အခန်း (၅၆-၆၀)
Vol. 4 Ch. 56-60
အခန်း ၅၆ နောက်ထပ်ကျောက်စိမ်း
"မိန်းမကောင်းလေးပဲ," ဆရာကြီးဖူက ချီးမွန်းလိုက်တယ်.
"မင်း ချက်လက်မှတ်နဲ့ယူမလား ဒီတိုင်းလွှဲပေးရမလား?"
"လွှဲပဲလွှဲပေးပါ." ကုနင်းပြောလိုက်ပြီး သူမဘဏ်ကဒ်ကိုထုတ်လိုက်ကာ ဆရာကြီးဖူကို သူမအကောင့်နံပါတ်ပြောပြလိုက်တယ်.
"ကောင်းပြီလေ." ဆရာကြီးဖူပြန်ဖြေလိုက်ပြီး လူတစ်ယောက်ထံဖုန်းဆက်လိုက်ကာ အခုပဲ ပိုက်ဆံလွှဲပေးဖို့ပြောလိုက်တယ်.
မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ကုနင်းထံ ယွမ်သန်း၃၀အောင်မြင်စွာ လွှဲပြောင်းပြီးကြောင့် စာဝင်လာခဲ့တယ်. ထိုတော့မှ ကုနင်းလဲ ကျောက်စိမ်းကို ဆရာကြီးဖူထံလက်လွှဲပေးလိုက်တော့တယ်.
"မိန်းကလေး, ကျန်တာတွေကိုဆက်ဖြတ်အုံးမလား?" ကျောက်ဖြတ်တဲ့သူကဝင်မေးလိုက်တယ်.
"ဟုတ်ကဲ့, ဖြတ်ပေးပါ." ကုနင်းဖြေလိုက်ကာ တန်ဖိုးမရှိတဲ့ကျောက်ကို ကျောက်ဖြတ်သူထံလှမ်းပေးလိုက်တယ်.
ဆရာကြီးဖူက ကျောက်ရသွားပြီဆိုတော့ထွက်သွားတော့မလို့ပေမယ့် ကုနင်းထပ်ပြီး ကျောက်ရိုင်းထပ်ဖြတ်ဦးမှာဆိုတော့ သူလဲဆက်နေလိုက်တယ်.
ကုနင်းက အဆင့်မြင့်တဲ့ကျောက်စိမ်းတစ်တုံးကို ဖြတ်နိုင်ထားတာကြောင့် လူအုပ်ကြီးကလဲ နောက်ထပ်ဘာရမလဲဆိုတာကို စိတ်လှုပ်တရှား စောင့်ကြည့်နေကြတယ်.
ကုနင်းနောက်ထပ်ကျောက်စိမ်းတစ်တုံးထပ်ထွက်ဖို့အထိ ကံမကောင်းလောက်ဘူးလို့ ယုံကြည်နေကြပေမယ့်လဲ မျှော်လင့်ချက်အပြည့်နဲ့စောင့်ကြည့်နေကြတုန်းပါပဲ.
မမျှော်လင့်ထားစွာပဲ နောက်တစ်တုံးက တန်ဖိုးမရှိတဲ့ ကျောက်တစ်ခုဖြစ်နေပါတယ်. ဒါပေမယ့် လူအုပ်ကြီးကတော့ မထွက်သွားသေးပါဘူး ဘာလို့ဆို ကုနင်းမှာ နောက်ဆုံးကျောက်ရိုင်းတစ်တုံးရှိနေသေးတယ်လေ.
ကုနင်းက သုံးခုမြောက် ကျောက်စိမ်းတုံးကို မဖြတ်ရသေးခင်အထိ သူမလဲ မအောင်မြင်ခဲ့ဘူးမလား. ဒီတော့ နောက်ဆုံးကျောက်ရိုင်းတုံးကလဲ ကျောက်စိမ်းဖြစ်နေနိုင်သေးတာပဲ.
အရမ်းကြီးတော့ ဖြစ်နိုင်နေတာမဟုတ်ပါဘူး.
နောက်ဆုံးတစ်တုံးက သိပ်မကြီးပါဘူး. အပေါ်လွှာမထူတာကို ကုနင်းလဲ သိတာကြောင့်,
"ဒီကျောက်ကိုသွေးပေးပါ."
"ကောင်းပါပြီ." ကျောက်ဖြတ်သူက ပြန်ပြောလိုက်တယ်.
ကျောက်သွေးတာက ကျောက်ဖြတ်ရတာထက်ပိုပြီးတော့ကြာပေမယ့် လူတိုင်းကစိတ်ရှည်ကြပါတယ်.
ခနကြာပြီးနောက်မှာတော့ ထိုကျောက်ကနေပြီး အစိမ်းရောင်တစ်စွန်းတစ်စထွက်လာတာကြောင့် ကျောက်ဖြတ်သူကလဲ စိတ်လှုပ်ရှားစွာနဲ့ အော်လိုက်တယ်,
"ထပ်ပြီးတော့ ကျောက်စိမ်းပဲ!"
"ဟွန့်, ဒီမိန်းကလေးတော်တော်ကံကောင်းတာပဲ! ငါးတုံးမှာ နှစ်တုံးတောင် ကျောက်စိမ်းဖြစ်နေတယ်."
ဒီတစ်ကြိမ်မှာတော့ သူဌေးမှာလုံးဝကို နောင်တရသွားတယ်.
အစိမ်းရောင်နဲနဲလေးပဲထွက်သေးတာကြောင့် ဘာအမျိုးအစားဖြစ်မလဲဆိုတာပြောဖို့ခက်ပါသေးတယ်.
ကျောက်ဖြတ်သူက ဆက်ပြီးတော့ ကျောက်ကိုသွေးနေကာ နောက်ထပ်အပေါ်လွှာတွေကွာကျလေ လူတိုင်းပိုပြီးစိတ်လှုပ်ရှားနေကြလေပါပဲ.
အပေါ်လွှာအများစုကွာကျပြီးသွားချိန်မှာတော့ ကျောက်အမျိုးအစားကို ရှင်းရှင်းလင်းလင်းခွဲခြားနိုင်သွားပါပြီ.
"ဘုရားရေ! ဒါအဆင့်မြင့်ရေခဲသားအမျိုးအစားမဟုတ်လား!"
အဆင့်မြင့်ရေခဲသားဆိုတာက ဖန်သားအမျိုးအစားထက်နည်းနည်းပိုဆိုးတာဖြစ်တယ်. ဒါပေမယ့် သူကလဲ အဆင့်မြင့်ကျောက်စိမ်းအမျိုးအစားပါပဲ. ဒါက ဂလူတီးနက်စ်ရိုက်ထက်တောင်ပိုပြီးကောင်းပါသေးတယ်.
ဒီကျောက်စိမ်းက အလွန်ကြည်လင်ပြီး ကောင်းစွာဖောက်ထွင်းမြင်နိုင်ပါတယ်. ဒါကတွင်းဟောင်းထွက် အဆင့်မြင့်ရေခဲသားအမျိုးအစားပါ. သိပ်မကြီးတာတောင်မှ ပြီးတော့ အရင်ဂလူတီးနက်စ်ရိုက်ရဲ့ သုံးပုံတစ်ပုံလောက်ပဲရှိတာတောင်မှ ဒီကျောက်ရဲ့ဈေးက အရင်ဟာထက်မနိမ့်ပါဘူး.
ကုနင်းချက်ချင်းပဲ စွမ်းအင်တွေကို သူမရဲ့ကျောက်စိမ်းမျက်ဝန်းထဲစုပ်ယူလိုက်တယ်.
ခနအကြာမှာတော့ သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲမှာ စွမ်းအားတွေနဲ့ပြည့်သွားပြီး ပိုတောင်ကြီးလာသလိုပဲ.
ကျောက်စိမ်းအပြီးထိဖြတ်ပြီးသွားချိန်မှာတော့ လူတစ်ယောက်ကစပြီး လေလံတင်တော့တယ်,
"ယွမ်သန်း၂၀!"
ဒါကတော့ ထပ်ပြီး ဆရာကြီးဖူရဲ့အသံပဲဖြစ်ကာ ဒီတစ်ကြိမ်မှာတော့ ဘယ်သူမှသူ့နောက်ကနေဈေးပြိုင်မပေးရဲကြတော့ပါဘူး. ဘာလို့ဆို ဒီနေရာမှာက အနည်းငယ်ချမ်းသာတဲ့လူတွေပဲရှိတာလေ.
အစောနက ဆရာကြီးဖူနဲ့ ပြိုင်ခဲ့တဲ့လူကတော့ ငိုမလိုဖြစ်နေကာ ပြောလိုက်တယ်,
"ဆရာကြီးဖူ, ကျွန်တော့ကို နောက်ထပ်ပိုကောင်းတဲ့အခွင့်အရေးတွေစောင့်နေဦးမယ်လို့မပြောခဲ့ဘူးလား? ဘာလို့ထပ်ပြီး ကျွန်တော်နဲ့ထပ်ပြိုင်ပေးချင်ရပြန်တာလဲ? ကျွန်တော် ဒါအတွက် ယွမ်၂၅သန်းပေးမယ်!"
ဒီအဆင့်မြင့်ရေခဲသားက အစောက ဂလူတီးနက်စ်ရိုက်ထက်ပိုပြီးအဖိုးတန်တာမှန်သော်လဲ သိပ်မကြီးပါဘူး. သူက ယွမ်၂၅သန်းဝန်းကျင်လောက်ပတန်ပါတယ်. တကယ်လို့ ဒီကျောက်ကို လက်ဝတ်ရတနာအဖြစ်ပြောင်းလိုက်မယ်ဆိုရင်တော့ ဝယ်သွားမယ့်သူက ယွမ်၁၀သန်းလောက်မြတ်မှာပါ.
ဒါပေမယ့် လေလံဈေးသာထပ်မြင့်သွားမယ်ဆိုရင် အမြတ်သိပ်ရတော့မှာမဟုတ်ပါဘူး.
ဆရာကြီးဖူကတော့ ကျောက်စိမ်းကိုဝယ်ဖို့ စိတ်အားထက်သန်နေကာ,
"အရက်ရောဆုံးဝယ်သူက ကျောက်စိမ်းကိုရမှာပဲလေ. ဒါတရားတယ်လို့ထင်တယ်."
"ခင်ဗျား...." ထိုလူဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်. ဆရာကြီးဖူသာ လေလံဝင်ဆွဲမယ်ဆိုရင် သူနောက်တစ်ကြိမ်အရှုံးပေးရဦးမှာပဲ.
"ကောင်းပြီလေ, ဒီတစ်ခုကမင်းအတွက်ပေါ့." ဆရာကြီးဖူလဲ ထိုလူကျောင်းယွဲ့ဖန် ဒီကြောက်ကို အရမ်းလိုချင်နေမှန်း နားလည်ပါတယ်. သူတို့အစထဲက သဘောတူထားတာလဲဖြစ်တယ်. ပြီးတော့ ဆရာကြီးဖူလဲ ကျောက်စိမ်းတစ်တုံးကြောင့်နှင့် မိတ်ဆွေတစ်ယောက်ကို မဆုံးရှုံးချင်ပါဘူး.
ကျောင်းယွဲ့ဖန်လဲ ပျော်ရွှင်သွားကာ ,
"ကျေးဇူးအများကြီးတင်ပါတယ်, ဆရာကြီးဖူ!"
ဒီလိုနဲ့ ကျောင်းယွဲ့ဖန်က အဆင့်မြင့် ရေခဲသားကျောက်စိမ်းကို အဆုံးမှာတော့ ယွမ်၂၅သန်းနဲ့ရရှိသွားခဲ့တယ်.
တစ်ရက်ထဲနဲ့ကို ကုနင်း ယွမ်၅၅သန်းရှာနိုင်ခဲ့ပါတယ်.
