အခန်း (၁၉၆-၂၀၀)
Vol. 14 Ch. 196-200
အခန်း ၁၉၆ ဖွင့်ပွဲအခမ်းအနား ၂
"ဟုတ်တယ်, အခုချိန်မသွားရင် ခနနေဆို လူတွေအုံနေလိမ့်မယ်။" ယန်ကျန်းလင်ကလဲ ထောက်ခံလိုက်သည်။
"ငါတို့လဲ ထပ်ပြီးကြည့်ချင်သေးတယ်။ သွားကြတာပေါ့။" ဆရာကြီးဖူကလဲ ပြောရင်းနှင့်တခါတည်းသွားလိုက်တော့ ဆရာကြီးပိုင်နှင့် ဆရာကြီးယန်တို့လဲ လိုက်သွားကြသည်။ ကုနင်းနားမှာလဲ ယောကျ်ားလေးတစ်ယောက်ရှိနေသောကြောင့် သူမကို အနှောက်အယှက်မပေးလိုကြတော့ပေ။
အချမ်းသာဆုံးနှင့် အာဏာအရှိဆုံးမိသားစုများစာရင်းတွင် ပိုင်မိသားစုသည် နံပါတ်၃နေရာတွင်ရှိကာ ဖူမိသားစုသည်တော့ နံပါတ်၇နေရာတွင်ရှိလေသည်။ ဒီဆရာကြီးအဖွဲ့တင်မကဘဲ နံပါတ်၂နေရာမှ အိုက်မိသားစုနှင့် နံပါတ်၅နေရာမှ အိုးမိသားစုသည်လဲ မကြာခင်တွင်ရောက်ရှိလာခဲ့သည်။
မိသားစုခေါင်းဆောင်များကိုယ်တိုင်လာရောက်ခြင်းမျိုးမဟုတ်ပေမယ့်လဲ လာသည့်လူများသည်တော့ သူတို့မိသားစုကိုကိုယ်စားပြုနိုင်လောက်သည့် အရေးပါသည့်လူများဖြစ်ပေသည်။
အိုက်မိသားစုက ဆရာကြီးအိုက်၏အငယ်ဆုံးမြေးဖြစ်သည့် အိုက်ဝေ့ချန်ကိုလွှတ်လိုက်သည်။ ထိုလူသည် အသက်၂၇နှစ်လောက်ရှိပြီဖြစ်ကာ ခန့်ညားရည်မွန်သည့် အသွင်အပြင်ရှိ၏။ သူရောက်ရှိလာမှုက အမျိုးသမီးများကို အလွန်စိတ်လှုပ်ရှားသွားစေသည်။ အိုးမိသားစုသည်တော့ မိသားစုခေါင်းဆောင်၏ အကြီးဆုံးသမီးဖြစ်သည့် အိုးနန်ယင်းကို ပွဲတက်ဖို့လွှတ်လိုက်သည်။ သူမကသည်တော့ အသက်၃၀အရွယ် ထူးချွန်သည့် အမျိုးသမီးတစ်ယောက်ဖြစ်ကာ အနာဂါတ် အိုးမိသားစု၏ဆက်ခံသူလဲဖြစ်ပေသည်။ အိုက်မိသားစုနှင့် အိုးမိသားစုသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ရင်းနှီးမှုကို ထိန်းသိမ်းတည်ဆောက်ထားကြသူများဖြစ်သည်။
အိုက်ဝေ့ချန်နှင့် အိုးနန်ယင်းတိုအကြည့်သည် လင်ရှောင်းထင်ထံခနလောက်ရောက်ပြီး ချက်ချင်းအကြည့်လွှဲလိုက်ကြပေမယ့် သူတို့မျက်လုံးထဲတွင် ထိတ်လန့်သည့် အရိပ်အရောင်ပေါ်သွားကြောင်းကိုတော့ ကုနင်းသတိပြုမိလိုက်၏။ အမှန်တကယ်ကို သူတို့ထိတ်လန့် အံ့ဩသွားကြခြင်းဖြစ်သည်။
ထိုအခိုက် လင်ရှောင်းထင်က ကုနင်းကို ပြောပြလိုက်သည်၊
"သူတို့ဒီလာအောင် ကိုယ်စီစဉ်ထားတာ။"
ကုနင်းလဲ အိုက်ဝေ့ချန်နှင့် အိုးနန်ယင်းတို့ လင်ရှောင်းထင်ကိုကြည့်ကတည်းက ထိုသို့တွေးမိပါသည်။ သို့ပေမယ့် သူတို့လို အရမ်းချမ်းသာပြီး အာဏာရှိသည့်မိသားစုများနှင့် လင်ရှောင်းထင် သိနေသည်ကို ကုနင်းအံ့ဩမိသွားသည်။
အခုတော့ ကုနင်း လင်ရှောင်းထင်၏တကယ့်နောက်ခံအစစ်အမှန်ကို သိချင်မိလာသည်။ သူက သူမမျှော်မှန်းထားသည်ထက်ကို ပိုပြီး ဩဇာအာဏာရှိသည့်လူတစ်ယောက်ဖြစ်နေလောက်ပေသည်။ သို့ပေမယ့် သူမကိုယ်တိုင်တော့ စမေးမည်မဟုတ်ဘဲ လင်ရှောင်းထင်ကိုယ်တိုင် လိုလိုလားလား အမှန်တရားကို ဖွင့်ဟပြောဆိုလာမည့်အချိန်ကို စောင့်ပါမည်။
သို့ပေမယ့် ဘာလို့များ အိုက်ဝေ့ချန်နှင့် အိုးနန်ယင်းတို့က အထဲကိုဝင်လာတာနဲ့ လန့်သွားကြလဲဆိုတာကို ကုနင်းနားမလည်နိုင်ပေ။ သူတို့ကို လင်ရှောင်းထင်က ဒီပွဲတက်ဖို့ပြောထားတာဆိုရင် လင်ရှောင်းထင် ဒီမှာရှိနေတာကိုလဲ သိသင့်တယ်လေ။ သူတို့က ဘာကြောင့်နဲ့ ဒီလောက်တောင် ထိတ်လန့်ကုန်ကြတာလဲ?
ထိုအကြောင်းတွေးနေရင်းဖြင့် ကုနင်းခေါင်းထဲ အတွေးတစ်ခုဝင်လာခဲ့သည်။ သူမကြောင့်များလန့်သွားကြတာလား?
လင်ရှောင်းထင်ဘေးမှာ ချစ်သူရော မိန်းကလေးများပါ ဘယ်တုန်းကမှမရှိခဲ့ကြောင်း ရှုကျင်းချန်ပြောဖူးသည့်စကားကို ကုနင်းသတိရသွားခဲ့သည်။ ကြည့်ရတာ အိုက်ဝေ့ချန်နှင့် အိုးနန်ယင်းတို့ လင်ရှောင်းထင်နှင့်အတူ သူမကို အတူတွဲမြင်လိုက်ရသောကြောင့် အံ့ဩသွားတာဖြစ်နိုင်သည်။
ကုနင်းအထင်မှန်ခဲ့ပါသည်။ အိုက်ဝေ့ချန်ရော အိုးနန်ယင်ပါ လင်ရှောင်းထင်ကို မိန်းကလေးတစ်ယောက်နှင့်တွဲမြင်လိုက်ရပြီး အလွန်ရင်းနှီးနေကြသည့်ပုံစံလဲပေါက်သောကြောင့် အံ့ဩသွားကြခြင်းဖြစ်သည်။ ဒါ့အပြင် လင်ရှောင်းထင်နှင့်သူတို့ကြား ဆက်ဆံရေးကို မသိသွားစေရန်လဲ သွားပြီးနှုတ်မဆက်ခဲ့ပေ။
သူတို့လက်ဆောင်ပစ္စည်းသွားပေးပြီးနောက်တွင်တော့ အိုးနန်ယင်းက ချက်ချင်းပဲ အိုက်ဝေ့ချန်နားကပ်လာကာ အတင်းတုပ်တော့သည်။
"ဝေ့ချန်, ဘော့စ်က မိန်းကလေးတစ်ယောက်နဲ့အတူရှိနေတယ်နော်၊ အာ...မဟုတ်သေးဘူး။ ကောင်မလေးတစ်ယောက်။ သူအဲ့ကောင်မလေးနဲ့အရမ်းရင်းနှီးနေတယ်လို့မထင်ဘူးလား? ပြီးတော့ စုံတွဲတောင်ဖြစ်နိုင်နေမလားပဲ?" အိုးနန်ယင်းက အံ့ဩမိသလို စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်သည်။ ဒါသူတို့အတွက် သတင်းကြီးတစ်ခုပဲ။
"သူတို့နှစ်ယောက် အတွဲတွေဟုတ်လား မဟုတ်လားတော့ ငါလဲမသိဘူး။ ဒါပေမယ့် တော်တော်တော့ ရင်းနှီးကြတာတော့ သေချာတယ်။" အိုက်ဝေ့ချန်ကလဲ ထောက်ခံလိုက်သည်။
"သေချာတာပေါ့။ အရမ်းကိုရင်းနှီးလောက်တယ်။"
ထို့နောက် မြို့တော်Gမှ တခြားအာဏာရှိသူများလဲ အသီးသီးရောက်ရှိလာကြကာ ကျောက်စိမ်းပညာရှင်များ နှင့် စီးပွားရေးလုပ်ငန်းရှင်များပါ ရောက်လာကြသည်။ ကျောင်းယွဲ့ဖန်လဲ ရောက်လာခဲ့သည်။
အတော်များများက ကျိုးကျန်းဟုန်နှင့်မသိသောကြောင့် တန်ဖိုးကြီးလက်ဆောင်များမပေးကြဘဲ ပန်းခြင်းလောက်သာပေးကြသည်။ ထိုသို့မဟုတ်ဘဲ လက်ဗလာနှင့်လာကြဖို့ကလဲ မယဉ်ကျေးရာရောက်မည်လေ။
"မိန်းကလေးကုပဲ၊ တိုက်ဆိုင်လိုက်တာ။" ကျောင်းယွဲ့ဖန်က ကုနင်းကိုမြင်တော့ အံ့ဩသွားသည်။ သူနှင့် ကုနင်းက သိပ်ပြီး မရင်းနှီးကြပေမယ့်လဲ သူမအပေါ်စတွေ့ကတည်းက အထင်ကြီးသဘောကျမှုရှိပြီးသားဖြစ်လေသည်။
ထို့ကြောင့် ကုနင်းကို ဖွင့်ပွဲအခမ်းအနားတွင်တွေ့လိုက်ရတော့ အလွန်ဝမ်းသာမိသွားသည်။
"လူကြီးမင်းကျောင်း, တွေ့ရတာဝမ်းသာပါတယ်။" ကုနင်းလဲ ကျောင်းယွဲ့ဖန်ကို တွေ့လိုက်ရ၍ အံ့ဩမိသွားကာ သူ့ကိုဖိတ်ဖို့မေ့သွားမှန်း သတိရသွား၍ အနည်းငယ်အားနာမိသွားသည်။ သူတို့က အခုချိန်တွင် လုပ်ငန်းတူသူများဖြစ်သွားကြပြီဆိုပေမယ့် ကုနင်းက ကျောက်စိမ်းတစ်မျိုးတည်းကို လုပ်ကိုင်သောကြောင့် ပြိုင်ဘက်တော့မဖြစ်ကြသေးပေ။ ကျောင်းယွဲ့ဖန်သည်က ကျောက်မြတ်ရတနာမျိုးစုံကိုလုပ်ကိုင်သည်ဖြစ်ပြီး ကျောက်စိမ်းလဲ တစ်ခုအပါအဝင်ဖြစ်ရုံသာ။ ဒါကြောင့် သူတို့ရန်သူတွေမဖြစ်နိုင်ပေ။
ကုနင်း သူမက JadeBeauty၏ ဘော့စ်ဖြစ်ကြောင်း ကျောင်းယွဲ့ဖန်ကိုတော့ မဖုံးကွယ်ချင်ပေမယ့် အခုက လူအရမ်းများနေသောကြောင့် ပြောပြဖို့မသင့်တော်သေးပေ။
"မိန်းကလေးကု, မင်း ဒီJadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ဘော့စ်ကိုသိတယ်လား?" ကျောင်းယွဲ့ဖန်ကမေးလိုက်တော့ ကုနင်းက,
