← Chapters

အခန်း (၂၀၁-၂၀၅)

Vol. 14 Ch. 201-205

အခန်း (၂၀၁-၂၀၅)

Vol. 14 Ch. 201-205

အခန်း ၂၀၁ လင်ရှောင်းထင်၏ နောက်ခံအစစ်

ထိုသို့ဆိုပေမယ့် ကုနင်းသူ့ကိုနောက်နေတာလို့တော့ တင်းပေဝေ့မထင်ပေ။ သူက အံ့ဩမိသွားရုံသာ။ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်မှာ ဘယ်လိုလုပ် အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၏ အငွေ့အသက်တွေထွက်နေရတာလဲ?

"ကျွန်မကအရမ်းငယ်နေလို့ အတည်ပြောနေတာလို့ ရှင်မယုံမှန်းသိပါတယ်။ ဒါပေမယ့် ကျွန်မတကယ်ပြောနေတာပါ။ ကျွန်မမိသားစုက အိမ်ခြံမြေလုပ်ငန်းနယ်ပယ်မှာလုပ်ကိုင်တယ်။ ကျွန်မမိသားစု ကုမ္ပဏီက ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းကိုတော့ ယှဉ်လို့မရပေမယ့် ဒီနယ်မြေကို အမ်းဖို့အတွက်တော့ ငွေအလုံအလောက်ရှိပါတယ်။ ရှင်သာ ကျွန်မတောင်းဆိုချက်ကို သဘောကျတယ်ဆိုရင် စာချုပ်မှာလက်မှတ်မထိုးကြသေးခင် မြို့သူမြို့သားတွေနဲ့ အရင်တိုင်ပင်ဆွေးနွေးကြည့်လိုက်ပါ။" ကုနင်းပြောလိုက်သည်။

တင်းပေဝေ့တစ်ယောက်တည်း ဆုံးဖြတ်ချက်ချလို့ရသည့် ကိစ္စမဟုတ်တာကြောင့် ကုနင်းသူ့ကို အတင်းအကြပ်ဖိအားပေးကာ ကတိတွေပေးခိုင်းနေမှာမဟုတ်ပါဘူး။ သို့ပေမယ့် ဒီညှိနှိုင်းမှုအဆင်ပြေလိမ့်မယ်လို့တော့ သူမယုံကြည်မှုရှိလေသည်။

အစမှာတော့ တင်းပေဝေ့လဲ ကုနင်း၏ကမ်းလှမ်းမှုကြောင့် စိတ်လှုပ်ရှားသွားရသည်။ သင့်တော်သည့် ဈေးနှုန်းနှင့်သာရမည်ဆိုလျှင် သူတို့အတွက်အိမ်ပြောင်းရွှေ့ဖို့အတွက် ပူပန်နေမည်မဟုတ်ပေ။ သို့ပေမယ့် မကြာခင်တွင်ပဲ စိတ်ငြိမ်သွားကာ သံသယမေးခွန်းလေးစမေးလိုက်သည်။

"မင်းမိသားစုစီးပွားရေးဆိုတော့ မင်းလိုကလေးတစ်ယောက်မှာ ဆုံးဖြတ်ခွင့်ရှိလို့လား? ပြီးတော့ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းရဲ့ ဥက္ကဌ ဖန်ချန်းရှန်က လမ်းပန်းဆက်သွယ်ရေးဌာနရဲ့ ဒါရိုက်တာတစ်ယောက်။ အဲ့ဒီ့ဒါရိုက်တာကလဲ ဒုတိယမြို့တော်ဝန်ရဲ့ ဝမ်းကွဲညီဖြစ်နေသေးတယ်။ မင်းမိသားစုက သူတို့ကို ကိုင်တွယ်နိုင်တယ်ဆိုတာ မင်းသေချာရဲ့လား?"

ဒီနယ်မြေကို ဝယ်မဲ့လူမည်သူမဆို အစိုးရ၏ခွင့်ပြုမိန့်ကိုလဲ လိုအပ်နေသေးသည်။

တင်းပေဝေ့မှာ ကုနင်းကို အတိုင်းအတာတစ်ခုအထိတော့ယုံကြည်ပေမယ့် သူမအရည်အချင်းကိုတော့ သံသယဝင်နေသေးသည်။ သူအခုထိ ကုနင်းရဲ့နောက်ခံကိုမသိသေးသောကြောင့် သူ့ဘဝကို သူစိမ်းတစ်ယောက်ထံ ပုံအပ်လိုက်ဖို့က ခက်ခဲနေသည်။ တစ်ဖက်မှာလဲ သူက မြို့တော်G၏ ယွမ်သန်းပေါင်းများစွာရင်းနှီးငွေရှိကြသည့် အိမ်ခြံမြေလုပ်ငန်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်ကာ အချမ်းသာဆုံးစာရင်းတွင် နံပါတ်၉နေရာ၌ ရပ်တည်နေသည့် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းအကြောင်းကိုတော့ သူသိထားလေသည်။ ဟုန်ယွမ်လုပ်ငန်းတွင် အစိုးရဘက်မှ ထောက်ပံ့မှုကလဲ ရှိနေသေးသည်။

ဈေးပြိုင်မပေးရဘဲ ဒီနယ်မြေချဲ့ထွင်ခွင့်ကို ဟုန်ယွမ်လုပ်ငန်းက ရသွားသည့် အဓိကအကြောင်းရင်းမှာ အစိုးရဘက်နှင့် အဆက်အသွယ်ကောင်းကြီးရှိနေခြင်းကြောင့်ပင်ဖြစ်သည်။

ကုနင်းလဲ တင်းပေဝေ့ ယုံကြည်လက်ခံလာအောင် သူမရဲ့အရည်အချင်းကို ထုတ်ပြဖို့လိုကြောင်း နားလည်လေသည်။

"တကယ်လို့ ကျွန်မဘက်မှာ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းထက် ပိုအားကြီးတဲ့ အစိုးရထောက်ခံမှုရှိနေတယ်ဆိုရင်ကော?" ကုနင်းမေးလိုက်သည်။

ထိုစကားကိုကြားတော့ တင်းပေဝေ့ထိတ်လန့်အံ့ဩသွားရကာ ကုနင်းမျက်နှာကို စိုက်ကြည့်ရင်း ထိုစကားမှန်လား မမှန်လားစမ်းစစ်နေလိုက်သည်။

ကုနင်းကထပ်ပြီး,

"လူကြီးမင်းတင်း၊ ကျွန်မတို့က အခုလေးမှစတွေ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်လဲ မသိသေးလို့ ရှင်ကျွန်မကို ယုံကြည်ပေးဖို့ ခက်ခဲမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ရှင်ကျွန်မရဲ့ကမ်းလှမ်းမှုကို လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရှင်သာ ဒီမြေကို ကျွန်မဆီရောင်းချင်တယ်ဆိုရင် ချက်ချင်းလက်မှတ်ထိုးပြီး ငွေချေပေးနိုင်တယ်။ ငွေသား, ချက်လက်မှတ် တစ်မျိုမျိုးနဲ့ လွှဲပြောင်းချင်တာပဲဖြစ်ဖြစ် အိမ်ကိုပဲပြန်လိုချင်တာဖြစ်ဖြစ် ကျွန်မဘက်ကတော့အဆင်ပြေတယ်။ ရှင်တို့ဘက်ကသာလက်မှတ်ထိုးလိုက်မယ်ဆို ရှင်တို့ရသင့်ရထိုက်တဲ့ငွေကြေးအကုန်ရစေရမယ်။ ဒါက အရမ်းကိုကောင်းတဲ့ အပေးအယူလို့ရှင်မထင်ဘူးလား? ဒါပေမယ့် ရှင်တို့ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းဘက်ကိုသာ ဒီမြေနေရာရောင်းလိုက်မယ်ဆိုရင်တော့ သင့်တင့်တဲ့ဈေးနှုန်းကို ရကြမှာမဟုတ်ဘူး။"

တင်းပေဝေ့ ထိတ်လန့်ကာ ဝမ်းသာပျော်ရွှင်သွားရသည်။ သူတို့ စာချုပ်မှာလက်မှတ်ထိုးလိုက်သည်နှင့် ချက်ချင်း ငွေချေပေးမယ်တဲ့လား။ ဒီလို အရင်ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးပေ။ ပုံမှန်ဆိုလျှင် ငွေချေမှုမှာ နယ်မြေသစ်တည်ဆောက်ပြီး အချိန်အတော်ကြာမှသာ သူတို့ဘဏ်အကောင့်များထဲသို့ ငွေဝင်လာကြမည်ဖြစ်သည်။

ကုနင်းသာ သူမကတိကို သေချာပေါက်တည်ခဲ့မယ်ဆိုလျှင် ဒါက သူတို့အတွက်အကောင်းကြီးပဲ။ ပြီးတော့ ဟုန်ယွမ်လုပ်ငန်းဘက်ကို ရောင်းဖို့ အလွန်ဆိုးဝါးသည့် အကြံလဲဖြစ်နေသည်။

"ကောင်းပြီ။ အခု ငါမင်းကိုယုံလိုက်မယ်၊ ပြီးတော့မှ ငါ့အိမ်နီးချင်းတွေကို စကားပြောကြည့်လိုက်မယ်။" တင်းပေဝေ့ ကုနင်းကို ယုံကြည်ဖို့ရန်ရွေးချယ်လိုက်သည်။

"ကောင်းတာပေါ့။ ဒါက ကျွန်မဖုန်းနံပါတ်။ ရှင်တို့သေချာဆုံးဖြတ်ချက်ချပြီးရင် ဖုန်းခေါ်လိုက်ပါ။ ဟုန်ယွမ်လုပ်ငန်းဘက်ကသိပြီး ရှင်တို့ကို ဖိအားပေးလာမှာစိုးရတာမို့ မြန်မြန်ပြန်ဆက်သွယ်မယ်လို့ မျှော်လင့်ပါတယ်။" ကုနင်း သတိပေးလိုက်သည်။

"ဟုတ်တာပေါ့၊ ငါမင်းကို ဒီညမတိုင်ခင် အဖြေပြန်ပေးမယ်။" အကယ်၍ ဟုန်ယွမ်လုပ်ငန်းဘက်ကသာ သိသွားလျှင် သူတို့ကို အကြမ်းနည်းဖြင့် ရောင်းချရန်ဖိအားပေးကြလိမ့်မည်ကို တင်းပေဝေ့လဲနားလည်ပေသည်။ ပြီးတော့ သူတို့အားလုံး ဒုက္ခသည်များဖြစ်ကုန်ကြလိမ့်မည်။

"ဒီလိုဆိုပိုကောင်းတာပေါ့။" ကုနင်းလဲ အဖြေကို ဒီနေ့ဘဲ လိုချင်နေခဲ့သည်။ တင်းပေဝေ့နှင့် ဖုန်းနံပါတ်ချင်းလဲပြီးသွားကြတော့ ကုနင်းကထပ်မေးလိုက်သည်၊

"အိုး, ဒီလမ်းက ခန့်မှန်းခြေဘယ်လောက်လောက် ကြီးလဲ ၊ အိမ်ထောင်စုကော ဘယ်လောက်ရှိလဲ?"