ကုနင်းရဲ့အပြင်ပုံစံကသာ အေးဆေးနေပေမယ့် နှလုံးသားကတော့ လျင်လျင်မြန်မြန်ခုန်နေပါတယ်.
သူမအပြင်ဘက်ကိုတောင်ထုတ်အော်မိတော့မလိုပါပဲ.
"မိန်းကလေးကု, တွေ့ရတာဝမ်းသာပါတယ်. ကျုပ်က ဖူရုန်ကျောက်မြတ်ရတနာရဲ့ ဥက္ကဌပါ." ကျောင်းယွဲ့ဖန်က မိတ်ဆက်လိုက်တယ်.
"ဒါက ကျုပ်ရဲ့လုပ်ငန်းကဒ်ပါ. တကယ်လို့ မိန်းကလေးကုမှာ နောက်ထပ်အဆင့်မြင့်ကျောက်စိမ်းတွေထပ်ရှိခဲ့မယ်ဆိုရင် ကျုပ်ကိုလဲ အသိပေးပါဦး. ကျုပ်အသင့်တော်ဆုံးဈေးနဲ့ ဝယ်မှာမို့လို့ ဦးစားပေးဝယ်ယူသူတစ်ယောက်နေနဲ့သတ်မှတ်ပေးပါနော်." ကျောင်းယွဲ့ဖန် ကုနင်းကို အပြည့်အဝယုံကြည်နေပါပြီ.
ဒါက ကံကောင်းလို့ပဲဖြစ်ဖြစ် တကယ့်စွမ်းဆောင်ရည်ကြောင့်ပဲဖြစ်ဖြစ် ကျောက်ရိုင်း၅တုံးမှ ၂တုံးက ကျောက်စိမ်းဖြစ်နေတာကတော့ မျက်မြင်ကိုယ်တွေ့အမှန်တရားပဲလေ.
ကုနင်းမနေ့ညက ပြည်တွင်းလက်ဝတ်ရတာနာအမှတ်တံဆိပ်တွေနဲ့ သူတို့ရဲ့ တည်ထောင်သူတွေ ဥက္ကဌတွေအကြောင်းကို ဖတ်ထားခဲ့တာကြောင့် ဖူရုန်လက်ဝတ်ရတနာတံဆိပ်အကြောင်း သိထားပါတယ်.
ဖူရုန်ကျောက်မြတ်ရတနာရဲ့ ရုံးချုပ်က မြို့တော်Gမှာမဟုတ်ပေမယ့် ဆိုင်ခွဲတွေကတော့ နိုင်ငံအနှံ့ရှိပြီး ယွမ်၂ဘီလီယံလောက်ချမ်းသာကြပါတယ်. ဒါက ပြည်တွင်းကုမ္ပဏီမှာ တတိယအဆင့်ရှိပြီး ဥက္ကဌ ကျောင်းယွဲ့ဖန်ကတော့ အသက်၄၀ ဝန်းကျင်ရှိပါပြီ.
ကျောင်းယွဲ့ဖန်က ကျောက်စိမ်းကို ကိုယ်တိုင်ဝယ်ဖို့မလိုပေမယ့် မြို့တော်Gက သူ့ရဲ့ဆိုင်ခွဲကို လာစစ်ရင်း အပျော်သဘောနဲ့ရောက်လာခဲ့တာပါ.
ကျောင်းယွဲ့ဖန်ဘက်ကစပြီး သူမနဲ့မိတ်ဆွေလာဖွဲ့တဲ့အတွက် ကုနင်းစိတ်လှုပ်ရှားနေမိတယ်.
ထိုကြောင့်, သူမနောက်ထပ် ကျောက်စိမ်းတွေထပ်ဖြတ်ပြီးရင် နည်းနည်းလောက် ကျောင်းယွဲ့ဖန်ကိုရောင်းဖို့ စဉ်းစားထားလိုက်တယ်.
သူတို့က လုပ်ငန်းတူသူတွေဖြစ်တာကြောင့် ပြိုင်ဖက်လဲဖြစ်သွားနိုင်သလို ပူးပေါင်းဖော်လဲဖြစ်သွားနိုင်ပါတယ်.
ကုနင်းလဲ သူ့ရဲ့နာမည်ကဒကို ပျော်ရွှင်စွာနဲ့လက်ခံလိုက်ပြီ,
"ကောင်းပါပြီ, နောက် ကျွန်မအဆင့်မြင့်ကျောက်စိမ်းတွေထပ်တွေ့မိရင် လူကြီးမင်းကျောင်းကို အရင်ဆက်သွယ်လိုက်ပါ့မယ်."
"မိန်းကလေး, ကျုပ်ကိုမမေ့နဲ့ဦး. ကျုပ်ကိုလဲ ဆက်သွယ်နိုင်တယ်. ကျောင်းယွဲ့ဖန်ထက်တော့ ပေးတာမနည်းစေရဘူး." ဆရာကြီးဖူကလဲ သူ့ရဲ့နာမည်ကဒ်ကိုထုတ်ပြီး ကုနင်းထံကမ်းပေးလိုက်တယ်. ဒီဝယ်သူနှစ်ယောက်ပြိုင်နေတာကို ကြည့်ရတာ ကုနင်းရယ်ချင်နေမိတယ်.
သူမ ဆရာကြီးဖူရဲ့နောက်ခံကို မသိသေးတာတောင်မှ ထိုအဖိုးကြီးက တော်တော်လေးချမ်းသာပြီး အာဏာကြီးမှန်းသိပါတယ်.
ထိုအဖိုးကြီးရဲ့ပိုင်ဆိုင်မှုက အဓိကမဟုတ်ပါဘူး.
ကုနင်းက သူမရဲ့ဖောက်သည်တွေနဲ့ ဆက်ဆံရေးကောင်းကောင်းတည်ဆောက်ချင်တာပါ. အထူးသဖြင့် အရမ်းချမ်းသာတဲ့ ဖောက်သည်တွေပေါ့.
"ဆရာကြီးဖူ, ခင်ဗျားတမင်ရည်ရွယ်ပြီးလုပ်နေတာမလား?" ကျောင်ယွဲ့ဖန် နည်းနည်းမကျေမနပ်ဖြစ်သွားတယ်.
"အဲ့တော့ ဘာဖြစ်လဲ? မင်းတစ်ယောက်ထဲ ကျောက်စိမ်းတွေကို သဘောကျတာမဟုတ်ဘူး. ငါလဲသဘောကျတယ်!" ဆရာကြီးဖူက ကလေးတစ်ယောက်လိုပြန်တုန့်ပြန်လိုက်တယ်.
"မိန်းကလေး, ငါ့ကိုလဲသတိရပေးနော်!" ကုနင်းကိုတော့ ကြင်ကြင်နာနာနဲ့ပြောလိုက်တယ်.
"ကောင်းပါပြီ." ကုနင်းပြုံးလိုက်တယ်.
သူမအနာဂါတ်မှာပိုများတဲ့ ကျောက်စိမ်းတွေကို ဖြတ်ထုတ်မှာလေ. သူမဆရာကြီးဖူကို ရောင်းမယ်ဆိုရင်တောင်မှ ဘယ်သူကိုမှထိခိုက်စေမှာမဟုတ်ပါဘူး.
ဆရာကြီးဖူလဲ ကုနင်းရဲ့အတည်ပြုချက်ကို ကြားတော့ ပျော်ရွှင်သွားခဲ့တယ်.
ပြီးသွားတော့မှ ကုနင်းဆိုင်ထဲက အရင်ထွက်လိုက်တယ်.
မကြာခင်မှာပဲ လူတွေအများကြီး ထိုဆိုင်ကနေ အဆင့်မြင့် ကျောက်စိတ်းနှစ်ခုဖြတ်ခဲ့တယ်ဆိုတာကို ကြားသွားကြကာ ထိုဆိုင်က ကံကောင်းတယ်ဆိုပြီး အားလုံး ရောက်လာကြတယ်. ထိုဆိုင်လဲ တစ်ခဏချင်း ကျော်ကြားသွားတော့တယ်.
စိတ်မကောင်းစွာပဲ သူတို့က ကုနင်းလိုတော့ ကံမကောင်းကြပါဘူး.
...............P56End............
ဖီးနစ်သွေးစက်
အခန်း ၅၇ ကျရှုံးခါနီးပဲ
ကုနင်းဆိုင်ထဲကနေထွက်လာပြီး နောက်တစ်ဆိုင်သို့သွားလိုက်တယ်. သူမကံကောင်းစွာနဲ့ နောက်ထပ် အဆင့်မြင့် ကျောက်စိမ်းတစ်တုံးရယ် အလယ်အလတ်အဆင့်ကျောက်စိမ်းတစ်တုံးရယ်ကို ထပ်ရှာတွေ့ခဲ့တယ်.
အဆင့်မြင့်ကျောက်စိမ်းကတော့ ပန်းသီးတစ်လုံးအရွယ်လောက်ဖြစ်ကာ အလယ်အလတ်အဆင့်ကျောက်စိမ်းကတော့ ပိုကြီးပြီ ဘောလုံးတစ်ဝက်အရွယ်လောက်ရှိပါတယ်.
အဆင့်မြင့်ကျောက်စိမ်းကိုတော့ ကုနင်း အခုပဲဖြတ်လိုက်ဖို့ စိတ်မကူးထားပါဘူး.အခုလေးတင် သူမအဆင့်မြင့်ကျောက်စိမ်း၂တုံးဖြတ်လာတာကြောင့် နောက်ထပ် အာရုံစိုက်ခံစရာထပ်မဖြစ်စေချင်ပါဘူး. ဒါကြေင့် အလယ်အလတ်အဆင့်ကျောက်စိမ်းကိုသာဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်.
ထိုအလယ်အလတ်အဆင့်ကျောက်စိမ်းကို ယွမ်၈သန်းနဲ့ရောင်းထွက်သွားခဲ့ပါတယ်.
ကုနင်းနောက်ထပ်ဆိုင်တွေဆီထပ်သွားခဲ့တယ်. နောက်ထပ်၆ဆိုင်ကိုသွားပြီးချိန်မှာတော့ သူမ အရွယ်မတူတဲ့ အဆင်မြင့်ကျောက်စိမ်းတုံး ၇တုံး၈တုံးလောက်စုဆောင်းမိခဲ့တယ်. သူတို့ဈေးနှုန်းတွေကလဲ ကွဲပြားမှာအမှန်ပါပဲ.
အကြီးဆုံးအတုံးက ဘောလုံးတစ်လုံးအရွယ်လောက်ဖြစ်ကာ အသေးဆုံးကတော့ ပန်းသီးတစ်လုံးလောက်ဖြစ်တယ်.
ထိုအဆင့်မြင့်ကျောက်စိမ်းတုံးတွေအပြင် နောက်ထပ် အလယ်အလတ်အဆင့် ကျောက်စိမ်းတုံး၅တုံးလဲသူမရခဲ့ပါသေးတယ်.
အဆင့်နိမ့်ကျောက်စိမ်းတွေကိုတော့ သူမလုံးဝလျစ်လျူရှုထားလိုက်ပါတယ်.
သူမသွားရင်းနဲ့ အလယ်အလတ်အဆင့်ကျောက်စိမ်း၂တုံးကို ဖြတ်လိုက်ကာ ယွမ်၂၃သန်းရရှိခဲ့တယ်.
ကျန်တာတွေကိုတော့ လူတွေရဲ့အာရုံစိုက်မခံရချင်တာကြောင့် အခုမလုပ်သေးပါဘူး..
အခုထိဆို ကုနင်းမှာ ကျောက်ဖြတ်တာကနေရတဲ့ငွေစုစုပေါင်း ယွမ်၈၆သန်းရှိသွားပါပြီ.
