← Chapters

အခန်း (၁၆၂၁-၁၆၂၆)

Vol. 102 Ch. 1621-1626

အခန်း (၁၆၂၁-၁၆၂၆)

Vol. 102 Ch. 1621-1626

အခန်း ၁၆၂၁ ဟွမ်းဟိုင်ဟောက်ကို ပြန်ပေးဆွဲခြင်း

တကယ်တော့ တရားမဝင်ဂိုဏ်းတိုင်း အလိုလိုဟာ အစိုးရကို ပံ့ပိုးကူညီမှုတွေရှိထားတာဖြစ်၍ ပြသနာအများကြီး မဖြစ်စေသရွေ့ ဘေးကင်းပါလိမ့်မည်။

သေနတ်များအပြင် ရွှေချောင်းများနှင့် ငွစက္ကူများစွာလည်း ရှိသည်။ တရားမ၀င်ဂိုဏ်းများသည် ညစ်ပတ်သောငွေများကို ဘဏ်တွင်မထည့်ရဲဘဲ ၎င်းတို့၏ အခြေစိုက်စခန်းများတွင် သိမ်းဆည်းထားကြသည်။

သို့သော် ကုနင်းသည် ၎င်းကိုတွေ့ပြီးကတည်းက ‌ဤပစ္စည်းများကို မယူဆောင်ပဲ‌နေရန် မဖြစ်နိုင်‌ပေ။ ဘာပဲဖြစ်ဖြစ် ဒီဟာတွေက တရားမ၀င်ဖြစ်‌သော‌ကြောင့် အပြစ်ပေးခံရမှာ မဟုတ်‌‌ပေ။ အလှူလုပ်ဖို့အတွက် ဒီငွေတစ်စိတ်တစ်ပိုင်းကို အသုံးချနိုင်သည်။

"ငါ့ကို ဒီမှာစောင့် ငါ ဟွမ်းဟိုင်ဟောက် ကို ‌ဖမ်းလာလိုက်မယ်" လို့ ကုနင်းက ပြောသည်။ သူမတစ်ယောက်တည်း လုပ်နိုင်သည်။

"အဆင်ပြေပါ့မလား?" ချောင်ယ အနည်းငယ် စိတ်ပူသွားသည်။

"ဒါ ငါ့အမိန့်ပဲ" ကုနင်းက လေးနက်တဲ့လေသံနဲ့ ပြောလိုက်သည်။ သူမလုံခြုံရေးအတွက် စိုးရိမ်နေကြသည်ကို သူမသိသော်လည်း ဟွမ်းဟိုင်ဟောက်ကို သူမကိုယ်တိုင် ဖမ်းနိုင်မည်ဟု ယုံကြည်သည်။ "တစ်ခုခုဖြစ်ခဲ့ရင် ငါ့ကိုထားခဲ့လိုက်ပါ။ ငါအဆင်ပြေတယ်"

အမိန့်ဖြစ်တာကြောင့် ကောင်းယိနှင့် ချောင်ယသည် ကုနင်း စကားကို နားထောင်ခဲ့ရသည်။

ထို့နောက် ကုနင်းသည် အထဲသို့ ခိုးဝင်သွားသည်။ ခြံရှေ့တွင် မီးရောင်များ လင်းထိန်နေသဖြင့် သစ်ပင်များ ဖုံးလွှမ်းနေသည့် အိမ်နောက်ဖေးသို့ သူမ ဝင်ရောက်လာသည်။ ကုနင်းသည် လျင်မြန်စွာ လှုပ်ရှားနေသောကြောင့် မည်သူမျှ သူမကို မမြင်နိုင်ပေ။

ဟွမ်းဟိုင်ဟောက်၏ အခန်းကို အောင်မြင်စွာ ရှာတွေ့သွားပြီး အပေါ်သို့ တက်သွားလိုက်သည်။ ကုနင်းအတွက် သုံးထပ်တက်ရန် အလွန်လွယ်ကူလှသည်။

အသံမထွက်ဘဲ အခန်းထဲသို့ ခုန်ဆင်းလိုက်သည်။

သို့သော်လည်း ဟွမ်းဟိုင်ဟောက်သည် သူမကို တွေ့ရှိသွားပြီး “အခုထွက်သွား” ဟု အေးစက်စွာပြောသည်။

ကုနင်းသည် စက္ကန့်ပိုင်းမျှ ကြောင်အသွားသည်။

တကယ်တော့ ဟွမ်းဟိုင်ဟောက် သည် သူမလုပ်သမျှကို စောင့်ကြည့်ကင်မရာတွေကနေ ဖမ်းမိခဲ့ပြီး သူ့ရဲ့ကွန်ပြူတာဖန်သားပြင်ကနေ ကြည့်နေခဲ့သည်။

ကုနင်းသည် သူမ၏လက်များကိုသာ အသုံးပြု၍ တက်လာသောအခါ ဟွမ်းဟိုင်ဟောက်သည် အလွန်တုန်လှုပ်သွားသည်။

သို့သော် ကုနင်းသည် သူ့မျက်လုံးထဲတွင် မိန်းကလေးငယ်‌လေးမျှသာဖြစ်သောကြောင့် သူသည် သူမကို မကြောက်၍ သူ့လူများကို မခေါ်ခဲ့ပေ။

ဟွမ်းဟိုင်ဟောက်သည် သူမကို ရှာတွေ့သွား၍ ကုနင်းသည် သူ့ကိုယ်သူ ဖုံးကွယ်ရန် စိတ်မ၀င်စား‌တော့ဘဲ ဟွမ်းဟိုင်ဟောက်ကို တွေ့ရန် ထွက်လိုက်သည်။

ကုနင်းသည် ထိုနေရာတွင် တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေပြီး ကြောက်ရွံ့မှု လုံးဝမရှိပေ။

"အဲဒါမင်းပဲ!" ဟွမ်းဟိုင်ဟောက် အံ့သြသွားပြီး ကုနင်းကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

အံ့အားသင့်စရာ‌ကောင်း‌အောင် သူ့ရဲ့ မကြိုဆိုသော ဧည့်သည်မှာ ကုနင်း ဖြစ်‌နေသည်။ ဟွမ်းဟိုင်ဟောက်သည် ကုနင်း သို့မဟုတ် "ထန်အိုက်နင်း" ကို သိပြီး ထန်ပင်းစန်နှင့် သူမ၏ ဆက်ဆံရေးကိုလည်း သိထားသောကြောင့် သူမရုတ်တရက်ပေါ်ထွက်သောအခါ သူသတိထားလိုက်သည်။

ဟွမ်းဟိုင်ဟောက်က သူမကို မှတ်မိသောအခါ ကုနင်းလည်း အံ့အားသင့်သွားသော်လည်း မကြာခင်မှာ ဘာကြောင့်လဲဆိုတာ သိလိုက်ရသည်။ ထန်ပင်းစန်က သူမအကြောင်းကို ပြောပြ‌ပေလိမ့်မည်။

"ကောင်းပြီ၊ ထန်ပင်းစန်က ရှင့်ကို ကျွန်မအကြောင်းပြောပြီးပြီထင်တယ်"

"မင်းဘာလုပ်ချင်‌နေတာလဲ?" ဟွမ်းဟိုင်ဟောက်က မေးသည်။ သူလည်း တည်ငြိမ်ဆဲပင်။

"ထန်အိုက်နင်း" သည် ထန်ပင်းစန်ကို နှစ်ရှည်လများ အာဃာတရှိခဲ့သောကြောင့် သူမသည် သူ့ကို သဘောကောင်းနေမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ၊ "ထန်အိုက်နင်း" သည် ထျန်းယင်ဂိုဏ်းနှင့် ထန်ပင်းစန်တို့၏ ဆက်သွယ်မှုကို သတိပြုမိသွားသည့်အတွက် အံ့သြမိသည်။ ဤအရာကို အပြင်လူများထံမှ အမြဲလျှို့ဝှက်ထားခဲ့သည်။

ကုနင်းသည် ဟွမ်းဟိုင်ဟောက်ဆီကို တစိုက်မတ်မတ်လျှောက်လာရင်း "ရှင့်စိတ်ထဲမှာ အဖြေရှိပြီးသားထင်တယ်"

“အဲဒီမှာ ရပ်လိုက်” ဟု ဟွမ်းဟိုင်ဟောက်က ကုနင်းကို လက်ညိုးထိုးလိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် သေနတ်တစ်လက်ကို မြှောက်လိုက်သည်။

"အသုံးမဝင်ဘူး" ကုနင်းသည် နှုတ်ခမ်းများကို အထင်အမြင်‌သေးဟန်ဖြင့် ပင့်တင်လိုက်ပြီး ဟွမ်းဟိုင်ဟောက်ထံသို့ တိုးဝင်ကာ သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။