"ကျန်းယန်လမ်းက စတုရန်းမီတာ ၇သောင်းလောက်ရှိပြီး ၅၅၈အိမ်ထောင်စုရှိတယ်။" တင်းပေ‌ဝေ့ပြန်ဖြေလိုက်သည်။

စတုရန်းမီတာ ၇သောင်းရှိတဲ့ နယ်မြေပိုင်းလေးတစ်ခုသည် သိပ်မကြီးပေမယ့် လူနေအိမ်သစ်တည်ဆောက်ဖို့ကတော့ အလွန်သင့်တော်က မြေနေရာအနေအထားလဲ ကောင်းပေသည်။

ညနေ၄နာရီလောက်ကျ ကုနင်း တင်းပေဝေ့ကို နှုတ်ဆက်လိုက်သည်။ အခုချိန်တွင် ရှေးဟောင်းလမ်းကိုသွားဖို့ရာကတော့ အလွန်နောက်ကျနေပြီဖြစ်သည်။ ကုနင်းသူမရဲ့အဆက်အသွယ်များကို ဒီနယ်မြေချဲ့ထွင်ရေးလုပ်ငန်းစဉ်ရရှိစေရန်အတွက် အသုံးပြုဖို့လိုအပ်ပေသည်။

တင်းပေဝေ့က သူမကို သေချာသည့်အဖြေမပေးရသေးပေမယ့် သူမကတော့ သူတို့သဘောတူမည်ဖြစ်ကြောင်းယုံကြည်နေလေသည်။ ဟုန်ယွမ်လုပ်ငန်းနဲ့ ယှဉ်လျှင် သူမကမ်းလှမ်းချက်ကို မည်သူမ ငြင်းပယ်ကြလိမ့်မည်မဟုတ်ပေ။ ဟုန်ယွမ်လုပ်ငန်းဘက်က သူမကမ်းလှမ်းချက်ထက်ပိုဈေးမပေးသ၍ပေါ့။

"နယ်မြေချဲ့ထွင်ခွင့်ရဖို့ ကိုယ်မင်းကိုကူညီပါရစေ၊" လင်ရှောင်းထင် ကုနင်းနားမှမရှိနေခဲ့ပေမယ့် အနီးနားမှာပဲ ရှိနေခဲ့ခြင်းကြောင့် သူမတို့စကားပြောနေသည်ကို ရှင်းရှင်းလင်းလင်းကြားရလေသည်။

"ရှင့်အတွက် အဆင်ပြေလို့လား?" ကုနင်းမေးလိုက်သည်။

ယန်ကျန်းလင်က နိုင်ငံရေးလုပ်သူဖြစ်တာကြောင့် သူ့ကို အကူအညီတောင်းရန် ကုနင်းစီစဉ်ခဲ့သည်။ လင်ရှောင်းထင်က စစ်တပ်မှာတာဝန်ထမ်းဆောင်သူဖြစ်ပြီး နိုင်ငံရေးဘက်နှင့် ရင်းနှီးမှုမရှိပေ။

"ရတာပေါ့။"လင်ရှောင်းထင်ဖြေလိုက်သည်။ ဒီလောက်က သူ့အတွက်ကိစ္စကြီးတစ်ခုမဟုတ်ပါ။ ပြီးတော့ ကိစ္စကြီးဖြစ်ခဲ့မယ်ဆိုလျှင်တောင် ကုနင်းအတွက်ဆို မရ,ရအောင်လုပ်ပေးမည်ဖြစ်သည်။

"ကျေးဇူးပါ။" ကုနင်း လင်ရှောင်းထင် စိတ်မကောင်းဖြစ်သွားမည်စိုးတာကြောင့် ငြင်းမနေတော့ပေ.

လင်ရှောင်းထင်ကိုယ်တိုင်ကတော့ အာဏာရှင်များနှင့် မရင်းနှီးပေမယ့် သူ့မိသားစုသည်တော့ နိုင်ငံရေးလောကတွင်ပါဝင်လေသည်။ လန်မိသားစုသည် စစ်တပ်၊ နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ပြီး မြို့တော်ရှိ အာဏာလွှမ်းမိုးမှုအရှိဆုံးမိသားစုကြီး၄ခုတွင်ပါဝင်လေသည်။

ဟုတ်ပါတယ်၊ လင်ရှောင်းထင်သည် မြို့တော်တွင်ဦးဆောင်နေသည့် မိသားစုကြီး၏ အကြီးဆုံးမြေးဖြစ်သည်။ သို့ပေမယ့် သူက ယနေ့အထိ သူလိုချင်တာမှန်သမျှကို သူကိုယ်တိုင်အရယူနိုင်ခဲ့သည်ချည်းဖြစ်သောကြောင့် သူမိသားစုထံမှ ဘယ်တုန်းကမှ အကူအညီမယူခဲ့ပေ။

ကုနင်းလဲ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းအကြောင်းအားလုံးကို လင်ရှောင်းထင်အားပြောပြလိုက်သည်။

လင်ရှောင်းထင် တစ်စုံတစ်ယောက်ထံဖုန်းဆက်ဖို့ ကုနင်းကို ထားခဲ့တာကြောင့် သူဘယ်သူမဲ့ ဖုန်းပြောမှန်း ကုနင်းမသိခဲ့သလို မေးလဲမမေးခဲ့ပေ။ လူတိုင်းမှာ သူတို့ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်ကိုယ်စီရှိကြသည်ချည်းသာ။ သူမတွင်လဲ လင်ရှောင်းထင်အပေါ်ထိမ်ချန်ကွယ်ဝှက်ထားသည့် ကိစ္စပေါင်းများစွာရှိနေသည်ပဲ။

သိပ်မကြာလိုက်ခင်တွင်ပဲ နယ်မြေသစ်ချဲ့ထွင်ခွင့်ကိုရရှိသွားတော့သည်။

ဒီလိုနှင့်ပဲ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနှင့် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းသည် ပြိုင်ဘက်များဖြစ်သွားကြတော့သည်။ ကုနင်းလဲ ဟုန်ယွမ်လုပ်ငန်းဘက်ကမသိခင် ဒီကိစ္စကို အမြန်ညှိနှိုင်းဖို့ဆုံးဖြတ်လိုက်သည်။

သူမချက်ချင်းပဲ အန်းကွမ်းယောင်ထံဖုန်းခေါ်ကာ မြို့တော်Gတွင် သူမလုပ်ခဲ့သည့်ကိစ္စများကိုပြောပြလိုက်ပြီး သူမနောက်တစ်ကြိမ်ဖုန်းပြန်မဆက်ခင် စာချုပ်စာတမ်း, ရှေ့နေများနှင့် အခြားလိုအပ်သည်များကို စီစဉ်ထားရန်မှာကြားလိုက်သည်။ အကယ်၍ ယခုကိစ္စသာအောင်မြင်သွားလျှင် လိုအပ်သည့် လုပ်ငန်းကိစ္စများကို ဆောင်ရွက်ရန် အန်းကွမ်းယောင်မှာ မနက်ဖြန်မနက်လေယာဉ်ဖြင့် မြို့တော်Gသို့လာခဲ့ရန်လိုပေသည်။

သူမပိုက်ဆံကိစ္စကိုတော့ ပြင်ဆင်ပြီးဖြစ်သည်။

သတင်းကိုကြားသည်နှင့် အန်းကွမ်းယောင်မှာ ကုနင်း၏လုပ်ရည်ကိုင်ရည်ကြောင့် ထိတ်လန့်သွားရသည်။ သူမလုပ်ဆောင်မှုက ရုတ်ချည်းဆန်ကာ သေချာစဉ်းစားဆုံးဖြတ်ခြင်းအဆင့်ကို ကျော်သွားပေမယ့် သူမဆုံးဖြတ်ချက်မှန်ကန်ကြောင်းကိုတော့ အန်းကွမ်းယောင်အသိအမှတ်ပြုရပေသည်။

သာမာန်ဆိုလျှင်၊ အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီတစ်ခုသည် ရင်းနှီးငွေ နှင့် အလုပ်သမားများသာမက ဘယ်အချိန်တွင် တည်ဆောက်ရမလဲဆိုသည့်နယ်မြေ ခွင့်ပြုချက်များပါလိုအပ်ပေသည်။

..............Book 14 Part 201 End.....................

အခန်း ၂၀၂ လင်ရှောင်းထင်၏ပိုင်ဆိုင်မှု

ရင်းနှီးငွေအလုံအလောက်ရှိနေသ၍ အလုပ်သမားလုံလုံလောက်လောက်ငှားရမ်းနိုင်မည်ဆိုပေမယ့် မြေကွက်ကောင်းတစ်ခုကို ရနိုင်ဖို့တော့ မလွယ်ကူပေ။ တစ်ချိန်တည်းမှာပဲ အစိုးရဘက်မှ ခွင့်ပြုမိန့်သည်လဲ လိုအပ်နေပေသေးသည်။ မဟုတ်ရင် ရင်းနှီးငွေအလုံအလောက်ရှိနေလျှင်တောင်မှ ထိုမြေကိုအသစ်ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးမရှိပေ။

အန်းကွမ်းယောင်လဲ ရင်းနှီးငွေယွမ်ဘီလီယံပေါင်းများစွာပိုင်ဆိုင်သည့် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းအကြောင်းသိထားလေသည်။ ထို့ကြောင့် ကုနင်း၏ဆုံးဖြတ်ချက်မှန်ရဲ့လားဆိုတာ သေချာမသိသေးပေမယ့် ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းရဲ့ စီးပွားရေးနေရာရွေးချယ်နိုင်မှုကိုတော့ ယုံကြည်လေသည်။ သေချာပေါက် အမြတ်ငွေရမည့်နေရာဖြစ်၍သာ ဟုန်ယွမ်လုပ်ငန်းဘက်က ညှိနှိုင်းနေခြင်းဖြစ်ရမည်။

သို့ပေမယ့် အဆောက်အဦးတည်ဆောက်မည့် ရင်းနှီးငွေကိစ္စကိုတော့ အန်းကွမ်းယောင်စိတ်ပူမိသည်။ ရှန်းဟွာလုပ်ငန်းသည် အကြွေးနွံထဲနစ်နေချိန်ဖြစ်ပြီး ဘဏ်ချေးငွေကိုလဲ ထုတ်ပြီးနေပြီးသားဖြစ်လေသည်။ ထပ်ပြီး အပေါင်စာချုပ်ထပ်လုပ်ဖို့လဲ မဖြစ်နိုင်ပေ။

ကုနင်းတွင်လဲ အဆောက်အဦးဆောက်ဖို့အထိ ရင်းနှီးငွေအလုံအလောက်မရှိသေးပေမယ့် တခြားအိမ်ခြံမြေလုပ်ငန်းတစ်ခုနှင့်ပူးပေါင်းဖို့တော့ စိတ်ကူးမရှိပေ။ ထို့ကြောင့် သူမမြေနေရာကို ရသွားပြီဆိုလျှင်တောင်မှ အလောတကြီးတည်ဆောက်ဦးမည်မဟုတ်ပါ။