ထိုကျောက်ရိုင်းတုံးတွေက အဆင့်မြင့်ကနေ အဆင့်နိမ့်ကို ဈေးတွေကွာပါတယ်. အဆင့်မြင့်ဆုံးက ၁ပေါင်ကို ယွမ်၁သောင်းကျောက်လောက်ကျကာ အဆင့်နိမ့်ဆုံးကတော့ ၁ပေါင်ကို ယွမ်ရာဂဏန်းလောက်ကျပါတယ်. ဒါကြောင့် ကုနင်း ကျောက်ရိုင်းတုံးတွေဝယ်ဖို့ ယွမ်၃သန်းလောက်သုံးလိုက်ရပါတယ်.
ဒါပေမယ့် သူမမှာရှိသမျှ ကျောက်ရိုင်းတွေကို ရောင်းပြီးသွားရင်တော့ ယွမ်သန်း၆ရာကနေ ၇ရာလောက်အထိရရှိမှာပါ.
ဒါကြောင့် နောက်ကျရင် ဆရာကြီးဖူနဲ့ ကျောင်းယွဲ့ဖန်တို့ကိုရောင်းရန် နောက်ထပ် ကျောက်ရိုင်းတုံးတွေအများကြီးစုထားဖို့ ဆုံးဖြတ်လိုက်တယ်.
သူမကျောက်ရိုင်းတုံးတွေကို ဝယ်ပြီးတိုင်း လျှို့ဝှက်စွာနဲ့ သူမရဲ့စိတ်စွမ်းအင်အာကာပြင်ထဲထည့်လိုက်တာကြောင့် လမ်းတစ်လျှောက်လုံး လွယ်အိတ်ပေါ့ပေါ့လေးတစ်လုံးကိုသာ လွယ်လာရပါတယ်.
ကုနင်းနောက်တစ်ဆိုင်ကိုသွားလိုက်တယ်. ထိုဆိုင်က အရင် သူမဝင်ခဲ့တာတွေထက်ပိုကြီးပြီး ဝယ်သူတွေကော ကျောက်ရိုင်းတွေပါ အများကြီးရှိနေပါတယ်.
စကားပြောနေကြတဲ့လူတွေရဲ့နားမှာ အဆင့်မြင်တဲ့ကျောက်ရိုင်းပုံကြီးတစ်ပုံကို ကုနင်း တွေ့လိုက်ရတယ်. ထိုအဆင့်မြင်ကျောက်ရိုင်းတွေထဲမှာ ကျောက်စိမ်းရှိဖို့များတယ်.
ဟုတ်ပါတယ်, ကျောက်စိမ်းအဆင့်မြင့်မယ်ဆိုရင်တောင်မှ ကံဆိုတာကလဲလိုနေပါသေးတယ်.
ကုနင်းချက်ချင်းပဲ သူမရဲ့ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ထိုကျောက်ရိုင်းတွေကို စစ်ဆေးလိုက်တယ်. သူတို့ထဲမှာ အမှန်ကို မြကျောက်စိမ်းတွေရှိနေကြတဲ့အပြင် အနီရောင်တစ်တုံးတောင်ပါနေပါသေးတယ်.
ထိုထဲမှ ကျောက်ရိုင်းနှစ်ခုမှာ ကျောက်စိမ်းဖြစ်ပြီး တစ်ခုက ဘောလုံးတက်အနည်းငယ်သေးကာ, ကျန်တစ်ခုကတော့ ပန်းသီးနှစ်လုံးစာလောက်ကြီးတယ်. အနီရောင်ကျောက်စိမ်းရှိနေတဲ့ ကျောက်ရိုင်းတုံးကတော့ ဘောလုံးတစ်ဝက်စာလောက်ကြီးပါတယ်.
ကုနင်း ထိုအနီရောင်ကျောက်စိမ်းကို သဘောကျနေမိတယ်.
ကုနင်း ခြင်းတစ်လုံးကို လှည့်ယူလိုက်တယ်.
သူမအနီးနားလေးတင်သွားယူလိုက်တာတောင်မှ ခေတ်ဆန်ဆန်ဝတ်ဆင်ထားတဲ့ အသက်၃၀လောက်ရှိတဲ့ အမျိုးသမီးတစ်ယေက်က သူမထက်အရင် အနီရောင်ကျောက်စိမ်းကို ယူသွားတာကြောင့် ကုနင်းလန့်သွားတယ်.
သူမစည်းမျဉ်းတွေကိုသိပါတယ်. တခြားသူဆီရောက်သွားပြီးသား ကျောက်စိမ်းကို မင်းပြန်ဆွဲယူခွင့်မရှိပါဘူး. တစ်ဖက်လူက စွန့်လွှတ်လိုက်မှသာ မင်းပြန်ယူနိုင်ပါတယ်.
ကုနင်းလဲ ကျန်နေတဲ့ ကျောက်စိမ်းရှိနေမယ့် ကျောက်ရိုင်းတုံးနှစ်တုံးကိုပါ တခြားသူလက်ထဲမရောက်သွားစေချင်တာကြောင့် အမြန်ပဲ ကောက်ထည့်လိုက်တယ်.
တစ်ချိန်တည်းမှာပဲ, သူမရဲ့မျက်လုံးကတော့ အနီရောက်ကျောက်စိမ်းရှိနေမယ့် ကျောက်ရိုင်းတုံးကနေမခွာပါဘူး. ထိုအမျိုးသမီးပြန်ချလိုက်တာနဲ့ သူမရအောင်ပြန်ယူမှာပါ.
"ဒီထဲမှာ ကျောက်စိမ်းရှိနေမယ်လို့ ငါတော့မထင်ဘူး, ကြည့်ရဆိုးလိုက်တာ." ထိုအမျိုးသမီးဘေးနားမှာရပ်နေတဲ့ ယောက်ျားမှပြောလိုက်တယ်.
"အမြင်မရှိလိုက်တာ! အပေါ်ယံကြည့်ပြီး ဘယ်တော့မှမဆုံးဖြတ်နဲ့. ကြည့်ရဆိုးတာနဲ့ပဲ အထဲမှာကျောက်စိမ်းမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူး." ထိုအမျိုးသမီးက ပြန်ပြောလိုက်တယ်.
ဒါကိုကြားတော့ ကုနင်းနှလုံးခုန်တွေမြန်သွားတယ်. ဒီအမျိုးသမီးကလဲ ထိုကျောက်ရိုင်းတုံးကို သဘောကျနေတယ်လား.
ထပ်ပြီးတော့ ထိုအမျိုးသမီးမှ,
"ဒါပေမယ့် ဒါကိုဝယ်ရမလားဆိုတာတော့ စဉ်းစားရဦးမယ်."
ပြီးတော့ ထိုအမျိုးသမီးလဲ ကျောက်ရိုင်းကို ပြန်ချလိုက်ပြီး တိတ်တဆိတ်နံပါတ်ကိုမှတ်ထားလိုက်တယ်. ဒီကျောက်ရိုင်းတုံးကို သူမကြိုက်ပေမယ့် ဝယ်ဖို့အထိတော့ သူမစိတ်ကို သူမမပြင်ဆင်ရသေးပါဘူး.
ထိုအမျိုးသမီးထွက်သွားတာနဲ့ တစ်ပြိုင်နက် ကုနင်းထိုကျောက်ရိုင်းကို ကောက်ယူလိုက်တယ်. ပြီးတော့မှပဲ သူမလဲ စိတ်သက်သာရာရသွားတော့တယ်.
ကုနင်းလဲ ဆက်ပြီးတော့ ကျောက်ရိုင်းတွေကိ ကျောက်စိမ်းမျက်ဝန်းနဲ့ စစ်ဆေးနေရင် နောက်ထပ် ကျောက်စိမ်းရှိနေတဲ့ ကျောက်ရိုင်းနှစ်တုံးကို တွေ့သွားပါတယ်. ထိုနှစ်တုံးလုံးက ဘောလုံးရဲ့ သုံးပုံနှစ်ပုံစာလိုက်ရှိပါတယ်.
ဒီလောက်လေးနဲ့မလုံလောက်သေးပေမယ့်လဲ ဒါကတွေကိုအရင်ဆုံး စိတ်စွမ်းအင်အာကာပြင်ထဲထည့်ထားလို့ရအောင် ငွေချေဖို့ဆုံးဖြတ်လိုက်တယ်.
သူမကျောက်တွေအများကြီးကို တခါတည်းသည်သွားမယ်ဆိုရင် သိပ်အဆင်မပြေဘူးလေ.
ဒီကျောက်ရိုင်းတုံးတွေက နောက်ဆုံးကဖြစ်တာကြောင့် အသေးဆုံးတစ်ခုကတောင်မှ ၁ပေါင်ကို ယွမ်၁သောင်းလောက်ကျကာ အကြီးဆုံးကတော့ ၁ပေါင်ကို ယွမ်၂သောင်းပေးရပါတယ်.
ကုနင်းက ၉၃ပေါင်လေးတဲ့ ကျောက်ရိုင်း၅တုံးကိုဝယ်ခဲ့ပြီး စုစုပေါင်း ယွမ်၁.၅သန်းပေးချေခဲ့ရပါတယ်.
ကုနင်း ထိုကျောက်ရိုင်းတွေကို စိတ်စွမ်းအင်အာကာပြင်ထဲ တည့်သိမ်းပြီးသွားတော့မှ နောက်တစ်ခေါက်ဆိုင်ထဲကို ပြန်လာလိုက်တယ်.
မကြာခင်မှာပဲ အစိမ်းရောင်ကျောက်စိမ်းအထဲတွင်ရှိမည့် ကျောက်ရိုင်းတစ်တုံးကိုတွေ့သွားပါတယ်. ဒီတစ်ခုကတော်တော်ကြီးပြီး ဘောလုံးနှစ်လုံးစာပမာဏလောက်ရှိပါတယ်.
ကုနင်း၎င်းကို ခြင်းထဲမြန်မြန်ထည့်လိုက်တယ်. ထိုကျောက်ရိုင်းက အနည်းဆုံးပေါင်၅၀လောက်လေးကာ ၁ပေါင်ကို ယွမ်၂သောင်းလောက်ကျသင့်ပါမည်.
ပြောရမယ်ဆိုရင် ဒီကျောက်ရိုင်းတစ်တုံးလုံးရဲ့တန်ဖိုးက ယွမ်၁သန်းလောက်ကျသင့်မှာပါ.
သေချာပေါက် ကုနင်းက သူဘယ်လောက်ပေးရမယ်ဆိုတာကို ဂရုမစိုက်ပါဘူး. အထဲမှာကျောက်စိမ်းရှိနေသ၍ ယွမ်၁၀သန်းပေးရမယ်ဆိုရင်တောင်မှ သူမဝယ်မှာပါ.
အထဲမှာရှိနေမယ့် ကျောက်စိမ်းတန်ဖိုးက ယွမ်၁၀သန်းမကတန်မှာလေ.
ကုနင်းက ထိုကျောက်ရိုင်းတွေရဲ့ စွမ်းအားကနေပြီးတော့ အမျိုးအစားခွဲပါတယ်. စွမ်းအားကထူလေ ကျောက်စိမ်းရဲ့တန်ဖိုးပိုကြီးလေပါပဲ. ကုနင်းကတော့ ထိုကျောက်စိမ်းတွေအတိအကျဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို အခုချိန်ထိမသိသေးဘဲ ဝယ်သူပေးတဲ့ဈေးကိုပဲ ကြည့်နေရပါတယ်.
"ကုနင်း?"
ကုနင်းကျောက်ရိုင်းတုံးကို သူမခြင်းထဲထည့်လိုက်ချိန်မှာပဲ ခေါ်သံတစ်ခုကိုကြားလိုက်ရတယ်. ထိုအသံကရင်းနှီးနေတာကြောင့် ခေါ်တဲ့သူကို မကြည့်ရသေးခင်ကတည်းက ဘယ်သူမှန်းသိလိုက်တယ်.
