← Chapters

အခန်း (၁၃၅၇-၁၃၆၂)

Vol. 87 Ch. 1357-1362

အခန်း (၁၃၅၇-၁၃၆၂)

Vol. 87 Ch. 1357-1362

အပိုင်း ၁၃၅၇ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေပဲ...

သို့သော် နစ်နာသူသည် အစမှအဆုံးတိုင်အောင် ရိုးရိုးလေး ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခဲ့ပြီး လူငယ်ကို တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပေ။ ထို့ကြောင့် ဤပြစ်မှုသည် အပြစ်အဝ ထိုလူငယ်က တာဝန်ယူရမည်ဖြစ်သည်။

ထို့ကြောင့် စီးကရက်ကတ်ထူပုံးသည် လာဘ်ပေးလာဘ်ယူမှုအတွက် ကာဗာဖြစ်သည်။

ဗီဒီယိုထဲတွင် ပိုက်ဆံတွေ မမြင်ရသော်လည်း ချန်းပင်းကျန်းသည် ကျင့်လီချန်းထံမှ လာဘ်စားထားတာကြောင့် ဤအမှုကို လျစ်လျူရှုခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။

တခြားဖိုင်များတွင်ပါရှိသော အထောက်အထားများနှင့်ပင် ချန်းပင်းကျန်းတွင် အပြစ်ရှိကြောင်း သက်သေပြရန် လုံလောက်နေပြီဖြစ်သောကြောင့် ကတ်ထူပုံးအတွင်းတွင် မည့်သည့်အရာပါရှိသည်မှာ ယခုအချိန်တွင် အရေးမကြီးတော့ပေ။

"ကျွန်မသူငယ်ချင်းရဲ့ မောင်လေးက ဖန်းရှင်းဟောက်ပါ၊ ပြီးတော့ တနေ့က XX ကုမ္ပဏီမှာ သူ အင်တာဗျူးဝင်ဖြေခဲ့ပါတယ်။ သူက အရမ်းတော်တဲ့ အဝတ်အစား ဒီဇိုင်နာတစ်ယောက်ဖြစ်ပေမယ့် XX ကုမ္ပဏီက သူ့ကိုအကြောင်း မကြားဘဲ သူ့ဒီဇိုင်းတွေကို ခိုးသွားတယ်။ ဖန်းရှင်းဟောက်က အင်တာနက်သုံးရင်း သူ့ရဲ့ ဒီဇိုင်းတွေကို အထည်ဒီဇိုင်းပြိုင်ပွဲတစ်ခုမှာ တတိယဆုရတာကို မတော်တဆ တွေ့ခဲ့ရပေမယ့် ဒီဇိုင်နာရဲ့ နာမည်ကတော့ XX ကုမ္ပဏီရဲ့ အမွေဆက်ခံသူ ကျင့်ခိုင် ဖြစ်နေတယ်။”

"ချန်းပင်းကျန်း၊ ကျင့်လီချန်း၊ ကျင့်ခိုင်၊ သူတို့အားလုံးမှာ အပြစ်ရှိတယ်။" ထန်ချွမ်ကျွင်း ဒေါသထွက်သွားသည်။ ဤကမ္ဘာပေါ်တွင် တရားမျှတမှုမရှိသော အရာများစွာရှိသည်ကို သူသိသည်၊ ယခင်ကလည်း ထိုအဖြစ်အပျက် များစွာကိုတွေ့ဖူးသည်။

အတန်ကြာ အသက်ရှုပြီးနောက် သူစိတ်တည်ငြိမ်သွားကာ ကုနင်း အား ပြောလိုက်သည်။ "မစ္စကု၊ ငါ မင်းကို ယုံကြည်ပေမယ့် ငါတို့အနေနဲ့ ငါတို့တာဝန်ကို လုပ်ရဦးမယ်။ အကယ်၍ ကျင့်ခိုင်က ဖန်းရှင်းဟောက်ကို ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေခဲ့တယ်ဆိုပါက ဥပဒေအရ အပြစ်ပေးခံရမှာပါ။”

ထန်ချွမ်ကျွင်းသည် ဤကိစ္စကို အလေးအနက်ထား ကိုင်တွယ်မည်မှာ သေချာသည်။

သူသည် ချန်းပင်းကျန်းကို ထောင်မချနိုင်လျှင်ပင် ဒါရိုက်တာရာထူးမှဖြုတ်ချနိုင်သည်။ ထန်ချွမ်ကျွင်းသည် ဤကိစ္စကို ကောင်းကောင်းဖြေရှင်းနိုင်သရွေ့ ဒါရိုက်တာရာထူးကို ရနိုင်သည်။

“နားလည်ပါတယ်...အကူအညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အိုး၊ ကျွန်မမှာ ဖန်းရှင်းဟောက်ရဲ့ ဆေးစစ်ချက်လည်း ရှိတယ်” ကုနင်းပြောပြီး ကျောပိုးအိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို ထုတ်ယူလိုက်သည်။

ကျူးအန်းရုန်သည် ထုံးစံအတိုင်း ထန်ချွမ်ကျွင်းဆီကို စာရွက်စာတမ်းကို ယူသွားပေးသည်။

ထန်ချွမ်ကျွင်းသည် ဗီဒီယိုမှတဆင့် ဖန်းရှင်းဟောက် ဒဏ်ရာအပြင်းအထန်ရခဲ့သည်ကိုတွေ့လိုက်ရသော်လည်း ဆေးစစ်ချက်ကိုမြင်သောအခါ တုန်လှုပ်သွားမိသည်။

စစ်ဆေးမေးမြန်းမှု ပြီးသွားသည့်အတွက် ကုနင်းနှင့် ချောင်ယတို့ ပြန်သွားနိုင်ပြီဖြစ်သည်။

သို့သော် သူတို့သည် ဤကိစ္စတွင် ပါဝင်ပတ်သက်၍ လိုအပ်ပါက တရားရုံးသို့လာရမည်ဖြစ်သည်။

ကုနင်းသည် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိခြင်းကြောင့် သူမနှင့် ချောင်ယတို့၏ ဖုန်းနံပါတ်များကို ချန်ထားခဲ့သည်။

ထို့နောက် ထန်ချွမ်ကျွင်းကိုယ်တိုင် ကုနင်းနှင့် ချောင်ယတို့ကို အပြင်သို့လိုက်ပို့ပေးသည်။

ကုနင်းသည် သူ့အတွက်အကျိုးရှိသည့် သက်သေများပေးခဲ့ပြီး ကုနင်းအပေါ် ကျေးဇူးတင်သည်ဟု ခံစားရသောကြောင့် သူမအပေါ် အလေးထားဆက်ဆံသည်။

ကုနင်းသည် သူမ၏သူငယ်ချင်းအတွက် လုပ်ပေးခဲ့ခြင်းဖြစ်သော်လည်း သူ့အတွက် အထောက်အကူဖြစ်သည်။

တစ်ဖက်တွင် ကပ္ပတိန်ရန်သည် မည်သို့ ဆက်လုပ်ရမည်ကို မသိတော့ပေ။ ဒါရိုက်တာသာ ပြဿနာကြီးကြီးမားမား ကြုံရလျှင် သူလည်း ဒုက္ခရောက်နိုင်သည်။ သူ ထောင်မကျလျှင်ပင် အလုပ်ပြုတ်လိမ့်မည်။

သို့သော် ဒါရိုက်တာသည် ဆေးရုံမှာရှိနေပြီး ဆက်သွယ်မရနိုင်ပေ။

သူတို့အပြင်ထွက်လာပြီးနောက် ကုနင်းသည် ထန်ချွမ်ကျွင်း ကို ပြောလိုက်သည်။ "လက်ထောက်ဒါရိုက်တာထန်၊ ပွင့်ပွင့်လင်းလင်း ပြောမိသွားရင် ကျွန်မကို အပြစ်မတင်ပါနဲ့။ ကျွန်မ သေချာမသိပေမယ့် ချန်းပင်းကျန် နဲ့ ရှင်က ဆက်ဆံရေး မကောင်းဘူးလို့ ခံစားရတယ်။ ရှင်တို့နှစ်ယောက်ကရန်သူတွေဖြစ်ရမယ်။"

ထိုစကားကိုကြားသောအခါ ထန်ချွမ်ကျွင်း သည် ထိတ်လန့်သွားသည်။ "ဘာကိုဆိုလိုချင်တာလဲ မစ္စကု။"

ကုနင်း သူ၏ တုံ့ပြန်မှုကို ကြည့်ပြီး သူသည် သူမနှင့် တစ်ဖွဲ့တည်းဆိုသည့်အချက်မှာ ပိုသေချာသွားသည်။ "ကောင်းပြီ၊ ကျွန်မပြောချင်တာက ရန်သူရဲ့ရန်သူဟာ မိတ်ဆွေပဲ၊ ရှင့်ကို ကျွန်မကူညီနိုင်တယ်။" ကုနင်း ပြုံးလိုက်သည်။

ထန်ချွမ်ကျွင်း အံ့သြသွားသည်။ "မင်းငါ့ကိုဘယ်လိုကူညီမှာလဲ?"