"ဟုတ်ပါတယ်။"
"ကျုပ်ကတော့ ဘော့စ်ကိုမသိပေမယ့် အစိမ်းရောင်ဘုရင်ကိုကြည့်ချင်လို့ကို ဖိတ်စာမရဘဲ လာခဲ့လိုက်တာ။" ကျောင်းယွဲ့ဖန်က အနည်းငယ်ရှက်ရွံ့သလိုပုံနှင့်ပြောလိုက်သည်။
"ကျွန်မ လူကြီးမင်းကို ဘော့စ်နဲ့မိတ်ဆက်ပေးရမလား?" ကုနင်းမေးလိုက်သည်။
"တကယ်လား? ဒီလိုဆိုပိုကောင်းတာပေါ့။ ကျေးဇူးပါ မိန်းကလေးကု။" ကျောင်းယွဲ့ဖန်က စိတ်လှုပ်ရှားစွာပြန်ဖြေလိုက်သည်။ JadeBeautyသည် သူ့ရဲ့ ဖူရုန်လက်ဝတ်ရတနာလုပ်ငန်းနှင့် ယှဉ်နိုင်နေပြီဖြစ်ပေမယ့် ဒီကုမ္ပဏီရဲ့ဘော့စ်နှင့် ဆက်ဆံရေးကောင်းတစ်ခုရှိထားသည်က မကောင်းတာတော့မဟုတ်ပေ။
ကုနင်း ကျောင်းယွဲ့ဖန်ကို ဧည့်သည်များအားကြိုဆိုနေသည့် ကျိုးကျန်းဟုန်ထံခေါ်ဆောင်သွားခဲ့သည်။ တချိန်တည်းမှာပဲ ချင်ယီဖန်းတို့သည်လဲ ကုနင်း ကျောင်းယွဲ့ဖန်နှင့်ပါသိနေသည်ကိုမြင်ရတော့ အံ့ဩသွားကြရပြန်သည်။
ချင်မိသားစုကော လီမိသားစုပါ ကျောက်မြတ်ရတနာလောကတွင်ကျင်လည်သူများဖြစ်သောကြောင့် ဒီနယ်ပယ်ထဲမှ အရေးပါသူများနှင့် ရင်းနှီးထားကြလေသည်။
ကျိုးကျန်းဟုန်က သူ့ဧည့်သည်များကို ကျောက်စိမ်းသွားမကြည့်ကြသေးခင် ခနတဖြုတ်သာ နှုတ်ဆက်ရခြင်းဖြစ်သောကြောင့် ကုနင်းနှင့် ကျောင်းယွဲ့ဖန်တို့ရောက်လာခြင်းက အနှောက်အယှက်မဖြစ်ပေ။
"ဦးလေးကျိုး၊ ဒါက ဖူရုန်လက်ဝတ်ရတနာလုပ်ငန်းရဲ့ ဥက္ကဌ ကျောင်းယွဲ့ဖန်ပါ။" ကုနင်းမိတ်ဆက်ပေးလိုက်သည်။
ကျိုးကျန်းဟုန်ကလဲ ကုနင်းမိတ်မဆက်ပေးခင်ကတည်းက ကျောင်းယွဲ့ဖန်ကိုမှတ်မိနေပြီးသားဖြစ်လေသည်။ ကျိုးကျန်းဟုန်သည်လဲ ကျောက်မြတ်ရတနာလောကတွင်ကျင်လည်သူဖြစ်ပေမယ့် ကုနင်းကိုယ်တိုင်ကျောင်းယွဲ့ဖန်ကိုမိတ်ဆက်ပေးလာမှတော့ သူတို့ချင်းသိနေလို့ပဲဖြစ်ရမည်ဟု သဘောပေါက်လိုက်သောကြောင့် လှိုက်လှိုက်လှဲလှဲပြန်နှုတ်ဆက်လေသည်။
"တွေ့ရတာဝမ်းသာပါတယ်၊ ဥက္ကဌကျောင်း"
"တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းကျိုး, ကျွန်တော် ဖိတ်ကြားချက်မရှိဘဲ လာခဲ့တဲ့အတွက်စိတ်မရှိပါနဲ့နော်။" ကျောင်းယွဲ့ဖန်ပြောလိုက်သည်။
"အဲ့လိုဖြစ်စရာလား။ ကြိုဆိုပါတယ်ဗျာ။ ဖွင့်ပွဲပြီးသွားရင် ကျွန်တော်တို့ညစာအတူတူစားကြမလား?" ကျိုးကျန်းဟုန် ဖိတ်ကြားလိုက်သည်။
"ကျွန်တော်ကတော့ သဘောကျတာပေါ့။" ကျောင်းယွဲ့ဖန်လဲ ချက်ချင်းပဲ သဘောတူလိုက်သည်။
ကျောင်းယွဲ့ဖန်အထဲဝင်ပြီး အစိမ်းရောင်ဘုရင်ကိုမကြည့်ခင်အထိ သူတို့အချိန်အတော်ကြာစကားပြောနေခဲ့ကြလေသည်။
JadeBeautyလက်ဝတ်ရတနာဆိုင်ထဲမှ ဧည့်သည်များသည် ယနေ့တွင် မြို့တော်Gရှိအရေးပါ အရာရောက်သည့် ပုဂ္ဂိုလ် အများအပြားကိုမြင်လိုက်ရသောကြောင့် ထိတ်လန့်အံ့ဩနေကြလေသည်။
ကျိုးကျန်းဟုန်ကတော့ ဒီလူတွေအားလုံးက ကုနင်းကြောင့်လာကြမှန်းသေချာသိလေသည်။ သူမရဲ့အဆက်အသွယ်ကောင်းမှုကတော့ အံ့မခမ်းပေပဲ။
သို့ပေမယ့် နောက်ထပ်ပြီးပြီး ထိတ်လန့်စရာကောင်းသည့်အရာကတော့ ချင်ဟွားအုပ်စု၏ အထွေထွေမန်နေဂျာ ရှန်ကျူးထုန်ကိုယ်တိုင်ရောက်လာခြင်းပေ။ ချင်ဟွားအုပ်စုဆိုသည်မှာ ချင်ဂိုဏ်းအပိုင်တွေထဲမှတစ်ခုဖြစ်လေသည်။
...............Book 14 Part 196 End.....................
အခန်း ၁၉၇ သဘာဝသန္တာကျောက်နီ
ချင်ဟွားအုပ်စုသည် ချင်ဂိုဏ်း၏ပိုင်ဆိုင်မှုများထဲမှဖြစ်ပေမည့် သူ့ကိုယ်ပိုင်အဆက်အသွယ်များနှင့် ချင်ဂိုဏ်းကိုလဲမနှောက်ယှက်ချင်သောကြောင့် ထိုအုပ်စုသည် ချင်ဂိုဏ်းကိုယ်စားပြုအဖွဲ့မဟုတ်ပေ။
ထို့ကြောင့် ကျိုးကျန်းဟုန်က ချင်ဂိုဏ်းနှင့်ဆက်ဆံရေးတစ်ခုရှိနေမယ်လို့မယုံကြည်ကြပေမယ့်လဲ ချင်ဟွားအုပ်စုနှင့် အဆက်သွယ်ရှိရန်ဆိုသည်ကလဲ မလွယ်ကူလှချေ။
ချင်ဟွားအုပ်စု၏လုပ်ငန်းများသည် မြို့တော်Gတွင် အခြေချလုပ်ကိုင်ခြင်းမရှိသောကြောင့် သူ့မှာ ယွမ်၁၀၀ဘီလီယံနှင့်အထက် ရင်းနှီးငွေရှိနေတာတောင်မှ မြို့တော်G၏အချမ်းသာဆုံးစာရင်းထဲတွင်တော့ ယွမ်၃၀ဘီလီယံရင်းနှီးငွေဖြင့် နံပါတ်၄နေရာတွင်သာ ရပ်တည်လေသည်။
သို့ပေမယ့် ကျိုးကျန်းဟုန် ဘယ်လိုများ မြို့တော်G၏ အရေးပါသည် ပုဂ္ဂိုလ်တစ်ဝက်နီးပါးလောက်ကို ဖွင့်ပွဲအားတက်ရောက်အောင် လုပ်နိုင်ခဲ့သနည်း။ ဒီလူတွေကတော့ ကျိုးကျန်းဟုန်ကို မျက်နှာလုပ်ချင်လို့လုံးဝမဖြစ်နိုင်ဘဲ သူတို့မှာ အလွန်ကောင်းမွန်သည့် စီးပွားရေးလုပ်ငန်းများရှိနေကြသည်မဟုတ်ပါလား။
ချင်ဟွားအုပ်စုက ၂၀စင်တီမီတာရှည်ပြီး ၁၅စင်တီမီတာကြီးသည့် ရှားပါးသော သဘာဝသန္တာကျောက်နီတစ်လုံးကို JadeBeautyအားပေးခဲ့သည်။
သဘာဝသန္တာကျောက်နီများသည် ပေါလစ်များမှ ရရှိသည်ဖြစ်ပြီး အလွန်ဖြည်းညှင်းစွာဖြင့် ကြီးမားလာကြခြင်းဖြစ်သည်။ သဘာဝသန္တာကျောက်နီများသည် ရေလက်ကြားအများစုတွင်တည်ရှိသည်။ (ထိုင်ဝမ်ရေလက်ကြား, ဂျပန်ရေလက်ကြား, အစရှိသည်ဖြင့်....) ပင်လယ်ရေပြင်အကျယ်အဝန်းက အကန့်အသတ်ရှိသောကြောင့် သဘာဝသန္တာကျောက်နီများသည် အလွန့်အလွန်ကို ရှားပါးလေသည်။ သန္တာကျောက်နီသည် သဘာဝကျောက်မြတ်ရတနာတစ်မျိုးဖြစ်ကာ အရောင်စိုစိုလေးနှင့် နှစ်သက်ဖွယ်အဆင်းရှိ၏။ ၎င်းသည် ပင်လယ်ရေအနက် မီတာ ၁၀၀၀မှ ၂၀၀၀အတွင်းတွင် ဖြစ်ပေါ်ကြသည်ဖြစ်ပြီး ပုလဲ, ပယင်းတို့နှင့်အတူ သဘာဝကျောက်မြတ်ရတနာသုံးမျိုးစာရင်းလဲဝင်ကာ အရှေ့တိုင်း ဗုဒ္ဓဘာသာတို့၏ ပိဋကတ်သုံးပုံမှာရှိသည့် အဖိုးတန်ရတနာ ၇မျိုးထဲတွင် တစ်ခုအပါအဝင်လဲဖြစ်ပေသည်။
ရှေးခတ်အခါမှာကတည်းက သန္တာကျောက်နီကို ကောင်းမွန်သောဆုတောင်းပြုမှုအဖြစ်လဲ မှတ်ယူခဲ့ကြသည်။
အခုသဘာဝသန္တာကျောက်နီ၏ ပေါက်ဈေးသည် ယွမ်၁၀သန်းကျော်လောက်တန်ဖိုးရှိသောကြောင့် ကုနင်းအပါအဝင်အားလုံး ထိတ်လန့်သွားမိကြသည်။ ကုနင်းလဲ စစ်ထူယဲ့အရမ်းရက်ရောမှန်း အသိအမှတ်ပြုလိုက်ရသည်။ ဈေးနှုန်းကအဓိကမဟုတ်ဘဲ သဘာဝသန္တာကျောက်နီဆိုတာ ဈေးကွက်မှာပါ ဝယ်ယူဖို့ အလွန်ရှားပါးသောကြောင့်ပါ။
ကုနင်းကတော့ စမြင်လိုက်ကတည်းက အလွန်ကြိုက်သွားကာ အိမ်ပြန်သယ်သွားပြီး သူမရဲ့စုဆောင်းမှုများထဲထည့်သိမ်းရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
တစ်ဖက်တွင်တော့ လင်ရှောင်းထင်မှာ ကုနင်း စစ်ထူယဲ့၏လက်ဆောင်ကို အရမ်းသဘောကျနေသည်ကိုတွေ့ရ၍ စိတ်မကောင်းဖြစ်သွားကာ ချက်ချင်း သဘာဝသန္တာကျောက်နီကိုတော့ မကြိုက်ချင်တော့ပေ။
နောက်တော့ မြို့တော်G၏ကာကွယ်ရေးဦးစီးမှူးဖြစ်သည့် ခုံးယွမ်ရောက်ရှိလာမှုကြောင့် လူများထပ်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြန်သည်။ ဘာ? စစ်တပ်က အရေးကြီးပုဂ္ဂိုလ်ပါရောက်လာပြန်တာလား?