ကုနင်းလှည့်ကြည့်လိုက်တော့ အံ့ဩနေတဲ့ ချင်ယီဖန်းကို တွေ့လိုက်ရတယ်. သူမလဲ ပြုံးပြလိုက်ကာ,
"တိုက်ဆိုင်လိုက်တာ! ရှင်လဲ ဒီမှာကျောက်ရိုင်းလာဝယ်တာပဲလား?"
ချင်ယီဖန်းက လီကျန်းကျန်းအပြင် နောက်ထပ် အသက်၂၇နှစ်အရွယ်လောက်ရှိမည့် ယောက်ျားတစ်ယောက်နဲ့လာတာပါ.
လီကျန်းကျန်းကတော့ ကုနင်းကိုဒီနေရာမှာမြင်လိုက်တာနဲ့ စိတ်အနှောက်အယှက်ဖြစ်သွားတယ်. သူမကုနင်းကိုမုန်းလွန်းလို့ နောက်ထပ်,ထပ်မတွေ့ချင်တော့ပါဘူး..
တစ်ဖက်က ကုနင်းကတော့ ဘာကိုမှဂရုစိုက်မနေဘူး.
"ဟုတ်တယ်! ကျွန်တော့ သူငယ်ချင်းဟောင်းတစ်ယောက်က ဒီဆိုင်ကို ဦးစီးနေတာလေ. ဒီမှာ အဆင့်မြင့်ကျောက်ရိုင်းအသစ်တွေရောက်တယ်ဆိုလို့ လာကြည့်တာ. ကျွန်တော် မြို့တော်Gကိုလာရတဲ့ တကယ့်ရည်ရွယ်ချက်က ဒီမှာကျောက်ရိုင်းကြည့်ဖို့လေ. မင်းလဲ အတူတူပဲမှန်းမထင်ထားမိဘူး." ချင်ယီဖန်းပြောလိုက်တယ်. သူပုံစံကပျော်ရွှင်နေပါတယ်. သူ ကုနင်းကိုတွေ့လို့ပြောနေတာလား ဒါမှမဟုတ် သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့တွေ့ရမှာမို့ပျော်နေတာလားဆိုတာတော့ ဘယ်သူမမသိပါဘူး.
"ကျွန်မလဲ ကျောက်အလောင်းအစားလုပ်တာကို စိတ်ဝင်စားတယ်လေ. ဒါပေမယ့် ကျွန်မကအသစ်ဆိုတော့ ဒီအကြောင်းတွေသိပ်မသိသေးဘူး." ကုနင်းပြန်ပြောလိုက်တယ်.
"မင်း သိချင်တာရှိရင် ကျွန်တော့်ကိုမေးလို့ရတယ်နော်." ချင်ယီဖန်းက ကြင်နာစွာနဲ့ပြန်ပြောလိုက်တယ်.
"ကောင်းပါပြီ!" ကုနင်း မငြင်းလိုက်ပေမယ့် ဒါက သူ့ဆီက အကူအညီကို တကယ်ယူမယ်ဆိုတဲ့သဘောတော့မဟုတ်ပါဘူး.
လီကျန်းကျန်းကတော့ ချင်ယီဖန်း ကုနင်းအပေါ်ဒီလောက်ကြီး ကြင်ကြင်နာနာဆက်ဆံနေတာကို ဘယ်လိုမှလက်မခံနိုင်ပါဘူး. သူမချက်ချင်းပဲ သူတို့နားလျှောက်သွားကာ,
"ကျောက်ရိုင်းတုံးတွေက အပြင်ကလူတွေမမြင်နိုင်လောက်တဲ့ အပေါ်ယံလွှာတွေနဲ့ဖုံးထားတာ. ဒါကြောင့် လူတော်တော်များများက ကျောက်အလောင်းအစားလုပ်တယ်ဆိုတာ ကံအပေါ်မူတည်တယ်ဆိုပြီး လုံးဝထင်နေကြတယ်. တကယ့်ကို အတွေးမှားတွေပဲ."
...............P57End............
ဖီးနစ်သွေးစက်
အခန်း ၅၈ လီကျန်းကျန်းဆီက မုန်းတီးမှု
"ကျောက်ရိုင်းတွေမှာ သူတို့ကိုယ်ပိုင်ထူးခြားတဲ့လက္ခဏာတွေအများကြီးရှိကြတယ်. ငါတို့ကလဲ ကျောက်ရိုင်းတုံးထဲမှာ ဘယ်လိုအခြေအနေရှိလဲဆိုတာကို အဲ့ဒီ့လက္ခဏာတွေကြည့်ပြီးတော့ ဆုံးဖြတ်နိုင်တယ်. ကျောက်ပညာရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ ကျောက်အတွင်းပိုင်းက အပြင်ဘက်အကာသားရဲ့အရောင်နဲ့ ဆက်စပ်နေတယ်. ထူးခြားတဲ့လက္ခဏာတွေမှာ "ဆုန်းဟွာ" "စပါးအုံးစင်း" "ရေညှိတက်" [ဆုန်းဟွာ, စပါးအုံးစင်း နဲ့ ရေညှိတက် ဆိုတာ ကျောက်ရဲ့မျက်နှာပြင်အသား, အရောင်ရောစပ်ပုံ စတဲ့ ကျောက်ရိုင်းတုံးနဲ့ အသွင်သဏ္ဌာန်ကိုပြောတာပါ.]တွေက ဂျေဒိုက်ကျောက်တွေရဲ့ အတွင်းပိုင်း အတွင်းပိုင်းဘယ်လိုရှိမလဲဆိုတာကို ခွဲခြားဖို့ အရေးကြီးဆုံးအချက်တွေပဲ."
လီကျန်းကျန်းက ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကုနင်းကို သင်ကြားပေးနေသလို ရှင်းပြလိုက်တယ်. ဒီလိုဆိုပေမယ့် သူမမျက်လုံးထဲက အထင်သေးမှုတွေ စိတ်ကြီးဝင်နေမှုတွေကတော့ သူမကို သစ္စာဖောက်နေသလိုပဲ.
လီကျန်းကျန်းက သူမရဲ့အသိပညာတွေကို တမင်ထုတ်ဖော်ပြကာ ကုနင်းက ကျောက်အလောင်းအစားအကြောင်းနည်းနည်းပဲသိတယ်ဆိုတာကို အရှက်ခွဲလိုက်တာပဲပါပဲ.
လီကျန်းကျန်းရှင်းပြနေတုန်း ကုနင်းရဲ့ ခြင်းထဲကကျောက်ရိုင်းတုံးကို သေချာစစ်ဆေးနေကာ မနှစ်သက်တဲ့အသံနဲ့,
"စပါးအုံးစင်းကော, ဆုန်းဟွာနဲ့ ရေညှိတက်ကော ဒီကျောက်ရိုင်းမှာမရှိဘူး. ကျွန်မအထင်တော့ ဒီကျောက်ရိုင်းက တန်ဖိုးမရှိဘူးလို့ထင်တယ် မိန်းကလေးကု."
လီကျန်းကျန်းရဲ့ ကျွမ်းကျင်စွာရှင်းပြခဲ့မှုကြောင့် ဘေးနားတစ်ဝိုက်ကလူတွေက သူမကိုချီးကျူးနေကြတယ်.
"ဒီမိန်းကလေးက ငယ်ငယ်လေးနဲ့ ဗဟုသုတကြွယ်တာပဲ!"
"အမှန်ပဲ! ကျောက်ရိုင်းအလောင်းအစားလုပ်တဲ့အကြောင်းကို သိတဲ့လူငယ်ဆိုတာများများစားစားမရှိဘူး."
ချီးကျူးနေသံတွေကို ကြားတော့ လီကျန်းကျန်းပိုလို့တောင် ဂုဏ်မောက်သွားကာ သူမကိုယ်သူမ ကုနင်းကို အနိုင်ရသွားတယ်လို့ ခံစားလိုက်ရတယ်.
လီကျန်းကျန်းရဲ့မိသားစုကလဲ ကျောက်မြတ်ရတနာစီးပွားရေးလုပ်ကိုင်ပါတယ်. သူမက ကျောက်စိမ်းအမျိုးမျိုးနဲ့ ထိတွေ့ကြီးပြင်းခဲ့ရတာကြောင့် ကျောက်ရိုင်းအလောင်းအစားလောကနဲ့ ရင်းနှီးကျွမ်းဝင်နေပါပြီ. အရင်တုန်းကလဲ အလယ်အဆင့်ကျောက်စိမ်းပေါင်းမြောက်မြားစွာကို သူမဖြတ်နိုင်ခဲ့ပါသေးတယ်.
သူမ တန်ဖိုးမရှိတဲ့ကျောက်ရိုင်းတွေအများကြီးဝယ်ခဲ့မိတာတောင်မှ ငွေနည်းနည်းပါးပါးတော့ပြန်ရခဲ့ပါတယ်.
လီမိသားစုရဲ့ ကျောက်မြတ်ရတနာတံဆိပ်က တတိယအဆင့်ထဲတွင်ပါပေမယ့် မြို့တော်Gမှာတော့ ကျော်ကြားပါတယ်.
ပြီးတော့ သူတို့ကုမ္ပဏီက လီမိသားစုရဲ့ပိုင်တစ်ခုထဲမဟုတ်ဘဲ တခြားရှယ်ယာရှင်တွေအများကြီးနဲ့ဖွဲ့စည်းထားတာပါ.
လီကျန်းကျန်းရဲ့ ရှင်းပြချက် မှန်ကန်တာကြောင့် ချင်ယီဖန်း သူမရဲ့မလိုမုန်းတီးမှုကို သတိမထားမိလိုက်ပါဘူး.
"မိန်းကလေးလီပြောတာမှန်တယ်. ဒါပေမယ့် ဒီကျောက်ရိုင်းမှာက ဆုန်းဟွာကော စပါးအုံးစင်းနဲ့ ရေညှိတက်တဲ့ ပုံသဏ္ဌာန်ပါမရှိဘူးဆိုတာနဲ့ပဲ ဒီထဲမှာ ကျောက်စိမ်းမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးလေ. ကျွန်မဒီကျောက်ရိုင်းကိုသဘောကျတယ်. ပြီးတော့ ဒါကိုစမ်းသပ်ကြည့်ချင်တယ်. " ကုနင်းကအေးဆေးပဲပြန်ပြောလိုက်တယ်.
လီကျန်းကျန်းက ကျွမ်းကျင်တယ်ဆိုတာကို ကုနင်းလက်ခံပါတယ်. ဒါပေမယ့် ဘယ်လောက်ပဲကျွမ်းကျင်ပါစေ အထဲမှာ ကျောက်စိမ်းရှိတယ်ဆိုတာကို သူမခန့်မှန်းနိုင်ခဲ့ဘူး. လီကျန်းကျန်းရဲ့ ကျွမ်းကျင်တဲ့ ဗဟုသုတတွေက သူမရဲ့ကျောက်စိမ်းမျက်ဝန်းထက်တော့ အမှားမကင်းနိုင်ပါဘူး.
လီကျန်းကျန်းက ဒီကျောက်ရိုင်းက တန်ဖိုးမရှိဘူးလို့ပြောနေချိန်မှာ ကုနင်းကတော့ သူမရဲ့ကျောက်စိမ်းမျက်ဝန်းကြောက် ဒီထဲမှာသေချာပေါက် မြစိမ်းကျောက်တစ်ခုရှိမှန်းသေချာနေတယ်. ဒီတော့ ဘယ်သူမှန်လဲ ဆိုတာ အသိသာကြီးပါ.
ကုနင်းကတော့ ဘယ်သူကျောက်အောင်မလဲဆိုတာကိုပဲ ဂရုစိုက်ပါတယ်. အဓိကက ကျောက်အောင်သွားဖို့ပဲ.
လီကျန်းကျန်းနှာခေါင်းရှုံလိုက်ကာ ကုနင်းကို ဟန်ဆောင်ပြီး မြှောက်ပင့်လိုက်တယ်,
"မိန်းကလေးကုက ဆုံးဖြတ်ချက်ခိုင်မာသားပဲ!"
