုင်၏ခန်းမထဲတွင်တော့ ပစ္စည်းပုံကြီးတစ်ပုံရှိနေကာ တုလဲ့ဖုန်းနဲ့နောက်ထပ်အမျိုးသားတစ်ဦးက ပစ္စည်းများကို နေရာချနေသည်။

ကုနင်းဝင်လာသည်ကို မြင်လိုက်ရသည်နှင့် တုလဲ့ဖုန်းက ချက်ချင်းပင်မတ်တပ်ထကာ နှုတ်ဆက်လိုက်သည်။ “ဟိုင်း ဘော့စ်၊ ငါတို့အခုပဲ ပစ္စည်းတွေ စီနေတာ၊ ပြီးခါနီးနေပြီ!”

တုလဲ့ဖုန်းဘေးနားမှ အမျိုးသားသည်လဲ ကုနင်းကို နှုတ်ဆက်လိုက်သည်။ “တွေ့ရတာဝမ်းသာပါတယ်၊ ဘော့စ်!”

ထိုလူက ကုနင်းကိုတွေ့လိုက်ရတာကြောင့် စိတ်လှုပ်ရှားလို့နေသည်။ သူသည် အသက်၄၀နီးနီး အမျိုးသားတစ်ဦးဖြစ်ကာ တုကျီရှေးဟောင်းပစ္စည်းဆိုင်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်သည်။ သို့ပေမည့် အတော်ကြာတုန်းက တုကျီရှေးဟောင်းပစ္စည်းဆိုင်သည် ဆိုင်ပြုတ်ခါနီးအထိဖြစ်သွားတာကြောင့် သူလဲအလုပ်ပြုတ်သွားခြင်းဖြစ်သည်။

အခုတော့ တုလဲ့ဖုန်းက သူ့ကိုဆက်သွယ်ကာ ပြန်လာဖို့ပြောခဲ့ပြီး သူကလဲ နောက်ထပ်အလုပ်သစ်မရသေးတာကြောင့် သဘောတူလိုက်သည်။

လက်ရှိဆိုင်ရှင်အသစ်၏အာဏာရှိခြင်းအကြောင်း တုလဲ့ဖုန်းက ပြောပြခဲ့တာကြောင့် ဒီဆိုင်နောက်ထပ် ပိတ်လိုက်ရမည်ကို စိုးရိမ်နေဖို့မလိုတော့ပေ။

သက်လတ်ပိုင်းလူကြီးနှင့်အဖိုးကြီးကတော့ တုလဲ့ဖုန်းတို့ ကုနင်းကို ဘော့စ်ဟုခေါ်လိုက်တာကြောင့် အလွန်အံ့အားသင့်နေကြသည်။ ကုနင်းက ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်နေတာလား။

လက်ရှိ,ရှိနေသည့်ပစ္စည်းအားလုံးက ကောင်းမွန်သည့်လက်မှုပစ္စည်းများဖြစ်ကြသော်လည်း ရှေးဟောင်းပစ္စည်းအစစ်တော့မပါပေ။

“မင်းတို့ဆက်ပြီး စီနေကြပါ၊ ငါ ဒီလူကြီးမင်းနှစ်ယောက်နဲ့ ဆွေးနွေးစရာလေးရှိသေးတယ်။”

“ကောင်းပြီလေ၊” တုလဲ့ဖုန်း ပြန်ဖြေပြီးသည်နှင့် ကုနင်းက သက်လတ်ပိုင်းလူကြီးနှင့် အဖိုးကြီးတို့ကို ဆိုင်ရှိရုံးခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။

ရုံးခန်းထဲသို့ သူတို့ရောက်သည်နှင့် ကုနင်းက ခရီးဆောင်အိတ်ကို ဘေးမှာချလိုက်ပြီး ရှေ့မှလူကြီးနှစ်ဦးအတွက် အခါးရည်တစ်ခွက်စီငှဲ့ပေးလိုက်သည်။

