← Chapters

အခန်း (၁၅၁၃-၁၅၁၈)

Vol. 96 Ch. 1513-1518

အခန်း (၁၅၁၃-၁၅၁၈)

Vol. 96 Ch. 1513-1518

အခန်း ၁၅၁၃ တစ်ယောက်ယောက်တွန်းလိုက်တာလား?

"ဘော့စ် ကျွန်တော်တို့ အခု ဘယ်လိုလုပ်မလဲ။" မန်နေဂျာက မေးလိုက်သည်။ စာချုပ်အတု လက်မှတ် ရေးထိုးတုန်းက သူပါရှိနေလို့ စိတ်ပူနေသည်။

“မင်း ဒီအကြောင်းကို ဘာမှမသိသလို ဟန်ဆောင်ပြီး တခြားအရာတွေကို ငါ့ဆီ ထားခဲ့လိုက်။ အားလုံးကို ကျန်းဖင်းယီအပေါ် အပြစ်တင်နေသရွေ့တော့ ငါတို့ အဆင်ပြေမှာပါ။” ဟု ဝူယွင်ကွမ်းက ပြောသည်။

“ဟုတ်ကဲ့၊” မန်နေဂျာက သဘောတူလိုက်သည်။

အဲဒီအချိန်မှာ မီးသတ်တပ်ဖွဲ့က ရောက်လာတယ်။ နောက်ကျနပေုံပေါ်သော်လည်း တကယ်တော့ ငါးမိနစ်အတွင်း ရောက်လာတာပါ။ မြို့တော်သည် အလွန်ကျယ်ဝန်းပြီး နေရာတိုင်းတွင် မီးသတ်တပ်ဖွဲ့များ မရှိသောကြောင့် သူတို့အပြစ်မဟုတ်ပေ။ ကုနင်းက သူတို့ထက် ပိုမြန်မြန် လုပ်ခဲ့တာဖြစ်ပြီး ကျောက်ပင်းရှုကို သူတို့မရောက်ခင် ကယ်တင်လိုက်နိုင်တာဖြစ်သည်။

ကျောက်ပင်းရှု ဘေးကင်းသွားပြီဖြစ်သော်လည်း ဘေးမှကြည့်သူများသည် သူ့ကိုတွေ့ရန် စောင့်မျှော်နေကြဆဲဖြစ်သည်။

ထို့ကြောင့် မီးသတ်သမားများသည် သူတို့အရူးလုပ်ခံလိုက်ရတယ်ဟု မထင်ဘဲ အဆောက်အဦးမှခုန်ချလိုသူအား ကယ်တင်ပြီးကြောင်းသိလိုက်ရခြင်းက သူတို့ကို သက်သာရာရစေသည်။

သူတို့ရောက်လာတာမှ‌တော့ အဲဒါနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိဖို့လိုသည်။

ကုနင်းက သူတို့ကို မြင်ပြီး ချက်ချင်းပဲ သူတို့ဆီ လျှောက်သွားတယ်။ "မင်္ဂလာပါ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ သတ်သေဖို့ ကြိုးစားနေတဲ့ အမျိုးသားကို ကယ်တင်နိုင်ခဲ့ပါတယ်။ တစ်မိနစ်အတွင်း သူထွက်လာလိမ့်မယ်။ မင်းတို့ရဲ့ကြိုးစားမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။"

"ကောင်းပြီ ဒီလိုအတည်ပြုဖို့လိုနေတာ အခု ငါတို့သွားလို့ရပြီ။" မီးသတ်တပ်ဖွဲ့ခေါင်းဆောင်က ပြုံးရင်း‌ပြောလိုက်သည်။ သူတို့သည် လူကို ကယ်ဆယ်ရန် ရောက်လာကြတာဖြစ်တဲ့အတွက် ထိုလူ အဆောက်အဦးမှ ခုန်ချလိုသည့် အကြောင်းရင်းကို ဂရုမစိုက်ပါ။

မီးသတ်တပ်ဖွဲ့ ထွက်သွားပြီး မကြာခင်မှာပဲ ချောင်ယက ကျောက်ပင်းရှုနဲ့အတူ ထွက်လာခဲ့သည်။ မစ္စကျောက်နှင့် ကျောက်ကျင်းဟန်တို့သည် ချက်ခြင်းပြေးလာပြီး ငိုရင်း ပွေ့ဖက်လိုက်ကြသည်။

ချောင်ယလည်း ကုနင်းဆီသို့ ပြန်လာခဲ့သည်။

"ဒါလင် ဘာလို့ဒီလိုလုပ်ရတာလဲ။ မသန်မစွမ်းဖြစ်သွားရင် ဒါမှမဟုတ် သေသွားရင် ဘယ်လိုလုပ်မလဲ။ ရှင်မရှိရင် ကျွန်မတို့ ဘယ်လို‌နေရမှာလဲ။"

"ဖေဖေ! ဖေဖေ ကျေးဇူးပြုပြီး ထပ်မလုပ်ပါနဲ့နော်။"

“…”

ကျယ်လောင်စွာ အော်ဟစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ခွင့်ရတာ ကံကောင်းတယ်လို့ ခံစားနေကြရသည်။

ကြည့်ရှုသူများအားလုံး ရင်ထဲထိသွားသလို အချို့က မျက်ရည်များပင် ဝဲနေကြသည်။

"မလုပ်တော့ပါဘူး။ ငါထပ်ပြီးမလုပ်တော့ဘူး။" ကျောက်ပင်းရှုက သူ့မိန်းမနဲ့သမီးကို နှစ်သိမ့်ပေးတယ်။ အပြစ်ရှိသလိုခံစားရပြီး မိုက်မဲတဲ့လုပ်ရပ်အတွက် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။

"မစ္စကု ကျေးဇူးတင်ပါတယ်၊ ငါတို့မိသားစုအတွက် မင်းလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။" သူတို့က ကုနင်းဘက်လှည့်ပြီး သူမကို တစ်ကြိမ်ထပ်ကျေးဇူးတင်ကြသည်။

အဲ့ဒီအချိန် ရဲတွေရောက်လာသည်။

ကုနင်းက ရဲတွေကို အခြေအနေကို ရှင်းပြပြီး အားလုံး အဆင်ပြေနပေြီဆိုတာ သိပြီးနောက် ရဲတွေလည်း ပြန်ထွက်သွားလေသည်။ ဘယ်သူမှ မထိခိုက်တဲ့အတွက် ရဲတွေအနေနှင့် စစ်ဆေးဖို့ မလိုအပ်ပေ။

ကုနင်း သို့မဟုတ် ကျောက်ပင်းရှုက ရဲတွေရဲ့အကူအညီလိုအပ်တဲ့အခါ သူတို့ကိုယ်တိုင် ရဲစခန်းကို သွားမည်။

"ကောင်းပြီ၊ ငါတို့လည်း အခုထွက်သွားသင့်ပြီ၊" ကုနင်းက ပြောလိုက်သည်။

“ဟုတ်ကဲ့” ကျောက်ပင်းရှု ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကျောက်ပင်းရှု၏မိသားစုသည် ကုနင်းနှင့်အတူထွက်ခွာသွားခဲ့သည်။

ကုနင်းက ကျောက်ပင်းရှုကို ရှေ့ခရီးသည်ထိုင်ခုံမှာ ထိုင်ခိုင်းပြီး အမျိုးသမီးလေးယောက်က နောက်ထိုင်ခုံမှာ ထိုင်လိုက်လာသည်။ ကံကောင်းစွာဖြင့် ကားသည် ကားကြီးဖြစ်ပြီး သူတို့လေးဦးထိုင်ရန် နေရာလုံလောက်သည်။

"ကောင်းယိ အခု ဟွမ်းဒင်ဟိုတယ်ကို သွားရအောင်။" လို့ ကုနင်း က ပြောလိုက်သည်။ သူမသည် ကျောက်ပင်းရှု သဘောတူမည်ကို သိတဲ့အတွက် သူ၏ထင်မြင်ချက်ကို မေးမနေတော့ပေ။

ယခုအချိန်တွင် သူသည် ကုနင်း စကားကို ငြင်းမနေဘဲ နားထောင်‌ပေမည်။

"ဟုတ်" ကောင်းယိ ကပြောသည် ။

"မစ္စတာကျောက် အဲဒီတုန်းက မင်းကို တစ်ယောက်ယောက်က တွန်းချခဲ့တာလား။" ကုနင်း ရုတ်တရက် မေးလိုက်သည်။

အဲဒါကိုကြားတော့ ကျောက်ပင်းရှု က သူ့ကိုယ်သူ မတော်တဆ ပြုတ်ကျတာမဟုတ်ဘဲ တစ်စုံတစ်ယောက်က သူ့ကို နောက်ကနေ တွန်းထုတ်လိုက်တာဖြစ်ကြောင်း သိလိုက်ရသည်။

"ဘာ? တစ်ယောက်‌ယောက်က တွန်းလိုက်တာလား။" မစ္စကျောက်နှင့် ကျောက်ကျင်းဟန်တို့သည် မတော်တဆမှုတစ်ခုသာဖြစ်သည်ဟု ထင်သောကြောင့် အံ့ဩသွားကြသည်။

