← Chapters

အခန်း (၆၀၆-၆၁၀)

Vol. 41 Ch. 606-610

အခန်း (၆၀၆-၆၁၀)

Vol. 41 Ch. 606-610

အခန်း ၆၀၆

ငါနဲ့တစ်ညအိပ်

လျှိုရှင်းချီ ပြုံးလိုက်ကာ သူ၏အလိုဆန္ဒများပြည့်လျှမ်းနေသည့် အသံကိုလဲ ဖုံးကွယ်မထားခဲ့ပေ။

“ငါနဲ့တစ်ညလောက်အိပ်ပေး။”

“နင်…” ဖန်ရွှယ်ချင် ဒေါသထွက်သွားတော့သည်။ လျှိုရှင်းချီနှင့်အိပ်ရခြင်းထက် သေတာကမှပိုပြီး သာနေပေဦးမည်။ လျှိုရှင်းချီသည် ရုပ်ဆိုးကာ အဆီများပိတ်နေအောင် ဝရုံတင်မကဘဲ သူ၏အိပ်ယာပေါ်မှ အရည်အချင်းကလဲ ကြက်သီးထစရာကောင်းလှပေသည်။ သူဇနီးဆိုလဲ ထိုသို့သောအခြေအနေကို သည်းမခံနိုင်၍ ကွာရှင်းခဲ့ခြင်းဖြစ်သည်။

တကယ်တော့ လျှိုရှင်းချီသည် အရမ်းရုပ်ဆိုးလွန်းသည်မဟုတ်ဘဲ ခန့်ညာချောမောကာ လူကြီးလူကောင်းဆန်လွန်းသည့် ထန်ယွင်ဖန်းနှင့်ယှဉ်လျှင် အတော်လေးသာမာန်ဆန်ရုံမျှသာဖြစ်သည်။ သို့ပေမည့် ဖန်ရွှယ်ချင်သည်တော့ လှပသည့်အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် လျှိုရှင်းချီကို အထင်သေးသည်က ပုံမှန်ပင်။

“အရင်လဲ အိပ်ဖူးခဲ့တာပဲ။ အခုမှ ဘာတွေကြောက်နေတာလဲ? ငါတခြားလူတွေကို ပြန်မပြောပါဘူး။” လျှိုရှင်းချီပြောလိုက်သည်။ သူသာ တစ်ယောက်ယောက်ကို ထိုအကြောင်း ပြောပြလိုလျှင် ယခုလို နှစ်အနည်းငယ်ကြာသည်အထိ လျှို့ဝှက်ထားနေစရာအကြောင်းလဲ မရှိပေ။

လျှိုရှင်းချီသည်လဲ သူ၏ဂုဏ်သတင်းကို တန်ဖိုးထားသူဖြစ်ကာ လူအများအမြင်တွင်တော့ သူသည် ပညာတတ်လူရည်မွန်တစ်ဦးဖြစ်သောကြောင့် သူ၏မကောင်းသည့်ဘက်အခြမ်းကို တစ်ခြားလူတစ်ယောက်အား ကိုယ်တိုင်လိုက်ပြောပြနေစရာအကြောင်းမရှိပေ။ ထို့အပြင် လျှိုရှင်းချီသည် အမျိုးသမီးများကို အပေးအယူဖြင့်သာ ဆက်သွယ်ချင်ပြီး အကြမ်းနည်းလဲ မသုံးလိုသူဖြစ်သည်။

“ပါးစပ်ပိတ်ထားစမ်း! အဲ့ဒီကိစ္စ ပြန်အစမဖော်စမ်းနဲ့!” ဖန်ရွှယ်ချင် ရှက်ရွံ့ကာ ချက်ချင်း ဖြတ်ပြောလိုက်သည်။

“ထားပါ၊ မင်းမလုပ်ချင်လဲ မေ့လိုက်တော့။” လျှိုရှင်းချီ စိတ်ပျက်သွားရသည်။ တကယ်တော့ ဖန်ရွှယ်ချင်သည် အလွန်ခံစားလို့ကောင်းသည့် အမျိုးသမီးတစ်ဦးဖြစ်ကာ ပြီးခဲ့သည့်တစ်ကြိမ်က သူမအမူးလွန်နေသော်လည်း စိတ်ခံစားချက်များကတော့ မြင့်တက်လို့နေသောကြောင့် လျှိုရှင်းချီ အလွန်သဘောကျလို့သွားခဲ့လေသည်။ ထို့အတွက်ကြောင့် ဖန်ရွှယ်ချင်ကို ထပ်ပြီးကမ်းလှမ်းခဲ့ပေမည့် ဖန်ရွှယ်ချင်ကတော့ အမြဲတမ်းငြင်းဆန်နေမြဲပင်။

လျှိုရှင်းချီ ဘာမှမတတ်နိုင်တော့ဘဲ သက်ပြင်းသာချလိုက်ကာ၊

“မင်း ပါတီမှာ ထန်ယွင်ဖန်းနဲ့တွေ့ချင်လို့မှန်း ငါသိပေမယ့် ဒီလောက်နှစ်တွေအများကြီးကြာနေပြီဆိုတော့ မင်းလဲ လက်လျှော့လိုက်သင့်နေပြီ။ ဘာလို့ ငါနဲ့လက်မထပ်လိုက်တာလဲ? ငါ့ရဲ့ကြွယ်ဝမှုက ထန်ယွင်ဖန်းကို ယှဉ်နိုင်ဖို့ခက်ခဲတယ်ဆိုပေမယ့် မင်းမိသားစုထက်တော့ ချမ်းသာပါသေးတယ်။”

လျှိုရှင်းချီပြောတာမှန်လေသည်။ လျှိုမိသားစုရော ဖန်မိသားစုပါ Bမြို့မှ ကျိကျိတက်ချမ်းသာသည့် မိသားစုများဖြစ်ပေမည့် လျှိုရှင်းချီကတော့ ဖန်မိသားစုထက်ပိုပြီး ချမ်းသာလေသည်။

လျှိုရှင်းချီ ယခုထိ ဖန်ရွှယ်ချင်ကို ပိုးပန်းဖို့ရန် လက်မလျှော့ခြင်းက သူမကို အရမ်းချစ်လွန်းနေ၍မဟုတ်ဘဲ အလျှော့မပေးချင်သောကြောင့်သာဖြစ်သည်။ ထို့ကြောင့် ဖန်ရွှယ်ချင် ထန်ယွင်ဖန်ကို ချဉ်းကပ်လို့မရသည်ကို မြင်ရချိန်တွင် ချစ်တာတွေအသာထား သူမ၏ကျရှုံးမှုအတွက် လျှိုရှင်းချီ ဝမ်းသာလို့ပင်နေသေးသည်။ တစ်ခါတစ်ရံ တစ်စုံတစ်ခုက မင်းမရနိုင်လေ ပိုပြီးအလျှော့မပေးနိုင်ဘဲ လိုချင်မိလာပေလိမ့်မည်။

“အိပ်မက်သာမက်နေလိုက်!” ဖန်ရွှယ်ချင် ဒေါသထွက်ကာ ဒေါသတကြီးဖြင့်ပင် ဖုန်းကိုချလိုက်တော့သည်။

ထို့နောက် ဖန်ရွှယ်ချင် သူမ၏အခြားသူငယ်ချင်းများကိုလဲ ဖုန်းဆက်ကြည့်ပေမည့် သူတို့အားလုံးလဲ ပါတီကို မိသားစုများနှင့်သာ တက်ကြမည်ဖြစ်သည်။

ဖန်ရွှယ်ချင် အလွန်ဝမ်းနည်းသွားပေမည့် ဒီလောက်နှင့်တော့ လက်မလျှော့နိုင်သေးပေ။

ခနလောက်ပြန်စဉ်းစားကြည့်ပြီးနောက်တွင်တော့ လျှိုရှင်းချီနှင့်တစ်ကြိမ်အိပ်ဖူးပြီးနေမှတော့ နောက်တစ်ကြိမ်ထပ်အိပ်လိုက်ဖို့ လက်မခံနိုင်စရာအကြောင်း မရှိလောက်ပါဟု ဖန်ရွှယ်ချင် တွေးမိလိုက်သည်။ လျှိုရှင်းချီနှင့်အိပ်ရသည်မှာ ကြက်သီးထစရာကောင်းလှသော်လည်း ထိုညက သူမအလွန်စိတ်လှုပ်ရှားခဲ့ရသည်ကိုတော့ လက်ခံပေသည်။

နောက်လဲကျနေပြီဖြစ်သောကြောင့် ဖန်ရွှယ်ချင် မြန်မြန်ဆန်ဆန်ပဲ ဆုံးဖြတ်ချက်ချလိုက်ကာ လျှိုရှင်းချီကို ဖုန်းပြန်ခေါ်လိုက်တော့သည်။

“ဘာလဲ? စိတ်ပြောင်းသွားပြီလား?” လျှိုရှင်းချီ သူအောင်နိုင်သွားသည့်အတွက် ရယ်မောလိုက်ပေသည်။

“ငါအခုအိမ်မှာ၊ အဝတ်အစားလဲထားမှာမို့ ခနနေလာခေါ်ပေး။” ဖန်ရွှယ်ချင်၏အသံမှာ အမိန့်ပေးသံဆန်သော်လည်း လျှိုရှင်းချီစိတ်ထဲမထားပေ။

ဖန်ရွှယ်ချင် မြန်မြန်ပဲ အဝတ်အစားလဲ မိတ်ကပ်ပြင်ဆင်လိုက်ကာ မကြာခင်တွင်ပဲ လျှိုရှင်းချီလဲ ရောက်လာခဲ့သည်။

“ရွှယ်ချင် ဘယ်သွားမလို့လဲ?” ဖန်ရွှယ်ချင် ဝတ်စားပြင်ဆင်ပြီးချိန်တွင် သူမမိဘများက မေးလိုက်ခြင်းဖြစ်သည်။

“လျှိုရှင်းချီနဲ့အတူ ပါတီပွဲတက်မလို့။”

ထိုစကားကြောင့် သူမမိဘများ၏မျက်လုံးများ လင်းလက်လို့သွားကာ မိခင်ကနေပြီး ဖန်ရွှယ်ချင်ကို လျှိုရှင်းချီနှင့် လက်ထပ်စေလိုကြောင်း တိုက်တွန်းလိုက်သည်။

“ရွှယ်ချင်၊ လျှိုရှင်းချီက ဂုဏ်သိက္ခာရှိတဲ့လူကောင်းတစ်ယောက်ပါ၊ ဘာလို့ သူ့ကို လက်မထပ်ချင်ရတာလဲ?”