“မိန်းမငယ်လေး၊ မင်းက ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်နေတာပေါ့၊ ငါတောင် အံ့ဩသွားတယ်၊ ဒီလိုမျိုးက မြင်ရခဲတယ်လေ။ ရှေးဟောင်းပစ္စည်းကို စိတ်ဝင်စားတဲ့လူငယ်ဆိုတာ အရမ်းကိုရှားတာ။”

အဖိုးကြီး၏စကားကိုနားထောင်ပြီးနောက် ကုနင်းက ပြုံးရုံသာပြုံးလိုက်ပြီး၊ “ကျွန်မက စိတ်ဝင်စားရုံပါ များများစားစားတော့မသိပါဘူး။”

“စိတ်ဝင်စားနေသ၍ သင်ယူလို့ရပါတယ်။ မင်းက ဒီလောက်တောင်ငယ်သေးတာ၊ လေ့လာဖို့ အချိန်တွေအများကြီးရှိသေးတယ်။”

“ဒါနဲ့, မင်းကြည့်ခိုင်းစေချင်တဲ့ ပစ္စည်းတွေရော?”

“လောစရာမလိုပါဘူး။ ပစ္စည်းတွေမစစ်ခင် ကျွန်မ လူကြီးမင်းကို တစ်ခုလောက်ပေးလို့ရမလား?”

“မေးပါ။”

***

အခန်း ၇၈၅ ဒုက္ခအကြီးကြီးရောက်ပြီ

“ကိစ္စကတော့၊ တစ်ခါတုန်းက ရှေးဟောင်းဂူသင်္ချိုင်းတွေကနေရတဲ့ ရှေးဟောင်းပစ္စည်းတွေမှာ ယင်စွမ်းအင်တွေ ဖုံးလွှမ်းနေလေ့ရှိတယ်ဆိုတဲ့အကြောင်း စာအုပ်တစ်အုပ် ကျွန်မဖတ်ဖူးခဲ့လို့ပါ။ လူသားတစ်ယောက်က အဲ့ဒီပစ္စည်းကို ထိလိုက်မိတာနဲ့ ယင်စွမ်းအင်ကြောင့် ထိခိုက်သွားစေနိုင်တယ်တဲ့။ တစ်ခါတလေဆို အဲ့ဒီလူက အိပ်မက်ဆိုးတွေမက်ပြီး အိပ်လို့မရနိုင်ကြတော့ဘူး။ အဆိုးဆုံးအခြေအနေဖြစ်လာရင်တော့ အဲ့ဒီလူရဲ့အသက်အန္တရာယ်ကိုပါ ထိခိုက်စေလာမယ်လိုပြောထားပါတယ်။ လူကြီးမင်းရော အဲ့လိုအကြောင်းမျိုး ကြားဖူးပါလား?” ကုနင်းမေးလိုက်သည်။

ကုနင်း၏စကားကြောင့် သက်လတ်ပိုင်းလူကြီးရော အဖိုးကြီးပါ လေးနက်သွားကြပြီး၊ “အဲ့ဒါမျိုး ငါအရင်က ကြားဖူးပေမယ့် ကိုယ်တိုင်တော့ မမြင်ဖူးသေးလို့ အမှန်ဟုတ်မဟုတ် မသိဘူး။”

“ဒီသုံးချောင်းထောက်ငွေထည်ကို ထိလိုက်တုန်းက အေးစက်တဲ့ခံစားချက်များရလိုက်လား?” ကုနင်း မေးခွန်းပြန်မေးလိုက်ပေမည့် သူမအသံထဲတွင် ထိုသို့သေချာပေါက် ဖြစ်မည်မှန်း သေချာနေသည့်ဟန်ပါဝင်နေသည်။

ထိုစကားကြောင့် ရှေ့မှလူကြီးနှစ်ယောက်လုံး အနည်းငယ်တုန်လှုပ်သွားကာ မျက်နှာအမူအရာမှာပင် ကြောက်လန့်သွားသည့်ဟန်ကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ တကယ်ကိုပဲ သူတို့နှစ်ယောက်လုံး သုံးချောင်းထောက်ငွေထည်ကို ထိကိုင်လိုက်ချိန်တွင် အေးစက်သည့်ခံစားမှုမျိုးရခဲ့ပေသည်။ ဒါပေမယ့် သူမက ဘယ်လိုလုပ်သိနေတာလဲ?