"ဟုတ်တယ် အဲဒီတုန်းက တစ်ယောက်ယောက်က ကျွန်တော့်ကို တွန်းခဲ့တာဆို‌ပေမယ့် ခေါင်မိုးပေါ်မှာ လူလေးယောက်ရှိလို့ ဘယ်သူလုပ်လိုက်တာလဲဆိုတာ ကျွန်တော်မသိလိုက်ဘူး ” ဟု ကျောက်ပင်းရှုက ပြောသည်။

ကုနင်းက ခေါင်းညိတ်ပြပြီး ကေကိုခေါ်ဖို့ သူမဖုန်းကိုထုတ်လိုက်ကာ ရုံးအဆောက်အဦးတဝိုက်က စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးဖို့ ပြောလိုက်သည်။

"မစ္စတာကျောက် ကျေးဇူးပြုပြီး ရှင်ဘာဖြစ်ခဲ့တာလဲဆိုတာ ပြောပြ‌‌ပေးပါလား။"

ကုနင်းသည် ကေနှင့်ဖုန်းဆက်ပြီးနောက် ကျောက်ပင်းရှုကိုမေးလိုက်သည်။

“အင်း…” ကျောက်ပင်းရှုက ကုနင်းအား သူ့ဇာတ်လမ်းကို ပြောပြသည်။

ကျောက်ပင်းရှုနှင့် ရှင်းထုံဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဝူယွင်ကွမ်းတို့သည် ကောလိပ်တွင် ကျောင်းနေဖက်များဖြစ်ကြပြီး အချင်းချင်း ဆက်ဆံရေးကောင်းမွန်ကြောင်း သိရှိရသည်။ သူတို့နှစ်ယောက်စလုံး ဘွဲ့ရပြီးနောက် ကုမ္ပဏီတစ်ခု စတင်ခဲ့သော်လည်း ကျောက်ပင်းရှုသည် ဝူယွင်ကွမ်းထက် ကံကောင်းပြီး သူ့ထက် ဝင်ငွပေိုကောင်းခဲ့သည်။

မြို့တော်တွင် မရေမတွက်နိုင်သော ချမ်းသာသူများရှိသော်လည်း ဝူယွင်ကွမ်းသည် ကျောက်ပင်းရှုကို မနာလိုဖြစ်နေဆဲပင်။ သို့သော် ကျောက်ပင်းရှုသည် ဝူယွင်ကွမ်းကို သူ့သူငယ်ချင်းအဖြစ် ထင်မြင်နေသောကြောင့် ဝူယွင်ကွမ်း အကူအညီလိုအပ်သောအခါတိုင်း သူ့ကိုကူညီရန် ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ပေ။

နှစ်အတော်ကြာပြီးနောက် ကျောက်ပင်းရှု၏ ကုမ္ပဏီသည် ယွမ်ငွေ သန်းငါးရာကျော် ပိုင်ဆိုင်ထားပြီး ဝူယွင်ကွမ်း၏ ပိုင်ဆိုင်မှုမှာလည်း ယွမ်သန်းတစ်ရာကျော်ရှိသည်။ ကံမကောင်းစွာနဲ့ပဲ ကျောက်ပင်းရှုဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဒေဝါလီခံသွားခဲ့သည်။

ကုနင်းသည် သူ၏ဒေဝါလီခံမှုကို သိထားပြီးဖြစ်ရာ ကျောက်ပင်းရှုက ၎င်းကိုပြောသောအခါ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။

ကျောက်ပင်းရှုသည် နောက်ပိုင်းတွင် သူ့ကုမ္ပဏီကို ရောင်းချခဲ့ပြီးနောက် အိမ်နှင့် ကားတစ်စီးသာ ကျန်ရှိ‌တော့သည်။

***

အခန်း ၁၅၁၄ ကျေးဇူးပါ မစ္စကု

သူ့တွင် ပိုက်ဆံမရှိတော့သော်လည်း သူ့မိသားစုကို ထောက်ပံ့ရန် လိုအပ်နေသေးတာကြောင့် နောက်ပိုင်းတွင် သူ့ကားကို ရောင်းလိုက်ရသည်။ သူ့ကားကို ဝယ်တုန်းက ယွမ်တစ်သန်း ကုန်ကျခဲ့ပြီး သုံးနှစ်ကြာ မောင်းနှင်ခဲ့ကာ တစ်ပတ်ရစ်ကားအဖြစ် ၎င်း၏ ထက်ဝက်ဈေးဖြင့် ရောင်းချခဲ့သည်။ ထို့နောက် ကျောက်ပင်းရှုသည် ယွမ်ငါးသိန်းဖြင့် စားသောက်ဆိုင်ငယ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

အရင်ကလို ပိုက်ဆံများများ မရှာနိုင်တော့ပေမယ့် သူ့မိသားစုက ပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းနိုင်ဆဲပါ။ သူ့ဘဝက အဆင်ပြေနေသေးတဲ့အတွက် တခြားသူတွေရဲ့ အကူအညီကို မလိုအပ်‌ပေ။

ကျောက်ပင်းရှုနှင့် သူ့မိသားစုသည် နှစ်နှစ်ကြာ အေးချမ်းစွာနေထိုင်ခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့် တစ်လခန့်က ဝူယွင်ကွမ်းက သူ့ကိုတွေ့ပြီး သူ့သူငယ်ချင်းက အမြတ်အစွန်းရှိတဲ့ ပရောဂျက်တစ်ခုရခဲ့ပြီး သူတို့နဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ခိုင်းတယ်လို့ ပြောလသည်။ ဒါဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု မဟုတ်ပေမယ့် ယွမ် ဆယ်သန်း မြှုပ်နှံထားရင် သုံးဆ ပြန်ရနိုင်သည်။

ကျောက်ပင်းရှုက ဝူယွင်ကွမ်းအား အောင်မြင်သော လုပ်ငန်းတစ်ခု ထပ်မံလုပ်ချင်သေးသည်ဟု ပြောထားသောကြောင့် ဝူယွင်ကွမ်းသည် ကျောက်ပင်းရှုကို ထိုရင်းနှီးမြှုပ်နှံမှုအကြောင်းကို ပြောပြခဲ့ခြင်းဖြစ်သည်။

သူ့မှာ ပိုက်ဆံအများကြီးမရှိပေမယ့် သူ့အိမ်က ယွမ်ဆယ်သန်းကျော်လောက်တန်ဖိုးရှိသည်။

ကျောက်ပင်းရှုသည် ပရောဂျက်ကို စိတ်ဝင်စားပြီး ဝူယွင်ကွမ်းကိုလည်း ယုံကြည်ခဲ့သည်။ သို့သော် ဝူယွင်ကွမ်းသည် သူ့ကိုလှည့်စားခဲ့သည်။ နောက်ဆုံးတော့ သူ့အိမ်နဲ့ ပိုက်ဆံတွေ အများကြီး ဆုံးရှုံးသွားခဲ့သည်။

တကယ်တော့ ပရောဂျက်က အစစ်အမှန်ဖြစ်ပေမယ့် ထို ပရောဂျက်က ဝူယွင်ကွမ်းရဲ့ သူငယ်ချင်းနဲ့ ဆက်ဆံရေးလည်း မရှိသလို စာချုပ်ကလည်း အတုပါပဲ။ ပြီးပြည့်စုံစွာ အတုဖြစ်ခဲ့သည်။ ကျောက်ပင်းရှုက ရဲကို သတင်းပို့ပေမယ့် ရဲက ရာဇ၀တ်သားကို ဖမ်းဖို့ အချိန်ယူရဦးမည်ဟု ပြောခဲ့သည်။

ကျောက်ပင်းရှုသည် ယခင်က ဝူယွင်ကွမ်းကို များစွာ ကူညီပေးခဲ့သောကြောင့် ဝူယွင်ကွမ်းက သူ့ကို လှည့်စားခဲ့ခြင်းဟာ သူ့နှလုံးကိုကြေကွဲစေခဲ့သည်။

ကုနင်းသည် ကျောက်ပင်းရှုကို စာနာမိသည် အဘယ်ကြောင့်ဆိုသော် အချို့သောလူများ မည်မျှ လောဘကြီးသည်ကို သူမအသိဆုံးဖြစ်သောကြောင့်ဖြစ်သည်။

ကျောက်ပင်းရှုသည် အကျင့်စာရိတ္တကောင်းမွန်ပြီး ကျွမ်းကျင်သော စီးပွားရေးသမားဖြစ်သော်လည်း ကုနင်းသည် အဲ့ဒီ အကြောင်းနှင့် ပတ်သတ်၍ စုံစမ်းရန် လိုအပ်နေသေးသည်။

"စာချုပ်ကို ဘယ်တုန်းက လက်မှတ် ရေးထိုးခဲ့တာလဲ။" ကုနင်း က မေးသည်။

"ဇွန်လ ၁၂ ရက်နေ့ ညနေ ၆:၃၀ နာရီ၊ အခန်းနံပါတ် ၃၀၃၊ xx ဟိုတယ်မှာ၊" ကျောက်ပင်းရှုက ပြောသည်။