လျှိုရှင်းချီသည် ကျိကျိတက်ချမ်းသာကြသူများရှေ့တွင်တော့ သူ့ကိုယ်သူ အကောင်းဘက်ရောက်အောင် ပြုမူနေထိုင်သူဖြစ်သောကြောင့် အားလုံးက သူ့ကို ဂုဏ်သက္ခာရှိသည့် ယောက်ျားကောင်းတစ်ယောက်ဟုသာ ထင်မှတ်ကြလေသည်။

အဓိကကတော့ ဖန်ရွှယ်ချင်သည် အသက်၃၆နှစ်ကျော်နေပြီဖြစ်သောကြောင့် ဂုဏ်သိက္ခာလဲကျဆင်းနေပြီဖြစ်၍ သူမမိဘများက သူမကောင်းစားဖို့ရန်အတွက် လျှိုရှင်းချီနှင့်သာ မြန်မြန်လက်ထပ်သွားစေလိုနေပေသည်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ သမီးသွားတော့မယ်။” ဖန်ရွှယ်ချင် စိတ်မရှည်စွာပြန်ဖြေရင်း ချက်ချင်းထွက်သွားတော့သည်။

“ရွှယ်ချင် ဒီတစ်သက်လက်ထပ်နိုင်မယ်လို့ထင်လား?” ဖန်ရွှယ်ချင်၏ မိခင်က စိုးရိမ်ပူပန်စွာဖြင့် ခင်ပွန်းဖြစ်သူကို မေးလိုက်သည်။

“ဒီနှစ်ထဲပါ ထပ်ပြီး လက်ထပ်ဖို့ငြင်းနေမယ်ဆို ငါသူ့ကို နိုင်ငံခြားပို့ပစ်တော့မယ်။” ဖန်ရွှယ်ချင်၏ဖခင်သည် သမီးဖြစ်သူထက် မိသားစုဂုဏ်သိက္ခာကို ပို၍တန်ဖိုးထားသူဖြစ်သည်။

ထိုမျှကတော့ အရမ်းလွန်လွန်းသည်ဟု ဖန်ရွှယ်ချင်၏မိခင်ထင်မိသော်လည်း ဖန်ရွှယ်ချင်ကြောင့် သူမတို့၏မိတ်ဆွေအပေါင်းအသင်းများကြားတွင် မျက်နှာပူစရာဖြစ်နေခဲ့ရကာ သူမတို့လဲ ဆက်ပြီးသည်းမခံနိုင်ဖြစ်နေရပြီဖြစ်၍ ခင်ပွန်းဖြစ်သူကို အတိုက်အခံမလုပ်မိတော့ပေ။

ဖန်ရွှယ်ချင်ထွက်လာသည်နှင့် လျှိုရှင်းချီ၏ကားကို မြင်ကာ ချက်ချင်းမဆိုင်း တက်သွားလိုက်သည်။

“ရွှယ်ချင်၊ မင်းကတော့ အမြဲတမ်းကိုလှပနေတာပဲ။”

သို့ပေမည့် ဖန်ရွှယ်ချင်ကတော့ လျှိုရှင်းချီကို မြင်ရတာကိုပင် အလိုမကျဖြစ်နေသောကြောင့် ဘာမှပြန်မပြောခဲ့ပေ။

လျှိုရှင်းချီလဲ ဖန်ရွှယ်ချင်၏အပြုအမူကို စိတ်ထဲထားမနေခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ယနေ့ညအပေးအယူကဖြစ်မြောက်သွားပြီဖြစ်၍ သူမကိုဘယ်နည်းနဲ့ဖြစ်ဖြစ် တစ်ညတာ ထပ်ရတော့မည်မဟုတ်ပါလား။

…….

ညစာစားပြီးနောက် ကျိုးကျန်းဟုန်၊ စုထုံနျိုနှင့်လင်းရှောင်ရှားတို့ သူတို့အခန်းများရှိရာဆီသို့ပြန်သွားခဲ့ကာ ကုနင်းကတော့ ယုကျီကို အိမ်ပြန်လိုက်ပို့ပေးလေသည်။

ယုကျီသည် Bမြို့သူတစ်ယောက်မဟုတ်ဘဲ မြို့ငယ်လေးတစ်မြို့မှတက်လာသူဖြစ်ကာ ယခုအချိန်တွင်တော့ တိုက်ခန်းဟောင်းတစ်ခုတွင် တစ်ယောက်တည်းနေလေသည်။ ပိုက်ဆံချွေတာရန်အတွက် မြို့တွင်းနှင့်အလှမ်းဝေးသည့်နေရာတွင် နေထိုင်သောကြောင့် လုံခြုံရေးမကောင်းလှပေ။

“နင်ဒီမှာနေတာ သိပ်ပြီး လုံခြုံမှုရှိတယ်လို့မထင်ဘူး။ မနက်ဖြန် နင်အားတဲ့အချိန် တိုက်ခန်းအသစ်တစ်ခန်းသွားဝယ်လိုက်! ကုမ္ပဏီဘက်ကစိုက်ပေးလိမ့်မယ်၊ နောက်မှနင့်အစုရှယ်ယာထဲက ပြန်နှုတ်တာပေါ့။”

ယုကျီတွင် Charmမှ ရှယ်ရာ၂၀ရာခိုင်နှုန်းရှိလေသည်။ အနာဂါတ်တွင် Charmအောင်မြင်ကျော်ကြားလာပါက သူမအနေနှင့် တိုက်ခန်းတစ်ခန်းဝယ်ဖို့ဆိုသည်မှာ အလွယ်လေးဖြစ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ယုကျီလဲ ကိုယ်ပိုင်တိုက်ခန်းတစ်ခန်းလောက် အလွန်လိုချင်နေ၍ ကုနင်း၏အပြောကို သဘောတူလိုက်သည်။ ထို့အပြင် သူမ ကုနင်းကို ယုံကြည်ပြီး Charmတစ်နေ့ အောင်မြင်ကျော်ကြားလာမည်ဟုလဲ ယုံကြည်သောကြောင့် သူမ၏ရှယ်ယာကို ရပြီးပါက သူမချမ်းသာနိုင်ချေများပေသည်။

ယုကျီကို သူမငှားထားသည့်တိုက်ခန်းသို့ ကုနင်းပြန်ပို့ပြီးနောက် ထန်အိမ်တော်သို့ ပြန်ထွက်လာခဲ့လေသည်။

***

အခန်း ၆၀၇

သတင်းကောင်းလေးမရှိဘူးလား?

ပြီးခဲ့သည့်နှစ်ရက်လုံး ထန်ယွင်ဖန်း အားလုံးညစာအတူစားကြသည့်အချိန်မှလွဲ၍ ကုမန့်နှင့်ပင် နှစ်ယောက်တည်း အချိန်ဖြုန်းခဲ့ပေမည့် သူတို့နှစ်ယောက်လုံး ဧည့်ခန်းထဲတွင် စကားပြောကာ တီဗီအတူကြည့်ကြရုံသာရှိလေသည်။ သူတို့အခုထိ တစ်ယောက်ကိုတစ်ယောက် ယခင်လောက် စိမ်းသက်နေခြင်းမရှိကြတော့သော်လည်း အချင်းချင်း အလွန်ယဉ်ယဉ်ကျေးကျေးသာပြောနေကြစဲဖြစ်သည်။

ထန်ယွင်ဖန်းပုံစံက စိတ်အေးသက်သာနေပုံပေါ်ပေမည့် တကယ်တန်းတွင်တော့ အလွန်စိတ်လှုပ်ရှားစိုးရိမ်ပူပန်နေမိသည်။ အလျင်စလိုလုပ်မိပါက ဆုံးရှုံးမှုရှိနိုင်မည်မှန်းလဲသိပေမည့် ကုမန့်နှင့် အလွန်ပြန်လည်ရင်းနှီးမှုရယူချင်နေမိသည်။