ချင်ယီဖန်းကလဲ ကုနင်းခြင်းထဲက ကျောက်ရိုင်းကို အဆင့်မြင့်မယ်လို့ မတွေးထားပါဘူး. ပြီးတော့ ကုနင်းက အရမ်းသေချာနေပုံပေါက်တာကြောင့် ဘယ်လိုတားရမလဲဆိုတာလဲ မတွေးတက်တော့ပါဘူး.
"အကိုယီဖန် ကျောက်တွေသွားကြည့်ရအောင်!" လီကျန်းကျန်းက တိုက်တွန်းလိုက်တယ်. သူမ ကုနင်းနားမှာ ဆက်မနေချင်တော့ပါဘူး.
"ကုနင်း, ကျွန်တော်တို့နဲ့ ပူးပေါင်းလိုက်ပါလား?" ချင်ယီဖန်းက ကြင်နာစွာနဲ့ဖိတ်ခေါ်လိုက်တယ်.
"ယီဖန်း..." လီကျန်းကျန်း သူ့ကို တားလိုက်ချင်တယ်.
ဒါပေမယ့် လီကျန်းကျန်းဘာမှမပြောရသေးခင်မှာပဲ ကုနင်းကအရင်ငြင်းလိုက်တယ်,
"ကျေးဖူးပါ, ဒါပေမယ့် ဒီဆိုင်ကအရမ်းလဲမကြီးဘူးဆိုတော့ အဲ့လောက်ထိမလိုဘူးထင်တယ်."
"ကောင်းပြီလေ! အကူအညီလိုရင်တော့ ကျွန်တော့်ကိုပြောနော်." ချင်ယီဖန်းအတင်းမတိုက်တွန်းနေတော့ပါဘူး. တကယ်လဲဆိုင်က မကြီးတာကြောင့် နောက်တစ်ကြိမ်ထပ်တွေ့ဖို့ဆိုတာ မခက်ခဲပါဘူး.
ကုနင်း ခေါင်းညိတ်ပြပြီး ခြင်းကို ဆွဲကာထွက်သွားလိုက်တယ်.
ထိုအချိန်မှာပဲ အနီရောင်ကျောက်စိမ်းရှိတဲ့ ကျောက်ရိုင်းကိုကိုင်ခဲ့တဲ့ အမျိုးသမီးကပြန်ရောက်လာခဲ့ပါတယ်.
ကြည့်ရတာ သူမဝယ်ဖို့ဆုံးဖြတ်လိုက်ပြီနဲ့တူတယ်.
ဒါပေမယ့် ကံမကောင်းစွာပဲ ထိုကျောက်ရိုင်းက အခုဆို ကုနင်းဥစ္စာဖြစ်သွားခဲ့ပါပြီ.
ထိုအမျိုးသမီးလဲ စိတ်ပျက်ကာ နောင်တပါရသွားတယ်. သူမသဘောကျတဲ့ ကျောက်ရိုင်းကို ဆုံးရှုံးလိုက်ရပြီလေ.
ကုနင်းကတော့ သူမကို လျစ်လျူရှုပြီး ဆက်ဝယ်နေလိုက်တယ်.
မကြာခင်မှာပဲ ကျောက်စိမ်းရှိတဲ့ နောက်ထပ်ကျောက်ရိုင်း၂တုံးကို ကုနင်းမြင်သွားခဲ့တယ်. တစ်တုံးက ဘောလုံးတစ်လုံးလောက်ရှိပြီး နောက်တစ်တုံးကတော့ ဘောလုံးရဲ့ သုံးပုံတစ်ပုံလောက်ကြီးပါတယ်. ထိုဒုတိယတစ်တုံးက အသက်၄၀အရွယ်လောက်ရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့လက်ထဲမှာပါ.
ကုနင်း သွားပြီး ဆွဲယူလို့မဖြစ်နိုင်ပါဘူး.
ဒါကြောင့် ကုနင်းကျန်တစ်တုံးကိုပဲ ကောက်ယူလိုက်ကာ ထိုလူရဲ့လက်ထဲက တစ်တုံးကိုဆက်မကြည့်တော့ပါဘူး.
ကျောက်စိမ်းပါတဲ့ ကျောက်ရိုင်းတွေအားလုံးကို သူမတစ်ယောက်ထဲအပိုင်ယူဖို့အထိတော့ သူမတစ်ကိုယ်ကောင်းမဆန်ပါဘူ. အနီရောင်ကျောက်စိမ်းပါတဲ့ ကျောက်ရိုင်းကိုကျတော့ သူမလက်မလွှတ်နိုင်ခဲ့ဘူးဆိုတာ အနီရောင်ကျောက်ဟာ တွေ့ခဲ့တာကြောင့် လက်လွှတ်မခံချင်လို့ပါ.
ဒါပေမယ့် ထိုကျောက်ရိုင်းကို အခုထိမဖြတ်ရသေးတာကြောင့် အလယ်အဆင့်ဖြစ်မလား အဆင့်မြင့်ဖြစ်မလားဆိုတာတော့ သူမသိသေးပါဘူး.
ကုနင်းနောက်ထပ် ကျောက်ရိုင်းပုံတစ်ပုံနားကို သွားလိုက်ကာ နောက်ထပ် ကျောက်စိမ်းပါတဲ့ ကျောက်ရိုင်း၂တုံးကို ရလိုက်တယ်. သူတို့က ပန်းသီးအရွယ်လောက်လေးရှိတာတောင်မှ အရောင်ကတော့ ထူးခြားပါတယ်.
ခနကြာပြီးတော့ နောက်ထပ် ဘောလုံးအရွယ်နှစ်တုံးကို ထပ်ရလိုက်ပြန်တယ်.
ကုနင်း ဒီမှာ ၂တုံး ၃တုံးလောက်ကိုဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဘယ်သူမှအာရုံမစိုက်မိအောင် နောက်ထပ် တန်ဖိုးမရှိတဲ့ ကျောက်ရိုင်းနှစ်တုံးကိုပါကောက်ထည့်လိုက်တယ်.
ကုနင်းက ငယ်ရွယ်တဲ့မိန်းကလေးဖြစ်တာကြောင့် အလွယ်တကူ သတိပြုမိကြပါတယ်. ဒါ့အပြင် သူမက ကျောက်ရိုင်းတုံးတွေကို သေချာဂရုမစိုက်ပဲ ကောက်ယူနေတာကြောင့် ဘေးနားကလူတော်တော်များများရဲ့ အာရုံတွေကို လဲ ဆွဲဆောင်နေပြီးသားဖြစ်နေတယ်.
လူတွေသူမကို ကြည့်နေကြမှန်း ကုနင်းသိပေမယ့် ဂရုစိုက်မနေပါဘူး.
ကုနင်းရွေးလိုက်တဲ့ ကျောက်ရိုင်းတွေက သေးလဲမသေးသလို ဈေးလဲမပေါပါဘူး. စုစုပေါင်း ယွမ်၄.၅သန်း ကျပါတယ်.
ငွေချေပြီးသွားချိန်မှာတော့ ထိုလူက ကျောက်ရိုင်းကို အခုထိစစ်ဆေးနေသေးတုန်းမှန်း ကုနင်းသတိထားမိသွားတယ်. ထိုလူကို ဝယ်ဖို့အတွက် တိုက်တွန်းပေးလိုက်ချင်တယ်.
ဒါပေမယ့် သူမမှာ အတွေ့အကြုံလဲ သိပ်မရှိသေးတာကြောင့် သူမကို မယုံလောက်မှန်းလဲ သိပါတယ်.
"ဟွန့်, ဒါ ကျိုးဖူကျောက်မြတ်က သူဌေး ကျိုးကျန်းဟုန်မဟုတ်လား? အိုး သူဌေးဟောင်းပဲ ဘာလို့ဆို ငါကမှ လက်ရှိ ကျိုးဖူကျောက်မြတ်ရဲ့သူဌေးလေ. ဘာလဲ? မင်းက အကုန်လုံးဆုံးရှုံးပြီးသွားတာတောင်မှ အခုထိ ကျောက်လောင်းဖို့ငွေရှိနေသေးတာလား?"
ကျယ်ပြီး ထေ့ငေါ့နေတဲ့ ယောက်ျားတစ်ယောက်ရဲ့အသံထွက်လာခဲ့တယ်.
ကုနင်းအပါအဝင် လူတိုင်း သူတို့ဘက်ကို လှည့်ကြည့်လိုက်ကြတယ်.
ကျိုးဖူကျောက်မြတ်ရတနာဆိုင်သည် သန်းပေါင်းရာနှင့်ချီချမ်းသာတဲ့ ၁၆နှစ်သက်တမ်းရှိတဲ့ အဆင့်နိမ့်ဘရန်းတစ်ခုဖြစ်တယ်.
ဥက္ကဌဟောင်းက ကျိုးကျန်းဟုန်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ဝက်လောက်ကပဲ ရှောင်ပင်းက ဥက္ကဌဖြစ်လာခဲ့တယ်.
အကြောင်းအရင်းကိုကတော့ လျှို့ဝှက်ထားကြပါတယ်.
ရှောင်ပင်းသည် ဝတ်စုံပြည့်ဝတ်ဆင်ထားကာ လက်ဆွဲအိတ်တစ်လုံးကိုင်ထားသည်. သူကအနည်းငယ်ဝပြီး ရင်ကော ခေါင်းမော့ကာ လျှောက်လှမ်းလာတယ်. သူ့နောက်မှာတော့ ခွန်အားကြီးပုံပေါ်တဲ့ လူတွေအများကြီးပါလာပါသေးတယ်.
...............P58End............
ဖီးနစ်သွေးစက်
အခန်း ၅၉ ကုနင်းရဲ့အစီအစဉ်
ကျိုးကျန်းဟုန် လူအများရှေ့မှာ ရှောင်ပင်းနဲ့ ပြိုင်မပြောနေချင်ပါဘူး. ဒါ့အပြင် သူ့ဘက်ကနိုင်နိုင်ချေလဲမရှိလေဘူး. ဒါကြောင့် ကျိုးကျန်းဟုန် သူ့ဒေါသကို လျှော့ချလိုက်ကာ အေးစက်စွာနဲ့ပြောလိုက်တယ်,
"ဒါမင်းကိစ္စမဟုတ်ဘူး. ရှောင်ပင်း မင်းမှာသာ မထင်မှတ်ထားတဲ့အဆိုးတွေမဖြစ်လာဖို့ ကိုယ့်ကိုကိုယ် ဂရုစိုက်နေ."
"ငါက ဘာကိုမှမကြောက်ဘူး! ဘယ်သူက အရှုံးသမားတစ်ယောက်ပြောတာကို အရေးစိုက်နေမှာလဲကျိုးကျန်းဟုန်, မင်းမှာ ကျောက်တစ်ပိုင်းလောက်ဝယ်ဖို့တောင် ငွေရှိလို့လား? မင်းမှာမရှိဘူးဆိုရင်တော့ ငါနည်းနည်းလောက်ချေးပေးလို့ပါတယ်." ရှောင်ပင်းက ကျိုးကျန်းဟုန်ကို အရှက်ခွဲလိုက်တယ်.
"ဘယ်သူက ဘယ်သူ့ကို မဝယ်နိုင်ဘူးလို့ပြောနေတာလဲ! ဦးလေးကျိုး ကောင်တာကိုသွားကြရအောင်." ကုနင်းလျှောက်လာပြီး ကျိုးကျန်းဟန်မငြင်းနိုင်ခင် ဆွဲခေါ်လိုက်တယ်.
"မင်းက...." ကျိုးကျန်းဟန်အရမ်းအံ့ဩသွားတယ်. ဒီလိုမိန်းမငယ်လေးက ဒီလောက်ထိသန်မယ်လို့သူမထင်ထားမိဘူး.