ကံမကောင်းစွာဖြင့် ကုနင်းသည် အံ့အားသင့်ဖွယ် လျင်မြန်စွာ လှုပ်ရှားလိုက်သော်လည်း ဟွမ်းဟိုင်ဟောက်သည် သေနတ်ကို ပစ်ခတ်လိုက်သည်။

ကုနင်းသည် ကျည်ဆန်ကို ရှောင်ရှားခဲ့သော်လည်း သေနတ်သံကြောင့် အိမ်ရှိ အခြားလူများ၏ အာရုံကို စွဲဆောင်သွားခဲ့သည်။

ဒီလိုဆိုရင် သူမ ဒီကနေ ထွက်သွားလျှင် ဒုက္ခရောက်လိမ့်မည်။ မဆိုင်းမတွဘဲ ကုနင်းသည် ဟွမ်းဟိုင်ဟောက်၏လည်ပင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်၍ မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွား‌တော့သည်။

ကောင်းယိနှင့် ချောင်ယတို့လည်း အိမ်ထဲမှ သေနတ်သံကို ကြားလိုက်ရသည်။ သူတို့သည် မျက်မှောင်ကြုတ်ကာ ကုနင်း၏ လုံခြုံရေးအတွက် စိုးရိမ်‌နေကြသည်။

ဟွမ်းဟိုင်ဟောက်၏အခန်းတံခါးဘေးတွင် သက်တော်စောင့်နှစ်ယောက်ရှိသော်လည်း ကုနင်း ခိုးဝင်တဲ့အချိန်က သူမကို မတွေ့ကြပေ။

သို့သော် သူတို့သည် သေနတ်သံကိုတော့ ကြားလိုက်ရသည်။

"ခေါင်းဆောင်ဟွမ်း၊ အကူအညီလိုသေးလား?" သက်တော်စောင့်က မေးသည်။

ဟွမ်းဟိုင်ဟောက်က သူ့ခွင့်ပြုချက်မရဘဲ အိမ်ထဲသို့ မ၀င်ရန် ပြောထားသည်။ အကြိမ်ပေါင်းများစွာ ခေါ်ဆိုပြီးနောက် တုံ့ပြန်မှု မကြားရ၍ အခန်းထဲသို့ ဖောက်ဝင်ခဲ့သည်။

ကုနင်းက ကျောင်းလုံကို ချက်ချင်းလွှတ်လိုက်ပြီး သူတို့ကို သယ်သွားခိုင်းလိုက်သည်။ ကျောင်းလုံသည် ခြံနောက်ဘက်သို့ အမြန်ခုန်ထွက်ပြီး စိုက်ခင်းဆီသို့ ပြေးသွားသည်။

သက်တော်စောင့်နှစ်ဦးသည် စက္ကန့်အနည်းငယ်ကြာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းခဲ့သော်လည်း ဟွမ်းဟိုင်ဟောက်ထံမှ တုံ့ပြန်မှု မကြားရသေးပေ။ မကြာခင်မှာ ကြောက်စရာကောင်းတာ တစ်ခုခုဖြစ်မယ်ဆိုတာကို သူတို့သဘောပေါက်လိုက်ပြီး အခန်းထဲကို ချက်ချင်းဝင်သွားကြသည်။

***

အခန်း ၁၆၂၂ ခေါင်းဆောင် ပျောက်နေတယ်

အခန်းထဲသို့ ဝင်လိုက်သောအခါ ပြတင်းပေါက်များလည်း ပွင့်နေကာ ဟွမ်းဟိုင်ဟောက်လည်း ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။

"ယန်ကျီ မင်းလူတွေခေါ်ပြီ သူတို့ကို လိုက်ရှာ စောင့်ကြည့်ကင်မရာတွေကို ငါသွားကြည့်မယ်" ဟု ၎င်းတို့ထဲမှ တစ်ဦးက ပြောသည်။

“ဟုတ်ကဲ့” ယန်ကျီသည် ချက်ချင်းပင် အောက်ထပ်သို့ ပြေးလာသည်။

ထိုအချိန်တွင် ဟွမ်းဟိုင်ဟောက်၏အခန်းမှ သေနတ်သံကြားပြီးနောက် လူတစ်စုသည် ခန်းမထဲတွင် စုရုံးရောက်ရှိနေကြသည်။

"ယန်ကျီ ဘာဖြစ်တာလဲ?" ယန်ကျီကို မေးခွန်းမေးသူမှာ ဤအိမ်ရှိ သက်တော်စောင့်အဖွဲ့၏ အကြီးအကဲကန်းကျီ ဖြစ်သည်။

“ခေါင်းဆောင် ပျောက်‌သွားပြီ အခန်းထဲမှာ ဘာသဲလွန်စမှ မတွေ့ဘူး။ ပြတင်းပေါက်ကနေ ပြန်ပေးဆွဲခံရတာထင်တယ်” ဟု ယန်ကျီက ပြောသည်။ "ဟူကော က စောင့်ကြည့်ကင်မရာတွေကို စစ်နေတယ် ကျန်တဲ့သူတွေက ငါ့နောက်ကို လိုက်ခဲ့ပါ"

ဟူကော သည် ဟွမ်းဟိုင်ဟောက် ၏အခန်းတွင်ကျန်ခဲ့သောကိုယ်ရံတော်ဖြစ်သည်။

"ဟုတ်ပြီ" ကန်းကျီကပြောပြီး ထွက်သွားသည်။

…

ဟူကော သည် ဟွမ်းဟိုင်ဟောက်၏ကွန်ပြူတာတာက‌နေ ဟွမ်းဟိုင်ဟောက်၏အခန်းထဲသို့တက်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သို့သော် ဟွမ်းဟိုင်ဟောက်၏အခန်းတွင် စောင့်ကြည့်ကင်မရာများ မရှိသောကြောင့် အတွင်း၌ ဘာဖြစ်သွားသည်ကို မသိပေ။

မည်သို့ပင်ဆိုစေကာမူ အမျိုးသမီးသည် မြင့်မားသောနံရံကို ကိုယ်တိုင်တက်ကာ ခေါင်းဆောင်ကို ပြန်ပေးဆွဲသွားနိုင်ပုံထောက်လျှင် သူမသည် မရိုးရှင်းနိုင်ပေ။

ဟူကောက ထိတ်လန့်သွားသော်လည်း နောက်မြင်ကွင်းကြောင့် ပို၍ပင် ထိတ်လန့်သွားသည်။ သေနတ်ပစ်ခတ်မှုအပြီးတွင် စောင့်ကြည့်ကင်မရာက ဗီဒီယိုတွင် အနက်ရောင်အရိပ်ကြီးတစ်ခုကို သူမြင်လိုက်ရသော်လည်း ၎င်းသည် မည်သည့်အရာဖြစ်သည်ကို သူမသိနိုင်လောက်အောင် လျင်မြန်လှသည်။

သူသည် လက်မလျှော့ဘဲ ဗီဒီယိုကို ထပ်ခါတလဲလဲ ကြည့်ရင်း ဧရာမသတ္တဝါကြီးဆိုတာကို အဖြေရှာဖို့ ကြိုးစားပေမယ့် မအောင်မြင်သေး‌ပေ။ ထိုမိန်းမသည်လည်း သူ့အတွက် ထူးဆန်းသည်။

ဟူကောသည် ထိုအမျိုးသမီးသည် ဂိုဏ်းခေါင်းဆောင်ကို မည်သို့ပြန်ပေးဆွဲခဲ့သည်ကို မသိပေ။

ဟူကောသည် ဟွမ်းဟိုင်ဟောက်၏ လက်ဦးဆရာဖြစ်သော်လည်း ထျန်းယင်ဂိုဏ်း၏ အကြီးတန်းမန်နေဂျာမဟုတ်သောကြောင့် သူ့ဘာသာသူ ဆုံးဖြတ်ချက်မချနိုင်ပေ။ မနှောင့်နှေးဘဲနဲ့ သူတို့၏ ဒုခေါင်းဆောင်ဆီသို့ သတင်းပို့လိုက်သည်။

သူတို့ခေါင်းဆောင် ပျောက်နေ၍ အိမ်ကလည်း ဗရုတ်သုတ်ခဖြစ်နေပြီ။

…

ကုနင်းက ဟွမ်းဟိုင်ဟောက် ကို အောင်မြင်စွာ ခေါ်ဆောင်သွား‌နောက် ကောင်းယိကို ခေါ်လိုက်သည်။ ထျန်းယင်ဂိုဏ်းသားများ သူတို့နောက်ကို မလိုက်မှီ သူတို့ချက်ချင်း ထွက်ခွာသွားရမည်။

ကောင်းယိနဲ့ ချောင်ယတို့ဟာ ဟွမ်းဟိုင်ဟောက်နဲ့အတူ တိတ်တဆိတ် ထွက်ခွာသွားခဲ့ပေမယ့် ကုနင်းကတော့ နေဖို့ ဆုံးဖြတ်လိုက်သည်။