ဟိုဖြစ်ရပ်တွေက အမှန်တွေများလား?

ကုနင်း အစောကတင်ပြောပြထားသည့် အဖြစ်များအကြောင်းကို ပြန်တွေးမိသွားတော့ နှစ်ယောက်လုံးကြောက်လန့်တုန်လှုပ်သွားကြသည်။

သက်လတ်ပိုင်းလူကြီးက ချက်ချင်းပင် သုံးချောင်းထောက်ငွေထည်ကို စားပွဲပေါ်လှမ်းတင်က သူ့လက်နှင့်ဝေးရာပို့လိုက်တော့သည်။ ယင်စွမ်းအင်ရှိသည်ဆိုသည့်အချက်ကို သူမယုံကြည်ချင်သော်လည်း လောလောဆယ်တော့ တကယ်ကိုကြောက်ရွံ့သွားပေပြီ။

“ဒီတော့ ဒီသုံးချောင်းထောက်ငွေထည်မှာ ယင်စွမ်းအင်ဖုံးလွှမ်းနေတယ်လို့ ပြောချင်တာလား?” အဖိုးကြီးကပြန်မေးလိုက်သည်။

“ဟုတ်ပါတယ်။”

“ဘာ?” နှစ်ယောက်လုံး အလွန်ထိတ်လန့်သွားကြတော့သည်။

“မင်းက ဘယ်လိုလုပ်သိတာလဲ?” သက်လတ်ပိုင်းလူကြီးက မေးလိုက်သည်။

“အခု ကျွန်မဆီမှာ ငွေထည်ပစ္စည်းတစ်ခုပါလာတယ်၊ လူကြီးမင်းတို့ဝယ်လာတဲ့ ပစ္စည်းနဲ့နှိုင်းယှဉ်ကြည့်လိုက်ပါ။” ကုနင်းပြောရင်းနှင့်ပင် ခရီးဆောင်အိတ်ကို ဆွဲယူလိုက်သည်။

ခရီးဆောင်အိတ်ကို သူမရှေ့မှစားပွဲထက်တွင်တင်ကာ ဖွင့်လိုက်သည်။ ရှေ့မှလူကြီးနှစ်ယောက်မှာတော့ ထိုခရီးဆောင်အိတ်ထဲတွင် ရှေးဟောင်းပစ္စည်းများစွာရှိနေသည်ကို မြင်သော်လည်း အစစ်လားအတုလားကိုတော့ မသိရသေးတာကြောင့် မအံ့ဩသွားကြပေ။

ကုနင်း ငွေထည်တစ်ခုကိုထုတ်ယူကာ အဖိုးကြီးထံသို့ကမ်းပေးလိုက်သည်။ “တစ်ချက်လောက်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။”

အဖိုးကြီးက ပစ္စည်းကိုယူလိုက်ပေမည့် မူမမှန်သည့်ခံစားချက်မျိုးမရတာကြောင့် စတင်ပြီးအကဲဖြတ်တော့သည်။

အချိန်အတော်ကြာယူပြီးနောက်တွင်တော့ ရလဒ်ထွက်လာခဲ့ကာ ငွေထည်မှာ ရှေးဟောင်းပစ္စည်းအစစ်အမှန်ဖြစ်နေတာကြောင့် အဖိုးကြီးအလွန်အံ့ဩသွားရသည်။