ဒီမိန်းကလေး သူ့ကို ကူညီနေတာမှန်း သိပေမယ့် သူ့မှာ ကျောက်ရိုင်းကို ဝယ်ဖို့ငွေမရှိဘူးလေ.
ရှောင်ပင်းကတော့ ကျန်းကျိုးဟုန်နဲ့ရှိနေတဲ့ မိန်းကလေးကိုမသိပါဘူး. သူစိတ်အနှောက်အယှက်ဖြစ်သွားပေမယ့် ကျန်းကျိုးဟုန်ဘာရသွားမလဲဆိုတာကို သိချင်နေသေးတယ်.
"မိန်းကလေ, ငါမဝယ်ဘူး" ကျန်းကျိုးဟန် ကိုးရိုးကားရားဖြစ်နေရက်နဲ့ပြောလိုက်တယ်.
"လူကြီးမင်းကျိုး, ရှင် ဒီကျောက်ရိုင်းကို သဘောကျနေပေမယ့် ဆိုးရိမ်နေလို့မဝယ်မှန်းသိပါတယ်. ကျွန်မကလဲ ဒီကျောက်ကိုသဘောကျနေတာ. တကယ်လို့ ရှင်တစ်ယောက်ထဲ ဆိုးကျိုးအားလုံးကို ရင်မဆိုင်နိုင်ဘူးဆိုရင် ကျွန်မတို့ တစ်ယောက်တစ်ဝက်ပေးလို့ရတာပဲ. ဒါက တကယ်အဖိုးတန်တဲ့ပစ္စည်းဆိုရင် အမြတ်ကို တစ်ယောက်တစ်ဝက်ခွဲယူကြတာပေါ့. မဟုတ်ရင်လဲ အတူတူဆုံးရှုံးခံကြတာပေါ့" ကျိုးကျန်းဟုန် ဒီကျောက်ကို ကြိုက်နေမှန်း ကုနင်းသိတဲ့အပြင် သူ့မှာ ပိုက်ဆံမလောက်လို့ တုံ့ဆိုင်းနေမှန်းလဲသိပါတယ်.
တကယ်လို့သာ ကျိုးကျန်းဟုန်မှာ ဒီကျောက်ရိုင်းကို ဝယ်ဖို့အစီစဉ်ရှိပြီးသားဆိုရင် ကုနင်းလဲ သူနဲ့ပူးပေါင်းမှာမဟုတ်ဘဲ သူပြန်လွှတ်ချလိုက်တဲ့အထိစောင့်နေမှာပါ.
ဒါပေမယ့် ကုနင်းမှာလဲ ကျိုးကျန်းဟန်နဲ့ နီးစပ်ဖို့အကြောင်းလဲ ရှိပြီး ကိုယ်ပိုင်အစီစဉ်လဲရှိပါတယ်.
"ကောင်းပြီလေ...."
ကျိုးကျန်းဟန် စိတ်ပြောင်းသွားတယ်.
သူက ဒီကျောက်ရိုင်းကိုကြိုက်ပေမယ့် တကယ်လို့ကျောက်စိမ်းမဟုတ်ခဲ့ရင် ရင်ဆိုင်ရမယ့် ဆုံးရှုံးမှုကို လက်မခံရဲလို့ တုံ့ဆိုင်းနေရတာလေ.
တစ်ယောက်ယောက်က သူနဲ့စပ်တူဝယ်မယ်ဆိုမှတော့ သူစမ်းကြည့်ချင်ပါသေးတယ်.
ဒါပေမယ့် တစ်ဖက်က မိန်းမငယ်လေးတစ်ယောက်ဖြစ်နေတယ်. သူမလဲ ဆုံးရှုံးမှာမလိုချင်မှန်း ကျန်းကျိုးဟန်သိပါတယ်. ပြီးတော့ ဒီလိုမိန်းကလေးတစ်ယောက်ကိုလဲ အခွင့်ကောင်းမယူချင်ပါဘူး.
"မိန်းကလေး, တကယ်လို့ ဒါသာ တန်ဖိုးမရှိတဲ့ကျောက်ဆို မင်းလဲ ငွေတွေဆုံးရှုံးသွားမှာနော်." ကျိုးကျန်းဟုန်ပြောလိုက်တယ်.
"ကျွန်မသိပါတယ်. ဒါပေမယ့် တကယ်လို့ ဒါကအဖိုးတန်နေမယ်ဆိုရင် ကျွန်မအမြတ်အများကြီရမှာလေ! ပြီးတော့ အခုက ကျောက်လောင်းနေတာပဲကို." ကုနင်းပြန်ဖြေလိုက်တယ်.
ကျိုးကျန်းဟုန် အချိန်ကြာကြီး တုံ့ဆိုင်းနေပြီးကာမှ နောက်ဆုံးသဘောတူလိုက်တယ်.
ကျောက်ရိုင်းရဲ့၆ပေါင်လောက်လေးကာ ၁ပေါင်ကို ယွမ်၁သောင်းကျသင့်တာကြောင့် စုစုပေါင်း ယွမ်၆သောင်းပေးရပါတယ်.
ကျောက်ရိုင်းကိုဝယ်တဲ့သူက စာရင်းသွင်းပြီး လက်မှတ်ထိုးရပါတယ်. သူတို့ကနှစ်ယောက်စပ်တူဝယ်တာဆိုတော့ သူတို့နှစ်ယောက်လုံးအတူတူ လက်မှတ်ထိုးဖို့လိုအပ်ပါတယ်.
လက်မှတ်ထိုး ငွေချေပြီးသွားတော့ ကုနင်းက ကျောက်ရိုင်းကို အတူတူဖြတ်ကြဖို့ ကျန်းကျိုးဟုန်ကို ပြောလိုက်တယ်.
သူတို့သွားတော့ ကုနင်းသူမရဲ့ခြင်းကိုလဲယူလာခဲ့တာကြောင့် ကျန်းကျိုးဟုန် အလွန်အံ့အားသင့်သွားကာ,
"မ..မင်း ဒါတွေအားလုံးကိုကောဝယ်ခဲ့တာလား?"
"ဟုတ်တယ်လေ." ကုနင်းပြန်ဖြေလိုက်တယ်.
ကျိုးကျန်းဟန်လဲ အခုမှပဲ ရင်ထဲကဖိအားကြီးကို မြိုချပစ်လိုက်နိုင်တော့တယ်. ဒီမိန်းကလေးရဲ့မိသားစုကတော်တော်ချမ်းသာတာပဲဖြစ်ရမယ်.!
သူမက ချမ်းသာတဲ့ကလေးဆိုမှပဲ ကျိုးကျန်းဟန်စိတ်အေးသွားတယ်. ပြီးတော့ သူတို့ငွေတောင်ချေပြီးသွားပြီလေ.
ရှောင်ပင်းကတော့ ကျိုးကျန်းဟန်ကို ရပ်ကြည့်နေတယ်. ကုနင်းနဲ့ ကျိုးကျန်းဟန်တို့ ကျောက်ရိုင်းတုံးကိုစပ်တူဝယ်မယ်လို့ သူမတွေးတတ်တော့ပါဘူး.
ဒါ့အပြင် ကုနင်းက အခုမှဆယ်ကျော်သက်လေးတစ်ယောက်လေ. ဒါကြောင့် ရှောင်ပင်း ဒီကျောက်ကို ကုနင်းဝယ်ခဲ့တာလို့ မထင်ဘဲ ကျိုးကျန်းဟန်တစ်ဦးတည်းဝယ်ခဲ့တယ်လို့ထင်နေတာပါ.
ကျိုးကျန်းဟန်က မွဲပြာကျတဲ့အထိ ဆင်းရဲသွားပြီလို့ သူသိထားပေမယ့် ထိုလူက ကျောက်ရိုင်းတစ်တုံး ဝယ်နိုင်တဲ့အထိမမွဲသေးဘူးလား.
ဒါပေမယ့် ကုနင်းကျောက်ရိုင်းတွေအပြည့်ထည့်ထားတဲ့ ခြင်းကိုဆွဲလာတာမြင်တော့ ရှောင်ပင်းလန့်သွားတယ်.
ကျိုးကျန်းဟုန်က ဘယ်လိုလုပ်ဒီလောက်ကျောက်ရိုင်းတွေအများကြီးဝယ်နိုင်မှာလဲ? ဒါတွေကအနည်းဆုံး သန်းနဲ့ချီပြီးကျသင့်မှာလေ.
ရှောင်းပင် ကုနင်းတို့နားကို ချက်ချင်းလျှောက်သွားကာ,
"ဟွန့်, ကျိုးကျန်းဟုန်, မင်းကဘယ်လိုလုပ် ဒီလောက်ကျောက်ရိုင်းတွေအများကြီးဝယ်နိုင်နေတာလဲ?"
ကျိုးကျန်းဟန် ရှောင်ပင်းကို စကားမပြောချင်ပေမယ့် ထပ်ပြီးအထင်မလွဲစေချင်တာကြောင့် ရှင်းပြလိုက်တယ်,
"ဒါတွေက ငါ့ဟာမဟုတ်ဘူး."
ဒီတော့မှ ရှောင်ပင်းလဲ စိတ်အေးသွားပြီးနောက် လှောင်တဲ့အသံနဲ့,
"ဟုတ်သားပဲ, မင်း အခုဒီလောက်များတဲ့ကျောက်ရိုင်းတွေ မဝယ်နိုင်တော့လောက်အောင် ဆင်းရဲသွားပြီဆိုတာ ငါမေ့သွားတယ်."
ဒါပေမယ့် ဒီကျောက်ရိုင်းတွေက ကျိုးကျန်းဟုန်ပစ္စည်းတွေမဟုတ်ဘူးဆိုရင် ဒီမိန်းကလေးပိုင်တာပေါ့.
ဘယ်လိုလူကများ ဒီလောက်များတဲ့ကျောက်တွေကို တစ်ခါတည်းနဲ့ဝယ်နိုင်မှာလဲ? ဒီမိန်းကလေးက ချမ်းသာတဲ့မိသားစုကပဲဖြစ်ရမယ်. ရှောင်ပင်းတွေးလိုက်မိတယ်. သူမနဲ့ ကျန်းကျိုးဟုန်တို့ရဲ့ဆက်ဆံရေးကဘာလဲ?
သူတို့ကြားက ဆက်ဆံရေးကဘာပဲဖြစ်ဖြစ်အရေးမကြီးတော့ပါဘူး ဘာလို့ဆို ရှောင်ပင်းကမနာလိုဖြစ်ပြီးနေပြီးသားလေ.
တစ်ယောက်ယောက် ကျိုးကျန်းဟုန်ကို စီးပွားရေးပြန်စဖို့ ကူညီပေးတာက သူကိုစိုးရိမ်စေပါတယ်. သူ ကျိုးကျန်းဟုန်ကို အနိုင်ယူဖို့အများကြီးလုပ်ခဲ့ရတာပါ.
ကျိုးကျန်းဟုန်က သူ့ကိုအေးစက်စက်တစ်ချက်ကြည့်ကာ ကျောက်ဖြတ်တဲ့နေရာသို့ဆက်လျှောက်သွားတော့တယ်.
"မင်းဘာလုပ်နိုင်မလဲကြည့်ကြသေးတာပေါ့." ရှောင်ပင်းလဲနောက်ကလိုက်သွားတယ်.
ဒီနေရာမှာ တစ်ယောက်ယောက်ကျောက်ဖြတ်တော့မယ်ဆိုတော့ ဆိုင်ထဲက လူတွေလဲ ကြည့်ဖို့ရန် ထိုနေရာကို စုရုံးလာကြတယ်.
စက်တွေအများကြီးရှိနေပေမယ့် ကုနင်းကတော့ သူမကျောက်တွေကိုဖြတ်ဖို့အလျင်မလိုနေပါဘူး.
မျဉ်းစွဲပြီးသွားတော့ ကျောက်ဖြတ်သူက စပြီးဖြတ်တောက်တော့တယ်.