"အဲဒီမှာ ဘယ်သူရှိလဲ။" ကုနင်းက ဆက်‌မေးသည်။

"ဝူယွင်ကွမ်း၊ သူ့အတွင်းရေးမှူး၊ သူ့ကုမ္ပဏီမန်နေဂျာ၊ သူ့သူငယ်ချင်း ကျန်းဖင်းယီ ။ ကျန်းဖင်းယီက ကျွန်တော်နဲ့ စာချုပ်ချုပ်တဲ့သူပါ။”ဟု ကျောက်ပင်းရှု က ပြောသည်။

"ရှင်နဲ့အတူ ရှေ့နေရောခေါ်သွားသေးလား။"

ထိုစကားကိုကြားတော့ ကျောက်ပင်းရှု ရှက်ရွံ့သွားသည်။ “အဲဒီတုန်းက သူ့ကို ယုံကြည်တဲ့အတွက် ရှေ့နေမခေါ်ခဲ့ပါဘူး။”

တကယ်တော့ ကျောက်ပင်းရှုက သူ့သူငယ်ချင်းဟောင်း ဝူယွင်ကွမ်းက သူ့အပေါ်ကို လှည့်စားတယ်ဆိုတာ ယုံရခက်တယ်လို့ ခံစားနေရတုန်းပါပဲ။

ကုနင်း နားလည်နိုင်ပါသည်။

"ဝူယွင်ကွမ်းက‌‌ရော အဲဒါကို ဘယ်လိုပြောလဲ?"

"သူက သူနဲ့ဘာမှမဆိုင်ဘူးလို့ပြောပြီး ကျန်းဖင်းယီကိုရှာဖို့ပဲ ပြောတယ်။ ဒါပေမယ့် ကျန်းဖင်းယီက ပျောက်နေတုန်းပဲ။" ကျောက်ပင်းရှုက ဒေါသတကြီးပြောသည်။

ထိုအခြေအနေတွင် ဝူယွင်ကွမ်းသည် ကျန်းဖင်းယီ၏ ကြံရာပါဖြစ်ကြောင်း အထောက်အထားများ ရှာဖွေရမည်ဖြစ်သည်။ ရှင်းရှင်းလင်းလင်း အထောက်အထားမရှိဘဲ ကျောက်ပင်းရှုသည် အမှုတွင်အနိုင်ရရန် မဖြစ်နိုင်ပေ။ အရေးကြီးဆုံးကတော့ သူ့ပိုက်ဆံတွေကို ကျန်းဖင်းယီ ဆီကို လွှဲပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့သည် ကျန်းဖင်းယီကိုရှာပြီး ဝူယွင်ကွမ်းနှင့် သူ၏ဆက်ဆံရေးကို တတ်နိုင်သမျှအမြန်ဆုံးရှာဖွေဖော်ထုတ်ရမည်။

ကုနင်းသည် ယခုတစ်ကြိမ်တွင် ကေ၏အကူအညီကို လိုအပ်နေသေးသည်။

"ကျန်းဖင်းယီ အကြောင်း ရှင်ဘယ်လောက်သိလဲ။"

"သိပ်မသိဘူး။ သူ့နာမည်က ကျန်းဖင်းယီဆိုတာပဲသိတယ်၊ ဒီနှစ်တော့ အသက် ၄၀ ရှိပြီ။ ဇာတိက ဒီကပဲ၊”

"ရှင် သူ့ဆီ ဘယ်တုန်းက ပိုက်ဆံလွှဲတာလဲ။ သူ့ဘဏ်အကောင့် အသေးစိတ်ကို ပြောပြပေးပါဦး။”

ကျောက်ပင်းရှုသည် သူ့ဖုန်းကို ချက်ချင်းထုတ်လိုက်ပြီး ကုနင်းလိုအပ်သော အချက်အလက်ကို ပြောပြလိုက်သည်။

နှောင့်နှေးမှုမရှိဘဲ ကုနင်းက ကေ့ကို စာပို့ပြီး ကျန်းဖင်းယီကို ရှာတွေ့အောင် ကူညီပေးဖို့ ပြောခဲ့သည်။

"ရှင့်ကို လုံလောက်တဲ့ အထောက်အထားတွေရအောင် ကူညီဖို့ ကျွန်မအစွမ်းကုန်ကြိုးစားပေးပါမယ်။”

"ကျေးဇူးတင်ပါတယ် မစ္စကု" ကျောက်ပင်းရှု က သူမကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ပါသည်။ "မင်း ငါ့ကို ဘာလို့ ကူညီချင်တာလဲ သိလို့ရမလား မစ္စကု။"

ကုနင်းက သူ့ကို အကြောင်းပြချက်မရှိဘဲ ကူညီမှာမဟုတ်ဘူးလို့ သူထင်သည်။ သူတို့က အသိတောင် မဟုတ်ဘူးလေ။

သူမအကြောင်း သူသိထားသမျှကတော့ သူမဟာ အရည်အချင်းရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး နာမည်ကျော် ကုနတ်ဘုရားမ ဖြစ်သည်။

"အင်း ကျွန်မ ရှင့်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာ ရှင့်အကြောင်း ကျွန်မ ကြားဖူးတယ်။ ရှင့်ရဲ့ကုမ္ပဏီကို ဘာမှမဟုတ်တဲ့ အခြေအနေကနေ ထူထောင်ခဲ့တာ ကျွန်မသိတယ်၊ ရှင် ဒေဝါလီခံမသွားခင် အရမ်းအောင်မြင်ခဲ့တယ်။ ကျွန်မ အခုချိန်မှာ လိုအပ်တာက မန်နေဂျာကောင်းတစ်ယောက်ပါ။ ဒါကြောင့် ကျွန်မတို့ အချင်းချင်း ကူညီနိုင်မှာပါ။"

သုညကနေစပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးရှိပေမယ့် လုံးဝမလွယ်ပါဘူး။ ထို့အပြင် စီးပွားရေးသမား အများအပြားသည် လာဘ်ပေးလာဘ်ယူမှု‌များတွင် ပါဝင်ခဲ့ကြသော်လည်း ကျောက်ပင်းရှု သည် မတူပါ။ သူက ရိုးသားသည်။

“ဒီအချိန်မှာ ကျွန်မကုမ္ပဏီက ဝန်ထမ်းအင်အား နည်းပါးတယ်။ အဲ့လိုအချိန်မှာ ရှင့်ကို တိုက်ဆိုင်စွာ တွေ့ခဲ့တယ်။ ဒါကြောင့် ကံကြမ္မာက ကျွန်မတို့ကို တွေ့ဆုံစေခဲ့တာ ထင်ပါတယ်။ အတွေ့အကြုံမရှိတဲ့လူတွေကို ကျွန်မ,မယုံဘူး၊ ဒါပေမယ့် ရှင်က အကြီးတန်းမန်နေဂျာတစ်ယောက်ဆိုတာ ကျွန်မသိလို့ ရှင့်ကို မျက်နှာသာပေးခဲ့တာပဲ၊ ဒါကြောင့် ရှင် ကျွန်မကို လွယ်လွယ်နဲ့သစ္စာမဖောက်ဘူးလို့ ကျွန်မယုံတယ် ဟုတ်တယ်မလား။"

ကုနင်းသည် သူမ၏လူများထံမှ အကြွင်းမဲ့သစ္စာစောင့်သိမှုကို လိုချင်သည်။

သူမသည် ယခင်ဘ၀တွင် အပြစ်ရှိသည်ဟု ခံစားမိသောကြောင့် ကျောက်ပင်းရှုကို ကူညီခဲ့သော်လည်း သူ့ကို အထူးအလေးပေးဆက်ဆံမည်ဟု မဆိုလိုပါ။ သူသည် မန်နေဂျာကောင်းတစ်ဦးဖြစ်ရန် အရည်အချင်းမပြည့်မီပါက ကုနင်းသည် သူ့ကိုလျော်ကြေးပေးရန် အခြားနည်းလမ်းကို အသုံးပြုမည်ဖြစ်သည်။

***

အခန်း ၁၅၁၅ သခင်လေးလုံ

ကျောက်ပင်းရှုက ကုနင်းအတွက် အလုပ်လုပ်ပြီး သူ့ကျေးဇူးကို ပြန်ဆပ်ဖို့ သဘောတူလိုက်ပါသည်။ ကုနင်းက သူ့အသက်ကို ကယ်တင်ခဲ့ပြီးပြီမို့ သူ သူမကို သစ္စာမဖောက်မှာ သေချာကာ သူ့မိသားစုအတွက် ကောင်းမွန်သောဘဝနေထိုင်နိုင်စေရန် ကုနင်းအတွက် အလုပ်လုပ်ပေးရင်း ပေးဆပ်မည်ဖြစ်သည်။