သူမသည် မြေအောက်ခန်းထဲတွင် ရွှေချောင်းများ၊ ငွေများနှင့် သေနတ်များကို ခိုးယူချင်သေးသည်။

ထို့အပြင် သူမသည် ၎င်းတို့၏ အခြေစိုက်စခန်းများကို ဖျက်ဆီးရန် စီစဉ်ထားသည်။

အားလုံးပြီးသွားတဲ့အခါကျရင် သူမသည် လင်ရှောင်းထင်ကို သေနတ်တွေပေးကာ ကိုင်တွယ်ခိုင်းလိုက်မည်။ လင်ရှောင်းထင်သည် စစ်တပ်တွင် အမှုထမ်းခဲ့သည်ဖြစ်‌၍ ပြဿနာကို မည်သို့ကိုင်တွယ်ရမည်ကို သိရှိသည်။

ဟွမ်းဟိုင်ဟောက်ကိုရှာရန် လူများစွာထွက်ခဲ့ကြပြီး ကုနင်းသည် အိမ်တွင်းရှိကျန်လူများကိုပေါက်ကွဲတဲ့အချိန်‌တွင် မထိခိုက်စေရန် ဆွဲ‌ခေါ်မည်ဟု ဆုံးဖြတ်လိုက်သည်။

သူတို့အားလုံးသည် တရားရုံးတွင် သေဒဏ်ချမှတ်နိုင်သည့် ရာဇဝတ်ကောင်များဖြစ်ကြသော်လည်း ၎င်းတို့ကို သတ်ရန်မှာ ကုနင်း၏အလုပ်မဟုတ်ပေ။

ထျန်းယင်ဂိုဏ်း၏ အပေါ်ပိုင်းလယ်တောသို့ ရောက်သောအခါ ကောင်းယိနှင့် ချောင်ယတို့သည် ဟွမ်းဟိုင်ဟောက်နှင့်အတူ ထွက်သွားကြသည်။ ကုနင်းလည်း အိမ်ထဲသို့ ပြန်ဝင်လိုက်သည်။

ဒုခေါင်းဆောင်ဟုခေါ်သောလူသည် ထန်ပင်းစန်ကို အမျိုးသမီးတစ်ဦးမှ ဟွမ်းဟိုင်ဟောက်အား ပြန်ပေးဆွဲခံရကြောင်းပြောပြလိုက်သည်။ ထိုသတင်းကြားသိလိုက်ရသောအခါ ထန်ပင်းစန်သည် ဒေါသထွက်သွားသည်။

သူသည် "ထန်အိုက်နင်း" ကို ချက်ခြင်းစဉ်းစားမိပြီး ထိုအမျိုးသမီးသည် သူမဖြစ်ရမည်ဆိုတာ သေချာသည်။

ထျန်းယင်ဂိုဏ်းမှာ ရန်သူတွေ အများကြီးရှိပေမယ့် "ထန်အိုက်နင်း" ကသာ အဲဒါကို လုပ်နိုင်တဲ့ အလားအလာရှိသည်။ ထန်ပင်းစန်သည် ဒေါသတကြီးဖြင့် အံကြိတ်ထားသည်။

တစ်ချိန်တည်းမှာပင် "ထန်အိုက်နင်း" သည် ထျန်းယင်ဂိုဏ်းနှင့် သူ၏ဆက်ဆံရေးအကြောင်း သိ‌နေသည်ကိုလည်း အံ့သြမိသည်။

"ထန်အိုက်နင်း" သည် သူထင်ထားသည်ထက် ပိုမိုအားပြင်းသောရန်သူဟု သူစတင်ခံစားလာရသည်။

ဘာပဲဖြစ်ဖြစ် အခုလောလောဆယ် သူမလာနိုင်သေး၍ ဒုခေါင်းဆောင်ကို ဖြေရှင်းရန် အမိန့်ပေးလိုက်သည်။ အခုက အရမ်းနောက်ကျနေပြီး မနက် ၇ နာရီအထိ လေယာဉ်စီးနိုင်မည်မဟုတ်‌ပေ။ ဒုခေါင်းဆောင်ကလည်း အရမ်းစိုးရိမ်နေပေမယ့် ဘာဆက်လုပ်ရမှန်းမသိတော့‌ပေ။ သူကား‌မောင်းပြီးသာ သွားလျှင်အချိန်ပိုကြာလိမ့်မည်။ ထို့ကြောင့် သူသည် စိတ်ရှည်သည်းခံပြီး စောင့်ရပေမည်။

လူအများစုသည် ဟွမ်းဟိုင်ဟောက်ကိုရှာဖွေရန် ထွက်ခွာသွားသော်လည်း အမျိုးသားအများအပြားသည် အိမ်ထဲတွင်သာ ကျန်ရှိနေကြဆဲဖြစ်သည်။

ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုပြီး မကြာမီ မြေအောက်ခန်းကို တွေ့ရှိသွားသည်။

မြေအောက်ခန်းကို စောင့်နေသော လူနှစ်ယောက်ရှိပေမယ့် ကုနင်းက သူတို့ သူမကို မြင်လိုက်တာနဲ့ ချက်ချင်း ရိုက်လိုက်တာကြောင့် သတိလစ်သွားကြသည်။

သူတို့ခန္ဓာကိုယ်ပေါ်က သော့ကို သူမရှာမတွေ့တဲ့အတွက် ကျောင်းလုံကို လွှတ်လိုက်ပြီး သော့ကို ဖျက်ခိုင်းလိုက်သည်။

ကုနင်းသည် မြေအောက်ခန်းထဲသို့ ဝင်လိုက်သည်နှင့် သူမသည် သေနတ်များကို ဓာတ်ပုံရိုက်သည်။ ရွှေချောင်းများနှင့် ငွစေက္ကူများကို‌တော့ ဝှက်ထားလိုက်သည်။ ထို့နောက် သူမသည် ပိုက်ဆံပုံးများ၊ ရွှေချောင်းများနှင့် သေနတ်များကို သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်လိုက်သည်။

မြေပြင်ပေါ်တွင် ဗုံးသေတ္တာများသာ ကျန်ခဲ့သည်။ သူမသည် ဗုံးများကို ငါးမိနစ်စာ ချိန်ကိုက်ပေးလိုက်ကာ တပ်ဆင်ပြီးနောက် ပေါက်ကွဲတော့မည်ဖြစ်၍ အိမ်ရှိကျန်လူများကို ငါးမိနစ်အတွင်း ဖယ်ထုတ်ပစ်ရမည်ဖြစ်သည်။

ကုနင်းသည် ခနအကြာတွင် ထွက်လာပြီး သတိလစ်နေသော လူနှစ်ယောက်ကို အပြင်သို့ ဆွဲထုတ်လိုက်သည်။ ထိုအချိန်တွင် သူမသည် ပုန်းအောင်းရန် စိတ်မ၀င်စားဘဲ ရှေ့သို့ မကြောက်မရွံ့သာဆက်သွားသည်။ ထိုစဉ် သေနတ်ကိုင်ထားသော လူငါးဦး သည်သူမကို တွေ့ရှိသွားသည်။

"မင်းဘယ်သူလဲ?" သူတို့သည် သေနတ်များနှင့် ချိန်ပြီး သူမကို မေးသည်။

***

အခန်း ၁၆၂၃ ကြီးမားသော ပေါက်ကွဲမှု

ကုနင်းသည် သတိလစ်နေသော လူနှစ်ယောက်ကို မြေပြင်ပေါ်သို့ လှဲချလိုက်ကာ လူငါးဦးကို ချက်ချင်း တိုက်ခိုက်လိုက်သည်။ သူမသည် သူတို့၏သေနတ်များကို အလွယ်တကူဆွဲယူသွားနိုင်တဲ့အတွက် သူတို့ကြောက်လန့်သွားကြသည်။

“မြေအောက်ခန်းထဲက ဗုံးတွေက လေးမိနစ်အတွင်း ပေါက်ကွဲလိမ့်မယ်။ ရှင်တို့ ဒီမှာမသေချင်ရင် ချက်ချင်းထွက်ပြေး” ဟု ကုနင်းကပြောပြီး သတိလစ်နေတဲ့လူနှစ်ယောက်ကို အပြင်သို့ ဆွဲထုတ်လိုက်သည်။ ထိုစကားကြားတော့ လူငါးယောက် ထိတ်လန့်သွားသည်။

ကုနင်း က အမှန်အတိုင်းပြောတာလားဆိုတာကို သူတို့ထဲက ဘယ်သူမှ မစစ်ဆေးရဲကြပေ။ ဘာကြောင့်လဲဆိုတော့ မြေအောက်ခန်းထဲမှာ ဗုံးတွေ တကယ်ရှိတယ်ဆိုတာ သူတို့သိသည်။