ဒါကတော့ လင်ရှောင်းထင်ကြောင့်ဆိုတာ မမေးဘဲသိနေနိုင်ပါပြီ။ ကုနင်းလဲ လင်ရှောင်းထင် စီစဉ်ပေးထားမှန်းနားလည်ပေမယ့် ခုံးယွမ်၏ရာထူးကြောင့် အံ့ဩမိသွားသည်။
ကာကွယ်ရေးဦးစီးမှူးဆိုတာ စစ်တပ်ရဲ့ဗိုလ်မှူးကြီးတစ်ယောက်ပဲလေ။ လင်ရှောင်းထင်က ဒီလိုလူမျိုးကိုတောင် ရအောင်ခေါ်လာနိုင်တယ်ဆိုတော့ သူ့ရဲ့ဆွေမျိုး ဒါမှမဟုတ် သူကပိုရာထူးမြင့်နေလို့ပဲဖြစ်ရမယ်။
ကုနင်းကတော့ ဒုတိယထင်မြင်ချက်ကို ပိုပြီးယုံကြည်မိသည်။
လင်ရှောင်းထင်က ခုံးယွမ်ထက်တောင် ရာထူးမြင့်သည်ဆိုတော့ အနည်းဆုံးဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်နိုင်တာပေါ့။
ထိုအကြောင်းတွေးမိလိုက်တော့ ကုနင်း အံ့ဩထိတ်လန့်စွာနဲ့ လင်ရှောင်းထင်ကို လှည့်ကြည့်လိုက်မိသည်။
လင်ရှောင်းထင်လဲ ကုနင်းစိတ်ထဲဘာတွေတွေးနေလဲဆိုသည်ကိုနားလည်သောကြောင့် ဖုံးကွယ်မနေဘဲ,
"ဗိုလ်ချုပ်ကြီး"
ဗိုလ်ချုပ်ကြီး။ သူကတကယ်ဗိုလ်ချုပ်ကြီးပေါ့!
အသက်၂၅နှစ်တည်းနဲ့ ဗိုလ်ချုပ်ကြီးဖြစ်နေတာတယ်! တကယ့်ကို မယုံနိုင်စရာပဲ! ပုံမှန်ဆို ဗိုလ်ချုပ်ကြီးဆိုတာ အသက်၄၀လောက်မှဖြစ်ကြတာလေ။
ကုနင်း အသက်ပြင်းပြင်းရှူလိုက်မိကာ ကိုယ့်ဘာသာတွေးလိုက်မိသည်,
'လင်ရှောင်းထင်, ရှင်အသက်ဘယ်နှနှစ်ကတည်းကများ စစ်ထဲဝင်ခဲ့ပြီး ဘယ်လောက်တောင် ဂုဏ်ဆောင်နိုင်ခဲ့လို့များလဲ?'
ကုနင်း ငိုတောင်ငိုချင်သွားသည်။ ဗိုလ်ချုပ်ဆိုသည့်နေရာရဖို့ရန် အလွန်ခက်ခဲလေသည်။ လင်ရှောင်းထင် ထိုရာထူးကိုရဖို့အတွက် သူ့ဘဝကို အကြိမ်ပေါင်းများစွာထိခိုက်စေပြီး အမြောက်အမြားပေးဆပ်ခဲ့သည်ပဲဖြစ်ရမည်။
လင်ရှောင်းထင် တာဝန်များကို ထမ်းဆောင်ရင်း မည်မျှပင် အန္တရာယ်များနှင့်ရင်ဆိုင်ခဲ့ရနိုင်ကြောင်းတွေးမိလိုက်တော့ ကုနင်းနှလုံးသားလေးထဲ နာကျင်ခံစားသွားရသည်။ ဒါကြောင့် သူမချက်ချင်းပဲ လင်ရှောင်းထင်ရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာရှိမရှိစစ်ဆေးလိုက်ချင်သည်။ ဒဏ်ရာကတော့ သေချာပေါက်ရှိမှာဖြစ်ပြီး အနည်း အများကိုပဲ မေးခွန်းထုတ်ရမည်ဖြစ်သည်။
လင်ရှောင်းထင်က အချစ်ရေးကိစ္စများတွင် သိပ်မတော်ပေမယ့် ဉာဏ်ရည်အရမ်းမြင့်သောကြောင့် ကုနင်းရဲ့အမူအရာကနေ သူမစိုးရိမ်နေမှန်းချက်ချင်းသတိပြုမိလိုက်သည်။ သူ့အတွက်စိတ်ပူနေမှန်းသိလိုက်တော့ ပျော်ရွှင်သွားရပေမယ့် စိတ်မကောင်းလဲဖြစ်သွားကာ သူမကိုနှစ်သိမ့်ပေးလိုက်သည်၊
"ကိုယ်အဆင်ပြေပါတယ်။"
ကုနင်းဘာစကားမှပြန်မပြောဘဲ သူမကိုယ်သူမ စိတ်ငြိမ်အောင်ပြန်လုပ်နေရသည်။ အခုချိန်က ငိုလို့ကောင်းသည့်အချိန်မဟုတ်သေးပေ။
ချင်ယီဖန်းလဲ ကုနင်းထိုလူကြောင့်စိုးရိမ်နေမှန်းသတိထားမိလိုက်ကာ အလွန်ရင်နာမိသွားသည်။ သူတို့နှစ်ယောက်က တကယ့်စုံတွဲတွေလိုပဲ။
ခုံးယွမ်သည်တော့ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်သည့် လီကျူးကော၏ လက်ရေးမူကိုလက်ဆောင်အဖြစ်ပေးခဲ့သည်။
အခုချိန်တွင်တော့ JadeBeautyလက်ဝတ်ရတနာလုပ်ငန်းသည် အလွန်နာမည်ကြီးသွားခဲ့လေပြီ။ ဘယ်သူမှ ဒီလို နယ်ပယ်အသီးသီးက အရေးပါသည့် ပုဂ္ဂိုလ်များကို တစ်စုတစ်စည်းတည်းမမြင်ဖူးခဲ့ကြပေ။ JadeBeautyဆိုင်သည် သိပ်မကြီးပေမယ့် အရမ်းတော့ ကျော်ကြားသွားခဲ့လေသည်။
လူများသည် JadeBeautyတွင် အသုံးပြုထားသည့် ကျောက်စိမ်းများ၏ အရည်အသွေးနှင့်အဆင့်ကြောင့်လဲ သေချာပေါက် အံ့ဩခဲ့ရပြန်တာပေါ့။ ကျောက်စိမ်းအားလုံး အလယ်အဆင့်နှင့်အထက်တွင်ရှိကာ တချို့ဆို ထိပ်တန်းအဆင့်တောင်ဖြစ်နေသေးသည်။
မနက်၁၀နာရီလောက်ကျတော့ ကျိုးကျန်းဟုန်မှစပြီး စကားစပြောလေသည်။
"လေးစားရပါသော ခေါင်းဆောင်များ, နယ်ပယ်အသီးသီးမှ ဧည့်သည်တော်များ, သူငယ်ချင်းများအားလုံး မင်္ဂလာနံနက်ခင်းလေးဖြစ်ပါစေ! ဒီနေ့ကတော့ ကျွန်တော်တို့ဒီကိုရောက်ရှိနေတာက JadeBeautyလက်ဝတ်ရတနာဆိုင်ဖွင့်ပွဲအတွက်ပဲဖြစ်ပါတယ်။ JadeBeautyလက်ဝတ်ရတနာကုမ္ပဏီရဲ့ကိုယ်စား အားလုံးကို ကျွန်တော်က လေးစားစွာ ကျေးဇူးတင်ရှိပါတယ်။"
"ကျောက်စိမ်းဆိုတာ အရာအားလုံးရဲ့အဆီအနှစ်ဖြစ်ပြီး 'အဖိုးတန်ကျောက်များရဲ့ဘုရင်'လို့တော် သတ်မှတ်လို့ရပါတယ်။ ကျောက်စိမ်းမှာ ကံကောင်းမှု, ဉာဏ်ပညာကြွယ်ဝမှု, မြင့်မြတ်ဂုဏ်တင့်မှု နဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဆောင်တဲ့ ကောင်းမွန်တဲ့ အဓိပ္ပါယ်များစွာလဲ ရှိပါတယ်။ JadeBeautyက အဆင့်မြင့်ကျောက်စိမ်းလက်ဝတ်ရတနာတွေကိုပဲ ထုတ်လုပ်မှာလဲဖြစ်တယ်။ ဒီတော့ JadeBeautyကျောက်မြတ်ရတနာရဲ့ အနာဂါတ်အတွက် ဆုတောင်းလိုက်ကြရအောင်! အားလုံးပဲ ပွဲကိုတက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
စကားဆုံးသွားတော့ လက်ခုပ်ဩဘာသံများ ပြည့်နှက်သွားသည်။ အခုကတော့ ဖဲကြိုးဖျက်ဖွင့်လှစ်ရမည့်အချိန်သို့ရောက်ရှိလာပါပြီ။ ယန်ကျန်းလင်, ခုံးယွမ်နှင့် ဆရာကြီးပိုင်တို့က အတူတကွ ဖဲကြိုးဖျက်ပေးကြသည်။ ဖဲကြိုးဖျက်ပွဲပြီးဆုံးသွားချိန်တွင်တော့ ဧည့်သည်များစပြီး အစိမ်းရောင်ဘုရင်ကို သီးသန့်ပုံသွင်းဖို့အတွက် မှာကြားလို့ရကြပါပြီ။
ကုနင်းအစက အစိမ်းရောင်ဘုရင်ကိုဈေးမြင့်မြင့်ပေးနိုင်မည့်လူ အနည်းငယ်လောက်သာရှိမည်ဟုထင်ထားပေမယ့် အခုတော့ ဆယ်ယောက်မကသောလူများက သီးသန့်မှာယူချင်နေကြသည်။ သို့ပေမယ့် အစိမ်းရောင်ဘုရင်က သူတို့အားလုံးရဲ့အလိုအတိုင်းပြုလုပ်ဖို့အတွက်မကြီးတာကြောင့် နောက်အစီအစဉ်တစ်ခုလုပ်မှဖြစ်ပေတော့မည်။