တကယ်တော့ ကုနင်းလဲ ထန်ယွင်ဖန်းကို ပြန်လက်ခံနိုင်နေပြီဖြစ်ကာ ထန်မိသားစုဝင်များနှင့်လဲ အဆင်ပြေကာနေသားကျနေပြီဖြစ်ပေမည့် အချိန်ယူကာ ဖြည်းဖြည်းချင်း အဆင့်တက်ခြင်းက ပိုကောင်းမည်ဟု တွေးမိခဲ့သည်။

ထိုအချိန်တွင် ထန်ယွင်ဖန်းနှင့်ကုမန့်နှစ်ယောက်သာ ဧည့်ခန်းမထဲတွင် တီဗီကြည့်နေကြလေသည်။

ထန်ယွင်ဟန်တို့ဇနီးမောင်နှံသည်တော့ လေ့မိသားစု၏ပါတီပွဲသို့ထွက်သွားကြပြီဖြစ်ကာ ထန်ဟိုင်ဖုန်းသည်တော့ ထန်ယွင်ဖန်းနှင့်ကုမန့်တို့ နှစ်ယောက်တည်း သီးသန့်အချိန်ဖြုန်းနိုင်စေရန် စာကြည့်ခန်းထဲသို့ ပြန်ဝင်သွားပြီဖြစ်သည်။

……

ကုနင်း ထန်အိမ်တော်သို့ရောက်သွားချိန်တွင် ဖန်ရွှယ်ချင်နှင့် လျှိုရှင်းချီလဲ လေ့အိမ်တော်သို့ရောက်ရှိသွားခဲ့ပေပြီ။ သို့ပေမည့် ဖန်ရွှယ်ချင်တစ်ယောက် ထန်ယွင်ဖန်းကို မတွေ့ရသေးပေ။

သူမတို့ အထဲသို့ဝင်လာခဲ့ပြီး ဖန်ရွှယ်ချင်သည်တော့ ထန်ယွင်ဖန်းကိုသာ မျက်လုံးဝေ့ကာဖြင့် လှည့်ပတ်ရှာနေခဲ့သည်။

သူမအနားမှလူအားလုံးသည်က လူကုံထံအသိုင်းအဝိုင်းများမှချည်းသာဖြစ်သောကြောင့် အားလုံးဖန်ရွှယ်ချင်ကို သိကြကာ အထင်သေးသည့်အကြည့်များဖြင့် သူမကို ဝိုင်းကြည့်ကြလေသည်။

အကယ်၍များ သူမတစ်ကိုယ်တည်း ယခုအချိန်အထိရှိနေရခြင်းမှာ သူ၏ကိုယ်ပိုင်လုပ်ငန်းတစ်ခုအပေါ်ကို အချိန်များရင်းနှီးမြှုပ်နှံထားရ၍ လက်ထပ်ဖို့ ကြင်ဖော်ကို မရှာနိုင်ခြင်းဆိုလျှင်တော့ အခြားလူများက သူမအပေါ် လေးစားမိကြမည်ဖြစ်ပေမည့် အခုတော့ သူမဘယ်တော့မှ မရယူနိုင်သည့် ယောက်ျားတစ်ယောက်ကို မျှော်မှန်းရင်း တစ်ကိုယ်တည်းဖြစ်နေခြင်းဖြစ်သောကြောင့် အားလုံးအထင်သေးကြခြင်းဖြစ်သည်။

ထုံဝမ်နှင့်ဖန်မိသားစုဝင်များ ဖန်ရွှယ်ချင်ကို မြင်လိုက်ရချိန် သဘောမကျဖြစ်သွားရကာ အခြားလူများ၏ ဖန်ရွှယ်ချင် အပေါ် အကြည့်များကို မြင်လိုက်ရချိန်တွင်တော့ ပိုလို့ပင် ကသိကအောက်ဖြစ်ကုန်ကြတော့သည်။ သို့ပေမည့် အခုက လူကြားထဲရောက်နေကြခြင်းဖြစ်သောကြောင့် သူတို့အချင်းချင်း စကားများနေကြ၍မဖြစ်ပေ။ ဖန်ရွှယ်ချင်ကို သဘောမကျသည့် ထုံဝမ်ပင်လျှင် နှုတ်ဆိတ်လို့နေခဲ့လေသည်။ သူမစိတ်ရှိတိုင်း ဖန်ရွှယ်ချင်နှင့် အော်ဟစ်စကားများနိုင်ပေမည့် လူကြားထဲတွင်တော့ ဖန်မိသားစု၏ဂုဏ်သတင်းအတွက် လုပ်မည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် သူတို့အားလုံး ထန်ယွင်ဖန်း ယနေ့ပွဲမတက်သည်ကို သိထားကြပြီးဖြစ်သောကြောင့် ဖန်ရွှယ်ချင် သူတို့မိသားစုကို အရှက်ရအောင် သိပ်လုပ်နိုင်တော့မည်မဟုတ်ပေ။ သို့ပေမည့် သူတို့ဘက်က နှုတ်ဆိတ်နေရုံဖြင့် အခြားလူများကပါ အတူတူနှုတ်ဆိတ်ပေးလိမ့်ဟုတော့ မဆိုလိုပေ။

“အိုး၊ ဒါ မိန်းကလေးဖန်မဟုတ်လား? မိန်းကလေးဖန်က ဒီနေ့တော့ ပါတီကို ဥက္ကဌလျှိုနဲ့အတူပွဲတက်တာပေါ့။ ကျွန်မတို့ကို သတင်းကောင်းလေးများပြောစရာမရှိဘူးလား?” အဆင့်အတန်းမြင့်ပုံရသည့် အမျိုးသမီးတစ်ဦးက ဖန်ရွှယ်ချင်ရှိရာသို့ရောက်လာကာမေးလိုက်ပေမည့် သူမအသံထဲတွင်တော့ ကြင်နာနူးညံ့ဟန် တစ်စက်ပင်မပါဝင်ပေ။ သေချာပေါက် သူမသည်လဲ ဖန်ရွှယ်ချင် ယနေ့လဲ ထန်ယွင်ဖန်းကြောင့် ရောက်နေမှန်းသိသောကြောင့် တမင်တကာ ဖန်ရွှယ်ချင်ကို စိတ်အနှောက်အယှက်ဖြစ်အောင် ပြောလိုက်ခြင်းဖြစ်သည်။

ဖန်ရွှယ်ချင် ချက်ချင်းပင် ဒေါသထွက်သွားပေမည့် ပြန်ခံမပြောဘဲ သူမစိတ်ကိုထိန်းချုပ်လိုက်ကာ၊

“ခုန်းကတော်၊ ကျွန်မနဲ့ ဥက္ကဌလျှိုက သူငယ်ချင်းတွေပါ။ အဲ့ဒါနဲ့ပတ်သတ်ပြီး ခုန်းကတော်က ဘာများမှားနေတယ်ထင်လို့လဲ?”

“ဟုတ်တာပေါ့၊ ကျွန်မနားလည်ပါပြီ။ ဒါဆို ဒီည ရှင် သခင်လေးထန်ကိုတွေ့ချင်လို့လာတာပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား?” နောက်ထပ် အဆင့်အတန်းမြင့်သည့်အမျိုးသမီးတစ်ဦးလဲ ရောက်လာပြန်ကာ သရော်သလိုအသံဖြင့်မေးလိုက်ပြန်သည်။

“စိတ်မကောင်းလိုက်တာ၊ သခင်လေးထန်က နိုင်ငံခြားသွားနေတာနဲ့ ဒီနေ့မလာဘူး။”

ထန်ယွင်ဖန်းသည် ယခုအချိန်တွင် ထန်ဟွမ်လုပ်ငန်းစု၏ဥက္ကဌဖြစ်နေပြီဖြစ်ပေမည့် လူအများကတော့ သူ့ကို သခင်လေးထန်ဟု ခေါ်ခြင်းက နှုတ်ဆွဲနေကြပြီဖြစ်သည်။ သို့ပေမည့် ထန်ယွင်ဟန်ကိုတော့ Bမြို့၏အာဏာအရှိဆုံးသူတစ်ယောက်ဖြစ်သောကြောင့် သူတို့အားလုံး အတွင်းရေးမှူးထန်ဟုသာ ခေါ်ဆိုကြသည်။

ထန်ယွင်ဟန်က လေ့ဟောက်ဝေ့ကို ထန်ယွင်ဖန်း နိုင်ငံခြားသွားနေသည်ဟု ပြောထားကာ ပါတီမှလူအများစုလဲ သူတို့ပြောဆိုနေသည်ကို ကြားခဲ့ကြလေသည်။

“ဘာ?” ဖန်ရွှယ်ချင် အလွန်စိတ်ပျက်သွားတော့သည်။ ထန်ယွင်ဟန် မလာဘူးဆိုသည်ကိုသိလိုက်ရတော့ သူမပြန်ထွက်သွားဖို့ပြန်လိုက်ပေမည့် လျှို့ရှင်းချီ၏တားမြစ်ခြင်းကို ခံလိုက်ရသည်။ လျှိုရှင်းချီက ဖန်ရွှယ်ချင်၏နား,နားသို့ကပ်လိုက်ကာ အသံတိုးတိုးဖြင့်၊

“မင်းဒီလိုပဲထွက်သွားမယ်ဆို ငါအရှက်ရရလိမ့်မယ်၊ ငါပြောထားတဲ့အခြေအနေကို ဖြည့်ဆည်းပေးဖို့မမေ့နဲ့ဦး။ မင်းငါနဲ့အတူလာခဲ့ရင် ငါနဲ့အတူပဲ ပြန်ထွက်သွားရမယ်။”