သူမ Yနိုင်ငံကို ကျောက်အလောင်းအစားသွားလုပ်ပြီး ရင်းနှီးငွေရှာလာပြီးမှသာ စပြီးတည်ဆောက်မယ်လိုလဲ စီစဉ်ထားလေသည်။ သို့ပေမယ့် လောလောဆယ် သူမအစီအစဉ်ကိုတော့ အန်းကွမ်းယောင်ကို မပြောပြနိုင်သေးပေ။ ဒါကြောင့် သူမရဲ့အကျောက်အလောင်းအစားလုပ်ရာတွင် ထူးချွန်သည့်အရည်အချင်းကို သိသွားအောင် အန်းကွမ်းယောင်ကို ကျိုးကျန်းဟုန်နှင့် မိတ်ဆက်ပေးရပေမည်။ ဒီလိုသာဆို သူမရုတ်တရက်ငွေတွေအများကြီးရလာခဲ့ရင် သူ့ကိုစိတ်အနှောက်အယှက်မဖြစ်စေတော့ဘူးပေါ့။

အန်းကွမ်းယောင်ကတော့ ယခုအပေးအယူကိစ္စသည် ပြီးပြည့်စုံနေသည်ဟု မထင်ပေမယ့် ကုနင်းကိုယုံကြည်ထားဖို့သာဆုံးဖြတ်လိုက်သည်။ ဖုန်းချပြီးသွားတော့ သူချက်ချင်းပဲ ယုံကြည်ရသည့် လက်ထောက်များနှင့် ရှေ့နေကိုရှာဖွေကာ စာချုပ်အတွက်ပြင်ဆင်တော့သည်။ သူတို့အားလုံးလဲ အန်းကွမ်းယောင်လိုပဲ အံ့ဩသွားကြပေမယ့် အန်းကွမ်းယောင်ဘက်က ရှည်ရှည်ဝေးဝေးမရှင်းပြတာကြောင့် သူတို့လဲ မမေးတော့ပေ။

ခနလောက်နေတော့ ကုနင်းထံ စစ်ထူယဲ့ဆီမှဖုန်းဝင်လာခဲ့သည်။ ဖုန်းဝင်လာသည်နှင့် လင်ရှောင်းထင်မျက်နှာချက်ချင်းပြောသွားပေမယ့် ကုနင်းကို ဖုန်းမကိုင်ဖို့တော့မတားပေ။ ကုနင်းလဲ သူမနှင့် စစ်ထူယဲ့တို့၏ ရင်းနှီးသော ဆက်ဆံရေးကြောင့် လင်ရှောင်းထင်မကျေမနပ်ဖြစ်နေမှန်းနားလည်ပေမယ့် ဖုန်းကိုတော့ ပြန်ဖြေလိုက်ပေသည်၊

"ဟိုင်း, ရှင်အဆင်ပြေလား?"

"ပြေပါတယ်။ မင်းဒီညအားလား? ညစာအတူစားကြမလားလို့?" စစ်ထူယဲ့ကမေးလိုက်သည်။

ထိုအသံကိုကြားလိုက်တော့ လင်ရှောင်းထင် ပိုလို့ မကျေမနပ်ဖြစ်သွားသည်။ ကုနင်းလဲ ဘာပြန်ပြောလို့ပြောရမှန်းမသိတာကြောင့် ချက်ချင်းမဖြေလိုက်နိုင်ပေ။

"ကျွန်မတောင်းပန်ပါတယ်။ ဒီညအလုပ်ရှိသေးလို့။ နောက်တစ်ရက်မှပဲ အတူတူစားကြမလား?" ကုနင်း လင်ရှောင်းထင်ကြောင့် ငြင်းလိုက်ရပေမယ့် သူမစစ်ထူယဲ့နှင့် ညစာအတူစားဖို့က ငြင်းစရာအကြောင်းမရှိပေ။ သူက သူမကို ကူညီထားသလို့ တန်ဖိုးကြီးလက်ဆောင်ကိုလဲ ပို့ပေးထားခဲ့သောကြောင့် ပစ်ပစ်ခါခါမလုပ်ပစ်နိုင်ပေ။

"ကောင်းပြီလေ, ငါစောင့်နေပါ့မယ်" စစ်ထူယဲ့အတင်းမရမကပြောမနေပေမယ့် လင်ရှောင်းထင်သည်တော့ စစ်ထူယဲ့က ကုနင်းကို မြူဆွယ်နေတယ်လို့ တွေးနေမိသည်။

ယောကျ်ားများသည် အချစ်အတွက် ယှဉ်ပြိုင်ရလျှင် အလိုလိုနေရင်း ဆတ်ဆတ်ထိမခံဖြစလာကြလေသည်။ လင်ရှောင်းအထင် အရင်တုန်းကတော့ အချစ်ဇာတ်လမ်းများအကြောင်းဘာတစ်ခုမှမသိပေမယ့် အခုတော့ ခြိမ်းခြောက်ခံရသည့် ခံစားချက်ကိုပါ ခံစားနေရလေပြီ။

ကုနင်းကတော့ စစ်ထူယဲ့မှာ သူမအပေါ်ထူးထူးခြားခြားခံစားချက်ရှိနေသည်ဟု မတွေးမိတာကြောင့် လင်ရှောင်းထင်အခုလို ခံစားလွယ်နေတာကို ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိဖြစ်နေခဲ့သည်။

"ကျွန်မတို့ကြားမှာ ဘာကိစ္စမရှိပါဘူး။ သူဖုန်းခေါ်လိုက်တာနဲ့ ရှင်ကဘာလို့ စိတ်အနှောက်အယှက်ဖြစ်နေရတာလဲ?" ကုနင်းမတတ်နိုင်စွာမေးလိုက်သည်။

"သူက မင်းကိုပိုးပန်းနေတဲ့လူလေ။" လင်ရှောင်းထင်အသံက ကလေးတစ်ယောက်စိတ်အလိုမကျသည့်အသံမျိုးဖြစ်နေလေသည်။

"အဓိပ္ပါယ်မရှိတာ။ သူက ကျွန်မကို လိုက်နေတဲ့တစ်ယောက်မဟုတ်ဘူး။" ကုနင်းလဲ အခုချိန်ထိ လင်ရှောင်းထင် အထင်လွဲနေသည်ကို သတိမထားခဲ့မိပေ။

"ဒါဆို ဘယ်သူလိုက်တာလဲ?" လင်ရှောင်းထင်မေးလိုက်သည်။

"သူ့ကို အစထဲက ငြင်းပစ်လိုက်ပြီးပြီ။" ကုနင်း သူမကို လိုက်ပိုးပန်းခဲ့သည့်သူက ဘယ်သူဆိုတာကိုတော့ မပြောပြခဲ့ပါ။

ထိုစကားကိုကြားတော့မှ လင်ရှောင်းထင်စိတ်သက်သာရာရသွားခဲ့သည်။ ကုနင်းက ထိုလူကို ငြင်းပြီးသားဖြစ်နေတာကြောင့် သူလဲ ဘာမှထပ်မမေးတော့ပေ။ အခုချိန်မှာ ထိုလူအကြောင်းသိလို့လဲ အဓိပ္ပါယ်မှမရှိတော့ဘဲ။ သို့ပေမယ့် လင်ရှောင်းထင် အနည်းငယ်တော့ မကျေနပ်သေးပေ။ သူလဲ စစ်ထူယဲ့က ကုနင်းအပေါ် မတူကွဲပြားစွာဆက်ဆံနေကြောင်းခံစားရလေသည်။

လင်ရှောင်းထင် ထပ်ပြီး စစ်ထူယဲ့အကြောင်းမပြောတော့ပေမယ့် စိတ်ထဲမှာတော့ ဂရုတစိုက်မှတ်သားထားသည်။

တင်းပေဝေ့လဲ စတင်လှုပ်ရှားနေပြီး မကြာခင်တွင်ပဲ ကုနင်းရဲ့ကမ်းလှမ်းမှုကို ဆွေးနွေးကြရန် အိမ်နီးချင်းများကိုစုစည်းပြီးသွားခဲ့ပြီဖြစ်သည်။ တစ်ချို့ကတော့ ယုံကြပေမယ့် တစ်ချို့ကတော့ အနည်းငယ်သံသယဝင်နေကြသည်။ ဒီကမ်းလှမ်းချက်က တကယ်လို့ထင်ချင်စရာတော့ကောင်းပေသည်။

တင်းပေဝေ့က သူတို့လက်မှတ်ထိုးလိုက်သည်နှင့် ချက်ချင်းငွေကိုလွှဲပေးမည့်အကြောင်းကိုပါထပ်ပြောလိုက်တာကြောင့် အားလုံးသဘောတူလိုက်ပေမယ့် အတော်များများကတော့ အနည်းငယ်သံသယဝင်နေကြသေးသည်။ အပေးအယူကိစ္စအားလုံးပြီးသွားမှသာ သူတို့စိတ်ချနိုင်မည်ဖြစ်သည်။

ည၇နာရီလောက်နေတော့ တင်းပေဝေ့က အားလုံးသဘောတူပြီဖြစ်ကြောင်း ကုနင်းထံအကြောင်းကြားလာခဲ့သည်။

ထိုကြောင့် ကုနင်းက မနက်ဖြန်မနက် ၁၀နာရီခွဲတွင် အရောင်းအဝယ်လာလုပ်မည်ဖြစ်၍ သူတို့ဘက်မှ လိုအပ်သော စာရွက်စာတမ်းအကုန်လုံးကို ကြိုတင်ပြင်ဆင်ထားရန် မှာလိုက်သည်။ ပြီးတော့ တင်းပေဝေ့စိတ်အေးသွားစေရန် အစိုးရဘက်မှ ခွင့်ပြုမိန့်ရသည့်အကြောင်းကိုလဲ အသိပေးခဲ့သည်။

တင်းပေဝေ့ အံ့ဩမိသွားသည်။ ကုနင်းဒီလောက်အထိလုပ်နိုင်လိမ့်မည်ဟု သူမထင်ထားမိပေ။ ဒီကိစ္စကို သူမအချိန်အတော်ကြာပြင်ဆင်ရလိမ့်ဦးမည်ဟု သူထင်ထားခဲ့ပေမယ့် ဘာပဲဖြစ်ဖြစ်ပါ သူတို့က သင့်တော်တဲ့ဈေးနှုန်းအတိုင်းရဖို့သာ အဓိကလိုချင်တာလေ။

တင်းပေဝေ့ထံမှ အတည်ပြုချက်ကိုရသည်နှင့် ကုနင်း အန်းကွမ်းယောင်ထံဖုန်းဆက်လိုက်ကာ မနက်ဖြန် ၈နာရီခွဲလေယာဉ်နှင့် မြို့တော်Gသို့လာခဲ့ရန်မှာလိုက်သည်။ ပြီးတော့ သူမကိုယ်တိုင်လာကြိုမည့်အကြောင်းလဲ ပြောလိုက်သေးသည်။

သူတို့စာချုပ်ချုပ်သည့်အချိန်တွင် ဆူပူမှုများ အရှုပ်အထွေးများဖြစ်လာနိုင်သောကြောင့် တစ်ယောက်ယောက်ကို အခြေအနေထိန်းပေးဖို့ ကုနင်းလိုအပ်နေချိန်တွင် လင်ရှောင်းထင်က ချက်ချင်းပဲ ထိုတာဝန်ကို လွှဲပြောင်းယူလိုက်ပေသည်။