ဖြတ်ပြီးချိန်မှာ အစိမ်းရောင်အလင်းလေးပေါ်ထွက်လာတာကြောင့် ကျောက်ဖြတ်သူကလဲ စိတ်လှုပ်ရှားစွာနဲ့ အော်၍,
"ကျောက်စိမ်းပဲ!"
လူအုပ်ကြီးလဲ စိတ်လှုပ်ရှားသွားကာ စိတ်အလှုပ်ရှားဆုံးသူကတော့ ကျိုးကျန်းဟုန်ပေါ့.
ကျောက်စိမ်း! ဒီထဲမှာကျောက်စိမ်းရှိနေတယ်ပေါ့!
တစ်ချိန်ထဲမှာပဲ ရှောင်ပင်းလဲ စိတ်အနှောက်အယှက်ဖြစ်သွားကာ သူ့မျက်လုံးထဲမှာ ဆိုးယုတ်မှုတွေနဲ့ပြည့်နှက်သွားတော့တယ်.
သူ ကျိုးကျန်းဟုန်ကို ချွတ်ခြုံကျမွဲသွားအောင် ခက်ခက်ခဲခဲကြံစည်ထားရတာလေ. သူကျရှုံးသွားခဲ့တာလား?
မဟုတ်ဘူး, မဖြစ်နိုင်ဘူး....
မကြာခင်မှာပဲ ယောက်ျားတစ်ယောက်လက်ဖဝါးအရွယ်လောက်ရှိတဲ့ မြကျောက်တစ်ခုကို ဖြတ်ထုတ်လိုက်နိုင်ခဲ့တယ်.
အရောင်ကတောက်ပပြီးသန့်စင်နေကာ ခေါင်ရန်းကျောက်အမျိုးအစားဖြစ်တယ်.
ခေါင်ရန်းကျောက်အမျိုးအစားသည် ဂလူတီးနက်စ်ရိုက်နဲ့ ရေခဲသားတို့ရဲ့ အလယ်အဆင့်တွင်ရှိသည်. သူက အဆင့်မြင့်ကာ အလွန်လဲအဖိုးတန်ပါတယ်.
သန်မာတဲ့စွမ်းအားတွေကို ကုနင်းခံစားလိုက်ရတာနဲ့ ချက်ချင်းစုပ်ယူလိုက်တယ်.
ကျောက်စိမ်းထွက်ပေါ်လာတာနဲ့ လူတွေစပြီးလေလံစွဲကြတော့တယ်.
"ယွမ်၅သန်း"
"ယွမ်၆သန်း"
...........
"ယွမ်၁၈သန်း"
နောက်ဆုံးမှာတော့ ခေါင်ရန်းကျောက်ဟာ အမြင့်ဆုံးဈေးယွမ်၁၈သန်းနဲ့ လေလံပိတ်သွားခဲ့တယ်.
အဆုံးမှာတော့ သူ့ကို ယွမ်၁၈သန်းနဲ့ရောင်းထွက်သွားပါပြီ.
ကျိုးကျန်းဟုန်ထက် ဘယ်သူမှမထိတ်လန့်နေပါဘူး.
နောက်ဆုံးတော့သူ့မှာ ပိုက်ဆံရှိသွားခဲ့ပြီ.
"မိန်းကလေးကု," ကျိုးကျန်းဟုန် ကုနင်းနားကိုလျှောက်လာပြီး ငွေကိစ္စဆွေးနွေးချင်နေတယ်.
"အခုတော့ ငွေတွေအားလုံးကို ရှင့်ကဒ်ထဲမှာပဲ သိမ်းထားလိုက်ပါ." ကုနင်းပြောလိုက်တယ်.
ဒါကိုကြားတော့ ကျိုးကျန်းဟုန် ဆွံ့အသွားကာ,
"ကျုပ်ငွေတွေကို ယူပြီးထွက်ပြေးသွားမှာမကြောက်ဘူးလား?"
"ကျွန်မရှင့်ကိုယုံပါတယ်." ကုနင်းစိတ်ဆုံးဖြတ်ပြီးပြန်ပြောလိုက်တယ်. သူမတကယ်တမ်းသူ့ကိုမယုံပေမယ့် စမ်းသပ်ချင်လို့ပေးလိုက်တာပါ.
တကယ်လို့သူထွက်ပြေးသွားရင်တော့ သူမဆုံးဖြတ်ချက်မှားသွားတယ်ပေါ့. မဟုတ်ရင်တော့ သူစမ်းသပ်ချက်ကို အောင်မြင်သွားတာပေါ့.
ဒီငွေလောက်နဲ့ဆို ကျိုးကျန်းဟုန် သူ့စီးပွားရေးကိုပြန်စဖို့ မခက်ခဲတော့ပါဘူး. ပြီးတော့ ခနနေတာနဲ့ ကုနင်းရဲ့ ကျောက်ရိုင်းတုံးတွေကဘာတွေလဲဆိုတာလဲ သိတော့မှာဆိုတော့ သူမှန်ကန်တဲ့လမ်းကို ရွေးနိုင်မှာပါ.
သူ့ကိုယုံကြည်ပေးတယ်ဆိုတာသိလိုက်ရတော့ ကျိုးကျန်းဟုန်စိတ်လှုပ်ရှားသွားတယ်. သူက ဖြောင့်မတ်တဲ့လူတစ်ယောက်လဲဖြစ်ပါသေးတယ်.
...............P59End............
ဖီးနစ်သွေးစက်
အခန်း ၆၀ အလောင်းအစားတစ်ခု
တကယ်လို့သူသာမကောင်းတဲ့လူတစ်ယောက်ဆို ကုနင်းက သူစိမ်းတစ်ယောက်ကိုတောင်မှယုံကြည်ပေးနေတဲ့ ငတုံးတစ်ယောက်လို့တွေးမိမှာပဲ.
ကျိုးကျန်းဟုန် စာချုပ်မှာလက်မှတ်ထိုးဖို့ သွားတဲ့အချိန်မှာ ရှောင်ပင်းကတော့ထွက်သွားနှင့်နေပြီ.
ချင်ယီဖန်းနဲ့ သူ့သူငယ်ချင်းတွေ ကုနင်းထံလျှောက်လာချိန်တွင် သူမက ဝယ်ထားတဲ့ကျောက်ရိုင်းတွေကို ဖြတ်ဖို့လုပ်နေပါတယ်.
ချင်ယီဖန်း နဲ့ လီကျန်းကျန်းနှစ်ယောက်လုံးမှာ ခြင်းတွေရှိနေပါပြီ. ချင်ယီဖန်းရဲ့ခြင်းထဲမှာတော့ ကျောက်၂တုံးရှိနေကာ လီကျန်းကျန်းရဲ့ခြင်းထဲမှာတော့ ကျောက်ရိုင်း၃တုံးရှိနေပါတယ်.
ကုနင်းရဲ့ခြင်းထဲမှာ ကျောက်ရိုင်းတုံး၇တုံးလောက်ကိုမြင်လိုက်တော့ ချင်ယီဖန်းတို့တွေလန့်သွားကြတယ်.
ဘုရားရေ! သူတောင် ဒီ၂တုံးကိုရွေးဖို့အချိန်အကြာကြီးယူခဲ့ရတာ. ကုနင်းကတော့ ၇တုံးတောင်ရွေးပြီးနေပြီတဲ့လား. သူမ ဈေးကြီးတဲ့ကျောက်ရိုင်းတွေကို ဝယ်နေတာလား ဒါမှမဟုတ် ဈေးပေါတဲ့ဟင်းရွက်ကန်စွန်းဝယ်နေတာများလား?
လီကျန်းကျန်းလဲ အံ့ဩသွားပေမယ့် နှာခေါင်းတစ်ချက်ရှုံ့လိုက်တယ်.
ကုနင်းမှာ ငွေတွေအများကြီးရှိမှန်း သူမသိပေမယ့် ဒီလိုငွေတွေကို အလဟသဖြုန်းနေတဲ့လူမျိုးကိုတော့ သူမတစ်ခါမှမမြင်ဖူးဘူး.
"ကုနင်း, ဈေးကြီးတဲ့ကျောက်ရိုင်းတွေကို ဝယ်နေတာလား ဒါမှမဟုတ် ဈေးပေါတဲ့ဟင်းရွက်ကန်စွန်းဝယ်နေတာလား?" ချင်ယီဖန်း စိတ်ဝင်စားစွာနဲ့မေးလိုက်တယ်.
"ကျွန်မ ဟင်းရွက်တွေလောက်ဈေးပေါတဲ့ ကျောက်ရိုင်းတွေဝယ်နေတာလေ." ကုနင်းရယ်လိုက်တယ်. သူမကျောက်စိမ်းမျက်ဝန်းကိုသုံးပြီး သူတို့ခြင်းတွေထဲက ကျောက်ရိုင်းတွေကို စစ်ဆေးကြည့်လိုက်တယ်.
ချင်ယီဖန်းမှာ ကျောက်ရိုင်းအကြီးတစ်တုံး အသေးတစ်တုံးရှိတယ်. အကြီးကတော့ ဘောလံးတစ်လုံးထက်နည်းနည်းပိုကြီပြီး မမျှော်လင့်ထားစွာပဲ ထိုကျောက်က ရိုးရိုးကျောက်တုံးဖြစ်နေတယ်. အသေးကတော့ ဘောလုံးတစ်ဝက်စာလောက်ရှိကာ ထိုထဲတွင် ကျောက်စိမ်းရှိနေပေမယ့် ကလေးလကသီးဆုပ်စာလောက်သာဖြစ်တယ်.
ကုနင်း ထိုကျောက်ရဲ့ အပေါ်ရံမြူအထူကို စစ်ကြည့်လိုက်တော့ အဆင့်မြင့်ကျောက်စိမ်းဖြစ်နေတယ်.
ဒါပေမယ့် သူ့ကိုပြောပြဖို့တော့ ကုနင်းစိတ်ကူးမရှိပါဘူး. အလကားသပ်သပ်သူမ ပြဿနာမဖြစ်ချင်ဘူးလေ.
လီကျန်းကျန်းမှာတော့ ကျောက်ရိုင်း၃တုံးရှိနေကာ နှစ်တုံးမှာ ဘောလုံးတစ်ဝက်စာလောက်ကြီးပါတယ်. တစ်တုံးက ရိုးရိုးကျောက်တုံးဖြစ်ကာ နောက်တစ်တုံးကတော့ အလယ်အဆင့်ကျောက်စိမ်းရှိပါတယ်. ကျန်တဲ့တစ်တုံးကတော့ ဘောလုံးထက်ပိုကြီးပေမယ့် အထဲမှာ ကျောက်စိမ်းအပေါ်လွှာပါးလေးသာရှိပါတယ်.
"မင်းဒါတွေအားလုံးဝယ်မှာသေချာရဲ့လား?" ချင်ယီဖန်း မရေမရာနဲ့မေးလိုက်တယ်. ကုနင်းကို ဂရုတစိုက်လုပ်ဖို့ သူသတိပေးချင်ပေမယ့် သူမကို တိုက်ရိုက်ကြီးတားလို့မဖြစ်ပါဘူး. ဘာလို့ဆို ထိုထဲမှာ ကျောက်စိမ်းရှိမရှိဆိုတာ ဘယ်သူမှမသိဘူးလေ.
တကယ်လို့ သူတားလိုက်ပြီးမှ ထိုကျောက်ရိုင်းတွေထဲမှာ ကျောက်စိမ်းရှိနေရင် သူအမှားလုပ်လိုက်မိသလိုဖြစ်သွားမှာလေ. ဒီလိုဆို ကုနင်းသူ့ကို မုန်းသွားနိုင်ပါတယ်.
"ကျွန်မ ဒါတွေအတွက် ငွေချေပြီးနေပြီ." ကုနင်းဖြေလိုက်တယ်.