သူတို့သည် တရားမဝင်ဂိုဏ်းသားများဖြစ်သော်လည်း သူတို့၏ဘဝကို မမြတ်နိုးဟု မဆိုလိုပါ။ အသက်ရှင်ဖို့ အလားအလာရှိရင် ဘယ်သူမှ သေဖို့ ရွေးချယ်မှာ မဟုတ်‌ပေ။

ထို့ကြောင့် ချက်ချင်းပင် တံခါးဆီသို့ ပြေးသွားကာ အလန်းခေါင်းလောင်းကို နှိပ်လိုက်သည်။ ခေါင်းလောင်းသံကြားသည်နှင့် ရုံးခန်းထဲက လူတွေအားလုံး အပြင်ကို ပြေးထွက်လာကြသည်။

ကုနင်းသည် သတိလစ်နေသော လူနှစ်ယောက်ကို အိမ်မှအဝေးသို့ ဆွဲခေါ်သွားပြီး သူမမထွက်သွားခင် နံရံနားတွင်ထားလိုက်သည်။ ပေါက်ကွဲမှုက သူတို့ကို ထိခိုက်နိုင်မည် မဟုတ်‌ပေ။

ထျန်းယင် ဂိုဏ်းသားများသည် ကုနင်းကို ဖမ်းချင်သော်လည်း မကြာမီမှာပင် သူမသည် သူတို့၏မျက်စိရှေ့မှ ပျောက်ကွယ်သွား‌တော့သည်။ သူတို့သည် သူမနှင့် မယှဉ်နိုင်သောကြောင့် သူမနောက်ကို မလိုက်‌တော့ပေ။

ဟူကောနှင့် ကန်းကျီတို့သည် သူတို့နှင့်အတူ အလျင်အမြန် စုဝေးရန် ပြေးလာကြသည်။

"ဒီမှာဘာတွေဖြစ်နေတာလဲ?"

“အမျိုးသမီးတစ်ယောက်က မြေအောက်ခန်းထဲကို ခိုးဝင်ပြီး ငါးမိနစ်အတွင်း ဗုံးပေါက်တော့မယ်လို့ ပြောခဲ့တယ်” ဟု တစ်စုံတစ်ဦးက ပြောသည်။

"ဘာ?" ဟူကော အံ့သြသွားသည်။

မြေအောက်ခန်း ပေါက်ကွဲသွားပါက ဆုံးရှုံးမှုကြီးကြီးမားမား ခံစားရမည်ဖြစ်သည်။

“အခု ထွက်‌ပြေးကြ” ဟု ဟူကောက ပြောသည်။ ထို့နောက် ရုံးခန်းရှိရာသို့ ပြေးသွားကြသည်။ သူတို့ ပြေးနေချိန်မှာ ဟူကောက "ဆံပင်ကို အမြင့်စည်းထားပြီး အမဲရောင်၀တ်ထားတဲ့ မိန်းကလေးလား?"

“ဟုတ်တယ်” ဟု အမျိုးသားတစ်ဦးက ပြောသည်။

“သူမက တော်တော် ရန်လိုပြီး သန်မာတယ်။ အစတုန်းကတော့ ငါတို့က သူ့ကိုဝိုင်းထားပေမယ့် သူက ငါတို့သေနတ်တွေကို လွယ်လွယ်နဲ့ လှမ်းယူနိုင်တယ်။” အဲဒါကို သိလိုက်ရတော့ တခြားလူတွလေည်း အံ့သြသွားကြသည်။

အမျိုးသမီးတစ်ဦးသည် ယောက်ျားများစွာကို အနိုင်ယူနိုင်သည်ဟု မယုံနိုင်ကြပေ။

“ခေါင်းဆောင်ကို ပြန်ပေးဆွဲတဲ့ အမျိုးသမီးကလည်း သူပဲ” ဟု ဟူကော က ဆိုသည်။ "သူဘယ်မှာလဲ?"

“ချက်ချင်းကို ပျောက်သွားတာ” ဟု အခြားအမျိုးသားတစ်ဦးက ပြောသည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးအကြောင်း ပြောနေကြစဉ် အိမ်ကြီးသည် ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲသွားသည်။

ဗုံးအများစုကို ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်ထဲတွင် ထည့်သွားသောကြောင့် ၎င်းသည် ကြီးမားသော ပေါက်ကွဲမှုဖြစ်သော်လည်း သူတို့ စိတ်ကူးထားသလောက်‌တော့ ကြီးမားခြင်းမရှိပေ။

သို့သော် အိမ်သည် လုံးဝပျက်စီးသွားပြီး ၎င်းဘေးရှိ ရုံးခန်းအဆောက်အအုံမှာလည်း ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ ကံကောင်းစွာနဲ့ပဲ ဝန်ထမ်းတွေအားလုံး အပြင်ကို ပြေးထွက်ခဲ့ကြလို့ ဘယ်သူမှ ထိခိုက်မှု မရှိကြပေ။

ထန်းလုံဝိုင်စက်ရုံ၏ ကြီးမားသော ပေါက်ကွဲမှုကြီးသည် ပတ်ဝန်းကျင်ရှိ လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

ဟူကောသည် သူတို့ရဲ့ ဒုခေါင်းဆောင်ကို ချက်ချင်းဖုန်းဆက်ပြီး ကြောက်စရာကောင်းတဲ့သတင်းကို ပြောပြသည်။ ဒုခေါင်းဆောင်က ဒေါသထွက်သွားပြန်သည်။

ဟွမ်းဟိုင်ဟောက်ကို ပြန်ပေးဆွဲသွားတာနဲ့တင် လုံလောက်ပြီဟု ထင်ခဲ့ပေမယ့် သူတို့အိမ်လည်း ပေါက်ကွဲသွားပြန်ပြီ။

မနှောင့်နှေးဘဲ ထန်ပင်းစန်ကို သတင်းပို့ပြီး ထန်ပင်းစန်လည်း ဒေါသတွေအပြည့်နဲ့ပင်။ သူတို့၏ အခြေစိုက်စခန်း ပေါက်ကွဲသွားပြီ။

ကံမကောင်းစွာပဲ ကုနင်းသည် ထန်းလုံဘားဆီကို သွားနေသည်ဖြစ်၍ ကိစ္စသည် အခုထိမပြီးသေး‌ပေ။

သူမသည် ကောင်းယိနှင့် ချောင်ယတို့ကို ကာကွယ်ရန်အတွက် သူမတစ်ယောက်ထဲ ကိုင်တွယ်မည်ဖြစ်သည်။ သူမကို ဖော်ထုတ်နိုင်ခဲ့ရင်တောင် ရဲတွေက သူမကို ရှာမတွေ့နိုင်ဟု ယုံကြည်သည်။ "ထန်အိုက်နင်း" သည် ကုနင်း ဖြစ်သည်ကို မည်သူမျှ မသိကြပေ။

နေ့လယ် ၁ နာရီရှိပဲရှိသေးသော်လည်း ဘားသည် လူတ၀က်မျှ ပြည့်နေပြီဖြစ်သည်။ တကယ်တော့ ဒါဟာ လူတချို့အတွက် သူတို့၏ ညဥ့်ဘဝရဲ့အစပဲ ဖြစ်သည်။

ထန်းလုံဘားသည် အမြဲတမ်း လှုပ်ရှားမှုများ ပြည့်နှက်နေသောကြောင့် အတော်လေး ဆူညံနေသည်။ ကုနင်းသည် ချက်ချင်းပင် လျှပ်စစ်မီးဖြတတောက်လိုက်၍ ဘားသည် အမှောင်ကျသွား‌‌တော့သည်။

ကျယ်လောင်သော သီချင်းသံလည်း ရပ်တန့်သွားသည်။ မီးလုံးများနှင့် သီချင်းသံများ ရုတ်တရက် ရပ်သွားသောအခါ အားလုံးက မကျေမနပ်ဖြစ်နေကြသော်လည်း မလှုပ်မယှက် စောင့်ဆိုင်းနေလေသည်။

မဆိုင်းမတွဘဲ ကုနင်းက ကြိုးတွေကို မီးညှိလိုက်သည်။ ဝိုင်ယာကြိုးတွေ မီးလောင်တာနဲ့ ဘားထဲကလူတွေအားလုံး ကြောက်လန့်ပြီး အပြင်ကို ဝိုင်းအုံလာကြသည်။ ဘားလည်းပေါက်ကွဲနိုင်သည်။ သူတို့သည် ယခုအချိန်တွင် သူတို့၏ ညဘဝကို အဆုံးသတ်ရန် တွန့်ဆုတ်နေကြသော်လည်း မသေချင်ကြပေ။

ကုနင်းသည် အပြစ်ကင်းစင်သော ဧည့်သည်များကို စိတ်ထဲမှ တောင်းပန်လိုက်သည်။ သို့သော် ဒီအရာသည် ယခု သူမလုပ်နိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