“ဒီတစ်ခုကိုချပြီး လူကြီးမင်းဝယ်လာတဲ့ငွေထည်ကို ပြန်ကိုင်ကြည့်ပါဦး။”

အဖိုးကြီး ကုနင်းပြောသည့်အတိုင်းပင် သူဝယ်လာသည့် သုံးချောင်းထောက်ငွေထည်ကို ပြန်ကိုင်ကာ ခံစားကြည့်လိုက်သည်။

သုံးချောင်းထောက်ငွေထည်ကို ကိုင်လိုက်သည်နှင့် မူမမှန်သည့်အေးစက်လှသည့်အထိအတွေ့ကိုခံစားလိုက်ရတာကြောင့် အလျင်အမြန်ပဲ သူ့လက်ကိုပြန်ရုတ်လိုက်တော့သည်။

“ဒါ…” အဖိုးကြီး စက္ကန့်ပိုင်းများမှင်သက်လို့သွားရသည်။ ရှေးဟောင်းပစ္စည်းတွေမှာ တကယ်ပဲယင်စွမ်းအင်ရှိနေနိုင်တယ်လို့ သူမယုံကြည်နိုင်ပေ။

“မ-မင်းဘယ်လိုလုပ် ဒီအကြောင်းတွေသိတာလဲ?” အဖိုးကြီးက ကုနင်းကို မနေနိုင်စွာထုတ်မေးလိုက်တော့သည်။

“စိတ်မကောင်းပါဘူး။ ကျွန်မအသေးစိတ်ကိုတော့ မပြောပြပေးနိုင်ဘူး။” ဒါပေါ့ သူမ သိနေရသည့်အကြောင်းအရင်းကို တခြားလူအားဘယ်ပြောပြနိုင်ပါ့မလဲ။ “လူကြီးမင်းကို အစောက တားလိုက်ရတာက ဒီသုံးချောင်းထောက်ငွေထည်က လူကြီးမင်းတို့ကို အန္တရာယ်ဖြစ်စေနိုင်မှန်း သိနေလို့ပါ။”

ကုနင်း အကြောင်းအရင်းကို မပြောချင်မှတော့ သူတို့လဲ အတင်းအကြပ်မမေးမြန်းကြပေ။

“ငါတို့ အခုဘာလုပ်ရမလဲ? လွှင့်ပစ်လိုက်ရမလား?” လူလတ်ပိုင်းကြီးက ဝင်မေးလိုက်သည်။

“လွှင့်ဖို့အထိတော့မလိုအပ်ပါဘူး။ လူကြီးမင်းတို့ ကျွန်မကိုယုံကြည်မယ်ဆိုရင် ပစ္စည်းကို ကျွန်မနဲ့ထားခဲ့ပါ၊ ဒီသုံးချောင်းထောက်ငွေထည်က ယင်စွမ်းအင်ကို ကျွန်မဖယ်ရှားပေးပါ့မယ်။ ပစ္စည်းကိုတော့ မနက်ဖြန်ပြန်လာယူလို့ရပါတယ်။ မယုံကြည်ဘူးဆိုရင်လဲ အလဲအလှယ်အနေနဲ့ ကျွန်မခရီးဆောင်အိတ်ထဲက ရှေးဟောင်းပစ္စည်းအစစ်တစ်ခုကို ရွေးယူသွားနိုင်ပါတယ်။”

“ငါမင်းကို ယုံတယ်။” အဖိုးကြီးက ချက်ချင်းပင်ပြန်ဖြေလိုက်သည်။

သူကိုယ်တိုင် ထိတွေ့ခံစားခဲ့ရတာကြောင့် ဒီသုံးချောင်းထောက်ငွေထည်သည် မူမမှန်ကြောင်း သိပေသည်။ ကုနင်းသာ တကယ်ပဲ လူလိမ်ဖြစ်နေခဲ့လျှင်လဲ ယွမ်၃သောင်းလောက်ဆုံးရှုံးသွားသည်ကို စိတ်ထဲထားမည်မဟုတ်ပေ။ ဒါပေါ့ တကယ်တမ်း သူယွမ်သန်းပေါင်းများစွာ ဆုံးရှုံးသွားတာသာဖြစ်မည်။ ဒါပေမယ့်လဲ ငွေနဲ့ယှဉ်ရင် သူ့အသက်ကပို၍အရေးကြီးပေသည်။