ကျောက်ပင်းရှုက သူ့လစာအတွက် စိတ်မပူပေ။

"ကျွန်မ ရှင့်ကို ငှားဖို့ ရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့် ရှင်အလုပ်ကို ကောင်းကောင်းလုပ်နိုင်မလားဆိုတာ ရှင့်အပေါ်မှာလည်း မူတည်သေးတယ်။ ညစ်ပတ်တဲ့လှည့်ကွက်တွေကို ကျွန်မ မုန်းတယ်၊ ဒါကြောင့် ရှင် ရိုးသားဖြောင့်မတ်ရမယ်။"

“ကျွန်မတို့ရဲ့ စီးပွားရေးရန်သူတွေကို ယှဉ်ပြိုင်မယ် ဆိုရင်တောင်မှ ဥပဒေနဲ့ ကျင့်ဝတ်စံနှုန်းတွေကို မချိုးဖောက်သင့်ဘူး။ ကျွန်မရှင့်ပိုက်ဆံတွေကို ပြန်ရအောင် ကူညီပေးတာ အောင်မြင်သွားတာနဲ့ ရှင့်‌အ‌ကြွေးတွေကို အဲ့တာနဲ့ ဖြေရှင်းလို့ရတယ်။ ဒါကြောင့် ရှင်ကျွန်မအတွက် အလကားလုပ်‌ပေးစရာ မလိုဘူး။ ရှင့်ရဲ့ စွမ်းဆောင်မှုအရ လစာပေးသွားမှာပါ။"

ကျောက်ပင်းရှုသည် သူမကို ကျေးဇူးတင်နေသော်လည်း သူမသည် သူ့ကို အခွင့်ကောင်းယူမည်မဟုတ်ပေ။

“မစ္စကု ငါ…” ကျောက်ပင်းရှုက ထိတ်လန့်သွားပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။ ဒီအချိန်မှာ သူက ကုနင်းအတွက် ဘာမဆိုလုပ်ပေးချင်သည်။ ထိုအရာက လုပ်ကို လုပ်ပေးသင့်တဲ့ ကိစ္စဟုလည်း သူခံစားရသည်။

"ရှင် ကျွန်မအတွက် အလုပ်လုပ်ချင်စိတ်ရှိရင် အကောင်းဆုံးပါ။ မဟုတ်ရင် ကျွန်မရှင့်ကို ခိုင်းမှာမဟုတ်ဘူး။ ရှင်ကျွန်မရဲ့လက်အောက်ငယ်သားဖြစ်လာတာနဲ့ ကျွန်မအမိန့်ကို နားထောင်သင့်တယ်။"

"မစ္စကု မင်းအတွက် ငါအလုပ်လုပ်ပေးချင်တယ်၊ မင်းကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။" ကျောက်ပင်းရှုက ချက်ချင်းပြောလိုက်သည်။

“ကောင်းတယ်” ကုနင်း ခေါင်းညိတ်လိုက်သည်။

သူတို့သွားရာလမ်းတွင် ကျောက်ကျင်းဟန်သည် ကုနင်းအား ကြည်ညိုလေးစားမှုဖြင့် စိုက်ကြည့်နေသည်။ သူမသည် တစ်နေ့တွင် သူမ၏ ကုနတ်ဘုရားမကိုတွေ့ရန် အမြဲအိပ်မက်မက်ခဲ့သော်လည်း သူမ၏ ဖခင်ကြောင့် သူမ၏ အိပ်မက္သည် လက်တွေ့ဖြစ်လာခဲ့သည်ကို သူမ အံ့အားသင့်‌နေရသည်။ ထိုအခြေအနေမျိုးတွင် သူမသည် ကုနင်းနှင့် ပိုမိုရင်းနှီးသောဆက်ဆံရေးရှိနိုင်သည်။

ကျောက်ကျင်းဟန် သည် ကုနင်း ၏ အမာခံပရိသတ်ဖြစ်သောကြောင့် ကုနင်း ၏ရှေ့တွင် ကြောက်ရွံ့နပေါသည်။ ကုနင်း သည် သူမ၏ အိုင်ဒေါဖြစ်ပြီး သူမကို မျှော်ကြည့်‌ေနခဲ့ရသည်။

ကုနင်းသည် ကျောက်ကျင်းဟန်၏ သဘောကျသော အကြည့်ကို ခံစားမိသော်လည်း တုံ့ပြန်မှု တစ်စုံတစ်ရာ မပေး‌ပေ။

ကျောက်ကျင်းဟန်က သူမကို ရိုးရိုးရှင်းရှင်း စိုက်ကြည့်နပေေမယ့် သူမကို ဘာမှ မမေး‌ပေ။ ကျောက်ကျင်းဟန်သည် ကုနင်းနှင့် စကားပြောချင်သော်လည်း သူမမှာ သတ္တိမရှိပေ။

ဟွမ်းဒင်ဟိုတယ်ကို ရောက်တဲ့အခါ ကုနင်းက သူတို့အတွက် အရာအားလုံး အခမဲ့ဖြစ်စေရန် သူမရဲ့ ဘလက်ခ်ကဒ်ကို တိုက်ရိုက် ထုတ်လိုက်ပါသည်။

ကျောက်ပင်းရှုသည် ဘလက်ခ်ကဒ်ကိုတွေ့သောအခါ အံ့အားသင့်သွားသည်။ ကုနင်းတွင် ဟွမ်းဒင်ဟိုတယ်၏ ဘလက်ခ်ကဒ်ရှိခဲ့ပါက သူမသည် ထန်မိသားစုနှင့် ပုံမှန်မဟုတ်သော ဆက်ဆံရေးရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

သူ့အတွက် အံ့အားသင့်စရာ သတင်းတစ်ခုပါပဲ။ သူမနာမည်အောက်မှာ ကုမ္ပဏီတွေ အများကြီးရှိတယ်ဆိုတာ သူသိပေမယ့် သူမမိသားစုနောက်ခံအကြောင်း ဘာမှမသိထားပေ။

တကယ်တော့ ကျောက်ပင်းရှုက စားပြီရင် ငွပေေးချေဖို့ စီစဉ်ထားပေမယ့် အခုကျ မလိုအပ်လောက်တော့ပေ။ ကုနင်းမှာ ဘလက်ခ်ကဒ်ပါတဲ့အတွက် အခမဲ့စားသောက်နိုင်သည်။

ဧည့်ခံဝန်ထမ်းက သူတို့အ‌ပေါ် လေးစားမှု ပြပြီး သီးသန့်အခန်းကို ခေါ်သွားခဲ့သည်။ သို့သော်လည်း ကျောက်ပင်းရှုသည် လမ်းတစ်ဝက်တွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

အသက်နှစ်ဆယ်နှောင်းပိုင်း လူငယ်တစ်ဦးဖြစ်ပြီး သူသည် လူမိုက်ကဲ့သို့ ပြုမူ‌နေသည်။ "အိုး၊ ဒါက မစ္စတာကျောက် မဟုတ်ဘူးလား။ ဒီလို ဇိမ်ခံဟိုတယ်မှာ ထမင်းလာစားနိုင်တာ အံ့ဩစရာပဲ!”

အဲဒါကိုကြားတော့ ကျောက်ပင်းရှုက သူ့မျက်နှာမှာ ရှက်ရွံ့မှုပြပြီး မကျေမနပ်ဖြစ်သွားတယ်။

“မင်္ဂလာပါ သခင်‌လေးလုံ။” ဟု ထိုသူအား နှုတ်ဆက်လိုက်သည်။

"ဟေ့ ငါ့ကိုပြောပါအုံး၊ ဒီမှာဘယ်လိုလုပ် ထမင်းစားနိုင်တာလဲ။" သခင်လေးလုံသည် ကျောက်ပင်းရှုကို လွယ်လွယ်နဲ့ သွားခွင့်မပြုလို‌ပေ။

ကျောက်ပင်းရှု စိတ်ဆိုးသွားသည်။ "သခင်လေးလုံ ငါ အခု‌အရင်‌လောက်မချမ်းသာ‌တော့ဘူး ဆိုပေမယ့် ကြယ်ငါးပွင့်ဟိုတယ်မှာ စားဖို့‌တော့ တတ်နိုင်ပါသေးတယ်။"

ကုနင်း သည် သူမ၏ ဘလက်ခ်ကဒ်ဖြင့် ငွေရှင်းပြီးသားဖြစ်သော်လည်း ကြယ်ငါးပွင့်ဟိုတယ်တွင် သူကိုယ်တိုင် ၀ယ်စားသောက်ရန် မတတ်နိုင်ဟု မဆိုလိုပါ။

စားပွဲထိုးသည် ၎င်းတို့ကြားတွင် ဖျန်ဖြေရန် ကြိုးစားသော်လည်း ကုနင်းက သခင်လေးလုံဆိုသောသူ ဘာလုပ်ချင်သည်ကို သိလိုသောကြောင့် တားခဲ့သည်။

ကျောက်ပင်းရှု၏ အမူအရာသည် သခင်လေးလုံကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