ဘားဝန်ထမ်းတွေက မီးငြိမ်းဖို့ အကုန်လုပ်နိုင်ခဲ့ပေမယ့် ဝိုင်ယာကြိုးတွေ ပျက်နေပြီမို့ ဘားကိုတော့ တစ်ညလုံး ပိတ်ရတော့မည်။

ဝန်ထမ်းတွေ အပြင်ထွက်ခါနီးမှာ ဘားထဲက ပစ္စည်းတွေက ရုတ်တရက် ပေါက်ကွဲသွား‌‌တော့သည်။ ဒါဟာ ကြီးမားတဲ့ ပေါက်ကွဲမှုမဟုတ်ပေမယ့် ဘားဟာ အခုအချိန်မှာ လုံးဝ ရှုပ်‌ပွနေပါပြီ။ ပြန်ဖွင့်ချင်လျှင် ပြင်ဆင်ပြီးမှသာ ဖွင့်လို့ရတော့မည်။ ဘား၏မန်နေဂျာသည် မတော်တဆမှုအား သူတို့၏ ဘဏ္ဍာရေးမန်နေဂျာထံ ချက်ချင်းအကြောင်းကြားခဲ့သည်။ ဘဏ္ဍာရေးမန်နေဂျာသည် ဒီသတင်းကိုကြားလိုက်ရ ‌သောအခါ အလွန်အံ့သြသွားသည်။

***

အခန်း ၁၆၂၄ ပါးနပ်တဲ့မိန်းမ

ယခုရက်ပိုင်းအတွင်းတွင် ဆိုးရွားသောကိစ္စများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၎င်းသည် တိုက်ဆိုင်မှုသာဖြစ်သည်ဟု သူ မယုံပေ။ တမင်အကွက်ချထားတာဖြစ်နိုင်သည်။

သို့သော် အထက်ပါ မတော်တဆမှု သုံးခုစလုံးသည် အမျိုးသမီးတစ်ဦးတည်းက ဖြစ်သည်ကိုတော့သူမသိပေ။

ထျန်းယင်ဂိုဏ်းမှ အကြီးတန်းမန်နေဂျာအချို့သည် "ထန်အိုက်နင်း" ကို သိရှိသော်လည်း ထန်ပင်းစန်အပေါ် သူမ၏ အာဃာတကို မသိကြပါ။ သူတို့သည် ၎င်းတို့၏ ခေါင်းဆောင်များ၏ အမိန့်ကိုသာ ရိုးရှင်းစွာ နာခံကြသည်။ ထို့ကြောင့် သူတို့သည် မတော်တဆမှုများကို "ထန်အိုက်နင်း" နှင့် မချိတ်ဆက်နိုင်ပေ။

ဘဏ္ဍာရေးမန်နေဂျာသည် တစ်ရက်ထဲမှာ ဆိုးရွားသော မတော်တဆမှုများ အဘယ်ကြောင့်ဖြစ်ခဲ့သည်ကို နားမလည်သော်လည်း ထျန်းယင်ဂိုဏ်းသည် ယခုအချိန်တွင် ကြီးစွာသော အန္တရာယ်ကျရောက်နေပြီကို သိသည်။

မည်သို့ပင်ဆိုစေကာမူ ယခုမှစ၍ အထူးသတိထားရမည်ဖြစ်သည်။

မိနစ်အနည်းငယ်အတွင်း ထျန်းယင်ဂိုဏ်းမှ ပိုင်ဆိုင်သော ဘားများအားလုံး ပိတ်လိုက်သည်။ ဘားများအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးမှုမရှိရန် ယနေ့တွင် သူတို့၏ဖောက်သည်များကို မောင်းထုတ်လိုက်ရသည်။

ဘားများကို ထျန်းယင်ဂိုဏ်းမှ ပိုင်ဆိုင်ကြောင်း ရင်းနှီးသော ဖောက်သည်များအားလုံး သိရှိထားကြပြီး ဖြစ်သောကြောင့် သူတို့ကို မည်သူမျှ ပြသနာမရှာရဲကြပေ။

ထို့နောက် ဘဏ္ဍာရေးမန်နေဂျာက သူတို့၏ ဒုခေါင်းဆောင်ထံ သတင်းပို့သည်။ ဒုခေါင်းဆောင်သည် တစ်ရက်အတွင်း တတိယမြောက်သတင်းဆိုးကိုကြားသောအခါ ဒေါသတကြီးဖြင့် အံကိုကြိတ်ခဲ့သော်လည်း ယခုအချိန်တွင် သူသည် Cမြို့ တွင်မရှိသည့်အတွက်ကြောင့် ဘာမှမလုပ်နိုင်ပေ။ သူသည် Cမြို့သို့ အတောင်ပေါက်ကာ ပျံသန်းသွားချင်တော့သည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကို ဖမ်းရန် အခြားဘားတစ်ခုတွင် ထောင်ချောက်ထည့်ရန် ဒုခေါင်းဆောင်က ဘဏ္ဍာရေးမန်နေဂျာအား ပြောလိုက်သည်။

ကုနင်းသည် အခြား ထန်းလုံဘားသို့ ဝင်သောအခါ ဘားသည် အလွတ်ဖြစ်နေကြောင်း တွေ့ရှိရသည်။ ရုတ်တရက် ပေါက်ကွဲမှုကြောင့် ထျန်းယင်ဂိုဏ်းမှ ပိုင်ဆိုင်သော ဘားများအားလုံးကို ပိတ်လိုက်ကြောင်း သူမသိလိုက်ရသည်။ သို့သော် သူမ၏အစီအစဉ်ကို ထိခိုက်မည်မဟုတ်ပေ။

အထဲသို့ မ၀င်ခင် ဘားထဲပတ်ပတ်လည်ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုလိုက်သည်။

စက္ကန့်ပိုင်းအတွင်း သူမသည် ထောင်ချောက်ကို တွေ့ရှိခဲ့ပြီး ထျန်းယင်ဂိုဏ်းမှ သေနတ်များကိုင်ဆောင်ထားသော ဂိုဏ်းသားများသည် တံခါးကို ညွှန်ပြ‌နေသည်ကို‌တွေ့လိုက်ရသည်။ သူမသည်အထဲကို ဝင်လိုက်တာနဲ့ သူမဟာ ပစ်မှတ်ဖြစ်လာမှာသေချာသည်။

ကုနင်းက အထင်အမြင်သေးစွာဖြင့် လှောင်ရယ်လိုက်သည်။ သူမသည် လူမိုက်မဟုတ်သလို ဘားထဲသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားခြင်းဖြင့် သူ့အသက်ကို မစွန့်စားရဲပေ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကုနင်းသည် သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲမှ ဖောက်ခွဲရေးပစ္စည်းများကို ဆွဲထုတ်လိုက်သည်။

စောင့်ကြည့်ကင်မရာမှ ကုနင်း လှုပ်ရှားမှုကို တွေ့လိုက်ရသောအခါ ဘားရှိလူအားလုံး ထိတ်လန့်သွားကြသည်။

"သေစမ်း ဒီမိန်းမက လည်တယ်။ တံခါးဖွင့်ပြီး အထဲကို ရောက်မလာဘူး!"

"အခု ငါတို့ ဘာလုပ်သင့်လဲ?" ကုနင်းက ဖောက်ခွဲရေးပစ္စည်းကို ဘားထဲကို ပစ်ချလိုက်ရင် ပေါက်ကွဲပြီး သေသွားနိုင်သည်။

“အခုချက်ချင်း ထွက်သွား!” မန်နေဂျာက ပြောသည်။ မနှောင့်နှေးဘဲ အနောက်တံခါးဆီသို့ လျှောက်သွားကြသည်။

ကုနင်းသည် သူတို့၏ အပြုအမူများကို နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုတပ်ဆင်ကာ ကြည့်နေသည်။ သူမသည် ၎င်းတို့အား ဖမ်းရန် သို့မဟုတ် နာကျင်စေရန် ရည်ရွယ်ချက်မရှိသောကြောင့် သူတို့ ကိုယ်တိုင်ထွက်ပြေးခြင်းမှာ ပိုကောင်းသော ရလဒ်ဖြစ်သည်။

ကုနင်းကို ဖမ်းဖို့ကြိုးစားတာကြောင့် တံခါးကို မပိတ်ထားပေ။ အခုလည်း အပြင်သို့ထွက်ရမည်ဖြစ်၍ ဘယ်သူမှလည်း တံခါးကို မပိတ်ရဲကြပါ။

ကုနင်း တံခါးကို တွန်းဖွင့်ပြီး ဘားထဲသို့ ၀င်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူမသည် ဖောက်ခွဲရေးပစ္စည်းများကို ပစ်လိုက်သည်။