သက်လတ်ပိုင်းလူကြီးကတော့ သံသယရှိနေတုန်းဆိုပေမည့် သူ့ဆရာကြီးက သဘောတူနေမှတော့ ဘာမှဝင်မပြောတော့ပေ။ ဒီငွေထည်က သူ့အပိုင်လဲဟုတ်မှမဟုတ်ဘဲ။

“ကျွန်မကိုယုံတယ်ဆိုမှတော့ လူကြီးမင်းစိတ်အေးအောင် လုပ်ပေးရမှာပေါ့။ ဒီငွေထည်ကို လူကြီးမင်းယူသွားလိုက်ပါလား? ဒီငွေထည်နှစ်ခုက တန်ဖိုးလဲအတူတူလောက်ပဲ။” ကုနင်း အစောက အဖိုးကြီးအကဲဖြတ်ပေးခဲ့သည့် စားပွဲပေါ်ရှိငွေထည်ကို ညွှန်ပြလိုက်သည်။

“မလိုပါဘူး။ ငါမင်းကိုယုံတယ်။”

ကုနင်းက သူ့အပေါ် စေတနာနှင့်လုပ်ပေးနေခြင်းမှန်း အဖိုးကြီးလဲနားလည်ပေသည်။ သူမက သူ့အသက်ကို ကယ်တင်ပေးကာ သူမအပေါ် သူအကြွေးတင်သွားပြီဖြစ်တာကြောင့် ဒီသုံးချောင်းထောက်ငွေထည်ကိုပင် သူမကိုလက်ဆောင်အဖြစ်ပေးချင်နေသေးသည်။

ကုနင်းပြုံးလိုက်ပြီး အတင်းအကြပ်ဆက်ပြီးမတိုက်တွန်းနေတော့ပေ။

“ဒါနဲ့ မင်းနာမည်ကိုသိလို့ရမလား?” အဖိုးကြီးက မေးမြန်းလိုက်သည်။

“ကုနင်းပါ။”

“ဒါဆို ကောင်မလေးကုလို့ပဲခေါ်လိုက်တာပေါ့၊ ငါ့မျိုးရိုးကတော့ ရှောင်း၊ မင်းစိတ်မရှိဘူးဆို ငါ့ကို အဖိုးရှောင်းလို့ခေါ်ပေါ့။” သခင်ကြီးရှောင်းက နူးညံ့ညင်သာစွာပြုံးကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ၊ အဖိုးရှောင်း။”

“ဒါကတော့ ငါ့အလုပ်သင်၊ နာမည်ကတော့ ချန်၊ ဒါပေမယ့် သူ့ကိုဦးလေးချန်လို့ခေါ်လို့ရတယ်။”

“တွေ့ရတာဝမ်းသာပါတယ်၊ ဦးလေးချန်။”

ထိုအခိုက်အတန့်တွင်ပဲ အပြင်ဘက်မှ ဆူဆူညံညံအသံများထွက်ပေါ်လာတာကြောင့် ကုနင်း ကျောက်စိမ်းမျက်ဝန်းဖြင့် လှမ်းကြည့်လိုက်ချိန်တွင် လူမိုက်တစ်ဖွဲ့ကျူးကျူးကျော်ကျော်ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