ထိုစကားကြောင့် ဖန်ရွှယ်ချင် ပြန်ချင်နေပေမည့် ဆက်ပြီးနေနေရတော့သည်။

သူမအတွက်တော့ ယနေ့ညပါတီမှာ အလွန်ရှည်ကြာလွန်းသည့် ပါတီတစ်ခုဖြစ်ခဲ့ရသည်။

……

ကုနင်း ထန်အိမ်တော်တွင် ခနတဖြုတ်နေလိုက်ပြီးနောက် ဟွားဖုတောင်းကုန်မှအိမ်သို့ ကုမန့်နှင့်အတူ ပြန်လာခဲ့လေသည်။

မကြာခင်တွင်ပဲ ကုနင်း သူမနောက်ကို လူအချို့နောက်ယောင်ခံလိုက်နေကြောင်း သတိထားမိသွားတော့သည်။

သူမအခြေအနေကို စစ်ဆေးကြည့်လိုက်ပြီးနောက် လူစိမ်းများဖြစ်ကြောင်းသိသွားခဲ့သည်။ ထိုလူများကို ဘယ်သူကလွှတ်လိုက်လဲ သူမမသိပေမည့် ကားထဲတွင် ကုမန့်လဲပါနေသောကြောင့် ထိုလူများနှင့် အခုချိန်တွင် ပြဿနာမတက်လိုသေးသောကြောင့် သူတို့ကို မျက်ခြေဖျက်ဖို့ရန်ပြင်လိုက်သည်။

“အမေ၊ သမီးတို့နောက်ကို လူတချို့နောက်ယောင်ခံလိုက်နေတယ်။ သူတို့ကို မျက်ခြေဖြတ်ဖို့ သမီးကားကို အရှိန်မြှင့်ရမယ်။ စိတ်ကိုပြင်ဆင်ထားနော်။”

“ဘ-ဘာ? အမေတို့နောက် လူလိုက်နေတာလား?” ကုမန့် ယခင်က ပြန်ပေးဆွဲမှုကို ပြန်သတိရသွားကာ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားတော့သည်။

ကုမန့်စိုးရိမ်သွားသည်ကို ကုနင်းခံစားလိုက်မိသောကြောင့် ပြန်ပြီးနှစ်သိမ့်ပေးလိုက်သည်။

“အမေ၊ စိတ်မပူပါနဲ့ အဆင်ပြေသွားလိမ့်မယ်။”

ကုနင်းကို ကုမန့်ယုံကြည်သော်လည်း စိုးရိမ်မှုကတော့ မပျောက်သွားပေ။

ကုနင်း အရှိန်ကိုမြှင့်လိုက်ကာ လမ်းရှုပ်နေသည့်ကြားမှ ရှေ့မှကားများကို တစ်စီးပြီးတစ်စီးကျော်တက်သွားတာကြောင့် ကုမန့်ခမျာ မတော်တဆမှုဖြစ်မည်ကိုကြောက်နေရ၍ စိတ်မအေးနိုင်တော့သလို ကုနင်း၏မောင်းနှင်မှုမှာလဲ သေသပ်လှကာ ယိမ်းယိုင်မှုလုံးဝမရှိပေ။

သို့ပေမည့် လူငယ်လေးတစ်ဖွဲ့က ထိုအချင်းအရာကို သတိထားမိသွားချိန်တွင်တော့ သူတို့တစ်ဖွဲ့လုံး သဘောကျကုန်တော့သည်။

“ဝါး၊ အဲ့ဒါ ကန့်သတ်ထုတ်အဖြူရောင် Lamborghiniပဲ!”

“ဝါး၊ ကြည့်စမ်းပါဦး၊ မိုက်လိုက်တာ ၊ အရမ်းတော်တာပဲ!”

ကုနင်း၏ကားနောက်မှာ အမျိုးသားနှစ်ယောက်မှာ မှင်သက်လို့နေကြသည်။

“တကယ်ကြီလား? သူကဒီလောက်တောင် ကျွမ်းတယ်ပေါ့?” အမျိုးသားတစ်ဦးသည်တော့ သူ့ကိုယ်တိုင် မြင်နေရတာကိုပင် မယုံနိုင်ဘဲဖြစ်လို့နေသည်။

“သူငါတို့ကိုတွေ့သွားပြီ။” နောက်အမျိုးသားတစ်ဦးကပြောလိုက်သည်။

အချိန်ခနလေးအတွင်းတွင်ပဲ ကုနင်းထိုလူနှစ်ယောက်ကို မျက်ခြေဖြတ်ထားနိုင်ခဲ့သည်။ သူမအရှန်ကိုလျှော့လိုက်တော့မှပင် ကုမန့် စိတ်သက်သာရာရသွားကာ၊

“နင်းနင်း သူတို့ကို မျက်ခြေဖြတ်လိုက်နိုင်ပြီလား?”

“ဟုတ် ရသွားပြီ။”

“သူတို့က ဘယ်သူတွေလဲ? အမေ့ကို အရင်တစ်ခေါက်က ပြန်ပေးဆွဲသွားတဲ့လူတွေပဲလား?”

“အမေ စိတ်အေးအေးထားပါ၊ သမီးနဲ့ရှိနေသမျှ အမေဘေးကင်းတယ်။”

ခနလောက်တိတ်ဆိတ်သွားပြီးနောက် ကုမန့်က၊

“နင်းနင်း၊ သမီးအန်တီ အမေ့ကို ဒီနေ့ဖုန်းဆက်လာတယ်။ အလှပြင်ဆိုင်ကို ရက်နည်းနည်းကြာရင် ပြန်ဖွင့်လို့ရပြီတဲ့။ အမေတို့ Fမြို့ကို ဘယ်တော့ပြန်ကြမလဲ?” ကုမန့် ပြန်သွားဖို့ အလျင်မလိုသော်လည်း သူမတို့အလှပြင်ဆိုင်ကတော့ ပြန်ဖွင့်ရတော့ပေမည်။

ထိုစကားကိုကြားမှ ကုနင်း ရုတ်တရက်ဆိုသလို သူ၏အသားအရေထိန်းသိမ်းသည့် အလှကုန်များကို တွေးမိသွားတော့သည်။

“အမေ၊ သမီးတို့ အသားအရေထိန်းဖို့ပစ္စည်းအသစ်ကို စမ်းသုံးကြည့်ကြရအောင်။ ထိရောက်မှုသိသာတဲ့ တံဆိပ်တစ်ခုကိုသမီးသိထားတယ်။”

“ဖောက်သည်တွေကရော ပစ္စည်းအသစ်သုံးချင်ကြပါ့မလား?”

“သူတို့စိုးရိမ်နေရင်၊ အရင်ဆုံး သဘောတူညီမှုလက်မှတ်ထိုးထားလိုက်ပေါ့။ တကယ်လို့ ပစ္စည်းက မကောင်းတဲ့သက်ရောက်မှုရှိနေခဲ့ရင် ဆယ်ဆပြန်လျော်ပေးမယ်လို့ ပြောလိုက်လေ။ သူတို့တစ်ခေါက်စမ်းသုံးပြီးတာနဲ့ သမီးတို့ရဲ့ပစ္စည်းအသစ် ဘယ်လောက်ကောင်းကြောင်း သိသွားကြလိမ့်မယ်။” ကုနင်း ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။

“ကောင်းပြီလေ၊ အခုပဲ သမီးအန်တီကို ဖုန်းဆက်ပြောလိုက်မယ်။”

ထို့နောက် ကုမန့် ကုချင်ကို ဖုန်းဆက်ကာ ကုနင်းပြောသလိုပြန်ပြောပြလိုက်သည်။

ကုချင်သည်လဲ ကုနင်းကို ယုံကြည်သောကြောင့် သူမပြောသည့်အတိုင်း သဘောတူလေသည်။

***

အခန်း ၆၀၈

လျှိုရှင်းချီနှင့်ဖန်ရွှယ်ချင်ကြားမှ သဘောတူညီချက်

ကုချင်နှင့်ကုမန့်ဖုန်းပြောပြီးနောက်တွင်တော့ ကုနင်း ကုမန့်ကို စကားဆက်ပြောလာလေသည်။

“အမေ အဖေနဲ့အတူနေချင်တယ်ဆိုရင် နောက်ကျ Bမြို့ကိုပြောင်းလာရလိမ့်မယ်။ ထန်မိသားစုက အရမ်းချမ်းသာကြတယ်ဆိုပေမယ့် သမီးကတော့ အမေ့ကို အိမ်ရှင်မတစ်ယောက်ပဲမဖြစ်စေချင်ဘူး၊ ဒီလိုသာဆို လူတွေနဲ့အဆက်အသွယ်ကင်းကွာပြီး ဘဝကြီးက ပျင်းစရာကောင်းသွားလိမ့်မယ်။ အမေကလဲ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုကို ဦးဆောင်နေရတာဆိုတော့ အရမ်းအလုပ်များနေမှာ၊ ဒါကြောင့် အမေ Bမြို့မှာ အဆင့်မြင့်အလှပြင်ဆိုင်တစ်ဆိုင် ဖွင့်ရင်ကောင်းမယ်လို့ သမီးတော့ထင်တယ်။ ပြီးတော့ အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းအသစ်ကလဲ လူကုံထံအသိုင်းအဝိုင်းတွေကြားမှာ အောင်မြင်ပြီး လူကြိုက်များလာလိမ့်မယ်လို့လဲ သမီးယုံကြည်ချက်ရှိတယ်။”