ဘားမှာ ဘယ်သူမှ မရှိတာကြောင့် ကုနင်းက ကျောင်းလုံကို လွှတ်လိုက်သည်။ သူ မြင်နိုင်သမျှအားလုံးကို ချိုးဖျက်ပစ်ရန် ထိုနဂါးကြီးကို ပြောလိုက်သည်။ ကျောင်းလုံအတွက် ထိုသို့ပြုလုပ်ရန်မှာ အလွန်လွယ်ကူသောကြောင့် စက္ကန့်ပိုင်းအတွင်း သူ၏အလုပ်ကို ပြီးမြောက်ခဲ့သည်။

ဘားထဲမှာ စောင့်ကြည့်ကင်မရာတွေရှိပေမယ့် ကုနင်းက ကွန်ပျူတာနဲ့အတူ သူတို့ကိုပါ ဖျက်စီးနိုင်ခဲ့သည်။

အားလုံးပြီးသွားသောအခါ ကုနင်းသည် ဘားထဲမှ ထွက်လာခဲ့‌တော့သည်။

***

အခန်း ၁၆၂၅ ကြီးမားတဲ့ အဖျက်စွမ်းအား

ထျန်းယင်ဂိုဏ်းမှ ဂိုဏ်းသားများသည် ထွက်ခွာသွားသော်လည်း ကုနင်း ပြုလုပ်သော ပေါက်ကွဲသံသည် မီးလောင်မှုကြီး ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဝေးဝေးသို့ မရောက်နိုင်ကြပေ။ မီးကိုချက်ချင်းမငြိမ်းလျှင် အဆောက်အဦတွေ ပိုပျက်စီးမည်ဖြစ်သည်။ ဒီတိုင်း ချန်ထားခဲ့လျှင် ပြင်းထန်စွာ အပြစ်ပေးခံရလိမ့်မည်။

အဆုံးတွင် "ထန်အိုက်နင်း" သည် ပစ္စည်းများကိုသာ ဖျက်ဆီးလိုပြီး လူကိုတော့ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိဟု တွေးဆမိသွားကြသည်။

ထို့ကြောင့် ဘားအပြင်ဘက်ရှိ ကားပါကင်တွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

ဆူညံသံများကြားရသော်လည်း ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။ သူတို့ကြားလိုက်ရတဲ့ အသံတွေအရ "ထန်အိုက်နင်း" ဟာ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးမပြုဘဲ ဘားကို အရာဝတ္ထုနဲ့ ဖြိုခွင်း ဖျက်စီးနေသည်ဟု ထင်ကြသည်။

ထိုသို့ဆိုလျှင် ဘား၏ပျက်စီးမှုသည်အလွန်ပြင်းထန်မည်မဟုတ်ပါ။

ကုနင်း ထွက်သွားသောအခါ မည်သူမျှ သူမကို မတားရဲကြသော်လည်း မန်နေဂျာသည် လူတစ်ယောက်အား သူမနောက်ကို လိုက်ခိုင်းလိုက်သည်။

ကံမကောင်းစွာနဲ့ပဲ မကြာခင်မှာပဲ အဲဒီလူက ကုနင်း ကို မျက်ခြေပြတ်သွားပြီး ပြန်လာခဲ့ရသည်။

မန်နေဂျာက စိတ်ပျက်နေပေမယ့် "ထန်အိုက်နင်း" ဟာ သန်မာတဲ့ရန်သူဆိုတာကို သူသိတဲ့အတွက် လက်လျှော့လိုက်ရသည်။

ကုနင်း ထွက်သွားပြီးနောက် ဘားထဲမှာ ချိန်ကိုက်ဗုံး ချန်ထားခဲ့မည်ကို စိုးရိမ်သောကြောင့် သူတို့သည် ဘားထဲသို့ မဝင်ရဲကြပေ။

နောက်ထပ်ငါးမိနစ်လောက်စောင့်ဖို့ ဆုံးဖြတ်လိုက်သညါ။ ငါးမိနစ်လောက်ကြာတော့ ပေါက်ကွဲသံမကြားရ၍ ဘားထဲကို ဝင်သွားကြ‌တော့သည်။

ဘားသည် လုံးဝ ရှုပ်ပွပျက်ဆီးသွား၍ သူတို့အားလုံး အံ့အားသင့်သွားကြသည်။

“မဟုတ်‌သေးဘူး နှစ်မိနစ်ထဲနဲ့ ဘယ်လို ဒီလောက် ဆိုးဆိုးရွားရွားဖျက်ဆီးသွားနိုင်တာလဲ?”

"သူ့မှာ ကြီးမားတဲ့ အဖျက်စွမ်းအား ရှိတယ်!"

“…”

ဘယ်သူမှ မယုံနိုင်‌ကြပေ။

"စောင့်ကြည့်ခန်းကို သွားမယ်" မန်နေဂျာက အမိန့်ပေးတဲ့အတွက် သူတို့ စောင့်ကြည့်ရေးခန်းကို သွားကြသည်။

ဘားကို "ထန်အိုက်နင်း" ဖျက်ဆီးနေချိန်တွင် လုပ်ဆောင်ခဲ့သည့်အရာကို မြင်ချင်သော်လည်း စောင့်ကြည့်‌ရေးခန်းမှာလည်း ဆိုးရွားစွာ ပျက်စီးနေကြောင်းသာ တွေ့ရှိလိုက်ရသည်။

မနှောင့်နှေးဘဲ မန်နေဂျာသည် အကြီးတန်း စီမံခန့်ခွဲရေးမှူးထံ သတင်းပို့လိုက်သည်။

နောက်ပိုင်းတွင် အကြီးတန်းမန်နေဂျာတစ်ဦးက ၎င်းတို့၏ ဒုခေါင်းဆောင်ထံ သတင်းပို့ခဲ့ပြီး ထန်ပင်းစန်လည်း ထိုသတင်းကို ကြားခဲ့သည်။ ထန်ပင်းစန်သည် ဆက်တိုက်ထွက်ပေါ်လာသော ကြောက်မက်ဖွယ်သတင်းများကို လက်မခံနိုင်ဘဲ ဒေါသထွက်လာကာ သတိပင်လစ်သွားတော့သည်။ သို့သော် ညဉ့်နက်နေ၍ သတိလစ်သွားသည်ကို မည်သူမျှ မသိကြပေ။ ကံကောင်းစွာနဲ့ပဲ ပြင်းပြင်းထန်ထန်လဲကျတာမဟုတ်သောကြောင့် သူအဆင်ပြေ‌သေးသည်။

ထန်ပင်းစန်သည် တရားမဝင်ဂိုဏ်း၏ တကယ့်သူဌေးဖြစ်၍ ဤသို့သော မကောင်းမှုများ ဖြစ်ပျက်ခဲ့သည်ကို လဆိုးရွားစွာ လက္မခံနိုင်‌ပေ။ တကယ်တော့ တရားမ၀င်ဂိုဏ်းတိုင်းမှာ ရန်သူတွေ အများကြီးရှိသောကြောင့် အဲဒါအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်‌ကြောင်း သူနားလည်သည်။

အမှန်မှာ တရားမ၀င်ဂိုဏ်းသည် မကောင်းမှုပြုလုပ်ရန် မဖြစ်နိုင်ပေ။ မကောင်းတာပြုလုပ်လိုက်သည်နှင့် ရန်သူကို ဖန်တီးမိလာသည်။ သူ့မှာ အစွမ်းအစမရှိလျှင် လက်စားချေဖို့ မည်သူမှ လက်လျှော့မှာ မဟုတ်ပါ‌ပေ။ ထို့ကြောင့် တရားမ၀င်ဂိုဏ်းများသည် သြဇာကြီးမားသော်လည်း အန္တရာယ်ကြီးသည်။

တကယ်တော့ တရားမဝင် ဂိုဏ်းတွေဟာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ပိုလို့တောင်အကြမ်းဖက်ကြပြီ ယနေ့ခေတ်မှာ အများကြီး ပြောင်းလဲလာသည်။

ရှေးယခင်က တရားမဝင် ဂိုဏ်းများသည် အုပ်စုဖွဲ့ ပစ်ခတ်မှုတွင် အမြဲပါဝင်နေခဲ့ကြသည်။ လူတော်တော်များများက အချိန်တိုင်းသေပေမယ့် အဲဒါကို ကြီးကြီးမားမားကိစ္စဟု မထင်ကြပေ။ ပိုက်ဆံအတွက် ဘာမဆိုလုပ်ကြပြီး အသက်အန္တရာယ်တောင် မကြောက်ကြပေ။

သို့သော် ယနေ့ခေတ်တွင် တရားမဝင် ဂိုဏ်းများသည် ဝင်ငွပေိုမိုရရှိစေရန်အတွက် တရားမဝင်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ကြသည်။ ဒီအရာက ပြသနာမတက်စေသရွေ့ ဘေးကင်းလုံခြုံစွာ နေနိုင်မည်ဖြစ်သည်။