"ဘာ? ငွေတောင်ချေပြီးသွားပြီ?" ချင်ယီဖန်း ထပ်ပြီးလန့်သွားရပြန်တယ်. ကုနင်းဒီလောက် တက်နိုင်မယ်လို့မမျှော်လင့်ထားတာကြောင့်
"ဘယ်လောက်ပေးခဲ့ရလဲ?" လို့မေးလိုက်တယ်.
"ယွမ်၄.၅သန်း" ကုနင်းဖြေလိုက်တယ်. သူမကတော့ ယွမ်၄.၅သန်းဟာ သူမအတွက်ဘာမှမဟုတ်သလိုမျိုး အစကနေအဆုံးအထိအေးဆေးပြောနေပါတယ်.
သေချာတာပေါ့, သူမဒီကျောက်ရိုင်းတွေရဲ့တန်ဖိုးကို သိထားပြီးသားလေ မဟုတ်ရင် ဒီကျောက်တုံး၇တုံးကို ဒီလောက်ထိပေးပြီးဝယ်ပါ့မလား.
ယွမ်၄.၅သန်းဆိုတာ ချင်ယီဖန်းအတွက် ဘာမှမဟုတ်တာတောင်မှ ဒီလောက်ငွေပမာဏကို တစ်ခါတည်းနဲ့ ကျောက်ရိုင်းဝယ်တဲ့အပေါ်မှာ ရင်းနှီးလိုက်ဖို့အထိကတော့ ခက်ခဲပါတယ်.
"မင်းကတော့ လွန်လွန်ကျူးကျူးတွေသိပ်လုပ်တာပဲ." ချင်ယီဖန်း ဘာဆက်ပြောရမှန်းတောင်မသိတော့ပါဘူး.
"မိန်းကလေးကု, ရှင်ဒါတွေကို ဖြတ်ဖို့အစီစဉ်ရှိလား? ဒီထဲမှာ ကျောက်စိမ်းဘယ်လောက်တောင်ပါမလဲဆိုတာ ကျွန်မလဲသိချင်လိုက်တာ." လီကျန်းကျန်းက အထင်သေးစွာနဲ့ပြောလိုက်တယ်. ချင်ယီဖန်းအခုတော့ သူမရဲ့မုန်းတီးပြီး မကျေမနပ်ဖြစ်နေမှုကို သတိထားမိသွားပါပြီ.
"ကျန်းကျန်း, ကျောက်အလောင်းအစားလုပ်တယ်ဆိုတာ အဲ့လူရဲ့ကံအပေါ်လဲမူတည်သေးတယ်. မင်းရဲ့ ကျွမ်းကျင်လှပါတဲ့ဆိုတဲ့ အသိပညာတွေနဲ့တောင်မှ ဝယ်ထားတဲ့ကျောက်ရိုင်းတိုင်းကနေ ၁၀၀ရာခိုင်နှုန်း ကျောက်စိမ်းထွက်အောင်မဖြတ်နိုင်ဘူး. ဆုန်းဟွာ, စပါးအုံးစင်းနဲ့ ရေညှိတက်ဆိုတာတွေက ကျောက်ရိုင်းတုံးမှာ ကျောက်စိမ်းရှိမရှိမှာ အဓိကမကျဘူး." ချင်ယီဖန်း ရှင်းရှင်းပဲပြောချလိုက်တယ်.
"ညီမ..." လီကျန်းကျန်းရှက်သွားတယ်. သူမ ချင်ယီဖန်းပြောတာကိုလဲ သဘောတူပေမယ့် သူက ကုနင်းဘက်ကနေကာ သူမကို ဆန့်ကျင်နေတာကြောင့် ရူးတော့မလိုပါဘူး.
သူတို့နောက်မှာ တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ ယောက်ျားက အနည်းငယ်မျက်မှောင်ကြုတ်သွားတယ်. သူက လီကျန်းကျန်းရဲ့ အကိုဖြစ်ပြီး ချင်ယီဖန်းက ကုနင်းဘက်က ကူပြောပေးမနေတာကြောင့် မကျေမနပ်ဖြစ်နေပုံပဲ.
ဒါပေမယ့် ချင်ယီဖန်းပြောတာကလဲ မမှားပါဘူး. ဒါကြောင့် လီကျန်းယွီဘာမှမပြောနိုင်ပဲ တိတ်တိတ်လေးသာနေလိုက်တယ်.
"ကောင်းပြီလေ,ကြည့်ရတာ မိန်းကလေးလီက ကိုယ့်အရည်အချင်းကို အရမ်းယုံကြည်မှုရှိနေတဲ့ပုံပဲ. ရှင်လဲ တစ်ခုလောက်ရွေးပြီး ကျွန်မနဲ့ပြိုင်ကြည့်ပါလား?" ကုနင်း လီကျန်းကျန်းကို စိန်ခေါ်လိုက်တယ်.
သူမ သူရဲဘောကြောင်သူမဟုတ်ပါဘူး.
ဘေးနားက လူတွေက သူတို့ကို အာရုံစိုက်လာကြတယ်. ဘယ်သူမှ ဒီအလောင်းအစားပွဲကို မလွတ်ချင်ပါဘူး.
စိန်ခေါ်ခံလိုက်ရတော့ လီကျန်းကျန်းလဲ လက်မခံဘဲ ဘယ်နေပါ့မလဲ.
"ကိစ္စမရှိပါဘူး! ရှင့်ဘက်ကလဲ ကျွန်မနဲ့ပြိုင်ဖို့ ကျောက်ရိုင်း၃တုံးရွေးနိုင်တယ်. ကျောက်စိမ်းအများဆုံးဖြတ်နိုင်တဲ့ ဘက်ကအနိုင်ရမယ်. တကယ်လို့ ဘယ်သူမှမဖြတ်နိုင်ဘူးဆိုရင်တော့ သရေပဲပေါ့." လီကျန်းကျန်းကတော့ သူမရဲ့ကျောက်ရိုင်းတွေထဲမှာ ကျောက်စိမ်းတစ်တုံးလောက်ပါမယ်ဆိုပြီး ယုံကြည်မှုအရမ်းရှိနေတယ်.
တစ်ဖက်မှာလဲ ကုနင်းဘက်က ကျောက်စိမ်းတစ်တုံးမှဖြတ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေတာကြောင့် သူမဘက်က တစ်တုံးပဲကျောက်စိမ်းဖြစ်နေရင်တောင်မှ နိုင်ပြီလို့တွက်ထားတယ်.
"ဒါက..." ချင်ယီဖန်း တုံ့ဆိုင်းနေမိတယ်. သူတို့အားလုံးက ကျောက်ရိုင်းတွေကို ဂရုတစိုက်ရွေးခဲ့ကြတာဖြစ်ပြီး အကုန်လုံးကျောက်စိမ်းဖြစ်နေမယ်လို့ ယုံကြည်ချက်မရှိပေမယ့် အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတစ်တုံးလောက်ကတော့ဖြတ်မိမှာပါ.
ပြီးတော့ ကုနင်းကကျ အကုန်လုံးကို ကံနဲ့ရွေးခဲ့တာဖြစ်ပြီး ဘယ်ဟာကမှမသေချာပါဘူး.
ဒါပေမယ့် သူဘာမှမပြောရသေးခင်မှာပဲ ကုနင်းကလက်ခံလိုက်တယ်,
"အရမ်းကောင်းတယ်. ဒါပေမယ့် ငါတို့လောင်းပြီဆိုမှတော့ ပိုက်ဆံကြေးပါသင့်တာပေါ့ မဟုတ်ရင် ပျင်းစရာကြီး."
"ဘယ်လောက်လဲ? " လီကျန်းကျန်းမေးလိုက်တယ်. သူမကိုကြည့်ရတာတော့ သဘောတူမယ့်ပုံပဲ.
"ယွမ်၁၀သန်းပဲလုပ်ကြတာပေါ့." ကုနင်း ပြောလိုက်တော့
"ကောင်းပြီလေ!" လီကျန်းကျန်း တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပြန်ဖြေလိုက်တယ်.
လီကျန်းကျန်းက ကုနင်းရဲ့ကမ်းလှမ်းမှုကို မြန်မြန်ဆန်ဆန်လက်ခံလိုက်ရတာ သူမအတွက် ယွမ်၁၀သန်းဆိုတာဘာမှမဟုတ်လို့မဟုတ်ပါဘူး. တကယ်တော့ သူမမှာ အဲ့လောက်ငွေအများကြီးမရှိပါဘဲ သူမဘယ်လိုမှမရှုံးနိုင်ဘူးလို့ ယုံကြည်နေတာကြောင့်ပါ.
အခုက ချင်ယီဖန်းသူတို့ကို တားဖို့သိပ်မနောက်ကျသေးပါဘူး. တစ်ယောက်က သူ့အရင်ထဲက သူငယ်ချင်းဖြစ်ပြီး တစ်ယောက်တော့ သူငယ်ချင်းအသစ်ဖြစ်တယ်. သူတို့နှစ်ယေက်လုံးကို အဆုံးရှုံးမခံချင်တာကြောင့် သူမှာ ဆုတောင်းရုံသာတတ်နိုင်တော့တယ်.
အစကနေဆုံးအထိ လီကျန်းယွီကတော့ ဘာမှဝင်မပြောပါဘူး. ဘာလို့ဆို သူလဲ ယုံကြည်ချက်ရှိနေလို့လေ.
လီကျန်းကျန်း ကျောက်ရိုင်းကို ကျရာတစ်တုံးရွေးလိုက်တော့ ကုနင်းသူမရဲ့ ကျောက်စိမ်းမျက်ဝန်းနဲ့ ထိုကျောက်ကိုစစ်ဆေးလိုက်တယ်. အဲ့ဒါက တန်ဖိုးမရှိတာဖြစ်တာကြောင့် ကုနင်းလဲ တန်ဖိုးမရှိတဲ့ကျောက်ကိုပဲရွေးလိုက်တယ်.
ဒါက တန်ဖိုးမရှိတဲ့ကျောက်ဆိုရင်တောင်မှ ကုနင်းပိုက်ဆံပေးဝယ်ထားရတာပါ.
စက်နှစ်လုံးရှိပါတယ်. ကုနင်းနဲ့လီကျန်းကျန်းတို့ စက်ဖြတ်ခပေးပြီးသွားတာနဲ့ ကျောက်ဖြတ်သူက စပြီးဖြတ်တောက်တော့တယ်.
လီကျန်းကျန်းက ယုံကြည်ချက်ရှိနေတာတောင်မှ ကုနင်းရဲ့ကျောက်ရိုင်းအပေါ် အရမ်းအာရုံစိုက်ထားပါသေးတယ်.
တစ်ခေါက်ဖြတ်ပြီးတော့ အထဲမှာဘာမှမရှိပါဘူး. ဒါနဲ့ နောက်တစ်ခေါက် ထပ်ဖြတ်တော့လဲ ဘာမှမရှိပြန်ဘူး. တတိယအခေါက်ဖြတ်ပြီးတဲ့အထိ ကျောက်တုံးသပ်သပ်ပဲရှိနေပါသေးတယ်. ကျောက်ရိုင်းတုံးကို တစ်ဝက်အထိဖြတ်ပြီးသွားတာတောင်မှ ကျောက်စိမ်းကိုမတွေ့ရသေးဘူးဆိုတော့ ဒါက တန်ဖိုးမရှိတဲ့ကျောက်ပါ.
ကုနင်းရဲ့ကျောက်က တန်ဖိုးမရှိတာကို မြင်လိုက်ရတော့ လီကျန်းကျန်းစိတ်အေးသွားပေမယ့် သူမကျောက်ကလဲ အတူတူပဲဖြစ်တာကြောင့် စိတ်ပျက်သွားရတယ်.
ဒါပေမယ့် ရှောင်ပင်းကတော့ ဆိုးယုတ်မှုအပြည့်နဲ့ စောင်းကြည့်နေတယ်.