"ကျွန်မမှာ ပိုအရေးကြီးတဲ့ စာရွက်စာတမ်းတစ်ခု ပေးစရာ ရှိတယ်။" ကုနင်းပြောပြီး ကျောပိုးအိတ်ထဲမှ နောက်ထပ်စာရွက်စာတမ်းဖိုင်တွဲကို ထုတ်ကာ ထန်ချွမ်ကျွင်းအား ပေးလိုက်သည်။ " ချန်းပင်းကျန်းရဲ့ ညစ်ပတ်တဲ့လျှို့ဝှက်ချက်တွေကို ငါစုဆောင်းထားတဲ့ သက်သေအထောက်အထားတွေပဲ။ အကုန်မဟုတ်ပေမယ့် သူ့ကို ဖြုတ်ချဖို့ လုံလောက်တယ်လို့ ထင်ပါတယ်။ ကျွန်မကိုယ်ကျွန်မ ထုတ်ဖော်မပြချင်ဘူး၊ ဒါကြောင့် ဒါကို အမည်မဖော်လိုသည့်အချက်အလက်အဖြစ် ယူလိုက်ပါ။ ချန်းမိသားစုကြောင့် ချန်းပင်းကျန်းကို အပြစ်မပေးနိုင်ရင် ကျွန်မကို ဖုန်းဆက်လို့ရတယ်။"

ထိုစကားကိုကြားပြီး ထန်ချွမ်ကျွင်း ပို၍ပင်စိတ်လှုပ်ရှားသွားသည်။ ဤတစ်ကြိမ်တွင် ချန်းပင်းကျန်း၏ရာထူးကို သူအစားထိုးနိုင်ပြီဟု ယုံကြည်သွားသည်။

ကုနင်း၏ အရည်အချင်းကြောင့် ထန်ချွမ်ကျွင်းသည် ဤဖိုင်တွဲရှိ ပြစ်မှုဆိုင်ရာသက်သေ အထောက်အထားများသည် ချန်းပင်းကျန်းကို ဖယ်ရှားရန် လုံလောက်ကြောင်း သေချာနေသည်။

ချန်းပင်းကျန်းသည် ချန်းမိသားစု၏ ပံ့ပိုးကူညီမှု ရှိသော်လည်း၊ သူသည် အခြားသော သြဇာကြီးသော မိသားစု၏အထောက်အပံ့ ရှိသည်။ ထို့ကြောင့်၊ ချန်းမိသားစုသည် ဤကိစ္စသာ လေးနက်လျှင် ချန်းပင်းကျန်းကို စွန့်ပစ်ကြလိမ့်မည်။

ချန်းမိသားစုသည် သူတို့တိတ်တဆိတ်ကျူးလွန်ထားသည့်အရာများပေါ်မည်စိုးသောကြောင့် ချန်းပင်းကျန်း အတွက် ဒုက္ခခံမည်မဟုတ်ပေ ။

ဤနိုင်ငံတွင် ချန်းမိသားစု၏ အရေးပါမှုနှင့် သြဇာလွှမ်းမှုကြောင့် အစိုးရသည် သူတို့ကို အပြစ်ပေး၍ မရပေ။ သို့သော်လည်း ပြစ်မှု ကြီးကြီးမားမား ကျူးလွန်လျှင်တော့ဖြင့် အပြစ်ပေးခံရနိုင်သေးသည်။

***

အပိုင်း ၁၃၅၈ သတ္တိခဲလင်းယုန်ကမင်းကိုကာကွယ်နိုင်တယ်...

ထန်ချွမ်ကျွင်းက "မစ္စကု ၊ မင်းငါ့ကိုယုံတဲ့အတွက် မင်းကိုစိတ်မပျက်စေရဘူး။ ချန်းပင်းကျန်းနဲ့ ငါက ရန်သူတွေဆိုတာအမှန်ပဲ၊ ဒါကြောင့် မင်းပေးခဲ့တဲ့အထောက်အထားတွေကို ငါအပြည့်အဝအသုံးချပါ့မယ်။"

“ကောင်းပြီ၊ ကျွန်မပေးခဲ့တဲ့ စာရွက်စာတမ်းတွေအကုန်လုံးက မိတ္တူတွေပါ မူရင်းကို မပျက်စီးစေချင်တဲ့အတွက် သိမ်းထားတာပါ။ ရှင် လိုအပ်ရင် ကျွန်မကိုပြောလို့ရတယ်။"

“အဆင်ပြေပါတယ်။” ထန်ချွမ်ကျွင်းသည်လည်း မူရင်းကို လုံခြုံအောင်သိမ်းထားသည်မှာ အကြံကောင်းဖြစ်သည်ဟု တွေးသည်။

ထို့နောက် ကုနင်း ထွက်ခွာသွားသည်။

သူမသည် ကားပေါ်ရောက်သည်နှင့် ဖန်းရှင်းဟောက်ကိုသွားတွေ့ရန် ကောင်းယိကို ဆေးရုံသို့ မောင်းခိုင်းသည်။

ဖန်းရှောင်မန်သည် အခုလေးတင် သူမကို စာတစ်စောင်ပို့ပြီး ဖန်းရှင်းဟောက် နိုးနေပြီဟု သူမကို ပြောခဲ့သည်။

ကုနင်းသည် ကေကို မက်ဆေ့ခ်ျပို့ပြီး ထန်ချွမ်ကျွင်း၏ ထောက်ခံသူ မည်သူဖြစ်သည်ကို စုံစမ်းခိုင်းသည်။ ကုနင်းသည် ရိုးရိုးရှင်းရှင်း သိချင်ရုံသာဖြစ်ပြီး၊ သူတို့ကြားတွင် အကျိုးစီးပွား ပဋိပက္ခ မရှိသောကြောင့် သူမသည် ထန်ချွမ်ကျွင်းအကြောင်း ပိုသိရန် မလိုအပ်ပေ။

ကုနင်းသည် သတ္တိခဲလင်းယုန်၏ ဖုန်းနံပါတ်ကိုလည်း တောင်းလိုက်သည်။ သတ္တိခဲလင်းယုန် အား ဖန်းရှောင်မန်နှင့် သူမ၏မောင်ငယ်ကို ကာကွယ်စောင့်ရှောက်စေလိုသည်။ ဤအမှုကို ဖော်ထုတ်ပြီးနောက် ကျင့်မိသားစုက သူတို့ကို ဒုက္ခပေးမှာလားဆိုတာ သူမ မသေချာပေ။

မည်သို့ဖြစ်စေ ကုနင်းသည် သူတို့ကို ကူညီရန် ဆုံးဖြတ်ထားသည့်အတွက် အဆုံးထိ ကူညီမည်ဖြစ်သည်။

ကုနင်း သတ္တိခဲလင်းယုန်၏ဖုန်းနံပါတ်ရရှိသည်နှင့်တပြိုင်နက် သူ့ကိုဖုန်းခေါ်လိုက်သည်။ သူမသည် သတ္တိခဲလင်းယုန်ကို သူဘာလုပ်ရမည်ဆိုတာ အတိုချုပ်ပြောပြပြီး ဖန်းရှင်းဟောက်ရှိသည့် ဆေးရုံကို အမြန်ဆုံးသွားပေးဖို့ ပြောလိုက်သည်။

သတ္တိခဲလင်းယုန်၏အမည်မှာ ကျိုးဝေ့ဖန်း ဖြစ်သော်လည်း သူ၏အမည်ရင်းမဟုတ်ပေ။ သူသည် ပရော်ဖက်ရှင်နယ်လူသတ်သမားဖြစ်သောကြောင့် အခြားလူ၏အိုင်ဒီကတ်ကို အသုံးပြုသည်။

ကျိုးဝေ့ဖန်း သည် သူ၏အထက်လူကြီးထံမှ တိုက်ရိုက်ပေးအပ်သော တာဝန်ကို လက်ခံရရှိခြင်းအတွက် အလွန်ပျော်နေသည်။ သူ၏ပစ္စည်းတွေ ထုပ်ပိုးပြီး ဆေးရုံကို ချက်ချင်း ထွက်လာသည်။

ကုနင်း ပြန်သွားသောအခါ၊ ထန်ချွမ်ကျွင်း သည် ချန်းပင်းကျန်း ၏ပြစ်မှုသက်သေ အထောက်အထားများကို စစ်ဆေးရန် သူ၏ရုံးခန်းသို့ အမြန်ပြန်သွားသည်။

ချန်းပင်းကျန်း ၏ လာဘ်ပေးလာဘ်ယူမှုအသေးစိတ်အချက်များပါရှိသော သူ၏မှတ်စုစာအုပ်ကို ဖတ်လိုက်ရသည်နှင့်တပြိုင်နက် သူလုံးဝတုန်လှုပ်သွားသည်။

သူ အံ့အားသင့်မိသည်မှာ၊ ပြစ်မှုသက်သေ အထောက်အထားဖိုင်သည် သူ၏ လာဘ်ပေးလာဘ်ယူမှုများကို အသေးစိတ်များပါရှိသော မှတ်စုစာအုပ်တစ်အုပ်ဖြစ်နေသည်။ ဤသည်မှာ သေစေနိုင်လောက်သော သက်သေပင်။ ချန်းမိသားစုပင်လျှင် ချန်းပင်းကျန်းကို ကာကွယ်ပေးချင်တောင် ကာကွယ်ပေးဖို့ မဖြစ်နိုင်တော့ပေ။