“သမီးပြောတာမှန်တယ်၊ အမေလဲ အချိန်ပြည့်အိမ်ရှင်မတစ်ယောက်ဖြစ်မနေချင်ဘူး။” ကုနင်းပြောတာက သူမကောင်းဖို့အတွက်မှန်း ကုမန့်နားလည်ပေသည်။ သူတို့ Fမြို့တွင် နေတုန်းကလဲ မလိုအပ်ပေမည့် ကုမန့်နေ့တိုင်းကို အလှပြင်ဆိုင်သို့သွားကာ အလုပ်လုပ်ခဲ့သည်မဟုတ်ပါလား။

“အလှကုန်အသစ်က အခုထိ ဈေးကွက်ထဲကို မရောက်သေးလို့ မနက်ဖြန် သမီး မြို့တော်မှာသွားယူရမယ်။”

“သမီးကိုယ်တိုင်လုပ်မှဖြစ်မှာလား?” ကုမန့် နားမလည်နိုင်ဖြစ်သွားသည်။ ကုနင်း ဘာကြောင့် ဒီပစ္စည်းကို သူမကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုလို ဂရုစိုက်နေလဲ သူမမတွေးတတ်တော့ပေ။ တကယ်တော့ သူမတွေးသလို ဖြစ်နေလေသည်။

ထိုစကားကြောင့် ကုနင်းလြ ကုမန့်သံသယဝင်နေပြီမှန်းသိလိုက်ရ၍ အမှန်အတိုင်းပဲပြောလိုက်တော့သည်။

“ဟုတ်တာပေါ့၊ သမီးရဲ့ထုတ်ကုန်ပဲကို သမီးကိုယ်တိုင်သွားကြည့်ရမှာပေါ့။”

“ဘာ? ” ကုမန့် ထိတ်လန့်လို့သွားသည်။ “သမီးပိုင်တာလား?”

“အမေနဲ့ အန်တီရဲ့အသားအရေတွေ အချိန်တိုအတွင်း ချောမွတ်ပြီး တောက်ပြောင်နေလဲဆိုတာ အမေ မအံ့ဩမိဘူးလား? သမီးမှာ အထူးဆေးနည်းတစ်မျိုးရှိလို့လေ၊ အဲ့ဒီနည်းလမ်းက ဆေးဝါးထဲမှာရော အလှကုန်ပစ္စည်းတွေထဲမှာပါ ထည့်သုံးလို့ရတယ်။”

ထိုစကားကိုကြားကာမှ သူမနှင့်ကုချင်တို့ အမြဲတမ်း လှပကာ ကျန်းမာနေရလဲဆိုသည်ကို ကုမန့်သဘောပေါက်သွားရတော့သည်။

……..

လေ့မိသားစုနေအိမ်တွင် ဖန်ရွှယ်ချင် ကုနင်းနှင့်ကုမန့်ကို နောက်ယောင်ခံလိုက်ရန် သူမလွှတ်ထားသည့် လူနှစ်ဦးမှ သူတို့ကို ကုနင်းအလွယ်လေးမျက်ခြေဖြတ်သွားကြောင်း အကြောင်းကြားခြင်းကို လက်ခံရရှိခဲ့သည်။ အစကတည်းကမှ ဖန်ရွှယ်ချင်မှာ စိတ်အခြေအနေဆိုးရွားနေသောကြောင့် ဖုန်းခေါ်ဆိုမှုကိုရပြီးနောက် အဆိုးဆုံးအခြေအနေသို့ပင်ရောက်ရှိသွားတော့သည်။

“ဘာဖြစ်လို့လဲ?” လျှိုရှင်းချီမေးလိုက်လေသည်။

“ဘာမှမဖြစ်ဘူး။” ဖန်ရွှယ်ချင် စိတ်အနှောက်အယှက်ဖြစ်သည့် အမူအရာဖြင့်ပြန်ဖြေလိုက်သည်။ သူမဘက်ကမပြောပြချင်မှတော့ လျှိုရှင်းချီ ဆက်မမေးတော့ပေမည့် ဖန်ရွှယ်ချင်ကို စိတ်ထိန်းချုပ်နိုင်ရန်အတွက် သတိပေးလိုက်သေးသည်။

“မင်းမပျော်ဘူးဆိုတာ ငါသတယ်၊ ဒါပေမယ့် မင်းမျက်နှာပေါ်မှာ အမူအရာမပေါ်စေနဲ့။ ငါကမင်းကို ခေါ်လာတဲ့လူ မင်းကိုယ်မင်း ဒီပွဲမှာ အရှက်ရစရာကိစ္စလုပ်လိုက်ရင် မင်းမိသားစုတင်မကဘူး ဒီတစ်ခါ ငါပါ မျက်နှာပျက်ရလိမ့်မယ်။”

သူသာ ဖန်ရွှယ်ချင်နှင့် တစ်ညလောက် အရမ်းထပ်အိပ်မနေချင်လျှင် သူမကို ဤနေရာသို့ ခေါ်လာလိမ့်မည်မဟုတ်ပေ။

သတိပေးခံလိုက်ရသောကြောင့် ဖန်ရွှယ်ချင် မကျေမနပ်ဖြစ်သွားပေမည့် လျှိုရှင်းချီပြောတာ မှန်မှန်းလဲ သူမသိလေသည်။

မကြာခင်တွင်ပဲ လျှိုရှင်းချီနှင့် ဖန်ရွှယ်ချင်တို့ အကြောင်းတစ်ခုပြကာ ပါတီပွဲမပြီးခင်တွင်ပင် ပြန်ထွက်လာခဲ့လေသည်။

ဖန်ရွှယ်ချင်ပြန်တော့မည်ကို လုချိုးထင်မြင်သွားတော့၊

“ရွှယ်ချင်၊ ငါတို့နဲ့ပဲဘာလို့ အတူမပြန်တာလဲ?”

“တော်ပါပြီ၊ ငါ့သူငယ်ချင်းနဲ့ နောက်ထပ်ချိန်းထားတာလေးရှိသေးလို့။” ဖန်ရွှယ်ချင် လိမ်လိုက်လေသည်။ သူမနှင့် လျှိုရှင်းချီကြားမှ ဆက်ဆံရေးကို အခြားလူတစ်ယောက်အား ထပ်ပြီးအသိမခံလိုပေ။

လျှိုရှင်းချီနှင့် ဖန်ရွှယ်ချင်က အစကတည်းက သူငယ်ချင်းဟောင်းများဖြစ်ကြမှန်း အားလုံးလဲ သိကြသော်ကြောင့် သူတို့ကြားမှ ဆက်ဆံရေးထူးခြားနေသည်ဟု ဘယ်သူမှမတွေးမိကြပေ။ ထို့အပြင် လျှိုရှင်းချီဘက်ကလဲ အခြားလူများရှေ့တွင် ဖန်ရွှယ်ချင်ကို စိတ်ဝင်စားနေကြောင်း ထုတ်ဖော်ပြသခြင်းမျိုးလဲမရှိသလို ဖန်ရွှယ်ချင်ကလဲ ထန်ယွင်ဖန်းတစ်ယောက်တည်းကိုသာ ချစ်နေသူဖြစ်ကြောင်း အားလုံးသိထားကြပြီးဖြစ်၍ ဖန်ရွှယ်ချင် တခြားယောက်ျားတစ်ယောက်ယောက်နှင့် ထူးခြားသည့် ဆက်ဆံရေးမျိုးရှိနေလိမ့်မည်ဟု ဘယ်သူကမှ မထင်မိကြပေ။ တစ်နည်းအားဖြင့် ဖန်ရွှယ်ချင်အကြောင်း ဘယ်သူမှကောင်းကောင်းမသိထားခြင်းဖြစ်သည်။

ထို့နောက် လျှိုရှင်းချီ သူ၏မြို့ပြင်နားမှ အခြားအိမ်တစ်လုံးသို့ ဖန်ရွှယ်ချင်ကို ခေါ်ဆောင်သွားခဲ့လေသည်။ လျှိုရှင်းချီ၏ မိဘများနှင့် သားသည် မြို့ထဲရှိ အဓိကအိမ်တော်တွင် နေထိုင်ကြခြင်းကြောင့် ထိုနေရာသို့သွား၍မဖြစ်ကြပေ။

နောက်ဆုံး လျှိုရှင်းချီနှင့်ဖန်ရွှယ်ချင်တို့ ကားထဲတွင် နှစ်ယောက်တည်း အတူရှိချိန်ရသွားသည်နှင့် လျှိုရှင်းချီတစ်ယောက် အချိန်ဆွဲမနေတော့ဘဲ လုပ်ငန်းစတင်တော့သည်။

“အဲ့လောက် မပျော်မရွှင်ဖြစ်မနေပါနဲ့! ဒီညပျော်ဖို့ စီစဉ်ထားပြီးမှတော့ တခြားကိစ္စတွေမေ့ထားလိုက်စမ်းပါ!”