"မင်းရဲ့ အပြုအမူကို မင်းဆင်ခြင်ပါ။ ငါမင်းကို စကားပြောနေတာကို မင်းဂုဏ်ယူသင့်တယ်။ မင်းရဲ့ အမူအကျင့်တွေကို မမေ့နဲ့။ မဟုတ်ရင် မင်းရဲ့ စားသောက်ဆိုင်သေးသေးလေးကိုပါ ဆုံးရှုံးသွားလိမ့်မယ်။" သခင်လေးလုံက တော်တော် မာနကြီးပြီး ရန်လိုသည်။

“မင်း…” ကျောက်ပင်းရှု ဒေါသထွက်နေသော်လည်း ဘာပြန်ပြောရမှန်းမသိ။

ထိုအချိန်တွင် ကုနင်းက သူမပါးစပ်ကို ဖွင့်လိုက်သည်။ “လိုချင်ရင် စမ်းကြည့်‌လေ။” ကုနင်းသည် ဤမြို့၌ သခင်လေးလုံ၏ ဩဇာကို မသိသော်လည်း သူမသည် သူ့ကို လုံးဝ မကြောက်ပေ။

ကုနင်းရဲ့ အသံကိုကြားတော့ သခင်လေးလုံက သူမကို လှည့်ကြည့်လိုက်ပြီး သူမရဲ့ ထူးကဲတဲ့အသွင်အပြင်ကို မြင်လိုက်ရတဲ့ အချိန်မှာ သူ့မျက်လုံးတွေက တောက်ပလာပါတယ်။

"မင်းနာမည်ဘယ်လိုခေါ်လဲ?" သခင်လေးလုံသည် ကုနင်းကို လှည့်ကြည့်ပြီး မေးလိုက်သည်။

***

အခန်း ၁၅၁၆ မင်းဘယ်သူလဲ?

သခင်လေးလုံမှာ ကုနင်း နှင့်ပတ်သတ်၍ စိတ်ကူးယဉ်စိတ်တွေ ရှိနေတယ်ဆိုတာ ထင်ရှားလှသည်။

"ကုနင်း" ကုနင်းက သူမနာမည်ကို ဖုံးကွယ်ဖို့ စိတ်မ၀င်စား‌ပေ။

"မစ္စကု တွေ့ရတာဝမ်းသာပါတယ်။ ငါတို့ဘာလို့ အတူတူထမင်းမစားတာလဲ။" သခင်လေးလုံက မေးလိုက်သည်။

“မစားဘူး။” ကုနင်းက အေးစက်သောလေသံဖြင့် ငြင်းလိုက်သည်။

အဲဒါကိုကြားတော့ သခင်လေးလုံက အရှက်ကွဲပြီး သူ့အမူအရာ ပြောင်းသွားတယ်။ "ဘာပြောလိုက်တယ်?"

"မစားဘူးလို့ ပြောလိုက်တာ။" ကုနင်းက အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်သည်။ "ရှင်က ဘယ်သူလဲ? ကျွန်မဘာလို့ ရှင်နဲ့ ထမင်းအတူစားရမှာလဲ။"

"ငါဘယ်သူလဲ ဟုတ်လား? ငါက ဂုဏ်ရောင်လုပ်ငန်းစုရဲ့ အမွေခံပဲ။” သခင်လေးလုံက သူ့ကိုယ်သူ ဂုဏ်ယူနပေုံ‌လေသံနဲ့ ပြောလိုက်သည်။ ကျောက်ပင်းရှု၏ အပေါင်းအသင်းပတ်၀န်းကျင်တွင် ချမ်းသာသောသူ ဒါမှမဟုတ် အာဏာကြီးမားတဲ့သူများမရှိဟု သူယုံကြည်သောကြောင့် ကုနင်းသည် သူ့ကို နောက်တစ်ကြိမ် ထပ်မငြင်းရဲ‌လောက်တော့ဟု သူထင်သည်။

ကုနင်းသည် မြို့တော်ရှိ စီးပွားရေးလုပ်ငန်းစုတိုင်းနှင့် ရင်းနှီးသောကြောင့် ဂုဏ်ရောင်လုပ်ငန်းစုအကြောင်းကို သူမကြားသိခဲ့ရဖူးသည်။

ဂုဏ်ရောင်လုပ်ငန်းစုတွင် ယွမ်တစ်ဘီလီယံကျော် ပိုင်ဆိုင်မှုရှိပြီး မြို့တော်ရှိ အသေးစားစီးပွားရေးအုပ်စုတစ်ခုသာဖြစ်သည်။

သို့သော်လည်း ကျောက်ပင်းရှု၏ မျက်လုံးထဲတွင်တော့ သူတို့ကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသည်။ ထို့ကြောင့် သခင်လေးလုံအား ငြင်းခုံရန် မဝံ့မရဲဖြစ်ရခြင်း ဖြစ်လောက်မည်။

ဆန့်ကျင်ဘက်အနေနဲ့ ကုနင်းက ဒါဟာ ကြီးကြီးမားမားကိစ္စလို့ မထင်ပါဘူး။ သူမသည် မောက်မာတာမဟုတ်သော်လည်း မာနကြီးသူများကို မုန်းတီးသည်။

ထို့ကြောင့် ကုနင်းက “ဒါဆို? ရှင် ကျွန်မကိုသိရင် ပိုကြောက်လောက်သည်။ ဂုဏ်ရောင်လုပ်ငန်းစုက ဒီမြို့မှာ အသေးစားစီးပွားရေးလုပ်ငန်းစုတစ်ခုပဲဟာ။ ရှင် ဘယ်လိုသတ္တိမျိုးနဲ့ ဒီလောက် မာနကြီးပြီး ရန်လိုရဲနေတာလဲ။"

သခင်လေးလုံသည် စက္ကန့်ပိုင်းမျှ တွေဝေသွားပြီး ကုနင်းကို ခဏမျှ စွေ့ကြည့်လိုက်သည်။ ကုနင်းသည် သူ့ထက် ဩဇာကြီးမည်ဟု ထင်လိုက်ကာ "မင်းဘယ်သူလဲ?" သတိထားပြီးမေးလိုက်သည်။

သခင်လေးလုံသည် မာနကြီးသော်လည်း မမိုက်မဲပေ။ ကျောက်ပင်းရှုသည် ချမ်းသာ‌သောသူသို့မဟုတ် အာဏာရှိတဲ့သူမဟုတ်ကြောင်း သူသိသောကြောင့် ကျောက်ပင်းရှုကို အရှက်ခွဲရန်သာ သတ္တိရှိခဲ့သည်။ ထို့အပြင် သူမသည် အံ့မခန်းဖွယ်လှနေသောကြောင့် ကုနင်းနှင့် စကားစမြည်ပြောဖြစ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်မနာမည်က ကုနင်းလို့ ပြောပြီးပြီ။ ကျွန်မဘယ်သူလဲဆိုတာသိချင်ရင် ရှင်ကျွန်မနာမည်ကို အင်တာနက်မှာ ရှာလို့ရတယ်။” ဟု ကုနင်းက စိတ်မရှည်စွာနဲ့ ပြောပြီး သူ့လူတွေနဲ့ ထွက်သွားတော့သည်။

သခင်လေးလုံသည် ယခုအခါတွင်တော့ သူတို့ကို မတားရဲတော့ပဲ သူ့ဖုန်းကို ချက်ချင်းထုတ်လိုက်သည်။ ကုနင်းရဲ့ သတင်းကို ဖတ်ပြီးတဲ့ နောက်မှာတော့ သူ လုံးဝကို အံ့ဩသွားသည်။

ကုနင်းသည် အသက် ၁၉ နှစ်သာရှိသေးသော်လည်း သူမသည် အမြတ်အစွန်းရနိုင်သော ကုမ္ပဏီများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ Weibo တွင် ရပေန်းအစားဆုံး အကြောင်းအရာများထဲမှ တစ်ခုဖြစ်သည့် ယခုနှစ် နိုင်ငံ့ကောလိပ် ၀င်ခွင့်စာမေးပွဲတွင် သူမသည် အများဆုံးနှင့် ၀င်ခွင့်ရခဲ့သည်။ သူမသည် ကွန်ဖူးဆရာတစ်ယောက်လည်းဖြစ်သည်။

သခင်လေးလုံသည် သူလုပ်ခဲ့တာကို နောက်ကြောင်းပြန်စဉ်းစားကြည့်တဲ့အခါ ကြောက်လန့်သွားမိသည်။ ထို့နောက် ကျောက်ပင်းရှုနှင့် သူမ၏ဆက်ဆံရေးအကြောင်း သိချင်လာသည်။

ဘာပဲဖြစ်ဖြစ် ကုနင်းက ကျောက်ပင်းရှုကို ခုခံကာကွယ်‌ပေးတဲ့အတွက်ကြောင့် သူတို့ရဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူး‌လောက်ပေ။ ဆွေမျိုးတွေလည်း ဖြစ်နိုင်တယ်။ အဲ့လိုသာဆိုရင် သူဆက်ပြီး ကျောက်ပင်းရှုကို မလှောင်ပြောင်နိုင်တော့ပါ။

ကုနင်း၏အကူအညီဖြင့်ဆိုလျှင် ကျောက်ပင်းရှုသည် တစ်ဖန်ချမ်းသာလာရန် အလွန်လွယ်ကူသွားမည်ဖြစ်သည်။

တကယ်တော့ သခင်လေးလုံသည် ကျောက်ပင်းရှုအပေါ် မည်သည့်အာဃာတမှမရှိခဲ့ဘဲ၊ သူတို့ကြားတွင် အနည်းငယ်သဘောထားကွဲလွဲမှုများပဲရှိတာပါ အဲ့တာကြောင့် ကျောက်ပင်းရှုကို အမှန်တကယ်ထိခိုက်စေခဲ့ခြင်းမရှိခဲ့ပေ။

သခင်လေးလုံသည် ခနမျှငြိမ်သက်သွားပြီးနောက် သူယူထား‌သောအခန်းဆီသို့ ပြေးသွားခဲ့သည်။

သီးသန့်ခန်းထဲမှာ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက် စားပွဲဝိုင်းမှာထိုင်ကြပြီး သူတို့အားလုံးက သခင်လေးလုံရဲ့သူငယ်ချင်းတွပေါ။ သခင်လေးလုံက အထိတ်တလန့်နဲ့ ပြန်ပြေးလာတဲ့အခါ သူတို့ လန့်သွားကြသည်။

"ဘာဖြစ်လို့လဲ?"