ချန်းပင်းကျန်း လာဘ်စားကြောင်း သူသိသော်လည်း အသေးစိတ်အချက်အလက်များကို မသိသဖြင့် ချန်းပင်းကျန်း လာဘ်စားထားသော ငွေကြေးပမာဏကြောင့် တုန်လှုပ်သွားသည်။ အကယ်၍ သူ့အား စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်ထံ တိုင်ကြားပါက ချန်းပင်းကျန်းသည် သေချာပေါက် ထောင်ကျရမည် ဖြစ်သည်။

ထန်ချွမ်ကျွင်းသည် ချန်းပင်းကျန်းနှင့် နှစ်အတော်ကြာ အလုပ်တွဲလုပ်ခဲ့ဖူးသောကြောင့် ဤလက်ရေးသည် ချန်းပင်းကျန်း၏လက်ရေးအစစ်အမှန်ဖြစ်သည်ကို သူသေချာပေါက်သိသည်။

မှတ်စုစာအုပ်အပြင် ချန်းပင်းကျန်းသည် အရာရှိတစ်ဦးအတွက် လက်ခံနိုင်စရာမရှိသော အငယ်အနှောင်းတစ်ဦးနှင့် ကလေးတစ်ဦးလည်း ရှိသည်။ သို့သော် ချန်းပင်းကျန်းကို ထောင်ထဲထည့်ရန် မှတ်စုစာအုပ်တစ်အုပ်တည်းနှင့် လုံလောက်သည်။

ထန်ချွမ်ကျွင်းသည် ကုနင်းဟာ သူထင်ထားသည်ထက် အများကြီး ပိုအသုံးဝင်သည်ဟု ဝန်ခံရမည်။ ကုနင်းသည် မရိုးရှင်းမှန်း သူသတိထားမိ၍ ထန်ချွမ်ကျွင်းသည် သူမနှင့်ပတ်သက်သည့် အချက်အလက်များကို ပိုမိုရှာဖွေရန် စိတ်ကူးထားသော်လည်း ကုနင်းသည် သူ့အပေါ် အလွန်သဘောကောင်းသောကြောင့် သူ ထိုသို့မလုပ်နိုင်ပေ။

စင်စစ် ထန်ချွမ်ကျွင်းသာ သူမအကြောင်းပိုမိုလေ့လာချင်လျှင် အင်တာနက်ပေါ်တွင် ကုနင်း၏အမည်ကို ရှာဖွေလိုက်ရုံနှင့်ပင်ရသည်။

ချန်းပင်းကျန်းကို ထောင်ထဲသို့ အောင်အောင်မြင်မြင် ထည့်နိုင်ရန် ထန်ချွမ်းကျွင်းအနေနှင့် ပိုအင်အားကြီးသည့် ပုဂ္ဂိုလ်များမှ အကူအညီ လိုအပ်ပြီး ချန်းမိသားစုသည် သူ့အပေါ် လွယ်လွယ်အရှုံးမပေးမည်ကိုစိုးရိမ်ရသည်။ ထိုသို့တွေးမိပြီး ထန်ချွမ်ကျွင်းသည် ပြည်သူ့လုံခြုံရေးဗျူရိုကနေ မပြန်ခင် ဖုန်းခေါ်လိုက်သည်။

မကြာမီ ကေသည် ထန်ချွမ်ကျွင်းကို ပံ့ပိုးကူညီနေသူမည်သူဖြစ်ကြောင်း သိလိုက်ရပြီး ထိုလူသည် လင်မိသားစုနှင့် တစ်ဖွဲ့တည်းဖြစ်၍ ကုနင်း အတွက် သတင်းကောင်းပင်။

ကုနင်း ဆေးရုံသို့ရောက်ရှိလာပြီး ဖန်းရှောင်မန်နှင့် ဖန်းရှင်းဟောက်ကိုတွေ့သောအခါ ဖန်းရှင်းဟောက်သည် သက်သာနေသော်လည်း သူသည် အလွန်အားနည်းနေသေးပြီး ရက်အနည်းငယ်ကြာ အိပ်ရာထဲတွင် လှဲနေရဦးမည်ဖြစ်သည်။

ဖန်းရှင်းဟောက် သည် ဒဏ်ရာအပြင်းအထန်ရပြီး ကုနင်း ၏ မှော်စွမ်းအားအကူအညီဖြင့် ပြန်လည်ကောင်းမွန်လာသည် သို့သော် ကုနင်း သည် သူ့ကိုချက်ချင်းမကုသနိုင်သည်မှာ အားလုံး၏အမြင်တွင်ထူးဆန်းနေမည်စိုး၍ဖြစ်သည်။

အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် တစ်ပတ်ခန့် အချိန်ယူရမည်ဖြစ်ပြီး ထို့နောက် ဆေးရုံမှ ဆင်းနိုင်မည်ဖြစ်သည်။

ကုနင်း ရောက်လာသည်နှင့် ဖန်းရှင်းဟောက်သည် ကုနင်းကို ကျေးဇူးတင်ချင်သော်လည်း သူလုံးဝမထိုင်နိုင်ပေ။

"မလှုပ်ပါနဲ့။" ကုနင်းက သူ့ကို တားလိုက်သည်။

ဖန်းရှင်းဟောက်လည်း သူမစကားကို နားထောင်ပြီး ပြန်အိပ်လိုက်သည် ။

"ကုနတ်ဘုရားမ ၊ ငါ့အစ်မဆီက အားလုံးကို ငါကြားထားတယ်၊ မင်းကို ငါ ဘယ်လို ကျေးဇူးတင်ရမလဲတောင်မသိတော့ဘူး။ ငါ အနာဂတ်မှာ မင်းအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။” သူသည် ကုနင်းကို သဘောကျပြီး သူမကို သူ၏အိုင်ဒေါအဖြစ် မှတ်ယူထားသည်။ ကုနင်းကို အပြင်တွင် တွေ့ရန် မဖြစ်နိုင်ဟု သူထင်ခဲ့သော်လည်း ယခု သူသည် သူမအတွက် အလုပ်လုပ်ပေးရတော့မည်ဖြစ်သည်။ ကုနင်း၏ ကုမ္ပဏီမှာ အလုပ်လုပ်ရမည်ကို သူအလွန်ပျော်နေသည်။

ကုနင်းဆီတွင် ပိုက်ဆံအများကြီး အကြွေးတင်နေသေးသော်လည်း ဖန်းရှင်းဟောက်သည် ပြန်ဆပ်ရန် ကြိုးကြိုးစားစားလုပ်မည်ဖြစ်သည်။ ကုနင်း ကြောင့်သာမဟုတ်လျှင် သူသေသွားနိုင်သည်။ ထို့အပြင် ကုနင်းသည် သူတို့အတွက် တရားမျှတမှုကို ရှာပေးရန်လည်း စီစဉ်နေသေးသည်။

***

အပိုင်း ၁၃၅၉ ကုနင်း များလား...

"မင်း ငါ့အတွက် အလုပ်လုပ်ချင်ရင် မင်းမှာ အရည်အချင်းရှိရမယ်" ဟု ကုနင်းပြောလိုက်ရာ ဖန်းရှင်းဟောက် ယုံကြည်မှုအပြည့်နှင့် ပြုံးပြပြီး၊ "ငါနားလည်ပါတယ်။" သူသည် အနာဂတ်တွင် အသုံးဝင်ပြီး အောင်မြင်ရမည်ဟု ကတိပေးသည်။

ကျိုးဝေ့ဖန်း မရောက်လာခင် ကုနင်းသည် ဤကိစ္စကို တိုင်ကြားပြီးလျှင် ကျင့်မိသားစုက သူတို့ကို တိုက်ခိုက်လာနိုင်သောကြောင့် သူတို့ကို ကာကွယ်ရန် တစ်စုံတစ်ယောက် စီစဉ်ပေးထားသည်ဟုပြောခဲ့သည်။

ဖန်းရှောင်မန်သည် ဖန်းရှင်းဟောက် ဆိုးရွားသည့် မတော်တဆမှုမှ လွတ်မြောက်လာကာစဖြစ်သောကြောင့် ကြောက်လန့်ကာ ကုနင်း၏အစီအစဉ်ကို လက်ခံပြီး သူမကို ကျေးဇူးတင်စကားဆိုလိုက်သည်။

နာရီဝက်ခန့်ကြာသော် ကျိုးဝေ့ဖန်း ပေါ်လာသည်။ သူသည် ဆေးရုံတွင် ရက်အတော်ကြာနေဖို့ လိုအပ်သောကြောင့် အဝတ်အစားနှင့် နေ့စဉ်အသုံးအဆောင်တွေ ပြင်ဆင်ခဲ့သည်။