သူမလဲ ချက်ချင်းပင် တုလဲ့ဖုန်း၏မိထွေးနှင့် တစ်နည်းနည်းပတ်သတ်လောက်မည်ဟု ခန့်မှန်းမိလိုက်သည်။ ဒါကြောင့် ထိုလူမိုက်များ ပစ္စည်းတွေကို ဖျက်ဆီးကြလောက်၍ ကုနင်းလဲ ခွင့်တောင်းကာ ရုံးခန်းထဲမှ ထွက်ခဲ့လိုက်သည်။

လူမိုက်ခေါင်းဆောင် နျိုကောက “တုလဲ့ဖုန်း၊ မင်းက ပစ္စည်းတွေတောင်ဝယ်ပြီး ဆိုင်ကိုပြန်လည်ပတ်ရဲနေတယ်ပေါ့?”

“မင်းတို့ဘာလိုချင်လို့လဲ?” တုလဲ့ဖုန်း ပြန်မေးလိုက်သော်လည်း ဤတစ်ကြိမ်တွင်တော့ ကုနင်းလဲဆိုင်မှာရှိနေ၍ မကြောက်နေပေ။

“ငါတို့က ဘာလုပ်ချင်လဲတဲ့လား? မင်းဆိုင်ကို ဖျက်ဆီးချင်တာပေါ့!” နျိုကောက တုလဲ့ဖုန်းကို ပြန်ပြောပြီးနောက် သူ့နောက်လိုက်များထံသို့အမိန့်ပေးလိုက်သည်။ “လုပ်ငန်းစကြတော့!”

နောက်ထပ်လူမိုက်လေးယောက်ကလဲ ပစ္စည်းများကိုဖျက်ဆီးရန် ချက်ချင်းပင် ပြေးဝင်လာတော့သည်။

“ရပ်လိုက်ကြစမ်း!” တစ်ချိန်တည်းတွင်ပဲ အမျိုးသမီးတစ်ဦး၏အေးစက်လှသည့်အသံက ပျံ့လွင့်လာခဲ့သည်။

ထိုအသံကြောင့် အားလုံးရပ်သွားကာ ကုနင်းဘက်သို့လှည့်ကြည့်လိုက်ကြသည်။ လူမိုက်များ၏အကြည့်က ကုနင်း၏ခန္ဓာကိုယ်ပေါ်သို့ရောက်သွားချိန်တွင်တော့ မှင်သက်သွားကာ သွားရေတမြားမြားဖြင့် ငမ်းနေကြတော့သည်။

“တုလဲ့ဖုန်း၊ မင်းဆိုင်မှာ ဒီလိုအလှလေးတစ်ယောက်ကို ဖွက်ထားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။” နျိုကောက ကုနင်းထံသို့လျှောက်သွားလိုက်သည်။ “ဟေ့၊ အလှလေး၊ မင်းငါတို့ကောင်မလေး မလုပ်ချင်ဘူးလား? အခုဆို တုလဲ့ဖုန်းက ဒုက္ခရောက်တော့မှာ။”

“ငါ့အထင်တော့ နင်တို့ကမှ ဒုက္ခအကြီးကြီးရောက်ကြတော့မှာ။” ကုနင်း အေးစက်စက်ပင်ပြန်ပြောလိုက်ပြီး အချိန်ဆွဲမနေဘဲ နျိုကော၏လက်မောင်းကို ဆွဲဖမ်းကာ ကိုယ်ပေါ်မှကျော်ပြီး ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်ချလိုက်သည်။ သူမက နျိုကောကို အောက်အထိ လှန်မချပစ်ခင် လက်မောင်းအဆစ်ကိုလဲ သေချာပေါက် ဆွဲဖြုတ်လိုက်သေးသည်။ နျိုကောလဲ နာကျင်စွာအော်ဟစ်ရင်း ဖြူဖျော့သွားတော့သည်။

ဖြစ်ပျက်သွားသမျှမှာ မြန်ဆန်လွန်းတာကြောင့် လူတိုင်း ကြောင်အကာ ကြည့်နေမိကြသည်။

***

All Chapters