ဒီတော့မှ လင်ရှောင်းထင်သည်လဲ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့တစ်ဖွဲ့ရှိကြောင်း ကုနင်းသိလိုက်ရသည်။ ၎င်းကို ရှန်ဟိုင်းလုံခြုံရေးကုမ္ပဏီဟုခေါ်ကာ ဝန်ထမ်းအားလုံးသည် စစ်တပ်မှအငြိမ်းစားယူထားသည့်စစ်သားများဖြစ်ကြသည်။ ပြီးတော့ ရှန်ဟိုင်းလုံခြုံရေးကုမ္ပဏီတွင် ဝန်ထမးအဆင့်နှစ်ဆင့်ခွဲထားသေးသည်။

တစ်ဆင့်သည်တော့ အငြိမ်းစားယူထားသည့်စစ်သားများရှိသည့် လုံခြုံရေးဝန်ထမ်းများဖြစ်ကာ နောက်တစ်ဆင့်သည်တော့ အထူးတပ်ဖွဲ့မှအငြိမ်းစားယူထားသည့် သက်တော်စောင့်များဖြစ်သည်။ ဒုတိယတစ်ဆင့်က ပုံမှန်ထက်ပိုပြီးး ဈေးပိုကြီးလေသည်။

အငြိမ်းစားယူထားသည့် စစ်သားအများအပြားသည် အလုပ်ရှာမရတာကြောင့် လင်ရှောင်းထင်က လုံခြုံရေးကုမ္ပဏီတစ်ခုတည်ထောင်ကာ ထိုစစ်သားများကို အလုပ်ခန့်အပ်ဖို့ရန် အကြံကောင်းတစ်ခုပေါ်လာခဲ့သည်။

သို့ပေမယ့် မမျှော်လင့်ထားဘဲ ကုမ္ပဏီသည် ပိုပိုပြီးကြီးလာကာ အခုဆိုလျှင် မြို့ကြီးတိုင်းနှင့် နိုင်ငံအချို့တွင်ပါ ကုမ္ပဏီခွဲများဖွင့်လှစ်နိုင်နေပြီဖြစ်သည်။

ရှန်ဟိုင်းလုံခြုံရေးကုမ္ပဏီနှင့် ချင်ဂိုဏ်းအပိုင်ဖြစ်သည့် ချင်ဟွားလုံခြုံရေးကမ္ပဏီသည် ကွာခြားလေသည်။

ချင်ဟွားလုံခြုံရေးကုမ္ပဏီသည် သူ့ရဲ့ကျော်ကြားမှုနှင့် အရေအတွက်ပေါ်တွင်မူတည်ပြီး ရှန်ဟိုင်းလုံခြုံရေးကုမ္ပဏီသည်တော့ စွမ်းရည်နှင့် အရည်အသွေးပေါ်တွင်မူတည်သည်။ ရှန်ဟိုင်းလုံခြုံရေးကုမ္ပဏီဝင်ခွင့်ဖြေဆိုခွင့်သည် အလွန်စည်းကမ်းတင်းကြပ်ကာ ဝင်ခွင့်ရသွားလျှင်လဲ အဆင့်မြင့်ကုမ္ပဏီတစ်ခုဖြစ်တာကြောင့် စဉ်ဆက်မပြတ် ဝန်ထမ်းများကို စစ်ဆေးနေသည်။

စီးပွားရေးသမားများက ချင်ဟွားလုံခြုံရေးကုမ္ပဏီကိုရွေးမည်ဆိုလျှင် အရာရှိများသည်တော့ ရှန်ဟိုင်းလုံခြုံရေးကုမ္ပဏီကိုရွေးချယ်ပေလိမ့်မည်။ ပြီးတော့ ရှန်ဟိုင်းလုံခြုံရေးကုမ္ပဏီ၏ အကြီးတန်းစီမံခန့်ခွဲသူများမှလွဲပြီး လင်ရှောင်းထင်က တကယ့်ဘော့စ်မှန်း ဘယ်သူမှမသိကြပေ။

လင်ရှောင်းထင်နှင့်အတူ ညစာစားပြီးသွားတော့ ကုနင်းက သူမကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုရှိတာကြောင့် လင်ရှောင်းထင်ကို အရင်ပြန်ပြီး အနားယူရန်ပြောလိုက်ကာ မနက်ဖြန်မှတွေ့ကြရန် နှုတ်ဆက်လိုက်သည်။

လင်ရှောင်းထင်ဘက်ကလဲ ကုနင်း၏ကိုယ်ရေးကိုယ်တာကိစ္စများကို လေးစားသည့်အနေနှင့် အရမ်းသိချင်နေတာတောင် ဘာမှမမေးပေ။ သူမရဲ့ ကိစ္စများကို ဝင်ရောက်မစွက်ဖက်ချင်ပေ။

"အိုး၊ ခနလေးနေဦး။" သူတို့ လမ်းခွဲခါနီးတွင် လင်ရှောင်းထင်တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

..............Book 14 Part 202 End.....................

အခန်း ၂၀၃ လင်ရှောင်းထင်၏လက်ဆောင်

"ဘာဖြစ်လို့လဲ?" ကုနင်းမေးလိုက်တော့ လင်ရှောင်းထင်က ဗူးလေးတစ်ခုကို ထုတ်လိုက်ကာ ကုနင်းကိုပေးလိုက်သည်။

"မင်းအတွက်"

"ထပ်ပြီးလား? ရှင်ဒီနေ့ ကျွန်မကို လက်ဆောင်ပေးတာတွေ အရမ်းများနေပြီလေ။" ကုနင်း ဘာလုပ်ရမလဲတောင်မသိတော့ပေ။ လင်ရှောင်းထင်တစ်ယောက် ဒီနေ့လက်ဆောင်ပေးရတာတော်တော်သဘောတွေ့နေတယ်ထင်သည်။

"ဒီတစ်ခေါက်ကမတူဘူး။" လင်ရှောင်းထင်ပြန်ပြောလိုက်သည်။

ကုနင်းဖွင့်ကြည့်လိုက်ပြီး အထဲမှပစ္စည်းကိုမြင်လိုက်သည်နှင့် မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားကြာ ထိတ်လန့်အံ့ဩသွားသည်။

"ရှင်..."

"မင်းပဲ နဂါးနဲ့ ဖီးနစ်ငှက်အစုံလိုက်ကာ ထာဝရအချစ်ကို ကိုယ်စားပြုတာလို့ပြောတယ်မလား။" လင်ရှောင်းထင် ကုနင်းကို စိုက်ကြည့်ကာာပြောလိုက်သည်။

လင်ရှောင်းထင်ကြောင့် ကုနင်းထပ်ပြီးခံစားသွားရပြန်သည်။ ထာဝရအချစ်ကိုကိုယ်စားပြုတယ်ဆိုရုံလေးနှင့် လင်ရှောင်းထင်က သူမအတွက် ယွမ်၁၀သန်းကျော်တန်ဖိုးရှိသည့် ဆွဲပြားတစ်စုံကို လက်ဆောင်ပေးသည်တဲ့လား။

သူက ဖီးနစ်ငှက်ပုံဆွဲပြားကိုတော့ သူမကိုပေးကာ နဂါးပုံဆွဲပြားကိုတော့ ကိုယ်တိုင်သိမ်းထားလိုက်သည်။

ဒီလက်ဆောင်က တခြားဘယ်အရာနှင့်မှမယှဉ်နိုင်လောက်အောင် လှပသည့်သဘောကိုဆောင်ကျဉ်းနေသည်။

လင်ရှောင်းထင်ကို ကုနင်းကြည့်လိုက်ရင်း သူ့ကို အချိန်အကြာကြီးထပ်မစောင့်ခိုင်းနိုင်တော့မှန်း သူမဘာသာသိလိုက်သည်။ လင်ရှောင်းထင်သည်လဲ စိတ်မအေးနိုင်ဖြစ်နေခဲ့ရသည်။ ဒါကြောင့် ကုနင်း လင်ရှောင်းထင်ဆီသို့သွားကာ ရှေ့တည့်တည့်တွင်ရပ်လိုက်ပြီး ခြေဖျားထောက်လိုက်ကာ သူ့နမ်းခမ်းကို အနမ်းဖွဖွပေးလိုက်မိသည်။

ကုနင်းထိုသို့လုပ်လာလိမ့်မည်လို့ လင်ရှောင်းထင်လဲ မမျှော်လင့်ထားခဲ့တာကြောင့် တစ်ကိုယ်လုံးတောင့်ခဲသွားပြီး စိတ်ထဲမှာလဲ ဗလာကျင်းသွားတော့သည်။ ထိုအနမ်းက နွေးထွေးစိုစွတ်ကာ ခန္ဓာကိုယ်တစ်လျှောက် လျှပ်စီးကြောင်းတစ်ခု ဖြတ်ဖောက်သွားသလိုခံစားလိုက်ရပြီး ကောင်းကင်ဘုံကို ရောက်ရှိသွားသလိုပင်။

သူတို့နှစ်ယောက် စားသောက်ဆိုင်တွင်ပင်ရှိသေးတာကြောင့် ကုနင်းစက္ကန့်ပိုင်းလောက်နေတာနဲ့ နှုတ်ခမ်းကို ချက်ချင်းပြန်ခွာလိုက်သည်။ လင်ရှောင်းထင် ကြောင်အနေသည်ကိုမြင်လိုက်ရတော့ ကုနင်းရယ်ချင်သွားပေမယ့် အနည်းငယ်လဲရှက်ရွံ့နေမိသည်။

"ဒါ ကျွန်မအဖြေပဲ။" ကုနင်းပြောပြီးသည်နှင့် ချက်ချင်းထွက်ပြေးသွားတော့သည်။ လင်ရှောင်းထင်သည်တော့ ကုနင်းထွက်သွားတော့မှသာ အသိစိတ်ပြန်ကပ်လာခဲ့သည်။

ရုတ်တရက်ဆန်သည့် အနမ်းကြောင့် လင်ရှောင်းထင်မျက်နှာတစ်ပြင်လုံး နီမြန်းနေကာ နှလုံးခုန်နှုန်းများလဲ အလွန်လျင်မြန်နေပြီး ပျော်ရွှင်ဝမ်းသာနေကာ ခံစားချက်မျိုးစုံဖြစ်ပေါ်နေသည်။ သူမရဲ့အနမ်းက အဖြေဆိုတော့ သူ့ကို ကြိုက်တယ်လို့ပြောလိုက်တာပဲပေါ့။

ကုနင်းစားသောက်ဆိုင်မှထွက်ပြီး အတော်ဝေးဝေးရောက်သည့်တိုင်အောင် မျက်နှာမှာ နီမြန်းနေစဲဖြစ်သည်။ ပြီးသည်နှင့် သူမအရွယ်ရောက်ပြီးသားအမျိုးသမီးတစ်ယောက်လို ပြောင်းလဲပြင်ဆင်လိုက်ကာ ယုံးလီကလပ်သို့ ဦးတည်သွားလိုက်သည်။ ကုနင်း ကလပ်ကိုရောက်တော့ ည၉နာရီရှိပြီဖြစ်ကာ လီကျန်းကျန်းထိုနေရာတွင် ရှိမရှိသူမမသိသော်လည်း သီးသန့်ခန်းနံပါတ်ကို သိထားတာကြောင့် ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ လီကျန်းကျန်းရှိမရှိကြည့်ရင်းလျှောက်သွားလိုက်သည်။