ကံကောင်းစွာပဲ ကုနင်းမှာ အစကတည်းက ဒုတိယအစီအစဉ်ရှိပြီးသားဖြစ်လေသည်။ ဝယ်သူများက သူတို့ပေးနိုင်သည့်ဈေးနှင့် လုပ်ချင်သည့် လက်ဝတ်ရတနာအမျိုးအစားကို စာရွက်တစ်ခုတွင်ချရေးကာ ဝန်ထမ်းများကိုပေးရမည်ဖြစ်သည်။ ဝန်ထမ်းကနေပြီး ထိုစာရွက်များကို စုစည်းကာ ဈေးအမြင့်ဆုံးပေးနိုင်သည့် ဝယ်သူကို အစိမ်းရောင်ဘုရင်ဝယ်နိုင်ဖို့အတွက်ရွေးချယ်သွားမည်ဖြစ်ပေသည်။
မကြာခင်မှာပဲ ရလဒ်ထွက်လာခဲ့သည်။ ဆရာကြီးဖူနှင့် ဆရာကြီးပိုင်တို့နှစ်ယောက်လုံး ကျောက်စိမ်းလက်စွပ်ကျယ်တစ်ကွင်းစီပြုလုပ်ဖို့ရန် တခြားသူများထက်ဈေးပိုပေးနိုင်ခဲ့လေသည်။
ကုနင်းကတော့ ဆိုင်မဖွင့်ရသေးခင် ပထမဆုံးနေ့တွင်ပဲ ယွမ်သန်း၁၀၀ကျောက်လောက်ဝင်ခဲ့ပြီဖြစ်သည်။
သူတို့က စိတ်တိုင်းကျပုံဖော်မှာယူကြခြင်းဖြစ်သောကြောင့် တစ်ယောက်ကို စရန်၂၀ရာခိုင်နှုန်းစီသာ ပေးဆောင်ခဲ့ရသေးသည်။
ပြီးတော့ သတ်မှတ်ထားပြီးသားအလေးချိန် အတိုင်းအတာကွာဟချက်ရှိသောကြောင့် ထိုအတိုင်းအတာအတွင်းရှိပါက ဝယ်သူဘက်မှ အပိုပေးဆောင်စရာမလိုဘဲ ကျော်လွန်သွားလျှင်တော့ ပုံမှန်ဈေးထက်ပိုသည့်ပမာဏကို ထပ်ပေါင်းပေးဆောင်ရမည်ဖြစ်သည်။ ပြီးတော့ လက်ဝတ်ရတနာက သတ်မှတ်ထားသည့်အလေးချိန်ထက် ပိုနည်းနေပါက ဈေးလဲလျော့မည်ဖြစ်သည်။
လက်ဝတ်ရတနာပစ္စည်းတိုင်း ၁၀၀ရာခိုင်နှုန်းအတိအကျအလေးချိန်ဖြင့်ရလိမ့်မည်မဟုတ်ဆိုတာကတော့ လူတိုင်းလက်ခံယုံကြည်သင့်သည့် အမှန်တရားတစ်ခုဖြစ်လေသည်။
...............Book 14 Part 197 End.....................
အခန်း ၁၉၈ လင်ရှောင်းထင် သဝန်တိုခြင်း
ကုနင်းကတော့ သူမရဲ့ဝယ်သူများဆီက အမြတ်ထုတ်မယ့်လူမျိုးမဟုတ်သလို ကုနင်းအတွက် လက်ဝတ်ရတနာများကို ဈေးနိမ့်ရောင်းလိုက်လို့လဲ ကိစ္စမရှိပါဘူး။
သူမကိုယ်တိုင်လဲ ကျောက်စိမ်းဝယ်ဖို့ ငွေအများကြီးသုံးခဲ့ရသည်မှ မဟုတ်ဘဲ။
ချင်ယီဖန်းနှင့် ကျန်နှစ်ယောက်မှာတော့ ပွဲအစကနေ အဆုံးထိလူလုံးထွက်ပြခဲ့ခြင်းမရှိပေ။
နေ့လယ်စာစားချိန်တွင်တော့ ဝန်ထမ်းအားလုံးက ကျိုးကျန်းဟုန်နှင့်အတူ ဟိုတယ်ကိုမလိုက်သွားဘဲ ဆိုင်မှာသာနေခဲ့ကြမည်ဖြစ်သည်။
Jade Beautyဆိုင်သည် ဟွမ်းဒင်ဟိုတယ်နှင့်သိပ်မဝေးဘဲ မိနစ်ပိုင်းလောက်လမ်းလျှောက်ရုံ ကားဆိုလဲ ခနလောက်မောင်းရုံနှင့် ရောက်နိုင်ပါသည်။
ခနနားချိန်တွင်တော့ လင်ရှောင်းထင်က ကုနင်းကို
"ကိုယ့်နောက်လိုက်ခဲ့ဦး။ ပေးစရာရှိလို့။"
"ဘာပေးမလို့လဲ?" ကုနင်းလဲအံ့ဩသွားသလို သိချင်စိတ်လဲ ဖြစ်လာသောကြောင့် လင်ရှောင်းထင်နှင့်အတူ ကားပါကင်သို့လိုက်သွားခဲ့သည်။
ကားထဲရောက်တော့ လင်ရှောင်းထင် လက်ဖဝါးနှစ်ခုစာအရွယ်လောက်ကြီးသည့် သစ်သားသတ္တာလေးတစ်ခုကိုထုတ်ယူလိုက်သည်။
ကုနင်းထိုသတ္တာကို ဖွင့်ကြည့်လိုက်တော့ အထဲမှ အားပြင်းလှသည့်စွမ်းအင်လှိုင်းလုံးကြီးကိုခံစားလိုက်ရသောကြောင့် အနည်းငယ်တုန်လှုပ်သွားသည်။ သို့ပေမယ့် အထဲမှ ပစ္စည်းကိုမြင်လိုက်ရတော့ သူမမျက်လုံးကိုတောင် မယုံနိုင်ဖြစ်သွားရ၏။ အထဲတွင်တော့ စိန်တုံးကြီးနှစ်ခုရှိနေကာ တစ်ခုကတော့ အပြာရောင်ဖြစ်ပြီး တစ်ခုသည်တော့ အနီရောင်ဖြစ်ကာ ငုံးဥအရွယ်အလောက်ကြီးလေသည်။
နောက်ထပ် သွေးနီရောင်ကျောက်စိမ်းလက်ကောက်တစ်ခုနှင့် ခရမ်းရောင်မျက်ဝန်းလို့ခေါ်သည့် ထိပ်တန်းအဆင့်ရှိသည့် ကြက်ဥတစ်လုံးအရွယ် ခရမ်းရောင်ကျောက်စိမ်းတစ်ခုလဲရှိနေပါသေးသည်။
ကုနင်း စိန်ရဲ့ဈေးနှုန်းကိုတော့ မသိပေမယ့် ခရမ်းရောင်မျက်ဝန်းကျောက်စိမ်းနှင့် သွေးနီရောင်ကျောက်စိမ်းရဲ့ ဈေးကိုတော့သိလေသည်။
ခရမ်းရောင်မျက်ဝန်းကျောက်စိမ်းသည် ဖူလူရှိုးကျောက်စိမ်းနှင့် အဆင့်တူလေသည်။ အရွယ်ကလဲ ကြက်ဥတစ်လုံးအရွယ်လောက်တောင်ကြီးတာဆိုတော့ အနည်းဆုံးယွမ်၁၀သန်းကျောက်လောက်တန်ဖိုးရှိမည်။
ပြီးတော့ သွေးနီရောင်ကျောက်စိမ်းလက်ကောက်က ပိုပြီးအဖိုးတန်လေသည်။ ကုနင်း အင်တာနက်တွင်ဖတ်ဖူးသည့် ၄၆ဂရမ်လောက်လေးသည့် သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို လေလံတင်ရောင်းသည့် သတင်းတွင် ယွမ်သန်းပေါင်း ၄၈၀နှင့်ရောင်းထွက်သွားသည်။ သို့ပေမယ့် အခုသတ္တာထဲရှိ
သွေးနီရောင်ကျောက်စိမ်းလက်ကောက်သည်တော့ ထိုသတင်းထဲကထက်ပင်ပိုလို့ လေးနေသည်။
လေလံပွဲဈေးက အပြင်ပေါက်ဈေးထက်ပိုများကာ ဝယ်သူရဲ့စိတ်အခြေနေပေါ်တွင် မူတည်လေသည်။ ရွှေဈေးအရပြောရလျှင် တစ်ခါတစ်လေ ၁ဂရမ်ကို ယွမ်၃ရာလောက်ပေးရပေမယ့် တစ်ခါတစ်လေတော့ ယွမ်၂ရာလောက်သာပေးရပြန်သည်။ ဈေးနှုန်းကတော့ အချိန်တိုင်းပြောင်းလဲနေပေ၏။
"ဒါက ဟိုလူ့ပစ္စည်းထက် ပိုတန်ဖိုးကြီးတယ်။" လင်ရှောင်းထင် အေးအေးဆေးဆေးပဲ စကားစလိုက်သည်။
ကုနင်း ရုတ်တရက် ကြောင်သွားပြီး လင်ရှောင်းထင် ဘာကိုဆိုလိုချင်နေမှန်းမသိပေ။
ဒီတော့ လင်ရှောင်းထင်က ထပ်ပြီးရှင်းပြလိုက်သေးသည်၊
"သွေးနီရောင်ကျောက်စိမ်းလက်ကောက်က သန္တာကျောက်နီထက်ပိုပြီး တန်ဖိုးကြီးတယ်။"
ထိုစကားကိုကြားတော့မှ လင်ရှောင်းထင် ဘာပြောချင်မှန်း ကုနင်းနားလည်သွားကာ မထိန်းနိုင်ဘဲ ရယ်လိုက်မိတော့သည်။
လင်ရှောင်းထင်က စစ်ထူယဲ့ သူမကို တန်ဖိုးကြီးသည့် သဘာဝသန္တာကျောက်နီကိုပေးလို့ သဝန်တိုနေတာပဲ။
ကုနင်း လင်ရှောင်းထင်ကို စလိုက်သည်,
"ရှင်သဝန်တိုနေတာလား?"