…

ကုနင်းသည် နောက်ထန်းလုံဘားသို့ မသွားတော့‌ပေ။ ထျန်းယင်ဂိုဏ်းမှပိုင်ဆိုင်သော ဘားခုနစ်ခုခန့်ရှိသောကြောင့် ၄င်းတို့အားလုံးကိုဖျက်ဆီးရလျှင် အလွန်နောက်ကျသွားမည်ဖြစ်သည်။ သူမသည် ၎င်းတို့၏ လုပ်ငန်းကို ထိခိုက်စေလိုပြီး ဆိုးရွားစွာ ပျက်စီးနေသော ဘားနှစ်ခုနဲ့တင် လုံလောက်ပါသည်။

ဘားနှစ်ခု ပျက်စီးပြီးနောက် အခြားဘားများကိုလည်း နောက်နေ့တွင် ဖွင့်နိုင်မည်မဟုတ်ပေ။

ကုနင်းသည် လူအနည်းစုသာ ထန်းလုံ ဘားကိုလာရောက်ရန်အတွက် ပေါက်ကွဲရေးသတင်းများကို အင်တာနက်ပေါ်တွင် ဖြန့်မည်ဖြစ်သည်။

ထို့နောက် တက္ကစီစီးကာ ထွက်ခွာသွား‌တော့သည်။

သို့သော် ညသန်းခေါင်ယံအချိန်၌ လှပသောအမျိုးသမီးတစ်ဦးသည် ရာဇ၀တ်ကောင်များကို အလွယ်တကူဆွဲဆောင်နိုင်သည်။

ကားပေါ်တက်ပြီးတာနဲ့ တက္ကစီသမားက ကုနင်းကို စိုက်ကြည့်နေသည်။ ကုနင်း သည် ဒီလိုမျိုး ကြုံဖူးတာ ဒါပထမဆုံးမဟုတ်တဲ့အတွက် အေးအေးဆေးဆေးပင်။

သူမသည် ဤတက္ကစီဒရိုင်ဘာအတွက် အချိန်ဖြုန်းချင်စိတ်မရှိသောကြောင့် သူ့အကြံဆိုးကို စွန့်လွှတ်ဖို့ ပြုလုပ်ရန်သာ လိုသည်။

ကုနင်း ဘာမှမပြောခင်မှာ တက္ကစီဒရိုင်ဘာက “ဟေး ကောင်မလေး ဘာလုပ်လုပ်တာလဲ?” ဟု မေးသည်။

"ကျွန်မက ရဲပါ" လို့ ကုနင်း က ပြောသည်။

အဲဒါကိုကြားတော့ တက္ကစီသမားက ကြောက်လန့်ပြီး သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ သူသည် ရဲကို သွားမရှုပ်ရဲပါ။

ကုနင်းသည် တစ်ချိန်တည်းမှာပင် သူ့ကို တည့်တည့်စိုက်ကြည့်နေ၍ စိတ်ဖိစီးမှုဖြစ်လာစေသည်။ သာမာန်မိန်းကလေးတွေက ဒီလောက်မသန်မာ၍ ကုနင်းရဲ့ စကားကို သူလုံးဝသံသယမဝင်ပေ။

အဆုံးတွင် တက္ကစီသမားက ကုနင်းကို သွားလိုရာနေရာသို့ ပို့ပေးခဲ့ပြီး သူမကို ထိခိုက်စေရန် ဘာမှမလုပ်ခဲ့ပေ။

ကုနင်းသည် မဖွံ့ဖြိုးသေးသော မြေရိုင်းများစွာရှိသည့် ခပ်ဝေးဝေးရှိ ဟိုတယ်တစ်ခု၏ အပြင်ဘက်သို့ ရောက်လာသည်။

***

အခန်း ၁၆၂၆ ဒါက အစပဲရှိသေးတယ်

ကောင်းယိနှင့် ချောင်ယတို့သည် ၎င်းတို့၏ကားကို စွန့်ပစ်မြတွေင် ရပ်ထားခဲ့ကြပြီး စောင့်ကြည့်ကင်မရာများလည်း မရှိသောကြောင့် မည်သူမျှ သူတို့ကို မတွေ့နိုင်ပေ။ ဒီလိုနဲ့ ကုနင်းသည် ကောင်းယိနဲ့ ချောင်ယတို့ကို ထို‌မြေရိုင်းမှာ တွေ့ခဲ့သည်။

ဟွမ်းဟိုင်ဟောက်ကို ကောင်းယိနဲ့ ချောင်ယက ကြိုးတွေနဲ့ တင်းတင်းကြပ်ကြပ် ချည်ထားပြီး ပါးစပ်ကို ပိတ်ထားပြီး မျက်လုံးတွေကိုလည်း ပိတ်ထားသည်။

သူလည်း သတိလစ်နေသေးသည်။

"သူနိုးလာ‌သေးလား?" ကုနင်း က မေးသည်။

“ဟုတ် ဒါပေမယ့် ငါတို့ သူ့ကို ထပ်သတိမေ့‌အောင် လုပ်လိုက်တယ်” လို့ ကောင်းယိ က ပြောသည်။

ကုနင်းသည် ဟွမ်းဟိုင်ဟောက်၏ ဓာတ်ပုံကို ရိုက်ယူလိုက်ပြီး ထန်ပင်းစန်သို့ ပေးပို့လိုက်သည်။

သူမသည် “ထန်အိုက်နင်း” အမည်ဖြင့် မှတ်ပုံတင်ထားသည့် ဖုန်းကို အသုံးပြုပြီး ယခင်ဘ၀၌ ထန်ပင်းစန်၏ သမီးဖြစ်ခဲ့သောကြောင့် သူ့ဖုန်းနံပါတ်ကို မှတ်မိနေသေးသည်။

ဓာတ်ပုံအပြင် ကုနင်းသည် မက်ဆေ့ခ်ျလည်းပို့လိုက်သည်။

ကုနင်း: ထန်ပင်းစန် ကျွန်မက ထန်အိုက်နင်းပါ။ ထျန်းယင်ဂိုဏ်းခေါင်းဆောင်က အခု ကျွန်မလက်ထဲမှာ။ ရှင့်ရဲ့ အခြေစိုက်စခန်းနဲ့ ဘားနှစ်ခုလုံးက ကျွန်မကြောင့် ပျက်စီးသွားပြီ။ အံ့သြ‌‌နလေား။ ကံမကောင်းစွာနဲ့ပဲ ဒါဟာအစပဲရှိသေးတယ်‌‌နော်။

ထန်ပင်းစန် သတိမေ့နေသောကြောင့် ကုနင်း ၏စာကိုချက်ချင်းမဖတ်နိုင်ပေ။

အဲဒီနောက်မှာတော့ ကုနင်းသည် သူမ၏ အခြား Weibo အကောင့်မှာ ပို့စ်တစ်ခု တင်လိုက်သည်။

[အထူးသတင်း- Cမြို့ ရှိ ထျန်းယင်ဂိုဏ်းအခြေစိုက်စခန်းသည် မနေ့ည ၁၂ နာရီ ၃၀မိနစ်တွင် ပေါက်ကွဲခဲ့သည်။ ထန်းလုံဝိုင်စက်ရုံကို ဖျက်ဆီးခဲ့သူမှာ ထျန်းယင်ဂိုဏ်း၏ ပြင်းထန်သော ရန်သူဖြစ်သည်။ ထန်းလုံဝိုင်စက်ရုံ၏ မြေအောက်ခန်းထဲတွင် သေနတ်များကဲ့သို့ တရားမဝင် ပစ္စည်းများကိုလည်း တွေ့ရှိခဲ့သည်။ ထျန်းယင်ဂိုဏ်းပိုင်ဆိုင်သော ဘားနှစ်ခုလည်း ပြင်းထန်စွာ ပျက်စီးခဲ့သည်။ ၎င်းတို့၏ ဘားများကို လည်ပတ်လိုသူများသည် နောက်ရက်များတွင် သတိထားရပါမည်။ [ဓာတ်ပုံများပူးတွဲ‌ဖော်ပြလျက်]]

ကုနင်းသည် ထန်းလုံ ဝိုင်စက်ရုံမပေါက်ကွဲမီနှင့် ပေါက်ကွဲအပြီး၏ ဓာတ်ပုံများကို ထည့်သွင်းတင်လိုက်သည်။ ပေါက်ကွဲမှုမဖြစ်ပွားမီနှင့် ပေါက်ကွဲပြီးတွင် အိမ်၏ဓာတ်ပုံများလည်း ပါသည်။

အိမ်မပေါက်ကွဲခင်မှာ ကုနင်းက ဓါတ်ပုံပေါင်းများစွာရိုက်ထားခဲ့သည်။ သူမသည် ထန်းလုံဘား၏ မပျက်စီးမီနှင့် ပျက်စီးအပြီး၏ ဓာတ်ပုံများလည်းရိုက်ယူထားသည်။