သီးသန့်ခန်းထဲတွင် အလင်းရောင်မှိန်ဖျော့ဖျော့ ထွန်းညှိထားကာ သံစဉ်အေးအေးလေးတစ်ပုဒ်သည်လဲ ပျံ့လွင့်နေသည်။ အထဲတွင် ဆုကျင်းနှင့် သူ့ချစ်သူအပြင် နောက်ထပ်အမျိုးသားတစ်ယောက်လဲ ထိုင်နေကြောင်း ကုနင်းသတိထားမိလိုက်သည်။

ဆုကျင်းက ထပြီး သန့်စင်ခန်းသို့ထွက်သွားစဉ် ဆုကျင်း၏ချစ်သူဖြစ်သည့် လင်းဝမ်ခုံးက ချက်ချင်းပဲ စက္ကူအထုပ်လေးတစ်ခုကို ထုတ်လိုက်ကာ နောက်တစ်ယောက်ထံကမ်းပေးလိုက်ရင်း၊

"မင်း လီကျန်းကျန်းရဲ့နှလုံးသားကိုမရနိုင်ရင် ခန္ဓာကိုယ်ကိုသာအရင်ရအောင်ယူလိုက်။ ပြီးရင် ဗီဒီယိုရိုက်ထား သူ့ဘက်ကမင်းကို တရားပြန်စွဲရဲမှာမဟုတ်ဘူး။"

လီကျန်းကျန်းကို စိတ်ဝင်စားနေသည်ဟု ယနေ့မနက်တုန်းက ဆုကျင်းပြောနေခဲ့သည့် ယွမ်ဆန်းဆိုသူက မကောင်းကြံတော့မည့် အမူအရာနှင့်,

"သူ ငါ့မိန်းကလေးဖြစ်ဖို့ ဘယ်လိုမှ သဘောမတူမှာမှန်း ငါလဲသိပါတယ်။ ပြီးတော့ မင်းလဲ သူ့ကိုစိတ်ဝင်စားနေမှန်းသိတယ်။ နောက်မှ ငါတို့နှစ်ယောက်အတူတူ ဘာလို့ ကစားပွဲလေးမလုပ်ကြတာလဲ?"

"မင်းသာ သူနဲ့ကစားဖို့ဆန္ဒရှိတယ်ဆို ငါဘက်ကလဲ သဘောတူရမှာပေါ့။" လင်းဝမ်ခုံးသည်လဲ အလိုရမက်ကြီးသည့်မျက်နှာထားမျိုးဖြစ်တည်နေသည်။

သေချာပေါက် သူ့မှာ လီကျန်းကျန်းနှင့်အိပ်ချင်သည့်ဆန္ဒအမြဲတမ်းရှိနေခဲ့သည်။

အထဲမှသီချင်းသံက အရမ်းမကျယ်တာကြောင့် သူတို့နှစ်ယောက်ပြောနေသမျှကို ကုနင်းရှင်းရှင်းလင်းလင်းကြီးကြားနေရသည်။

သူတို့ရဲ့အကြံအစည်များကိုကြားရတော့ ကုနင်းစိတ်ကျေနပ်သွားလေသည်။ သူမတွင်လဲ လီကျန်းကျန်းကို လက်တုန့်ပြန်ဖို့ ထိုအတိုင်းစဉ်းစားထားခဲ့ခြင်းဖြစ်ပေမယ့် မမျှော်လင့်ထားဘဲ တစ်ခြားတစ်ယောက်က သူမအတွက်အစားလုပ်ပေးပေတော့မည်။ ဒါကြောင့် ကုနင်းပွဲကြည့်သူအနေနဲ့သာနေလိုက်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူတို့အကြံအစည်မအောင်မြင်ခဲ့လျှင်တော့ သူမဘက်က ဝင်ကူညီပေးရန်ပါ တွေးထားလိုက်သည်။

ကုနင်း သူတို့အခန်းနှင့်ဘေးကပ်ရပ်မှအခန်းကိုငှားလိုက် ဝိုင်နီတစ်ခွက်သောက်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်သည်။

လီကျန်းကျန်းလဲ ကုနင်းတစ်ဖက်ခန်းတွင်ထိုင်ပြီးမကြာခင်တွင်ပဲ ရောက်လာခဲ့သည်။ အစကတော့ လီကျန်းကျန်း ဒီကိုမလာချင်ပေမယ့် ဒီနေ့တစ်နေ့လုံးချင်ယီဖန်းက သူမကိုလျစ်လျှူရှုထားခဲ့တာကြောင့် စိတ်ဖြေရန် လာသောက်ခြင်းဖြစ်သည်။

သူတို့၄ယောက်လုံးစကားတစ်ပြောပြောနဲ့ သောက်နေကြပြီး လင်းဝမ်ခုံးကော ယွမ်ဆန်းပါ မူမမှန်သည့်မည်သည့်အချက်ကိုမှ ထုတ်မပြလာခဲ့ပေ။ သူတို့က သူငယ်ချင်းကောင်းတွေလိုမျိုး သာသာယာယာစကားပြောနေကြလေသည်။

.........

လင်ရှောင်းထင် သူ့ဟိုတယ်အခန်းသို့ရောက်ချိန်အထိ ကုနင်းပေးအပ်သွားသည့်အနမ်းအကြောင်းမတွေးဘဲ မနေနိုင်ဖြစ်နေသေးကာ အိပ်မက်တစ်ခုမက်နေတယ်လို့တော် ထင်နေမိသေးသည်။

ဆုကျင်းနှင့် လီကျန်းကျန်းတို့အနည်းငယ်မူးလာချိန်တွင်တော့ ယွမ်ဆန်းနှင့် လင်းဝမ်ခုံးတို့က သူတို့ခွက်ထဲ ဆေးခပ်ကာ သူတို့ကိုသောက်ခိုင်းလိုက်သည်။ မကြာခင်မှာပဲ ဆုကျင်းကော လီကျန်းကျန်းပါ သတိလစ်သွားခဲ့ကြသည်။

ယွမ်ဆန်းနှင့် လင်းဝမ်ခုံးတို့ သူတို့သတိလစ်သွားတာသေချာရဲ့လား အနည်းငယ်တွန်းကြည့်လိုက်ကြသည်။ ဆုကျင်းနှင့် လီကျန်းကျန်းတို့လုံးဝမလှုပ်တော့တာသေချာသည်နှင့် ယွမ်ဆန်း လီကျန်းကျန်းကိုယ်ပေါ်တက်ခွလိုက်ကာ အဆာလွန်နေသည့် ဝံပုလွေတစ်ကောင်လို သူမမျက်နှာအနှံ့ အနမ်းများပေးနေရင်း လက်နှစ်ဖက်လဲ သူမတစ်ကိုယ်လုံးကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွင်နေလေသည်။ သို့ပေမယ့် ထိုအချိန်တွင် လင်းဝမ်ခုံးက သူ့ကိုတားလိုက်ကာ,

"မင်းဘာလို့ဒီလောက်အလျင်လိုနေတာလဲ? ဒီမှာဆို ငါတို့ကို တွေ့သွားလိမ့်မယ်၊ အရင်ထွက်ကြရအောင်။"

ထိုတော့မှ ယွမ်ဆန်းသူ့လက်များကို စိတ်မပါလက်မပါဖယ်လိုက်သည်။ သူလဲ ဒီနေရာက နေရာကောင်းတစ်ခုမဟုတ်မှန်းသိတာကြောင့် လင်းဝမ်ခုံးနှင့်အတူ ဆုကျင်းနှင့် လီကျန်းကျန်းကို ကျောပိုးကာ ထွက်သွားလိုက်သည်။

ကုနင်းသည်လဲ ချက်ချင်းထရပ်ကာ သူတို့နောက်ကို လိုက်လိုက်သည်။

သူတို့က ဒီနေရာကိုလာနေကြဖြစ်တာကြောင့် စားပွဲထိုးများနှင့်လဲ ရင်းနှီးနေပြီဖြစ်ကာ အလုပ်သမားအားလုံးသည်လဲ သူတို့က သူငယ်ချင်းတွေဖြစ်မှန်းသိတာကြောင့် ဘယ်သူမှမတားနေကြပေ။ အားလုံးက ဆုကျင်းနှင့် လီကျန်းကျန်းတို့ သာမာန်အတိုင်းအမူးလွန်နေကြသည်ဟုသာ တွေးကြလေသည်။

လင်းဝမ်ခုံးနှင့် ယွမ်ဆန်းလဲ ဆုကျင်းတို့ကို ကားပေါ်တင်ကာ ချက်ချင်းမောင်းထွက်လိုက်သည်။

ကုနင်းလဲ တက္ကစီတစ်စီးငှားကာ ဒရိုင်ဘာကို ထိုကားနောက်လိုက်ပေးရန်ပြောလိုက်သည်။

"မိန်းကလေး, မင်းဘာလို့ အဲ့ဒီ့ကားနောက်လိုက်ချင်နေတာလဲ?" ဒရိုင်ဘာသည်လဲ ပြဿနာတွေထဲ ဝင်မပါချင်တာကြောင့် မေးလိုက်သည်။

ဒရိုင်ဘာ၏စိုးရိမ်ပူပန်သည့်အမေးနှင့် ရင်ဆိုင်လိုက်ရတော့ ကုနင်းချက်ချင်းပဲ အသည်းကွဲနေသူတစ်ယောက်လို ဟန်ဆောင်လိုက်ကာ, ဒေါသလဲထွက်နေသည့်အသံနှင့်

"ကျွန်မရဲ့ သတို့သားလောင်းက ဖောက်ပြန်နေလို့ , လက်ထပ်ပွဲကိုဖျက်ဖို့ဆိုရင် သက်သေအတိအကျလိုလို့ ဓါတ်ပုံလိုက်ရိုက်မလို့ပါ။"

ကုနင်း၏သရုပ်ဆောင်ကောင်းမှုကြောင့် ဒရိုင်ဘာလဲ ယုံကြည်သွားကာ စက်အရှိန်မြှင့်လိုက်ပြီး ထိုကားနောက်ကို လိုက်ရင်း ကုနင်းကိုလဲ နှစ်သိမ့်နေသည်,

"မိန်းကလေး , အခုလို လက်မထပ်ရသေးခင်သိလိုက်တာက မဆိုးဘူးလို့ ထင်တယ်။ သူ့အကြောင်းသိသွားတော့ စောစောစီးစီးစွန့်ပစ်လိုက်လို့ရတာပေါ့။ တကယ်လို့ မင်းနဲ့လက်ထပ်ပြီးလို့ကလေးတွေရှိနေတဲ့အချိန်မှသာသိရင် မင်းပိုပြီး နာကျင်ခံစားနေရလိမ့်မယ်။"

..............Book 14 Part 203 End.....................