ဖန်းရှင်းဟောက်သည် သာမန်လူနာခန်းတစ်ခုတွင် နေသော်လည်း ဆိုဖာတစ်ခုတော့ရှိသည်။ လူနာခန်းထဲတွင် မီးဖိုချောင်နှင့် ရေချိုးခန်းလည်း ပါသောကြောင့် အတွင်းတွင် ထမင်းချက်နိုင်သည်။

လူနာခန်းထဲတွင် ဆေးရုံခုတင်တစ်လုံးသာရှိသော်လည်း အလွန်ကြီးမားသောကြောင့် ကျိုးဝေ့ဖန်းနှင့် ဖန်းရှင်းဟောက် မျှဝေသုံးနိုင်သည်။

ဖန်းရှောင်မန်သည် သူစိမ်းယောကျ်ားတစ်ယောက် သူတို့နှင့်အတူ အခန်းထဲတွင် နေ့ရောညပါ အတူရှိရမည်ကိုတွေးမိသောအခါ အနည်းငယ် စိတ်မသက်မသာ ခံစားရသော်လည်း ဖန်းရှင်းဟောက်သည်လည်း အခန်းထဲတွင် အတူရှိနေပြီး သူမ တစ်ယောက်တည်း မဟုတ်သောကြောင့် များများမတွေးတော့ပေ။

ထို့အပြင် ကျိုးဝေ့ဖန်းသည် သူတို့လုံခြုံရေးအတွက် ဤနေရာတွင် နေပေးခြင်းဖြစ်သည်။

ဤအမှုကို မဖြေရှင်းနိုင်ခင် သူတို့သုံးယောက်သည် ခွဲနေ၍မရ၍ ချောင်ယသည် သုံးရက်စာ စားစရာအလုံအလောက်ဝယ်လိုက်သည်။

ဖန်းရှောင်မန် တစ်ယောက်တည်း အပြင်ထွက်လျှင် ပြန်ပေးဆွဲခံရနိုင်သည်။ ကျိုးဝေ့ဖန်း မရှိလျှင်လည်း သူတို့၏ ရန်သူက တိုက်ခိုက်နိုင်သည်။

ထို့ကြောင့် သူတို့က အလွန်သတိရှိရမည်။ တစ်စုံတစ်ယောက်အနေနှင့် အမြဲတမ်း သတိထားနေဖို့ဆိုသည်မှာ ခက်ခဲလှသည်။

ကုနင်းသည် ကျိုးဝေ့ဖန်း ၊ ဖန်းရှင်းဟောက် ၊ ဖန်းရှောင်မန်တို့ကို အချင်းချင်း မိတ်ဆက်ပေးသည်။ နောက်တော့ သူမကုမ္ပဏီကို ပြန်သွားသည်။

တခြားဆေးရုံတစ်ခုတွင် လင်ယွမ်ချန်သည် နောက်တနေ့ အလုပ်ဆင်းရန် လိုအပ်သောကြောင့် ခဏလောက်နေပြီးနောက် ပြန်ထွက်သွားသည်။

ကျန်းရှူးယွမ်သည်တော့ လင်ရှောက်ကျားကို စောင့်ရှောက်ရန် နေခဲ့သည်။

လင်မိသားစုတွင် အိမ်အကူ အများကြီးရှိသော်လည်း သူတို့၏သမီးလေးကို သူတို့ဘာသာ ပြုစုစောင့်ရှောက်ရသည်ကို သဘောကျတုန်းပင်ဖြစ်သည်။

လင်ယွမ်ချန် သည် ထိုနေ့နံနက်တွင် လင်ရှောက်ကျား ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို သခင်ကြီးလင်အား ပြောပြသည်။ သခင်ကြီးလင်သည် လင်ရှောက်ကျား၏ အပြုအမူများကို မကြိုက်သော်လည်း သူမသည် သူ့မြေးဖြစ်နေဆဲမို့ သူလည်း ဒေါသထွက်သွားသည်။

တစ်ချိန်တည်းမှာပင် သခင်ကြီးလင်သည် လင်ရှောက်ကျား၏ မသင့်လျော်သော အပြုအမူနှင့် ဒေါသကြီးမှုကို ပြစ်တင်ဝေဖန်သည်။ လင်ရှောက်ကျားသည် သူမအား ရုတ်တရက် တိုက်ခိုက်ခံရစေရန် အရင် သူမဘက်က အမှားတစ်ခုခု လုပ်ထားခြင်းဖြစ်ရမည်ဟု သူယုံကြည်သည်။

လင်ယွမ်ချန်သည်လည်း ထိုသို့တွေးသောကြောင့် ထိုအချက်နှင့်ပတ်သက်၍ ငြင်းခုံခြင်းမရှိပေ။

ထို့ကြောင့် သခင်ကြီးလင်သည် လင်ရှောက်ကျားမှာ ပြင်ပ ဒဏ်ရာများသာ ရခဲ့သောကြောင့် လင်ယွမ်ချန်ကို မစုံစမ်းရန် ပြောလိုက်သည်။

လင်ယွမ်ချန်မှာ ထိုသို့လုပ်ဖို့ ဆန္ဒမရှိသော်လည်း သခင်ကြီးလင် ပြောသည်မှာမှန်တယ်ဟု ဝန်ခံရမည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လင်ရှောက်ကျားသည် သူမ၏အင်အားကြီးမားသောမိသားစုအားကိုးနှင့် အကြိမ်များစွာ လူများစွာကို အနိုင်ကျင့်ခဲ့သည်။ ယခုဖြစ်ရပ်သည် မိမိကိုယ်မိမိ ပြုမူနေထိုင်တတ်ရန် သင်ခန်းစာကောင်းတစ်ခု ဖြစ်လာနိုင်သည်။ လင်ရှောက်ကျားသည် ယနေ့ ရလဒ်ကို သူမကိုယ်တိုင်ဖန်တီးခဲ့သည်။

လင်မိသားစုသည် သူမကို အလိုလိုက်နေဦးမည်ဆိုလျှင် လင်ရှောက်ကျားသည် ယခုဖြစ်ရပ်ကနေ ဘာကိုမှသင်ယူမှာ မဟုတ်ပဲ ထင်တိုင်းကျဲနေဦးမည်ပင်။

လင်ယွမ်ချန်သည် လင်ရှောက်ကျား အနေနှင့် အပြုအမူဆင်ခြင်ရန် လိုအပ်ကြောင်း လက်ခံသောကြောင့် သခင်ကြီးလင်၏ စကားကို နားထောင်ပြီး စုံစမ်းစစ်ဆေးမှုကို စွန့်လွှတ်လိုက်သည်။

နံနက်စာစားပြီးနောက် သခင်ကြီးလင်သည် လင်ရှောက်ကျားကို ဆေးရုံတွင် သွားတွေ့သည်။ လင်ယွမ်ကျန်းနှင့် ယွီယင်တို့သည်က အလုပ်များနေသောကြောင့် သခင်ကြီးလင နှင့်အတူ လိုက်မလာပေ။ ပြောရမည်ဆိုလျှင် လင်ရှောက်ကျားမှာ ပြင်ပဒဏ်ရာများသာ ရရှိခဲ့ခြင်းဖြစ်သည်။

ဆေးရုံတွင်၊ လင်ရှောက်ကျား နံနက်အိပ်ရာထပြီးနောက် စကားပြောနိုင်သွားသည်။ သူမခါးသည် နာကျင်နေသေးသော်လည်း သူမခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသည် ယခုအခါ ကောင်းမွန်နေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ခါးနာသောကြောင့် သူမ လုံးဝမလှုပ်ရှားနိုင်ပေ။ ထို့ကြောင့် သူမ နာကျင်စွာ ညည်းညူနေရရင်း အလွန်အားနည်းနေသေးသည်။

ကျန်းရှူးယွမ်သည် လင်ရှောက်ကျားကို တိုက်ခိုက်သူ မည်သူလဲသိလားဟု မေးကြည့်သော်လည်း လင်ရှောက်ကျား မသိပေ။ စောင့်ကြည့်ကင်မရာမှတ်တမ်းများကို ကြည့်ရှုရန် လိုအပ်သည်။

ကျန်းရှူးယွမ်သည် လင်ရှောက်ကျားကို မည်သူ့ကိုတွေးမိလဲဟုမေးရာ လင်ရှောက်ကျားမှာ ယနေ့အချိန်အထိ လူများစွာကို စော်ကားခဲ့ကြောင်း သိသောကြောင့် ထိုသူတို့ထဲမှ မည်သူသည် တိုက်ခိုက်သူဖြစ်နိုင်သည်ကို သူမမသိပေ။

ဤတစ်ပတ်ထဲတွင် ဘားတစ်ခုမှာ သူမသည် အမျိုးသမီး နှစ်ယောက်နှင့် စကားများခဲ့ပြီး သူတို့ထဲက တစ်ယောက်နှင့် ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့သည်။ ထို့အပြင် သူမသည် အရင်တုန်းကလည်း အခြားအမျိုးသမီးများနှင့် တိုက်ခိုက်ခဲ့ဖူးသည်။