လင်ရှောင်းထင် ပေါ်တင်ကြီးဖော်ထုတ်ခံလိုက်ရသောကြောင့် စိတ်မသက်မသာဖြစ်သွားပေမ့် ငြင်းတော့မငြင်းခဲ့ပေ။
ကုနင်းကတော့ ဘာလုပ်လို့လုပ်ရမလဲမသိတော့။ လင်ရှောင်းထင်က အရမ်းအထိခိုက်မခံတဲ့လူစားမျိုးပဲ။ ဒီတစ်နေ့တည်းနဲ့တင် စစ်ထူယဲ့အပေါ် နှစ်ကြိမ်တောင် သဝန်တိုပြီးနေပြီ။
တကယ်တော့ ဒါတွေအားလုံးက လင်ရှောင်းထင်ရဲ့အမှားကြီးပဲတော့မဟုတ်ပါဘူး။ ကုနင်းက သူ့ရဲ့ချစ်သူဖြစ်ဖို့ သဘောမတူသေးတာကြောင့် လင်ရှောင်းထင်မှာ စိတ်ချလက်ချမနေရဲဖြစ်နေခြင်းပါ။ သူသာ ကောင်းကောင်းမလုပ်နိုင်ရင် ကုနင်းငြင်းတာခံလိုက်ရမည်ကို စိုးရိမ်နေမိသည်။
"ကျွန်မဒါကို အရမ်းကြိုက်တယ်။" ပြောရင်းနှင့် ကုနင်း သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို လက်တွင်ဝတ်လိုက်သည်။
ကုနင်းထိုလက်ကောက်ကို သဘောကျရုံတင်မကဘဲ အရမ်းလှပကာ တန်ဖိုးကြီးသောကြောင့် အလွန်စိတ်လှုပ်ရှားနေမိသည်။ အဓိကကတော့ ထိုလက်ကောက်ကို လင်ရှောင်းထင်ထံမှ ရရှိခြင်းဖြစ်လေသည်။ ထို့ကြောင့် သွေးနီရောင်ကျောက်စိမ်းလက်ကောက်မှလွဲပြီး ကျန်သည့် ပစ္စည်းများမှစွမ်းအင်ကိုသာ ကုနင်းစုပ်ယူလိုက်သည်။
သူမရဲ့ကျောက်စိမ်းမျက်ဝန်းက မနေ့ကတည်းက စွမ်းအားတွေပြည့်နေပြီဖြစ်ပြီး စိတ်စွမ်းအင်အာကာပြင်သည်လဲ စတုန်း၁မီတာလောက်ပိုကျယ်လာပြီဖြစ်သည်။
"ရှင် ဒါတွေကို ဘယ်ကရလာတာလဲ?" ကုနင်း သိချင်စွာမေးလိုက်သည်။
"တချို့ကိုက တာဝန်ထမ်းဆောင်ရင်းနဲ့ ယူခဲ့တာ။ တချို့ကတော့ ကိုယ့်ကိုလာပေးကြတာ။ မြို့တော်မှာဆို ဒီ့ထက်အများကြီးရှိသေးတယ်။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။
လင်ရှောင်းထင်က လက်ဝတ်ရတနာများအပေါ် စိတ်ဝင်စားခြင်းမရှိဘဲ သူ့မျက်လုံးထဲတွင်တော့ ကျောက်တုံးများထက်မပိုချေ။ တန်ဖိုးသာမရှိနေရင် လင်ရှောင်းထင် အလုပ်ရှုပ်ခံပြီးသိမ်းထားမည်တောင်မဟုတ်ပေ။
အခုလို ကုနင်းက လက်ဝတ်ရတနာတွေကို သဘောကျတာကို သိလိုက်ရမှတော့ သူလဲ ထိုပစ္စည်းများကို စနစ်တကျသိမ်းဆည်းထားရပေတော့မည်။
ကုနင်းကတော့ လင်ရှောင်းထင် မြို့တော်ကိုပြန်တာ သူမအတွက် လက်ဝတ်ရတနာများသွားယူပေးဖို့အတွက်ဆိုတာကိုမသိသေးတာတောင် ပျော်လွန်းလို့ ငိုချင်နေမိပြီဖြစ်သည်။
ဒီလူက ချစ်စကားချိုချိုလေးတွေမပြောတတ်ပေမယ့် နှုတ်ကတိများထက်ပိုပြီး ထူးခြားက အဓိပ္ပါယ်ရှိသည့် အလုပ်များကိုသာလုပ်ပေးခဲ့သည်။ အပြောထက်အလုပ်နှင့် သက်သေပြသည်ကိုပိုကောင်းလေသည်။
ကုနင်း ငိုချင်သည့်စိတ်ကိုထိန်းချုပ်ရင်း,
"ရှင် ဒါကိုခနလောက်သိမ်းထားပေးပါလား? အခုချိန်ယူသွားဖို့က သိပ်အဆင်မပြေလို့။"
အခုလိုမျိုး သတ္တာအကြီးကြီးတစ်ခုကို သူမသယ်သွားဖို့ကအဆင်မပြေလှပေ။ ပြီးတော့ လင်ရှောင်းထင်ရှိနေတာကြောင့် သူမရဲ့စိတ်စွမ်းအင်အာကာပြင်ထဲထည့်ဖို့သည်လဲ မဖြစ်နိုင်။
လင်ရှောင်းထင် သတ္တာကိုယူကာ မူလနေရာတွင်ပြန်ထား,ထားလိုက်သည်။
ပြီးနောက် နှစ်ယောက်သား ဟွမ်းဒင်ဟိုတယ်သို့ထွက်လာကြသည်။ ဆရာကြီးပိုင်နှင့် တခြားအရေးပါသည့် ပုဂ္ဂိုလ်များလဲ ထိုနေရာတွင်ရှိနေမည်ဖြစ်သောကြောင့် ကုနင်းပျက်ကွက်လို့မဖြစ်ပေ။
JadeBeautyဆိုင်ဖွင့်ပွဲမှအဖြစ်ပျက်များသည် ၆နာရီခွဲသတင်းတွင်မကြေငြာရသေးခင်တွင်ပင် ပျံ့နှံ့နေပြီဖြစ်သည်။ သတင်းက အင်တာနက်ပေါ်တွင် လူတိုင်းအံ့ဩထိတ်လန့်နေကြပြီး အထူးသဖြင့် လက်ဝတ်ရတနာလောကတွင်လုပ်ကိုင်သူများကပိုလို့ပင် လန့်သွားသည်။
ကံကောင်းစွာပဲ JadeBeautyဆိုင်သည် လောလောဆယ်တွင် ကျောက်စိမ်းကိုပဲအဓိကထားရောင်းချကာ တခြားအမျိုးအစားများမပါရှိသေးပေ။
ထိုအချိန်တွင် ရှောင်ပင်းပြန်သတိရလာကာ သူ့အခြေနေနှင့် သူ့ကားအကြောင်းမမေးဘဲ JadeBeauty၏အခြေအနေကိုအရင်ဦးစွာမေးမြန်းလေသည်။
အမျိုးသမီးရှောင်သည်တော့ JadeBeautyဆိုင်၏သတင်းကို မနာလိုဖြစ်စွာနှင့်ကြည့်ရှုနေလေသည်။
"ဟန်နီ၊ ဒီနေ့အတွက် JadeBeautyက သတင်းကြီးပဲ။ မြို့တော်Gရဲ့ ကျော်ကြားတဲ့လူတစ်ဝက်လောက်က ဒီဖွင့်ပွဲကိုတက်ကြာတာ။ အိုက်မိသားစု, ပိုင်မိသားစု, ချင်ဟွားအုပ်စု, အိုးမိသားစု, ဖူမိသားစုနဲ့ မြို့တော်ဝန်လဲတော်ပါသေးတယ်။ ပြီးတော့ ဦးစီးမှူး....."
အမျိုးသမီးဖူဆုံးအောင်မပြောရသေးခင်တွင်ပဲ သတင်းများကြောင့်ထပ်ပြီး အကြီးအကျယ်စိတ်ထိခိုက်သွားရပြန်ကာ ထပ်ပြီးသတိမလစ်ခင် ခံတွင်းအပြည့် သွေးတစ်ပွက်အန်ထုတ်မိသွားပြန်သည်။
"ဟန်နီ, ဟန်နီ, ဒေါက်တာရေ..." အမျိုးသမီးရှောင်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆရာဝန်ဆီပြေးရပြန်တော့သည်။
တစ်ချိန်တည်းတွင်ပဲ ချင်ဂိုဏ်းရွှမ်းဝူအဖွဲ့ခွဲ၏ ထွေထွေမန်နေဂျာဖြစ်သည့် ဝေ့ကျီမင်သည်တော့ သူ့သားရဲ့အမှားဖြစ်နေတာတောင် ပြန်လက်စားချေဖို့ပြင်ဆင်နေလေသည်။ ဘယ်သူအမှားပင်ဖြစ်ပါစေ သူကတော့ သူ့သားကိုကာကွယ်ပေးရပေမည်။ သို့ပေမယ့် လင်ရှောင်းထင်မောင်းလာသည့်ကားမှာ အိုက်မိသားစုပိုင်ဖြစ်နေသည်ကိုသိလိုက်ရတော့ တွန့်ဆုတ်သွားရသည်။
ချင်ဂိုဏ်းကတော့ အိုက်မိသားစုလောက်ကိုမကြောက်ပေမယ့် ဝေ့ကျီမင်ကတော့ ကြောက်ရပါသည်။
...............Book 14 Part 198 End.....................