အခန်း ၂၀၄ လီကျန်းကျန်း၏ အိပ်မက်ဆိုး ၁

လင်းဝမ်ခုံး၏ကားနောက်ကို တက္ကစီကလဲ အမှီလိုက်လာခဲ့သည်။ ရုတ်တရက် သူတို့ ရေပြာအိုင်သို့မောင်းနေမှန်းသိလိုက်ရတာကြောင့် ကုနင်းထိတ်လန့်အံ့ဩမိသွားခဲ့သည်။ ဒီနေ့တိုက်ဆိုင်မှုတွေတော်တော်များတာပဲ! ကုနင်းကတော့ အခုလိုဖြစ်သွားသည့်အတွက် ပြဿနာအများကြီးဖြစ်စရာမလိုတော့၍ ပိုလို့ပင် ဝမ်းသာနေသည်။

သူတို့ကား ရေပြာအိုင်ထဲသို့ဝင်သွားသည်နှင့် ကုနင်းတက္ကစီပေါ်မှဆင်းကာ ရေပြာအိုင်အတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် လမ်းလျှောက်ဝင်လိုက်သည်။

ကုနင်းက ဂိတ်တံခါးကို သူမသော့နှင့်ဖွင့်လိုက်သည်ကို ဒရိုင်ဘာမြင်သွားတော့ သူမရဲ့သတိုးသားလောင်းက မယားငယ်ကိုပင် အိမ်အထိခေါ်လာရဲသည့် ဆိုးဝါးသည့်လူတစ်ယောက်လို့ တွေးမိသွားသည်။ ယောကျ်ားတစ်ယောက်အနေနှင့် တက္ကစီဒရိုင်ဘာသည်လဲ တခါတလေ တခြားမိန်းမများအပေါ် တဏှာရာဂစိတ်ဖြစ်ပေါ်တတ်ပေမယ့် သူ့မိသားစုစိတ်ထိခိုက်စေမည့်အဖြစ်မျိုးတော့ ဘယ်တော့မှမလုပ်ခဲ့ဘဲ ကိုယ့်စည်းနှင့်ကိုယ်နေသည့်လူမျိုးဖြစ်သည်။

ကုနင်းသူတို့သွားနေသည့် ရေပြာအိုင်အလယ်ရှိ ဗီလာများဘက်သို့ တောက်လျှောက်လိုက်သွားခဲ့သည်။

ရေပြာအိုင်တွင် အဆောက်အဦးမြင့်ကြီးတစ်လုံးက စက်ဝိုင်းသဏ္ဍာန်ရှိနေကာ အလယ်တွင်တော့ ဗီလာအလုံး ၂၀လောက်ရှိလေသည်။ လင်းဝမ်ခုံးတို့ကားက ဗီလာနံပါတ်၈ရှိ ပထမထပ်တွင် ပါကင်ထိုးလိုက်ကာ ဆုကျင်းနှင့် လီကျန်းကျန်းတို့ကို သယ်ထုတ်လိုက်သည်။

ကုနင်းလဲ လုံးခြုံရေးကင်မရာများကိုရှောင်ရှားကာ အထဲသို့လျှိုဝင်လိုက်သည်။ ကုနင်း ကျောက်စိမ်းမျက်ဝန်းကိုသုံးပြီး လင်းဝမ်ခုံးတို့ဝင်သွားသည့် အိမ်ထဲသို့ကြည့်လိုက်တော့ လင်းဝမ်ခုံးက လီကျန်းကျန်းကိုသယ်ကာ အပေါ်ထပ်ရှိ မာစတာအိပ်ခန်းဆီသို့သွားနေသည့် ယွမ်ဆန်းနောက်ကို မလိုက်ခင် ဆုကျင်းကို ဧည့်ခန်းဆိုဖာပေါ်တွင် အရင်တင်ခဲ့လိုက်သည်။

ကုနင်း မာစတာအိပ်ခန်း၏တည်နေရာကို သေချာစစ်ဆေးပြီးနောက် လေသာဆောင်ပေါ်သို့ တွက်တက်လိုက်သည်။

လင်းဝမ်ခုံးနှင့် ယွမ်ဆန်းကတော့ သူတို့လုပ်နေသည့်ကိစ္စကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေလိမ့်မယ်လို့ မထင်ထားခဲ့တာကြောင့် ခန်းဆီးကိုပင် မချထားခဲ့ပေ။

"သူ့ကို ဒါတိုက်လိုက်။ ပိုပြီး ပျော်စရာကောင်းသွားလိမ့်မယ်။" လင်းဝမ်ခုံးက အထုပ်သေးလေးတစ်ခုကိုထုတ်ကာ ယွမ်ဆန်းကိုပေးလိုက်သည်။

ယွမ်ဆန်းသည်လဲ တချက်ပြုံးလိုက်ပြီး ဘာလဲတောင်မမေးဘဲ အနားက ခွက်တစ်ခုထဲဖောက်ထည့်ကာ ရေနှင့်ရောလိုက်သည်။ ထိုအချိန်တွင် လင်းဝမ်ခုံးသည်တော့ ကင်မရာကို တပ်ဆင်နေလေသည်။

ဆေးဖျော်ပြီးသည်နှင့် သတိလစ်နေစဲဖြစ်သည့် လီကျန်းကျန်းကို ထိုဆေးရည်အားမရမကတိုက်လိုက်သည်။ ဆေးအရှိန်သည်မကြာခင်တွင်ပဲ အစွမ်းပြလာပြီး လီကျန်းကျန်းမှာ ဖျားချင်သလို တစ်ကိုယ်လုံးပူထူလာကာ သူမအဝတ်များကို ဆုတ်ဖြဲလေတော့သည်။

ယွမ်ဆန်းနှင့် လင်းဝမ်ခုံးသည်လဲ အချိန်မဆွဲနေတော့ဘဲ လီကျန်းကျန်း ခန္ဓာကိုယ်ပေါ်သို့ခုန်အုပ်ကာ သုံးယောက်တွဲကာမဆက်ဆံခြင်းကို စတင်ခဲ့လေသည်။

ကုနင်းသည်လဲ ကင်မရာတပ်ဆင်လိုက်ကာ ဘေးဘက်ကွယ်ရာတစ်ဖက်တွင်စောင့်နေလိုက်သည်။ သူမမျက်လုံးများနှင့်တော့ ထိုရှက်စရာကောင်းသည့် ကိစ္စမျိုးကို ကိုယ်တိုင်ကိုယ်ကျ မကြည့်နိုင်ပေ။

သူတို့ရဲ့ သာယာမှုကြောင့် ညည်းညူသံများကတော့ ကုနင်းကို အတော်လေးစိတ်အနှောက်အယှက်ဖြစ်စေသည်။

ယွမ်ဆန်းက အကြင်အနာတရားမဲ့စွာ ဆက်ဆံနေခဲ့သည်။ သို့ပေမယ့်.....

"ငါ့ကို ဆုကျင်းပြောဖူးတာက လီကျန်းကျန်းက ငယ်ငယ်ကတည်းက ချင်ယီဖန်းလို့ခေါ်တဲ့တစ်ယောက်ကို ကြိုက်နေခဲ့တာတဲ့, ဒီတော့ အဲ့လူအတွက် လီကျန်းကျန်း သူ့ရဲ့အပျိုစင်ဘဝကို ထိန်းထားမယ်လို့ ငါထင်ထားခဲ့တာ, အခုတော့ သူက အထီးကျန်ရမှာကို ကြောက်နေတဲ့ပုံပဲ။" ယွမ်ဆန်းက ထေ့ငေါ့ပြောဆိုလိုက်သည်။ လီကျန်းကျန်းအပျိုစင်ဟုတ်မနေခဲ့၍ သူအနည်းငယ်စိတ်ပျက်မိသွားပေမယ့် အရမ်းတော့ဂရုစိုက်မနေပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လီကျန်းကျန်းက မိန်းကလေးတစ်ယောက်ပဲလေ။ သူမက အသက်နှစ်ဆယ်ကျော်ရှိနေပြီး အခုလိုကိစ္စမျိုးတွင် အတွေ့အကြုံရှိပြီးဖြစ်နေတာက သာမာန်ပါပဲ။

"လီကျန်းကျန်းက နိုင်ငံခြားမှာ နှစ်အနည်းငယ်လောက်သွားနေခဲ့တာဆိုတော့ သူယောကျ်ားဘယ်နှယောက်လောက်ရှိခဲ့မှန်းမှမသိတာ။" ဆိုပြီး လင်းဝမ်ခုံးနှင့် ယွမ်ဆန်းက ညစ်ညမ်းသည့်စကားများကို ဆက်ကာပြောဆိုနေခဲ့သည်။

ကုနင်းလဲ သူတို့ပြောတာတွေကို ဆက်ကြားချင်စိတ်မရှိတော့တာကြောင့် ကင်မရာကိုသိမ်းကာ ဘက်ဂ်ကိုသာထားခဲ့ပြီး ထိုနေရာမှထွက်လာခဲ့လိုက်သည်။ ဗီဒီယိုတွင် မိနစ်တော်တော်များများရနေပြီဖြစ်ကာ ထိုလောက်ဆိုလျှင်ကို လုံလောက်နေပြီဖြစ်ပြီး နောက်ဘာဆက်ဖြစ်မည်ဆိုသည်ကိုတော့ ဘက်ဂ်ကနေသာ မှတ်တမ်းတင်ထားမည်ဖြစ်သည်။

ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်ကြောင့် သူမသွားလေရာနေရာတိုင်း ကင်မရာ, ဘက်ဂ်, ဓါး, သေနတ်, လပ်တော့ နှင့်အစရှိသည့် အသုံးဝင်သည့် ပစ္စည်းအတော်များများကို သယ်ဆောင်သွားနိုင်သည်။

ကုနင်းလက်ထဲမှာ လီကျန်းကျန်း၏ဗီဒီယိုရှိနေပြီဖြစ်ပေမယ့် ထုတ်ဖော်ဖို့တော့ စိတ်ကူးမရှိသေးဘဲ သူတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး ဘယ်လိုများလက်စားချေကြမလဲဆိုတာကို စောင့်ကြည့်နေချင်သေးသည်။

ဒီနေ့ည ကိစ္စတွေဖြစ်သွားပြီးနောက်မှာတော့ ကုနင်း လီကျန်းကျန်းကို ကိုယ်တိုင် ဒုက္ခပြန်မပေးချင်တော့ပေ။

လီကျန်းကျန်းက လင်းဝမ်ခုံး, ယွမ်ဆန်းတို့နှင့်အတူ ယခုလို လိင်ပိုင်းဆိုင်ရာပျော်ပါးမှုအခြေအနေအောက်တွင်ပဲ ဆက်ပြီးထိန်းချုပ်ခံရမလား ဒါမှမဟုတ် သူတို့ကိုပဲ တရားစွဲမလားပေါ့။ ဒါပေမယ့် တရားစွဲဖို့စလုပ်ပြီဆိုသည်နှင့် သူမ မတရားဆက်ဆံခံရသည့်အကြောင်းလဲ နာမည်ကြီးသွားပေမည်။ ဒါ့အပြင် ထိုလူနှစ်ယောက်ကို တရားစွဲဖို့ကလဲ သိပ်မလွယ်ကူပေ။