"မင်း သုန့်ကောကို ကြိုဖို့ ထွက်သွားတာမဟုတ်ဘူးလား။ ဘာလို့ရုတ်တရက်ပြန်လာတာလဲ"

"မင်းကြည့်ရတာ ကြောက်နပေုံပဲ။"

"အို ငါ လုံးဝ မေ့သွားတာ။" ထိုအချိန်တွင် သုန့်ကောကို ကြိုဖို့ မေ့သွားသည်ကို သခင်လေးလုံမှ သဘောပေါက်သွားသည်။ "အဲ့တာ အရေးမကြီး‌ဘူး ငါ စောနကအရေးပါတဲ့ လူတစ်ယောက်ကို စော်ကားမိတော့မလို့။"

"ဘာလဲ? ဘယ်သူ့ကိုလဲ?" သူ့သူငယ်ချင်းတွေက ကြောက်လန့်ပြီး “အဆင်ပြေရဲ့လား” လို့ ချက်ချင်းမေးတယ်။

“ကုနင်းလို့ ခေါ်တဲ့ မိန်းကလေး။ အခုတော့အဆင်ပြေသွားပါပြီ။” ဟု သခင်လေးလုံက ပြောလိုက်သည်။

"ကုနင်း? ကုနင်းက ဘယ်သူလဲ"

"ကုနင်း လို့ခေါ်တဲ့ မိန်းကလေးလား? သူက JadeBeauty လက်ဝတ်ရတနာနဲ့ ခိုကျီကို တည်ထောင်တဲ့သူမလား။"

သခင်လေးလုံ၏ သူငယ်ချင်းများသည် ကုနင်းအကြောင်းစတင်ပြောဆိုကြပြီး အမျိုးသမီးတစ်ဦးသည် ကုနင်းအကြောင်းများနှင့်ရင်းနှီးသည်။ သူမသည် JadeBeauty လက်ဝတ်ရတနာနှင့် ခိုကျီ၏ အမြဲတမ်း ဖောက်သည်တစ်ဦးဖြစ်ပြီး သူမ၏အမျိုးသမီးသူငယ်ချင်းတိုင်းနီးပါးက ၎င်းတို့ကိုအသုံးပြုကြသည်။ နောက်ပိုင်းတွင် အသားအရေထိန်းသိမ်းမှုနှင့် မိတ်ကပ်ပစ္စည်းများလုပ်ငန်းအတွက် အမျိုးသမီးများသည် ပစ်မှတ်ဖောက်သည်များဖြစ်လာသည်။

ထို့အပြင် JadeBeauty လက်ဝတ်ရတနာနှင့် ခိုကျီတို့သည် ယခုအခါတွင် အတော်လေး ကျော်ကြားလာခဲ့သည်။

***

အခန်း ၁၅၁၇ သူမနဲ့ သွားမရှုပ်မိစေနဲ့

အခြားအမျိုးသားများသည် JadeBeauty လက်ဝတ်ရတနာနှင့် ခိုကျီတို့ကို တည်ထောင်သူမှာ မည်သူဖြစ်သည်ကို မသိသော်လည်း ထိုတံဆိပ်နှစ်ခုကိုတော့ ကြားဖူးသည်။

"JadeBeauty လက်ဝတ်ရတနာ နဲ့ ခိုကျီ တည်ထောင်သူက မိန်းကလေးလား?"

“ဟုတ်တယ်!” သခင်လေးလုံသည် အလန့်တကြား အော်‌ပြောလိုက်သည်။

"ဟင့်အင်း ငါမယုံနိုင်‌သေးဘူး။"

"သူမက JadeBeauty လက်ဝတ်ရတနာနဲ့ ခိုကျီကို တည်ထောင်သူဆိုရင် ငါတို့ထက် အများကြီး ပိုချမ်းသာတယ်။"

အမျိုးသားများသည် JadeBeauty လက်ဝတ်ရတနာနှင့် ခိုကျီ၏ ဖောက်သည်များမဟုတ်သော်လည်း ၎င်းတို့သည် အလွန်အမြတ်အစွန်းများသော လုပ်ငန်းများဖြစ်ကြောင်း သူတို့သိသည်။

“သူမက ချမ်းသာရုံတင်မကဘဲ အားကောင်းတဲ့့အဆက်အသွယ်တွေလည်း ရှိတယ်။ Bမြို့ မှာရှိတဲ့ သခင်ကြီးထန်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့လည်း ကြားတယ်။” ဟု ကုနင်းအကြောင်းတွေနှင့် ရင်းနှီးသော အမျိုးသမီးက ပြောသည်။

စည်းစိမ်ဥစ္စာသည် အရာအားလုံးမဟုတ်ပါ။ အကြောင်းကတော့ အချို့သောအခြေအနေများတွင် ချမ်းသာမှုထက် အာဏာနှင့် ဆက်နွှယ်မှုသည် ပို၍ပင် ဩဇာကြီးသောကြောင့်ဖြစ်သည်။

အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက္မှာ ပိုက်ဆံဘယ်လောက်ရှိရှိ နိုင်ငံရေးမှာ ဩဇာကြီးတဲ့သူတွေကို မသိဘူးဆိုရင် သူ့လုပ်ငန်းက ရေရှည်အောင်မြင်ဖို့ မဖြစ်နိုင်‌ပေ။ ငွေသည် အရာများစွာကို ဝယ်ယူနိုင်သော်လည်း အာဏာ၏ အကာအကွယ်ကိုလည်း လိုအပ်‌ပေသည်။

အစိုးရရှိ အကြီးတန်းအရာရှိများသည် ပုံမှန်အားဖြင့် မချမ်းသာသော်လည်း ချမ်းသာသူများ၏ စည်းစိမ်ဥစ္စာများကို အလွယ်တကူ ယူနိုင်ကြသည်။ ဒါ့ပြင် အစိုးရမရှိရင် စီးပွားရေးက မရှင်သန်နိုင်‌ပေ။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင် အများစုသည် အစိုးရ အကြီးတန်းအရာရှိများထံမှ ထောက်ခံမှု ရရှိရန် ခက်ခက်ခဲခဲကြိုးစားကြပါသည်။ အစိုးရဆီက အကူအညီတွေ ရနေသရွေ့တော့ သူတို့ရဲ့ လုပ်ငန်းတွေကို လည်ပတ်ဖို့က ပိုလွယ်လာမည်။

Bမြို့ ရှိ တန်မိသားစုသည် စီးပွားရေးနှင့် နိုင်ငံရေးတွင် အလွှမ်းမိုးဆုံးမိသားစုဖြစ်သည်။

"ဘာလဲ? Bမြို့ မှာရှိတဲ့ ထန်မိသားစု?"