"ကုနင်း ဖြစ်နိုင်လား?" ကျန်းရှူးယွမ် ရုတ်တရတ်ပြောလိုက်သည်။ ထိုစကားကိုကြားသော် လင်ရှောက်ကျားသည် ဖြစ်နိုင်သည်ဟု ထင်သော်လည်း ကုနင်းသည် သူမကို ခြုံခိုတိုက်ခိုက်မည်ဟု မထင်ပေ။

ထို့နောက် လင်ရှောက်ကျားသည် မနေ့ညက ဘားမှာဖြစ်ပျက်ခဲ့တာတွေကို ကျန်းရှူးယွမ်ကို ပြောပြသည်။ ကုနင်းသည် သူမထက် အချိန်တိုလေးသာစောပြီး ဘားမှ ထွက်သွားသောကြောင့် ကုနင်းတွင် အဝတ်အစားလဲပြီး သူမ နောက်မှလိုက်ရန် မဖြစ်နိုင်ပေ။

ကျန်းရှူးယွမ် ခေါင်းညိတ်ပြီး ကုနင်းကို သံသယရှိသူစာရင်းထဲမှ ပယ်ထုတ်ထားလိုက်သည်။

သူတို့နှစ်ယောက်လုံးသည် မစဉ်းစားနိုင်တော့၍ နောက်ဆုံး ရဲကိုသာစောင့်နေလိုက်တော့သည်။

***

အပိုင်း ၁၃၆၀ မစုံစမ်းတော့ဘူး

သခင်ကြီးလင် လင်ရှောက်ကျားထံ လာတွေ့သောအခါ သူမ၏ ဒဏ်ရာများအကြောင်း စိုးရိမ်တကြီးမေးသော်လည်း သူမကိုလည်း ပြစ်တင်ဝေဖန်သည်။

လင်ရှောက်ကျားသည် သူမကိုယ်သူမ အကျင့်စာရိတ္တမကောင်းသည်ကို သူမသိသောကြောင့်သခင်ကြီးလင်၏ အဆူခံကာ သခင်ကြီးလင်နှင့် ပြန် မငြင်းခုံခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူမ အလွန်မကျေမနပ်ဖြစ်သည်။

သခင်ကြီးလင်သည် ထိုကိစ္စကို စုံစမ်းရန်အစီအစဉ်မရှိဟု သူမကို ပြောသောအခါ ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ ငြိမ်မနေနိုင်တော့ပေ။

"မရဘူး၊ သမီး..သည်းမခံနိုင်ဘူး။ သမီးကို တိုက်ခိုက်သူကို သေချာပေါက်ရှာရမယ်။" လင်ရှောက်ကျား တုံ့ပြန်ခဲ့သည်။

သူမသည် အခြားသူများ၏ခံစားချက်ကို ဂရုမစိုက်သည့် တစ်ကိုယ်ကောင်းဆန်လွန်းသူဖြစ်သည်။ သူမသည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောကြောင့်၊ ဤကိစ္စမှ သင်ခန်းစာယူသင့်သည်ဟု သူမ မထင်ပေ။ ထိုအစား၊ သူမသည် သူမသဘောကျ အခြားသူများကို အနိုင်ကျင့်နိုင်သည်ဟု သူမတွေးပြီး အခြားလူများက သူမကို လက်စားချေခြင်းကိုသည်းမခံနိုင်ပေ။

"မင်းဘာပြောလိုက်တာလဲ? အဲဒါ မင်းအပြစ်လေ မသိဘူးလား? မင်းသာ အခြားသူတွေကို အနိုင်မကျင့် ခဲ့ရင် ဘယ်သူက မင်းကို ဘာကြောင့် လက်စားချေရမှာလဲ? လင်မိသားစုရဲ့ ပံ့ပိုးမှုနဲ့ မင်းလုပ်ချင်တာ လုပ်နိုင်မယ်လို့ မင်းထင်နေတာလား?" သခင်ကြီးလင် ဒေါသထွက်သွားသည်။

"ဒီလို အပြုအမူတွေ ဆက်လုပ်နေရင် မင်း တစ်နေ့ အသတ်ခံရလိမ့်မယ်။"

လင်ရှောက်ကျားသည် သူမ၏မောက်မာမှုကြောင့် အသက်ဆုံးရှုံးရဖွယ်ရှိသောကြောင့် သခင်ကြီးလင်က ကြင်နာစွာသတိပေးခြင်းဖြစ်သည်။

ထိုစကားကိုကြားသော် လင်ရှောက်ကျားသည် ကြောက်လန့်ပြီး ပါးစပ်ကို ပိတ်လိုက်သည်။ တကယ်တော့ လင်မိသားစု၏နောက်ကွယ်တွင် ကုနင်းအပေါ် သူမလုပ်ခဲ့သည့်လုပ်ရပ်ကို တွေးမိသွားခြင်းဖြစ်သည်။ သူမသည်လည်း အလားတူလုပ်ကြံခံရနိုင်သည်ကို သူမသိသောကြောင့် သူမ၏အဖိုး၏စကားကို နားထောင်ရပေမည်။

ကျန်းရှူးယွမ် သည် သခင်ကြီးလင် ၏ စကားကြောင့် ထိတ်လန့်သွားသော်လည်း သူမသည် ယခင်က ဤကဲ့သို့ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသောကြောင့်နှင့် ထိုလုပ်ရပ်ကို တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ခဲ့ဖူးသောကြောင့် ထိုမျှပြင်းထန်သည်ဟု သူမ မထင်ပေ။

"အဖေရယ်.. မဖြစ်နိုင်ပါဘူး။ အဖေက ရှောက်ကျားကိုခြောက်နေတာပဲ.. ။" သူမသည် လင်ရှောက်ကျားကို နှစ်သိမ့်လိုက်သည်။ ထို့နောက် လင်ရှောက်ကျာ ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

သို့သော်လည်း လင်ရှောက်ကျားသည် ကြောက်လန့်နေဆဲပင်။

"တကယ်လား? အရင်က ဟူမိသားစုမှာ ဖြစ်ပျက်ခဲ့တာကို မင်းမေ့သွားပြီလား? ဟူမိသားစုရဲ့သမီးက အရင်က မာနကြီးပြီး ရန်လိုတယ်။ အဲဒီနောက်မှာတော့ သူမကို တစ်စုံတစ်ယောက်က လုပ်ကြံတာခံရပြီး ယာဉ်မတော်တဆမှုနဲ့ ခြေထောက်တွေ ဆုံးရှုံးခဲ့ရတယ်။ ရယ်စရာလို့ထင်လား?"

ဟူမိသားစုသည် မြို့တော်တွင် သာမန်လူချမ်းသာမိသားစုဖြစ်သော်လည်း ရုန်မိသားစုနှင့် မိတ်ဖက်ဖြစ်၍ ရုန်မိသားစု၏ ပံ့ပိုးကူညီမှု ရရှိသည်။ သို့သော်လည်း ဟူမိသားစုသည် ရုန်မိသားစု၏ အထောက်အပံ့နှင့်ပင် သူတို့၏သမီးကို ကောင်းစွာ မကာကွယ်နိုင်သေးပေ။

ရုန်မိသားစုသည် ရာဇ၀တ်ကောင်ကိုရှာဖွေရန် ကြိုးစားခဲ့သော်လည်း အချည်းအနှီးသာဖြစ်သည်။ အင်အားသည် အရာအားလုံးမဟုတ်ပါ။ အင်အားကြီး မိသားစုများပင် မလုပ်နိုင်သော အရာအချို့ ရှိသည်။

ထိုသို့တွေးကြည့်ပြီး ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျား နှစ်ယောက်စလုံး ကြောက်လန့်သွားသည်။

"ရှူးယွမ်၊ မင်းက အရမ်းချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာတာ၊ မင်းက လင်မိသားစုထဲကို ဝင်လာခဲ့တာလဲ နှစ်အတော်ကြာပြီ။ မင်း အနေနဲ့ ဒီလောက် ရိုးရိုးလေးမတွေးသင့်ဘူး။ အင်အားကြီးမိသားစုရဲ့အထောက်အပံ့နဲ့ဆို တကယ် လုံခြုံပြီလို့တွေးနေတာလား? အမှန်တရားကတော့ လုံးဝဆန့်ကျင်ဘက်ပဲ။ မင်း ပိုချမ်းသာလေလေ ဒါမှမဟုတ် ပိုအားကောင်းလေလေ မင်းကြုံတွေ့ရတဲ့ အခြေအနေတွေက ပိုပြီး အန္တရာယ်များလေလေပဲ!”

ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားနှစ်ဦးစလုံးသည် သခင်ကြီးလင်၏မျက်လုံးများတွင် နုံအလွန်းပြီး သူတို့အား အမြင်မှန်စေရန် သူ့ အနေနှင့်သတိပေးရန် လိုအပ်သည်ဟု ထင်သည်။

လင်မိသားစုသည် ဤတိုင်းပြည်တွင် သြဇာအရှိဆုံး မိသားစုလေးစုတွင် ပါဝင်ပြီး ထိုမိသားစုလေးစုသည် အချင်းချင်း အမြဲပြိုင်ဆိုင်နေကြသည်။ မည်သူမျှ ထိုပြိုင်ဆိုင်မှုမှမလွတ်မြောက်နိုင်ပေ။

လင်ရှောက်ကျားသည် မိန်းကလေးဖြစ်ပြီး အစိုးရ ရာထူးမရှိလျှင်ပင်၊ သူမသည် ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်ရနိုင်သေးသည်။ လင်ရှောက်ကျားသည် လင်မိသားစုဝင်တစ်ဦးဖြစ်ပြီး သူမ၏ အပြုအမူသည် ဤမိသားစုအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

ထို့ကြောင့် သခင်ကြီးလင်သည် လင်မိသားစုရှိ မျိုးဆက်သစ်များကို နှိမ့်ချစွာနေရန် အမြဲပြောခဲ့သည်။ တခြားမြေးများက သူ့စကားကို နားထောင်ကြသော်လည်း လင်ရှောက်ကျားကတော့ဖြင့် နားမထောင်ပဲ ပြဿနာများစွာကို ဖြစ်ပေါ်စေခဲ့သည်။

"မင်းရဲ့ သမီးကို မင်းကြိုက်သလောက် ချစ်နိုင်ပေမယ့် မင်းသူမကို အလိုလိုက်လို့မရဘူး။" သူပြောနိုင်သမျှ အကုန်ပြောပြီးပြီပင်။ သို့တိုင် သူ့စကားနားမထောင်သေးလျှင် သူဘာမှလုပ်လို့မရတော့ပေ။ ထို့နောက် သခင်ကြီးလင် အိမ်သို့ ပြန်လာခဲ့သည်။

သခင်ကြီးလင် ပြန်သွားသည်နှင့် ကျန်းရှူးယွမ်သည် လင်ရှောက်ကျားကို ပြောလိုက်သည် "ရှောက်ကျား၊ မင်းအဘိုးပြောတာကို ကြားလား? အခုကစပြီး ကိုယ့်ကိုကိုယ် ထိမ်းသိမ်းတတ်ဖို့ သင်ယူသင့်တယ်။”

"သမီး..နားလည်ပါတယ်။" လင်ရှောက်ကျား ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမ၏ ခါးတွင် နာကျင်မှုက ပြင်းထန်လှသည်။

"မေမေ၊ ခါးအရမ်းနာနေတယ်။" လင်ရှောက်ကျား မျက်ရည်ကျကာ ညည်းညူလိုက်သည်။

နာကျင်မှုသည် သွားကိုက်ခြင်းသဖွယ်… မသေနိုင်သော်လည်း သူမကို တစ်ချိန်လုံး နှိပ်စက်နေသည်။

လင်ရှောက်ကျားသည်ယခုအချိန်တွင် ကုနင်း အလိုရှိသည့်အတိုင်း အိပ်မပျော်နိုင်သလို ထိုင်လည်း မထိုင်နိုင်တော့ပေ။

"ခဏလောက် သည်းခံလိုက်၊ နာကျင်မှုတွေ ပျောက်သွားလိမ့်မယ်။" =

လင်ရှောက်ကျား၏ခါးသည် အကောင်းအတိုင်းသာဖြစ်သောကြောင့် သူတို့ဘာမျှ မတတ်နိုင်ဘူးဟုသာ ဆရာဝန်က ပြောသည်။

"သည်းမခံနိုင်တော့ဘူး!" လင်ရှောက်ကျားအော်ဟစ်နေတာကြောင့် ကျန်းရှူးယွမ်လဲ သက်ပြင်းသာချနိုင်တော့သည်။

"ငါလည်း ဘာလုပ်ရမှန်းမသိဘူးလေ၊"

***

အပိုင်း ၁၃၆၁ ချန်းပင်းကျန်း

ထန်ချွမ်ကျွင်းသည် လင်မိသားစုနှင့် တစ်ဖွဲ့တည်းဖြစ်သော်လည်း သူတို့သည် တိုက်ရိုက်ပတ်သက်ဆက်နွှယ်မှုမရှိပဲ လင်မိသားစုနှင့် ဆက်နွှယ်နေသော အရေးကြီးအရာရှိတစ်ဦးနှင့် ဆက်ဆံရေးသာရှိသည်။

ထို့ကြောင့် ထန်ချွမ်ကျွင်း သည် ဤအရာရှိနှင့် တွေ့ဆုံရန်သွားသည်။

ဤအရာရှိ၏အမည်မှာ ရှီးရို့ဟန်ဖြစ်ပြီး အစိုးရဘက်တွင် ရာထူးကြီးသူဖြစ်သည်။

ရှီးရို့ဟန်သည် အထောက်အထားများကို တွေ့လိုက်ရသောအခါတွင် ချန်းပင်းကျန်း နေရာတွင် ထန်ချွမ်ကျွင်းကို အစားထိုးရန်အတွက် အခွင့်ကောင်းတစ်ခုဖြစ်သောကြောင့် သူအလွန်ဝမ်းသာသွားသည်။

သူတို့သည် အစိုးရရုံးများတွင် သူတို့လူတွေ ပိုများများရှိစေချင်သည်။ အခြေခံအားဖြင့် အသေးအမွှားအရာများကို စုပေါင်းလိုက်လျှင် လက်များစွာသည် အလုပ်လုပ်ရာတွင် ပို၍လွယ်ကူသည်။ သူတို့သည် သူတို့၏အင်အားကို စုစည်းရန် လိုအပ်ပြီး ထိုအတွက် လုပ်ဆောင်နေကြသည်။ သို့သော် မလွယ်ကူပေ။

အင်အားစုတိုင်းသည် နိုင်ငံတစ်ဝှမ်းရှိ မြို့တိုင်းတွင် ပံ့ပိုးပေးသူအများအပြားရှိပြီး အများစုမှာ သူတို့၏ လူသိမခံနိုင်သော လျှို့ဝှက်ချက်များကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ကြသည်။

တိကျသော သက်သေအထောက်အထား သို့မဟုတ် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်မရှိလျှင် သူတို့၏ရန်သူ၏ ပံ့ပိုးပေးသူတိုင်းကို စုံစမ်းစစ်ဆေးရန် ခက်ခဲသည်။ ရလဒ်အနေဖြင့် ချန်းပင်းကျန်းသည် ပြစ်မှုများစွာကျူးလွန်ခဲ့သည်ကို သူတို့သိရှိသော်လည်း သူ့ကို အပြစ်ပေးရန်အတွက် ဘာတစ်ခုမှမလုပ်ဆောင်နိုင်ခဲ့ပေ။

ရှီးရို့ဟန်သည် ထန်ချွမ်ကျွင်းနှင့် ဆက်ဆံရေးကို ပေါ်ပေါက်မည်စိုး၍ သူ့အနေနှင့် ပေါ်ပေါ်ထင်ထင် မကူညီနိုင်ခဲ့ပေ။ သူတို့ အားလုံးအလွန်သတိရှိရသည်။

ကံကောင်းထောက်မစွာ ယခုတော့ ချန်းပင်းကျန်း နှင့်ပတ်သက်သည့် ရာဇ၀တ်မှုဆိုင်ရာ သက်သေများ ရရှိလိုက်သောကြောင့် သူ့ကို ဖြုတ်ချရန် အလွန်လွယ်ကူသွားမည်ဖြစ်သည်။

ထန်ချွမ်ကျွင်းသည် သူ့ကို သက်သေများထောက်ပံ့ခဲ့သည်မှာ ကုနင်း ဖြစ်ကြောင်းတခြားလူတွေကို ပြောမပြဘူးဟု ကတိပေးခဲ့သော်လည်း ရှီးရို့ဟန်မှာ မတူပေ။

ရှီးရို့ဟန်သည် ကုနင်း၏အမည်ကိုကြားသောအခါ ထိုနာမည်ကို အလွန်ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။

ရှီးရို့ဟန်၏ တုံ့ပြန်မှုကို မြင်ပြီး ထန်ချွမ်ကျွင်း စိတ်ရှုပ်ထွေးသွားသည်။

အတန်ကြာစဉ်းစားပြီးနောက် ရှီးရို့ဟန်သည် အတွေးတစ်ခုပေါ်လာသည်။ သူသည် မတ်တပ်ထရပ်ပြီး သူ၏ကွန်ပြူတာရှိရာသို့ သွားကာ အင်တာနက်ပေါ်၌ ကုနင်း၏ အချက်အလက်ကို ရှာဖွေလိုက်သည်။ ကုနင်း၏ ဓာတ်ပုံအချို့ကို တွေ့ရှိပြီး ဓာတ်ပုံထဲရှိ မိန်းကလေးမှာ ကုနင်း ဟုတ်မဟုတ် ထန်ချွမ်ကျွင်းအား မေးသည်။

ထန်ချွမ်ကျွင်း အံ့သြသွားသော်လည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

ရှီးရို့ဟန်သည် သူ၏သားမှာ ကုနင်း၏ အမာခံ ပရိသတ်ဖြစ်သောကြောင့် ကုနင်း၏ နာမည်ကို ယခင်က ကြားဖူးထားသည်။ သူ့သားသည် ကုနင်း၏ အောင်မြင်မှု တော်တော်များများကို သူ့ကိုပြောပြခဲ့၍ ကုနင်း၏နာမည်ကို လေးလေးနက်နက် မှတ်မိနေသည်။ ကုနင်းသည် သူမနှင့် ရွယ်တူများကြားတွင် သာလွန်ထူးချွန်ကြောင်း သူ ဝန်ခံရပေမည်။