လျှိုရှင်းချီ၏ အသံကိုကြားလိုက်ရရုံဖြင့်ပင် ဖန်ရွှယ်ချင် ရွံ့ရှာလာမိသည်။ ထန်ယွင်ဖန်းပွဲကို မတက်သည်အား ဖန်ရွှယ်ချင်ကြားပြီးကတည်းက အပေးအယူကို လက်ခံလိုက်မိသည့်အပေါ် ပိုလို့ပင် နောင်တရလာခဲ့လေသည်။ သူမသာ စောစောသိခဲ့ပါက ဒီအပေးအယူကို ဘယ်လိုမှလုပ်ခဲ့မည်မဟုတ်ပေ။ သို့ပေမည့် အခုတော့ လျှိုရှင်းချီကို စိတ်ခုမသွားစေရန် ပြန်လဲဖျက်သိမ်း၍မရတော့ပေ။ သူမသာ ကလန်ကဆန်သွားလုပ်လိုက်ပါက လျှိုရှင်းချီက သူမတို့ကြားမှ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပစ်နိုင်လေသည်။

ဖန်ရွှယ်ချင် စိတ်အခြေအနေမကောင်းသေးသည်ကို မြင်ရပေမည့် လျှိုရှင်းချီစိတ်ထဲမထားပဲ ပြုံးသာပြုံးလိုက်ကာ၊

“ထားပါတော့၊ မင်းမကြာခင် ပျော်သွားမှာပါ။”

ထို့နောက် မြို့ပြင်မှအိမ်သို့ ဆက်ထွက်လာခဲ့ကြကာ အိမ်ရောက်ကာမှာပဲ သူတို့၏အလိုဆန္ဒများနှင့် ဆက်စပ်နေသည့် အပေးအယူကိစ္စကို ဆက်ကြလေသည်။

***

အခန်း ၆၀၉

ထပ်လိုချင်သေးလား?

“မင်းစိတ်ကျေနပ်ရဲ့လား?” အချိန်အတော်ကြာ အလိုဆန္ဒများကို ဖြည့်ဆည်းပြီးကြပြီးနောက် ဖန်ရွှယ်ချင်အား လျှိုရှင်းချီ မေးလိုက်ခြင်းဖြစ်သည်။

“အ-အွန်း။” ဖန်ရွှယ်ချင် လိမ်ညာခြင်းမရှိဘဲ သူမနှလုံးသားထဲက ဆန္ဒအတိုင်း ဖြေကြားလိုက်လေသည်။

“ထပ်ပြီးကောလိုချင်သေးလား?”

“အ-အွန်း!” ဖန်ရွှယ်ချင် တပ်မက်စိတ်များဖုံးလွှမ်းနေသည့်အသံဖြင့် ပြန်ဖြေလိုက်ကာ လျှိုရှင်းချီလဲ သူမဆန္ဒအတိုင်း ပို၍ အားသွန်ခွန်စိုက် ဖြည့်ဆည်းပေးလေသည်။

“ဘယ်လိုလဲ မင်းရဲ့အိပ်ဖော်ခပ်ငယ်ငယ်လေးတွေထက် ငါကပိုကောင်းတယ်မလား?” လျှိုရှင်းချီထပ်မေးလိုက်ပြန်သည်။

ဖန်ရွှယ်ချင်တွင် တစ်ညတာအိပ်ဖော် ကောင်ငယ်လေးများစွာရှိသည်ကို လျှိုရှင်းချီလဲ သိထားလေသည်။ ဖန်ရွှယ်ချင်သည် ထန်ယွင်ဖန်းကို စိတ်ကသာ သစ္စာရှိကာ ခန္ဓာကိုယ်ကတော့ မဟုတ်ပေ။ ဖန်ရွှယ်ချင်သည် လိင်စိတ်ပြင်းပြလွန်းသည့် အမျိုးသမီးတစ်ဦးဖြစ်ကာ တစ်ကိုယ်တည်း ဘယ်သူနှင့်မှ ဆက်စပ်မှုမရှိဘဲ နှစ်ပေါင်းများစွာ သည်းခံနိုင်မည့်သူမဟုတ်ပေ။

“အွန်း!”

ထို့နောက် သူတို့နှစ်ဦးသား မိုးလင်းသည်အထိ ခရီးဆက်ကြကာ ခနတဖြုတ်အိပ်ပျော်သွားကြသည်။

“မင်း လိုချင်တဲ့အချိန်တိုင်း ငါ့ဆီလာလို့ရတယ်နော်။” နောက်တစ်နေ့ ပြန်ကြတော့မည့်အချိန်တွင် လျှိုရှင်းချီပြောလိုက်လေသည်။

ဖန်ရွှယ်ချင် ဘာမှပြန်မဖြေပေမည့် ထိုသို့ပြန်မဖြေခြင်းကပဲ သဘောတူလက်ခံသည့် သဘောကို ဖော်ပြခြင်းမျိုးဖြစ်သည်။ သူမအတွက် လူငယ်လေးများ၏ဆွဲဆောင်နိုင်စွမ်းသည် နိမ့်ကျသည်ဟု ထင်မိသောကြောင့် လျှိုရှင်းချီနှင့်အိပ်ခြင်းကလဲ မဆိုးလှဟု သူမတွေးမိလေသည်။

…….

နောက်တစ်နေ့မနက်တွင်လဲ ကုနင်းပုံမှန်အတိုင်း ကုမန့်ကို ထန်အိမ်တော်သို့လိုက်ပို့ပြီးမှ အလုပ်ကိစ္စအတွက် ပြန်ထွက်လာလေသည်။ သူမအရင်ဦးဆုံး ယုကျီကိုသွားကြိုပြီးကာမှ စုထုံနျိုကိုတော့ ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်း အဆောက်အဦးရှိရာသို့သွားနှင့်ရန်ပြောလိုက်သည်။ ဒီနေ့ကတော့ ကြော်ညာဗီဒီယိုရိုက်ကူးရမည့် နေ့ဖြစ်ပေသည်။

သူမတို့ရောက်ချိန်သည်နှင့် ဧည့်ကြိုခန်းမထဲမှ လူအချို့ သူမတို့ကို မြင်သွားကာ ချက်ချင်းပင် စိတ်လှုပ်တရှားဖြစ်ကုန်ကြတော့သည်။ မနေ့ကဖြစ်သွားသည့် Weiboပေါ်မှသတင်းကြောင့် လူတိုင်း ကုနင်း၏နောက်ခံကိုသိသွားကြပြီဖြစ်၍ ဒီကနေ့တွင်တော့ သူမကိုပိုလို့အာရုံစိုက်ကြည့်နေကြတော့သည်။

“ကုနတ်ဘုရားမပဲ!”

“အရမ်းလှလိုက်တာ!”

အားလုံး ကုနင်းကို ချီးမွမ်းနေကြကာ စုထုံနျိုကိုတော့ဖြင့် လျစ်လျှူရှုထားကြပေမည့် ကုနင်းအမှန်တကယ် လှပကာ ထူးချွန်လှသူမှန်း စုထုံနျိုလဲ သိသောကြောင့် စိတ်အနှောက်အယှက်မဖြစ်သလို မနာလိုလဲမဖြစ်မိပေ။

ကုနင်းသည်တော့ ပုံမှန်အတိုင်း အေးဆေးနေကာ ဘဝင်မြင့်နေတတ်ခြင်းလဲမရှိသောကြောင့် ထိုစကားများအတွက် ထူးထူးထွေထွေခံစားမိပေ။

မကြာခင်တွင်ပဲ ဗီဒီယိုဒါရိုက်တာနှင့်အတူ မနေ့ကသွားခဲ့ရသည့် စတူဒီယိုသို့ပဲ ရောက်ရှိလာခဲ့လေသည်။

ကြော်ညာမှာ သိပ်ပြီးရှုပ်ရှုပ်ထွေးထွေးရိုက်ကူးမည်မဟုတ်ဘဲ ဆယ်စက္ကန့်ကျော်လောက်သာကြာမည်ဖြစ်သည်။ ဇာတ်ကွက်များစွာကိုတော့ ရိုက်ကူးရမည်ဖြစ်သော်လည်း ကိစ္စအားလုံး အမှားအယွင်းမရှိလျှင်တော့ နေ့တစ်ဝက်တည်းဖြင့် အပြတ်ဖြတ်နိုင်ပေမည်။

အားလုံး စတူဒီယိုထဲတွင် ဆုံကြသည်နှင့် အရင်ဆုံးတစ်ယောက်ကိုတစ်ယောက် မိတ်ဆက်လိုက်ကြကာ ရိုက်ကူးရေးအတွက် အစီအစဉ်ကို စတင်ဆွေးနွေးကြလေသည်။

မနေ့ကတည်းက လုရှောင်းက ကုနင်းကို ဇာတ်ညွှန်းပို့ပေးထားပြီးသားဖြစ်ကာ စုထုံနျိုကိုလဲ ကုနင်းပြန်ပို့ပေးထားပြီးဖြစ်သည်။ စုထုံနျိုသည်လဲ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သောကြောင့် ရိုက်ကူးရေးပြီးစီးဖို့ရန် သူမအတွက် မခက်ခဲလှပေ။

ညနေ၄နာရီလောက်တွင်တော့ ကြော်ညာဗီဒီယို ရိုက်ကူးခြင်းပြီးစီးသွားတော့သည်။

မနက်ဖြန်လဲ မြို့တော်သို့ ကုနင်း အလုပ်ကိစ္စအတွက် သွားရမည်ဖြစ်၍ ကြော်ညာဓါတ်ပုံများနှင့် ဗီဒီယိုကို ကေထံသို့ လူကိုယ်တိုင်သာပေးလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ကေနှင့်ချန်စန်းယိတို့ကို အလုပ်ကိစ္စများစီစဉ်ပေးရဦးမည်ဖြစ်သောကြောင့် သေချာပေါက် တွေ့ရဦးမှဖြစ်ပေမည်။

သူမတို့ ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းအဆောက်အဦးမှ ထွက်လာချိန်တွင် သူမတို့အနားသို့ ကောင်မလေးတစ်ဦး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြေးလာခဲ့ကာ၊

“ထုံနျို၊ ကျွန်မက ရှင့်ရဲ့ အမာခံပရိတ်သတ်ပါ၊! ကျွန်မနဲ့ ဓါတ်ပုံလေးရိုက်ပေးလို့ရမလား?”