"အဲ့တာနဲ့ ပတ်သက်ပြီး အသေးစိပ်တော့ သိပ်မသိပေမယ့် သူက တော်တော်တော့ ဩဇာကြီးတယ်။"

နှောင့်နှေးမှုမရှိဘဲ အင်တာနက်ပေါ်ရှိ ကုနင်းအကြောင်း အချက်အလက်ရှာဖွေရန် သူတို့၏ ဖုန်းများကို ထုတ်လိုက်သည်။

"အိုး ယင်၊ မင်း သုန့်ကော သွားကြို‌ပေးပါလား ငါအခုထဖို့ အရမ်းတုန်လှုပ်‌နေတယ်။” ဟု သခင်လေးလုံက ရုတ်တရက် ပြောလိုက်သည်။ လောလောဆယ်တော့ သူကားမမောင်းနိုင်သေး‌ပေ။

“ဟုတ်ပြီ” ယင်က ခေါင်းညိတ်ပြီး ထွက်သွားတယ်။

ကျန်သူများမှာ JadeBeauty လက်ဝတ်ရတနာ ကလုပ်တဲ့ ပြပွဲကို ကြည့်ရှုနေကြပြီး အခန်းထဲတွင် နေခဲ့ကြသည်။ ထိုပွဲကိုကြည့်ပြီးတော့ သူတို့ အံ့ဩသွားပြီး ဘာပြန်ပြောရမှန်းကို မသိတော့ပေ။

သူတို့သည် ကုနင်း၏အခြားကုမ္ပဏီများအကြောင်းကိုလည်း လေ့လာခဲ့ပြီး သူမကို သွားမရှုပ်သင့်ကြောင်း သိလိုက်ရသည်။

…

စားသောက်စရာများ မှာပြီးတဲ့အခါ ကုနင်းက ကျောက်ပင်းရှု ကို "အန်ကယ်ကျောက် သခင်လေးလုံလို့ ခေါ်တဲ့လူနဲ့ ရန်ငြိုးရှိလို့လား။"

သူမအကူအညီလိုအပ်ပါက ကျောက်ပင်းရှုကိုကူညီနိုင်စေရန် သူတို့ကြားပတ်သက်သည့်အသေးစိတ်အချက်အလက်များကို သူမသိရန်လိုအပ်သည်။

"ဘာမှ မပြင်းထန်ပါဘူး။ ငါတို့ကြားမှာ အငြင်းအခုံအနည်းငယ်‌တော့ရှိခဲ့ဖူးတယ်။"

"သူက သူ့ထက်ဆင်းရဲတဲ့သူတွေရှေ့မှာ အမြဲတမ်း မာနကြီးပြီး မောက်မာတတ်တယ်၊ ဒါပေမယ့် မင်းဘယ်သူလဲဆိုတာ သိပြီးရင် ငါတို့ကို ထပ်ပြီးဒုက္ခပေးရဲမှာ မဟုတ်‌တော့ဘူး။"

ကုနင်းက ခေါင်းညိတ်လိုက်ပြီး ကျောက်ပင်းရှုနှင့် စီးပွားရေးအကြောင်း စပြောလိုက်သည်။

"အန်ကယ် ကျွန်မအတွက် အလုပ်လုပ်‌ပေးမှာမလို့ ကျွန်မ အန်ကယ့်ကို ပြောသင့်တာတွေတော့ရှိတယ် ကျွန်မရဲ့နာမည်အောက်မှာ အိမ်ခြံမြေကုမ္ပဏီတစ်ခုရှိပြီး သူက Fမြို့ ပြည်နယ် D မှာ ရှိတယ်။ ကုမ္ပဏီမှာ စျေးဝယ်စင်တာများ၊ ကြယ်ငါးပွင့်ဟိုတယ်များ၊ ကြယ်ငါးပွင့် စားသောက်ဆိုင်များနှင့် အခြားအရာများလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ်၊ သူတို့အားလုံးရဲ့တန်ဖိုးက ယွမ်ခုနစ်ဘီလီယံလောက်ရှိတယ်” ဟု ကုနင်း က ပြောသည်။

အဲဒါကိုကြားတော့ ကျောက်ပင်းရှု ရဲ့မိသားစုက ထိတ်လန့်သွားသည်။ ကျောက်ပင်းရှု သည် ကုနင်း သည် သူထင်သည်ထက် များစွာချမ်းသာသည်ဟု မယုံနိုင်ပေ။

ကုနင်း က ဆက်လက်ပြီး “ကျွန်မရဲ့ အိမ်ခြံမြေကုမ္ပဏီက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းပါ။ သူရဲ့ရုံးချုပ်က လက်ရှိတော့ Fမြို့ မှာရှိ‌ပေမယ့် အနာဂတ်မှာ မြို့တော်ကို ပြောင်းမှာ။ အဲ့ကုမ္ပဏီရဲ့ အမှုဆောင်က အန်းကွမ်းယောင် ဖြစ်ပြီးတော့ သူက အန်ကယ့်ရဲ့ ကြီးကြပ်ရေးမှူးပဲ။”

ကျောက်ပင်းရှုဟာ ဘယ်လောက်ပဲ အတွေ့အကြုံရှိပါစေ၊ သူက အန်းကွမ်းယောင်ကို အစားထိုးလို့မရပါဘူး။

ကျောက်ပင်းရှုသည် ကုနင်း၏ ကုမ္ပဏီက ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း ဖြစ်သည်ကို ကြားသိရသောအခါတွင် အံ့ဩသွားပြန်သည်။ သူအရင်က ထိုကုမ္ပဏီကို ကြားဖူးသည်။ ကျောက်ပင်းရှုသည် အိမ်ခြံမြေလုပ်ငန်းတွင်လည်း ပါဝင်ပတ်သက်ဖူးသောကြောင့် နိုင်ငံတစ်ဝှမ်းရှိ ထိပ်တန်းကုမ္ပဏီများ အကြောင်းနှင့်လည်း အကျွမ်းတဝင်ရှိခဲ့သည်။

ရှန်းဟွာ အိမ်ခြံမြေကုမ္ပဏီအကြောင်းကို ကြားဖူးသော်လည်း သေချာတော့မသိပါ။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် ယမန်နှစ်က Bမြို့ တွင် သရဲခြောက်သော မြေကွက်တစ်ခုကို အောင်မြင်စွာ ၀ယ်ယူခဲ့ကြောင်း သူသိခဲ့ရသည် ။

အခြားမြေယာလုပ်ငန်းရှင်များသည် ထိုနေရာတွင် ထူးဆန်းသည့်အရာများကို ခံစားခဲ့ရသော်လည်း ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းက ထိုနေရာကို ၀ယ်ယူပြီးနောက် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

အလွန်အံ့ဩစရာဖြစ်သဖြင့် ထိုသတင်းကို လူအများအလွန် အာရုံစိုက်ခဲ့သည်။

အခု အံ့အားသင့်ရတဲ့အရာက‌‌တော့ ကုနင်းသည် ထို ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ ပိုင်ရှင်ဖြစ်တယ် ဆိုတာကို‌ပေ။

အခန်း ၁၅၁၈ အသက်သခင်ကျေးဇူးရှင်

အကယ်၍ သရဲခြောက်သောမြေတွင် ဖြစ်ပျက်ခဲ့သည့် ထူးဆန်းသည့်အရာများကို သူ ယခင်က မကြားခဲ့ဖူးပါက ထိုကိစ္စသည် မြေကွက်ကို ရယူရန်အတွက် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း၏ လှည့်ကွက်တစ်ခုသာဖြစ်သည်ဟု သူထင်လိမ့်မည်။

“မြို့တော်မှာ ကြယ်ငါးပွင့်ဟိုတယ် ၂ လုံးဆောက်ဖို့ စီစဉ်ထားပြီး သူတို့အတွက် နေရာကောင်း ၂ ခု ရွေးထားတယ်။ သူတို့ကို ဝယ်ပြီးရင် ကျွန်မတို့ ဆောက်လုပ်ရေးကို စလုပ်လို့ရပြီ။ ဒါပေမယ့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း က Fမြို့ မှာရှိပြီး လက်ရှိဆောက်လုပ်ဆဲနေရာများစွာရှိတဲ့အတွက် မြို့တော်မှာလူများများငှားရမ်းရန် လိုအပ်‌နေတယ်။"

"ရှင်က မြို့တော်က ရှန်းဟွာ အိမ်ခြံမြေလုပ်ငန်းအတွက် အထွေထွေမန်နေဂျာ ဖြစ်လာမည်ဖြစ်ပြီး စုဆောင်းရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်အပိုင်းကို တာဝန်ယူရပါမယ်။ ရှင့်ကိုကူညီဖို့ လူတချို့ကို ကျွန်မစီစဉ်ပေးမှာဖြစ်ပြီး ရှင့်ရဲ့အသိုင်းအဝိုင်းကို ချဲ့ထွင်နိုင်အောင် ကူညီပေးနိုင်တဲ့ စီးပွားရေးဆိုင်ရာ ပွဲတချို့ကိုလည်း ရှင် တက်ရောက်ရမှာပါ"

ကျောက်ပင်းရှုမှာ သူ့အသိုင်းအဝိုင်းရှိတယ်ဆိုတာ ကုနင်း နားလည်ပေမယ့် ယခင်ထက် ထပ်ချဲ့ဖို့တော့လိုသည်။ ကျောက်ပင်းရှုသည် ယခင်လို အိမ်ခြံမြေလုပ်ငန်းငယ် ပိုင်ရှင်မဟုတ်တော့ဘဲ မြို့တော်မှာ ရှန်းဟွာအိမ်ခြံမြေ၏ အထွေထွေမန်နေဂျာဖြစ်လာမည်ဖြစ်သည်။

ကျောက်ပင်းရှုသည် သူမအတွက် အလုပ်လုပ်နေသောကြောင့် သူကြီးပွားတိုးတက်စေရန် သူမတတ်နိုင်သမျှ လုပ်ဆောင်ပေးမည်။