ယခုခေတ်တွင် လက်မထပ်ရသေးခင် မိန်းကလေးတစ်ယောက် လိင်ပိုင်းဆိုင်ရာကိစ္စလုပ်ဆောင်သည်က ရှားပါးသည့်ဖြစ်စဉ်မဟုတ်ပေမယ့် သုံးယောက်တွဲကိစ္စကတော့ မတူပေ။ ဗီဒီယိုလဲရှိခဲ့ခြင်းကြောင့် ထိုရှက်စရာကောင်းသည့် ကိစ္စအကြောင်းအတင်းအဖျင်းပြောဆိုမှုကို ဘဝတစ်လျှောက်ဖယ်ထုတ်ပစ်နိုင်ဖို့ ခက်ခဲပေတော့မည်။ နောက်ဘာကိစ္စပဲဖြစ်ဖြစ် လီကျန်းကျန်း၏အနာဂါတ်သည်တော့ ပျက်စီးသွားမည်ဖြစ်ကာ ဘဝကိုရှင်သန်နေထိုင်ဖို့လဲ ခက်ခဲပေမည်။

ကုနင်း သူမအခန်းသို့ပြန်သည့်လမ်းတစ်လျှောက်လုံး နားကြပ်မှတစ်ဆင့် သူတို့၏ သာယာမှုကြောင့် ညည်းညူသံများနှင့် စကားသံများကို ကြားခဲ့ရကာ ရွံ့ရှာနေမိသည်။

"ငါတို့ ဒီမှာ ဆုကျင်းကိုကော ဘာလို့မခေါ်တာလဲ? ဘယ်လိုပဲဖြစ်ဖြစ် မင်းသူ့ကို ဂရုစိုက်တာမှမဟုတ်တာ။" ယွမ်ဆန်းသည် လင်းဝမ်ခုံး၏ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တာကြောင့် သူ့စိတ်ကိုလဲသိလေသည်။ သူတို့က အချစ်စစ်ဆိုသည်ကို အရေးမပါသည့် အရာတစ်ခုလိုသဘောထားကာ မိန်းကလေးများကို ကစားခဲ့ပြီး သူတို့နှင့်အိပ်ပြီးသည့်သူတိုင်းကိုလဲ အရှက်မဲ့စွာ စွန့်ပစ်နေကျဖြစ်သည်။

"ဟ-ဟ, ကိစ္စမရှိပါဘူး။ ငါလဲသူနဲ့တော်တော်ကြာနေပြီဆိုတော့ အရင်ထဲက အသစ်တစ်ယောက်လောက်ပြောင်းချင်နေတာ။" လင်းဝမ်ခုံးက အေးဆေးပဲပြန်ဖြေလိုက်သည်။

လင်းဝမ်ခုံးသည် သစ္စာရှိသည့်သူတစ်ယောက်မဟုတ်ဘဲ ဆုကျင်းနှင့်တွဲနေသည့်တစ်လျှောက်တွင်လဲ တခြားအမျိုးသမီးများနှင့် ပျော်ပါးနေခဲ့သည်။ သို့ပေမယ့် သူက ဖုံးကွယ်သည့်နေရာတွင် အတော်လေးကျွမ်းကျင်သူဖြစ်တာကြောင့် ဆုကျင်းက သူမနောက်ကွယ်တွင် ဖြစ်နေသည့်ကိစ္စများကို မသိခဲ့ပေ။ သူမက လင်းဝမ်ခုံးက သူမကို အမှန်တကယ်နက်နက်ရှိုင်းရှိုင်းချစ်နေသည်ဟုသာ ထင်ခဲ့သည်။ ဒါကြောင့်ပဲ လူချမ်းသာအမွေဆက်ခံသူဘယ်သူ့ကမှ မယုံကြည်ရပေ။

ခနလောက်နေတော့ လူလေးယောက်၏ညည်းညူသံများပြည့်နှက်သွားတာကြောင့် ကုနင်း ရင်ထဲပြို့တက်လာသည်အထိ ရွံ့ရှာနေပေမယ့် နောက်ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်သေးတာကြောင့် ဆက်ပြီးနားထောင်နေခဲ့သည်။

သူမအိမ်ပြန်ရောက်တော့ လင်ရှောင်းထင်ထံ အလုပ်ကိစ္စပြီး၍ အခုပဲပြန်ရောက်ပြီဖြစ်ကြောင်း စာပို့လိုက်သည်။

လင်ရှောင်းထင်သည်လဲ မအိပ်သေးဘဲ ဖုန်းကိုင်ထားကာ သူမရဲ့စာကို စောင့်မျှော်နေခြင်းဖြစ်တာကြောင့် စက္ကန့်ပိုင်းအတွင်းစာကိုပြန်ပို့ခဲ့သည်။

ကုနင်းက သူ့ကို ကိစ္စတစ်ခုလုပ်စရာရှိသည်ဟုပြောခဲ့တာကြောင့် သူမကို အနှောက်အယှက်မပေးရဲခဲ့ပေ။ ပြီးတော့ ကုနင်းနမ်းခဲ့သည်အတွက်လဲ ဘယ်လိုမျက်နှာချင်းဆိုင်ရင်ကောင်းမှန်းမသိခဲ့။

၁၂နာရီထိုးခါနီးလောက်မှ သူတို့အချင်းချင်းစာပို့ခြင်းအမှုရပ်သွားခဲ့ပြီး မနက်ဖြန်တွေ့ရန် ချိန်းဆိုလိုက်သည်။ သို့ပေမယ့် လင်ရှောင်းထင်သည်တော့ ဒီညတွင်လဲ တစ်ညလုံးနိုးနေခဲ့ပြန်ပါသည်။

လင်းဝမ်ခုံးနှင့် ယွမ်ဆန်းသည်တော့ ည၁နာရီတွင်ပြီးဆုံးသွားခဲ့သည်။ ကုနင်းကတော့ သူတို့ တော်တော်လေးအားကောင်းသည်ဟု မှတ်ချက်ပြုလိုက်မိ၏။

နောက်တစ်နေ့, ကုနင်း မနက်ခင်းအစောပြေးပြီး အိမ်ပြန်လာကာ အဝတ်အစားသေချာလဲပြီးတော့မှ ဘက်ဂ်နှင့်ပြန်ဆက်သွယ်ရန် နားကြပ်ကိုတပ်လိုက်သည်။

တစ်ဖက်ဗီလာတွင်တော့ ,

ပြီးခဲ့သည့်ညက ပြင်းထန်သည့် လှုပ်ရှားမှုများကြောင့် မာစတာအိပ်ခန်းအတွင်းတွင် ရှုပ်ပွနေခဲ့သည်။

..............Book 14 Part 204end....................

အခန်း ၂၀၅ လီကျန်းကျန်း၏အိပ်မက်ဆိုး ၂

နောက်ဆုံးတော့ လီကျန်းကျန်းမှာ မူးနောက် နာကျင်စွာနှင့် မျက်ဝန်းအစုံကို ဖွင့်လာနိုင်ခဲ့သည်။ လီကျန်းကျန်း အမြင်ရှင်းလာပြီးတော့ သူမမျက်စိရှေ့တွင်မြင်နေရသည့် မျက်နှာများကို သတိထားမိသွားတော့ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ထို့ကြောင့် သူမကိုယ်သူမစစ်ဆေးကြည့်လိုက်ပေမယ့် ဝတ်လစ်စလစ်ပုံစံကိုသာ မြင်လိုက်ရခြင်းကြောင့် ကြောင်အသွားသည်။

ဘာဖြစ်ခဲ့တာလဲ? ဘာဖြစ်ခဲ့တာလဲ? ဘာဖြစ်ခဲ့တာလဲ? ဘာတွေဖြစ်သွားခဲ့တာလဲ?

နောက်တော့ လီကျန်းကျန်း ကြောက်ရွံ့ထိတ်လန့်စွာအောင်ဟစ်ပစ်ပြီး ရုတ်တရက်ထလိုက်မိတော့မှ သူမဘာဖြစ်ခဲ့သည်ဆိုတာကို သိသွားတော့သည်။

ဘာလို့လဲ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

လီကျန်းကျန်း၏ အော်သံကြောင့် အိပ်ရာထက်မှ လူအားလုံးနိုးလာကြကာ လင်းဝမ်ခုံးနှင့် ယွမ်ဆန်းကတော့ အေးဆေးပေမယ့် ဆုကျင်းသည်လဲ လီကျန်းကျန်းကဲ့သို့ ကြောင်အသွားမိသည်။ အကယ်၍ အိပ်ရာထက်တွင် သူမနှင့်အတူ လင်းဝမ်ခုံးတစ်ယောက်ထဲသာရှိသည်ဆိုပါက သာမာန်သာဖြစ်ပေမယ့် ဘာလို့ လီကျန်းကျန်းရော ယွမ်ဆန်းကပါ ရှိနေရတာလဲ?

ငါတို့မဟုတ်မှ.....? ဆိုးရွားလှသည့် အမှန်တရားက ဆုကျင်းဦးဏှောက်ထဲဝင်လာခဲ့သည်။ မဟုတ်ဘူး, မဟုတ်ဘူး, အဲ့လိုမဖြစ်နိုင်ဘူး! ဆုကျင်းကတော့ ထိုကိစ္စအမှန်မဖြစ်နိုင်ကြောင်း ကိုယ့်ကိုကိုယ်အယုံသွင်းနေမိသည်။

"ဘာတွေဖြစ်ကုန်တာလဲ?" လီကျန်းကျန်းက ဒေါသတကြီးမေးလိုက်ကာ သူမပုံစံမှာ အခုပင် သူတို့ကို ထသတ်တော့မလို။

"ဘာဖြစ်ခဲ့တယ်လို မင်းထင်လို့လဲ? ငါတို့အားလုံးမနေ့က မူးနေကြပြီး အတူတူလိင်ဆက်ဆံခဲ့မိကြတယ်လေ။" ယွမ်ဆန်းက သာမာန်ဖြစ်နေကြကိစ္စတစ်ခုလိုမျိုး အေးဆေးပြန်ဖြေလိုက်သည်။

ဟုတ်ပါတယ်, ဒီလိုကိစ္စက သူ့အတွက်တော့ သာမာန်ပင်။ ပုံမှန်ဆိုလျှင် ယခုလိုချိုမြိန်သည့်ညလေးများကို ဖြတ်သန်းဖို့ရန် ငွေသုံးရင်သုံး ဒါမှမဟုတ် စကားချိုချိုလေးများနှင့် ဆွဲဆောင်ခဲ့ပေမယ့် လီကျန်းကျန်းအတွက်ကိုတော့ အထူးနည်းလမ်းများကိုသုံးခဲ့ရသည်။

"ငါမှအရမ်းမမူးခဲ့တာ၊ နင် ငါတို့ကို ဆေးခပ်ခဲ့တာလား?" လီကျန်းကျန်း ယွမ်ဆန်းကို စိုက်ကြည့်ကာမေးလိုက်သည်။ သူမဘယ်လောက်အထိသောက်ခဲ့မိသည်ကို မသိလောက်သည်အထိ တုံးအသူတစ်ယောက်မဟုတ်ပေ။ မနေ့ညက အနည်းငယ်မူးနေပေမယ့် လုံးဝအသိစိတ်လွတ်သိအထိတော့မဖြစ်ခဲ့ပေ။ အဖြစ်နိုင်ဆုံးကတော့ သူမဆေးခပ်ခံရခြင်းသာ။