မဆိုင်းမတွဘဲ ကုနင်းသည် Weiboတွင် Cမြို့ ၏ နာနည်ကြီးသော မီဒီယာအများအပြားကို မန်းရှင်းခေါ်ကာ တင်ခဲ့သော်လည်း ယခုအချိန်သည် နောက်ကျနေပြီဖြစ်သောကြောင့် လူများစွာက ၎င်းကိုမြင်တွေ့ခြင်းမရှိ‌သေးပေ။

ထို့အပြင် ကုနင်း၏ ဒုတိယ Weibo အကောင့်တွင် Follower အများအပြားမရှိပေ။ သို့သော် သူမသည် မနက်ဖြန်တွင် တဟုန်ထိုးပျံ့နှံ့သွားမည်ကို သိသောကြောင့် ၎င်းအတွက် စိတ်မပူပေ။

ထျန်းယင် ဂိုဏ်း ကို ကြောက်ရွံ့သောကြောင့် ထိုသတင်းကို မီဒီယာများက ငြင်းဆိုနိုင်သော်လည်း ကုနင်းသည် ၎င်းကို လူသိများစေရန် နည်းလမ်းများစွာ ရှိသည်။

ဒါ့အပြင် သူမဟာ ဓါတ်ပုံများစွာကို ပူးတွဲတင်ထားတာကြောင့် ဒီ Weibo အကောင့်၏ နောက်ကွယ်ကလူသည် ထန်းလုံဝိုင်စက်ရုံနှင့် ထန်းလုံဘားတို့ကို ဖောက်ခွဲခဲ့သူဖြစ်ကြောင်း လူတိုင်းအား သိသာထင်ရှားစေသည်။

အခင်းဖြစ်ပွားရာနေရာမှ ဓာတ်ပုံများလည်း ရိုက်နိုင်ခဲ့သည်။ ထန်းလုံဝိုင်စက်ရုံ မြေအောက်ခန်းထဲရှိ တရားမဝင်သေနတ်တွေနှင့် မူးယစ်ဆေးဝါးတွေ ဝှက်ထားတဲ့ ဓာတ်ပုံများတောင် ပါသေးသည်။

ကုနင်းသည် ၎င်းတို့ကို လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိဘဲ လူသိရှင်ကြားထုတ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် အနားယူလိုက်ကြသည်။ သူတို့အတွက် ဟိုတယ်မှာနစရော မလို၍ သူတို့၏ကားကို မသိသာသော နေရာမှာ ရပ်လိုက်ပြီး တစ်ရေးတစ်မော အိပ်လိုက်ကြသည်။

ထိုညတွင် ထျန်းယင်ဂိုဏ်းမှလူများသည် လုံးဝအိပ်မပျော်ကြပေ။

၎င်းတို့၏ အကြီးတန်းစီမံခန့်ခွဲ‌ရေးအဖွဲ့သည် ညတွင်းချင်း အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။ သူတို့၏ ခေါင်းဆောင်သည် ပျောက်ဆုံးနေပြီး ဒုတိယခေါင်းဆောင်လည်း မရှိတဲ့အတွက် အကြီးတန်းမန်နေဂျာလေးဦးဟာ အခုချက်ချင်း ထွက်လာပြီး တာဝန်ယူရမှာ ဖြစ်သည်။ ဒါပေမယ့် သူတို့အားလုံးဟာ လောဘကြီးကြတဲ့အတွက် တစ်ဦးနှင့် တစ်ဦးကောင်းကောင်းမ‌ပြေလည်ကြ‌ပေ။ သူတို့ခေါင်းဆောင်ရော ဒုခေါင်းဆောင်လည်း မရှိတဲ့အတွက် သူတို့ အသီးသီးက အာဏာကို အကြွင်းမဲ့ ဆုပ်ကိုင်ချင်ကြသောကြောင့် အချင်းချင်း လျှို့ဝှက်စွာ ပြိုင်ဆိုင်နေကြ၍ အစည်းအဝေးက အဆင်မပြေဖြစ်လာသည်။ နောက်ဆုံးမှာတော့ သူတို့၏ ဒုခေါင်းဆောင် ပြန်‌ရောက်လာမည့် အချိန်အထိစောင့်ရန် ဆုံးဖြတ်ချက်ချလိုက် ပါ‌တော့သည်။

ထန်းလုံဝိုင်စက်ရုံသည် ထျန်းယင်ဂိုဏ်းမှပိုင်ဆိုင်သော်လည်း ၎င်းသည် တရားဝင်စီးပွားရေးဖြစ်သောကြောင့် ရဲထံလှည့်ကာ အကူအညီတောင်းခဲ့ကြသည်။

တကယ်တော့ Weibo မှာတင်ထားသော ကုနင်း၏ ပို့စ်ကို မတွေ့သေး‌ပေ၊ မဟုတ်လျှင် ရဲကို ဖုန်းဆက်မည် မဟုတ်‌ပေ။

မြေအောက်ခန်းထဲမှာ ဝှက်ထားတဲ့အရာတွေကို ဖော်ထုတ်ထားပြီးသားဖြစ်တဲ့အတွက် ဒီအချိန်မှာ သူတို့မလုပ်သင့်ဆုံးအရာက ရဲတွေကို ဒီကိစ္စထဲမှာ ပါ၀င်ခွင့်ပေးလိုက်တာပင်။

…

ထန်ပင်းစန် နိုးလာသောအချိန်တွင် မနက် ၅ နာရီထိုး‌နေပြီဖြစ်သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် သတိလစ်နေချိန်တွင် မက်ဆေ့ချ်များ လွတ်သွားမည်ဆိုး၍ ဖုန်းကို စစ်ကြည့်လိုက်သည်။ ထူးဆန်းသော နံပါတ်တစ်ခုမှ မက်ဆေ့ခ်ျအသစ်တစ်ခုက သူ့အာရုံကို ဖမ်းစား‌နေ၍ ချက်ခြင်းဖတ်လိုက်သည်။

ကုနင်း: ထန်ပင်းစန် ကျွန်မက ထန်အိုက်နင်း ပါ။ ထျန်းယင်ဂိုဏ်းရဲ့ခေါင်းဆောင်က အခု ကျွန်မလက်ထဲမှာ။ ရှင့်ရဲ့ အခြေစိုက်စခန်းနဲ့ ဘားနှစ်ခုလုံးက ကျွန်မကြောင့် ပျက်စီးသွားပြီ။ အံ့သြ‌‌နေလား။ ကံမကောင်းစွာနဲ့ ဒါဟာအစပဲရှိပါသေးတယ်‌နော်။

ဖတ်ပြီးနောက် ထန်ပင်းစန်သည် ကြောက်ရွံ့သွားသည်။ သူ့လက်များ တုန်လာပြီး ဖုန်းက မြေပြင်ပေါ်ကျသွားသည်။

ထိုစာကြောင့် ထန်ပင်းစန်သည် နောက်တစ်ကြိမ် သတိမေ့သွား‌ပြန်သည်။

ပြန်နိုးလာတော့ မနက် ၉ နာရီ ထိုးနေပြီဖြစ်သည်။ ခုတော့ တော်တော် အားနည်းနေပြီး ဆေးရုံမှာ နိုးလာတာဖြစ်သည်။ ထန်ပင်းစန်၏ အတွင်းရေးမှူးသည် သူ့ကို မနက် ၈ နာရီ မတိုင်ခင် လာခေါ်ခဲ့ပေမယ့် သူ့အခန်းထဲက မထွက်လာ‌ပေ။ အတွင်းရေးမှူးက သူ့ကို ခေါ်ပေမယ့် ပြန်မဖြေတာနဲ့ သူ့အတွင်းရေးမှူးက စိတ်ပူပြီး သူ့ကိုရှာဖို့ အပေါ်ထပ်ကို တက်သွားလိုက်သည်။

သူ၏အတွင်းရေးမှုးသည် အထူးခွင့်ပြုချက်ရှိပြီး ထန်မိသားစု၏အိမ်ကို လွတ်လပ်စွာ၀င်ရောက် ထွက်ခွာနိုင်သောကြောင့် ထန်မိသားစု၏ အိမ်အကူတစ်ဦးမှ သူ့ကို မတားကြပေ။ ကျီယီယင်း အိမ်မှာမရှိဘူးဆိုတာကို သူ့အတွင်းရေးမှူးက သိတာကြောင့် ထန်ပင်းစန်ရဲ့အိပ်ခန်းကို တိုက်ရိုက်သွားကြည့်လိုက်သည်။

တကယ်တော့ ကျီယီယင်းဟာ ထန်ယရှင်း သတ်သေဖို့ ကြိုးစားပြီးနောက်ပိုင်းထဲက နေ့တိုင်းလိုလို ဆေးရုံမှာ ငိုကြွေး‌နေသည်။ သူမတွင် ကလေးတစ်ယောက်သာရှိသည်။ သူ့သမီးသာ သေသွားလျှင် သူမသည် အသက်ဆက်ရှင်နိုင်မည်မဟုတ်ပေ။

All Chapters