အခန်း ၁၉၉ စွန့်ပစ်ခံရခြင်း
ဒီကိစ္စတစ်ခုလုံးက ဝေ့ဖေးဟုန်၏အမှားသာဖြစ်လေသည်။ အကယ်၍ ဝေ့ကျီမင်သာ ချင်ဂိုဏ်းနာမည်ကိုယူသုံးပြီး အိုက်မိသားစုကို လက်စားပြန်ချေမည်ဆိုလျှင် သူ့ဘော့စ်သိသွားသိနှင့် အပြစ်ပေးခံရမည်မှာ အသေချာပင်။ ထို့ကြောင့် ဝေ့ကျီမင်ဒေါသထွက်နေရတာတောင် လက်စားချေဖို့ လက်လျှော့လိုက်ရတော့သည်။
ယခုကိစ္စတွင် ဝေ့ဖေးဟုန်ပြဿနာအကြီးအကျယ်တက်မည်စိုး၍ သူ့သားကိုသေချာဂရုစိုက်အောင် သတိပေးခဲ့ရသည်။ ဝေ့ဖေးဟုန်လဲ သူ့အဖေကိုယ်တိုင်ကပြောနေသောကြောင့် ထိုဆုံးမဩဝါဒများကို နားထောင်နေရတော့သည်။
စားသောက်ပြီးသွားတော့ ကုနင်းက ကျိုးကျန်းဟုန်နှင့်အတူ ဆိုင်ကိုပြန်သွားတော့ JadeBeautyဆိုင်တွင် လူများတိုးကြိတ်နေပြီဖြစ်သည်။
အစိမ်းရောင်ဘုရင်ကို တစ်တုံးလုံး မှာယူသွားကြပြီးဖြစ်ပေမယ့် ဆိုင်ပေါ်တွင် တစ်နေကုန်အတွက် ခင်းကျင်းပြသထားမည်ဖြစ်သောကြောင့် လူအများအပြား လာရောက်ကြည့်ရှုကြလေသည်။ ပြီးတော့ တခြားကျောက်စိမ်းများကို ဝယ်ယူကြသူလဲ အများအပြားရှိပါသေးသည်။
မြို့တော်Gသည် ယခုအချိန်အခါတွင် ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သောကြောင့် ချမ်းသာသည့်လူအများအပြား နေထိုင်ကြလေသည်။
ကုနင်းက ရင်းနှီးနေသည့် မျက်နှာကိုတွေ့လိုက်ရသောကြောင့် ထိုနေရာသို့သွားလိုက်သည်။ ထိုအမျိုးသမီးကတော့ အရင်တစ်ခေါက် လီကျန်းကျန်းနှင့် စားသောက်ဆိုင်တွင်ကြုံစဉ်က လီကျန်းကျန်းနှင့် ညစာအတူစားနေသူဖြစ်ပါသည်။
သူမတို့နှစ်ယောက် တစ်ကြိမ်သာတွေ့ဖူးသည်ဆိုပေမည့် ကုနင်း၏မှတ်ဉာဏ်ကောင်းသောကြောင့် တစ်ခါတည်းဆိုလျှင်တောင် ရှင်းရှင်းလင်းလင်းမှတ်မိနေသည်။
ဆုကျင်းကိုမြင်လိုက်သည်နှင့် ကုနင်း ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ လီကျန်းကျန်းမှ ဒီနေရာတွင်ရှိနေမလားလို့ လိုက်ကြည့်မိသွားသည်။ သူမ အခုချိန်တွင် လီကျန်းကျန်းကို လက်စားချေဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ပေမယ့် လီကျန်းကျန်းကတော့ ဆိုင်ထဲတွင်ရှိမနေချေ။ ဆုကျင်းတစ်ယောက်သာ အသက်၃၀အရွယ်လောက်ရှိသည့် အမျိုးသားတစ်ယောက်နှင့်အတူ ဝယ်ယူနေလေသည်။
"ကျင်းကျင်း, မင်းဒီမှာ လက်ဝတ်ရတနာလာဝယ်မယ်ဆိုတာ လီကျန်းကျန်းမသိဘူးလား?" အမျိုးသားကမေးလိုက်သည်။
"သူ့ကို မပြောထားဘူး။ သူသာ သူ့မိသားစုလက်ဝတ်ရတနာဆိုင်မှာ မဝယ်ဘဲ ဒီမှာလာဝယ်တာသိသွားရင် ကျွန်မကို အပြစ်တင်နေလိမ့်မယ်။ ဒါပေမယ့် သူတို့ဆိုင်က ပစ္စည်းတွေက သာမာန်လေးတွေ ပြီးတော့ ပုံစံတွေကိုလဲ မကြိုက်ဘူး။ တခြား အဆင့်မြင့်တံဆိပ်တွေကလဲ ဈေးကြီးလွန်းတယ်။ ဒီဆိုင်က အသစ်လဲဖြစ်တယ် ဒီနေ့ဝယ်တဲ့သူတွေကိုလဲ ၁၀ရာခိုင်နှုန်းလျှော့ဈေးပေးဦးမှာဆိုတော့ သေချာပေါက် လာကြည့်သင့်တယ်လေ။" ဆုကျင်း လီကျန်းကျန်းအကြောင်းအနည်းငယ် မကျေမနပ်ပြောလိုက်သည်။
အမျိုးသားကတော့ တိတ်ဆိတ်နေစဲဖြစ်ပြီး ဆုကျင်းကပဲ ထပ်ကာ,
"အိုး, ကျန်းကျန်း ဒီနေ့ကျွန်မတို့နဲ့ ညနေစာအတူစားဖြစ်မှာမဟုတ်ဘူးနော်။ မနက်ဖြန် မနက်၉နာရီမှ ယုံးလီကလပ်မှာ တွေ့ဖို့ပြောထားတယ်။"
ကုနင်း သူတို့ပြောနေသည်များကို ပြတ်ပြတ်သားသားကြားလိုက်ရသောကြောင့် လီကျန်းကျန်းရဲ့ အစီအစဉ်တွေကိုသိလိုက်ကာ အကြံကောင်းတစ်ခုခေါင်းထဲဝင်လာခဲ့သည်။ အချိန်ကတော့ ကွက်တိပဲ, လုံးဝအလွတ်ခံလို့မဖြစ်ဘူး။
"အဆင်ပြေပါတယ်၊ ဒါပေမယ့် တစ်စုံတစ်ယောက်တော့ စိတ်ပျက်သွားလောက်တယ်။" အမျိုးသားက နောက်ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျွန်မ ဆန်းကို သနားမိတယ်။ သူက ပွေတယ်ဆိုပေမယ့် အခုတော့ ကျန်းကျန်းကြောင့် အများကြီးပြောင်းလဲသွားပြီ။ ဖြစ်ချင်တော့ ကျန်းကျန်းက တခြားတစ်ယောက်ကိုပဲ သဘောကျနေတာ။" ဆုကျင်းပြောလိုက်သည်။
"ကိုယ်ကတော့ လီကျန်းကျန်းကိုပဲ သနားမိတယ်။ သူ့ကိုမကြိုက်တဲ့ ယောက်ျားတစ်ယောက်ကို နှစ်ပေါင်းများစွာ လိုက်ကြိုက်နေခဲ့တာ၊ ကိုယ်ကတော့ သူတို့နှစ်ယောက် နောက်လဲတွဲဖြစ်သွားမယ်လို့မထင်ဘူး။" အမျိုးသားက ပြောလိုက်သည်။
"အမှန်ပဲ၊ သူတို့ကတော့ ကျွန်မတို့လို တစ်ယောက်နဲ့တစ်ယောက်နက်နက်ရှိုင်းရှိုင်းချစ်နေကြတဲ့လူတွေနဲ့မတူဘူးပေါ့။" ဆုကျင်းက ထိုအမျိုးသား၏လက်ကို ပျော်ရွှင်စွာချိတ်ထားရင်းပြောလိုက်သည်။
သို့ပေမယ့် ကုနင်းကတော့ ထိုအမျိုးသားမှာ ဆုကျင်းပျော်နေသလို မပျော်ရွှင်နေကြောင်းခံစားမိလေသည်။ ထိုလူက ဆုကျင်းကို အမှန်တကယ်နက်နက်ရှိုင်းရှိုင်းချစ်နေပုံမပေါ်ပေ။
ကုနင်းဆိုင်မှာ ကြာကြာဆက်မနေဘဲ လင်ရှောင်းထင်နှင့်အတူထွက်သွားတော့သည်။
"အခုဘယ်သွားမလဲ?" ကားပေါ်ရောက်သည်နှင့် လင်ရှောင်းထင်ကစမေးလိုက်သည်။
ကုနင်းစိတ်ထဲတွင်လဲ ထိုမေးခွန်းမျိုးတစ်ပုံစံတည်းရှိနေလေသည်။ ငါတို့အခုဘယ်ကိုဆက်သွားကြမှာလဲ?
ထိုအချိန်တွင် လင်ရှောင်းထင်ဖုန်းမြည်လာသည်။ သူဘယ်နေရာပဲရောက်နေနေ, ဘာပဲလုပ်နေနေ, လုံးဝမကိုင်နိုင်သည့်အခြေနေမှလွဲပြီး ဖုန်းဝင်သမျှကိုပြန်လည်ဖြေကြားလေ့ရှိသည်။ အထူးသဖြင့် သူ့အဖွဲ့ဝင်များစီမှဖြစ်လျှင်ပေါ့။ သူ့အဖွဲ့ဝင်များသည် အရေးကြီးသည့်ကိစ္စတစ်ခုခုရှိတိုင်း သူ့ကိုဆက်သွယ်လေ့ရှိပေသည်။
ယခုခေါ်ဆိုသူသည်တော့ ရှုကျင်းချန်ပင်ဖြစ်ကာ လင်ရှောင်းထင်လဲ ကုနင်းကို ရှောင်မနေဘဲ ဖုန်းပြန်ဖြေလိုက်သည်။
"ဘာကိစ္စလဲ?"
"ဘော့စ် အခုဘယ်မှာလဲ?" ရှုကျင်းချန် တစ်ဖက်ကဖြေလာသည်နှင့် ချက်ချင်း မကျေမနပ်အသံနှင့်မေးခွန်းထုတ်လိုက်သည်။
"မင်း အရေးကြီးတာပြောစရာရှိလို့လား?" ရှုကျင်းချန်၏လေသံကိုကြားသည်နှင့် သူ့မှာ ဘာမှအရေးတကြီးပြောစရာကိစ္စမရှိမှန်း လင်ရှောင်းထင်တန်းသိလိုက်သည်။
"ဘာမှထွေထွေထူးထူးတော့မရှိပါဘူး။ မင်းဘယ်ရောက်နေလဲဆိုတာ သိချင်ရုံပါ။ မနေ့က မင်းဆီလာမို့ဆိုပြီး မြို့တော်Fကိုရောက်ခဲ့သေးတယ်၊ ဒါပေမယ့် မင်းကဖုန်းပိတ်ထားတယ်။" ရှုကျင်းချန် စွန့်ပစ်ခံလိုက်ရသလိုခံစားနေရလေသည်။
"မင်းမှာ အချိန်တွေတော်တော်ပိုနေတယ်ပေါ့?" လင်ရှောင်းထင်မေးလိုက်သည်။
ထိုအခါတွင်တော့ ရှုကျင်းချန် အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရပြီး အခုသူ့ဘက်က မှန်တယ်လိုသာဖြေလိုက်လျှင် သေချာပေါက် အနှိပ်စက်ခံရမည်ကို နားလည်လိုက်သောကြောင့် အမြန်ငြင်းလိုက်ရသည်၊
"မဟုတ်ဘူး- မအားဘူး- မအားဘူး။ ကျွန်တော်အလုပ်များတာပေါ့။ ဒါပဲနော်။"
ရှုကျင်းချန် ချက်ချင်းပဲဖုန်းချပစ်လိုက်တော့သည်။
"ဟ-ဟ" ကုနင်းအကျယ်ကြီးထရယ်လိုက်ကာ စပ်စုကြည့်လိုက်သည်,
"သူဘာလို့ ရှင့်ကိုဒီလောက်ကြောက်နေတာလဲ?"
ရှုကျင်းချန်က လင်ရှောင်းထင်ရှေ့ရောက်သွားလျှင် လုံးဝကလေးတစ်ယောက်လိုကိုဖြစ်သွားလေသည်။
"ကိုယ်သူ့ကို အပြစ်အများကြီးပေးထားဖူးလို့။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။
"အိုး, ရှုကျင်းချန် ဒီလိုလေးမေးရုံနဲ့ ရှင်ကအပြစ်ပေးတယ်ဆိုတော့ ရှင့်လက်အောက်ငယ်သားတွေကိုလဲ အမြဲဒီလိုအပြစ်ပေးနေကျလား?" ကုနင်းမေးလိုက်ပေမယ့် သူမကိုယ်တိုင်တောင် အမှန်လို့မထင်ပါဘူး။
သို့ပေမယ့် လင်ရှောင်းထင်ကတော့ လန့်သွားကာ ချက်ချင်းပဲပြန်ဖြေရှင်းတော့သည်။
"မဟုတ်ပါဘူး။ ကိုယ်တို့က စည်းကမ်းတင်းတင်းကြပ်ကြပ်နဲ့ လေ့ကျင့်နေရာတာလေ။ ပြီးတော့ ကိုယ်က သူတို့ အပျင်းကြီးနေလို့ အပြစ်ပေးတာပါ။ ဒါကြောင့် ကြောက်နေကြတာ။"
"ရပါပြီ, ကျွန်မရှင်ပြောတာကို ယုံပါတယ်။" ကုနင်းလဲ လေ့ကျင့်ရေးဆင်းရသည်မှာ ဘယ်လောက်တောင် ခက်ခဲကြောင်းသေချာသိထားပြီးဖြစ်သည်။ တစ်ကြိမ်လောက် ပျင်းလိုက်သည်နှင့် စံသတ်မှတ်ချက်ကို မမှီလိုက်သည်နှင့် အကြိမ်ပေါင်းများစွာအပြစ်ပေးခံကြရပေလိမ့်မည်။ အကယ်၍ သန်မာမှု စိတ်ဓါတ်ကြံခိုင်မှုသာမရှိလျှင် ချက်ချင်းထွက်သွားဖို့သာရှိနေတာ့သည်။
ကုနင်း အခုထိနောက်ဘယ်သွားရမလဲဆိုတာ စဉ်းစားလို့မရသေးသေးပေ။ အိုး!