“ရတာပေါ့။” စုထုံနျို သဘောတူလိုက်လေသည်။ စုထုံနျိုသည် သူမ၏ပရိတ်သတ်များကို လေးစားတန်ဖိုးထားသူဖြစ်ကာ အထူးသဖြင့် သူမအတွက်ဆိုလျှင် အရာရာလုပ်ပေးကြသည့် အမာခံသစ္စာရှိပရိတ်သတ်များဆိုလျှင် ပိုလို့တောင် ချစ်ခင်လေးစားသေးသည်။

“ကျေးဇူးတင်ပါတယ်! ကျွန်မ ရှင့်ကိုကာကွယ်ဖို့အတွက် အင်တာနက်ပေါ်က မကောင်းတဲ့ပရိတ်သတ်တွေနဲ့တောင် စကားများခဲ့သေးတယ်။” ကောင်မလေးက ဂုဏ်ယူစွာဖြင့် သူမလုပ်ခဲ့သည့် ကိစ္စကို ပြန်ပြောပြနေသည်။

“အိုး၊ ကျေးဇူးအများကြီးတင်ပါတယ်!” စုထုံနျို ကြင်နာမှုအပြည့်ဖြင့် ကျေးဇူးတင်လိုက်ကာ၊

“ဓါတ်ပုံရိုက်ကြတာပေါ့။”

“ဟုတ်!” ကောင်မလေးက သူမဖုန်းကိုထုတ်ကာ စုထုံနျိုနှင့် ပုံပေါင်းများစွာရိုက်လိုက်ပြီးနောက် ကုနင်းဘက်သို့လဲ မျှော်လင့်ချက်အပြည့်ဖြင့်လှည့်ကြည့်လိုက်ကာ၊

“အမ်၊ ရှင်နဲ့ကော ဓါတ်ပုံတွဲရိုက်လို့ရမလား? ရှင်ကလဲ ကျွန်မရဲ့အိုင်ဒေါပါပဲ။”

ကုနင်း ရယ်ချင်မိသွားသည်၊ သူမက အနုပညာရှင်မှမဟုတ်ဘဲ သို့သော်လည်း ကုနင်းမငြင်းဆိုခဲ့ပေ။

“ရပါတယ်။”

ကုနင်းနှင့်လဲ ဓါတ်ပုံများစွာရိုက်ပြီးချိန်တွင်တော့ ကောင်မလေးလဲ ပျော်ရွှင်စွာ ပြန်ထွက်သွားတော့သည်။ သူမပြန်သွားသည်နှင့်ချက်ချင်းပင် စုထုံနျိုနှင့်ကုနင်းတို့နှင့်အတူ သူမတွဲရိုက်ထားသည့် ပုံများကို အင်တာနက်ပေါ်သို့ ချက်ချင်း တင်လိုက်လေသည်။

“ငါတစ်နေ့လုံး ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းရဲ့အပြင်ဘက်မှာ စောင့်နေခဲ့တာ နောက်ဆုံးတော့ နတ်ဘုရားမလေးနှစ်ယောက်ကို တွေ့နိုင်ခဲ့ပြီ! နှစ်ယောက်လုံးက ကြင်နာတတ်လိုက်တာ၊ ငါတို့ပုံတွေအများကြီးရိုက်ခဲ့ကြတယ် ! အရမ်းချစ်တယ်၊ နတ်ဘုရားမလေးတွေရေ!” [ပုံများနှင့်တကွ]

***

အခန်း ၆၁၀

အရှက်မဲ့သည့်လင်းထျန်းယွီ

ကောင်မလေးသည် စုထုံနျို၏ပရိတ်သတ်များကြားတွင် နာမည်ကြီးသည့် အမာခံပရိတ်သတ်တစ်ဦးဖြစ်သောကြောင့် သူမအကောင့်တွင် လူများစွာရှိကာ အများစုမှာလဲ စုထုံနျို၏ပရိတ်သတ်များပင်ဖြစ်သည်။ ထို့ကြောင့် သူမဓါတ်ပုံများတင်လိုက်သည်နှင့်တပြိုင်နက် စက္ကန့်ပိုင်းအတွင်းမှာပင် မှတ်ချက်ပေါင်းများစွာကို ရရှိလာတော့သည်။

“အား! နင် နတ်ဘုရားမနှစ်ယောက်ကို စောင့်မယ်ဆိုတာ ဘာလို့ ငါ့ကိုမပြောပြရတာလဲ!”

“ကံကောင်းလိုက်တာ!”

“ဝါး! နှစ်ယောက်လုံး အရမ်းလှတာပဲ!”

“ကုနတ်ဘုရားမက မိတ်ကပ်ကောလိမ်းထားရဲ့လား? မိတ်ကပ်မပါဘဲနဲ့တောင် ဒီလောက်လှနေတာပေါ့? သူသာ မိတ်ကပ်နည်းနည်းပါးပါးလိမ်းလိုက်မယ်ဆို ငါတော့ မူးမေ့သွားနိုင်တယ်!”

“ဟုတ်ပါ့၊ သူက မိတ်ကပ်မပါဘဲနဲ့တောင် သဘာဝအတိုင်းလေးလှနေတာ!”

“သူ့အသားအရေက အရမ်းကောင်းတာပဲ!”

“ငါလဲ မနက်ဖြန် အဆောက်အဦးရှေ့မှာ သွားစောင့်ရမယ်! တစ်ခါလောက်ကံကောင်းပေးပါ!”

“ငါလဲလိုက်မယ်!”

ပရိတ်သတ်များစွာမှာ စုထုံနျိုကိုတွေ့ရဖို့ရန် အလွန်စိတ်လှုပ်ရှားလို့နေသည်။

“စိတ်မကောင်းစရာသတင်းပြောပြရဦးမယ်။ ရိုက်ကူးရေးက ပြီးသွားပြီ၊ မနက်ဖြန်ဆို စုနတ်ဘုရားမမလာတော့ဘူး။”

“ဘာ? မဖြစ်နိုင်တာ? နင်ကဘယ်လိုလုပ်သိတာလဲ?”

“ဒါက လျှို့ဝှက်ချက်လေ၊ ဒါကပေမယ့် ငါအာမခံတယ် သတင်းကအမှန်ပဲ။”

“နင်က ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းမှာ အလုပ်လုပ်တာလား?”

ပရိတ်သတ်များစွာက သတင်းပေးနေသည့်လူကို ထန်ဟွမ်ဖျော်ဖြေရေးလုပ်ငန်းတွင် အလုပ်လုပ်တာလားဟူ၍ ဝိုင်းမေးကြပေမည့် သူမကတော့ ပြန်မဖြေကြားခဲ့ပေ။

အခုမှအစောကြီးရှိသေးသောကြောင့် အချိန်ကုန်နေမည်စိုး၍ စုထုံနျို ချက်ချင်းပြန်ဖို့ပြင်ဆင်လိုက်သည်။ ကုနင်းလဲ သူမကိုမတားဘဲ စာအိတ်နီထူထူတစ်အိတ်သာပေးလိုက်သည်။ ပင်တိုင်မော်ဒယ်လုပ်ပေးသည့် အခကြေးငွေကိုတော့ ကုမ္ပဏီနှင့်စာချုပ်ချုပ်ထားသောကြောင့် ကုမ္ပဏီဘက်ကသာ နောက်မှ ငွေလွှဲပေးပေလိမ့်မည်။

စုထုံနျိုကတော့ ကုနင်းကို ယုံကြည်သောကြောင့် ထိုကိစ္စအတွက် မစိုးရိမ်မိပေ။

ထို့နောက် ကုနင်း စုထုံနျိုနှင့်သူမ၏လက်ထောက်အတွက် လေယာဉ်လက်မှတ်နှစ်စောင်ဖြတ်ပေးလိုက်ကာ သူမကတော့ ယုကျီနှင့်အတူ ညနေစာသွားစားလေသည်။

ကုနင်း၏ကားမှာ ထင်သာမြင်သာရှိလှတာကြောင့် မီးပွိုင့်ကိုစောင့်နေသည့် လင်းထျန်းယွီတစ်ယောက် သူမတို့ကို သတိထားမိသွားလေသည်။ အခုတော့ ယုကျီတွင် ချမ်းသာသည့် ချစ်သူရှိနေခြင်းမဟုတ်ဘဲ ချမ်းသာသည့် ဘော့စ်တစ်ယောက်ရှိနေကြောင်း သူသေချာသွားတော့သည်။ သူတို့သာရင်းနှီးမှုမရှိပါက ယုကျီက တောက်လျှောက် ကုနင်းနောက်မှလိုက်ပါနေလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် လင်းထျန်းယွီအချိန်ဆွဲမနေဘဲ ကားကိုပြန်ကွေ့ကာ ကုနင်းတို့နောက်မှ လိုက်သွားတော့သည်။