ကုနင်း၏ ယခင် အောင်မြင်မှုများအရ ချန်းပင်းကျန်းနှင့် ပတ်သက်သည့် ရာဇ၀တ်မှုဆိုင်ရာ သက်သေများရရှိရန် သူမအတွက် ခက်ခဲမည်မဟုတ်ကြောင်း ရှီးရို့ဟန် သဘောပေါက်လိုက်သည်။

ထိုအချိန်တွင် ထန်ချွမ်ကျွင်းသည်လည်း အင်တာနက်ပေါ်တွင် ကုနင်းနှင့်ပတ်သက်သည့် သတင်းများစွာကို ဖတ်မိလိုက်ပြီး သူလည်း ထိတ်လန့်သွားသည်။ ကုနင်းသည် မရိုးရှင်းကြောင်း သူသိသော်လည်း သူမ၏အောင်မြင်မှုများကြောင့် အံ့အားသင့်မိဆဲဖြစ်သည်။

သူမသည် ကိုယ်တိုင်လည်း အလွန်အောင်မြင်ပြီး အင်အားကောင်းသော အဆက်အသွယ်များစွာလည်း ရှိသည်။

“ဘုရားသခင် သူမက မယုံနိုင်စရာပဲ!” ထန်ချွမ်ကျွင်း ရေရွတ်မိသွားသည်။

“မှန်တယ်” ရှီးရို့ဟန်က ထောက်ခံလိုက်ပြီး ခဏအကြာတွင် တစ်ခုခုကို တွေးမိပြီး မေးလိုက်သည်။ " ချန်းပင်းကျန်းနဲ့ ပတ်သက်ပြီး ရာဇ၀တ်မှုဆိုင်ရာ သက်သေကို သူမက ဘယ်လိုလုပ်ပြီး ပေးခဲ့တာလဲ?"

ထန်ချွမ်ကျွင်းသည် ရှီးရို့ဟန်နှင့် တွေ့သည်နှင့် ရာဇ၀တ်မှုဆိုင်ရာ သက်သေကို ချက်ချင်း ထုတ်ပြခဲ့ပြီး ယခုမှသာ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြရန် အချိန်ရသည်။

ရှီးရို့ဟန်သည် ချန်းပင်းကျန်း၏ လုပ်ရပ်ကို ကြားပြီး အလွန်ဒေါသထွက်သွားကာ ချက်ချင်းအရေးယူရန် ဆုံးဖြတ်လိုက်သည်။

ကုနင်းသည် သူမကိုယ်သူမ ထုတ်ဖော်လိုခြင်းမရှိသောကြောင့် ရှီးရို့ဟန်သည် သူမ၏ဆုံးဖြတ်ချက်ကို လေးစားပြီး သက်သေကို ထန်ချွမ်ကျွင်းမှရှာတွေ့သည်ဟု မှတ်တမ်းတင်ရန်ဆုံးဖြတ်ခဲ့သည်။

နံနက် ၁၁ နာရီခန့်တွင် ရဲနှစ်ဦးသည် လင်ရှောက်ကျား၏ဆေးရုံသို့ ရောက်လာသည်။ သူတို့သည် စောင့်ကြည့်ကင်မရာများကို စစ်ဆေးခဲ့သော်လည်း တိုက်ခိုက်သူမှာ စက္ကန့်ပိုင်းအတွင်း ပေါ်လာပြီး ပျောက်ကွယ်သွားသောကြောင့် တိုက်ခိုက်သူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးပေ။

လင်ရှောက်ကျားနှင့် ကျန်းရှူးယွမ်တို့သည် စုံစမ်းမှုကို စွန့်လွှတ်ရန် သဘောတူခဲ့သော်လည်း တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသည့်အတွက် ဒေါသထွက်နေကြဆဲဖြစ်သည်။

သူတို့နှစ်ဦး စိတ်တည်ငြိမ်သွားပြီးနောက် ကျန်းရှူးယွမ်သည် ရဲနှစ်ဦးအား စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ရန် ပြောလိုက်သည်။ သူမ၏ အလွန်ကြင်နာပြီး သည်းခံနိုင်စွမ်းရှိသော အပြုအမူကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် သူမအပေါ် အကောင်းမြင်သွားသည်။

ကျန်းရှူးယွမ်အနေနှင့် တိုက်ခိုက်သူအား ရှာဖွေခြင်းကို ရပ်တန့်ရန် ဆန္ဒရှိသောကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် သဘောတူလိုက်ကြသည်။

နေ့လယ်စာစားပြီးနောက် ကုနင်းသည် လင်ရှောင်းထင်၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး နှစ်ယောက်သား ခဏတာ ဖုန်းပြောကြသည်။

သူမသည် လင်ရှောင်းထင်ကို စိတ်မပူစေချင်သောကြောင့် ဤရက်များအတွင်း ဖြစ်ပျက်ခဲ့သမျှကို မပြောပြပေ။

မွန်းလွဲ ၂ နာရီတွင် ရဲအဖွဲ့တစ်ဖွဲ့သည် ကျင့်မိသားစု၏စီးပွားရေးလုပ်ငန်းဖြစ်သည့် လီဘန်းကုမ္ပဏီ သို့သွားကာ ကျင့်ခိုင်၊ HR မန်နေဂျာနှင့် ကျင့်လီချန်းကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ကျင့်ခိုင်သည် ရည်ရွယ်ချက်ရှိရှိ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေ၍ အပြစ်ရှိကြောင်း၊ HR မန်နေဂျာသည် ကြံရာပါအဖြစ် အပြစ်ရှိကြောင်း၊ ကျင့်လီချန်းသည် ကြံရာပါနှင့် လာဘ်ပေးလာဘ်ယူမှုဖြင့် အပြစ်ရှိကြောင်း သိရသည်။

အစပိုင်းတွင် ငြင်းဆန်ခဲ့ကြသော်လည်း ရဲများက သက်သေအထောက်အထားပြသောအခါ ပါးစပ်ပိတ်သွားကြသည်။

လီဘန်းကုမ္ပဏီရှိဝန်ထမ်းများအားလုံးကို အံ့သြ ထိတ်လန့်စေသည်။

စင်စစ် ကျင့်ခိုင်သည် သူတို့၏ကုမ္ပဏီတွင် အမျိုးသားတစ်ဦးကို ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေခဲ့သည်မှာ လျှို့ဝှက်ချက်မဟုတ်သော်လည်း ထိုအကြောင်းကို မပြောကြရန် တားမြစ်ထားသည်။ ထို့ကြောင့် ဤလျှို့ဝှက်ချက်သည် အလွန်မြန်ဆန်စွာ ဖော်ထုတ်ခံရသောကြောင့် အံ့ဩနေကြသည်။

သူတို့သည်လည်း ကျင့်ခိုင်၏ အပြုအမူကို မကြိုက်ဘဲ အပြစ်ပေးခံရမည်ဟု မျှော်လင့်ခဲ့ကြသည်။

ကျင့်ခိုင်သည် သူ၏အပြစ်အတွက်အဖမ်းခံရသည်ဖြစ်၍ မည်သူမှ သူ့ကို မစာနာပေးကြပေ။

***

အပိုင်း ၁၃၆၂ ငါမလုပ်ခဲ့ဘူး

တစ်ချိန်တည်းတွင် ဝန်ထမ်းများသည် ကုမ္ပဏီဒုက္ခရောက်ပါက အလုပ်ပြုတ်မည်ကို စိုးရိမ်နေကြသည်။ အလုပ်ပြုတ်သွားလျှင် ဝင်ငွေရှိတော့မည်မဟုတ်ပေ။ ထို့အပြင် ယခုအချိန်တွင် အလုပ်သစ်ရှာရန် မလွယ်ကူပေ။

"ကုမ္ပဏီပိတ်မလားမသိဘူး။"

"မဟုတ်ပါစေနဲ့ မျှော်လင့်တယ်။"

“ဒီအကြောင်းကို ငါတို့ကိုမပြောဖို့ တားမြစ်ခံရတုန်းက အဆင်ပြေမယ်လို့ ထင်နေတာ။ ဒါပေမယ့် ဖော်ထုတ်ခံရသေးတာပဲ။”

"ငါ အလုပ်မပြုတ်ချင်ပေမယ့်လည်း သူတို့ကအရမ်း မာနကြီးပြီး မုန်းစရာကောင်းတယ်။"

“သူတို့ ဥပဒေနဲ့အညီ အပြစ်ပေးခံရတာ ငါ ဝမ်းသာမိတယ်။”

“ဒဏ်ရာရတဲ့လူငယ်အကြောင်း တစ်ယောက်ယောက် သိကြလား? သူ့ခေါင်းကို သစ်သီးလှီးဓားနဲ့ ခုတ်ခုတ်ခံရတုန်းက တော်တော် ကြောက်စရာကောင်းတယ်။”