လီကျန်းကျန်းလဲ ယွမ်းဆန်းသည် သူ့အိပ်ယာပေါ်က အမျိုးသမီးများကို နှစ်ခါမတွေးဘဲ ထည်လဲတွဲနေသည့် ပွေရှုပ်သူဖြစ်ကြောင်းသိလေသည်။ သူ့အတွက်တော့ မိန်းမတစ်ယောက်ကို ဆေးခပ်ပြီး အတူအိပ်သည်ဆိုတာက သာမာန်ပင်။

ယွမ်ဆန်းက သူမကို အချိန်အတော်ကြာ ပိုးပန်းခဲ့ပြီး သူမဘက်က လက်မခံခြင်းကြောင့် ဒေါသထွက်ကာ ဆေးခပ်ခဲ့ခြင်းဖြစ်နိုင်သည်။

လီကျန်းကျန်း ရှင်းရှင်းလင်းလင်းသိသွားခဲ့ပြီ။

"ဘာ? ငါတို့က ဆေးခပ်ခံရတယ်။" ထိုအချိန်မှပဲ ဆုကျင်းလဲ ဘာတွေဖြစ်နေသည်ကို နားလည်သွားကာ လင်းဝမ်ခုံးကိုကြည့်ပြီးမေးလိုက်သည်။

"အခုဘာတွေဖြစ်ကုန်ရတာလဲ?"

လင်းဝမ်ခုံးနှင့် ယွမ်ဆန်းသည်တော့ အလုပ်ရှုပ်ခံကာ အမှန်တရားကို ဖုံးဖိမနေကြဘဲ ဝန်ခံလိုက်သည်။

"ဟုတ်တယ်၊ မနေ့ညက မင်းတို့ကို ငါတို့ဆေးခပ်ခဲ့ပြီး လေးယောက်အတူ အချစ်ကမ္ဘာလေးတည်ဆောက်...."

"လူယုတ်မာ..." လီကျန်းကျန်း သူမလက်ကိုမြှောက်ကာ ယွမ်ဆန်းကို ပါးရိုက်လိုက်ပေမယ့် ယွမ်ဆန်းမျက်နှာမျက်ထက်သို့ သူမလက်မရောက်သွားခင် အတားခံလိုက်ရသည်။

ယွမ်ဆန်းက အထင်သေးစွာနှင့် လီကျန်းကျန်းကိုကြည့်လိုက်ရင်း,

"မင်းက ငါ့ကို ရိုက်ချင်တယ်ပေါ့?"

"လင်းဝမ်ခုံး, ရှင်ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ?" ဆုကျင်းက စိတ်ထိခိုက်နာကျင်မှုနှင့်အတူ ဒေါသထွက်စွာမေးလိုက်သည်။

"ဆုကျင်း, ငါတကယ်မင်းကို ချစ်ခဲ့တယ်လို့များ မင်းထင်နေတာလား? မင်းက မဆင်းရဲပေမယ့် ချမ်းသာတယ်ဆိုရုံလေးချမ်းသာတဲ့မိသားစုကပါ။ မင်းတကယ်ကြီး ငါ့ကို လက်ထပ်နိုင်မယ်လို အထင်မှားနေတာပဲ။ မင်းသာ ဆွဲဆောင်မှုရှိပြီး အိပ်ရာပေါ်က အရည်အချင်းသာမကောင်းခဲ့ရင် ကန်ထုတ်ပစ်တာကြာရောပေါ့။ ဒါပေမယ့် အခုတော့ လုံလောက်သွားပါပြီ။ နောက်ထပ်မိန်းကလေးအသစ်ပြောင်းဖို့ အချိန်ရောက်ပြီ။ မင်းငါ့နားမှာဆက်နေချင်နေသေးရင်တော့. အွန်း....ငါပြန်စဉ်းစားပေးပါမယ်။" ဆုကျင်းသည့် လင်းဝမ်ခုံးအတွက်တော့ အစားထိုးဖို့လွယ်သည့် အရုပ်တစ်ရုပ်သာသာ။

"ရှင်..." ဆုကျင်း စိတ်တိုခံပြင်းကာ မျက်ရည်များကျဆင်းလာခဲ့သည်။ အစတုန်းက သူမအချစ်စစ်ရှာတွေ့ပြီလို့ထင်ခဲ့ကာ လင်းဝမ်ခုံးသည်လဲ သူမချစ်သလို သူမအပေါ်နက်နက်ရှိုင်းရှိုင်းချစ်သည်ဟု ထင်ခဲ့လေသည်။ အခုတော့ သူမက သူ့အတွက် အရုပ်တစ်ခုလိုပဲတဲ့လား။

"ယွမ်ဆန်း, ငါနင့်ကိုတရားစွဲမယ်။" လီကျန်းကျန်း ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်သည်။

"ကောင်းတာပေါ့။ အခုပဲ တရားစွဲလိုက်လေ။ ဒါပေမယ့် မင်းငါတို့ကို တရားစွဲရဲရင် ငါတို့လေးယောက် ညကဖြစ်ခဲ့တဲ့ ဗီဒီယိုကို အင်တာနက်ပေါ်တင်ပစ်မယ်။ ဒီလိုဆို မင်းလဲ နာမည်ကြီးသွားတာပေါ့။" ယွမ်ဆန်းက မကြောက်မရွံ့ခြိမ်းခြောက်လိုက်သည်။

"ဘာ? နင်တို့ဗီဒီယိုပါ ရိုက်ထားကြတာလား?"

ထိုစကားကိုကြားတော့ လီကျန်းကျန်းရော ဆုကျင်းပါ ထိတ်လန့်သွားကြသည်။

"ဟုတ်တာပေါ့၊ ငါတို့ဗီဒီယိုရိုက်ထားတယ်။ လီကျန်းကျန်းမင်းသာ ငါတို့နဲ့ဆက်ပြီး ကစားပေမယ်ဆိုရင် ဒါကို လျှို့ဝှက်ထားပေမှာပါ၊ ပြီးတော့ မင်းလဲ ချင်ယီဖန်းကိုဆက်လိုက်ပေါ့။ နောက်မင်းသူ့ကို လက်ထပ်ခွင့်ရသွားရင် ငါတို့မင်းဘဝကို ဝင်စွက်ဖက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် မင်းဂုဏ်သိက္ခာကိုမင်း ပျက်စီးစေချင်ရင်တော့ မင်းစိတ်ကြိုက်တရားစွဲချင်လဲစွဲလို့ရတယ်။ ပြီးတော့ မင်းကိုပြောလိုက်ဦးမယ်၊ ငါ့မှာက ဗီဒီယိုသက်သေရှိတယ်နော်။ အဲ့ထဲမှာ မင်းတို့အလိုမတူပါဘူးလို့ လုံးဝမထင်ရဘူး။" ယွမ်ဆန်းကတော့ လီကျန်းကျန်းသူ့ကို တရားစွဲမည်ဆိုလျှင်ပင် လုံးဝမကြောက်ပေ။

"နင်...." လီကျန်းကျန်းကော ဆုကျင်းပါ ဘာဆက်လုပ်ရမလဲမသိတော့ချေ။ လီကျန်းကျန်းလဲ နောက်ဆုံးမတက်နိုင်ဘဲ မျက်ရည်များသာကျဆင်းလာခဲ့သည်။

"လင်းဝမ်ခုံး, ဘာလို့လဲ? ဘာလို့ငါ့အပေါ်ဒီလိုလုပ်ရတာလဲ? နင်ငါ့ကိုမကြိုက်ဘူးဆိုရင်တောင် ဒီတိုင်းလျစ်လျူရှုထားရင်ရတာပဲ။ ဘာလို့ ငါ့ခံစားချက်တွေကို ကစားရတာလဲ?" ဆုကျင်းကတော့ သူမချစ်ရသူ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရသောကြောင့် နာကျင်ဝမ်းနည်းနေမိသည်။

"ငါ့ကို ချဉ်းကပ်တဲ့မိန်းမတွေကို ငါ့ဘက်ကငြင်းလေ့မရှိဘူး။" လင်းဝမ်ခုံးကတော့ ဆုကျင်းခံစားနေရတာကို ဂရုမစိုက်ပေ။

မှန်ပါတယ်၊ ဆုကျင်းကသာ အရင် လင်းဝမ်ခုံးကို ပိုးပန်းခဲ့ခြင်းဖြစ်သည်။ သူမဘက်ကတော့ လင်းဝမ်ခုံးကို စိတ်ရင်းအမှန်ဖြင့်ဆက်ဆံပေးခဲ့ပေမယ့် သူမရွေးချယ်မှုမှားယွင်းခဲ့လေသည်။ သူမရဲ့ဘဝသည်တော့ ဒီလိုကျွမ်းကျင်သည့် လူရှုပ်လူပွေတစ်ယောက်ကြောင့် ကြမ္မာဆိုးဝင်ပေတော့မည်။

လီကျန်းကျန်းတစ်ယောက် သူမအတွက်အိပ်မက်ဆိုးတစ်ခုဖြင့် ကြုံတွေ့ခဲ့ရကြောင်းသိသွားတော့ ကုနင်းလဲ စိတ်အခြေအနေကောင်းသွားသည်။

မနက်၈နာရီရောက်တော့ အန်းကွမ်းယောင်က သူတို့မြို့တော်Fလေဆိပ်သို့ရောက်နေပြီဖြစ်ကြောင်းဖုန်းဆက်ပြောခဲ့သည်။ သူရယ်, ရှေ့နေတစ်ယာက်နှင့် ငွေစာရင်းကိုင်ဝန်ထမ်းတစ်အပါအဝင် စုစုပေါင်း ၈ယောက်လာခဲ့ခြင်းဖြစ်သည်။

ကုနင်းလဲ တင်းပေဝေ့ကို ဖုန်းဆက်လိုက်တော့ သူ့ဘက်ကအားလုံးအဆင်ပြေကြောင်းနှင့် သူမတို့ကိုစောင့်နေမည်ဖြစ်ကြောင်းပြန်ပြောလေသည်။

ကုနင်းရဲ့ဖုန်းကို လက်ခံရရှိပြီးတော့မှ တင်းပေဝေ့လဲ အမှန်တကယ်ဖြစ်နေသည်ဟု ခံစားလိုက်ရပြီး သူနှင့် အိမ်နီးချင်းများအားလုံးစိတ်အေးသွားကြပေမယ့် အခုထိ ကိစ္စအားလုံးပြီးစီးသွားခြင်းမဟုတ်သေးတာကြောင့် စိတ်ဒုန်းဒုန်းတော့မချနိုင်သေးပေ။

ကုနင်းလဲ လင်ရှောင်းထင်ကို ဖုန်းခေါ်လိုက်ကာ မနက်၉နာရီလောက် လေဆိပ်သို့အတူသွားကြရန် ပြောလိုက်သည်။

All Chapters