အစပိုင်းတွင်တော့ ကုနင်း လင်းထျန်းယွီလိုက်လာသည်ကို သတိမပြုမိပေမည့် အချိုးအကွေ့တချို့ကို ဖြတ်လာသည်အထိ ကားတစ်စီးက သူမတို့နောက်မှကပ်ပါလာသည်ကို ကားနောက်ကြည့်မှန်မှတဆင့် ကုနင်းသတိထားမိသွားခဲ့သည်။ သူမလဲ သံသယရှိသောကြောင့် ကျောက်စိမ်းမျက်ဝန်းကို သုံးကာကြည့်လိုက်ချိန်တွင် လင်းထျန်းယွီသာဖြစ်ကြောင်း သိလိုက်ရကာ လမ်းကလဲ အလွန်ရှုပ်နေသောကြောင့် သူ့ကို ဆက်လိုက်ခွင့်ပေးထားလိုက်လေသည်။

“နင့်ရည်းစားက အခုထိ အနှောက်အယှက်ပေးနေတုန်းလား?” ကုနင်း ယုကျီကိုမေးလိုက်သည်။

ကုကျီ ကုနင်းဘာကြောင့် ရုတ်တရက်ကြီး သူ့ကိုမေးလာမှန်းမသိ၍ ခနလောက်ကြောင်သွားပေမည့် ပြန်တော့ဖြေလာလေသည်။

“အွန်း၊ ဒါပေမယ့် သူဖုန်းခေါ်တိုင်းတော့ ငါမကိုင်ပါဘူး။” သူမ လင်းထျန်းယွီ၏ဖုန်းနံပါတ်ကို ပိတ်ထားပြီးဖြစ်ပေမည့် သူကတော့ တခြားနံပါတ်များစွာကိုသုံးကာ ဆက်ခေါ်နေစဲပင်။

“နင့်ဆိုင်နဲ့ တိုက်ခန်းရဲ့လိပ်စာကိုရော သူသိထားလား?” လင်းထျန်းယွီသာသိနေလျှင် ယုကျီကို တချိန်လုံး အနှောက်အယှက်ပေးနေမည်အား ကုနင်းစိုးရိမ်မိလေသည်။

“မသိဘူး။ ငါတို့လမ်းခွဲခဲ့တာ တစ်နှစ်ခွဲလောက်ရှိပြီ၊ ပြီးတော့ အရင်ငါ့ဆိုင်ကလဲ တခြားဈေးဝယ်စင်တာတစ်ခုမှာ၊ သူနဲ့လမ်းခွဲပြီးတဲ့နောက်မှ ဖန်ရှန်းဈေးဝယ်စင်တာနဲ့ လက်ရှိတိုက်ခန်းကိုအသစ်ကို ပြောင်းလာခဲ့တာ။”

တကယ်တမ်း တစ်နှစ်ခွဲဆိုသည်အချိန်မှာ နည်းနည်းနောနောမဟုတ်သောကြောင့် ယုကျီ လင်းထျန်းယွီကိုပင် မေ့ပျောက်လုဖြစ်နေပေမည့် တဖန်ပြန်တွေ့လိုက်ရသည်နှင့် လင်းထျန်းယွီ၏ သူမအပေါ် သစ္စာဖောက်မှုများကို ပြန်လည်အမှတ်ရသွားကာ မုန်းတီးစိတ်များလဲ ပြန်လည်ထွက်ပေါ်လာရလေသည်။

ယုကျီက ဆက်ပြီး၊

“ဒီတစ်နှစ်ခွဲအတွင်း ငါတို့ မဆက်သွယ်ဖြစ်သလောက်ပဲ။ တစ်ယောက်နဲ့တစ်ယောက် လမ်းမှာ အမှတ်မထင်တွေ့မိကြရင်တောင် သူစိမ်းတွေလိုပဲ မမြင်ဟန်ဆောင်လိုက်ကြတာ။”

“သူအခု ငါတို့နောက်လိုက်လာနေတယ်။” ကုနင်းပြောပြလိုက်သည်။

“ဘာ?” ယုကျီထိတ်လန့်သွားလေသည်။ လင်းထျန်းယွီ သူမတို့နောက်သို့ လိုက်လာလိမ့်မည်ဟု သူမမထင်ထားမိပေ။

“သူဘာလို့ ဒီလိုတွေလုပ်နေရတာလဲ?” ယုကျီ ဒေါသထွက်လို့သွားသည်။

“စောင့်ကြည့်ရတာပေါ့!” ကုနင်းပုံမှန်အတိုင်းသာပြောလိုက်ပြီး စိတ်တိုဒေါသထွက်ခြင်းမျိုးတော့မရှိပေ။

“ဘော့စ်၊ ငါတောင်းပန်ပါတယ်။”

“ရပါတယ်။”

ဖန်ရှန်းဈေးဝယ်စင်တာကားပါကင်အထိ ကုနင်းနှင့်ယုကျီတို့နောက် လင်းထျန်းယွီတောက်လျှောက်လိုက်လာကာ တစ်ချိန်တည်းလိုလိုပင် ကားထဲမှ ထွက်ဖြစ်ခဲ့ကြသည်။

“ယုကျီ!”

ကုနင်း၏ကားထဲမှ ယုကျီထွက်လာသည်နှင့် သူမထွက်သွားမည်စိုးသောကြောင့် လင်းထျန်းယွီလှမ်းခေါ်လိုက်လေသည်။

လင်းထျန်းယွီ ဘာလုပ်မလဲဆိုသည်ကို ကုနင်းကပါ သိချင်နေသောကြောင့် ယုကျီထွက်မသွားတော့ဘဲ လင်းထျန်းယွီနှင့် မျက်နှာချင်းဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

“ဘာလဲ?” ယုကျီ လင်းထျန်းယွီကို လုံးဝမကြည့်ဘဲ အေးစက်စက်ဖြင့်သာမေးလိုက်သည်။

“အာ….” လင်းထျန်းယွီ ကိုယ်တိုင်လဲ ယုကျီနောက် ဘာကြောင့် လိုက်လာမိမှန်း မသိသောကြောင့် ရုတ်တရက် ဘာပြောလို့ပြောရမှန်း မသိဖြစ်သွားသည်။

“အာ… ဟိုလေ….”

“နင်ပြောစရာမရှိရင် ငါတို့သွားတော့မယ်။” ယုကျီလဲ စိတ်မရှည်စွာပြောရင်းဖြင့် လှည့်ထွက်လိုက်သည်။

“ခနလေး!” လင်းထျန်းယွီ ယုကျီကို အမြန်ပြန်တားလိုက်သည်။

“ဒီဘက်က မိန်းကလေးက JadeBaeutyလက်ဝတ်ရတနာလုပ်ငန်းရဲ့ ပိုင်ရှင်ပဲဖြစ်ရမယ်၊ မှန်တယ်မဟုတ်လား?” လင်းထျန်းယွီ ကုနင်းကို ကြည့်ကာပြောလိုက်သည်။

“ဟုတ်ပါတယ်။”

လင်းထျန်းယွီ၏မျက်လုံးထဲမှာတော့ လက်ရှိအခြေအနေမှာ အလွန်နေရခက်စရာကောင်းနေပေမည့် ကုနင်းနှင့် ယုကျီသည်တော့ အေးအေးလူလူပင်။

“ဘာပြောစရာရှိသေးလို့လဲ?” ယုကျီမေးလိုက်သည်။

“အမ်၊ မိန်းကလေးကုရဲ့ မယုံနိုင်စရာအောင်မြင်မှုတွေကို ကျွန်တော်တကယ်ပဲ လေးစားမိပါတယ်။ အခုကလဲ ညနေစာစားချိန်ဆိုတော့ ကျွန်တော်နဲ့အတူသာ ညနေစာလိုက်စားပေးရန် အရမ်းဂုဏ်ယူရမှာပါ?” ကုနင်းကို ချဉ်းကပ်နိုင်ရန်အတွက် လင်းထျန်းယွီ ကြိုးစားလိုက်သည်။

“ကျွန်မက သူစိမ်းတွေနဲ့အတူ မစားတတ်ဘူး။” ကုနင်း ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။

ကုနင်း၏ ဗွင်းဗွင်းရှင်းရှင်းအဖြေကြောင့် လင်းထျန်းယွီ အလွန်နေရခက်သွားပေမည့် အံ့ဩစရာအဖြေတော့မဟုတ်ပေ။ သူနှင့် ကုနင်းက အခုမှတွေ့ဖူးကြသည့် သူစိမ်းတွေမဟုတ်ပါလား။ သို့ပေမည့် သူဒီလောက်နှင့်တော့ လက်မလျှော့ချင်သေးပေ။

“မိန်းကလေးကုကလဲ လူတွေဆိုတာ သူစိမ်းကနေပဲ မိတ်ဆွေသူငယ်ချင်းတွေဖြစ်လာကြတာလေ။ ပြီးတော့ ယုကျီကလဲ ကျွန်တော့်သူငယ်ချင်းဆိုတော့ သူ့မိတ်ဆွေကလဲ ကျွန်တော့်မိတ်ဆွေပဲပေါ့။” လင်းထျန်းယွီ အရှက်မရှိပြောလိုက်လေသည်။

All Chapters