"မသိဘူး၊ ဒါပေမယ့် သူအသက်ရှင်ဖို့တော့ မျှော်လင့်တယ်။"

"ငါရောပဲ။"

“…”

သူတို့သည် လီဘန်းကုမ္ပဏီတွင် အလုပ်လုပ်သော်လည်း အခြေခံစည်းကမ်းများရှိသည်။ သို့သော် သူတို့သည် ကျင့်ခိုင် ဥပဒေချိုးဖောက်ကြောင်း ရှင်းရှင်းလင်းလင်း သိထားသော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ မလုပ်နိုင်ပေ။ သူတို့တွင် အာဏာ၊ စည်းစိမ်ဥစ္စာ သို့မဟုတ် လွှမ်းမိုးနိုင်မှု မရှိသည့်အတွက် ဘေးဖယ်နေရသည်။

ထို့ကြောင့် ဒဏ်ရာရသောလူငယ်သည် အသက်ရှင်ပြီး ကျင့်ခိုင် အပြစ်ပေးခံရမည်ဟု မျှော်လင့်ခဲ့ကြသည်။ HR မန်နေဂျာကိုတော့ဖြင့် ထည့်မတွက်နေပေ။

ရဲတပ်ဖွဲ့ဝင်အများအပြားသည် ရဲကားများစွာဖြင့် ရောက်ရှိလာသောကြောင့် ဖြတ်သွားဖြတ်လာအများအပြားက အခင်းဖြစ်ပွားရာသို့ အာရုံစိုက်မိကြပြီး ကျင့်လီချန်း အဖမ်းခံရချိန်တွင် ဗီဒီယိုအများအပြားကို ရိုက်ကူးကြသည်။

တော်တော်များများသည် ဗီဒီယိုကို သူတို့၏ လူမှုကွန်ရက်မှာ တင်လိုက်သည်။

လီဘန်းကုမ္ပဏီ ဒုက္ခရောက်သွားသောအခါ ချန်းပင်းကျန်း တည်ငြိမ်မနေနိုင်တော့ပေ။ သူသည် ဒဏ်ရာပြင်းပြင်းထန်ထန်မရရှိသော်လည်း မလှုပ်နိုင်သေးပဲ ဆေးရုံတွင် ရက်အနည်းငယ်ကြာနေရဦးမည်ဖြစ်သည်။

ထိုအချိန်တွင် ထန်ချွမ်ကျွင်းနှင့် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်၏ အခြားအရာရှိအများအပြားသည် ချန်းပင်းကျန်း၏လူနာခန်းသို့ သွားတွေ့ကြသည်။

ချန်းပင်းကျန်းသည် သူတို့ ပေါ်လာသောအခါ အလွန် အံ့အားသင့်သွားသည်။ ဘာဖြစ်ခဲ့မှန်း အခုထိ သူ,မသိသေးပေ။ ထန်ချွမ်ကျွင် အလုပ်ကိစ္စဖြင့် ခရီးထွက်နေသေးသည်ဟု သူထင်နေသည်။

"ဟိုင်း.. တွေ့ရတာဝမ်းသာပါတယ်။" ချန်းပင်းကျန်း ထိတ်လန့်တကြား နှုတ်ဆက်လိုက်သည်။

"ဒါရိုက်တာချန်း မင်းကို လာဘ်ပေးလာဘ်ယူမှုနဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ လိုတယ်။" ပြည်သူ့လုံခြုံရေးဌာန အကြီးအကဲက ပြောကြားသည်။

ချန်းပင်းကျန်းသည် သတင်းကောင်းမဟုတ်ကြောင်း သိသော်လည်း စိတ်တည်ငြိမ်အောင် ထိန်းထားရသည်။ “ကောင်းတာပေါ့၊ ဘယ်သူက ငါ့ကို စွပ်စွဲချင်နေတာလဲဆိုတာ ကြည့်ရမယ်။”

လေသံမှာ သူသည် အမှန်တကယ် အပြစ်ကင်းသလိုထင်ရသည်၊၊

စင်စစ် တခြားအရေးပါသောအရာရှိအားလုံးသည် သက်သေအထောက်အထားတွေကို မြင်ပြီးဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေကို လုပ်ဆောင်ရန် လိုအပ်နေသေးရုံသာဖြစ်သည်။

ထို့နောက် ထန်ချွမ်ကျွင်းက သူ့ကို မေးခွန်းတွေ စတင် မေးသည်။ "လီဘန်းကုမ္ပဏီဥက္ကဌ ကျင့်လီချန်းရဲ့သား ဒါရိုက်တာချန်း ခေါ် ကျင့်ခိုင်က ဖန်းရှင်းဟောက်လို့ခေါ်တဲ့ လူငယ်တစ်ဦးကို မနေ့နေ့လည်က ရည်ရွယ်ချက်ဖြင့် ဒဏ်ရာရစေခဲ့တယ်။ ဖန်းရှင်းဟောက်ရဲ့ အစ်မဖြစ်သူ ဖန်းရှောင်မန်က ဒီကိစ္စကို ဌာနခွဲကို တိုင်ကြားခဲ့ပေမယ့် မင်းက ဖြေရှင်းပေးဖို့ ငြင်းဆိုခဲ့တယ်။ အမှန်ပဲလား?"

"လုံးဝမဟုတ်ဘူး ဒါလိမ်တာပဲ!" ချန်းပင်းကျန်း ချက်ချင်းငြင်းဆန်လိုက်သည်။ စိတ်ဆိုးနေဟန်ပင် ဆောင်လိုက်သေးသည်။ ချန်းပင်းကျန်းသည် သူတို့၏လက်ထဲတွင် ခိုင်လုံသည့် သက်သေ အထောက်အထားတွေ ရှိနေပြီဆိုတာ မသိသည့်အတွက် ရှောင်ပြေးဖို့ ကြိုးစားနေခြင်းဖြစ်သည်။

“မနေ့က ကုနင်းဆိုတဲ့ မိန်းကလေးတစ်ယောက် ဌာနခွဲကိုလာပြီး တိုင်ကြားခဲ့တယ်၊ အဖွဲ့တစ်ရဲ့ကပ္ပတိန် ကျူးအန်းရုန်က သူ့ကို ကူညီချင်ပေမယ့် မင်းက သူ့ကို တားလိုက်တယ်။ ပြီးတော့ မင်းက ကုနင်းကို ပါးစပ်ပိတ်ထားဖို့ သေနတ်နဲ့တောင် ပစ်ပြီး ခြိမ်းခြောက်ခဲ့တယ်ဆိုတာကရော?” ထန်ချွမ်ကျွင်းက ဆက်မေးသည်။

ယခု ချန်းပင်းကျန်း ကြုံတွေ့နေရသော ဆိုးရွားသောအခြေအနေများကို မြင်တွေ့ရခြင်းအပေါ် သူပျော်ရွှင်နေသော်လည်း အပေါ်ယံတွင် အလေးအနက်ထားသည့် အမူအရာပြရမည်ဖြစ်သည်။

"အဓိပ္ပါယ်မရှိတာတွေ ရယ်စရာကောင်းလိုက်တာ၊ ငါ ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးဘူး။” ချန်းပင်းကျန်း ငြင်းသည်။

“ဒါဆို ကောင်မလေးက ဘာလို့ ရဲကို တိုက်ခိုက်တာလဲ?”

“အင်း…” ချန်းပင်းကျန်း ဘာပြန်ပြောရမှန်းမသိပေ။ "အကြောင်းရင်းကို သိချင်ရင် စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးလို့ရတယ်။" ချန်းပင်းကျန်းသည် စောင့်ကြည့်ကင်မရာများ ပျက်နေပြီဟု ယုံကြည်ခဲ့သည်။

“စောင့်ကြည့်ကင်မရာတွေ ပျက်သွားလို့ ဘာမှကြည့်လို့မရဘူး။”

ထိုစကားကိုကြားပြီး ချန်းပင်းကျန်း စိတ်သက်သာရာရသွားသည်။ “စောင့်ကြည့်ကင်မရာတွေ ပျက်သွားတဲ့အတွက် သက်သေ မရှိတော့ဘူးပေါ့။”

"မင်း ငြင်းချင်သေးတယ်လို့ ဆိုလိုတာလား?" ပြည်သူ့လုံခြုံရေးဦးစီးဌာနမှူးက ပြောသည်။

“ကျုပ်မှမလုပ်ခဲ့တာ...ဘာလို့ ဝန်ခံရမှာလဲ?" ချန်းပင်းကျန်း အခိုင်အမာငြင်းနေတုန်းပင်။

ပြည်သူ့လုံခြုံရေးဌာန၏ အကြီးအကဲသည် ချန်းမိသားစုနှင့်ရော လင် မိသားစုနှင့်ပါ တစ်ဖွဲ့တည်းမဟုတ်သောကြောင့် ဤကိစ္စတွင် ကြားနေလုပ်သည်။ သို့သော်လည်း စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင်မှ အခြားအရာရှိများမှာ လင်မိသားစု၏ လူများဖြစ်သည်။

***

All Chapters