"ရှေးဟောင်းဈေးကိုသွားကြရအောင်။" ကုနင်းအကြံပြုလိုက်သည်။
JadeBeautyလက်ဝတ်ရတနာဆိုင်၏သတင်းက မြို့တော်G တဝိုက်မှ တခြားမြို့များကိုပါ ပျံ့နှံ့သွားပြီး လူတိုင်း ထိုဖွင့်ပွဲအခမ်းအနား၏ကြီးကျယ်လှမှုကြောင့် ထိတ့်လန့်ခဲ့ကြရလေသည်။
အပြင်လူတွေသည်တော့ ထိုသတင်းကြားပြီး မကြာခင်တွင်ပြန်မေ့ပျောက်သွားကြမည်ဆိုပေမယ့် အတွင်းလူများ အထူးသဖြင့် လက်ဝတ်ရတနာလုပ်ငန်းရှင်များ, ကျောက်စိမ်းချစ်သူများကတော့ မေ့မပစ်နိုင်စရာပါပဲ။
ရှောင်ပင်း နောက်တစ်ကြိမ်နိုးလာခဲ့ပေမယ့် မြို့တော်တစ်ခွင် အုံအုံကြွကြွဖြစ်သွားအောင်လုပ်ခဲ့သည့် JadeBeauty၏သူဌေးမှာ ကျိုးကျန်းဟုန်ဖြစ်သည်လို့ လက်မခံနိုင်သေးပေ။ ထိုအကြောင်းကို သိမေ့ပစ်လိုက်ချင်ပေမယ့် တီဗီအစီအစဉ်များက ဆက်တိုက်ကို ပြန်အမှတ်ရအောင်လုပ်ဆောင်နေလေသည်။
"ငါ့ကားနဲ့ အိမ်တံခါးကော ဘာဖြစ်သွားပြီလဲ? ဘယ်သူလုပ်တယ်ဆိုတာ သိရပြီလား? " ရှောင်ပင်း ဒေါသတကြီးမေးလိုက်သည်။ သူ့အိမ်တံခါးနှင့် ကားကိုဘယ်သူဖျက်ဆီးလဲဆိုတာမသိသလို ဘယ်သူ့ကို စိတ်အနှောက်အယှက်ဖြစ်အောင်ပြုမိသည်ကိုလဲ မတွေးနိုင်ပေ။
"မသိရသေးဘူး။ စောင့်ကြည့်ခန်းကလူပြောတာတော့ အဲ့ကိစ္စဖြစ်တဲ့အချိန်တွင်းက ဗီဒီယိုတိပ်တွေပျက်စီးနေတယ်တဲ့။ ဒါတမင်ကြံစည်ထားကြတာပဲဖြစ်မယ်။ တမင်ရည်ရွယ်လုပ်ပြီး စောင့်ကြည့်ခန်းကလူကိုလဲ လာဘ်ထိုးထားတာပဲဖြစ်ရမယ်။ ကျွန်မရဲကိုလဲ အကြောင်းကြားပြီးသွားပြီ။" အမျိုးသမီးရှောင်လဲ ဒေါသထွက်နေကာ ထိုကိစ္စကို မတော်တဆဖြစ်တယ်လို့ မထင်ပေ။
"ကျိုးကျန်းဟုန်များဖြစ်နေနိုင်မလား? မနေ့က ရှင် သူ့ဆိုင်ကို ဖျက်စီးဖို့ လူမိုက်တွေလွှတ်လိုက်ရုံရှိသေး ပြီးတာနဲ့ ကျွန်မတို့အိမ်တံခါးနဲ့ ကားကပျက်စီးသွားရော။ သူကလွဲပြီး တခြားဘယ်သူ့ကိုမှ မစဉ်းစားမိဘူး။" အမျိုးသမီးရှောင်က ဆက်ပြောလိုက်သည်။
ရှောင်ပင်းလဲ ထိုတော့မှ သူ့မိန်းမပြောတာကဖြစ်နိုင်ကြောင်း သိသွားသည်။ JadeBeautyက ဒီနေ့အစီအစဉ်အတိုင်းဆိုင်ဖွင့်နိုင်ခဲ့တယ်ဆိုတော့ မနေ့ညက သူ့အစီအစဉ်ရှုံးနိမ့်ခဲ့လို့ပဲ။
ပြီးတော့ ထိုလူမိုက်များကလဲ လိုအပ်လာလျှင် သူ့ကိုသစ္စာဖောက်ဖို့ တွန့်ဆုတ်နေမည်မဟုတ်မှန်း သေချာသိနေလေသည်။
...............Book 14 Part 199 End.....................
အခန်း ၂၀၀ နယ်မြေချဲ့ထွင်ခြင်း
သေချာစေရန် ချက်ချင်းပဲ ရှောင်ပင်းလူမိုက်ခေါင်းဆောင်ကို ဖုန်းဆက်လိုက်သည်။
သို့ပေမယ့် လူမိုက်ခေါင်းဆောင်ဘက်မှ ယခုအချိန်အထိပြန်လည်ဖြေကြားခြင်းမရှိသောကြောင့် ရှောင်ပင်း ခေါင်းဆောင်ဟူဆီသို့ ဖုန်းဆက်လိုက်သည်။
ခေါင်းဆောင်ဟူကတော့ ပြန်ဖြေလာသည်၊ "ဟိုင်း, ဘာကိစ္စရှိလို့လဲ, လူကြီးမင်းရှောင်?"
"ဟိုင်း, ခေါင်းဆောင်ဟူ, မနေ့ညက ကျိုးကျန်းဟုန်ရဲ့ဆိုင်ကိစ္စကို ကူညီပေးဖို့ လူမိုက်အဖွဲ့က သဘောတူခဲ့တယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်ဖုန်းဆက်တာကို မကိုင်ကြတော့ဘူး။ သူတို့အစီအစဉ်ကျရှုံးခဲ့တယ်လို့တော့ထင်တယ်။ ခေါင်းဆောင်ဟူ ကျွန်တော့်အတွက် သူတိုကို ကူရှာပေးနိုင်မလား?" အခုချိန်မှာ ရှောင်ပင်းဒေါသအရမ်းထွက်နေပေမယ့်လို့ ခေါင်းဆောင်ဟူရှေ့တွင်တော့ မပေါက်ကွဲရဲပေ။
"တကယ်လား? သူတို့ ပြဿနာတက်နေတာများလား?" ခေါင်းဆောင်ဟူလဲ ထိုလူမိုက်တော့ JadeBeautyဆိုင်လောက်ကိုတော့ ကိုင်တွယ်နိုင်မည်ထင်ထားသောကြောင့် အံ့ဩမိသွားပေသည်။
ခေါင်းဆောင်ဟူ ရှောင်ပင်းရဲ့တောင်းဆိုချက်ကိုမငြင်းဘဲ,
"ကျုပ်ရှာကြည့်လိုက်မယ်, ပြီးတာနဲ့အကြောင်းပြန်ပေးမယ်။"
"အရမ်းကောင်းတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်, ခေါင်းဆောင်ဟူ။" ရှောင်ပင်း ကျေးဇူးတင်စကားပြောကာ ဖုန်းချလိုက်တော့သည်။
"ဟန်နီ၊ ကျွန်မတို့အိမ်တံခါးနဲ့ ကားကိုကော တကယ်ပဲ ကျိုးကျန်းဟုန်လုပ်တာလား?" အမျိုးသမီးရှောင်ကမေးလိုက်သည်။
"အဲ့ဒါသာအမှန်ဆိုရင်၊ ငါတို့လဲ သူ့ကို တစ်ပုံစံတည်းပြန်လုပ်ပေးရမှာပေါ့။ သူ ဒီတစ်ခေါက်တော့ ငါ့ကို ယွမ်သိန်းနဲ့ချီပြီး ဆုံးရှုံးအောင်လုပ်ခဲ့တာပဲ။" ကျိုးကျန်းဟုန် အံ့ကြိတ်ရင်း သူကပဲ ခံရသူတစ်ယောက်လိုပုံစံနှင့် ကြုံးဝါးလိုက်သည်။
သူသာ ထိုလူမိုက်များကို အကူညီမတောင်းခဲ့လျှင် ကျိုးကျန်းဟုန်ဘက်မှလဲ ယခုလို ပြန်လက်စားချေစရာအကြောင်းမရှိပေ။ ပြီးတော့ ဒီကိစ္စက ကျိုးကျန်းဟုန်လုပ်သည်လဲမဟုတ်။ တကယ်တော့ ရှောင်ပင်း ကျိုးကျန်းဟုန်ကိုစိတ်တိုရမည်မဟုတ်ဘဲ JadeBeautyလက်ဝတ်ရတနာလုပ်ငန်း၏တကယ့်ဘော့စ်ဖြစ်သည့် ကုနင်းကိုသာ စိတ်တိုရမည်ဖြစ်လေသည်။
သေချာပေါက် ကျိုးကျန်းဟုန်ကိုလူကြားထဲမှာပြဿနာရှာဖို့အထိတော့ ရှောင်ပင်းမတုံးအသေးပါဘူး။ ကျိုးကျန်းဟုန် နောက်ကျောကနေဓါးနဲ့ထိုးဖို့သာ ကြံစည်မည်ဖြစ်သည်။
............
အဆုံးမှာတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ လမ်းတဝက်တွင် ဆူပူမှုတစ်ခုနှင့်ကြုံလိုက်ရသောကြောင့် ရှေးဟောင်းဈေးသို့မသွားခဲ့ရပေ။
ထိုနေရာသည် မြို့တော်G၏ ခရိုင်ဟောင်းတစ်ခုတွင်ဖြစ်ကာ လမ်းဝင်ပေါက်တွင် ရဲတွေရော လူအများအပြားပါ စုရုံးနေကြပြီး ပြင်းထန်သည့် အဓိကရုဏ်းတစ်ခုဖြစ်ပွားနေလေသည်။
လင်ရှောင်းထင်က စစ်တပ်အရာရှိတစ်ယောက်ဖြစ်တာကြောင့် အခုလိုအဖြစ်အပျက်မျိုးကို လျစ်လျူမရှုလိုက်နိုင်ဘဲ ကားကို လမ်းတစ်ဖက်တွင်ရပ်ကာ ထိုနေရာသို့လျှောက်သွားလိုက်သည်။
လူအုပ်ကြီးအလယ်တွင်တော့ လူနှစ်စုက မျက်နှာချင်းဆိုင်ရပ်နေကြသည်။
တစ်ဖက်အဖွဲ့သည်တော့ မြို့သူမြို့သားများဖြစ်ကာ တုတ်များ တံမြတ်စည်းများကိုကိုင်ထားကြကာ တခြားတစ်ဖက်သည်တော့ သေနတ်များကိုင်ထားသည့် ရဲအဖွဲ့ဖြစ်သည်။
"တင်းပေဝေ့, ရဲတွေကဆန့်ကျင်တာ ဥပဒေနဲ့မညီဘူးနော်။ မင်းက အကြီးတန်းဆရာတစ်ယောက်ဖြစ်ပြီး ဒါကို သေချာသိသင့်တယ်။ ဘယ်လိုလုပ် ငါတို့ကို လမ်းပေါ်မှာဆန့်ကျင်ဖို့ လူတွေကိုဦးဆောင်လာခဲ့ရဲရတာလဲ? မင်းတို့ကို ရဲစခန်းစီခေါ်သွားရမယ်။" အသက်၃၀အရွယ်လောက်ရှိသည့် အမျိုးသားက အသက်၄၀ကျော်လောက်ရှိသည့်အမျိုးသားကို အော်ပြောလိုက်သည်။
"အဲ့ဒါမင်းတို့ မရိုးသားကြလို့လေ။ ငါတို့ကို အပြစ်လာမတင်နဲ့။ အိမ်ခြံမြေလုပ်ငန်းရှင်တွေကို ဒီခရိုင်အသစ်တစ်ထောင်ဖို့ ငါတို့သဘောတူခဲ့တာမှန်ပေမယ့် မင်းတို့ဘက်ကလဲ သင့်တော်တဲ့ဈေးနှုန်းပြန်ပေးသင့်တယ်လေ။" တင်းပေဝေ့က ဒေါသတကြီးပြန်ပြောလိုက်သည်။
ထိုစကားများကိုကြားလိုက်တော့ ကုနင်းလဲ ယခုဒီနေရာတွင် ဖြစ်နေသည့်အခြေအနေကို ချက်ချင်းနားလည်သွားတော့သည်။ အိမ်ခြံမြေလုပ်ငန်းရှင်များသည် ဒီနေရာကို ဒီနယ်မြေကို လိုချင်နေကြပေမယ့် ဈေးနှိမ်ပေးတာကြောင့် အငြင်းခံခဲ့ရသည်။
"သေချာတာပေါ့။ ငါတို့ဘာမှမသိဘူးလို့ မင်းတို့ထင်မနေကြနဲ့။ မနှစ်က ဒုန်ချန်းနယ်မြေပြန်လည်တည်ဆောက်ရေးကို အကောင်းဆုံးဥပမာပဲ။ သူ့ရဲ့မြေနေရာက ကျန်းယန်လမ်းနဲ့ဆင်တူတယ်။ ပြီးတော့ အုတ်မြစ်ချတာကာ ယွမ်၂သောင်းတောင်တန်ပြီး အဆောက်အဦးနေရာဆို ၁စတုရန်းမီတာကို ယွမ်၁သောင်းတောင်ရတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မင်းတို့လုပ်ပုံကိုကြည့်ကြဦး? အုတ်မြစ်ချတာကို ယွမ်ယွမ်၁သောင်းခွဲတည်းပေးတဲ့အပြင် အဆောက်အဦးနေရာကိုလဲ ၁စတုရန်းမီတာကို ယွမ်၇ထောင်တည်းပေးတယ်တဲ့လား။ မင်းတို့ ငါတို့အကျိုးစီးပွားကို ထိခိုက်နေတာမဟုတ်ဘူးလား?" နောက်လူတစ်ယောက်ကလဲ မခံမရပ်နိုင်ဖြစ်ကာ ဝင်ပြောလိုက်သည်။
"မင်းတို့ဘာလို့ ဒီလောက်ရက်စက်ကြရတာလဲ? ဘုရားသခင်ရဲ့အပြစ်ပေးခံရမှာကို မကြောက်ကြဘူးလား?" မြို့သူမြို့သားများကလဲ ဝိုင်းဝန်းအပြစ်တင်ကြတော့သည်။
ထိုစကားကိုကြားတော့ ကုနင်းဒေါသထွက်သွားသည်၊ ဒါလုံးဝမမျှမတလုပ်နေတာပဲ။
သူမပတ်ဝန်းကျင်မြေအနေအထားကို စူးစမ်းကြည့်လိုက်တော့ နေရာကောင်းတစ်ခုဖြစ်နေပြီး အုတ်မြစ်ချဖို့အတွက် ယွမ်၂သောင်းလောက်ပေးသည်ကမှ သင့်တော်ကာ အဆောက်အဦးနေရာအတွက်တော့ ၁စတုရန်းမီတာကို ယွမ်၁သောင်းတန်လေသည်။ ခရိုင်ဟောင်းတစ်ခုဖြစ်တာကြောင့် အသစ်များလောက်တော့ အောင်မြင်ကြီးပွားနိုင်သည့်နေရာမဟုတ်ပေမယ့် မူလတန်း, အလယ်တန်း နှင့် အထက်တန်းကျောင်းများ ဝန်းရံတည်ရှိနေလေသည်။ ဒါကြောင့် နေထိုင်စရာနေရာများများသာရှိမယ်ဆိုလျှင် လူအများကြီးလာဝယ်ကြပေလိ့မ်မည်။ ဒါကအရမ်းကို အကျိုးအမြတ်ရမည့် ကိစ္စပဲ။
ထိုအကြောင်းကိုတွေးမိတော့ ကုနင်းစိတ်ထဲ အတွေးတစ်ခုဝင်လာခဲ့ကာ ဒီနယ်မြေကို ဝယ်ယူချဲ့ထွင်ရန် ဆုံးဖြတ်လိုက်သည်။
ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းက ဒီနေရာကို ဈေးနှိမ်ဝယ်နေမှတော့ သူမဘက်က ဈေးပိုမြှင့်ကာ ပိုပြီးသင့်တော်သည့် ဈေးနှင့်ကမ်းလှမ်းပေးရမှာပေါ့။
"ခင်ဗျား...." တင်းပေဝေ့ကို ဆန့်ကျင်ပြောဆိုနေသည့်လူကတော့ ကျန်းကွမ်းသယ်ဖြစ်ပြီး ဒီနယ်မြေခေါင်းဆောင်လဲဖြစ်ပေသည်။ သူ့အိတ်ထဲ အပိုငွေတွေအားလုံးသိမ်းကြုံးထည့်ဖို့စီစဉ်ထားသူလဲဖြစ်တာကြောင့် ယခုမြို့သူမြို့သားများကို မည်သို့ပြန်ပြောရမှန်းမသိဖြစ်နေလေသည်။
"ကျွန်းကွမ်းသယ်၊ ငါပြောလိုက်မယ် တကယ်လို့ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းကသာ သင့်တော်တဲ့ဈေးနှုန်းအတိုင်းမပေးဘူးဆိုရင် ငါတို့ဘက်ကလဲ ဘာအကြောင်းနဲ့မှ ဆက်ပြီး အပေးအယူလုပ်စရာအကြောင်းမရှိဘူး။" တင်းပေဝေ့က ဆုံးဖြတ်ချက်ပြတ်သားစွာပြောလိုက်သည်။
"ကောင်းပြီလေ။ မင်းတို့ဘာများလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့။" ကျန်းကွမ်းသယ် ပြဿနာကို မည်သို့ဆက်ဖြေရှင်းမလဲ မသိတော့တာကြောင့် ခြိမ်းခြောက်ရုံသာတတ်နိုင်တော့ပြီး ရဲများနှင့်အတူပြန်ထွက်သွားတော့သည်။
ကျန်းကွမ်းသယ်နှင့် ရဲများထွက်သွားသည်နှင့် ကုနင်း တင်းပေဝေ့ဆီသွားလိုက်သည်။
လင်ရှောင်းထင်ကတော့ ကုနင်းဘာလုပ်ချင်မှန်းမသိပေမယ့်လဲ သူမစကားနားထောင်ကာ ကားနားမှာပဲ ပြန်စောင့်လိုက်သည်။
"မင်္ဂလာပါ၊ လူကြီးမင်းတင်း, ကျွန်မတို့သီးသန့်စကားပြောလို့ရမလား?" ကုနင်း ယဉ်ယဉ်ကျေးကျေးမေးလိုက်သည်။
တင်းပေဝေ့သည် နယ်မြေချဲ့ထွင်ခြင်းကို ဆန့်ကျင်သည့်အဖွဲ့အား ဦးဆောင်နေမှတော့ သူ့တွင် မြို့သူမြို့သားများအား လွှမ်းမိုးနိုင်သည့် ပုံရိပ်တော့ရှိနေရပေမည်။
တင်းပေဝေ့ကတော ကုနင်းကို သာမာန်အထက်တန်းကျောင်းသူလေးတစ်ယောက်လို့သာတွေးလိုက်သည်။ သူမနှင့် ရင်းနှီးဖူးလား မရင်းနှီးဖူးလားဆိုတာကို မသိပေမယ့် သူမဘက်က စကားပြောချင်နေမှတော့ သူ့ဘက်ကငြင်းဆန်စရာအကြောင်းမရှိပေ။
ဒါကြောင့် တင်းပေဝေ့ ကုနင်းနှင့်အတူ တစ်ဖက်သို့ထွက်လာလိုက်သည်။
"မင်း ငါ့ကိုဘာပြောချင်တာလဲ?" တင်းပေဝေ့မှာ ဒေါသထွက်နေတုန်းပေမယ့် ကုနင်းရှေ့တွင်တော့ အတင်းကြိုးစားကာ ညင်ညင်သာသာပြောလိုက်ပေသည်။
ကုနင်းလဲ သူမရည်ရွယ်ချက်ကို သွယ်ဝိုက်မနေဘဲ တန်းပြောလိုက်သည်၊
"ရှင် ဒီနယ်မြေချဲ့ထွင်တဲ့ကိစ္စကို ကန့်ကွက်နေတာ ကျွန်မသိလိုက်တယ်။ အဲ့ဒါက ရှင်တို့ ဒီနေရာက ထွက်မသွားချင်ကြလို့လား ဒါမှမဟုတ် ညှိနှိုင်းဈေးကို မကျေနပ်ကြလို့လား?"
ထိုစကားကိုကြားတော့ တင်းပေဝေ့စိတ်ထိန်းကာ သေချာရှင်းပြလိုက်သည်၊
"ငါတို့ဒီနေရာမှာ နေခဲ့တာ ၁၀နှစ်မကကြတော့ဘူး။ ဒီတော့ သေချာပေါက် မပြောင်းချင်ကြဘူးပေါ့။ ဒါပေမယ့် ဒီနေရာက ပိုပြီးဖွံ့ဖြိုးဖို့လိုနေတာကိုလဲ သိတယ်၊ ပြီးတော့ အစိုးရဘက်ကလဲ ဒီနေရာကို မကြာခင် ဖြိုချကြတော့မယ်ဆိုတာလဲသိတယ်။ ဒီလိုဆို ငါတို့ဘက်ကသဘောမတူနိုင်ရင်တော့ အစိုးရကိုတော့ တွန်းလှန်ဖို့မဖြစ်နိုင်ဘူး။ ဒါ-ဒါပေမယ့် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းကပေးတဲ့ ညှိနှိုင်းငွေက အရမ်းနည်းလွန်းတယ်။"
"တကယ်လို့ကျွန်မဘက်က အုတ်မြစ်ချအတွက် ယွမ်၂သောင်း အဆောက်အဦးနေရာ စတုန်း၁မီတာစီအတွက် ယွမ်၁သောင်းဆိုပြီး သင့်တော်တဲ့ဈေးနှုန်းပေးနိုင်မယ်ဆိုရင်ကော ရှင်တို့ ကျွန်မကို ဒီမြေနေရာကို ရောင်းချင်လား?"
"ဘာ?" တင်းပေဝေ့ ထိတ်လန့်သွားကာ သူ့ကြားရသည်ကိုပင်မယုံနိုင်ဖြစ်နေသည်။
အသက်၃၀ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ကသာ သူ့ကိုဒီစကားလာပြောတာဆိုလျှင် ဒီလောက်အထိလန့်မည်မဟုတ်ပေမယ့် ကုနင်းကအခုမှ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်သာသာရှိနေသေးသည်လေ။