ရှန်းနဉ် အဖွဲ့အစည်းကို မတည်ထောင်ရသေးသော်လည်း ကုနင်း သည် ဖုန့်ဟွာအင်တာတိန်းမန့်၊ JadeBeauty လက်ဝတ်ရတနာ နှင့် ကိုလိန်းတို့၏ပိုင်ရှင်ဖြစ်ကြောင်း လုပ်ငန်းတွင်းရှိလူများစွာ သိရှိကြသည်။

ရှန်းနဉ် အဖွဲ့အစည်းအတွက် ရုံးခန်းအဆောက်အဦးများ ဆောက်လုပ်ခြင်းနှင့် အလှဆင်ခြင်းပြီးသည်နှင့် တရားဝင် တည်ထောင်သွားမည်ဖြစ်ပါသည်။ အချိန်အကြာကြီးစောင့်စရာမလိုတဲ့အတွက် တစ်လလောက်ဆိုလျှင်လုံလောက်ပါသည်။

ကျောက်ပင်းရှုသည် ကုနင်းက သူ့အား မြို့တော်ရှိ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းအတွက် အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်လိုက်သည့်အတွက် အံ့အားသင့်ခဲ့ရသည်။

ကုနင်းက သူ့ရဲ့ အံ့အားသင့်မှုကို လျစ်လျူရှုပြီး “ပွင့်ပွင့်လင်းလင်းပြောကြရမယ်ဆိုရင် ယွမ်ငွေ ဘီလီယံပေါင်းများစွာရှိတဲ့ အိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုက အရမ်းမကြီးမားပေမယ့် သေးငယ်တဲ့အလုပ်မဟုတ်တဲ့အတွက် ဒါဟာ လွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာ သိထားသင့်တယ်။”

အဲဒါကိုကြားတော့ ကျောက်ပင်းရှုက ချက်ချင်းပဲ လေးနက်တဲ့အမူအရာနဲ့ ထွက်လာတယ်။ "မစ္စကု ငါနားလည်ပါတယ်၊ ငါအကောင်းဆုံးလုပ်ပါမယ်။" ဖိစီးမှုဖြစ်မည်ကို သူသိသော်လည်း ဤစိန်ခေါ်မှုကို ကျေကျေနပ်နပ်လက်ခံခဲ့သည်။

ကုနင်းက ကျောက်ပင်းရှုကို သူမရဲ့နာမည်ကတ်ကို ပေးလိုက်သည်။ “မနက်ဖြန် မနက် ၁၀ နာရီမှာ ကျွန်မရဲ့ လုပ်ငန်းအဖွဲ့ ဌာနချုပ်ကို လာပြီးတော့ စာချုပ်ချုပ်ပါ။ ရှင်အဲဒီကိုရောက်တဲ့အခါ ကျွန်မကိုဖုန်းဆက်လိုက် ရှင့်ကိုလာခေါ်ဖို့ စီစဉ်‌ပေးမယ်။"

“ဟုတ်ကဲ့” ကျောက်ပင်းရှု သဘောတူသည်။

ခဏအကြာတွင် စားပွဲပေါ်တွင် ပန်းကန်များအပြည့်ဖြစ်သွားကာ စတင် စားသောက်ကြတော့သည်။

ကျောက်ပင်းရှုမှာ သူ့ဘ၀အတွက် အခန်းသစ်တစ်ခု ဖွင့်လှစ်ခဲ့သော်လည်း ဝူယွင်ကွမ်းသည် ယခုအချိန်တွင် ဆိုးရွားတဲ့ ခံစားချက်အပြည့်နှင့်ပင်။ ထိုအကြောင်းကို ကျန်းဖင်းယီကို ပြောရန်ပင် မစဉ်းစားတော့ပေ။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးကို ကျန်းဖင်းယီ အပေါ်အပြစ်တင်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ သို့သော်လည်း သေချာ မဖြေရှင်းရသေးမီအချိန်ထိ‌တော့ သူစိုးရိမ်နေသေးသည်။

ပထမတော့ ကုနင်းက ကျောက်ပင်းရှုကို ကူညီဖို့ အချိန်မပေးနိုင်စေရန်အတွက် ကုနင်းကိုတိုက်ခိုက်ရန် စိတ်ကူးရှိခဲ့သော်လည်း သူမ၏ အောင်မြင်မှုများအကြောင်း သိရှိပြီးနောက်တွင် သူ မလုပ်ရဲတော့ပေ။ ကုနင်းက သူ့ထက် အများကြီး ပိုချမ်းသာပြီး ဩဇာညောင်းတယ်။

ကျောက်ပင်းရှုကိုလည်း သတ်ချင်ပေမယ့် သူတကယ်လုပ်လိုက်ရင် ကုနင်းက သူ့ကို ဒီတိုင်းမထားလောက်ပေ။ ကျောက်ပင်းရှုသည် ယခု ကုနင်းအတွက် အလုပ်လုပ်နေသောကြောင့် သူမသည် သူ့ကိုကာကွယ်‌ပေးမှာ‌သေချာသည်။

အခု သူလုပ်နိုင်တာ ဘာမှမရှိလို့ တော်တော် စိတ်ပူ‌နေတော့သည်။

သူ့ပိုက်ဆံတွေကို ကျောက်ပင်းရှုထံပြန်ပေးလိုက်လျှင် ကျောက်ပင်းရှုက သူ့ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပေမယ့် ဒါကိုလုပ်ဖို့ ဝန်လေးရပြန်၏။ သူ့အိတ်ကပ်ထဲက ပိုက်ဆံတွေကို ပြန်မထွက်စေချင်ပေ။ ထို့အပြင် ကျန်းဖင်းယီနှင့် သူသည် ပိုက်ဆံကို မျှဝေယူထားပြီးဖြစ်သောကြောင့် ကျောက်ပင်းရှု၏ ပိုက်ဆံကို သူပြန်ပေးပါက သူ့အတွက် အရှုံးပေါ်သွားမည်ဖြစ်သည်။

အဲဒါကိုတွေးလိုက်တော့ ဝူယွင်ကွမ်း ချောင်ပိတ်သွားသည်။ ကျောက်ပင်းရှုကို လိမ်လည်လှည့်ဖြားခဲ့တဲ့အတွက် သူနောင်တရနပေပြီ။

…

ကုနင်းသည် ထမင်းစားပြီးနောက် ကျောက်ပင်းရှု၏ မိသားစုကို အိမ်သို့ ပြန်ပို့ခဲ့သည်။

ကျောက်ပင်းရှုသည် ကုနင်း၏လက်အောက်ခံတစ်ဦးသာဖြစ်သောကြောင့် သူ့ကို လိုက်ပို့ခြင်းဟာ သင့်လျော်သည်ဟုမထင်ခဲ့ပေ။ ဒါပေမယ့် ကုနင်းက အတင်းလိုက်ပို့‌ပေးဖို့ ပြော၍ ကျောက်ပင်းရှုလည်း သဘောတူလိုက်သည်။

ထို့နောက် ကုနင်းသည် သူ့အိမ်သို့ ပြန်သွားခဲ့သည်။

ကုနင်း ထွက်သွားသောအခါ မစ္စကျောက်က

"မစ္စကုက ကျွန်မတို့မိသားစုရဲ့ အသက်သခင်‌ကျေးဇူးရှင်ပဲ!"

"မင်းပြောတာမှန်တယ်။ သူ့ကျေးဇူးကို ပြန်ဆပ်ဖို့အတွက် ငါကြိုးစားရမှာပေါ့။" ဟု ကျောက်ပင်းရှုက ပြောသည်။

အခုအချိန်မှာ သူ့အတွက် အလုပ်ကောင်းကောင်းရဖို့ မလွယ်ပေမယ့် ကုနင်းက သူ့ကို အလားအလာရှိတဲ့ အလုပ်တစ်ခု ကမ်းလှမ်းခဲ့သည်။

"ဒါလင် ရှင်အလုပ်စ၀င်တာနဲ့ အလုပ်အရမ်းရှုပ်တော့မယ်မှန်း ကျွန်မသိတယ်။ ကျွန်မတို့ သမီးနဲ့ အိမ်က ကိစ္စတွေကို ကျွန်မဂရုစိုက်လိုက္မယ် ရှင်က အလုပ်ကိုပဲ အာရုံစိုက်ပါ။” ဟု မစ္စကျောက်ကပြောပါသည်။ ခင်ပွန်းဖြစ်သူကို ဘယ်လို အခြေအနေမျိုးတွင်မဆို သူမ ထောက်ပံ့ပေးမည်ဖြစ်သည်။

တကယ်တော့ ကျောက်ပင်းရှုဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အမြဲတမ်း အလုပ်များနေပေမယ့် မစ္စကျောက်က နားလည်‌ပေးပြီး ဘယ်တော့မှ မကျေမနပ်မဖြစ်ခဲ့ပါ။ သူမကိုယ်တိုင်သည်လည်း ယခင်က အလုပ်ကောင်းကောင်းရှိ‌ပေမယ့်လည်း မိသားစုကို စောင့်ရှောက်ရန် အလုပ်ထွက်ခဲ့ခြင်း ဖြစ်သည်။

All Chapters